← Chapters

အခန်း ၃၂၂

Vol. 33 Ch. 322

အခန်း ၃၂၂

Vol. 33 Ch. 322

🫧 Chapter 322

အစားအသောက် ပွဲတော်သည် အချိန်အတော်ကြာ ဆက်လက် ကျင်းပနေခဲ့၏။

ဟင်းလျာများ မရေမတွက်နိုင်အောင် ရှိနေပြီး၊ အမျိုးမျိုးသော အမှောင်ဟင်းလျာများလည်း ရောနှောပါဝင်နေသည်။

တစ်ခါတစ်ရံတွင် စွဲလမ်းမှုများကို စွန့်လွှတ်ကာ သေဆုံးသူ ဝိညာဉ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော တစ္ဆေသရဲများမှာ အပြင်သို့ ပို့ဆောင်ခံလိုက်ရ၏။

သို့သော် အစားအသောက် ပွဲတော် တစ်ဝက်ခန့် ရောက်သောအခါ၊ ကျန်းလင် သည် အပြင်သို့ ထွက်လာခဲ့သည်။

တစ်ချက်မှာ ကြော်ငြာခြင်း အကျိုးသက်ရောက်မှု ပြည့်ဝသွားခြင်း ဖြစ်ပြီး၊ နောက်တစ်ချက်မှာ ဆက်လက် တိုက်ရိုက်ထုတ်လွှင့်နေပါက လူသား ပရိသတ်များလည်း ခံနိုင်ရည် ရှိတော့မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

'ဒင် အိမ်ရှင်မှ နေ့စဉ် တာဝန်ဖြစ်သော ငရဲပြည် ယဉ်ကျေးမှု ပြန့်ပွားစေခြင်း အစားအသောက် ပွဲတော်ကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါတယ် အမှတ်ပေါင်း ငါးရာ ပေါင်းထည့်လိုက်ပါပြီ'

'ဒင် အိမ်ရှင်မှ နေ့စဉ် တာဝန်ဖြစ်သော ယုံကြည်မှု နှလုံးသား တစ်ထောင် ရယူခြင်းကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါတယ် (၁/၃)'

'ဒင အိမ်ရှင်မှ နေ့စဉ် တာဝန်ဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှု နှစ်နာရီ လုပ်ဆောင်ခြင်းကို ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါတယ် (၂/၃)'

……

[ဟင် နောက်ဆုံးတော့ ပြီးသွားပြီပေါ့]

[ဝူး ဝူး ဝူး ငါ ထမင်းစားလို့ မဝင်တော့ဘူး]

[အခု နေပူဆာလှုံနေပါတယ်၊ နွေးထွေးပြီး တရားမျှတတဲ့ အနိုင်မခံအရှုံးမပေး နေမင်းကြီးက ငါ့ကို သတ္တိတွေ ပေးသနားတော်မူပါ]

ယခုလေးတင် ဟင်းအမည်များကို တက်ကြွစွာ မှာယူနေခဲ့ကြသော ပရိသတ်များသည် ချက်ချင်းပင် ငိုကြွေးညည်းတွားလာကြတော့၏။

ထို့ပြင် သနားစရာကောင်းသော ပုံစံများလည်း ဖြစ်နေကြသည်။

အချို့သော သူများမှာ ညဘက် အိပ်မက်ဆိုး မမက်စေရန် ဆုတောင်းရင်း၊ ယန်စွမ်းအင်များပြားသော နေရာများဆီသို့ စောစောစီးစီး ပြေးသွားကြလေပြီ။

ငရဲပြည်ကို သာမန် လည်ပတ်ခြင်းထက် အစားအသောက် ပွဲတော်က သူတို့အပေါ် ပိုမို နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားရစ်ခဲ့၏။

နေ့ခင်းဘက်တွင် ပျော်ရွှင်စွာ အော်ဟစ်နေကြသော်လည်း၊ ရင်ထဲတွင်တော့ တကယ်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်တွင်လည်း ရေပန်းစားသော စာသားများ တစ်ကြောင်းပြီးတစ်ကြောင်း ထွက်ပေါ်လာ၏။

[လူဆိုးတွေ၊ မင်းတို့ဘာသာ ဆင်ခြင်ကြဖို့ ငါ အကြံပေးလိုက်မယ် ]

[ကောင်းကင်ဘုံရဲ့ ကွန်ရက်က ကျယ်ပြန့်ပြီး ဘာတစ်ခုမှ လွတ်ထွက်မသွားနိုင်ဘူး၊ လူက ပြေးလို့လွတ်ရင်တောင် ဝိညာဉ်က ပြေးလို့မလွတ်နိုင်ဘူး (နျူကလီးယားဗုံးကြဲမည့် အပြုံး)]

[လူမလုပ်ချင်တော့ဘူးလား၊ ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအကြောင်း လေ့လာကြည့်ပါဦး]

[ဂုဏ်ယူပါတယ်၊ 'ငရဲပြည်မှ စိုက်ကြည့်ခံရခြင်း' ကို ရရှိသွားပါပြီ ]

ဆိုရိုးစကား ရှိသည်မဟုတ်ပါလော၊ မကောင်းမှု မလုပ်ထားလျှင် တစ္ဆေ တံခါးလာခေါက်မည်ကို မကြောက်ရပေ။

မကောင်းမှု အနည်းငယ် လုပ်ထားသူများကတော့ ဤအရာများကို မြင်သောအခါ ပို၍ ထိတ်လန့်လွယ်ကြသည်။

အဆောက်အအုံ တစ်ခု၏ အနောက်ဘက်၌၊ အမျိုးသား နှစ်ဦးသည် တာရိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ် သောက်နေကြ၏။

သူတို့ လက်ထဲရှိ ဖုန်းများမှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း စာမျက်နှာသို့ ဝင်ရောက်နေပြီ ဖြစ်သည်။

သို့သော်လည်း ပွင့်နေသော ဖုန်းမျက်နှာပြင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းက အနည်းငယ် တုန်ယင်နေသည် မဟုတ်သေး၊ ဖုန်းကိုင်ထားသော သူများက တုန်ယင်နေခြင်း ဖြစ်ပေသည်။

အတန်ကြာပြီးနောက်၊ အမျိုးသား တစ်ဦးက ဆေးလိပ်ကို တစ်ဖွာ ပြင်းပြင်းရှိုက်လိုက်ပြီး တုန်ယင်နေသော အသံဖြင့်ပြောလိုက်၏

"အစ်ကိုကြီး၊ ငါတို့ ရပ်၊ ရပ်တန်းက ရပ်လိုက်ကြရင် ကောင်းမလား"

"ရပ်တာ ဘာဖြစ်လဲ၊ ဒီလိုအခြေအနေကြီး ဖြစ်နေတာတောင် ဆက်လုပ်ချင်နေသေးတာလား"

ထိုအခါ ဘေးနားရှိ အစ်ကိုကြီးက ညီငယ်ဖြစ်သူ၏ ခေါင်းကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။

အနောက်ဘက်နန်းဆောင် သူတို့ အခု ရောက်နေတာကလည်း အနောက်ဘက် နယ်မြေမှာ မဟုတ်ပါလော။

အကယ်၍ ဤငရဲပြည်က တကယ်သာ တည်ရှိနေပါက၊ ဘုန်းကြီးက ပြေးလို့လွတ်ရင်တောင် ကျောင်းကတော့ ပြေးလို့လွတ်မည် မဟုတ်ချေ။

အရိုက်ခံလိုက်ရသော ညီငယ်မှာ အမြန် လက်ကာပြလိုက်၏။

"မ၊ မဟုတ်ဘူး အစ်ကိုကြီး၊ ကျွန်တော် ပြောတာက ငါတို့ ရပ်၊ ရပ်တန်းက ရပ်လိုက်ကြရအောင်လို့ ပြောတာ"

အစ်ကိုကြီးက ပြောင်ရှင်းနေသော ခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် စိတ်ညစ်သွားပုံရသည်။

"ဒီပစ္စည်းတွေကို ဘယ်လို လုပ်ကြမလဲ"

ညီငယ်က အလျင်အမြန်ပင် ပြန်ပြောလိုက်၏။

"ရဲစခန်း ရဲ၊ ရဲစခန်း ရှေ့ကို သွားပို့လိုက်ရအောင်"

'ဖြောင်း'

ထိုအခါ အစ်ကိုကြီးက မနေနိုင်တော့ဘဲ နောက်တစ်ချက် ထပ်ရိုက်ချလိုက်ပြန်သည်။

"မင်း စကားကို ဖြောင့်အောင် မပြောနိုင်ဘူးလား၊ ငါ့ကို ဒေါသထွက်သေအောင် လုပ်နေတာပဲ၊ ဘယ်က ရဲစခန်းတွေ လာများနေတာလဲလို့ တွေးနေသေးတာ"

……

နောက်တစ်နေ့ သတင်းကြေညာချက်

မကြာသေးမီက အနောက်ဘက် နယ်မြေ ရဲစခန်းရှေ့တွင် ခိုးယူခံထားရသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပြန်လည် ရောက်ရှိနေကြောင်း တွေ့ရှိရသည်။

မကြာသေးမီက ပြတိုက်တစ်ခုမှ ပျောက်ဆုံးသွားသော ပန်းချီကား တစ်ချပ်မှာ မူလအတိုင်း ပြတိုက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

မကြာသေးမီက နှစ်ရက်တိုင်တိုင် ပျောက်ဆုံးနေသော အမျိုးသမီး တစ်ဦးကလည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

အင်တာနက် အသုံးပြုသူများကလည်း အောက်တွင် မှတ်ချက်များ အသီးသီး ဝင်ရေးကြ၏။

[အိမ်ပြန်ရောက်တာ ကြိုဆိုပါတယ်၊ Streamer ကို ကျေးဇူးတင်ပါတယ်]

[ဒီနေ့က နေ့ကောင်းရက်သာလေးပဲ]

[သေချာ စဉ်းစားကြည့်လေ ကြောက်စရာ ကောင်းလေပဲ]

……

သေချာသည်မှာ၊ ဤအရာများ အားလုံးက နောက်မှ ဖြစ်လာမည့် ကိစ္စများပင် ဖြစ်သည်။

ယခုအချိန်တွင်မူ ကျန်းလင် သည် အစားအသောက် ပွဲတော်မှ ထွက်လာခဲ့ပြီးနောက်၊ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်နေရာ၌ နေပူဆာ သွားလှုံမည်၊ ရဲစခန်းရှေ့ သွားမည် ဟု အော်ဟစ်နေကြသော ပရိသတ်များကို ကြည့်လိုက်၏။

ထို့နောက် အနည်းငယ် စဉ်းစားလိုက်ပြီး တစ္ဆေဈေးတန်းဆီသို့ လှည့်ထွက်လာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု တာဝန်ကို လုပ်ဆောင်ရင်း တစ်ပါတည်း တစ္ဆေလက်နက် အချို့ကိုလည်း ဝယ်ယူရန် ဖြစ်ပေသည်။

အနောက်ဘက်နန်းဆောင်၏ တစ္ဆေဈေးတန်းမှာ အရှေ့ဘက်နန်းဆောင်၊ တောင်ဘက်နန်းဆောင်တို့နှင့် မတူညီပါချေ။

စိတ်ကူးယဉ်နှင့် သိပ္ပံဇာတ်လမ်းဆန်သော ဟန်ပန်များဖြင့် ပြည့်နှက်နေသည်။

အစားအသောက် ပွဲတော် ကျင်းပနေခြင်းက တစ္ဆေသရဲ အများအပြားကို ဆွဲဆောင်သွားခဲ့၏။

သို့သော် ကျန်းလင် ဝင်လာသောအခါ တစ္ဆေဈေးတန်းထဲတွင် အရင်ကဲ့သို့ပင် စည်ကားနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

တွေးကြည့်မည်ဆိုလျှင်လည်း မှန်ပေသည်၊ အစားအသောက် ပွဲတော်သို့ သွားကြသူ အများစုမှာ စွဲလမ်းမှုများ ရှိနေပြီး မထွက်ခွာလိုသူများ ဖြစ်ကြသည်။

ငရဲပြည်တွင် အခြေချနေထိုင်နေကြသည်မှာ ကြာပြီဖြစ်သော တစ္ဆေသရဲများ အတွက်မူ ထိုပွဲသို့ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ ကိစ္စမရှိလှပေ။

ထို့ကြောင့် တစ္ဆေဈေးတန်းထဲတွင် ဆိုင်ဖွင့်သူက ဖွင့်၊ လမ်းလျှောက်သူက လျှောက်ဖြင့် ရှိနေကြဆဲ ဖြစ်၏။

ကစားခုန်စား ပြုလုပ်နေသူများလည်း ရှိနေကြသည်။

လေထဲတွင်တော့ ကျန်းလင် တို့ ပြီးခဲ့သည့်အကြိမ်က သွားစားခဲ့သော သီးသန့် ဟင်းလျာဆိုင်လေးမှာ တစ္ဆေဈေးတန်း၏ အမြင့်ဆုံး နေရာတွင် တည်ရှိနေဆဲ ဖြစ်သည်။

အဝေးတွင် ရှည်လျားသော ရထားကြီး တစ်စင်းက ရေနဂါး တစ်ကောင်အလား ဟိုဟိုဒီဒီ လှည့်လည် သွားလာနေ၏။

တစ်ခါတစ်ရံ ခေတ္တ ရပ်တန့်သွားကာ အထက်အောက် အတက်အဆင်း လုပ်နေကြသော တစ္ဆေသရဲများလည်း ရှိသည်။

သေချာ နားထောင်ကြည့်မည် ဆိုလျှင်၊ အမျိုးမျိုးသော ဆိုင်ကယ် တစ္ဆေယာဉ်များ စက်နှိုးလိုက်ချိန်တွင် ထွက်ပေါ်လာသော အသံများကိုလည်း ကြားနိုင်ပေသည်။

လမ်းဘေးတွင်လည်း သုံးလေးယောက် အုပ်စုဖွဲ့ကာ စုရုံးနေကြသော တစ္ဆေသရဲများကို မကြာခဏ တွေ့မြင်နိုင်သည်။

၎င်းတို့က အလယ်တည့်တည့်ရှိ တစ္ဆေကို ဝိုင်းရံထားကာ တစ်ခုခုကို ခေါင်းငုံ့ ကြည့်နေကြ၏။

"မြန်မြန်၊ သွားလေ"

"ရှောင် ရှောင်၊ ညာဘက်ကို ပြေး"

"ဟိုဘက်က လိုက်လာပြီ၊ အခုအချိန်မှာ အနောက်လှည့်ပြီး တစ်ချက်တည်း အသေသတ်လိုက်" ဟု အော်ဟစ်နေကြသည်။

လမ်းလျှောက်နေရင်း တစ်ဖက်မှလည်း ကာတွန်းစာအုပ်နှင့် တူသော စာအုပ်တစ်အုပ်ကို ကိုင်ကာ အလေးအနက် ဖတ်ရှုနေသော တစ္ဆေသရဲများလည်း ရှိသေး၏။

ထို့အပြင် ဖတ်ရင်း ဖတ်ရင်းဖြင့် အရှေ့ရှိ တိုင်ကို ခေါင်းနှင့် သွားတိုက်မိကာ'ဒိုင်း' ဟူသော အသံ ထွက်ပေါ်လာတတ်သေး၏။

……

[ဟား ဟား ငါ ဖုန်းသုံးရင်းလည်း အဲဒီလိုပဲ၊ သတိမထားမိလိုက်ရင် ဓာတ်တိုင်ကို ဝင်တိုက်မိရော]

[ငါ ပြီးခဲ့တဲ့ အကြိမ်က တွင်းထဲတောင် ကျသွားသေးတယ်၊ အတော်ကြာတဲ့အထိ ပြန်မတက်နိုင်ဘူး]

[တယ်ဟုတ်ပါလား၊ ဟိုဘက်မှာ ဂိမ်းဆော့နေကြတာ မဟုတ်လား၊ နားထောင်ရင်းနဲ့ ငါတောင် လက်ယားလာပြီ၊ မဆော့ရတာ တော်တော်ကြာပြီ]

[Streamer ကို တွေ့ကတည်းက ငါ ဂိမ်းတွေနဲ့ လက်ပြနှုတ်ဆက်လိုက်သလိုပဲ၊ ဂိမ်းက Streamer လောက် ဘယ်ဆော့လို့ ကောင်း‌ေကာင်း ၊ ဂိမ်းက Streamer လောက် ဘယ်ကြည့်လို့ ကောင်းမလဲ]

တစ္ဆေဈေးတန်းထဲသို့ ဝင်လိုက်သည်နှင့်၊ ပတ်ဝန်းကျင် အနေအထား ဖြစ်စေ၊ လေထု အခြေအနေ ဖြစ်စေ၊ အစားအသောက် ပွဲတော်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။

ဤနေရာတွင် ပရိသတ်များ၏ နေ့စဉ် ဘဝများနှင့် ပိုမို နီးစပ်နေပြီး အနည်းငယ် ပို၍ ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားရစေ၏။

အမှန် တကယ်ပင် ထိခိုက်နစ်နာမှု မရှိလျှင် နှိုင်းယှဉ်စရာ မရှိနိုင်ပေ။

အစားအသောက် ပွဲတော်၏ ဖျက်ဆီးမှုကို ခံရပြီးနောက်၊ မည်သည့် တစ္ဆေကို ကြည့်ကြည့် ရင်းနှီးနေသကဲ့သို့ ခံစားလာရသည်။

ဥပမာအားဖြင့် ဟိုဘက်နားရှိ ရက်စက်သော မျက်နှာထားနှင့် သွေးစွန်းနေသော အဝတ်အစားများကို ဝတ်ဆင်ထားကာ လူကို စားတော့မည့် အလား ရှိနေသော တစ္ဆေမျိုးပင် ဖြစ်သည်။

ထို့အပြင် ဟိုဘက်နားရှိ ဘာမှန်းမသိသော မျိုးဗီဇပြောင်း တစ္ဆေသရဲ အရာဝတ္ထုကြီးကိုလည်း ပရိသတ်များက မကြောက်ရွံ့ကြတော့ချေ။

ခေါင်းထဲတွင်တော့ မာလာ တစ္ဆေဟင်းလျာများ မကြာခဏ ပြန်ပေါ်လာတတ်သော်လည်း၊ ပရိသတ် အများစု၏ အာရုံစိုက်မှုက တစ္ဆေဈေးတန်းဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့မဟုတ် သူတို့ ကိုယ်သူတို့ အတင်းအကျပ် ဖိအားပေးကာ အာရုံများကို မြန်မြန် ပြောင်းလဲပစ်ရန် ကြိုးစားနေကြခြင်းလည်း ဖြစ်နိုင်၏။

အစားအသောက် ပွဲတော် ငရဲပြည်မှ တစ္ဆေများအပေါ် ဒေါသထွက်ခြင်း၊ ဟင်းလျာများကို ကြောက်လန့်ခြင်း နှင့် မုန့်ဟူ အပေါ် လေးစားသလို ကြောက်ရွံ့နေရခြင်း စသည့်အရာအားလုံးက စွမ်းအင်များကို အလွန်အမင်း ကုန်ခမ်းစေသည်။

ထို့ကြောင့် ခန္ဓာကိုယ်ကြီး တစ်ခုလုံး ဟောင်းလောင်းပေါက် ဖြစ်သွားသကဲ့သို့ပင် ခံစားနေကြရ၏။

[ဟား ဟား ဟား ငါ တစ္ဆေဈေးတန်းကို အရမ်း သဘောကျသွားပြီ]

[ကျိုးမီပေါ်မီ က Streamer ကို ဖရဲသီး ၉၉ ခု လက်ဆောင်ပေးလိုက်ပါတယ်]

[အစောင့်အရှောက် ကျန်းချီလင် က Streamer ကို မှို ၁၀ ခု လက်ဆောင်ပေးလိုက်ပါတယ်။ ပြီးတော့ 'ကျွန်တော်တို့ကို တစ္ဆေဈေးတန်း ခေါ်လာပြီး မျက်စိဆေးပေးတဲ့အတွက် Streamer ကို ကျေးဇူးတင်ပါတယ်' လို့ မှတ်ချက်လေး ပူးတွဲထားပါတယ်]

[ဟင် တစ္ဆေလေးတွေ တစ်ခုခုကို သတိထားမိသွားကြပြီလား]

……

ကျန်းလင် လမ်းပေါ်တွင် လျှောက်နေရင်း အစပိုင်းတွင် အဆင်ပြေနေသေး၏။

လျှောက်သွားရင်းနှင့် ရုတ်တရက် သူ့ဘေးမှ ဖြတ်သွားသော တစ္ဆေက ခေါင်းလှည့်ကာ သူ့ကို တစ်ချက် ကြည့်သွားကြောင်း သတိထားမိလိုက်သည်။

ထိုအခါ အရှေ့သို့ လျှောက်သွားသော တစ္ဆေကလည်း ရုတ်တရက် ခေါင်းကို ဒီဂရီ တစ်ရာ့ရှစ်ဆယ် လှည့်ကာ သူ့ကို တစ်ချက် လှမ်းကြည့်၏။

ထို့နောက် ဖြည်းဖြည်းချင်း တစ်ရာ့ရှစ်ဆယ်ဒီဂရီ ပြန်လှည့်သွားတော့သည်။

ကျန်းလင် "......"

All Chapters