← Chapters

အခန်း ၉၂၁

Vol. 49 Ch. 921

အခန်း ၉၂၁

Vol. 49 Ch. 921

အပိုင်း (၉၂၁) - ဆွန်းရှောင်ချွမ်းကို ဖမ်းမိပြီလား။

ခြံဝင်းအတွင်းရှိ လူများမှာ တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြ၏။

ကျိုးမောက်ရွှယ်ပင်လျှင် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အစောက သူ၏ အကြံဉာဏ်သည် အလွန် ကောင်းမွန်သည်ဟု ထင်မှတ်ထားခဲ့၏။

ဘာပြဿနာမှ မရှိလောက်ဘူးဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ သတင်းစာ ထုတ်ဝေဖို့ အရှင်မင်းကြီး ကိုယ်တိုင် ခွင့်ပြုချက်လိုသည်ဆိုသောအချက်ကို သူ တစ်ခါမှ မကြားဖူးခဲ့ချေ။

"ဒီအစ်ကို ... သတင်းစာ ထုတ်ဝေဖို့ နန်းတွင်းရေးရာဌာနရဲ့ ခွင့်ပြုချက် လိုတယ်ဆိုတာကို ဘယ်ကနေ သိလာတာလဲ။"

လီယွမ်ကျောက်က ပြန်ဖြေလိုက်၏။ "အရင်က သတင်းစာ ဝယ်တုန်းက သတင်းစာပို့တဲ့လူတွေ ပြောတာ ကြားဖူးတာပါ။ ပြီးတော့ မိတ်ဆွေတို့ စဉ်းစားကြည့်လေ။ သတင်းစာဆိုတာ ဒီလောက် အရေးကြီးတဲ့ အဖွဲ့အစည်းကို နန်းတော်က ဘယ်လိုလုပ် အလွယ်တကူ ခွင့်ပြုမှာလဲ။ ဒီလမ်းကြောင်းက သွားလို့မရဘူး။"

ကျိုးမောက်ရွှယ်က ထပ်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီက သူ့ထက်အရင် ဖြတ်ပြောလိုက်သည်။ "ဒီလမ်းကြောင်းက သွားလို့မရဘူးဆိုရင်လည်း ထပ်မစဉ်းစားပါနဲ့တော့။ ကျုပ်တို့ မလှုပ်ရှားခင် ကျင်းယီဝေက အိမ်ကို ဝင်စီးတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။ အားလုံး အချုပ်ထဲ ရောက်သွားရင် ဘာမှ ဆက်လုပ်လို့ မရတော့ဘူး။ ဒါကြောင့် ကျုပ်ရဲ့ အကြံဉာဏ်ကို အရင်ဆုံး နားထောင်ကြည့်ပါလား။"

လူအုပ်ကြီးက သက်ပြင်းချလိုက်ပြီး ဖန်ကျန်းရီကို မော့ကြည့်လိုက်ကြ၏။

ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ "မလှုပ်ရှားခင် ကျုပ် အားလုံးကို မေးခွန်းတစ်ခု မေးချင်တယ်။ အားလုံးက နန်းတော်က သိပ္ပံပညာကို အလေးထားတာဟာ လမ်းမှားကို ရောက်နေတာ၊ လမ်းလွဲနေတာလို့ ပါးစပ်ကနေ အမြဲတမ်း ပြောနေကြတယ်။ ဒါဆို ဒီမှာ ရှိတဲ့သူတွေထဲက သိပ္ပံပညာဆိုတာ ဘာလဲဆိုတာကို သိတဲ့သူ ဘယ်နှစ်ယောက် ရှိလဲ။ တခြားတစ်မျိုး ပြောရရင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ် က သင်ပေးနေတဲ့ ပညာရပ်တွေက ဘာတွေလဲဆိုတာ သိတဲ့သူ ရှိလား။"

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ပြန်ဖြေမည့်သူ တစ်ဦးမျှ မရှိချေ။

အဲဒါ ဘာကြီးလဲဆိုတာ ဘယ်သူက သိမှာလဲ။ လက်မှုပညာသည်တွေ သင်တဲ့ ပညာရပ်ဆိုတာလောက်ပဲ သိကြတယ်။ လက်ခံထားတဲ့ ကျောင်းသားတွေကလည်း စာမတတ်၊ ပေမတတ် လူရိုင်းတွေချည်းပဲ။

လက်မှုပညာသည်တွေ သင်တဲ့ ပညာရပ်ဆိုမှတော့ သေချာပေါက် အဆင့်အတန်း မရှိတဲ့ ပညာရပ်ပဲ ဖြစ်ရမှာပေါ့။

ဘယ်သူကများ အဲဒါကို သွားလေ့လာချင်စိတ် ရှိမှာလဲ။

ကျိုးမောက်ရွှယ်က မကျေမနပ်ဖြင့် ပြောလိုက်၏။ "ဥက္ကဋ္ဌထန် ... ဒီလို လမ်းမှား၊ လမ်းလွဲနေတဲ့ ပညာရပ်ကို လေ့လာပြီး ဘာလုပ်မှာလဲ။ ကျုပ် သိတာတစ်ခုကတော့ အဲဒါက တာ့ကျင်းအတွက် ဝေဖန်ရမယ့်အရာ၊ ဖျက်သိမ်းရမယ့်အရာပဲ။

တခြားဟာတွေကို မပြောဘဲ နန်းတွင်းက နေရာကိုပဲ ကြည့်။ ရာထူးနေရာတွေက အကန့်အသတ်နဲ့ပဲ ရှိတာ။ အခု သိပ္ပံပါရဂူရာထူးကို အသစ်သတ်မှတ်လိုက်တာက တခြားသူတွေရဲ့ နေရာကို လုယူလိုက်တာပဲ။

အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ရဲ့ ပညာရပ်က ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော သူတော်စင်တွေရဲ့ အဆုံးအမဖြစ်တဲ့ လေးအုပ်၊ ငါးကျမ်းလောက် ကောင်းပါ့မလား။"

ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ "မှန်တယ်။ ပြောတာ သိပ်မှန်တယ်။"

ဒါပေမဲ့ ကျုပ် ပြောချင်တာက လေးအုပ်ငါးကျမ်း ပြောရရင် ဒီမှာ ရှိတဲ့သူတွေထဲက ဘယ်သူမှ နန်းတွင်းက အရာရှိတွေကို မမီပါဘူး။ ဒါပေမဲ့ သိပ္ပံပညာရပ်ကို ပြောရရင် နန်းတွင်းက အရာရှိတွေက အားပေးထောက်ခံနေပြီး ကျုပ်တို့က ဘာမှ နားမလည်ကြဘူး။ တကယ်လို့ ကျုပ်တို့တွေ နန်းတော်နဲ့ သွားပြီး အကျိုးအကြောင်း ပြောရမယ့်အချိန် ရောက်လာရင် ဘယ်လိုလုပ်ပြီး အသာစီး ရနိုင်မှာလဲ။"

"ပြောတာ မှန်တယ်။ ဒါဆို ဥက္ကဋ္ဌက ဘာဆိုလိုတာလဲ။" လီယွမ်ကျောက်က မေးလိုက်၏။

"ဒါကြောင့် ကျုပ် ဆိုလိုတာက ပထမအဆင့်အနေနဲ့ ကျုပ်တို့တွေက သိပ္ပံပညာအကြောင်း နည်းနည်းပါးပါးတော့ သိထားရမယ်။ ပိုကောင်းတာက သေချာ နက်နက်ရှိုင်းရှိုင်း သိထားပြီးမှ အလုပ်စလုပ်တာ ပိုကောင်းမယ်။ ကိစ္စတွေ မကြီးလာခင်၊ အပြင်လူတွေ သိပ်မသိသေးခင် ကျုပ်က အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ကနေ ဆရာတချို့ကို ခေါ်လာပေးမယ်။ မိတ်ဆွေတို့က သေချာ ဂရုတစိုက် နားထောင်ပြီး လေ့လာပါ။ သူတို့ရဲ့ အားနည်းချက်တွေ၊ တာ့ကျင်းအတွက် ကြီးမားတဲ့ ဆိုးကျိုးတွေကို သေချာပေါက် ရှာဖွေရမယ်။

မဟုတ်ရင် ဗလာကျင်းနဲ့ သွားပြောနေရင် နောက်ဆုံးမှာ လူတွေကို သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး။ ဒါက ဘိုးဘေးတွေ ပြောခဲ့တဲ့ ပညာရှာတဲ့ စိတ်ထားမျိုး မဟုတ်ဘူး။ မိတ်ဆွေတို့ရဲ့ ပညာဉာဏ်နဲ့ဆိုရင် အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ရဲ့ ရိုင်းစိုင်းတဲ့ ပညာရပ်တွေကို သုံးရက်၊ ငါးရက်လောက် သင်လိုက်တာနဲ့ သေချာပေါက် ကျွမ်းကျင်သွားမှာလို့ ကျုပ် ယုံကြည်ပါတယ်။ အဲဒီအချိန်ကျမှ ကျုပ်တို့ ပြောတဲ့စကားတွေက အကျိုးအကြောင်း ခိုင်လုံမှာပါ။

ကျုပ် ကြည့်ရသလောက် အဝေးကနေ မြို့တော်ကို လာပြီး စာမေးပွဲဖြေတဲ့သူတွေ အများကြီးပဲ။ ခရီးစရိတ်လည်း သိပ်မကျန်တော့ဘူး ထင်တယ်။ ဒီကာလအတွင်းမှာ အားလုံးပဲ ကျုပ်ဆီမှာ စားသောက်ပြီး နေထိုင်ကြပါ။ ကုန်ကျစရိတ် အားလုံးကို ကျုပ် တာဝန်ယူပါ့မယ်။ အားလုံးပဲ အားမနာပါနဲ့။

ဒါဆိုရင် ... ကျုပ်တို့တွေ အချိန်မဖြုန်းတော့ဘဲ အခုပဲ လက်ထောင်ပြီး ဆန္ဒမဲ ပေးကြရအောင်။ ကျုပ်ကို ကန့်ကွက်တဲ့သူ ရှိရင် လက်ထောင်ပါ။"

...

နှစ်နာရီခန့် ကြာပြီးနောက် ဆွေးနွေးပွဲ ပြီးဆုံးသွားပြီး အားရပါးရ စားသောက်ပြီးနောက် ပင်ပန်းနွမ်းနယ်နေသော ပညာတတ်များကို အစေခံများက နေရာချထားပေးလိုက်၏။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် လမ်းခွဲကာ ကျင်းယီဝေဌာနချုပ်တွင် ပြန်ဆုံကြသည်။

တွေ့သည်နှင့် တစ်ပြိုင်နက် လီယွမ်ကျောက်က ချက်ချင်း ပြောလိုက်၏။ "ဖန်ကြီး... ဒီနေ့ တကယ်ကို အဆင်ချောတာပဲ။ သူတို့ တကယ်ပဲ သဘောတူသွားတယ်။ မနက်ဖြန် သူတို့ကို စာသင်ပေးဖို့ တကယ်ပဲ ဆရာတွေ ခေါ်လာပေးတော့မလို့လား။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။ "သူများဆီက စားထားရင် သူများပြောတာ နားထောင်ရမှာပေါ့။ ပြီးတော့ ကျုပ် ပြောတာတွေက အကျိုးအကြောင်း ဆီလျော်တယ်လေ။ ဒီလူတွေက အလုပ်လုပ်ဖို့ ယုံကြည်မှု မရှိကြဘူး။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် အကြောင်း ဘာမှ နားမလည်ကြတော့ ကျုပ် ပြောတာကို သဘောတူကြတာပေါ့။ မနက်ဖြန် သူတို့ကို စာသင်ပေးဖို့ ဆရာတွေ ခေါ်လာပြီး ဦးနှောက်ကို သေချာ ဆေးကြောပေးလိုက်မယ်။

တကယ်တော့ ပဋိပက္ခရဲ့ အဓိက အကြောင်းရင်းက သတင်းအချက်အလက် မညီမျှတာပဲ။ သူတို့ကို သိပ္ပံပညာ သင်ပေးပြီး သိပ္ပံပညာအကြောင်း နားလည်သွားအောင် လုပ်လိုက်ရင် ပဋိပက္ခ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းနိုင်သွားမှာပါ။"

လီယွမ်ကျောက်က ခေါင်းညိတ်လိုက်၏။ "အင်း ... ဒါပေမဲ့ တစ်ခုတော့ ခင်ဗျား အရမ်း အလျင်စလို လုပ်လိုက်တယ်လို့ ထင်တယ်။ သူတို့ စိတ်ပင်ပန်းနေတဲ့ အချိန်မှာ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တစ်ခါတည်း ချမှတ်လိုက်သင့်တယ်။ အဲဒါမှ နောက်ပိုင်း ထိန်းချုပ်ရ လွယ်မှာလေ။ အခုတော့ အထက်အောက် ခွဲခြားမှု မရှိဘူး၊ အားလုံးက ညီအစ်ကိုတွေပဲဆိုတော့ နောက်ပိုင်း သူတို့ စကားနားမထောင်ရင် ထိန်းချုပ်ရ ခက်သွားလိမ့်မယ်။"

ဖန်ကျန်းရီက မျက်လုံးကို မှေးကာ ပြောလိုက်သည်။ "မဟုတ်ဘူး။ ရှင်းရှန်းအသင်း ဖွဲ့စည်းတာက အရမ်း အလျင်စလို ဖြစ်ခဲ့တာ။ ချက်ချင်း စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်လိုက်ရင် ပြဿနာ တက်နိုင်တယ်။ ကျုပ်တို့က ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ခု၊ လူ့သဘာဝကို ထည့်စဉ်းစားတဲ့ အဖွဲ့အစည်းတစ်ခု မလိုအပ်ဘူး။ စည်းမျဉ်းစည်းကမ်း မရှိတာက အကောင်းဆုံး စည်းမျဉ်းစည်းကမ်းပဲ။ အားလုံးက ညီအစ်ကိုတွေဆိုတဲ့ စကားကို ဂရုစိုက်နေစရာ မလိုဘူး။ ကျုပ်ကို ဥက္ကဋ္ဌလို့ ခေါ်လိုက်တာနဲ့ အဆင့်အတန်း ခွဲခြားမှုက ရှိသွားပြီ။ ဒီနေ့က ညီအစ်ကိုတွေ ဖြစ်ပေမဲံ မနက်ဖြန် ... တချို့လူတွေက ကျေးကျွန် ဖြစ်သွားနိုင်တယ် ... ဟဲဟဲ။"

လီယွမ်ကျောက်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဒါဆို နောက်ပိုင်း ခင်ဗျား ဘယ်လိုလုပ်မလို့လဲ။ သူတို့ကို ဒီအတိုင်းပဲ မွေးထားမလို့လား။"

"နောက်ပိုင်း ကိစ္စက အချိန်တန်ရင် သိရမှာပေါ့။ ဒါပေမဲ့ ကျုပ်က ဘယ်တော့မှ အလကားလူတွေကို မမွေးထားဘူးဆိုတာတော့ သေချာတယ်။"

...

"စွန်းရှောင်ချွမ်းက အပြစ်ကြီးလွန်းတယ်။ မြို့စောင့်တပ်က ဘာတွေ လုပ်နေတာလဲ။ အခုထိ မဖမ်းမိသေးဘူးလား။" အရှင်မင်းကြီးသည် သူ့ရှေ့ရှိ အစီရင်ခံစာကို ကြည့်ရင်း နားထင်ကြောများပင် ထောင်လာတော့၏။

အရှင်မင်းမြတ်တစ်ပါးအနေဖြင့် မြို့တော်အတွင်းရှိ အသေးအဖွဲ ကိစ္စရပ်များ အားလုံးကို သိရှိနေရသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း မြို့တော်တွင် မကောင်းမှုမျိုးစုံ လုပ်သော လူဆိုးကြီးတစ်ယောက် ပေါ်လာခဲ့၏။

အစီရင်ခံစာကို ဖတ်ပြီး သူ အလွန်ပင် ဒေါသထွက်သွားသည်။

ကော်ပန်ပန်မှာ အကြောက်လွန်ကာ လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။ "မြို့စောင့်တပ်က သတင်းပို့တာတော့ စွန်းရှောင်ချွမ်းကို ဖမ်းဖို့ လူတွေ ထပ်တိုးပြီး ရှာနေပါတယ်တဲ့။ နောက်ရက်အနည်းငယ်အတွင်း ဖမ်းမိတော့မှာပါတဲ့။"

စွန်းရှောင်ချွမ်းကို ပြောရလျှင် ကော်ပန်ပန်၏ ရင်ထဲတွင်လည်း ဒေါသများ အလွန်အမင်း ထွက်နေ၏။

ဒီကောင်ကြောင့် သူ အရှင်မင်းကြီးရဲ့ ဆူပူမှုကို အကြိမ်ကြိမ် ခံခဲ့ရတယ်။ ပြီးတော့ ဒီလို လူယုတ်မာမျိုးကို သူ တစ်ခါမှ မကြားဖူးဘူး။

ဒီကောင်က မြို့တော်ထဲမှာ လျှောက်သွားပြီး ပြစ်မှုတွေ ကျူးလွန်နေတယ်။ လှုပ်ရှားမှုကလည်း လျှို့ဝှက်ဆန်းကြယ်ပြီး နည်းလမ်းတွေကလည်း ယုတ်မာလွန်းတယ်။

သော့ပေါက်ကို ကော်နဲ့ပိတ်တယ်၊ ညဘက် မြို့ရိုးအုတ်ခဲတွေကို ခွာတယ်၊ အိမ်သာကို ဗျောက်အိုးနဲ့ ခွဲတယ်、 စက်ဘီးစီးနေတဲ့ လူတွေကို တုတ်နဲ့ ထိုးတယ် ...

ဒါတွေအပြင် အဘွားကြီးတွေရဲ့ ဘောင်းဘီတိုကို ခိုးတယ်၊ ကလေးတွေရဲ့ သကြားလုံးကို ခိုးတယ် ...

သူ့ရဲ့ သွေးကြောထဲမှာ ယုတ်မာတဲ့ သွေးတွေချည်းပဲ စီးဆင်းနေတာပဲ။

သူ လုပ်ခဲ့တဲ့ အမှုပေါင်း ဆယ်ဂဏန်းလောက် ရှိနေပြီ။ သူ့တစ်ယောက်တည်းကြောင့် ရုံးတော်အပြင်ဘက်မှာ တိုင်ကြားတဲ့လူတွေ တန်းစီနေတာ အရှည်ကြီးပဲ။

အခုဆိုရင် အရှင်မင်းကြီးတောင် သိသွားပြီ ...

အရှင်မင်းကြီးက အစီရင်ခံစာကို ပစ်ချလိုက်ပြီး ရင်ထဲတွင် အလွန်အမင်း ဒေါသထွက်သွား၏။

စိတ်ရှုပ်စရာတွေ ... မူလကတည်းက စိတ်ရှုပ်နေပါတယ်ဆိုမှ ဒီလိုလူမျိုးနဲ့ လာတွေ့နေသေးတယ်။ ငွေလည်း မလိုချင်ဘူး၊ မိန်းမလည်း မလိုချင်ဘူး။ မကောင်းမှု လုပ်ရတာကိုပဲ ပျော်နေတဲ့ကောင်။ မြို့တော်တစ်ခုလုံး အထိတ်တလန့် ဖြစ်ကုန်ပြီ။

"မြန်မြန်။ စွန်းရှောင်ချွမ်းကို မြန်မြန်ဖမ်းပြီး ဈေးအလယ်မှာ လူပုံအလယ် ပြင်းပြင်းထန်ထန် အပြစ်ပေး။ ပြည်သူတွေရဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ရမယ်။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးသိပါပြီ။"

"အင်း ... ကျင်းယီဝေဘက်က သတင်းရောက်ပြီလား။ ဖန်ကျန်းရီ အခု ဘာတွေ လုပ်နေလဲ။"

All Chapters