← Chapters

အခန်း ၃၂၆

Vol. 33 Ch. 326

အခန်း ၃၂၆

Vol. 33 Ch. 326

🫧 Chapter 326

ကျန်းလင် တစ္ဆေဈေးတန်းမှပြန်ရောက်သည်နှင့် အနားယူရန် အချိန်ရခိုက် အားရွေ့နေအိမ်သို့ ထွက်ခွာလာခဲ့လိုက်တော့သည်။

ငရဲပြည်ရှိ ဗီလာတိုင်းတွင် ကိုယ်ပိုင် အကာအကွယ် အစီအရင်များရှိတတ်သည်မှာ လူတိုင်းသိထားသော အမှန်တရားဖြစ်ပြီး၊ လက်မှုပညာရှင် သခင်တစ်ဦး၏နေအိမ်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့‌ချေ။

ထို့ကြောင့် လူခေါ်ခေါင်းလောင်းကို နှိပ်ပြီးနောက် ကျန်းလင် အခြားမည်သည့်လုပ်ရပ်ကိုမျှ မလုပ်တော့ဘဲ ထိုမိန်းကလေး ထွက်ကြိုမည့်အချိန်ကိုသာ တိတ်တဆိတ်ရပ်စောင့်နေလိုက်သည်။

ထိုသို့ ထိန်းချုပ်ကာစောင့်ဆိုင်းနေခြင်းက အလွန်နက်နဲသော ဉာဏ်ပညာတစ် ရပ်ဖြစ်သည်ကို လက်ခံရပေမည်။

ထို့ပြင် အားရွေ့အလုပ်အကျွေးပြုနေသော သခင်မှာ ထူးခြားသည့် အကြိုက်များရှိသည့် ဝိညာဉ်တမန်တော်တစ်ဦးကာ သာမန်မှော်ပစ္စည်းများဖန်တီးရခြင်းကို သိပ်ပြီးသဘောမကျလှပေ။

ထို့အစား သူ့ ဦးနှောက်ကို ယုတ္တိမတန်သော၊ ထူးဆန်းသည့် အရာများဖန်တီးရာတွင်သာ အလုံးစုံမြှုပ်နှံထားလေသည်။

ဥပမာအားဖြင့်ဆိုရသော် မောင်းနှင်သူကို ကောင်းကင်ယံသို့ လွှင့်ပစ်တတ်သော မြင်းလှည်းမျိုး သို့တည်းမဟုတ် အလွန်အန္တရာယ်ကြီးမားသော်လည်း အသုံးပြုသူကို ဦးစွာပြန်လည်ရစ်ပတ် တုပ်နှောင်တတ်သော ကြာပွတ်မျိုးကို တီထွင်တတ်သည်။

အန္တရာယ်အရှိဆုံးအရာမှာ သူ့ကိုယ်ပိုင်အိမ်တံခါးဝတွင် ချထားသော အစီအရင်ပင်။

၎င်း၌ ခြေတစ်လှမ်း မှားယွင်းစွာ နင်းမိသည်နှင့် အပိုင်းပိုင်းကွဲအက်နေသော အခြားဒိုင်မေးရှင်းနယ်ပယ်များဆီသို့ နှင်ထုတ်ခံရပြီး သူကိုယ်တိုင် ဖန်တီးထားသော ဝင်္ကပါထဲတွင် ပိတ်မိသွားမည်ဖြစ်သည်။

အလွန်ရယ်စရာကောင်းလှသည်မှာ ထိုအစီအရင်ကို ဖန်တီးသူကိုယ်တိုင်ပင် ကင်းလွတ်ခွင့်မရဘဲ၊ သူ့ကိုယ်ပိုင်အိမ်ရှေ့ လှေကားထစ်များပေါ်တွင် မကြာ ခဏဆိုသလို လမ်းပျောက်ကာ လုံးဝ ပျောက်ကွယ်သွားတတ်ခြင်းပင်။

ထို့ကြောင့် သူအပြင်သို့ တစ်ခါတစ်ရံမှထွက်သည်မှာ ကံကောင်းသည်ဟု ဆိုရပေမည်။

အကယ်၍ သူသာ လူတောသူတောထဲ သွားလာတတ်သူ ဖြစ်ခဲ့ပါကမူ အားရွေ့၏နေ့ရက်များသည် သူမ သခင်အား အဆက်မပြတ် လိုက်လံရှာဖွေခြင်း၊ 'သူဘယ်ရောက်နေသလဲ' ဟု ထာဝစဉ် မေးခွန်းထုတ်နေရခြင်းနှင့် ၎င်း၏ ရုတ်တရက်ပျောက်ကွယ်သွားမှုများကို ငိုကြွေးပူဆွေးခြင်းများဖြင့်သာ အချိန်ကုန်ဆုံးသွားရပေလိမ့်မည်။

"သခင်ကြီး ကျန်းဝူချန်"

ကျန်းလင် ထိုသို့တွေးတောနေစဉ်မှာပင် မိန်းကလေးသည် အိမ်ထဲမှခက်စိတ်စိတ်ခြေလှမ်းလေးများဖြင့် ပေါ့ပါးသွက်လက်စွာထွက်လာခဲ့သည်။

ယနေ့ သူမသည် ဖြူစင်သန့်ရှင်းသော ဂါဝန်ဖြူလေးနှင့် ခြေညှပ်ဖိနပ်အပါးလေးကို ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်နေသောဆံကေသာကို ကျစ်ဆံမြီးလေးနှစ်ခုအဖြစ် သပ်ရပ်စွာကျစ်ထား‌‌လေရာ အလွန်စနစ်ကျသန့်ရှင်းနေသော အသွင်ကိုဖော်ဆောင်နေလေ၏။

ထို့နောက် ကျန်းလင်ကို မြင်လိုက်ရချိန်တွင် သူမ မျက်ဝန်းများကတောက်ပသွားခဲ့တော့သည်။

ထို့ပြင် အိမ်တံခါးကြီးပွင့်သွားသည်နှင့် ချက်ချင်းပေါ်လာသော သူမ၏ တုံ့ပြန်မှုမှာ ဧည့်သည်ဖြစ်သူအား ဒဏ်ရာများရှိမရှိ ခေါင်းမှခြေဖျားအထိ အကဲခတ်ကြည့်ရှုလိုက်ခြင်းပင်။

ယခု ကျန်းလင်အပေါ် မည်သည့်အန္တရာယ်မှ ကျရောက်မသွားသည်ကို သိရှိပြီးနောက်မှသာ သူမ မျက်နှာထက် ရှက်သွေးဖြာသွားပြီး သူ လာရာလမ်းတစ်လျှောက်တွင် မလိုလားအပ်သော အဖြစ်အပျက် တစ်ခုခုများကြုံတွေ့ခဲ့ရသေးသလားဟု မေးမြန်းလိုက်သည်။

"မကြုံခဲ့ရပါဘူး"

ထိုအခါ ကျန်းလင်သည် သူ့ခြေအောက် မြေပြင်ပေါ်ရှိ အဝါရောင် နယ်နိမိတ်မျဉ်းကို ညွှန်ပြကာပြောလိုက်သည်။

"မင်း ပြောထားတဲ့ လမ်းကြောင်းအတိုင်း တိတိကျကျလိုက်နာပြီး ငါ့ခြေလှမ်းတွေကို ဘာအမှားမှ မလုပ်ခဲ့ပါဘူး"

သရဲဈေးတန်းတွင် သူ နေထိုင်စဉ်အတွင်း သိုသိုသိပ်သိပ်ဖြင့် စုံစမ်းမှုအချို့ ပြုလုပ်ခဲ့၍ သိရှိခဲ့ရသည်မှာ အနောက်ဘက်နန်းတော်တွင် လက်မှုပညာရှင် အမြောက်အမြားရှိကာ ဂုဏ်ယူဝင့်ကြွားလေ့ရှိကြသော် လည်း အမြင့်ဆုံးအဆင့်ရှိသောပညာ ရှင်များမှာမူ အလွန်ရှားပါးလှသည်ဟူ၍ပင်။

ထို့ပြင်လည်း အမြင့်ဆုံးအဆင့်ပညာရှင်မှာ အိမ်တွင်းအောင်းနေတတ်သော ဆရာသခင်တစ်ဦးသာရှိပြီး ထိုပုဂ္ဂိုလ်မှာ အမြဲတမ်းတာဝန်များဖြင့် ပိနေတတ်ကာ သူ့ထံမှ လက်မှုဖန်တီးမှုများကိုရရှိရန် လပေါင်းများစွာကြို တင်စာရင်းပေးရလေ့ရှိသည်ဟု ကောလဟာလများလည်းရှိသည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ တကယ်ကို ကောင်းတာပေါ့"

သူမ၏ သခင်သည် ကိုယ်ပိုင်ထောင် ချောက်များကို မည်သည့်နေရာတွင် ဝှက်ထားခဲ့သည်ကို မကြာခဏ မေ့တတ်ကြောင်း သူမကိုယ်တိုင်သာ သိထားသဖြင့်၊ အားရွေ့သည် ယခုမှ သက်ပြင်းချနိုင်ကာ ပြောလိုက်တော့သည်။

ပြီးလျှင် သူမ ကျော့ရှင်းစွာလက်ဟန်ပြလိုက်ပြီး ကျန်းလင်အား အထဲသို့လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်၏။

သို့သော် ၎င်းတို့ဧည့်ခန်း၏ တံခါးခုံကို ဖြတ်ကျော်ရုံမျှသာ ရှိသေးသည် အပေါ်ထပ်အခန်းများဆီမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ နေအိမ်၏ အုတ်မြစ်များပင် တုန်ခါသွားရတော့သည်။

ထိုအခါမှ ကျန်းလင်သည်လည်း မျက်နှာကြက်ဆီသို့ အလိုအလျောက် မော့ကြည့်မိသွားပြီး ဤလက်မှုပညာရှင်သည် ပေါက်ကွဲစေတတ်သော ပစ္စည်းများကိုများ ထုတ်လုပ်နေသလောဟူသည့် သံသယတစ်ရပ်က ခဏတာ ဝင်ရောက်လာခဲ့သည်။

ထိုပေါက်ကွဲသံကြီးပြောင့် အားရွေ့ မျက်နှာတစ်ချက် ပျက်သွားသော်လည်း အားတင်း၍ပြုံးလိုက်ကာ ကျန်းလင်အား ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး သခင်ဖြစ်သူအား ချက်ချင်းခေါ်လာပေးမည်ဟု ပြောလိုက်သည်။

ပြီးလျှင် သူမသည် ကျန်းလင်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီးနောက် လှေကားပေါ်သို့ အလျင်စလို တက်သွားကာ အော်ပြောလိုက်တော့၏။

"သခင်လေး ဒီတစ်ခါရော ဘာလုပ်လိုက်ပြန်ပြီလဲ"

ထိုသို့ပြောလျက်ပင် သူမသည် သူ၏ သီးသန့်အခန်း တံခါးကို တွန်းဖွင့်လိုက်ရာ မည်းမှောင်နေသော ကျပ်ခိုးငွေ့တိမ်တိုက်ကြီးနှင့် ပက်ပင်းတိုးလေတော့သည်။

ထိုအခါ ကျန်းလင်ထံသို့ အဆိုပါ အနံ့ဆိုးများ မဆင်းသွားစေရန်အတွက် သူမက အခန်းထဲသို့အလျင်အမြန် ဝင်ရောက်သွားပြီး တံခါးကို အနောက်မှ ပြန်ပိတ်လိုက်သည်။

ပြီးလျှင် အခန်း၏အခြေအနေကို အကဲခတ်လိုက်ကာ ပုံမှန်အတိုင်း ညည်းတွားလိုက်၏။

သူ့သခင်၏ အကာအကွယ် အစီအရင်များကို အသုံးပြုရန် အမြဲတမ်း ပျက်ကွက်မှုနှင့် သူ၏ ပျက်စီးလွယ်သော ကိရိယာများကို အကာအကွယ်မဲ့ ထားရစ်ခဲ့မှုအတွက် သူမက သူ့ကို ဆူပူကြိမ်းမောင်းလိုက်သည်။

ဤအတိုင်းသာဆိုလျှင် နေအိမ်ကို သန့်ရှင်းရေးလုပ်ရသော တစ္ဆေအစေခံများသည် အလုပ်အလွန်အကျွံလုပ်ရသဖြင့် သေချာပေါက် သေသွားလိမ့်မည်ဟုလည်း သူမက မှတ်ချက်ချလိုက်သည်။

သန့်ရှင်းရေးလုပ်ရသော တစ္ဆေတစ်ကောင်အဖို့ ရှင်သန်ရသည်မှာ အလွန်ခက်ခဲလှသည်ဟုလည်း သူမက ထပ်မံ ညည်းတွားလိုက်သေးသည်။

"သခင်လေး ဒီလိုတွေ ဆက်လုပ်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ ဘဏ္ဍာတိုက်လည်း ပြောင်သလင်းခါတော့မယ်"

ထို့နောက် အလုပ်ပိနေသော တစ္ဆေအစေခံကို ကောက်ယူပြီးနောက် လှည့်ကြည့်လိုက်ရာ အပျက်အစီးပုံထဲမှ ခေါင်းလေးပြူထွက်နေသော သူမ၏သခင်ကို တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ သူ၏ ဆံပင်များက ဖွာလန်ကြဲနေပြီး မျက်နှာအမူအရာမှာလည်း လုံးဝ စိတ်လွတ်နေပုံရသည်။

ထို့ကြောင့် အားရွေ့သည် သူမ၏သခင်ကို အပျက်စီးပုံထဲမှ ဆွဲထုတ်လိုက်ပြီး သန့်ရှင်းသပ်ရပ်သော အဝတ်အစားတစ်စုံကို ယူဆောင်လာကာ သူ၏ ပျက်စီးနေသော အဝတ်အစားများကို ချွတ်ပစ်ရန် တိုက်တွန်းလိုက်တော့သည်။

သူမ၏ အလောတကြီး လုပ်ဆောင်မှုများ အပြီးတွင် သူမ၏ ဖြူစင်သန့်ရှင်းသော ဂါဝန်ဖြူလေးမှာ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ပြီးနောက် သူသေချာရွေးချယ်ထားသော ဝတ်စုံကလေးက ပျက်စီးသွားသောကြောင့် ထောင့်တစ်နေရာတွင် ဝမ်းနည်းစွာဖြင့် တိတ်တဆိတ် ရပ်နေလိုက်တော့သည်။

သူမ ကြိုးစားပမ်းစား တူးထုတ်ထားခဲ့သော ဖွာလန်ကြဲနေသည့် ဆံပင်များ ရှိနေသေးသည့် သခင်ဖြစ်သူမှာကား လက်ရှိ အရှိတရားနှင့် လုံးဝ ကင်းကွာနေဆဲပင်။

သူက ကြမ်းပြင်ပေါ်တွင် ကြောင်တောင်တောင် ထိုင်နေပြီး ပင်ပန်းနွမ်းနယ်နေသော အိမ်ရှင်မကြီးတစ်ဦးအလား အဆက်မပြတ် ဆူပူကြိမ်းမောင်းကာ ဟိုဟိုဒီဒီ အလုပ်ရှုပ်နေသည့် သူ၏ အဖော်မိန်းကလေးကို ကြည့်နေလေသည်။

ထိုစဉ်မှာပင် သူ၏စိတ်ထဲသို့ သူ၏ အကူလေး ဝမ်းနည်းနေသည် ဟူသော မပီပြင်သော ဝိုးတဝါး စိတ်ခံစားချက်တစ်ခုက ဝင်ရောက်လာခဲ့ကာ ထရပ်လိုက်တော့သည်။

ထိုအခါမှသာ အားရွေ့သည်လည်း အဝတ်အစားသစ်များကို သူ၏လက်ထဲသို့ ထိုးထည့်လိုက်ပြီး သန့်ရှင်းရေးလုပ်ခြင်းကို ရပ်တန့်ကာ သူ့ကိုယ်သူ ဂရုစိုက်ရန်နှင့် မျက်နှာပေါ်မှ အညစ်အကြေးများကို ဆေးကြောရန် ညွှန်ကြားလိုက်၏။

သူမ၏ သခင်ဝိညာဉ်တမန်တော်ကလည်း ခေါင်းညိတ်ပြလိုက်ကာ အဝတ်လဲအခန်းထဲသို့ ဝင်ရောက်သွားတော့သည်။

ယင်းအချိန်မှ အားရွေ့သည် တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်း တစ်ချက်ရှူကာတွေးလိုက်၏။

ဤသူသည် သူမရွေးချယ်ထားသော သခင်မဟုတ်‌ပေလော။

ထို့ကြောင့် ကံကြမ္မာကို လက်ခံနိုင်ရပေမည်လေ။

ထို တိတ်တဆိတ်ချလိုက်သော ဆုံးဖြတ်ချက်ကြောင့် သူအတော်လေး စိတ်ခွန်အားရရှိသွားပြီးနောက်တွင် သူမသည် အင်္ကျီဖြူလေးတစ်ထည်နှင့် အလွှာတွန့်ကလေးများ ပါသော စကတ်ကို ရွေးချယ်ကာ ဆံပင်ကို သပ်ရပ်သော ဆံထုံးနှစ်ခု ထုံးဖွဲ့ရင်း အဝတ်အစားအသစ်လဲရန် ထွက်သွားလေသည်။

အတန်ငယ်ကြာသော် သူမ အဝတ်စားလှဲပြီး၍ အပြင်ထွက်လာသော် သခင်ဖြစ်သူမှာလည်း အဝတ်စားလှဲလှယ်ပြီး၍ ယခင်အတိုင်း ချောမောလှပသောအမျိုးသား အဖြစ်ပြောင်းလဲ သွားသည်ကို မြင်လိုက်ရသော် သူမခေါင်းညိတ်မိလိုက်တော့သည်။

ထို့နောက် သူက "သွားကြရအောင်" ဟုပြောလိုက်တော့၏။

သခင်ဖြစ်သူက မည်သည့်နေရာနည်း ဟုမေးသောအခါမှသာ ဝိညာဉ်တမန်တော်ကျန်းလင် ဆီသို့သွားရမည်ဖြစ်ကြောင်း ပြောပြလိုက်၏။

ယင်းအခါမှ သူက သဘောပေါက်သွားသော အမူအရာတစ်ခု ပေါ်လာပြီး ကလေးမလေး၏ အစောပိုင်းက ထူးဆန်းသော စိတ်အခြေအနေများကို နားလည်သွားခဲ့သည်။

သို့သော် နာမည်ကျော် ဝိညာဉ်တမန်တော်ကို သူမ 'တကယ်ပဲ ခေါ်ဖိတ်လိုက်တာလား'ဟု မေးလိုက်စဉ်တွင် ရုတ်တရက် စိုးရိမ်ထိတ်လန့်မှုတစ်ခုက သူ့ကို လွှမ်းမိုးသွားတော့သည်။

ထိုအပြုအမူကို မြင်သောအခါ အားရွေ့က သခင်ဖြစ်သူကို အလွန်စိတ်မလှုပ်ရှားရန် မှာကြားလိုက်တော့သည်။

သို့သော် သူ၏ စိတ်အားထက်သန်မှုကို လျှော့ချရန် တောင်းဆိုခြင်းမှာ အချည်းနှီးသော ကြိုးစားမှုတစ်ခုသာ ဖြစ်သည်။

ဧည့်ခန်းတွင် ထိုင်နေသော ကျန်းလင်အပေါ်သို့ သူ၏ မျက်လုံးများ ကျရောက်သွားသည့် ခဏမှာပင် သခင်ဖြစ်သူသည် ရှေ့သို့ ပြေးထွက်သွားကာ အနီးနားရှိ ပစ္စည်းတိုင်းကို အလောတကြီးနှင့် အသေးစိတ် ဝင်ရောက်စစ်ဆေးလေတော့သည်။

သူက မျက်နှာကြက်၊ စားပွဲအောက်ရှိ အရိပ်များ၊ ကြမ်းပြင်ပျဉ်ချပ်များနှင့် ကုလားထိုင်စွပ်များကိုပါ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်ပြီး စက်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး အရေးပါသောအရာ မည်သည့်အရာမျှ မတွေ့ရသောအခါ သူက ဆိုဖာအနောက်မှနေ၍ ချောင်းကြည့်ကာ ကျန်းလင်သည် ယခုလက်ရှိ သူ၏ မြင်ကွင်းများကို အများပြည်သူထံ ထုတ်လွှင့်ပြသနေသလားဟု မေးမြန်းလိုက်တော့သည်။

ထိုအခါ မလုပ်ပါဟု ကျန်းလင်က သူ့ကို တည်ငြိမ်စွာ အာမခံလိုက်၏။

ဤသို့သော အပြုအမူက လူကြီးလူကောင်းတို့၏ အပြုအမူဖြစ်ပြီး ထိုလက်မှုပညာရှင်သည် လူကြီးလူကောင်းဟုသာ ကျန်းလင်၏ စိတ်ထဲတွင် တထစ်ချ မှတ်ယူလိုက်တော့သည်။

သူသည် လှို့ဝှက်လက်နက်တစ်ခုကို ပြုလုပ်ခိုင်းရန်အတွက် အပ်နှံဖို့လာရောက်ခြင်းဖြစ်၍ အများပြည်သူအား ပြသရန် မသင့်လျော်ဟု မှန်ယူထားသည်မဟုတ်လော။

သို့သော် သူ့စကားကို ကြားလိုက်၍ ညှိုးငယ်သွားသော လက်မှုပညာရှင်၏ အမူအရာကို မမြင်မိလိုက်ပေ။

ထိုလက်မှုပညာရှင်သည် သူ၏အစောင့်အရှောက် ကလေးမလေး၏ ပြင်းထန်ပြီး အလျှော့မပေးသော အကြည့်အောက်တွင် ဆိုဖာပေါ်၌ နာခံစွာ ဝင်ထိုင်လိုက်တော့သည်။

ပြီးနောက် အားရွေ့သည် သူမ၏သခင်အား တရားဝင် မိတ်ဆက်ပေးလိုက်ပြီး သူသည် လက်မှုပညာရှင် သခင်တစ်ဦးဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။

ထိုအခါ အမျိုးသားက နှုတ်ခွန်းဆက်စကား ဆိုလိုက်ပြီး သူ၏နာမည်မှာ ပေါင်ယန် ဖြစ်ကြောင်း မိတ်ဆက်လိုက်သည်။

ပြီးလျှင် ကျန်းလင်ဘက်မှ ယဉ်ကျေးစွာ ပြန်လည်နှုတ်ခွန်းဆက်ရန် လိုအပ်သော ထုံးစံကို စွန့်လွှတ်ကာ ပေါင်ယန်က ကျန်းလင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ပြောပြလိုက်ပြီး ကျန်းလင်က မည်သည့် မှော်ပစ္စည်း အမျိုးအစားကို အပ်နှံလိုကြောင်း ချက်ချင်းပင် မေးမြန်းလိုက်တော့သည်။

ထိုအခါ ကျန်းလင်သည် တောင်ဘက်နန်းတော်မှ သူရယူလာခဲ့သော ပစ္စည်းများ (အလွန်ထူးခြားသော နယ်မြေတစ်ခုမှ ရိတ်သိမ်းရယူလာခဲ့သည့် အပင်များ၊ မြေကြီးများနှင့် ကျောက်တုံးများ) ကိုပြသလိုက်ပြီးနောက် တစ္ဆေဘုရင် အဆင့်အောက်ရှိ မည်သည့်ဝိညာဉ်ကိုမဆို ဖိနှိပ်နိုင်သည့် နက်နဲသော စွမ်းရည်ပိုင်ဆိုင်ထားသော တောင်ဘက်နန်းတော်၏ သိုင်းပြိုင်ကွင်းများကို တည်ဆောက်ရန် တတ်နိုင်ပါလောဟု မေးကြားခဲ့တော့သည်။

စကားကိုကြားပြီးနောက် ပထမ‌ဆုံး ပေါင်ယန်၏ မျက်လုံးများက တောက်ပသွားသော်လည်း နောက်ပိုင်းတွင် ဝမ်းနည်းမှုဖြင့်သာ သက်ပြင်းချလိုက်တော့သည်။

ပြီးလျှင် အနောက်ဘက်နန်းတော်၏ ရှေးဟောင်း မှတ်တမ်းများကို ကိုးကား၍ အဆိုပါ အဆောက်အအုံနှင့် သူ ရင်းနှီးကျွမ်းဝင်မှာရှိကြောင်း ဝန်ခံလိုက်သည်။

ထို့ပြင် တောင်ဘက်မှကျုံးခွေ သည် သူ၏ ကိုယ်ပိုင် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများကို ဆက်လက်မခံနိုင်တော့ပြီဟူသော မျှော်လင့်ချက်မဲ့မှုကြောင့် ဤလုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ မည်သို့ အပ်နှံခဲ့ပုံကို ပြန်လည်ပြောပြခဲ့သည်။

ဤတာဝန်ကို သူလက်ခံနိုင်သော်လည်း ကျန်းလင်၏ ပစ္စည်းများတွက် လိုအပ်ချက်များရှိနေကြောင်းပြောပြခဲ့၏။

ကြီးမြတ်သော ကျုံးခွေသည် ပြိုင်ကွင်းကို တည်ဆောက်ခိုင်းခဲ့စဉ်က လိုအပ်သော အစိတ်အပိုင်းများသည် ယခုထက် များစွာ ပိုမိုပေါများခဲ့သည်။

ထို့အပြင် ကျန်းလင်း ပိုင်ဆိုင်ထားသော မြေကြီး အစိတ်အပိုင်းများသည် တောင်ဘက်နန်းတော်ရှိ ၎င်းတို့၏ မူလမြေကြီးမှ ခွဲထုတ်ခံလိုက်ရပြီဖြစ်ရာ လျှို့ဝှက်နက်နဲသော နည်းလမ်းများ သို့မဟုတ် သီးသန့် ဖန်ပြွန်ခွက်များဖြင့် မထိန်းသိမ်းထားပါက ၎င်းတို့၏ စွမ်းအင်များကို ဆုံးရှုံးရမည်မှာ အသေအချာပင် ဖြစ်သည်။

ထို့ကြောင့် ဤတည်ဆောက်မှု အောင်မြင်ရန်အတွက် အလျင်စလို လုပ်ဆောင်ရန် လိုအပ်ပေသည်။

ဤအချက်ကို ကျန်းလင်း မသိရှိခဲ့ပေ။

တောင်ဘက်နန်းတော်မှ အာဏာပိုင်များက သူ့ကို အနောက်ဘက်ရှိ လက်မှုပညာရှင်များထံသို့သာ ညွှန်ကြားခဲ့ပြီး မည်သည့်ကိစ္စကိုမျှ မပြောကညားခဲ့ပေ။

ထို့ကြောင့် ကျန်းလင်သည် တောင်ဘက်ငရဲပြည်တွင် ကျုံးခွေတစ်ယောက်သာ ကိစ္စရပ်အားလုံးကို သိနေပါသလော ဟုပင်သံသယဝင်လာခဲ့တော့သည်။

သိရန်လိုအပ်‌သော ကိစ္စများသိရှိပြီး‌နောက် သူက နောက်ထပ် မည်သည့် အစိတ်အပိုင်းများ လိုအပ်ကြောင်းနှင့် ၎င်းတို့ကို ရယူရန် သူ၏ စွမ်းဆောင်နိုင်ရည်အတွင်း ရှိမရှိကို မေးမြန်းခဲ့၏။

ထိုအခါ ပေါင်ယန်က သူ၏ပင်ပန်းနွမ်း‌နယ်နေသော မျက်လုံးကို ပင့်ကာ ပစ္စည်းများလိုအပ်လျှင် အားရွေ့က ရှာပေးနိုင်မည်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ အာမခံလိုက်လေသည်။

All Chapters