← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

🫧 Chapter 330

"ပေါင်ယန် သေဆုံးသွားပြီးနောက်ပိုင်း ဘယ်လိုအကြောင်းကြောင့်မှန်း မသိဘဲ ငါ့ဆီကို ရောက်လာခဲ့တယ်" ဟု ရှေးဟောင်းသစ်ပင်ကြီးက ဆက်ပြောလေသည်။

ထိုအချိန်က ပေါင်ယန်သည် သစ်ပင်အောက်တွင် စောင့်ကြပ်နေခဲ့ရာ ရှေးဟောင်းသစ်ပင်ကြီးက သူ့ကို ဘာကြောင့် ဝင်စားရန် မသွားသနည်းဟု မေးလိုက်သောအခါ သူ အလန့်တကြား ဖြစ်သွားခဲ့ရ၏။

"မင်း မင်းက စကားပြောတတ်တယ်ပေါ့"

အားရွေ့ နေ့တိုင်းလိုလို ပြောပြနေခဲ့သော မက်မွန်သစ်ပင်ကြီးမှာ အမှန်တကယ်တော့ မက်မွန်သစ်ပင် ဝိညာဉ်တစ်ပါး ဖြစ်နေမည်ဟု ပေါင်ယန် လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဤသို့ဆိုလျှင် သူတို့ပြောခဲ့သမျှ အရာအားလုံးကို သူ ကြားနေခဲ့ပြီး အရာအားလုံးကို သိနေခဲ့ပြီ မဟုတ်ပေလော။

ပေါင်ယန်သည် မက်မွန်သစ်ပင်၏ တုတ်ခိုင်သော ပင်စည်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကာ ထပ်မံ၍ စိုက်ကြည့်လိုက်ပြန်သည်။

ဤအရာက အလွန်တရာ အံ့သြဆန်းကြယ်လွန်းပြီး သူ၏ လောကအမြင်တစ်ခုလုံးကို အသစ်ပြန်လည် ရေးဆွဲလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။

အတန်ကြာမှသာ သူက ရှေးဟောင်းသစ်ပင်ကြီးကို "သူမက ကျွန်တော့ထက် အရင်ထွက်သွားခဲ့တာဆိုတော့ အခု ကျွန်တော် လိုက်သွားရင်တောင် မှီတော့မှာ မဟုတ်ဘူး" ဟု ပြန်လည်ဖြေကြားလိုက်တော့သည်။

'ဒါကြောင့် ဒီနေရာမှာပဲ သူမကို ဆက်စောင့်နေတာက ပိုကောင်းလိမ့်မယ်'

'သူမရဲ့ နောက်ဘဝ ဝင်စားမယ့်အချိန်ကို စောင့်နေရုံပေါ့လေ'

ထိုအခါ ရှေးဟောင်းသစ်ပင်ကြီးက သူ့ကို "သူမက နတ်ဆိုးတစ်ကောင်ပဲလေ မင်း မကြောက်ဘူးလား" ဟု မေးလိုက်၏။

ပေါင်ယန်က တစ်စက္ကန့်မျှပင် စဉ်းစားမနေဘဲ "ဘာလို့ ကြောက်ရမှာလဲ. သူမက ကျွန်တော့်ကို ဒုက္ခပေးတဲ့သူမှ မဟုတ်တာ" ဟု ချက်ချင်း ပြန်ဖြေလိုက်လေသည်။

ထိုသို့ပြောပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် သူ၏ မျက်မှောင်များ ကုပ်သွားကာ လက်သီးကို တင်းတင်းဆုပ်လိုက်တော့သည်။

'ဟိုလူတွေ ဟိုလူတွေက အားရွေ့ကို သတ်ပစ်ခဲ့ကြတာလေ'

......

"ဟင် မင်းပြောတာက နည်းနည်းတော့ လွဲနေသလိုပဲ"

သစ်ကိုင်းပေါ်မှ ပုံရိပ်သည် သူ၏ ကိုယ်နေဟန်ထားကို ရုတ်တရက် ပြောင်းလဲလိုက်ပြီးနောက် "စောစောက မင်းပြောတော့ တစ်ယောက်က စောင့်ပြီး တစ်ယောက်က ပုန်းနေတဲ့ ဇာတ်လမ်းဆို" ဟု မေးလိုက်၏။

ထိုအခါ ရှေးဟောင်းသစ်ပင်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ဟုတ်တယ်လေ ပေါင်ယန်က အားရွေ့ရဲ့ ဝင်စားတဲ့ဘဝကို ရှာတွေ့တဲ့အချိန်မှာ စကားတစ်ခွန်းတည်းနဲ့တင် ကောင်မလေးကို လန့်ပြေးသွားစေခဲ့တာ၊ အဲ့တော့ သူမက သူ့ကို တစ်ဘဝစာလုံး ပုန်းရှောင်နေခဲ့တော့တာပေါ့"

"ဒါက တစ်ယောက်က စောင့်ပြီး တစ်ယောက်က ပုန်းနေခဲ့တဲ့ ဇာတ်လမ်း မဟုတ်လို့ ဘာလဲ"

"ဒုတိယဘဝမှာကျတော့ အားရွေ့က ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဝင်စားလာခဲ့တယ် အဲ့တော့ သူက ခြောက်ကပ်ကပ်နဲ့ပဲ ဆက်စောင့်နေခဲ့ရပြန်တယ်"

"တတိယဘဝ၊ စတုတ္ထဘဝ"

"ဒီဘဝကို ရောက်လာတဲ့အချိန်မှာတော့ သူက သူမကို တစ္ဆေစစ်သည်တော်အဖြစ် သွေးစာချုပ် ချုပ်ဆိုလိုက်ပြီး သူ့ဘေးနားမှာပဲ အပြီးတိုင် ချည်နှောင်ထားလိုက်တော့တယ်"

"ကျွတ် ကျွတ်"

ရွှေရောင်ပုံရိပ်သည် မက်မွန်သီးကို ဖြည်းညှင်းစွာ ကိုက်စားရင်း ကောင်းကင်ယံသို့ မော့ကြည့်နေလိုက်သည်။

'သူ၏ ဦးနှောက်ကပဲ တွေးတောနိုင်စွမ်း မရှိတော့တာလား သို့မဟုတ် ဤရှေးဟောင်းသစ်ပင်အိုကြီးကပဲ ကွေ့ကောက်လွန်းသော စကားများကို ပြောနေခြင်းလား'

"ဒါဆိုရင် မင်းက ဘာလို့ ခုနက ကောင်မလေးကို သူမ စောင့်နေတဲ့သူ ရောက်လာပြီလားလို့ သွားမေးနေသေးတာလဲ မင်း အရာအားလုံးကို သိနေခဲ့ပြီးသား မဟုတ်ဘူးလား"

"......"

ရှေးဟောင်းသစ်ပင်ကြီးသည် တောင်တန်းများနောက်ကွယ်သို့ တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်သွားသော နေဝင်ဆည်းဆာကို ငေးကြည့်ရင်း သူ၏ သစ်ကိုင်းများကို လှုပ်ခါလိုက်လေသည်။

ထို့နောက် ရှေးကျသောအသံကြီးသည် လေပြေများကြားတွင် ရောယှက်ပျံ့လွင့်လာ၏။

'သူက ကောင်မလေး အတိတ်ကို ပြန်သတိရလာပြီလား ဆိုတာကို သိချင်ရုံ သက်သက်ပါပဲလေ'

'ပေါင်ယန်ကရော သူမကို အမှန်တရားတွေ ဖွင့်ပြောပြခဲ့ပြီလား ဆိုတာကိုလည်း သူ မြင်ချင်ခဲ့သည် မဟုတ်လား'

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ အားရွေ့သည် သူ၏ သမီးအရင်းတစ်ဝက်မျှပင် ဖြစ်နေခဲ့ပြီဖြစ်၏။

"ဟက်"

နောက်ဆုံး မက်မွန်သီးတစ်လုံးကို စားသောက်ပြီးသွားချိန်တွင် ပုံပြင်သည်လည်း အဆုံးသတ်သွားခဲ့လေပြီ။

သစ်ကိုင်းပေါ်မှ ရွှေရောင်ပုံရိပ်သည် မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်၏ အရောင်အဆင်းကို တစ်ချက် အကဲခတ်လိုက်သည်။

"အဖိုးကြီး ငါ သွားရတော့မယ်၊ နောက်အခွင့်အရေးရရင် မင်းဆီကို ထပ်ပြီး လာလည်ပါဦးမယ်"

"နတ်ဆိုးတဲ့လား ဟဟ"

......

ကျယ်ပြောလှသော ရေပြင်ကြီး၏ အထက်တွင် ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်တည်းသာ အထီးကျန်စွာ မတ်တပ်ရပ်ကျန်ရစ်ခဲ့ပြန်လေသည်။

ပျံသန်းနေသော ငှက်များသည်လည်း ဝင်စနေမင်းနှင့်အတူ ပျောက်ကွယ်သွားကြပြီဖြစ်၏။

ရှေးဟောင်းသစ်ပင်ကြီး၏ အောက်ခြေရှိ သစ်ကိုင်းများက မသိမသာ လှုပ်ရှားလာပြီး စောစောက ရွှေရောင်ပုံရိပ် ပစ်ချထားခဲ့သော မက်မွန်စေ့များကို ညင်သာစွာ ဆွဲယူလိုက်လေသည်။

ထို့နောက် သင့်တော်သော နေရာတစ်ခုကို ရှာဖွေကာ ထိုအစေ့များကို မြေမြှုပ်လိုက်တော့သည်။

အချိန်ကာလတစ်ခု ကြာမြင့်သွားသည့်အခါ ထိုအစေ့များမှ အညှောက်များ ထွက်လာလိမ့်မည်။

'မက်မွန်စေ့ တစ်စေ့ နှစ်စေ့ အစရှိသဖြင့် '

အချိန်တစ်ခုရောက်လျှင် သစ်ပင်ပေါက်လေး ခြောက်ပင်ခန့် ထွက်ပေါ်လာပေလိမ့်မည်။

ရှေးဟောင်းသစ်ပင်ကြီးသည် ထိုမက်မွန်စေ့များကို ရေတွက်နေစဉ်မှာပင် အသံလွှင့်ဘောလုံးငယ်လေးတစ်ခုသည် သစ်ရွက်များကြားမှ ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် ထိုဘောလုံးငယ်လေးသည် ငရဲပြည်ရှိရာ အရပ်ဆီသို့ တောက်လျှောက် ပျံသန်းသွားတော့သည်။

......

......

အနောက်ဘက်နန်းတော်

ကျန်းလင်သည် သူ၏ အသံလွှင့်ဘောလုံးငယ်လေးကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။

ရှေးဟောင်းသစ်ပင်ကြီးထံမှ ပြန်လည်ရောက်ရှိလာပြီးနောက် သူသည် လိုအပ်သော ပစ္စည်းများကို ပေါင်ယန်ထံ လွှဲပြောင်းပေးအပ်ခဲ့ကာ သူ၏ ကိုယ်ပိုင်ဗီလာဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက အားရွေ့နှင့်အတူ ကန်အလယ်ဗဟိုမှ ထွက်ခွာလာချိန်တွင် ရှေးဟောင်းသစ်ပင်ကြီးထံ၌ အလွန်ထူးခြားသော အငွေ့အသက်တစ်ခု ရှိနေသည်ကို သူ သတိထားမိခဲ့လေသည်။

ထို့ကြောင့် အခြေအနေကို စောင့်ကြည့်နိုင်ရန် အသံလွှင့်ဘောလုံးငယ် တစ်ခုကို ချန်ထားရစ်ခဲ့ခြင်းပင်။

အကယ်၍ တိုက်ရိုက်ထုတ်လွှင့်ပြသရန် မသင့်လျော်သော ကိစ္စရပ်များသာ ဖြစ်နေခဲ့ပါက ထိုအသံလွှင့်ဘောလုံးငယ်လေးသည် အလိုအလျောက် အဝေးသို့ ရှောင်ဖယ်သွားမည် ဖြစ်သည်။

သို့သော် ဤကဲ့သို့သော ဇာတ်လမ်းတစ်ပုဒ်ကို ကြားရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

......

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်အတွင်း၌မူ တစ်ကိုယ်တည်းသမားများရော ချစ်သူရှိသူများပါ ဤအဖြစ်အပျက်ကို သည်းမခံနိုင်လောက်အောင် ဖြစ်နေကြလေပြီ။

[မဖြစ်ဘူးငါ့ရင်ထဲမှာ အရမ်းကို ဆို့နင့်နေပြီ၊ နည်းနည်းလေး နည်းနည်းလေး လိုတော့တာကို၊ သူတို့ အတူတူ နေရဖို့ နည်းနည်းလေးပဲ လိုတော့တာကိုကွာ]

[အား ဘာလို့ အားရွေ့ကို အဲ့ဒီအချိန်ကြီးနဲ့ အတိအကျ သွားတိုးစေရတာလဲ]

[ပေါင်ယန်က ဘာလို့ အားရွေ့ကို ကြိုတင် အသိမပေးခဲ့ရတာလဲ]

ထိုမေးခွန်းကို အခြားသော ကြည့်ရှုသူတစ်ဦးက ချက်ချင်း ဝင်ရောက်ဖြေကြားလိုက်၏။

[သေချာနားထောင်ကြည့်ရင် ပေါင်မိသားစုထဲမှာ ပေါင်ယန်ရဲ့ အခြေအနေက သိပ်မကောင်းဘူးဆိုတာ သိသာနေတာပဲ သေချင်ယောင်ဆောင်တဲ့ ကိစ္စကို သိတဲ့သူ နည်းလေ ပိုကောင်းလေ မဟုတ်ဘူးလား]

ထိုခေတ်အခါက သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုက အလွန်ခက်ခဲလေရာ သတင်းစကားပါးလိုလျှင် စာရေး၍သာ ပေးပို့ရမည် ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ပါက အခြားသူများ၏ လက်သို့ ရောက်ရှိသွားနိုင်ခြေ အလွန်များပြားသည်လေ။

[အကြောင်းပြချက်တွေကို ငါ နားလည်ပါတယ် ဒါပေမဲ့ ငါ့ရင်ထဲမှာ ခံစားရခက်နေတုန်းပဲကွာ]

[နတ်ဆိုးဖြစ်နေရုံလေးနဲ့ သူမကို သတ်ပစ်ရမှာလား ဒီကိစ္စကို မျောက်မင်းဖြစ်တဲ့ ငါက ပထမဆုံး လက်မခံဘူး]

အကယ်၍ ပေါင်ယန်သာ အမှန်တကယ် သေဆုံးသွားခဲ့လျှင် သို့မဟုတ် ကတိဖျက်ကာ ပြန်မလာခဲ့လျှင် ကြည့်ရှုသူများအနေဖြင့် ဤမျှအထိ ခံစားရမည် မဟုတ်ချေ။

သို့သော် ပေါင်ယန်က မသေဆုံးခဲ့သည့်အပြင် ရွာသို့ ပြန်လာရန်ပင် အဆင်သင့် ဖြစ်နေခဲ့သည်လေ။

"နည်းနည်းလေးမှ နည်းနည်းလေး လိုတော့တာကို"

ပြီးပြည့်စုံသော ပျော်ရွှင်ဖွယ် ဇာတ်သိမ်းတစ်ခုသို့ ရောက်ရှိခါနီးအချိန်တွင်မှ ရုတ်တရက် ဓားတစ်ချောင်းဖြင့် ထိုးစိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခြင်းက အလွန်တရာ နာကျင်ခံခက်လှပေသည်။

ယခု လက်ရှိ အားရွေ့နှင့် ပေါင်ယန်တို့၏ အခြေအနေကို ပြန်လည် တွေးတောကြည့်လိုက်သောအခါ ကြည့်ရှုသူများမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရင်း ချိုမြိန်သော အချစ်ဇာတ်လမ်းကို ခံစားနေရသလား သို့မဟုတ် ရင်ကိုခွဲမည့် ဓားချက်များကို ခံစားနေရသလားဟုပင် မဝေခွဲတတ်အောင် ဖြစ်သွားကြတော့သည်။

[ဟူး ရှေးဟောင်းသစ်ပင်ကြီး ပြောပြတဲ့ ပေါင်ယန်ရဲ့ ပုံစံက အတိအကျ ဘယ်လိုမျိုးလဲဆိုတာတောင် မသိရသေးဘူး]

သူတို့သည် ထိုအမျိုးသားကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးကြသေးသည် မဟုတ်ပေလော။

နောက်ဆုံးတွင် ပေါင်ယန်သည် ငရဲပြည်၌ အားရွေ့၏ ဝင်စားမည့်ဘဝကို စောင့်ကြပ်နေခဲ့သည်ဟူသော အချက်ကို တွေးမိလိုက်သောအခါ ကြည့်ရှုသူများသည် လေးနက်သော သက်ပြင်းကြီးတစ်ခုကို ချလိုက်ကြတော့သည်။

[ကန်အလယ်က သစ်ပင်ကြီးဆီကို ခရီးစဉ်ဆွဲရမယ် အဲ့ဒီ မြင်ကွင်းကို ငါ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ပြီး မက်မွန်သစ်ပင်အောက်က ကတိကဝတ်ကို သွားခံစားကြည့်ဦးမယ်]

[ငါလည်း သွားမယ် ခုလေးတင် ငါ့ကောင်မလေးနဲ့ ချိန်းလိုက်ပြီ]

......

လျင်မြန်စွာ ဖြတ်ပြေးနေသော မှတ်ချက်များကို ကြည့်ရင်း ကျန်းလင်က ခေတ္တမျှ စဉ်းစားလိုက်ကာ ပြောလိုက်လေသည်။

"ပေါင်ယန် ကိုယ်တိုင်က အားရွေ့ကို မပြောပြသေးဘူးဆိုတော့ ငါတို့ဘက်ကနေပြီး ဒီကိစ္စကို သွားမပြောပြသင့်ဘူး"

ဤစကားသည် သူ၏ ကြည့်ရှုသူများအတွက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့အတူ အနောက်ဘက်နန်းတော်ရှိ အရိပ်ပြန်လည်ခေါ်ဆောင်သည့် ကျောက်တုံးဖြင့် မှတ်တမ်းတင်လေ့ရှိသော ဝိညာဉ်များကိုပါ သတိပေးလိုက်ခြင်း ဖြစ်၏။

ယနေ့ အားရွေ့သည် သူ့အား ပစ္စည်းများရှာဖွေရာတွင် အဖော်ပြုပေးခဲ့ပြီး လူ့ပြည်သို့ သွားရောက်ခဲ့ခြင်း မရှိချေ။

ထို့ကြောင့် သူမသည် ဤကိစ္စကို သိရှိဦးမည် မဟုတ်ဟု ခန့်မှန်းရပေသည်။

ထိုအခါ ကြည့်ရှုသူများက

[ဟုတ်ကဲ့ပါ အစီအစဉ်မှူးကြီး]

[သဘောပေါက်ပါပြီ အစီအစဉ်မှူး၊ အားရွေ့ ကိုယ်တိုင် သိလာမယ့် အချိန်အထိ စောင့်ကြည့်ကြတာပေါ့]

[ဟုတ်ကဲ့ပါ အစီအစဉ်မှူးကြီး၊ ပေါင်ယန် ကိုယ်တိုင် သူမကို ပြောပြလာမယ့် အချိန်အထိ စောင့်ရမှာပေါ့]ဟု ပြန်လည်တုံ့ပြန်ကြလေသည်။

အမှန်စင်စစ် သူတို့သည် အမှန်တရားကို သိရှိသွားပြီးနောက်ပိုင်း အားရွေ့၏ တုံ့ပြန်မှုကို အလွန်အမင်း မြင်တွေ့ချင်နေကြသည်လေ။

သို့သော် ပေါင်ယန်နှင့် အားရွေ့တို့သည် ယခုအခြေအနေသို့ ရောက်ရှိရန် အလွန်တရာ ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ရသဖြင့် ဤဝိညာဉ်နှစ်ခု၏ ဆက်ဆံရေးက ရှေ့ဆက် မည်သို့ တိုးတက်လာမည်ကိုလည်း ကြည့်ရှုသူများက အလွန် သိချင်နေကြလေသည်။

'ပေါင်ယန် ကိုယ်တိုင်က ဦးဆောင်ပြီး ဖွင့်ပြောပြမည်လား သို့မဟုတ် ယခုအခြေအနေအတိုင်းသာ ဆက်လက်ထိန်းသိမ်းထားမည်လား ဒါမှမဟုတ် အားရွေ့ ကိုယ်တိုင်ကပဲ အတိတ်ကို ပြန်လည်သတိရလာမည်လား'

အနောက်ဘက် နယ်မြေတစ်ခုလုံးတွင် ယနေ့ ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ကြသော လူသားများနှင့် ဝိညာဉ်များအားလုံးသည် ဤဇာတ်လမ်းကို တိတ်တဆိတ် စောင့်ကြည့်ရန် ပြင်ဆင်နေကြလေပြီ။

'တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလွန်းလှသည် မဟုတ်လား'

'အထူးသဖြင့် ငရဲပြည်မှ သရဲတစ္ဆေများသည် သူတို့၏ နေ့စဉ် တိုးတက်မှု အခြေအနေများကို အနီးကပ် စောင့်ကြည့်ခွင့် ရရှိထားသည်လေ ဟဲဟဲဟဲ'

......

......

"ဟတ်ချိုး"

ဗီလာ နေအိမ်အတွင်း၌

သန့်ရှင်းရေး တစ္ဆေလေးနှင့်အတူ အိမ်ကို ရှင်းလင်းနေသော အားရွေ့သည် မနေနိုင်ဘဲ နှာချေလိုက်မိလေသည်။

သူမသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် အလုပ်တွင် အာရုံစိုက်နေသော သူမ၏ သခင်ဖြစ်သူကို လှမ်းကြည့်လိုက်၏။

ဘယ်သူများ သူမအကြောင်းကို အတင်းပြောနေကြသနည်း။

သို့တည်းမဟုတ် ယနေ့ မက်မွန်သစ်ပင် ဘိုးဘိုးကြီးဆီမှ အပြန်တွင် လေပတ်ပြီး အအေးမိသွားခြင်းလော။

သို့သော် တစ္ဆေတစ်ကောင် ဖြစ်လာပြီးကတည်းက သူမ တစ်ခါမျှ ဖျားနာခဲ့ဖူးခြင်း မရှိချေ။

ညစ်ညမ်းသော အရာတစ်ခုခုနှင့် မတော်တဆ ထိတွေ့မိခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်သော ထိခိုက်မှု တစ်ခုခု မရှိလျှင် တစ္ဆေဝိညာဉ်များသည် ပုံမှန်အားဖြင့် ဖျားနာလေ့ မရှိကြောင်း သခင်ဖြစ်သူက ပြောပြဖူးသည် မဟုတ်ပေလော။

"ထားလိုက်ပါတော့လေ"

အားရွေ့က ခေါင်းကို ရမ်းလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စာအုပ်များကို ကောက်ယူကာ စာအုပ်စင်ပေါ်သို့ သပ်ရပ်စွာ ပြန်လည် စီထားလိုက်လေသည်။

ထိုသို့ပြုလုပ်နေစဉ်မှာပင် စာအုပ်စင်ပေါ်ရှိ အကာအကွယ် အစီအရင်ကိုပါ တစ်ပါတည်း ဖွင့်ထားလိုက်၏။

'သူကဒါကိုဖွင့်ဖို့ အမြဲ မေ့နေတတ်တယ် ဟူး'

…………

[ဇာတ်လမ်းတိုလေး]

တစ်နေ့၌

ခရီးသွားတစ်ဦးသည် ကန်အလယ်မှ သစ်ပင်ကြီးကို ငေးမောကြည့်ရှုနေစဉ် အမှတ်တမဲ့ဖြင့် အတားအဆီး ခြံစည်းရိုးပေါ်မှ ပြုတ်ကျသွားလေသည်။

လူအများက သူ့ကို ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း သူ၏ လက်ကိုင်ဖုန်းကိုမူ ရှာမတွေ့တော့ချေ။

"ရေထဲ ကျသွားပြီ ထင်ပါရဲ့ ထားလိုက်ပါတော့လေ၊ အသက်ရှင်နေတာပဲ ကျေးဇူးတင်ရမယ်"

ထိုအချိန် ကန်အလယ်ဗဟို၌မူ ရှေးဟောင်း မက်မွန်သစ်ပင်ကြီးသည် သူ၏ အောက်ခြေရှိ ဖုန်းမျက်နှာပြင်လေးကို အသာအယာ ထိုးဆွကြည့်နေပြီး ဤပစ္စည်းလေးကို ဘယ်လို အသုံးပြုရသနည်းဟု စဉ်းစားနေတော့သည်။

All Chapters