← Chapters

အခန်း ၃၂၀

Vol. 32 Ch. 320

အခန်း ၃၂၀

Vol. 32 Ch. 320

🫧 Chapter 320

[ရှူး ကြောက်လွန်းလို့ ၁၉၈၂ ခုနှစ်တုန်းက လေကိုတောင် ပြန်ရှူထုတ်လိုက်မိတယ်]

[အဆွဲဆောင်နိုင်ဆုံး မြေခွေးမလေးက အနူးညံ့ဆုံး စကားတွေကို ပြောပြီး အကြောက်စရာ အကောင်းဆုံး ဟင်းလျာတွေကို ချက်နေတာပဲ]

[ဒီလူကုန်ကူးတဲ့ သူက တကယ်ကို ရက်စက်လွန်းတယ် ကိုယ့်ကလေးကိုတောင် ပြန်ရောင်းစားရက်တယ် ဒီကို ရောက်နေတာ မဆန်းပါဘူး]

[မရတော့ဘူး၊ ငါ ဆဲချင်လာပြီ! ချဉ်စပ်ဟင်းရည်၊ ချဉ်စပ်ဟင်းရည်၊ လူတွေရဲ့ ဘဝအချဉ်အစပ်တွေဆိုတာ ဒီလိုမျိုး ဖန်တီးထားတာကိုး]

ချဉ်စပ်ဟင်းရည် တစ်အိုးလုံးကို မြင်လိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှိ ပရိသတ်များမှာ မသိမသာ တုန်ယင်သွားကြတော့၏။

တစ်ဖက်မှ ထိုလူကုန်ကူးသူကို ဆဲရေးတိုင်းထွာရင်း တစ်ဖက်မှ အန်သူက အန်၊ အံ့သြသူက အံ့သြဖြစ်နေကြလေသည်။

[ငါတော့ မိန်းမတွေကို ဘယ်တော့မှ အထင်မသေးရဲတော့ဘူး၊ အထူးသဖြင့် အရမ်း လှတဲ့ မိန်းမတွေကိုပေါ့။ ဘုရားရေ အကုန်လုံးက အရမ်း ရက်စက်ကြတာပဲ]

[အရှေ့ဘက်နန်းဆောင်က မုန့်ပေါ် အဟောင်းကို ပြန်တွေးကြည့်ပါဦး၊ လှတော့ လှပါရဲ့၊ ဒါပေမယ့် လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ ဝေ့ဝူစစ်သူကြီးရဲ့ နှလုံးသားကို ဆွဲထုတ်သွားတာလေ]

[ပြီးတော့ တောင်ဘက်နန်းဆောင်က အဆင့်နိမ့် တစ္ဆေနယ်မြေထဲက ရှေးဟောင်း ပန်းချီကားထဲကနေ ထွက်လာတဲ့ မင်းသမီးလေးနဲ့ တူတဲ့ ရှင်းယာ ကို ပြန်တွေးကြည့်ဦး]

[ကျောင်းသားတွေကို စစ်သင်တန်းပေးသလိုမျိုး လေ့ကျင့်ပေးခဲ့တာ၊ စကားတစ်ခွန်းဆို တစ်ခွန်းပဲ၊ အရှိန်အဝါကလည်း အပြည့်ပဲလေ]

[အခု အနောက်ဘက်နန်းဆောင်က ဒီမုန့်မုန့် ဆိုတဲ့ မြေခွေးမလေးကို ကြည့်လိုက်ဦး၊ ရုပ်ရည်က သက်ရှိ အားလုံးကို ဆွဲဆောင် ညှို့ယူနိုင်ပြီး နှလုံးခုန် မြန်စေပေမယ့်]

ယခုမူကား ပရိသတ်များက သူတို့၏ ရင်ဘတ်လေးကိုသာ ဖိထားကြရတော့၏။

'မခုန်ရဲတော့ဘူး၊ မခုန်ရဲတော့ဘူး'

'အသက်ရှင်ဖို့က ပိုအရေးကြီးတယ်လေ'

ပရိသတ် အချို့မှာ Streamer ၏ စကားကို နားမထောင်ဘဲ စောစောစီးစီး မထွက်သွားခဲ့မိသည်ကို နောင်တရလာကြတော့သည်။

'အခု တစ်ဝက်လောက်တောင် ကြည့်ပြီးနေပြီ ဆိုတော့ အခုမှ ထွက်သွားလည်း မေ့ပစ်လို့မှ မရနိုင်တော့တာ'

'တကယ်ပါပဲ၊ စပ်စုလွန်းရင် ဒုက္ခရောက်တတ်တယ် ဆိုတာ မှန်တယ်'

[အီးဟီးဟီး ကြောက်စိတ်ပြေသွားအောင် Streamer ကိုပဲ ပိုကြည့်ရမယ်]

တိုက်ရိုက်ထုတ်လွှင့်သည့် ဘောလုံးလုံးလေးက တစ်ချက် လှုပ်ရှားသွားပြီးနောက် ကင်မရာ နှစ်လုံးစလုံးက အလယ်ဗဟို ဧရိယာရှိ မုန့်မုန့်ဆီသို့ တိုက်ရိုက် လှည့်သွားတော့၏။

……

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် မီးပြင်းပြင်းဖြင့် ကျိုချက်ထားသော ဟင်းရည်က ပွက်ပွက်ဆူလာသည်နှင့်အမျှ သွားရည်ကျလောက်အောင် မွှေးပျံ့သော ချဉ်စပ်ရနံ့ တစ်ခုက နဝမမြောက် ငရဲဘုံ တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

ထိုအခါ ပရိသတ် ထိုင်ခုံများပေါ်ရှိ တစ္ဆေများက နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်ကြပြီး မျက်လုံးများ အရောင်လက်သွားကြတော့ကာ စားချင်စိတ်များက တဖွားဖွား ပေါ်လာကြတော့သည်။

"ကျက်ပြီလား"

"ရလောက်ပြီ မဟုတ်လား မုန့်မုန့်၊ မြန်မြန် ချလိုက်တော့ (ˉ﹃ˉ)"

"အရမ်း မွှေးတာပဲ၊ ငါ အရင်ဆုံး တစ်ပွဲ ကြိုမှာထားမယ်"

'ရှလွတ်'

ထိုစဉ် ကျန်းလင်၏ ဘေးနားရှိ အားရွေ့က ရုတ်တရက် သွားရည်ကျသံ အကျယ်ကြီး မြည်သွားလေသည်။

ထိုအခါမှသာ သူမ၏ လွင့်မျောနေသော စိတ်အာရုံများလည်း ပြန်လည် ရောက်ရှိလာကာ ကောင်မလေးက မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။ 'ဒီဟင်းလျာက... အရမ်း စားကောင်းမယ့် ပုံပဲ'

"တကယ်ကြီး အဲဒီလောက် မွှေးနေလို့လား"

ခုနလေးတင် အန်ထားသော ပရိသတ်များမှာ လှည့်ကြည့်လိုက်သည်နှင့် ဤမြင်ကွင်းကို မြင်လိုက်ရလေသည်။

"ဂွီ ဂွီ"

သူတို့မှာ မနက်စာများကို အကုန် အန်ထုတ်လိုက်ရသဖြင့် ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်၏။

[သွားပါပြီ၊ ငါ တစ်ခုခု မှားနေပြီထင်တယ် စားလည်း စားချင်တယ်၊ အန်လည်း အန်ချင်တယ်]

[ငါ ရောဂါများ ရနေပြီလား]

[အပေါ်က ညီအစ်ကို၊ မင်း အပြင်စာ တစ်ခုလောက် မှာပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်၊ ပြီးရင် ပြန်ထွေးထုတ်လိုက်လေ]

[အဲဒီလို ဘယ်ဖြစ်မလဲ၊ နှမြောစရာကြီး ငါ့စကား နားထောင်၊ ခုနကပဲ မင်း အန်ထားတာ မဟုတ်လား သုံးစက္ကန့် စည်းမျဉ်း ရှိသေးတယ်လေ၊ မင်း အဲဒါကို ပြန်ပြီး]

[ဝေါ့]

[မိစ္ဆာကောင် ဝေါ့!ယ တကယ်ဆို ငါ အောင့်ထားနိုင်သေးတယ် ဝေါ့]

……

ချဉ်စပ်ဟင်းရည်ကို တစ္ဆေများ အားလုံးက လျင်မြန်စွာပင် အကုန်အစင် ခွဲဝေ စားသောက်လိုက်ကြ၏။

အလွန် ခံတွင်းမြိန်လှပေသည်။

လူလတ်ပိုင်း အမျိုးသမီး၏ ဝိညာဉ် အငွေ့အသက်များမှာမူ အထက်ဘက်ရှိ ဖြည်းညင်းစွာ လည်ပတ်နေသော စက်ဝိုင်းပုံ ဝိညာဉ်လက်နက်ထဲသို့ ထပ်မံ စုစည်းသွားပြန်သည်။

ဤတစ္ဆေများက အစားအသောက် ပွဲတော် ပြီးဆုံးသွားပါက သူတို့ သွားသင့်သော ငရဲဘုံ အလွှာများသို့ ဆက်လက် ပြန်သွားရမည် ဆိုသည့် ကျန်းလင်၏ ခန့်မှန်းချက်ကို အာရွေ့က အတည်ပြုပေးခဲ့လေသည်။

အစားအသောက် ပွဲတော်သို့ တက်ရောက်လာကြသော တစ္ဆေ အများစုမှာလည်း ပြစ်ဒဏ် ကာလ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ဝင်စားရန်အတွက် အချိန်ကြာမြင့်စွာ မသွားနိုင်သေးသူများ ဖြစ်ကြပေသည်။

သူတို့၏ စွဲလမ်းမှုများနှင့် မကျေနပ်မှုများက အလွန် နက်ရှိုင်းလွန်းလှ၏။

အနောက်ဘက်နန်းဆောင်၏ အယူအဆအရ ကိုယ်ပြုသော ကံ ကိုယ်သာ ခံရမည်။

ကိုယ် စိုက်ပျိုးသော အသီး ကိုယ်သာ ရိတ်သိမ်းရမည် ဖြစ်သည်။

ထို့ကြောင့် အစားအသောက် ပွဲတော် ကျင်းပတိုင်း ငရဲဘုံထဲမှ တစ္ဆေ အများအပြားကို ဆယ်ယူကာ အသုံးပြုလေ့ ရှိပေသည်။

သို့သော် လာရောက် ကြည့်ရှုကြသော တစ္ဆေ အားလုံးကတော့ ချောမွေ့စွာ ထွက်ခွာသွားနိုင်ကြသည် မဟုတ်ပါချေ။

အချို့က သူတို့ ကြည့်ချင်သော 'ဟင်းလျာ' ကို မတွေ့ရသေးသောကြောင့် ဖြစ်၏။

အချို့ကမူ ရင်ထဲရှိ စွဲလမ်းမှု အလွန် ပြင်းထန်လွန်းသဖြင့် လွယ်လွယ်ကူကူ မဖျောက်ဖျက်နိုင်သောကြောင့် ဖြစ်လေသည်။

သူတို့၏ စိတ်ထဲတွင် ဤမိစ္ဆာတစ္ဆေများက နောက်ထပ် ပြင်းထန်သော ပြစ်ဒဏ်များကို ဆက်လက် ခံစားသင့်သေးသည်ဟု ထင်မြင်နေကြသည်။

'ဒီလောက်လေးနဲ့တင် မလုံလောက်သေးဘူး၊ မလုံလောက်သေးဘူး'

'ဘာလို့များ တချို့လူတွေက တခြားလူတွေကို ထိခိုက်နစ်နာစေမယ့် ဆုံးဖြတ်ချက်မျိုးကို လွယ်လွယ်ကူကူ ချနိုင်ရတာလဲ သူတို့ ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်ရက်တာလဲ?'

ထို့ကြောင့် ဤတစ္ဆေများက ထွက်ခွာသွားရန် ငြင်းဆန်နေကြခြင်း ဖြစ်၏။

ငရဲကျနေသော မိစ္ဆာတစ္ဆေများကို ခွင့်မလွှတ်နိုင်သကဲ့သို့ သူတို့ကိုယ်သူတို့လည်း ခွင့်မလွှတ်နိုင်ကြပါချေ။

'သူတို့က ကိုယ်တိုင် မျက်စိဖြင့် မြင်ချင်ကြတယ်၊ ကိုယ်တိုင် နားဖြင့် ကြားချင်ကြတယ်'

ထို့ကြောင့်ပင် အစားအသောက် ပွဲတော်များကို တစ်ကြိမ်ပြီး တစ်ကြိမ် ကျင်းပပေးရခြင်း ဖြစ်လေသည်။

အချို့သော တစ္ဆေများက ဝင်စားရန် ထွက်ခွာသွားကြပြီး၊ အချို့သော တစ္ဆေများကမူ ဆက်လက် ကျန်ရစ်နေခဲ့ကြ၏။

"တစ်နှစ်၊ နှစ်နှစ် ဆယ်နှစ် ဘယ်လောက်ကြာကြာ ကြည့်ပြီးမှ ကျေနပ်သွားကြမလဲ၊ ဘယ်အချိန်ကျမှ သူတို့ကိုယ်သူတို့ ခွင့်လွှတ်နိုင်ကြမလဲ"

သူတို့ ကိုယ်တိုင်လည်း မသိကြပါချေ။

……

"ဒါပေမယ့် ဝိညာဉ်တမန်တော်ကျန်း"

အာရွေ့က ရုတ်တရက် ကျန်းလင်ကို လေးနက်စွာ ကြည့်လိုက်ပြီး "ရှင် သိလား၊ ဒီမှာရှိတဲ့ တစ္ဆေ အများစုက ရှင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်ဖူးကြတယ်"

ဝိညာဉ်တမန်တော်ကျန်း မှတစ်ဆင့် သူတို့က မတူညီသော လူ့လောက၊ မတူညီသော ငရဲပြည်ကို မြင်တွေ့ခဲ့ကြရ၏။

ဝိညာဉ်တမန်တော်များက မည်သို့သော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မြင်တွေ့ခဲ့ကြရသည်။

အန္တရာယ်များ ကြုံလာချိန်တွင် ကူညီပေးလိုသော လူသား အများအပြားကို မြင်တွေ့ခဲ့ကြရ၏။

"ကလေးတွေ လူကုန်ကူး ခံရချိန်၊ လူတွေ ရေနစ်ချိန်၊ လူတွေ ဓားပြတိုက် ခံရချိန်တွေမှာ အမြဲတမ်း ပရိသတ် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကာ 'ကျွန်တော် လုပ်ပါ့မယ်'"ဟု ပြောနေသကဲ့သို့ပင်ဖြစ်နေသည်မဟုတ်လော။

ထို့အပြင် လူ့လောကတွင် ကျန်ရစ်နေပြီး လူများကို ကယ်တင်နေကြသော တစ္ဆေများကိုလည်း မြင်တွေ့ခဲ့ကြရသည်။

သေချာသည်မှာ ထိုအရာများနှင့် ဆန့်ကျင်ဘက် ဖြစ်သော မကောင်းတဲ့ လူတွေ၊ မကောင်းတဲ့ တစ္ဆေတွေ အများကြီး ရှိနေတာကိုလည်း သူတို့ မြင်တွေ့ခဲ့ရသည်လေ။

သို့သော်

"ဝင်စားဖို့ မထွက်ခွာနိုင်သေးတဲ့ တစ္ဆေတွေက အရမ်းများပြားတဲ့ အမှောင်ဘက်ခြမ်းကို မြင်တွေ့ခဲ့ရပြီးပြီလေ"

သူတို့ လိုအပ်နေတာက သူတို့ မေ့ပျောက်နေတဲ့၊ ဖုံးကွယ်ထားတဲ့ အရာတွေပဲ ဖြစ်သည်။

ထို့ကြောင့် အားရွေ့က လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး စကားလုံး တစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်၏။ "ဝိညာဉ်တမန်တော်ကျန်း၊ ကျေးဇူးတင်ပါတယ်"

ဝိညာဉ်တမန်တော်ကျန်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ပေါ်ထွက်လာပြီးနောက်ပိုင်း အစားအသောက် ပွဲတော်တိုင်းတွင် ထွက်ခွာသွားသော တစ္ဆေ အရေအတွက်က ပိုများလာခဲ့ပေသည်။

အချို့ဆိုလျှင် အစားအသောက် ပွဲတော်ကိုပင် မတက်ရောက်ရသေးဘဲ စွဲလမ်းမှုများ ပျောက်ကွယ်သွားကာ ထွက်ခွာသွားကြသည်လည်း ရှိ၏။

အားရွေ့၏ သူငယ်ချင်း တစ်ယောက်ဆိုလျှင်လည်း ထိုကဲ့သို့ပင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်လေသည်။

သူမက သူမ၏ သူငယ်ချင်း ခန္ဓာကိုယ် ပေါ်ရှိ တစ္ဆေချီစွမ်းအင်များ တစ်စတစ်စ ပျောက်ကွယ်သွားပြီး ဝိညာဉ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည်။

ထို့နောက် သံသရာ လမ်းကြောင်းဆီသို့ ထွက်ခွာသွားသည်ကို မျက်စိဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့ရ၏။

"ရှင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အမြဲတမ်း ဆက်ရှိနေပါစေလို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောရင်းပင် အားရွေ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

'ဒီစကားတွေကို သူမက ဝိညာဉ်တမန်တော်ကျန်း ကိုယ်တိုင် ကြားအောင် အမြဲတမ်း၊ အမြဲတမ်း ပြောချင်နေခဲ့တာပါ'

'ကျန်းလင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း ရှိနေတာက တကယ်ကို ကောင်းမွန်လွန်းလှပါတယ်'

ထိုအခါ ကျန်းလင်က သူမကို တစ်ချက် ကြည့်လိုက်ပြီး "အင်း၊ သိပါပြီ။" ဟု ပြန်ဖြေလိုက်၏။

……

……

"......."

စကားပြောပြီးနောက်မှသာ အားရွေ့ တစ်ယောက် နားရွက်များ နီရဲလာတော့၏။

'အား အား အား သူမ တကယ်ပဲ ပြောထွက်သွားတာလား'

'ခုနက အဲဒီစကားတွေ ပြောခဲ့တာ သူမတဲ့လား'

'သူမက ဘာလို့များ အစားအသောက် ပွဲတော် ကျင်းပနေတဲ့ အချိန်ကြီးမှာ သွားပြောရတာလဲ၊ တကယ်လို့ ပြောမယ် ဆိုရင်တောင်မှ ရှုခင်း လှလှလေးနဲ့ လေညင်းလေးတွေ တိုက်ခတ်နေတဲ့ နေရာကောင်းလေး တစ်ခုကို ရွေးသင့်တာပေါ့ အား အား အား'

အာရွေ့ တစ်ယောက် နောက်ကျမှ သတိဝင်လာပြီး ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် အစားအသောက် ပွဲတော်၏ တတိယမြောက် အစားအသောက်လေးကလည်း ထွက်ပေါ်လာပြီ ဖြစ်၏။

၎င်းမှာအရသာ အရှိဆုံး နံရိုး အချို့ကို ရွေးချယ်ကာ ဒယ်အိုးထဲတွင် ပြုတ်ထားသော ချိုချဉ်နံရိုးလေး ဖြစ်ကာ အနံ့လေးက တကယ့်ကို မွှေးပျံ့လွန်းလှသည်။

ဒယ်အိုးထဲမှ ချလိုက်သည်နှင့် တစ်ပြိုင်နက် တစ္ဆေများ၏ လုယက် စားသောက်ခြင်းကို ခံလိုက်ရတော့၏။

နံရိုးများမှလွဲ၍ ကျန်ရှိနေသော အစအနများကို မုန့်မုန့်က အသားစွပ်ပြုတ် အကြီးကြီး တစ်အိုး ချက်ကာ ဝေငှပေးလိုက်လေသည်။

တစ်ခုမှ အလဟဿ မဖြစ်စေရပါချေ။

'ဝှစ်'

ပြီးနောက် အဋ္ဌမမြောက် မျိုးဆက် တစ္ဆေချီခုတ်ထစ်ဓားက သူမ၏ လက်ထဲတွင် တစ်ပတ် လည်သွားပြီးနောက် ခါးဘေးသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

ဓားမျက်နှာပြင်ပေါ်ရှိ ပန်းကနုတ်များကမူ ထင်ရှားလိုက် ပျောက်ကွယ်လိုက် ဖြစ်နေပြီး မီးတောက်များကဲ့သို့ ထင်ရသလို၊ မြေခွေးအမြီးများကဲ့သို့လည်း ထင်ရကာ ထူးဆန်းသော အလှတရား တစ်ခုကို ဆောင်ကြဉ်းပေးနေ၏။

"အမြည်း ဟင်းလျာတွေ ချက်လို့ ပြီးသွားပြီဆိုတော့ အခု အဓိက ဟင်းလျာတွေကို စတင် တင်ဆက်ပေးတော့မယ်နော်"

ထို့နောက်မုန့်မုန့်က ခြေဖျားလေးဖြင့် မြေပြင်ကို ပုတ်လိုက်ရာ နေရာရွှေ့ပြောင်းသည့် အစီအရင် စတင် အလုပ်လုပ်သွားတော့သည်။

အလင်းတန်းများ တစ်ခုပြီးတစ်ခု လင်းလက်လာလေသည်။

ခဏအကြာတွင် ကြိုးတုပ်ခံထားရသော တစ္ဆေ ဆယ်ကောင်ကျော်ခန့် ထိုနေရာတွင် ထွက်ပေါ်လာ၏။

ထိုအပြင် အဖြူရောင် စားဖိုမှူး ဝတ်စုံကို ဝတ်ဆင်ထားပြီး မတ်တတ်ရပ်နေသော အမျိုးသမီး တစ္ဆေ တစ်ကောင်လည်း ပါဝင်ပေသည်။

၎င်းမှာ သူမ၏ရှည်လျားသော ဆံပင်များက မျက်လုံးများကို ဖုံးကွယ်ထားပြီး မျက်နှာပေါ်တွင် မည်သည့် အမူအရာမျှ မရှိပါချေ။

ထို့‌နောက် ချင်ကျိုးကျိုး က လက်ကို မြှောက်လိုက်ပြီး လေယူလေသိမ်း တစ်ခုတည်းဖြင့် ပြောလိုက်၏။"ဟိုင်း အားလုံးပဲ မင်္ဂလာပါ ငါက လာကူညီပေးတာပါ"

စကားဆုံးသည်နှင့် သူမ မျက်ခုံးကို ပင့်ကြည့်လိုက်ရာ ပရိသတ် ထိုင်ခုံများတွင် ထိုင်နေသော ကျန်းလင်ကို မြင်တွေ့လိုက်ရတော့သည်။

ကျန်းလင်: "......."

'ထင်တဲ့အတိုင်းပဲ၊ အစားအသောက် ပွဲတော်လို နေရာမျိုးမှာ ချင်ကျိုးကျိုးက သေချာပေါက် ရောက်လာမှာပဲ'

'ဒါပေမယ့် သူမက အတွင်းပိုင်းအထိ တိုက်ရိုက် ဝင်သွားလိမ့်မယ်လို့တော့ ကျန်းလင် မထင်ထားခဲ့ပါဘူး'

'သတင်း အချက်အလက်ရဲ့ စွမ်းအားက တကယ်ကို ကြီးမားလွန်းလှတယ် လို့ပဲ ပြောရမှာပေါ့'

"ပါဝင်ပစ္စည်းတွေ အားလုံး ရောက်လာကြပြီနော်"

ထိုစဉ် မုန့်မုန့် အနောက်ဘက်ရှိ အမြီး သုံးချောင်းက ပျော်ရွှင်စွာ လှုပ်ယမ်းသွားပြီး နီရဲသော နှုတ်ခမ်းကို ဟကာ. "အဓိက ဟင်းလျာ အစီအစဉ် ရောက်ပါပြီ၊ အားလုံးပဲ ကိုယ်စားချင်တဲ့ ဟင်းလျာတွေကို စတင် မှာယူနိုင်ပါပြီနော် " ဟု ကြေညာလိုက်လေတော့သည်။

All Chapters