အခန်း ၃၁၆
Vol. 32 Ch. 316
🫧 Chapter 316
"ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မယ့် အကြောင်းအရာက ထမင်းစားရင်း ကြည့်ဖို့ မသင့်တော်ပါဘူး နှလုံးရောဂါ ရှိသူတွေ မကြည့်သင့်ပါဘူး"
"သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေ မကြည့်သင့်ပါဘူး လွယ်လွယ်ကူကူ ထိတ်လန့်လွယ်တဲ့ သူတွေလည်း မကြည့်သင့်ပါဘူး"
ကျန်းလင်က ထိုသတိပေးချက်များကို အလွန် လေးနက်စွာ ပြောဆိုလိုက်သည်ကို ကြားသောအခါ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသော ပရိသတ် တစ်အုပ်ကြီးမှာ မှင်တက်သွားကြတော့၏။
[ဟင် အစားအသောက် ပွဲတော် မဟုတ်ဘူးလား]
[ဒီပွဲတော်က ပုံမှန်ရော ဟုတ်ရဲ့လား ဘာလို့ ဒီလောက်တောင် တားမြစ်ချက်တွေ များနေရတာလဲ]
[စားသောက်ဆိုင် ပိုင်ရှင် ငါက အခုလေးတင် လျှော့ဈေးနဲ့ ကြော်ငြာတော့မလို့ပါ]
ပရိသတ်များက Streamer ကို တစ်လှည့်၊ မှတ်ချက်များကို တစ်လှည့် ကြည့်လိုက်ကြသည်။
'သူတို့များ နားကြားမှားသွားတာလား'
'ဒါပေမယ့် လူတိုင်း နားကြားမှားဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ'
Streamer ကို ပြန်ကြည့်လိုက်တော့လည်း မျက်နှာထားက အလွန် လေးနက်နေပေသည်။
တဖြည်းဖြည်းနှင့် ပရိသတ် အချို့က သဘောပေါက်လာကြတော့၏။
[သောက်ကျိုးနည်း သောက်ကျိုးနည်း Streamer ကတောင် ဒီလို ပြောနေပြီဆိုတော့၊ ငါတို့ ဘာလုပ်နေကြတာလဲ ညီအစ်ကိုတို့ မြန်မြန် ပြင်ဆင်ကြဟေ့]
[ငါက အခုလေးတင် အပြင်စာ မှာပြီး စားရင်းသောက်ရင်း ကြည့်မလို့ပါ Streamer အခုလို ပြောလိုက်တော့ ငါ့ရဲ့ ဒိုင်ပါ ကို အမြန် ပြန်ထုတ်လိုက်ရတယ်]
[ဟားဟားဟား ငါ လွန်ခဲ့တဲ့ နှစ်ရက်က ဝယ်ထားတဲ့ တစ်ရှူးတွေ၊ ဇလုံတွေ၊ ဒိုင်ပါတွေ အခုတော့ သုံးလို့ရပြီ]
[တစ္ဆေကာကွယ်ရေး စောင်ကိုလည်း အဆင်သင့် ပြင်ထားပြီ မမြင်ချင်ယောင် ဆောင်ဖို့ နေကာမျက်မှန်လည်း အဆင်သင့်ပဲ]
[အွန်လိုင်း ဈေးသည် ငါ အခု ဒိုင်ပါတွေကို အထူးလျှော့ဈေးနဲ့ ရောင်းမယ်လို့ အော်ရင် ဝယ်မယ့်သူ ရှိမလား]
အစပိုင်းတွင် ပရိသတ် အများစုမှာ ဘာဖြစ်သွားမှန်း သေချာ မသိသေးပါချေ။
မှတ်ချက်ပေးသည့် နေရာကို မြင်လိုက်ရမှသာ တစ်ခုခုကို သတိထားမိသွားကြခြင်း ဖြစ်၏။
# ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ထိတ်လန့်စရာ အကြီးကြီးတစ်ခု ရှိနေတယ်
ယခင်က တစ္ဆေပွဲတော် နေ့တုန်းက တစ္ဆေတွေ အုံလိုက်ကျင်းလိုက် ထွက်လာချိန်မှာတောင် Streamer က ဒီလောက်ထိ သတိမပေးခဲ့ဖူးပေ။
'သေချာတာပေါ့၊ တခါတလေ Streamer က မေ့သွားတာလည်း ဖြစ်နိုင်ပါတယ်'
'ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ လိုက်ဖ်က သေချာပေါက် ရိုးရှင်းမှာ မဟုတ်ဘူး'
တစ်ခဏချင်းတွင်ပင် ထောင်သောင်းချီသော ပရိသတ်များမှာ နေရာမှ အလျင်အမြန် ထကာ ပစ္စည်းကိရိယာများကို နေရာအနှံ့ လိုက်ရှာကြတော့သည်။
ထိုအခါ လူ့လောက တစ်ခုလုံးတွင် အနည်းငယ် ပိုမို သက်ဝင်လှုပ်ရှားသော အငွေ့အသက်များ လွှမ်းခြုံသွားလေသည်။
[အား အား အား ငါ့ရဲ့ ပစ္စည်းတွေ ဘယ်နား ထားလိုက်မိပါလိမ့်]
[ဒိုင်ပါ ဒိုင်ပါ ငါ့အမေက ငါ့ကို အိပ်ရာထဲ သေးပါချပြီလားလို့တောင် မေးနေတယ် (⊙_⊙)]
[အဖေ၊ အဘွား ခဏနေရင် ကျွန်တော့် အခန်းထဲ မဝင်လာကြနဲ့နော်၊ တံခါးကိုလည်း ရမ်းမခေါက်ကြနဲ့၊ ကျွန်တော် လန့်သွားလိမ့်မယ်]
[ဗျာများလိုက်တာ၊ ကြည့်လည်း ကြည့်ချင်တယ်၊ ကြည့်ဖို့လည်း မရဲဘူး ငါ အရေးပေါ် ဆေးလေးတော့ အရင် ပြင်ထားလိုက်ဦးမယ်]
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို အမြဲတမ်း စောင့်ကြည့်နေလေ့ရှိသော ရဲတပ်ဖွဲ့ဝင်များပင်လျှင် ဤလေထု၏ လွှမ်းမိုးမှုကြောင့် အနည်းငယ် စိုးရိမ်ပူပန်လာကြတော့၏။
ထိုစဉ် ရဲအရာရှိလုက ကွန်ပျူတာ စခရင်မှ ခေါင်းမော့လာပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ကာ လေ့လာလိုက်သည်။
'ဇလုံ ရှိတယ်'
'တစ်ရှူး ရှိတယ်'
'ဒိုင်ပါ မရှိဘူး'
'သူ့မှာ ပစ္စည်း အပြည့်အစုံ မရှိဘူးပဲ နည်းနည်းလောက် ပြင်ဆင်ထားသင့်သလား'
"အဖွဲ့မှူး"
ထို့နောက် သူအသေအချာစဥ်းစားကာ လက်တစ်ဖက်ကို မြှောက်ကာ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ခေါ်လိုက်လေသည်။
စကားဆုံးသည်နှင့် နောက်ချက်ချင်း ရုံးခန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင် အားလုံးက သူ့ဘက်သို့ လှည့်ကြည့်လာကြတော့သည်။
စာရွက်စာတမ်း ထုတ်နေသူများ၊ ရေသောက်နေသူများ၊ ကိစ္စ တစ်ခုခုကို ဆွေးနွေးနေသူများအားလုံးက သူတို့၏ လက်ရှိ လုပ်ရပ်များကို ရပ်တန့်လိုက်ကြပြီး အချိန်ရပ်တန့်သွားသကဲ့သို့ ပင် ဖြစ်သွား၏။
ရုံးခန်း အတွင်းတွင် လူတိုင်း၏ နှလုံးခုန်သံကိုပင် ပြန်ကြားရမတတ် တိတ်ဆိတ်သွားလေသည်။
ထိုအခါ လက်မြှောက်ထားသော ရဲအရာရှိလုမှာ ကြောင်အသွားတော့သည်။
အဖွဲ့မှူးကလည်း လေးနက်သော မျက်နှာထားဖြင့် လက်ထဲရှိ ရေခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မေးလိုက်၏。 "ဘာဖြစ်လို့လဲ တစ်ခုခု ပြဿနာ ဖြစ်လို့လား"
အဖွဲ့မှူးသာမက အခြား အဖွဲ့ဝင်များ အားလုံးကလည်း အချိန်မရွေး တာဝန်ထွက်ဆောင်ရန် အဆင်သင့် ဖြစ်နေသော အနေအထားဖြင့် ရှိနေကြပေသည်။
"......."
ထိုအခါ ရဲအရာရှိလုက တံတွေး တစ်ချက် မျိုချလိုက်တော့သည်သည်။
' ဒီလို အခြေအနေကြီး အောက်မှာ ဒိုင်ပါ ဝယ်ဖို့ ဘယ်လိုများ ပြောရမလဲ'
'ဒါပေမယ့် ဒီတစ်ခါက Streamer ကိုယ်တိုင် သတိပေးထားတာလေ'
'တော်တော်လေး ပြင်းထန်မယ့် ပုံပဲ'
'ဟုတ်တယ်၊ ဒါက အရမ်းကို အရေးကြီးပြီး လေးနက်တဲ့ ကိစ္စပဲ'
ထိုသို့ တွေးမိလိုက်သောအခါ ရဲအရာရှိ လု ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အဖွဲ့မှူးနည်းတူ လေးနက် ပြတ်သားသွားတော့သည်။
ပြီးလျှင် လူတိုင်း၏ အကြည့်များအောက်တွင် သူ၏ လိုအပ်ချက်ကို ဖွင့်ပြောလိုက်လေသည်။
"အဖွဲ့မှူး အရေးပေါ် သုံးဖို့အတွက် ဒိုင်ပါ တစ်ထုပ် သွားဝယ်ခွင့် ပြုပါ၊ အစီရင်ခံတာ ပြီးပါပြီ"
'ဒိုင်ပါ သွားဝယ်ခွင့်'
'ဒိုင်ပါ ဝယ်ဖို့'
'ဝယ်ဖို့'
ရုံးခန်း တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် လူအချို့က နားကို ကလော်လိုက်ကြသည်။
အချို့က ရေဆက်သောက်ကြပြီး အချို့က စာရွက်စာတမ်း ဆက်ထုတ်ကြ၏။
စောစောက အကြောင်းအရာကို ဆက်လက် ဆွေးနွေးနေသူများလည်း ရှိလေသည်။
အဖွဲ့မှူးကလည်း ရဲအရာရှိလု ကို ကြည့်ကာ "အကြောင်းပြချက်" ဟု မေးလိုက်သည်။
"အစီရင်ခံပါတယ် လိုက်ဖ် ကြည့်ဖို့ လိုအပ်လို့ပါ"
"ခွင့်ပြုတယ်"
ထိုသို့ပြောပြီးနောက် အဖွဲ့မှူးက နောက်ဘက်သို့ လှည့်ကာ အခြား အဖွဲ့ဝင် တစ်ဦးကို လှမ်းခေါ်လိုက်၏။
"ရှောင်ကျား၊ မင်း သွားလိုက် အမြန်ဆုံး သွားဝယ်ပြီး အမြန် ပြန်လာခဲ့"
"ဟုတ်ကဲ့"
လေးနက်သော ကိစ္စကို လေးနက်စွာ ကိုင်တွယ်ရပေမည်။
ထိုအခါ ရှောင်ကျား ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားတော့သည်။
"ဖူးးး"
ထိုစဉ် ရုံးခန်း အတွင်းမှ ရုတ်တရက် ရယ်သံ တစ်သံ ထွက်ပေါ်လာကာ ရဲအရာရှိလုမှာ မျက်နှာ ပူထူသွားပြီး နားရွက်များပင် နီရဲလာတော့သည်။
သို့သော် လုပ်ဖော်ကိုင်ဖက်များက ဆက်ပြောလာကြသည်ကို ကြားလိုက်ရလေသည်။
"ရှောင်ကျား တစ်ထုပ် ပိုဝယ်ခဲ့၊ ပြန်ရောက်ရင် ပိုက်ဆံပေးမယ်"
"ငါ့အတွက်လည်း တစ်ထုပ်လောက်"
"ပိုသာ ဝယ်ခဲ့လိုက်ပါ"
ထို့နောက် ထိုင်ခုံ အချို့က သူ့အနားသို့ တိုးကပ်လာကြကာပြောလိုက်ကြသည်
"လာ လာ လာ၊ ဒီနေ့ သိပ်အလုပ်မရှိဘူး၊ စီနီယာက မင်းနဲ့ အတူတူ လာကြည့်ပေးမယ်"
"ဟားဟားဟား၊ ငါလည်း လာကြည့်မယ်"
"ဘယ်သူကရော ဘောင်းဘီထဲ သေးမပေါက်ခဲ့ဖူးလို့လဲ ငါဆို အသက် ရှစ်နှစ် အရွယ်တုန်းကတောင် အိပ်ရာထဲ သေးပေါက်ချသေးတယ်"
"မင်းကတော့ တကယ့်ကို ဆရာကြီးပဲ"
ရုံးခန်း အတွင်းရှိ လေထုက ချက်ချင်းပင် သက်ဝင် လှုပ်ရှားလာပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများကလည်း ဤခဏလေး အတွင်းမှာပင် လွင့်စင် ပျောက်ကွယ်သွားတော့သည်။
ထိုအခါ ရဲအရာရှိလုက နှုတ်ခမ်းကို ဖိကိုက်ရင်း မနေနိုင်ဘဲ ပြုံးလိုက်လေသည်။
"ခဏနေ ဘယ်သူ အရင် သေးထွက်ကျလဲ ကြည့်မယ်၊ အရင် ထွက်ကျတဲ့ သူက ထမင်းဝယ်ကျွေးရမယ်"
လုပ်ဖော်ကိုင်ဖက်များက "ဒါဆို မင်းပဲ ငါတို့ကို ဝယ်ကျွေးရမှာ သေချာတယ် နေပါဦး၊ အရင် သေးထွက်ကျတဲ့ သူက ဝယ်ကျွေးရမယ် ဟုတ်လား"
"သောက်ကျိုးနည်း၊ မင်းက တော်တော် ကောက်ကျစ်တာပဲ"
"ဟားဟားဟားဟား"
……
ဤအချိန်တွင် လူ့လောက၌ အခြေအနေ အမျိုးမျိုး ဖြစ်ပေါ်နေတော့သည်။
အိမ်ထဲတွင် ရှိနေသူများက အဆင်ပြေသော်လည်း လမ်းမပေါ်တွင်၊ သို့မဟုတ် လယ်ကွင်းထဲတွင် ရောက်နေသူများမှာမူ ရုတ်တရက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေကြ၏။
လက်ထားရမယ့် နေရာ မသိ၊ ခြေထားရမယ့် နေရာ မသိ ဖြစ်နေပြီး ဘေးပတ်လည်ကို ကြည့်လိုက်တော့လည်း လဟာပြင်ကြီးသာ ဖြစ်နေသည်။
ဘာတစ်ခုမှ မရှိပါချေ။
ပုန်းအောင်းစရာ နေရာလေး တစ်ခုတောင် ရှာမတွေ့ပေ။
'ကုန်တိုက်က အိမ်သာလား အဲဒါက ပိုတောင် ကြောက်စရာ ကောင်းသေးတယ်'
'လယ်ကွင်းထဲမှာ တွင်းတူးပြီး ပုန်းနေဖို့ပဲ ရှိတော့တာပေါ့'
"......."
ယနေ့ ပရိသတ်များ အားလုံး တိတ်ဆိတ်နေကြ၏။
'အိမ်ကိုပဲ လွမ်းနေမိတော့တယ်'
……
ငရဲပြည်တွင်
ဗီလာ တံခါးဝ၌ ကျန်းလင်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လူဦးရေ အနည်းငယ် ကျဆင်းသွားသည်ကို ကြည့်နေရင်း ခဏအကြာတွင် ရုတ်တရက် ပြန်လည် မြင့်တက်လာသည်ကို တွေ့လိုက်ရ၏။
ထို့ပြင် လူဦးရေကလည်း တဖြည်းဖြည်းနှင့်ပင် တိုးလာသေးသည်။
"......."
'ဒီလူသား ပရိသတ်တွေက ဒီလောက်တောင် သတ္တိကောင်းကြတာလား'
'ငါ သူတို့ကို နည်းနည်းလောက် နားလည်လာပြီလို့ ထင်ထားတာ' ကျန်းလင်၏ စိတ်ထဲတွင် သံသယ အချို့ ဖြစ်ပေါ်လာတော့သည်။
မှတ်ချက်များထဲတွင် အရေးပေါ် ဆေးများ ပြင်ဆင်ထားသည်ဆိုသော စကားများကို မြင်သောအခါ ကျန်းလင် မျက်မှောင်ကြုတ်လိုက်လေသည်။
"ခုနက ကျွန်တော် ပြောခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေထဲက အခုထိ မထွက်သေးတဲ့ သူတွေ ရှိရင် အခု ချက်ချင်း လိုက်ဖ်ထဲကနေ ထွက်ပေးပါ"
ထိုခဏချင်းတွင်ပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ လူဦးရေက အလျင်အမြန် ထိုးကျသွားတော့၏။
ကုန်ကုန်ပြောရလျှင် သုံးပုံတစ်ပုံခန့် ချက်ချင်း လျော့ကျသွားခြင်းဖြစ်၏။
ထိုအခါ မှတ်ချက်ပေးသည့် နေရာမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် ပြန်လည် ဆူညံလာတော့သည်။
[ဘုရားရေ၊ အဲဒီ အချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေ ဒီလောက်တောင် အများကြီး ရှိနေတာလား]
[တော်သေးတာပေါ့၊ ငါ နေ့တိုင်း လေ့ကျင့်ခန်း လုပ်လို့ အခုတော့ အဲဒီ အကျိုးကျေးဇူးကို ခံစားရပြီ မဟုတ်လား]
[သောက်ကျိုးနည်း ညီအစ်ကိုတို့၊ ဒုက္ခတော့ ရောက်ပြီ ခုနကပဲ ငါ့သူငယ်ချင်း ငါ့ကို ဆက်သွယ်လာတယ်]