← Chapters

အခန်း (၈၁၃-၈၁၄)

Vol. 69 Ch. 813-814

အခန်း (၈၁၃-၈၁၄)

Vol. 69 Ch. 813-814

အပိုင်း (၈၁၃)

“ဝေါင်း...”

ဟိန်းဟောက်သံ တစ်ချက်၊ ထို့နောက် နှစ်ချက်၊ သုံးချက် ပေါ်လာပြီး သားရဲ သုံးကောင် ဖြည်းညင်းစွာ ထွက်လာသည်။

ဧရာမ ဝံပုလွေကြီး သုံးကောင်ပင်။

ယွင်ကျုံးဟဲ့ ချက်ချင်း ကြက်သီးမွေးညင်း ထသွားသည်။ ‘ဒါ... ဒါက ဝံပုလွေတဲ့လား။ ဘယ်နေရာက ဝံပုလွေက ဒီလောက်တောင် ကြီးနေရတာလဲ။ ဒီဝံပုလွေတွေက နွားပေါက်လေးတွေလောက် ကြီးနေပြီ။ အရပ် တစ်မီတာလောက် ရှိပြီး အရှည် သုံးမီတာလောက် ရှိတယ်။ အလေးချိန်က ပေါင် သုံးလေးရာလောက် ရှိလောက်တယ်။

အကြည့်တွေက သွေးဆာနေပြီး သွားတွေက ဓားမြှောင်တွေလို ထက်မြက်ပြီး ကြောက်စရာ ကောင်းတယ်။ ဒီလို ဧရာမ ဝံပုလွေကြီးတွေဆိုရင် ကျားနဲ့ တွေ့ရင်တောင် ကျားက ထွက်ပြေးရမှာ သေချာတယ်။ ပြီးတော့ ဒီလို ဝံပုလွေမျိုးက သုံးကောင်တောင် ရှိတယ်။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။’

ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ဤမျှကြီးမားလှသော ဝံပုလွေတစ်ကောင်သည် ယွင်ကျုံးဟဲ့တစ်ရာကိုပင် လွယ်ကူစွာ ကိုက်သတ်နိုင်စွမ်း ရှိ၏။

ထိုဧရာမဝံပုလွေကြီး သုံးကောင်သည် တိုက်ပွဲအတွေ့အကြုံများစွာ ရှိသည့်အပြင် လူပေါင်းများစွာကို သတ်ဖြတ် စားသောက်ခဲ့ဖူးသူများ ဖြစ်သည်မှာ သေချာ၏။ ယွင်ကျုံးဟဲ့ကို မြင်လိုက်သည်နှင့် သူတို့၏မျက်လုံးများမှာ ချက်ချင်းဆိုသလို သွေးရောင်သန်းလာတော့သည်။

ယခင်က သိုင်းပြိုင်ကွင်းအတွင်း၌ သားရဲများနှင့် တိုက်ခိုက်မှုများမှာ အမြဲတမ်းလိုလို ဖြစ်လေ့ရှိပြီး၊ အများစုမှာ ကျွန်သိုင်းသမားများနှင့် သားရဲများ ယှဉ်ပြိုင်တိုက်ခိုက်ခြင်းသာ ဖြစ်၏။

ဤဧရာမဝံပုလွေသုံးကောင်မှာ တစ်ကြိမ်မှ ရှုံးနိမ့်ဖူးခြင်း မရှိသည်မှာ သေချာ၏။ သူတို့၏ ဗိုက်ထဲတွင် အင်အားကြီးမားသော ကျွန်သိုင်းသမားပေါင်း မည်မျှပင် ကျရောက်ခဲ့ရပြီးပြီ ဆိုသည်ကို မည်သူမှ မသိနိုင်ချေ။

ဟေးယန် အင်ပါယာ၏ မူဝါဒမှာ အလွန် ရှေးရိုးစွဲဖြစ်ပြီး ကိုယ့်လူမျိုး မဟုတ်လျှင် သေချာပေါက် သစ္စာဖောက် လိမ့်မည်ဟု ယူဆကာ ပြင်ပလူများ မည်မျှပင် အင်အားကြီးမားပါစေ ကျွန်အဖြစ်သာ ထားရှိပြီး သိုင်းသမား အဖြစ် လက်မခံဘဲ အများဆုံး ကျွန်သိုင်းသမား အဖြစ်သာ ထားရှိသည်။

ကျွန်သိုင်းသမား အများအပြားသည် ဤသိုင်းပြိုင်ကွင်းတွင် ဖျော်ဖြေရေးအတွက် အသုံးပြုခံရသည်။ အရင်က အင်အားကြီးမားသော ကျွန်သိုင်းသမား အများအပြားသည် ဤဧရာမ ဝံပုလွေကြီးများ၏ တစ်စစီ ဆွဲဖြဲခြင်းကို ခံခဲ့ရ၏။

ထို့အပြင် ဤဧရာမ ဝံပုလွေကြီး သုံးကောင်သည် ယွင်ကျုံးဟဲ့၏ အားနည်းမှုကို တစ်ချက်တည်းဖြင့် သိမြင်သွားသောကြောင့် ချက်ချင်းပဲ လျှပ်စီးလက်သကဲ့သို့ ခုန်အုပ်လာကြသည်။

‘ဒီအမြန်နှုန်းက... အံ့မခန်းပဲ။ အခု အမြင့်ဆုံး အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ကိုးဆယ်ကျော်လောက် ရှိနေပြီ။ ကမ္ဘာမြေပေါ်က မြောက်အမေရိက ဝံပုလွေ မီးခိုးရောင်တွေထက် အများကြီး သာလွန်နေပြီ။’

ထို့အပြင် ဧရာမ ဝံပုလွေကြီး သုံးကောင်သည် အရပ်သုံးမျက်နှာမှ ယွင်ကျုံးဟဲ့ကို ဝိုင်းရံလာပြီး မီတာ အနည်းငယ် အကွာသို့ ရောက်ချိန်မှာတော့ အားကုန် ခုန်တက်ကာ သွေးဆာနေသော ပါးစပ်ကြီးများကို ဟပြီး ယွင်ကျုံးဟဲ့၏ လည်ပင်းကို ကိုက်ရန် ပြင်လိုက်ကြ၏။

တစ်ချိန်တည်းမှာပဲ ထက်မြက်သော ခြေသည်းများက ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ကို ကုတ်ဖဲ့ရန် ပြင်လိုက်ကြ၏။ တစ်စက္ကန့်၊ အများဆုံး တစ်စက္ကန့် အတွင်း ယွင်ကျုံးဟဲ့ကို တစ်စစီ ဆွဲဖြဲပစ်နိုင်သည်။

လူတိုင်းက မျက်လုံးများ ပြူးကျယ်ကာ ဤရက်စက်သော မြင်ကွင်းကို ကြည့်ရှုရန် စောင့်ဆိုင်းနေကြသည်။ သို့ပေမည့် နောက်တစ်စက္ကန့်တွင် အလွန် အံ့ဩတုန်လှုပ်စရာကောင်းသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာ၏။

ယွင်ကျုံးဟဲ့က မျက်စိမှိတ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်လိုက်၏။ ယခုအချိန်တွင် နံပါတ် ၂၅ စိတ်ရောဂါသည် ဝင်ပူးနေခြင်း မဟုတ်သော်လည်း ယွင်ကျုံးဟဲ့သည် သူ၏ စွမ်းရည် အချို့ကို အသုံးပြုနိုင်သေးသည်။

တစ်ခဏချင်း အတွင်းမှာပဲ သူက အလွန် ထူးခြားသော စိတ်စွမ်းအား တစ်မျိုးကို ထုတ်လွှတ်လိုက်၏။

ချက်ချင်းပဲ ဧရာမ ဝံပုလွေကြီး သုံးကောင်သည် သွေးဆာနေသော ပါးစပ်ကြီးများကို ဟကာ ယွင်ကျုံးဟဲ့၏ လည်ပင်းကို ကိုက်လိုက်သော်လည်း အားမထည့်ခဲ့ပေ။ ယွင်ကျုံးဟဲ့ ဘာမှ မဖြစ်ခဲ့ဘဲ သူတို့က လျှာထုတ်ကာ အကြိမ်အနည်းငယ် လျက်လိုက်ကြသည်။

“ဝူး... ဝူး... ဝူး...”

ဝံပုလွေကြီး သုံးကောင်သည် အံ့ဩစရာ ကောင်းလောက်အောင် ခွေးများကဲ့သို့ ညည်းသံလေးများ ထုတ်လွှတ်လိုက်ကြသည်။ အထူး သားရဲကြီးများမှနေ၍ အိမ်မွေး တိရစ္ဆာန်လေးများအဖြစ် ပြောင်းလဲသွားကြ၏။

ယွင်ကျုံးဟဲ့က သူတို့၏ ခေါင်းများကို တစ်ကောင်ချင်းစီ ပွတ်သပ်ပေးလိုက်ရာ ဝံပုလွေကြီး သုံးကောင်သည် သက်သောင့်သက်သာဖြင့် မျက်စိမှိတ်သွားကြသည်။

ပို၍ လွန်ကဲသည်မှာ ဤဝံပုလွေကြီး သုံးကောင်သည် လှဲလျောင်းကာ သူတို့၏ ဗိုက်များကို ဖော်ပြ လိုက်ကြခြင်းပင် ဖြစ်၏။

ဝံပုလွေ၏ ဗိုက်သည် အနုနယ်ဆုံး အစိတ်အပိုင်း ဖြစ်ပြီး ဗိုက်ကို ဖော်ပြခြင်းသည် သူတို့၏ ယုံကြည်မှုကို ပြသခြင်းပင် ဖြစ်သည်။

ယွင်ကျုံးဟဲ့က ရှေ့တိုးကာ သူတို့၏ ဗိုက်များကို ပွတ်သပ်ပေးလိုက်ရာ ဧရာမ ဝံပုလွေကြီး သုံးကောင်သည် မြေကြီးပေါ်တွင် လူးလှိမ့်ကာ ချစ်စရာကောင်းအောင် လုပ်ပြနေကြ၏။

လူတိုင်း အံ့ဩမှင်တက်သွားကြသည်။ ‘ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ ရက်စက်တဲ့ သားရဲ တိုက်ပွဲကနေ ဧရာမ အိမ်မွေး တိရစ္ဆာန် ပြပွဲကြီး ဖြစ်သွားတာလား။’

ယွင်ကျုံးဟဲ့အတွက်မူ ဤသည်မှာ ကလေးကစားစရာမျှသာ ဖြစ်ပေသည်။ ထိုစဉ်က သူသည် မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော လူသူကင်းမဲ့သည့် နယ်မြေများကို ဖြတ်သန်းခဲ့စဉ်က သားရဲပေါင်း မည်မျှကိုပင် အောင်နိုင် သိမ်းပိုက်ခဲ့သည် မသိတော့ချေ။

ဧရာမဝံပုလွေကြီးများ၊ ကျားရိုင်းများနှင့် ဝက်ဝံကြီးများသည် သူ့အား မိုင်ပေါင်းထောင်ချီသည်အထိ လိုက်ပါ စောင့်ရှောက်ခဲ့ကြပြီး အစာရေစာအတွက်လည်း ရှာဖွေပေးခဲ့ကြသည်။

ညဘက်ရာသီဥတု အေးစက်သည့် အခါမျိုးတွင်လည်း ယွင်ကျုံးဟဲ့သည် ထိုသားရဲတို့ကို ဖက်အိပ်လေ့ရှိသည်။ သားရဲတို့၏ အနံ့မှာ အနည်းငယ် ပြင်းရှသော်လည်း၊ ကျင့်သားရသွားသည့်အခါ၌မူ မည်သို့မှ မဟုတ်တော့ပေ။

ထိုနေရာရှိ လူသောင်းချီသည် ဤမြင်ကွင်းကို အံ့ဩမှင်တက်စွာ ကြည့်နေကြသည်။

စူးရှသော ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။

လော်ယဲ့က အေးစက်စွာ ပြောလိုက်သည်။ “လူချောလေး... ကြည့်ရတာ တိရစ္ဆာန် ယဉ်ပါးအောင် လုပ်တဲ့သူ တစ်ယောက်ပဲ။ ဒါက ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင် တစ်ခု မဟုတ်ပေမယ့် ခင်ဗျား အောင်မြင်သွားပြီလို့ သတ်မှတ်ပေးလိုက်မယ်။

ခင်ဗျား ကျုပ်တို့ရဲ့ သိုင်းသမားတွေနဲ့ သိုင်းပြိုင်လို့ ရပြီ။ ပြီးတော့ ခင်ဗျားက တစ်ခါတည်းနဲ့ ကျုပ်တို့ရဲ့ အင်အားကြီးမားတဲ့ သိုင်းသမား သုံးဆယ့်ကိုး ယောက်ကို စိန်ခေါ်မယ် ဆိုတော့ ကျုပ်တို့ ခင်ဗျားကို ဖြည့်ဆည်းပေးမယ်။ ဒီနေ့ရဲ့ တကယ့် သိုင်းပြိုင်ပွဲကို တရားဝင် စတင်ပါပြီ။”

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်...”

စူးရှသော ခေါင်းလောင်းသံ ထပ်မံ ထွက်ပေါ်လာပြန်၏။

ဧရာမ ဝံပုလွေကြီး သုံးကောင် ချက်ချင်း မြေကြီးပေါ်မှ ထရပ်လိုက်ကြပြီး တစ်ကိုယ်လုံးရှိ အမွေးများ ထောင်မတ်သွားကာ ထက်မြက်သော သွားများကို ဖော်ပြပြီး ဟိန်းဟောက်သံများ ထုတ်လွှတ်ကာ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။

“ဝုန်း... ဒိုင်း...”

သံတံခါးအချို့ ဖြည်းညင်းစွာ ပွင့်တက်သွား၏။

ယနေ့ သိုင်းပြိုင်ပွဲ၏ ဇာတ်လိုက်များ ထွက်ပေါ်လာလေ၏။ သိုင်းသမား သုံးဆယ့်ကိုးယောက်တိတိ ဖြစ်ပြီး သိုင်းသမား နှစ်ဆယ့်ရှစ်ယောက်၊ ဆယ်စုမှူး ရှစ်ယောက်၊ ရာစုမှူး သုံးယောက် တို့ပင် ဖြစ်သည်။

ထောင်စုမှူး နေရာ တစ်နေရာ လစ်လပ်သွားသောကြောင့် ဤသိုင်းပြိုင်ပွဲ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လော်ယဲ့က ကျယ်လောင်စွာ ပြောလိုက်၏။ “အင်ပါယာရဲ့ သူရဲကောင်းတို့... ခင်ဗျားတို့ရဲ့ ရည်မှန်းချက်က ကိုယ့်နေရာကို လုယူဖို့ ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဒီလူချောလေးရဲ့ အသက်ကို အရင် အဆုံးသတ်လိုက်ပါ။ သူနဲ့ သူ့ရဲ့ အိမ်မွေး တိရစ္ဆာန်တွေကို အားလုံး တစ်စစီ ဆွဲဖြဲပစ်လိုက်။”

ဤဧရာမ ဝံပုလွေကြီး သုံးကောင်သည် ယွင်ကျုံးဟဲ့၏ ထူးဆန်းသော နည်းလမ်းဖြင့် နှိမ်နင်းခံလိုက်ရပြီး အိမ်မွေး တိရစ္ဆာန်များ ဖြစ်သွားသောကြောင့် ဟေးယန် အင်ပါယာအတွက် အလွန် မကျေနပ်စရာ ဖြစ်စေခဲ့၏။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လူရော ဝံပုလွေပါ အားလုံးကို သတ်ပစ်ရန် ရည်ရွယ်ထားသည်။

ယွင်ကျုံးဟဲ့သည် စောစောက အခန်းတူတူ ထိုင်ခဲ့သော သိုင်းသမား သုံးဦးကို မြင်လိုက်၏။ ‘သူတို့က အခြေခံ သိုင်းသမားတွေပဲ ဖြစ်နေတာကိုး။ အခြေခံ သိုင်းသမားတွေတောင် ဒီလောက် ကြောက်စရာ ကောင်းပြီး အင်အားကြီးနေရင် ဆယ်စုမှူး၊ ရာစုမှူးတွေဆိုရင် ပိုပြီးတော့တောင် အံ့ဩစရာ ကောင်းမနေဘူးလား။’

“ဒေါင်...”

နောက်ဆုံး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့်အတူ လူသုံးဆယ့်ကိုးယောက်သည် တပ်ဖွဲ့ပုံစံ ဖွဲ့စည်းလိုက် ကြ၏။ စစ်သည်များက အရှေ့၊ တပ်မှူးများက အနောက်မှာ ဖြစ်သည်။

သူတို့ ရင်ဆိုင်နေရသူမှာ ကြက်တစ်ကောင်ကိုပင် မသတ်ဖြတ်နိုင်ဖွယ်ရှိသည့် ရုပ်ရည်ချောမောသူတစ်ဦး ဖြစ်သော်ငြား သူတို့ကိုယ်တိုင်မှာမူ ဘယ်ဘက်လက်တွင် ဒိုင်းလွှား၊ ညာဘက်လက်တွင် ဓားကို ကိုင်စွဲထားလျက် လက်နက်အပြည့်အစုံဖြင့် တပ်ဆင်ထားကြ၏။

ဧရာမဝံပုလွေကြီး သုံးကောင်သည် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီး ဟိန်းဟောက်သံများ ဆက်တိုက် ထုတ်လွှတ်ကာ ပိုမိုရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များကို ပြသလာကြသည်။

“အောင်း...”

နောက်တစ်စက္ကန့်တွင်မူ ဧရာမဝံပုလွေကြီး သုံးကောင်မှာ သဲလွန်စပင် မကျန်ရစ်စေဘဲ ချက်ချင်း ထွက်ပြေး သွားကြ၏။

‘ချီးတဲ့မှ... မင်းတို့ကတော့ တကယ် လက်တွေ့ကျလွန်းကြတာပဲ။’

ဤဧရာမဝံပုလွေကြီးများမှာ မိုက်မဲသူများ မဟုတ်ကြပေ။ မည်သူ့ကို အနိုင်ယူနိုင်၍ မည်သူ့ကို လုံးဝ မယှဉ်နိုင်သည်ကို သူတို့ ကောင်းစွာ သိရှိကြသည်။

အကယ်၍ ထိုအင်အားကြီးမားသည့် သိုင်းသမားများထဲမှ တစ်ဦးတည်းသာဆိုပါက ဝံပုလွေသုံးကောင် ပူးပေါင်းတိုက်ခိုက်၍ အနိုင်ရရန် မျှော်လင့်ချက် ရှိနိုင်သေးသည်။ သို့ပေမည့် သိုင်းသမား နှစ်ဦးဆိုပါက ဝံပုလွေတို့၌ မျှော်လင့်ချက် လုံးဝမရှိတော့ဘဲ သေချာပေါက် အသေဆိုးနှင့် သေရမည်မှာ အမှန်ပင်ဖြစ်၏။

ယခုအခါတွင်မူ သိုင်းသမား သုံးဆယ့်ကိုးဦးမှာ တစ်ပြိုင်နက်တည်း ချီတက်လာကြသည်ဖြစ်ရာ၊ ထိုသားရဲတို့ ထွက်ပြေးရခြင်းမှာ အထူးအဆန်းတော့ မဟုတ်ပေ။

ယွင်ကျုံးဟဲ့က အဝေးကို ထွက်ပြေးသွားတဲ့ ဒီဧရာမ ဝံပုလွေကြီး သုံးကောင်ကို မတတ်သာဘဲ ကြည့်ရင်း မျက်လုံးများဖြင့် စကား ပြောလိုက်သည်။ “မင်းတို့က တကယ် သစ္စာမရှိတာပဲ။”

ဧရာမ ဝံပုလွေကြီး သုံးကောင်မှာ ခေါင်းကို ခြေနှစ်ချောင်းကြား ဝင်သွားမတတ် ငုံ့ထားချင်နေကြ၏။

အင်အားကြီးမားလှသည့် ထိုသိုင်းသမား သုံးဆယ့်ကိုးဦးအနက် မည်သူ့ကိုမဆို ကျပန်းရွေးချယ်လိုက်မည်ဆိုပါက ယွင်ကျုံးဟဲ့တစ်ရာကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်။

ယခုအခါ သူတို့သည် အလျင်စလို မလုပ်ဘဲ ယွင်ကျုံးဟဲ့ဆီသို့ လျှောက်လာကြ၏။ ‘စက္ကန့်ဝက် အတွင်းမှာတင် တစ်စစီ ခုတ်ထစ်ပစ်လို့ ရတယ်။’

ယွင်ကျုံးဟဲ့က အလျင်စလို မလုပ်ဘဲ အထုပ်ထဲမှ စောင်းတစ်လက်ကို ထုတ်ယူကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး စောင်းကို ပေါင်ပေါ် တင်ထားလိုက်သည်။

“ဟူး...”

သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။

လူတိုင်း ပို၍ပင် အံ့ဩသွားကြသည်။ ‘သူ ဒါ ဘာလုပ်နေတာလဲ။ အခု သိုင်းပြိုင်ပွဲ လုပ်နေတာလေ၊ ခင်ဗျားက စောင်းတီးမလို့လား။’

‘အသုံးမကျတဲ့ ဒီလူချောလေးက ဦးနှောက် ပျက်နေတာလား။’

ဤမြင်ကွင်းက ဘာနှင့်တူနေသနည်း။ အားကစားကွင်းထဲမှာ ဖျော်ဖြေပွဲ လာလုပ်နေသလိုပင်ဖြစ်သည်။

မျက်စိမှိတ်ပြီး ယွင်ကျုံးဟဲ့ စတင် ညင်သာစွာ တီးခတ်လိုက်သည်။ လှပသော စောင်းသံများ စတင် ထွက်ပေါ်လာ၏။

‘စောင်းသံ တစ်ပုဒ်နဲ့ အူတွေ အသည်းတွေ ပြတ်ထွက်သွားတယ်၊ လောကကြီးမှာ ဂီတကို နားလည်တဲ့သူ ဘယ်မှာ ရှာရမလဲ။’

ယွင်ကျုံးဟဲ့က ဘေးနားမှာ ဘယ်သူမှ မရှိသလို စတင် တီးခတ်နေပြီး ထိုသိုင်းသမား သုံးဆယ့်ကိုး ယောက်ကတော့ သူ့ကို အရူး တစ်ယောက်လို ကြည့်နေကြသည်။

ဟေးယန် အင်ပါယာတွင် သိုင်းပညာကိုသာ အဓိကထားပြီး အနုပညာအတွက် နေရာ လုံးဝ မရှိပေ။ အနုပညာ အားလုံးသည် ယိုယွင်းပျက်စီးခြင်း၏ အဓိပ္ပာယ်တူ စကားလုံးများ ဖြစ်ကြပြီး ယုတ်ညံ့သော အသံများ ဖြစ်ကြ၏။

ယွင်ကျုံးဟဲ့ တီးခတ်မှု ပိုကောင်းလေ၊ သူတို့ ပို၍ ဆန့်ကျင်လေလေ ဖြစ်သည်။

“သူ့ကို သတ်လိုက်...”

“သူ့ကို သတ်လိုက်...”

လူသောင်းချီက အော်ဟစ်နေကြ၏။

အင်အားကြီးမားသော သိုင်းသမား သုံးဆယ့်ကိုးယောက်သည် စတင်၍ လျင်မြန်စွာ ပြေးဝင်လာကြ၏။ ယွင်ကျုံးဟဲ့၏ အရှေ့ ဆယ်မီတာ အကွာသို့ ရောက်ရှိလာကြသည်။

ပထမဆုံး အနေဖြင့် သိုင်းသမား နှစ်ဦးက ပြေးဝင်လာကြသည်။ ဤကဲ့သို့ ကြက်လေး တစ်ကောင်တောင် မသတ်နိုင်သော လူချောလေး တစ်ယောက်ကို သုံးဆယ့်ကိုး ယောက်စလုံး တပြိုင်နက်တည်း ဝင်တိုက်မည် ဆိုပါက အလွန် အရှက်ကွဲလွန်းရာ ကျ၏။

သိုင်းသမား နှစ်ဦးသည် ခြေထောက်ကို အားကုန် ကန်၍ ကြောက်စရာ အကောင်းဆုံး သားရဲများကဲ့သို့ ချက်ချင်း ခုန်အုပ်လာကြ၏။ လက်ထဲရှိ ဓားများက ယွင်ကျုံးဟဲ့ကို တစ်စစီ ခုတ်ထစ်ရန် ချက်ချင်း ပြင်လိုက်ကြသည်။

သို့ပေမည့် ယွင်ကျုံးဟဲ့ ဆက်လက်၍ မျက်စိမှိတ်ထားပြီး လက်ထဲရှိ စောင်းကြိုးများကို ညင်သာစွာ ခတ်လိုက်၏။

လက်ခြောက်ချောင်း စောင်းနတ်ဆိုး၊ ဘီသိုဗင်၏ သေမင်း စောင်းသံ ပေါက်ကွဲထွက်လာသည်။

လှပသော ဂီတသံများ အောက်တွင် ကြောက်စရာကောင်းသော အလွန် မြင့်မားသည့် ကြိမ်နှုန်းရှိသော အသံလှိုင်းများ ပါဝင်နေပြီး ချက်ချင်းပဲ အရှိန်ဖြင့် ပစ်ထွက်သွား၏။

ထိုသိုင်းသမား နှစ်ဦး၏ သံခမောက်များကို ဖောက်ထွင်းကာ သူတို့၏ ဦးနှောက်များ အတွင်းသို့ ဝင်ရောက်သွားပြီး သူတို့၏ ဦးနှောက်လှိုင်းများနှင့် ပဲ့တင်ထပ်သွားသည်။

တစ်ခဏချင်း အတွင်းမှာပဲ တို့ဟူးကဲ့သို့ နူးညံ့သော ဦးနှောက်များသည် ရုတ်တရက် ပွက်ပွက်ဆူလာ၏။

သိုင်းသမား နှစ်ဦးသည် ရုတ်တရက် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ယွင်ကျုံးဟဲ့၏ ရှေ့ သုံးပေ အကွာသို့ ရောက်ရှိသွားကာ မလှုပ်မယှက်ဖြင့် လုံးဝ သေဆုံးသွားသည်။

တစ်ခဏချင်း အတွင်းမှာပဲ လူတိုင်း လုံးဝ အံ့ဩမှင်တက်သွားကြ၏။

‘ဒါ... ဒါ တကယ်တမ်း ဘာတွေ ဖြစ်ကုန်တာလဲ။ အရမ်း ထူးဆန်းလွန်းတယ် မဟုတ်ဘူးလား။’

အပိုင်း (၈၁၄)

ကျန်ရှိနေသော သိုင်းသမား နှစ်ဆယ်ကျော် ဤမြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် သူတို့လည်း လျှပ်စီးလက်သကဲ့သို့ ခုန်အုပ်လာကြသည်။

တစ်ခဏချင်း အတွင်းမှာပင် ယွင်ကျုံးဟဲ့၏ စောင်းသံသည် အလွန် ပြင်းထန်လာသည်။ လက်ခြောက်ချောင်း စောင်းနတ်ဆိုး ၏ စွမ်းအားသည် နောက်ထပ် အထွတ်အထိပ် တစ်ခုသို့ တက်လှမ်းသွား၏။

ဤတစ်ကြိမ် တီးခတ်လိုက်သည်မှာ အသိသာဆုံးသော ပဲ့တင်ထပ် အသံလှိုင်းများ ဖြစ်သည်။

ထိုသိုင်းသမားများ လက်ထဲရှိ သစ်သားဒိုင်းလွှားများသည် ရုတ်တရက် ပြင်းထန်စွာ အက်ကွဲသွားသည်။ ထို့နောက် သူတို့ ကိုယ်ပေါ်ရှိ သားရေ သံချပ်ကာ ဝတ်စုံများသည်လည်း တစ်လက်မချင်းစီ ဆုတ်ဖြဲခံလိုက်ရ၏။

“ဘန်း... ဘန်း... ဘန်း...”

နောက်ဆုံးတွင် ထိုအင်အားကြီးမားသော သိုင်းသမားများ၏ ဦးနှောက် အတွင်းပိုင်း ပဲ့တင်ထပ်သွားသည်။

ပထမဆုံး မျက်လုံးများ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် သွေးများက မျက်လုံး၊ နား၊ ပါးစပ်၊ နှာခေါင်းတို့မှ ရုတ်တရက် ပန်းထွက်လာ၏။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်.... ဒေါင်...”

လက်ခြောက်ချောင်း စောင်းနတ်ဆိုး၏ စွမ်းအားသည် အဆက်မပြတ် မြင့်တက်လာပြီး မြင့်တက်လာသည်။

ယွင်ကျုံးဟဲ့၏ သုံးမီတာ အတွင်းသို့ ချဉ်းကပ်လာသူတိုင်းသည် အားလုံး တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြ၏။

သူ၏ စောင်းသံသည် မျက်စိဖြင့် မမြင်နိုင်သော ဓားများကဲ့သို့ပင် သိုင်းသမားများ၏ ဦးနှောက်များကို ရူးသွပ်စွာ ဖြတ်တောက်နေသည်။

ဤမြင်ကွင်းသည် တကယ်ကို လှပပြီး ထူးဆန်းကာ တုန်လှုပ်စရာ ကောင်းလှ၏။

သစ်သားတွင် သံဖုံးထားသော ဒိုင်းလွှားများ အက်ကွဲ ပေါက်ကွဲသွားကြ၏။ ထို့နောက် မျက်လုံးများ ပေါက်ကွဲ ထွက်သွားကြသည်။

နောက်ဆုံးတွင် သွေးရောင် မီးရှူးမီးပန်းများကဲ့သို့ သွေးမှုန်များက မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့မှ ပန်းထွက်လာ၏။

ယွင်ကျုံးဟဲ့၏ စောင်းသံမှာ ပို၍ ပို၍ ပြင်းထန်လာပြီး ပို၍ ပို၍ မြင့်မားလာသည်။

နောက်ဆုံးတွင် မြေကြီးတစ်ခုလုံးကို မရေမတွက်နိုင်သော ကျည်ဆန်များဖြင့် ပစ်ခတ်ခံလိုက်ရသကဲ့သို့ ဖုန်မှုန့်များ အဆက်မပြတ် ထောင်းထောင်း ထလာ၏။

ဘီသိုဗင် ဝင်ပူးပြီး နှစ်ပေါင်းများစွာ တီးခတ်ခဲ့ရသောကြောင့် သေမင်းဂီတ၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

နတ်ဆိုးများကဲ့သို့ ပြေးဝင်လာသော သိုင်းသမား နှစ်ဆယ်ကျော်သည် အားလုံး သေဆုံးသွားကြ၏။

လူဆယ့်တစ်ယောက်သာ ကျန်ရှိတော့ပြီး အားလုံးမှာ တပ်မှူးများ ဖြစ်ကြ၏။ သူတို့၏ သိုင်းပညာက ပို၍ အင်အားကြီးမားသည်။

ဆယ်စုမှူး ရှစ်ယောက်သည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ပြေးဝင်လာကြ၏။

ယွင်ကျုံးဟဲ့ ဆက်လက်၍ မျက်စိမှိတ်ကာ ရူးသွပ်စွာ တီးခတ်နေ၏။ စောင်းသံများသည် မြားများကဲ့သို့၊ ဓားများကဲ့သို့၊ နတ်ဆိုးများကဲ့သို့ ဖြစ်နေသည်။

ထူးဆန်းပြီး လှပသော သတ်ဖြတ်မှုပင် ဖြစ်၏။

အထူးချွန်ဆုံး သိုင်းသမား ဆယ့်တစ်ယောက်သည် ယွင်ကျုံးဟဲ့နှင့် သုံးမီတာ အကွာသို့ ရောက်ရှိချိန်မှာတော့ မျက်စိဖြင့် မမြင်နိုင်သော လေထု အတားအဆီး တစ်ခုကို ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွား၏။ သူ၏ စောင်းသံ ထိမှန်သွားခြင်း ဖြစ်သည်။

“ဘန်း... ဘန်း... ဘန်း... ဘန်း...”

ဦးနှောက် အတွင်းပိုင်း ပဲ့တင်ထပ်သွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ လေထဲတွင် ရပ်တန့်သွားပြီး မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ ပန်းထွက်လာကာ ဖြည်းညင်းစွာ ပြုတ်ကျလာ၏။

သိုင်းသမား သုံးဆယ့်ကိုးယောက်တွင် သုံးဆယ့်ခြောက်ယောက် သေဆုံးသွားပြီး လူသုံးယောက်သာ ကျန်ရှိတော့သည်။

ထိုရာစုမှူး သုံးဦး၏ သိုင်းပညာသည် အလွန် မြင့်မားနေပြီဖြစ်ပြီး အလွန် အံ့ဩစရာ ကောင်းနေပြီ ဖြစ်သည်။ သူတို့ ဤတစ်ကြိမ် သိုင်းပြိုင်ကွင်းသို့ လာရောက်ခြင်းမှာ ထောင်စုမှူး နေရာကို လုယူရန် ဖြစ်၏။

ဤမျှ ထူးဆန်းသော ယွင်ကျုံးဟဲ့ကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ တကယ်ကို နတ်ဘုရားများကဲ့သို့ ဆန်းကြယ်လှသည်။

“ဒါက အသံလှိုင်း တိုက်ခိုက်မှု တစ်မျိုးပဲ။ ဦးနှောက် အတွင်းပိုင်းကို တိုက်ရိုက် တိုက်ခိုက်တာ။ ခင်ဗျားတို့ အတွင်းအားတွေကို ထုတ်လွှတ်ပြီး ဒီအသံလှိုင်းကို ပြန်လည် ခုခံလိုက်ရင် ရပြီ။”

ရုတ်တရက် ရာစုမှူး သုံးဦး၏ နားထဲတွင် အသံ တစ်သံ ထွက်ပေါ်လာသည်။ ထိုအသံမှာ အင်ပါယာ ယဇ်ပုရောဟိတ်၏ အသံပင် ဖြစ်၏။

‘နားလည်ပြီ။’

ချက်ချင်းပဲ ရာစုမှူး သုံးဦးက ထိုအတိုင်း လုပ်ဆောင်လိုက်၏။ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများသည် အဆက်မပြတ် ထွက်ပေါ်လာပြီး ခန္ဓာကိုယ် ပတ်လည်တွင် အကာအကွယ်လွှာတစ်ခု ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ထို့နောက် ရာစုမှူး သုံးဦးသည် ယွင်ကျုံးဟဲ့ဆီသို့ လျှောက်လာကြ၏။

“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်...”

ယွင်ကျုံးဟဲ့ ရူးသွပ်စွာ တီးခတ်နေပြီး သေမင်း အသံလှိုင်း တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ပြုလုပ်နေ၏။ သို့ပေမည့် အာနိသင် မရှိတော့သလိုပင်။

ရာစုမှူးသုံးဦးမှာ အေးဆေးတည်ငြိမ်နေကြသော်လည်း သူတို့၏ လမ်းလျှောက်ပုံမှာမူ လွန်စွာနှေးကွေးနေသည်။

အကြောင်းမှာ တစ်ကိုယ်လုံးရှိ အတွင်းအားများကို အပြည့်အဝ ထုတ်လွှတ်ရန်အတွက် ကြီးမားလှသော အားထုတ်မှုများကို သုံးစွဲနေရသောကြောင့် လမ်းလျှောက်နှုန်းမှာ သဘာဝအလျောက် နှေးကွေးသွားရခြင်းပင်။

ယခင်ကဆိုလျှင် မည်သူမဆို ယွင်ကျုံးဟဲ့၏ သုံးမီတာ အကွာအဝေးအတွင်းသို့ ရောက်ရှိသည်နှင့် ဦးနှောက်များ ပေါက်ကွဲသွားပြီး မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများယိုစီးလျက် အသက်ဆုံးရှုံးကြရမြဲဖြစ်သည်။

သို့ပေမည့် ယခုမူ အင်အားကြီးမားလှသော ထိုသူသုံးဦးသည် ယွင်ကျုံးဟဲ့၏ သုံးမီတာအကွာအဝေးအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်၏။

ယွင်ကျုံးဟဲ့ မျက်လုံး ဖွင့်လိုက်ပြီး စောင်းတီးနေခြင်းကို ရပ်လိုက်သည်။

ထိုအင်အားကြီးမားသော သူသုံးဦးသည် ယွင်ကျုံးဟဲ့အား ရက်စက်သောအပြုံးဖြင့် ကြည့်ရှုလိုက်ကြ၏။

‘လူချောလေး... ခင်ဗျားရဲ့ ဆန်းကြယ်တဲ့ဖျော်ဖြေမှု ပြီးဆုံးသွားပြီ။ ခင်ဗျားရဲ့ အားနည်းတဲ့ခန္ဓာကိုယ်က ကျုပ်တို့ရဲ့ လက်ချောင်းတစ်ဝက်စာကိုတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

ကျုပ်တို့က ခင်ဗျားကို ဓားနဲ့ခုတ်သတ်မှာ မဟုတ်ဘူး။ လက်သီးနဲ့ တစ်ချက်ချင်းစီ ထိုးနှက်ပြီး အရှင်လတ်လတ် တစ်စစီဖြစ်ကာ ဖုန်မှုန့်လို ပျောက်ကွယ်သွားတဲ့အထိ လုပ်ပစ်မယ်။ ခင်ဗျားကို လူ့လောကထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်။’

ထိုသူသုံးဦးသည် မိမိတို့၏ အစွမ်းကုန် ထုတ်လွှတ်ထားသော အတွင်းအားများဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ ယွင်ကျုံးဟဲ့ထံသို့ တစ်လှမ်းချင်းစီ တိုးကပ်လာကြသည်။

ယွင်ကျုံးဟဲ့က စောင်းတီးခြင်းကို ရပ်တန့်လိုက်သော်လည်း သူတို့မှာ ပေါ့ဆခြင်းမရှိဘဲ ပိုမိုသတိထားကာ သူတို့၏ အတွင်းအားများကို ပိုမိုကြီးမားစွာ ထုတ်လွှတ်ပြီး ခန္ဓာကိုယ်ကို အကာအကွယ်ယူထားကြ၏။

ထိုအချိန်မှာပင် ယွင်ကျုံးဟဲ့ အပြုံးတစ်ခု ပြသလိုက်သည်။

“ခင်ဗျားတို့က အရမ်း ရိုးအလွန်းပါတယ်။”

ယွင်ကျုံးဟဲ့က တည်ငြိမ်စွာ ပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ အတွင်းအားတွေနဲ့ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားရင် အသုံးဝင်မယ်လို့ တကယ် ထင်နေတာလား။ သေချာပေါက် အသုံးဝင်တာပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အတွင်းအားက အရမ်း နည်းလွန်းသေးတယ်။ ကျုပ်ရဲ့ ဇနီးလောက် ရှိမှ ကျုပ်ရဲ့ စောင်းသံကို ခုခံနိုင်မှာပေါ့။”

ယွင်ကျုံးဟဲ့ လေကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ပါးစပ်ထဲရှိ ဆေးလုံးကို အားကုန် ကိုက်ခွဲလိုက်သည်။

သူ တစ်ကိုယ်လုံး နောက်ထပ် အခြေအနေ တစ်ခုသို့ ရောက်ရှိသွားပြီး စိတ်စွမ်းအားက ချက်ချင်း အဆပေါင်း များစွာ မြင့်တက်သွားပြီး လောကကြီး တစ်ခုလုံးက နောက်ထပ် အခြေအနေ တစ်ခုကို ရောက်ရှိသွား၏။

အချိန်တွေက နှေးကွေးသွားသကဲ့သို့ ခံစားရပြီး မျက်မှောက်ရှိ အင်အားကြီးမားတဲ့ လူသုံးယောက်၏ ခန္ဓာကိုယ်များက ဖောက်ထွင်းမြင်ရသလို ဖြစ်သွားကာ သူတို့၏ ဦးနှောက်များ၊ သွေးကြောများနှင့် ကလီစာများ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

ထိုမျှမက ဤအရာများ အားလုံးသည် အချက်အလက်များ အဖြစ် ပြောင်းလဲသွားသည်။ သွေးကြောများအတွက် ပဲ့တင်ထပ် ကြိမ်နှုန်း ဘယ်လောက်ကို သုံးရမည်နည်း။ ဦးနှောက်က ပဲ့တင်ထပ် ကြိမ်နှုန်းကို ဘယ်လောက် သုံးရမည် စသည်ဖြင့်ပင်။

နှလုံး၊ မျက်လုံး စသည်တို့ အားလုံးတွင် မတူညီသော ပဲ့တင်ထပ် ပျက်စီးခြင်း ကြိမ်နှုန်းများ ရှိကြ၏။

ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရူးသွပ်ဆုံးနဲ့ အလှပဆုံး သတ်ဖြတ်မှုကို ကြိုဆိုဖို့ အဆင်သင့် ဖြစ်ပြီလား။”

ထိုစကားကို ကြားချိန်၌ အင်အားကြီးမားသော သူသုံးယောက် ကြားလိုက်ရသည့် အချိန်၌ အန္တရာယ် ရှိသော အလိုအလျောက် သိစိတ် တစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး ယွင်ကျုံးဟဲ့ကို လက်သီးနှင့် တစ်စစီ ဖြစ်အောင် ထိုးမယ့် အကြံအစည်ကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။

‘ချက်ချင်း သတ်လိုက်မယ်၊ ဒီလူချောလေးက အရမ်း အန္တရာယ်များတယ်။’

ထို့နောက် သူတို့သည် လက်ထဲရှိ ဓားများကို အားကုန်မြှောက်ကာ ယွင်ကျုံးဟဲ့ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

တစ်ချိန်တည်းမှာပဲ ယွင်ကျုံးဟဲ့သည် လက်ခြောက်ချောင်း စောင်းနတ်ဆိုး ဘီသိုဗင်၏ အင်အားကြီးမားသော စိတ်စွမ်းအား အပါအဝင် တစ်ခါမှ မရှိဖူးသော စိတ်စွမ်းအားများကို စုစည်းလိုက်၏။

တစ်ခါမှ မရှိဖူးသော သေမင်း စောင်းသံ၊ တစ်ခါမှ မရှိဖူးသော သေမင်း အသံလှိုင်းများ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ဒေါင်...”

တစ်ခဏချင်း အတွင်းမှာပဲ လေပြေ တစ်ချက် တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။ မြေကြီး တစ်ခုလုံးတွင် ဖုန်မှုန့် မုန်တိုင်းများ ရုတ်တရက် ထောင်းထောင်း ထလာ၏။

အင်အားကြီးမားသော လူသုံးယောက်၏ အတွင်းအားများဖြင့် ဖန်တီးထားသော အကာအကွယ်လွှာက တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရပြီး အလွန် အားနည်းလွန်းလှသည်။

“ဒေါင်... ဒေါင်... ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...”

ထို့နောက်ယွင်ကျုံးဟဲ့၏ စောင်းသံသည် အလွန် မြန်ဆန်လာပြီး အလွန် ပြွတ်သိပ်လာသည်။ သူ၏ လက်များသည် မြန်ဆန်လွန်းသောကြောင့် အခြေခံအားဖြင့် မမြင်ရတော့ဘဲ အရိပ်များသာ မြင်ရတော့၏။

သူ၏ စောင်းသံသည် တကယ်ကို မုန်တိုင်းများကဲ့သို့ ပြွတ်သိပ်ပြီး ကြောက်စရာ ကောင်းလို့နေ၏။ စောင်းသံများသည် မျက်စိဖြင့် မမြင်နိုင်သော ကျည်ဆန်များကဲ့သို့ ဖြစ်နေပြီး မိုးသည်းထန်စွာ ရွာကျသကဲ့သို့ ရူးသွပ်စွာ ပစ်ထွက်သွားသည်။

ထို့နောက် တစ်ခါမှ မရှိဖူးသော လှပသည့် မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာ၏။

ဤထိပ်တန်း သိုင်းသမား သုံးဦး၏ မျက်လုံးများ၊ ဦးနှောက်များ၊ သွေးကြောများ၊ နှလုံးများ စောင်းသံနှင့် ပဲ့တင်ထပ်သွားသည်။

“ဘန်း... ဘန်း... ဘန်း... ဘန်း...”

လူသုံးယောက်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ တစ်လက်မချင်းစီ ပေါက်ကွဲထွက် သွားပြီး လေထဲတွင် တကယ့် သွေးရောင် မီးရှူးမီးပန်းများ ပွင့်လန်းလာသကဲ့သို့ ဖြစ်နေ၏။

ကြည့်ရသည်မှာ အနည်းငယ်မှ သွေးထွက်သံယို မဖြစ်ဘဲ အလွန် လှပပြီး အံ့မခန်း ဖြစ်နေသည်။

လူတိုင်း၏ အကြည့်များ အောက်တွင် ရာစုမှူး သုံးဦးသည် တစ်လက်မချင်းစီ ပျောက်ကွယ်သွား၏။

စက္ကန့် ဆယ်ဂဏန်းခန့် အကြာတွင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။

ရာစုမှူး သုံးဦး၏ ခန္ဓာကိုယ်များ ပျောက်ကွယ်သွားပြီး အပိုင်းအစများနှင့် သွေးမှုန်များအဖြစ် ပြောင်းလဲသွားကာ မြေကြီးပေါ်သို့ ပြန့်ကျဲသွားသည်။ မူလ နေရာတွင် ကျန်ရစ်ခဲ့သည်မှာ မလှုပ်မယှက် ရှိနေသော ဖြူဖွေးသည့် အရိုးစု သုံးခုသာ ဖြစ်၏။

ဤမြင်ကွင်းသည် အနုပညာ ပြပွဲ တစ်ခုနှင့်ပင် တူနေ၏။ သိုင်းပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်သည်။

ယွင်ကျုံးဟဲ့ တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး စောင်းကို မြေကြီးပေါ် ချကာ မတ်တတ်ရပ်လိုက်၏။

‘ချီးတဲ့မှ... ခြေထောက်တွေ ကျင်နေပြီ။ ဒါပေမဲ့ ဒီအချိန်မှာ ဟန်ရေးပြရမယ်၊ ပုံရိပ်ကို ထိန်းရမယ်၊ ပွတ်လို့ မရဘူး။’

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ထိပ်တန်း သိုင်းသမား တစ်ဦးကဲ့သို့ ကျင်နေသော ခြေထောက် နှစ်ဖက်ကို အောင့်ခံကာ ဖြည်းညင်းစွာ လမ်းလျှောက်သွားသည်။

ထိုအင်အားကြီးမားသူ သုံးဦး၏ အရိုးစုများ ရှေ့သို့ ရောက်ရှိလာချိန်တွင် ယွင်ကျုံးဟဲ့က လက်ဖြင့် ညင်သာစွာ တွန်းလိုက်ပြီးနောက် ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်၏။

ပဲ့တင်ထပ်မှုကြောင့် အပိုင်းပိုင်းကွဲကြေနေပြီဖြစ်သော အရိုးစုသုံးခုမှာ ချက်ချင်းပဲ ပြိုကျသွားပြီး အမှုန့်အဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

မည်မျှပင် အစွမ်းကုန် ဟန်ရေးပြခဲ့စေကာမူ ဤသို့ပင် အဆုံးသတ်သွားခဲ့ရ၏။

တစ်ကွင်းလုံးရှိ လူသောင်းချီ သေဆုံးသွားသကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

ထိုနေရာရှိ ပရိသတ် သောင်းချီသည် တကယ်ကို လုံးဝ အံ့ဩမှင်တက်သွားကြပြီး အစမှ အဆုံးထိ မည်သည့် အသံမှ မထွက်ရဲကြတော့ပေ။

လေအေးများကိုသာ တစ်ချက်ပြီး တစ်ချက် ရှူသွင်းနေကြသည်။

‘ဒီလောကမှာ ဒီလိုနည်းလမ်းနဲ့ လူသတ်လို့ ရသေးတယ်လား။ စောင်းသံနဲ့ လူသတ်တယ်လား။ အရမ်း အံ့ဩစရာ ကောင်းပြီး၊ အရမ်း ထူးဆန်းကာ၊ အရမ်း ယုံနိုင်စရာ မရှိလောက်အောင်ပဲ။’

စည်းမျဉ်းများအရ စိန်ခေါ် သိုင်းပြိုင်ရက်တွင် နောက်ဆုံး အနိုင်ရရှိသူသည် စင်မြင့်ပေါ်သို့ တက်ရောက်ပြီး လူတိုင်း၏ အားပေးမှုကို ခံယူရမှာဖြစ်သည်။ သို့ပေမည့် ယွင်ကျုံးဟဲ့ကို စင်မြင့်ပေါ် တက်ရန် မည်သူကမှ မဖိတ်ခေါ်ကြပေ။

ဆန့်ကျင်ဘက် အနေဖြင့် ထိုဧရာမ ဝံပုလွေကြီး သုံးကောင်က အနားသို့ တိုးလာပြီး ယွင်ကျုံးဟဲ့ကို ခေါင်းဖြင့် ပွတ်သီးပွတ်သပ် လုပ်ကာ ဖားယားနေကြသည်။ ‘မင်းတို့က တကယ်ကို ဖားယားတတ်တာပဲ။’

All Chapters