အခန်း ၃၁၉
Vol. 32 Ch. 319
🫧 Chapter 319
[သောက်ကျိုးနည်း၊ မင်း ငါ့ကို မခြောက်နဲ့နော် ငါ ဆရာ့ကိုတောင် နောက်ပြောင်ဖူးတယ် မနက်ဖြန် သွားတောင်းပန်ရင် အချိန်မီသေးလား]
[အိမ်စာမလုပ်တာရော အပြစ်ရှိလား]
တစ်ခဏချင်းတွင်ပင် ပရိသတ်များ၏ အာရုံက အေးချမ်းတဲ့ တစ္ဆေမျှင်သုပ်၏ ကြောက်မက်ဖွယ်ရာအပေါ်မှ သူတို့ကိုယ်သူတို့ဆီသို့ ပြောင်းလဲသွားတော့၏။
ထို့နောက် သူတို့ ဘာအမှားတွေများ လုပ်ခဲ့ဖူးလဲ ဆိုသည်ကို ပြန်လည် စဉ်းစားနေကြသည်။
ထိုအခြေအနေကို မြင်သောအခါ ကျန်းလင်က ရှင်းပြလိုက်၏။
"တကယ်တော့ အဲဒီလောက်ကြီး မဆိုးရွားပါဘူး၊ လူ့လောကက ကြားဖူးနေတဲ့ ငရဲဘုံအကြောင်းတွေက တကယ်တော့ ချဲ့ကားပြောဆိုထားကြတာပါ"
"ပုံမှန်အားဖြင့် ကြီးမားတဲ့ အပြစ်တစ်ခုခု မကျူးလွန်ထားသရွေ့ ငရဲဘုံကို အပြစ်ပေးခံရမှာ မဟုတ်ပါဘူး"
ငရဲဘုံကလည်း အရမ်း အလုပ်များတာကြောင့် အရာအားလုံးကို လက်ခံနေမှာ မဟုတ်ပါချေ။
"ဒါပေမယ့် ကိုယ်ကျင့်တရားမဲ့တဲ့ ကိစ္စတချို့ လုပ်ခဲ့မယ်ဆိုရင်တော့ အခြားသော ကဏ္ဍတွေမှာ ပြန်လည် ပေါ်ပေါက်လာလိမ့်မယ်"
ဥပမာအားဖြင့် ဝင်စားမယ့် အချိန်မျိုး၊ ဒါမှမဟုတ် ကံကြမ္မာ အပြောင်းအလဲနဲ့ နောက်တစ်ဆက်မှာ သက်ရောက်တာမျိုးတွေ ဖြစ်ပေသည်။
[ဒင်~ စနစ်ပိုင်ရှင်က နေ့စဉ် တာဝန်ဖြစ်တဲ့ ငရဲပြည် ယဉ်ကျေးမှု ဖြန့်ဝေခြင်း ငရဲဘုံ ကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အမှတ် ၅၀၀ ပေါင်းထည့်လိုက်ပါတယ်]
ကျန်းလင် "ဟင်"
အရှေ့ဘက်နန်းဆောင်မှာ ရှိစဉ်ကလည်း ငရဲဘုံအကြောင်း ဖြန့်ဝေတဲ့ ဆုကြေးကို ရရှိခဲ့ဖူးသည်ကို သူ မှတ်မိနေ၏။
'ဒီတစ်ကြိမ် ဆုကြေးက အနောက်ဘက်နန်းဆောင် ဖြစ်နေလို့လား'
'ဒါမှမဟုတ် သူက ဗဟုသုတ အသစ်တွေကို ဖြန့်ဝေလိုက်လို့များလား'
ထိုအခါ ကျန်းလင်က သူ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
"အဋ္ဌမမြောက် မျိုးဆက် တစ္ဆေချီခုတ်ထစ်ဓား ဖြစ်နေတာပဲ"
ထိုစဉ် သူ၏ဘေးနားမှ ရုတ်တရက် စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ယင်းကြောင့် ကျန်းလင်က လှမ်းကြည့်လိုက်ရာ ဆံပင်ကို အထုံးလေး နှစ်ဖက် ထုံးထားသည့် အသက် ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ် အရွယ် ကောင်မလေး ဖြစ်နေ၏။
ထိုကောင်မလေးက ယခုအချိန်တွင် မီးဖိုချောင်သုံး ခုံရှေ့ရှိ မုန့်မုန့်၏ ခါးဘေးရှိ ဟင်းချွတ်ဓားကို မျက်လုံးများ အရောင်လက်ကာ ကြည့်နေတော့သည်။
ထိုအခါ ကျန်းလင်က "အဋ္ဌမမြောက် မျိုးဆက် တစ္ဆေချီခုတ်ထစ်ဓား ဟုတ်လား" ဟု မေးလိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်" အာရွေ့က ခေါင်းကို တဆက်ဆက် ညိတ်ကာ ပြောလိုက်၏။
"ရှင် မသိဘူးလား၊ အဲဒါက လက်နက်ရတနာဆိုင်က ထုတ်လုပ်ထားတဲ့ ဝိညာဉ်လက်နက်လေ၊ သတ္တမမြောက် မျိုးဆက်တုန်းကဆို ငါ့ရဲ့ သခင်လည်း ပါဝင်ခဲ့သေးတယ်"
"အဲဒီဓားက ဟင်းချွတ်ဓားနဲ့ တူပေမယ့် ဓားမျက်နှာပြင်ပေါ်က ပန်းကနုတ်တွေကို ကြည့်လိုက်၊ အဲဒါကမှ ဒီဓားရဲ့ အထူးခြားဆုံး အချက်ပဲ၊ ရှင်"
တစ်ယောက်ယောက်က မေးလိုက်သည်ကို ကြားသောအခါ အားရွေ့က အလိုအလျောက် ဖြေကြားလိုက်ခြင်း ဖြစ်သည်။
သို့သော် သူမ၏ ပါးစပ်လေး ပွစိပွစိဖြင့် အတန်ကြာ ပြောဆိုနေပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်ရာ 'ဟာ ဝိညာဉ်တမန်တော်ကျန်းပဲ'
'ဝိညာဉ်တမန်တော်ကျန်းက သူမနဲ့ စကားပြောနေတာလား'
'သူမ ခုနက ဘယ်ရောက်သွားပြီလဲ'
'သူမ စကားတွေ အရမ်းများသွားပြီလား'
ကျန်းလင်က "ဟင် ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
ထိုအခါ အားရွေ့က လက်နှစ်ဖက်ကို ယှက်ကာ အသံကို နှိမ့်ပြီး ယဉ်ယဉ်ကျေးကျေးဖြင့် ဖြေလိုက်၏ "အဲဒီဓားရဲ့ ထိခိုက်နိုင်စွမ်းက အရမ်း မြင့်မားတယ်၊ သူဖန်တီးလိုက်တဲ့ ဒဏ်ရာတွေက ကျက်ဖို့ ခက်ခဲရုံတင်မကဘူး၊ မီးဟပ်ခံရသလိုမျိုး ဆက်တိုက် နာကျင်နေတဲ့ ဒဏ်ရာတွေကိုပါ ဖြစ်ပေါ်စေတယ်"
"အစ်မ မုန့်မုန့်က ဒီဓားကို သုံးပြီး အစားအသောက် ပွဲတော် လုပ်လိမ့်မယ်လို့ မထင်ထားဘူး၊ ခုနက အေးချမ်းတဲ့ တစ္ဆေမျှင်သုပ် ခံလိုက်ရတဲ့ တစ္ဆေရဲ့ ခန္ဓာကိုယ်ပေါ်မှာ အခုထိ နာကျင်မှုတွေ ဆက်ရှိနေလောက်တယ်"
"ပြီးတော့၊ ပြီးတော့" အာရွေ့က ကျန်းလင်ကို သတိထားကာ အလျင်အမြန် တစ်ချက် ကြည့်လိုက်ပြီး "ပြီးတော့ ကျွန်မ သခင် ပြောတာ ကြားဖူးတယ်၊ အဲဒီဓားပေါ်က မီးက သာမန်မီး မဟုတ်ဘူးတဲ့"
ကြားရသလောက်တော့ အဲဒီမီးကို ရဖို့အတွက် အားထုတ်မှု အများကြီး လုပ်ခဲ့ရသည်ဟု ဆိုပေသည်။
ကျန်းလင်က တိတ်ဆိတ်စွာ နားထောင်နေရင်း "မင်းရဲ့ သခင်က လက်နက် ဖန်တီးတတ်တာလား" ဟု မေးလိုက်၏။
အားရွေ့က ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်လိုက်ပြီး "အင်း၊ သခင်က အဆင့်မြင့် လက်နက် ဖန်တီးရေး လက်မှတ်တောင် ရထားသေးတယ်"
ခေတ္တမျှ စဉ်းစားပြီးနောက် သူမက ထပ်ဖြည့်ပြောလိုက်သည်။
"တကယ်လို့ ရှင် လက်နက် ဖန်တီးချင်တယ် ဆိုရင် သခင်က ရှင့်ကို လျှော့ဈေးပေးလိမ့်မယ်၊ ရှစ်"
အားရွေ့က ရုတ်တရက် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်ချောင်းငါးချောင်းကို ဖြန့်ပြီး "ငါးဆယ် ရာခိုင်နှုန်း လျှော့ပေးမယ်" ဟု အော်လိုက်လေသည်။
'လက်နက် ဖန်တီးတာလား'
ထိုအခါ ကျန်းလင်က ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းများတွင် အပြုံးရိပ်လေးများ သန်းသွားတော့သည်။
"ကောင်းပြီလေ၊ အဲဒီကျရင် ငါ သွားကြည့်မယ်"
ဤတစ်ကြိမ် သူ လာရောက်ရာတွင် အမှန်တကယ်ပင် ဖန်တီးချင်သော ဝိညာဉ်လက်နက် ရှိလေသည်။
ပစ္စည်းများကိုလည်း တောင်ဘက်နန်းဆောင်မှ ယူဆောင်လာခဲ့ပြီး ဖြစ်၏။
ဤကောင်မလေးက သူ၏ ယခင်ဘဝ မှတ်ဉာဏ်များထဲရှိ ချူရှီ နှင့် အတော်လေး ဆင်တူပေသည်။
"ဒါဆို၊ ဒါဆို အဲဒီကျရင် ငါ ရှင့်ကို လာကြိုမယ်နော်" အာရွေ့က လက်သီးလေးကို တိတ်တဆိတ် ဆုပ်ထားလိုက်ပြီး မျက်လုံးများကလည်း တောက်ပနေတော့သည်။
သူမ၏ စိတ်က အစားအသောက် ပွဲတော် အပေါ်တွင် မရှိတော့ပါချေ။
'ဝိညာဉ်တမန်တော်ကျန်းက သူမတို့ဆီမှာ ဝိညာဉ်လက်နက် လာလုပ်တော့မယ်ဟေ့'
'သူမက သခင့်အတွက် အလုပ်တစ်ခု ရအောင် ယူပေးလိုက်နိုင်ပြီ ဟီးဟီးဟီး'
'လျှော့ဈေးပေးဖို့လား'
'အို သခင်က သေချာပေါက် လျှော့ဈေးပေးချင်မှာပဲ'
'စိတ်လှုပ်ရှားပြီး အလကားတောင် လုပ်ပေးလိုက်ဦးမလား မသိဘူး ဟီးဟီးဟီး'
……
အစားအသောက် ပွဲတော်က ဆက်လက် ကျင်းပနေဆဲ ဖြစ်၏။
ပထမဆုံး အစားအသောက်ကို ဝေမျှပြီးနောက် မုန့်မုန့်က လက်ခုပ်တီးလိုက်ကာပြောလိုက်သည်။
"အခု ဆက်လက် တင်ဆက်ပေးမှာကတော့ ဒုတိယမြောက် အစားအသောက်လေး ဖြစ်တဲ့ ချဉ်စပ်ဟင်းရည်လေးပဲ ဖြစ်ပါတယ်"
ထိုအခါ သူမ ခြေအောက်ရှိ နေရာရွှေ့ပြောင်းသည့် အစီအရင်က ပွင့်လာပြီးနောက် တစ္ဆေအသစ် တစ်ကောင်ကို ကြိုးတုပ်ကာ ပို့ဆောင်လိုက်တော့သည်။
အဆိုပါ တစ္ဆေမှာ အသက် လေးဆယ့်ငါးနှစ် အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး ရိုးရိုးရှင်းရှင်း အဝတ်အစားများကို ဝတ်ဆင်ထားကာ မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ရှိနေပြီး လယ်သူမ တစ်ဦးနှင့်ပင် တူနေ၏။
အမျိုးသမီးမှာ ပါးစပ် အဆို့ခံထားရပြီး ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်နေလေသည်။
"အရသာရှိတဲ့ ဟင်းလျာတွေက များသောအားဖြင့် အရိုးရှင်းဆုံး ချက်ပြုတ်နည်းကိုပဲ လိုအပ်တာပါ"
မုန့်မုန့်က ပြုံးရွှင်စွာဖြင့် ဒယ်အိုးကြီး တစ်လုံးကို ထုတ်ယူလိုက်၏။
"ပိအန်းပန်းတွေပေါ်က သန့်စင်တဲ့ နှင်းပေါက်လေးတွေ နည်းနည်း ထည့်မယ်၊ ပြီးတော့ ချစ်စရာကောင်းတဲ့ ဂျင်းနဲ့ ကြက်သွန်မြိတ်လေးတွေ ထည့်လိုက်မယ်"
ထို့နောက် သူမ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နှင်းပေါက်များနှင့် ဂျင်း၊ ကြက်သွန်မြိတ်များက စည်ပိုင်းကြီးနှင့် တူသော ဒယ်အိုးကြီးထဲသို့ တစ်ခုပြီးတစ်ခု ပျံသန်း ဝင်ရောက်သွားကြတော့သည်။
"ပြီးရင် နှစ်ပေါင်း ၁၂ နှစ်လောက် လူကုန်ကူးပြီး မှောင်ခို အရောင်းအဝယ် အလုပ်ကို အနှစ်သက်ဆုံး လုပ်ခဲ့တဲ့ တစ္ဆေ တစ်ကောင် ထည့်မယ်"
"ပြီးတော့ စကားပြောရတာ မကြိုက်တဲ့ ဆား သုံးဇွန်းလောက် ထည့်မယ်"
လူလတ်ပိုင်း အမျိုးသမီးက ဒယ်အိုးထဲသို့ ပစ်ချခံလိုက်ရချိန်တွင် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
ဖြူဖွေးသော ဆား သုံးဇွန်းက သူမ၏ ခေါင်းပေါ်မှ ဝေါခနဲ လောင်းချခံလိုက်ရချိန်မှသာ သူမ သတိဝင်လာပြီး မျက်လုံးများ ပြူးကျယ်သွားကာ ရုန်းကန်တော့၏။
သို့သော် ပါးစပ်က အဆို့ခံထားရသဖြင့် "အွန်း အွန်းအွန်း" "အွန်းအွန်း" ဟုသာ အသံထွက်နိုင်တော့သည်။
သူမက မုန့်မုန့်ကို ကြည့်ကာ ဒယ်အိုးဘေးတွင် နဖူးကို ဆောင့်လိုက်ပြီးနောက် ပတ်လည်ရှိ ကြည့်ရှုနေကြသော တစ္ဆေများဘက်သို့ လှည့်ကာ ထပ်မံ၍ နဖူးဆောင့်လိုက်လေသည်။
ခွင့်လွှတ်ပေးရန် တောင်းပန်နေသကဲ့သို့ ပင်။
သို့သော် သူမကို မည်သူကမျှ ဂရုမစိုက်ကြပါချေ။
မုန့်မုန့်က ပြုံးရွှင်စွာဖြင့် ယောက်ချိုဇွန်းကြီး တစ်လက်ကို ထုတ်ယူကာ ဒယ်အိုးအောက်ခြေကို ခေါက်လိုက်ရာ မီးတောက်ကြီးများ တောက်လောင်လာတော့၏။
"ကျန်တာကတော့ မွှေဖို့ပဲ ကျန်တော့တယ်၊ မွှေမယ် မွှေမယ် အထဲက ပါဝင်ပစ္စည်းတွေ အားလုံး ဟင်းရည်ထဲ လုံးဝ အရည်ပျော်ဝင်သွားတဲ့အထိ ဆိုရင်တော့ ချဉ်စပ်ဟင်းရည်လေး အသင့်ဖြစ်ပြီပေါ့"
သူမက အေးအေးဆေးဆေး ပြောဆိုရင်း ယောက်ချိုဇွန်းဖြင့် စတင် မွှေလိုက်လေသည်။
"အွန်းအွန်း"
ထိုအခါ နာကျင်မှုက အမျိုးသမီး၏ တစ်ကိုယ်လုံးသို့ စတင် ပျံ့နှံ့လာပြီး ခြေထောက်များက တူတစ်လက်ဖြင့် ထုခြေခံရသကဲ့သို့ နာကျင်နေတော့သည်။
ထို့ကြောင့် သူမခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ ခြေထောက်များက အရည်ပျော်ကျလာနေပြီ ဖြစ်၏။
'မဟုတ်ဘူး မဟုတ်ဘူး'
'သူတို့က ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ'
'ဘာလို့ သူမကို မကယ်နိုင်ရတာလဲ၊ ဘာလို့ မလွှတ်ပေးရတာလဲ'
'သူတို့က မိစ္ဆာတွေလား'
ထိုစဉ် အမျိုးသမီးက ပရိသတ်များ ကြားထဲမှ 'လူ' တစ်ယောက် မေးလိုက်သည်ကို ကြားလိုက်ရ၏။
"မုန့်မုန့်၊ မင်းက ချဉ်ပေါင်ရွက်နဲ့ ငရုတ်သီးမှ မထည့်တာ၊ အဲဒါက ချဉ်စပ်ဟင်းရည် ဖြစ်နိုင်ပါ့မလား"
မုန့်မုန့်က ပြုံးလိုက်ပြီး "ဒါပေါ့ ချဉ်စပ်ဟင်းရည်ပေါ့၊ အခုပဲ အရေးအကြီးဆုံး ပါဝင်ပစ္စည်း တစ်ခု ထည့်လိုက်ပြီ မဟုတ်ဘူးလား" ဟု ပြန်ဖြေလိုက်သည်။
ထို့နောက် သူမက လက်မြှောက်ကာ ယောက်ချိုဇွန်းကြီးဖြင့် အမျိုးသမီး၏ ခေါင်းပေါ်သို့ ခေါက်လိုက်၏။
ညင်သာသော ခေါက်ချက် နှစ်ချက်သာ ဖြစ်သော်လည်း မိုးကြိုး နှစ်ချက်က အမျိုးသမီး၏ ခေါင်းပေါ်သို့ ကျရောက်သွားသကဲ့သို့ပင် ထိုအရာက သူမကို လုံးဝ မူးဝေသွားစေပြီး အပြင်ရော အတွင်းပါ ကျက်သွားစေတော့သည်။
တဖြည်းဖြည်းနှင့် ပါဝင်ပစ္စည်းများက ဟင်းရည်ထဲသို့ စတင် အရည်ပျော်ဝင်သွားလေသည်။
အမျိုးသမီးမှာ အိပ်မက် တစ်ခု မက်နေသကဲ့သို့ ခံစားရပြီး၊ ထိုအိပ်မက်က ငရဲဘုံသို့ ရောက်ရှိလာကာ ဘယ်တော့မှ နိုးထလာမည် မဟုတ်သော အိပ်မက်ဆိုး တစ်ခုကဲ့သို့ဖြစ်နေသည်။
ခန္ဓာကိုယ် တစ်ခုလုံးက အလွန် နာကျင်နေပြီး ခေါင်းကလည်း ကွဲထွက်မတတ် နာကျင်နေ၏။
သို့သော် သူမက အပြင်ဘက်မှ အသံများကို ရှင်းလင်းစွာ ကြားနေရဆဲ ဖြစ်ပြီး ဟင်းရည် လည်ပတ်နေသည့် လမ်းကြောင်း၊ ယောက်ချိုဇွန်းက ခန္ဓာကိုယ်ပေါ် ကျရောက်ကာ မွှေနေသည့် လှုပ်ရှားမှုများကိုပါ ခံစားနေရလေသည်။
မုန့်မုန့်: "ဒါက တကယ့်ကို ကောင်းမွန်တဲ့ ပါဝင်ပစ္စည်း တစ်ခုပဲ၊ သူမက ဒီလောကထဲ ရောက်ကတည်းက ကလေးငယ် ရာပေါင်းများစွာနဲ့ အရွယ်ရောက်စ မိန်းကလေး ဆယ်ဂဏန်းကျော်ကို လူကုန်ကူးခဲ့တာ"
"တချို့ကို တောင်ပေါ်ဒေသတွေဆီ ပို့လိုက်တယ်၊ တချို့ကို မှောင်ခို အရောင်းအဝယ်တွေဆီ ပို့လိုက်တယ်၊ ပြီးတော့ တစ်ချို့က လမ်းမှာတင် သေဆုံးသွားခဲ့တယ်"
"ဖျားပြီး သေတဲ့သူတွေ ရှိသလို စကားနားမထောင်လို့ ရိုက်သတ်ခံရတဲ့ သူတွေလည်း ရှိတယ်"
သူမက ဒယ်အိုးကြီးကို တစ်ပတ် ပတ်လိုက်ပြီး ယောက်ချိုဇွန်းဖြင့် ဒယ်အိုးအောက်ခြေကို ညင်သာစွာ ခေါက်လိုက်ရာ မီးတောက်များက ပိုမို ပြင်းထန်စွာ တောက်လောင်လာတော့၏။
ထိုအချိန်တွင် ဟင်းရည်က ကျက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
"အင်း ဒီလူက သူမရဲ့ ကိုယ်ပိုင် ကလေး သုံးယောက်ကိုတောင် ရောင်းစားခဲ့သေးတာဆိုတော့ အဲဒီထဲက ချဉ်စပ်အရသာကို သူမ ကိုယ်တိုင်ပဲ သိနိုင်မှာပေါ့"
'ဒီချဉ်စပ်ဟင်းရည်ရဲ့ အရသာက သေချာပေါက် ပြည့်ဝနေမှာပဲ'
'ချဉ်ချဉ်စပ်စပ်လေး ဖြစ်ရမှာ မဟုတ်ဘူးလား'
'ဒီတစ်ခါတော့ သေချာပေါက် ချဉ်စပ်သွားစေရမယ်'