← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

🫧 Chapter 321

"အဓိက ဟင်းလျာ အစီအစဉ် ရောက်ပါပြီ၊ အားလုံးပဲ ဟင်းနာမည်များ စတင် မှာယူနိုင်ပါပြီ"

မုန့်ဟူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် နဝမထပ် ငရဲတစ်ခွင်လုံး ချက်ချင်း ဆူညံ ပွက်လောရိုက်သွား၏။

'နောက်ဆုံးတော့ ဒီအစီအစဉ်ကို ရောက်လာခဲ့ပြီပေါ့လေ'

တစ္ဆေသရဲများ အားလုံးလိုလို မတ်တတ်ရပ်လိုက်ကြပြီး၊ မိမိတို့ လိုချင်သော ဟင်းအမည်များကို အသီးသီး အော်ဟစ်လိုက်ကြသည်။

"အစာသွတ် အီကြာကွေး အထဲက အစာတွေ ပေါက်ထွက်လာတဲ့အထိကို လိုချင်တာ ဒယ်အိုးထဲမှာ နှစ်ဖက်စလုံး ရွှေရောင်ဝင်းနေအောင် ကြော်ပေးရမယ်"

"မာဖို တို့ဟူးနု အကျက်ပြုတ်ပေးပါ၊ စားလိုက်ရင် နူးညံ့ပြီး ပါးစပ်ထဲ ရောက်တာနဲ့ အရည်ပျော်သွားရမယ်"

"ငရုတ်သီးစိမ်း တစ္ဆေခေါင်းပေါင်း ဆယ်ပွဲလာလည်း ငါ စားနိုင်တယ်"

"......"

ထိုအော်ဟစ်သံများ နှင့်အတူ ရွှေရောင် ဟင်းအမည်များ တစ်ခုပြီးတစ်ခု မုန့်ဟူ ၏ ပတ်လည်တွင် ပေါ်လာ၏။

ရွေးချယ်ခံရမည့် အချိန်ကို စောင့်ဆိုင်းရင်း ခုန်ပေါက်နေကြသည်။

မုန့်ဟူ က မျက်လုံးများ မှိတ်ကျသွားသည်အထိ ပြုံးလိုက်ရာ၊ မျက်ကွင်းအစွန်းများ ပင့်တက်သွားပြီး ခိုးစားထားသော မြေခွေးငယ်လေး တစ်ကောင် သကဲ့သို့ ရှိနေ၏။

ထို့နောက် သူမက ဟင်းအမည် အချို့ကို ရမ်းသမ်း ထောက်ပြလိုက်သည်။

ထိုအခါ ရွေးချယ်ခံရသော အမည်များ အားလုံး မီးပန်းငယ်လေးများ အဖြစ် ပြောင်းလဲသွားကာ လွင့်စင် ပျောက်ကွယ်သွားသည်။

"ကျိုးကျိုး၊ ငရုတ်သီးစိမ်း တစ္ဆေခေါင်းပေါင်း လုပ်ဖို့ တစ္ဆေခေါင်းများ ပြင်ထားလိုက်"

"နောက်ပြီး ဆီအိုးကြီး နှစ်လုံး ထပ်ယူခဲ့၊ ဆီပူလာအောင် တည်ထား၊ အကင်စင်လည်း ယူခဲ့ပြီး တစ္ဆေလက်ဖဝါးကင် တစ်ပွဲ လုပ်ရအောင်"

ချင်ကျိုးကျိုးကမူ အမိန့်ရသည်နှင့် "ကောင်းပါပြီ" ဟု ဖြေလိုက်၏။

မြေပြင်ပေါ်တွင် လဲလျောင်းကာ ရုန်းကန်နေကြသော တစ္ဆေဆိုးများကို ထိန်းချုပ်ရင်း လျင်မြန် ဖျတ်လတ်စွာ လှုပ်ရှားလိုက်သည်။

တစ္ဆေချီများက ဓားအဖြစ် ပြောင်းလဲသွားပြီး၊ တစ်ချက် ခုတ်ချလိုက်၏။

ထိုအခါ ခေါင်းများက တစ်တန်းလုံး ပြုတ်ကျသွားတော့သည်။

ပြီးလျှင်၎င်းမှာ ပါဆယ်ထုပ် သကဲ့သို့ ဘေးရှိ ဒယ်အိုးကြီးထဲသို့ ပစ်ထည့်ခံလိုက်ရတော့သည်။

ထို့နောက် ဆီအိုးကို ထပ်ထုတ်ကာ မီးဖွင့်လိုက်ရာ၊ အထဲမှ 'ရှဲ ရှဲ' ဟူသော အသံများ ထွက်ပေါ်လာပြီး အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် အလား ပူပြင်းနေကာ နောက်ဆုံးတွင်တော့ အကင်စင် အဆင်သင့်ဖြစ်ပြီဖစ်၏။

ဤပြင်ဆင်မှု အဆင့်ဆင့်ကို ချင်ကျိုးကျိုး လုပ်ဆောင်သွားသည်မှာ ရေစီးကမ်းပြို သကဲ့သို့ ချောမွေ့ကာ အစီအစဉ် တကျ ရှိလှ၏။

မိမိဘာသာ ချက်ပြုတ် စားသောက်တတ်သော စားဖိုမှူး တစ်ဦး အနေဖြင့် သူမ၏ ဟင်းချက်စွမ်းရည်များမှာ 'ကျွမ်းကျင်' အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤမျှ သေးငယ်သော ကိစ္စလေးက သူမကို အခက်တွေ့စေမည် မဟုတ်ပေ။

ဟင်းချက်စရာ ပါဝင်ပစ္စည်းများက တစ္ဆေများ ဖြစ်သွားသည် ဆိုသော်ငြားလည်း သူမ ဂရုမစိုက်ပါချေ။

ထိုစဉ် ချင်ကျိုးကျိုးသည်လည်း ပြင်ဆင်နေရင်း တစ်ဖက်မှလည်း တွေးတောနေ၏။

'ဒီအနောက်ဘက်နန်းဆောင်က တစ္ဆေတွေကို ဘယ်လိုများ သန့်စင်ပါလိမ့်၊ ငါ တစ်ခါမှ မစမ်းကြည့်ရသေးဘူးပဲ'

……

နဝမထပ် ငရဲပြည် ပွက်လောရိုက်နေသကဲ့သို့၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ မှတ်ချက်ပေးရာ နေရာသည်လည်း လိုက်ပါ ဆူညံနေသည်။

'ဟင်းချက်စရာ' များ တိုးလာသည်နှင့်အမျှ၊ ပရိသတ်များသည်လည်း တစ္ဆေအချို့ကို တဖြည်းဖြည်း မှတ်မိလာကြ၏။

"ချီးပဲ၊ ဘယ်ဘက်က ရေတွက်ရင် ပထမဆုံး မျက်မှန်တပ်ထားတဲ့ တစ်ကောင်ကို ငါ သတင်းထဲမှာ မြင်ဖူးတယ်"

"ငါလည်း မြင်ဖူးတယ်၊ ကွင်းဆက် လူသတ်သမား ထင်တယ်၊ အဲဒီတုန်းက တော်တော်လေး ပုန်းနိုင်ခဲ့တာ၊ ခြောက်လလောက် ပုန်းနေပြီးမှ ပေါ်သွားတာလေ"

"အလယ်တည့်တည့်က လူဝကြီး၊ ငါ မျက်မှန်းတန်းမိနေတယ်လို့ ပြောသားပဲ၊ မှတ်တမ်းတွေကို ပြန်ရှာကြည့်လိုက်တော့ လွန်ခဲ့တဲ့ ငါးနှစ်က အဖမ်းခံရတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ခေါင်းဆောင်ကြီးပဲ"

"ဟိုဘက်က မိန်းကလေး၊ အသက်ငယ်ငယ်လေးလို့ မထင်နဲ့၊ သူမက ကြေးစားစစ်သား တစ်ယောက်နော်"

ဤဒစ်ဂျစ်တယ် ခေတ်ကြီးထဲတွင်၊ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဖြစ်အပျက်ဟောင်းများစွာကို ပရိသတ်များက ပြန်လည် တူးဖော်လာကြသည်။

ခဏတာမျှတော့ သူတို့၏ အာရုံများ ပြောင်းလဲသွားကာ အန်ချင်စိတ်များ ရပ်တန့်သွားကြ၏။

ယခုအချိန်မှာ သူတို့၏ အချက်အလက် ရှာဖွေနိုင်စွမ်း အမြန်နှုန်းနှင့် မှတ်ဉာဏ်စွမ်းရည်ကို စမ်းသပ်ရမည့် အချိန်ပင် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ အနည်းငယ် နှေးသွားပါက၊ ဟင်းချက်စရာ၏ ခေါင်းသည် ချင်ကျိုးကျိုး ၏ ခုတ်ဖြတ်ခြင်းကို ခံရကာ ဒယ်အိုးထဲသို့ ရောက်သွားပေလိမ့်မည်။

စွမ်းဆောင်ရည်မြင့်သော သူများလည်း ရှိနေပြီး၊ သူတို့က အချက်အလက်များကို တစ်တန်းပြီး တစ်တန်း ဆက်တိုက် တင်လိုက်ရာ စခရင် တစ်ခုလုံး ပြည့်နှက်သွား၏။

ထိုအခါ ပရိသတ်များက ဝိုးဝိုးဝိုး ဟု ဆက်တိုက် အော်ဟစ်အားပေးလိုက်ကြတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်တော့ ဟင်းချက်စရာများ ကုန်ခါနီးတိုင်း၊ မုန့်ဟူ ၏ ခြေအောက်ရှိ နေရာပြောင်းရွှေ့ခြင်း မှော်ဝင်္ကပါက စတင် အလုပ်လုပ်သွားသည်။

ထို့နောက် လတ်ဆတ်သော ဟင်းချက်စရာများကို ဆက်သလာ၏။

ပူပူနွေးနွေး ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ထွက်ပေါ်လာသည်နှင့်အမျှ၊ ပရိသတ် ထိုင်ခုံများဆီသို့ လွင့်ပျံသွားကြသည်။

ထိုတစ္ဆေသရဲများ ပါးစပ်အပြည့် ဝါးစားရင်း ကျယ်လောင်စွာ ဆဲဆိုနေကြသော မြင်ကွင်းများကို ကြည့်ကာ၊ ပရိသတ်များသည်လည်း ဖုန်း သို့မဟုတ် ကွန်ပျူတာ စခရင်များမှ တစ်ဆင့် ဟင်းလျာများ၏ မွှေးပျံ့သော အနံ့ကို ရှူရှိုက်မိနေ သကဲ့သို့ ခံစားလိုက်ကြရသည်။

အန်ထုတ်ထား၍ ဗိုက်ဟောင်းလောင်း ဖြစ်နေသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း တံတွေး မြိုချလိုက်ကြ၏။

အချိန်ကို ကြည့်လိုက်သောအခါ ထမင်းစားချိန်သို့ ရောက်နေလေပြီ။

[ဝက်သားနီနှပ် အနံ့လေး ရနေသလိုပဲ]

[ငါ ရနေတာက ဝါးမျှစ်ဝက်သားကြော်နဲ့ ကြက်သား မာလာကြော် အနံ့ပဲ ကြက်သွန်မြိတ်လေး ထည့်ထားတော့ အရမ်း မွှေးနေတာပဲ]

[ငါလည်း ဟင်းမှာချင်တယ်၊ တစ္ဆေသား ငရုတ်သီးကြော်၊ မုန်ညင်းချဉ် တစ္ဆေသားနှပ် နဲ့ ငါးခူအနံ့ တစ္ဆေသားမျှင်ကြော်]

[ဒါဆို ငါက တစ္ဆေအသည်းအမြစ်နဲ့ တရုတ်နံနံကြော်၊ တစ္ဆေသား ရေနွေးဖျော ယူမယ်၊ အစပ်လေး ပိုထည့်ပေး]

[မင်းတို့က တစ္ဆေတွေလား၊ ဒါမှမဟုတ် လူစွမ်းကောင်းတွေလား တကယ်ကြီး မှာရဲကြတာလား]

……

ကျန်းလင် သည် မှတ်ချက်များကို နောက်တစ်ကြိမ် ကြည့်လိုက်သောအခါ၊ လူသား ပရိသတ်များ၏ အာရုံစိုက်မှုက အန်ချင်စိတ်မှနေ၍ ဟင်းမှာယူခြင်းဆီသို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။

ဤအသုတ် ပရိသတ်များမှာ တကယ်ကို သန်မာလွန်းလှပေသည်။

[ဝက်သားနီနှပ် ဝက်သားနီနှပ်]

ဘေးနားရှိ အာရွေ့ ဆိုသော မိန်းကလေးငယ်ကလည်း အားတက်သရော အော်ဟစ်နေ၏။

အစားအသောက် ပွဲတော်၏ စည်ကားလှသော လေထုကို ခံစားရင်း ကျန်းလင် စဉ်းစားလိုက်ကာ၊ မှတ်ချက်များထဲမှ ဟင်းအမည် နှစ်ခုကို ရမ်းသမ်း ခေါ်လိုက်သည်။

ထိုရွှေရောင် ဟင်းအမည်များက အမိုးပွင့် မီးဖိုချောင်ရှေ့သို့ လွင့်ပျံသွားသည်နှင့် တစ်ပြိုင်နက်၊ မုန့်ဟူ ၏ ညှို့ဓာတ်ပြင်းသော မျက်လုံးများက လှမ်းကြည့်လာကာ တစ္ဆေသရဲ ရာပေါင်းများစွာကို ကျော်လွန်ကာ သူမ၏ အကြည့်က ကျန်းလင် အပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။

ထို့နောက် သူမ၏နှုတ်ခမ်းထောင့်များက အပေါ်သို့ ကော့တက်သွားတော့သည်။

တဖြည်းဖြည်း မြင့်တက်လာသော ဤအစားအသောက် ပွဲတော် လေထုထဲတွင် အခြား တစ္ဆေသရဲများ၏ အာရုံစိုက်မှုကို မရရှိခဲ့ပေ။

ထိုအခါ မုန့်ဟူ က လက်ကို မြှောက်ကာ ထိုဟင်းအမည် နှစ်ခုကို ရွေးချယ်လိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်၏။

[ကျိုးကျိုး၊ ဝါးမျှစ် ဝက်သားကြော်၊ ကြက်သွန်မြိတ် များများထည့်]

[အသည်းအမြစ်နဲ့ တရုတ်နံနံကြော်၊ အစပ်လေး ပိုထည့်ပေး]

ချင်ကျိုးကျိုးကလည်း အလေးအနက် မျက်နှာထားဖြင့် "လက်ခံရရှိပါတယ်" ဟု ပြောလိုက်သည်။

တစ္ဆေချီဖြင့် ဖန်တီးထားသော ဓားက လေထဲတွင် 'ရွှစ် ရွှစ်' ဟု လှုပ်ရှားသွားပြီးနောက်၊ အသားပြားများက ပန်းကန်ထဲသို့ 'ဖြောင်း ဖြောင်း' မြည်ကာ ကျဆင်းသွားတော့၏။

……

[ငါ၊ ငါ မှာလိုက်တဲ့ ဟင်းနာမည် ရွေးခံလိုက်ရတာလား]

[ငါ့ရဲ့ ဝါးမျှစ် ဝက်သားကြော်လေး]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာမူ တစ်ခဏမျှ အံ့သြမှင်သက်သွားကြသည်။

'တကယ်ကြီး ဟင်းမှာလို့ ရနေတာလားဟ'

အံ့သြခြင်း၊ ကြောက်ရွံ့ခြင်း (အိမ်အထိ လာရှာခံရမည်ကို) နှင့် ဝမ်းသာခြင်း စသောအမျိုးမျိုးသော အတွေးများက ခေါင်းထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားကြ၏။

[အဟမ်း ငါက ဟင်းမှာချင်လို့ မဟုတ်ပါဘူး Streamer အတွက် ဟင်းနာမည်လေးတွေ အကြံပေးချင်ရုံ သက်သက်ပါ]

[ဝက်သားနီနှပ် ဆီများပေမယ့် မအီဘူး တစ္ဆေလက်သည်းပေါင်း အသည်းအမြစ်နဲ့ အဆုတ်ပေါင်း]

[မာလာရှမ်းကော၊ အထဲမှာ မှို၊ မှိုမွှေး၊ အသားပြား၊ အသားလုံးတွေ ထည့်ပေး]

[တစ္ဆေလက်ဖဝါးနီနှပ်၊ သကြားရည်စိမ် တောင်တစ္ဆေ]

……

လူ့လောက၊ အနောက်ဘက် နယ်မြေ

ရဲအရာရှိ အချို့သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှေ့တွင် စောင့်ကြည့်နေကြကာ‌ဆွေးနွေးနေကြသည်။

ရဲအရာရှိလု "ညီအစ်ကိုတို့၊ သေးထွက်ကျကုန်ပြီလား" ဟု မေးလိုက်၏။

အသင်းသားများက "မင်းရော ဘယ်လိုလဲ" ဟု ပြန်မေးကြသည်။

"ချီးပဲ၊ ဘယ်သူ အရင် ထွက်ကျတာလဲ၊ ငါက အစကတည်းက အောင့်ထားနိုင်သားပဲ"

"မပြောပါနဲ့တော့ကွာ၊ ငါ အိမ်သာ အရင်သွားလိုက်ဦးမယ်"

"မင်းက အိမ်သာသွားရဲသေးတယ်ပေါ့လေ၊ နေဦး ငါ ဟင်းနာမည် တစ်ခုမှာပြီးရင် အတူတူ သွားကြမယ်"

……

လူနေအိမ်ခန်း တစ်ခု အတွင်း၌

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော ကျိုးထန်ထန်အား သူမ၏မောင်လေးက အိပ်ခန်းထဲမှ ဆွဲထုတ်လာ၏။

"အစ်မ၊ အမေက ထမင်းစားဖို့ ခေါ်ခိုင်းလိုက်လို့၊ မြန်မြန်လာခဲ့"

'ထမင်းစားမယ်'

ကျိုးထန်ထန် သည် လေထုထဲမှ မွှေးပျံ့သော အနံ့ကို ရှူရှိုက်မိသည်နှင့် ဝမ်းဗိုက်မှ ချက်ချင်း ဂွီဂွီဟုပင် မြည်လာတော့သည်။

သူမသည် မောင်ဖြစ်သူ၏ နောက်သို့ လိုက်သွားရင်း မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်၏။

"အမေ၊ ဒီနေ့ ဘာဟင်းတွေ ချက်ထားလဲ"

ထိုအခါ မောင်လေးဖြစ်သူက အရင် လက်ဦးမှု ရယူကာ ဖြေလိုက်၏ "ဒီနေ့ စားစရာတွေ အများကြီးပဲ၊ ငါးခူအနံ့ ဝက်သားမျှင်ကြော်၊ ဝက်ခြေထောက်ပေါင်း၊ ကြက်ခြေထောက် အစပ်ကြော်၊ ပြီးတော့ ကြက်သား မာလာကြော်လည်း ပါသေးတယ်"

"အွတ်"

သို့သော် မောင်လေးဖြစ်သူစကားများကို ကျိုးထန်ထန်၏ ပျို့အန်သံက ဖြတ်တောက်လိုက်သည်။

ထိုအချိန်မှာပင်၊ ကျိုးအမေ သည်လည်း ဟင်းနှစ်ပန်းကန် ကိုင်လျက် ထွက်လာကာ "သမီး ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။

"သမီး ဘာမှ မဖြစ်"

ကျိုးထန်ထန်က လက်ကာပြကာ ဘာမှမဖြစ်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း၊ သူမ၏ အကြည့်က ထိုဟင်းနှစ်ပန်းကန်ပေါ်သို့ ကျရောက်သွားသည်။

ထိုအခါ အစာအိမ်ထဲတွင် လှိုင်းထန်သွား သကဲ့သို့ ဖြစ်သွားကာ နံရံကို မှီလျက် အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။

"အွတ် အွတ်"

"သမီး ဘာဖြစ်ရတာလဲ"

ထိုပုံစံက မိသားစုဝင်များကို လန့်သွားစေပြီး စိုးရိမ်တကြီးဖြင့် အနားသို့ ရောက်လာကြ၏။

"အအေးမိသွားတာလား၊ ဒါမှမဟုတ် အစားမှားသွားတာလား"

ဤသို့ အနားသို့ ရောက်လာခြင်းက ကိစ္စမရှိသော်လည်း၊ အရေးကြီးသည်မှာ အမေဖြစ်သူ ကိုင်ထားသော ဟင်းနှစ်ပန်းကန် သည်လည်း အနားသို့ ရောက်လာခြင်းပင် ဖြစ်သည်။

ကျိုးထန်ထန် မှာ မျက်ရည်များပင် ထွက်ကျလာ၏။ "အွတ် အမေ၊ သမီးကို အွတ် အနားမလာပါနဲ့ အွတ်"

ထိုအချိန်မှာပင်၊ အရပ်အမောင်းအားဖြင့် သူမ၏ ခါးလောက်သာ ရှိသော မောင်လေးက နှာခေါင်းကို ရှုံ့လိုက်ကာ မေးလိုက်သည် "အစ်မ၊ အစ်မကိုယ်က ဘာအနံ့ကြီး ထွက်နေတာလဲ"

'ဘာအနံ့လဲ ဟုတ်လား'

'အစာအိမ်ထဲမှာ ချေဖျက်ပြီးမှ ပြန်အန်ထုတ်လိုက်တဲ့ အနံ့လား'

'ဒါမှမဟုတ် ကလေးသေးခံ အနံ့လားဟင်'

ထိုအခါ ကျိုးထန်ထန် မှာ ရှင်းပြရန်ပင် မတတ်နိုင်တော့ဘဲ လက်ကို အဆက်မပြတ် ကာပြကာ မိမိအခန်းထဲသို့ ပြန်ဝင်သွားတော့၏။

"ငါ ဘာမှမဖြစ်ဘူး၊ ခဏလောက် အနားယူလိုက်ရင် အွတ် သက်သာသွားလိမ့်မယ်၊ နင်တို့ပဲ စားကြပါ"

အခန်းထဲသို့ ပြန်ရောက်ပြီးနောက်၊ ပျို့အန်ချင်သော အခြေအနေမှာ အတော်လေး သက်သာသွားသည်။

ထိုအခါ ကျိုးထန်ထန် သည် နဖူးကို ကိုင်ကာ အတန်ကြာပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။

'ကိုယ့်ရဲ့ စပ်စုချင်စိတ်ကြောင့် ဖြစ်ရတာ၊ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ'

'မကောင်းဆိုးဝါး တစ္ဆေတွေကိုပဲ အပြစ်တင်ရတော့မှာပေါ့လေ'

'မဖြစ်ဘူး၊ ငါ တစ်ယောက်တည်း ဒုက္ခခံလို့တော့ မဖြစ်ဘူး'

ပြီးနောက် ကျိုးထန်ထန် က အံကြိတ်လိုက်ပြီး အင်တာနက်ပေါ်တွင် ဟင်းနာမည် တစ်သီကြီးကို ရှာဖွေကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ မှတ်ချက်နေရာတွင် တင်လိုက်တော့သည်။

"သကြားရည်စိမ် တစ္ဆေသား၊ ဝါးခြင်းထဲက အသားပေါင်း၊ စသဖြင့်"

……

တံခါးအပြင်ဘက်၌

ကျိုးထန်ထန် ၏ မောင်လေးမှာ ခဏမျှ စိုးရိမ်သွားပြီးနောက် ရုတ်တရက် မျက်လုံးများ အရောင်လက်လာကာတွေးလိုက်တော့သည်။

'စာစီစာကုံး အကြောင်းအရာ အသစ်ရပြီဟေ့'

All Chapters