အခန်း ၉၂၃
Vol. 49 Ch. 923
အပိုင်း (၉၂၃) - ကမ္ဘာသစ်၏ တံခါးပေါက်။
သိပ္ပံပညာသစ် ဖြန့်ဝေခြင်း စတင်ပါပြီ။
ပညာတတ်များသည် ငယ်စဉ်တည်းက လေးအုပ်၊ ငါးကျမ်းကို ကျွမ်းကျင်စွာ သင်ယူခဲ့ကြ၏။ ရိုးရာယဉ်ကျေးမှု အများစုသည် စိတ်ပိုင်းဆိုင်ရာ ပညာရပ်များတွင်သာ အဓိကထားပြီး လူ့သဘာဝနှင့် စနစ်များကို ဆွေးနွေးခြင်း မှာလည်း အကန့်အသတ်ဟူ၍ ရှိသည်။
သဘာဝတရားကို နားလည်ခြင်းမှာလည်း ကိုယ်ပိုင် စနစ်တစ်ခု ရှိသော်လည်း နောက်ဆုံးတွင် လူ့စိတ်နှင့် သဘောထားများဆီသို့သာ ရောက်ရှိသွားတတ်၏။
အရှေ့ဆင်ခြေဖုံး တက္ကသိုလ် ၏ ပညာရပ်များကို နားမလည်ကြသော်လည်း အားလုံးက ဂရုမစိုက်ကြချေ။
နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော ကျမ်းဂန်များသည် အရာအားလုံးကို လွှမ်းခြုံထားပြီးဖြစ်ကာ နှောင်းလူများ၏ အသိပညာ အားလုံးသည် ရှေးလူများ၏ အတွေးအမြင်များကို ပြန်လည်အသုံးပြုထားခြင်းသာ ဖြစ်သည်ဟု ခံယူထားကြသည်။
ထိုကဲ့သို့သော သဘောထားဖြင့် လူအားလုံးသည် အထင်သေးသော အမူအရာဖြင့် ပထမဆုံး အတန်းကို စတင် နားထောင်ခဲ့ကြ၏။
နားမထောင်လျှင်တော်သေးသည်။ နားတောင်မိတော့ အားလုံးက ကြောင်အမ်းသွားကြသည်။
မိုရှောင်ဟူက ပထမဆုံး သင်ကြားခြင်းဖြစ်သဖြင့် လွယ်ကူရာမှ ခက်ခဲရာသို့ အဆင့်ဆင့် သင်ကြားပေးကာ အကြမ်းဖျင်း ရှင်းပြခြင်းမှ စတင်ခဲ့သည်။ နေထွက်နေဝင်ခြင်းမှစ၍ ဓာတုဗေဒ ပြောင်းလဲမှုများ၊ လောကကြီးတွင် ရှိနေသော အားအမျိုးမျိုး၊ သံလုံးနှစ်လုံး တစ်ပြိုင်နက်တည်း ပြုတ်ကျခြင်း ... စသည်တို့ကို ရှင်းပြခဲ့၏။
ရိုးရာ ပညာရေးစနစ်တွင် နစ်မြုပ်နေသော ဤကျောင်းသားများအတွက်တော့ ဤအရာများသည် ဒဏ္ဍာရီ ပုံပြင်များကဲ့သို့ ဖြစ်နေသည်။
ယခင်က သင်ခဲ့ရသော လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာ၊ စိတ်ထားပြုပြင်ရေး၊ အိမ်ထောင်ထိန်းသိမ်းရေး၊ နိုင်ငံအုပ်ချုပ်ရေး စသည့် အကြောင်းအရာများ လုံးဝ မပါဝင်ချေ။
သဘာဝတရား၏ နိယာမများကိုသာ သီးသန့် လေ့လာခြင်း ဖြစ်သည် ... သီးသန့် နည်းပညာများသာ ဖြစ်၏။
သူတို့ ထင်ထားခဲ့သော လမ်းမှား၊ လမ်းလွဲနေသည့် ပညာရပ်များနှင့် အများကြီး ကွာခြားနေသည်။
မိုရှောင်ဟူနှင့် အခြားဆရာများက သင်ထောက်ကူ ပစ္စည်းများကို ထုတ်ယူကာ စာသင်ကြားသောအခါ အခြေအနေသည် ထပ်မံ၍ ပြောင်းလဲသွားပြန်၏။
ရူပဗေဒ သင်ကြားသူက စက်သီးအစုံကို ယူဆောင်လာပြီး ကျောင်းသားများကို တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်ခိုင်းသည်။
လူအများအပြားမှာ အလွန်စိတ်ဝင်စားသွားကြပြီး အထင်သေးသော အမူအရာများကို ခေတ္တဘေးဖယ်ထားကာ စိတ်အားထက်သန်စွာဖြင့် စမ်းသပ်ကြည့်ကြ၏။
အားလုံးက ပုံမှန်အားဖြင့် စာကြည့်ခန်းထဲတွင်သာ နေလေ့ရှိပြီး အပြင်ထွက်ပါကလည်း ကဗျာရွတ်၊ စာစီကုံးခြင်းများသာ ပြုလုပ်လေ့ရှိကာ ဤကဲ့သို့သော အရာများကို လုံးဝ မထိတွေ့ဖူးကြချေ။
ဘီးအနည်းငယ်ကို သုံးရုံဖြင့် ခွန်အားများစွာကို ချွေတာနိုင်သည်ဆိုသည့် ကိစ္စကို သူတို့ လုံးဝ မယုံကြည်ကြပေ။
ကိုယ်တိုင် စမ်းသပ်ကြည့်မှသာ ဤအရာသည် တကယ်ကို အံ့သြစရာ ကောင်းကြောင်း ဝန်ခံလိုက်ရတော့သည်။
လူနှစ်ယောက်တောင် မ,မနိုင်သော ကျောက်တုံးကြီးကို ဤမျှ ရိုးရှင်းသော တည်ဆောက်ပုံလေးဖြင့် အလွယ်တကူ မ နိုင်သည်မှာ တကယ်ကို အံ့သြစရာပင်။
အခြေခံ ရူပဗေဒကို ရှင်းပြပြီးနောက် နှစ်နာရီခန့် ကုန်လွန်သွားပြီး ဓာတုဗေဒ သင်ကြားသူက ဆက်လက် သင်ကြားပေး၏။
ဖန်ပြွန်များ၊ ပန်းကန်လုံးများကို ထုတ်ယူကာ အက်ဆစ်၊ ဘေ့စ် စမ်းသပ်မှုများ၊ မီးလောင်ကျွမ်းမှု စမ်းသပ်မှုများ နှင့် တွင်းထွက်ပစ္စည်း ခွဲခြမ်းစိတ်ဖြာမှုများကို ပြသခဲ့သည်။
အပူပေးခြင်း、 ကြိတ်ခွဲခြင်း、 ဖျော်စပ်ခြင်း စသည့် နည်းလမ်းများကို တစ်ခုချင်းစီ ပြသခဲ့ပြီး ကျောင်းသားများ ကိုယ်တိုင် ပါဝင်စမ်းသပ်မှုများလည်း သဘာဝကျစွာပင် ပါဝင်ခဲ့၏။
အတန်းနှစ်ချိန် ပြီးဆုံးသွားသောအခါ လူအများစု၏ စူးစမ်းချင်စိတ်များ အလွန်အမင်း တက်ကြွလာခဲ့သည်။
မွန်းတည့်ချိန်သို့ ရောက်သော်လည်း မည်သူကမျှ ဗိုက်ဆာသည်ဟု မခံစားရဘဲ စာသင်ကြားမှုကိုသာ စိတ်ဝင်တစား နားထောင်နေကြ၏။
ဤအရာများသည် လောလောဆယ်တွင် မည်သို့ အသုံးဝင်မည်ကို နားမလည်နိုင်သေးသော်ငြား သူတော်စင် ကျောင်းတော်သားတို့၏ ပညာရပ်များနှင့် ဆန့်ကျင်ဘက် မဖြစ်သည်မှာတော့ သေချာလှသည်။ ထို့အပြင် တကယ်ကိုပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ကမ္ဘာသစ်တစ်ခု၏ တံခါးပေါက်ကြီး ပွင့်ဟသွားသည့်အလားပင်။
ပထမနေ့ အတန်းပြီးဆုံးသွားပြီး အဓိက လေ့လာမည့် ဘာသာရပ်ကို ရွေးချယ်ပြီးသွားသောအခါ အများစုမှာ မဝသေးသလို ခံစားနေကြရသည်။
ဖန်ကျန်းရီကို အမြဲတမ်း ရန်သူလို သဘောထားခဲ့သော ကျိုးမောက်ရွှယ်ပင်လျှင် ဝန်ခံလိုက်ရ၏။
ဒီနေ့ တကယ်ပဲ မျက်စိပွင့်သွားတယ်။
ဖန်ကျန်းရီလည်း အံ့အားသင့်သွားသည်။
အရှေ့ဆင်ခြေဖုံး တက္ကသိုလ်၏ အတွေ့အကြုံများအရ ဆိုရလျှင် ရူပဗေဒနှင့် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ကို ရွေးချယ်သူက အများဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းပြီးသည်နှင့် တစ်ပြိုင်နက် ငွေကြေး ချက်ချင်း ရှာဖွေနိုင်သောကြောင့် ဖြစ်၏။ ထိုနယ်ပယ်တွင် လုပ်သားအင်အား အလွန်လိုအပ်နေခြင်းကြောင့်လည်း ပါပေမည်။
သို့ပေမည့် ခြံဝင်းအတွင်းရှိ ဤကျောင်းသားများကမူ ဇီဝဗေဒဘာသာရပ်ကို အလွန်ပင် စိတ်ဝင်စားနေကြသည်။ လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ အရိုးအဆစ်များ၊ သွေးကြောများနှင့် အင်းဆက်များက စအိုမှတစ်ဆင့် အသက်ရှူကြသည်ဆိုသော အချက်များက သူတို့အားလုံးကို အံ့သြမှင်သက်သွားစေခဲ့သည်။
နောက်ဆုံးတွင် အဏုကြည့်မှန်ပြောင်းကို ထုတ်ပြလိုက်သောအခါ၌မူ သူတို့၏ စူးစမ်းလိုစိတ်များမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။ လူအများအပြားမှာ အပင်များနှင့် တိရစ္ဆာန်များ၏ ဆဲလ်များ မည်သို့သော ပုံစံရှိသည်ကို သိမြင်လိုလှသဖြင့် တိုးဝှေ့ကြည့်ရှုချင်နေကြ၏။
အားလုံး အလှည့်ကျ ကြည့်ရှုပြီးသွားသော အချိန်တွင်တော့ ရှေးယခင်ကတည်းက ရှိခဲ့ပြီး မပြောင်းလဲသေးသော မေးခွန်းတစ်ခုကို လူတစ်ယောက်က မေးမြန်းလာခဲ့လေသည်။ ၎င်းမှာ တစ်စက်လျှင် ဆယ်စက်နှင့် ညီမျှသည် ဆိုသော ထိုအရည်သည် အဏုကြည့်မှန်ပြောင်းအောက်တွင် မည်သို့သော ပုံစံရှိနေမည်နည်း ဆိုသည်ပင် ဖြစ်တော့သည်...။
ဤမေးခွန်းကြီး ထွက်ပေါ်လာသော အချိန်တွင်မူ လူအားလုံး၏ အာရုံစိုက်မှုမှာ လုံးဝကို အခြားတစ်ဖက်သို့ ပြောင်းလဲရောက်ရှိသွားလေတော့၏။
စာသင်ကြားရာတွင် ပိုမိုထိရောက်မှု ရှိစေရန် ဖန်ကျန်းရီက ချက်ချင်းပင် လူလွှတ်ကာ ထိုထူးဆန်းသော အရည်ကို ရှာဖွေခိုင်းလိုက်လေသည်။ ကံကောင်းသည်မှာ အိမ်ငှားရမ်းစဉ်က အိမ်ရှင်ဖြစ်သူ ချန်ရစ်ထားခဲ့သော တံခါးစောင့် ခွေးနက်ကြီးတစ်ကောင် ရှိနေခြင်းပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုခွေးနက်ကြီးမှာ အထီးဖြစ်နေသည်။ ထို့ကြောင့် အစေခံများအဖြစ် ဟန်ဆောင်ထားကြသော ကျင်းယီဝေများက ထိုခွေးနက်ကြီးကို ချက်ချင်း ဖမ်းချုပ်ကာ နံရံထောင့်သို့ ခေါ်ဆောင်သွားပြီး ခွေး၏အရည်များကို အတင်းညှစ်ထုတ်ယူကြလေသည်။ ထို့နောက် စာသင်ကြားရာတွင် အသုံးပြုရန် ပုလင်းဖုံး တစ်ဖုံးစာခန့် ရယူလာခဲ့ကြသည်။
သွေးရောင်သန်းနေသော ထိုအရည်ထဲ၌ ဖားလောင်းလေးများသဖွယ် ကူးခတ်သွားလာနေကြသည်ကို မြင်တွေ့လိုက်ရသောအခါတွင်မူ ကျောင်းသားများ အားလုံး အံ့သြမှင်သက်သွားကြလေတော့သည်။
ဒါ ခွေးလေးတွေ မဟုတ်ဘူး၊ ဖားလောင်းလေးတွေပဲ၊ ပြီးတော့ ဒီလောက် အများကြီး ...
ဒါဆို မွေးလာတော့ ဘာလို့ ခွေးလေးတွေ ဖြစ်လာရတာလဲ။
လူအားလုံးက တစ်ယောက်ကိုတစ်ယောက် တီးတိုးစကားပြောပြီး အပြင်းအထန် ခန့်မှန်းနေကြ၏။
ဖားလောင်းပုံစံ ရှိကြသော ဤခွေးပေါက်လေးများမှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လှပြီး အချင်းချင်း ကိုက်ဖြတ်စားသောက်ကြလေရာ နောက်ဆုံး၌ အသန်မာဆုံးသော အကောင်သာလျှင် အသက်ရှင်ကျန်ရစ်ကာ မွေးဖွားလာခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့မဟုတ်ပါကလည်း အသက်ရှင်ကျန်ရစ်သော အကောင်များမှာ ရေကူးကျွမ်းကျင်သောကြောင့်လည်း ဖြစ်တန်ရာ၏။ ခွေးအားလုံးမှာ ရေကူးတတ်ကြသည် မဟုတ်ပါလား။ သို့ဖြစ်ရာ ရေမကူးတတ်သော အကောင်များမှာ လမ်းတစ်ဝက်တွင်ပင် ရေနစ်သေဆုံးသွားကြခြင်း ဖြစ်နိုင်၏။
ပညာတတ်များစွာသည် စိတ်ကူးယဉ်မှုများစွာဖြင့် တွေးတောနေကြရာ ဖန်ကျန်းရီပင်လျှင် ချွေးပြန်လာသည်။
ပထမနေ့၏ ရလဒ်မှာ အလွန်အောင်မြင်သည်ဟု ဆိုနိုင်ပြီး ဖန်ကျန်းရီ မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ဒုတိယနေ့တွင်မူ ပို၍ အဆင်ပြေချောမွေ့သွားပြီး ကျောင်းသားများသည် ယမန်နေ့က သူတို့ရွေးချယ်ထားသော ဘာသာရပ်များကို အသီးသီး ခွဲခြား၍ လေ့လာကြ၏။
အတန်းထဲတွင် စမ်းသပ်မှုများကို အဓိကထားပြီး မေးခွန်းများကို ဖြေကြားပေးကာ၊ အတန်းပြီးသောအခါ အိမ်စာများ ပေးလိုက်ပြီး ဘာသာရပ်တူသူများ အချင်းချင်း ဆွေးနွေးလေ့လာကြသည်။
ဒုတိယနေ့တွင် ဆရာများက အမှတ်ပေးကြ၏။
ဖန်ကျန်းရီသည် သီးသန့် ကြီးမားသော ဆိုင်းဘုတ်ကြီးတစ်ခုကို ပြုလုပ်ခဲ့ပြီး လူတစ်ရာ အဆင့်သတ်မှတ်ချက်ကို ရေးသားကာ သင်ယူမှု တိုးတက်စေရန် အကြောင်းပြချက်ဖြင့် နေ့စဉ် ဆရာများ၏ အမှတ်ပေးမှုအပေါ် မူတည်၍ အဆင့်သတ်မှတ်ချက်ကို ပြသထားခဲ့သည်။
မူလက ဤကျောင်းသားများသည် ငယ်စဉ်တည်းက စာသင်လာခဲ့ကြသူများ ဖြစ်သဖြင့် သင်ယူမှု အလေ့အကျင့် အလွန်ကောင်းမွန်ကြပြီး အဆင့်သတ်မှတ်ချက် ဆိုင်းဘုတ်ကို မြင်သောအခါ ချက်ချင်းပင် မနေနိုင်တော့ဘဲ အချိန်ပိုဆင်းကာ စာလေ့လာကြတော့၏။
စာတော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ ဆိုင်းဘုတ်ကို မြင်လိုက်သည်နှင့် ယှဉ်ပြိုင်လိုစိတ်က အလိုလို ဖြစ်ပေါ် လာတတ်သည်။
ကျောင်းမှာ တစ်ခါမှ အဆင့်မဝင်ဖူးတဲ့ စာညံ့သော ကျောင်းသားတောင်မှ အင်တာနက်စာအုပ်တွေထဲက ဇာတ်လိုက်တွေ အဆင့်လုတာကို ဖတ်ပြီး စိတ်လှုပ်ရှားတတ်သေးသည် မဟုတ်ပါလား။
အဆင့်အနိမ့်ဆုံး စာရေးဆရာတောင်မှ ဝက်ဘ်ဆိုက်က ပြိုင်ပွဲလုပ်ရင် ကိုယ့်အဆင့်ကိုယ်မသိဘဲ ဝင်ပြိုင်ချင်သေးသည်မှာ သဘာဝပင်။
ယခုလို နေရာအနှံ့ကနေ ရောက်လာသော ကျောင်းသားတွေဆိုလျှင် ပိုဆိုးတာပေါ့။ သူတို့အားလုံးက ကိုယ့်ဒေသမှာတော့ ထိပ်တန်းကျောင်းသားတွေချည်းပင်။
ထို့အပြင် ဤနေရာ၌ စာမေးပွဲကျသောသူတွေ စုဝေးနေကြခြင်းဖြစ်သည်။ ယခုအဆင့်ပင် မဝင်ပါက မျက်နှာကို မည်သည့်နေရာတွင် ထားရတော့မည်နည်း။
ရက်အနည်းငယ် ဆက်တိုက်ဆိုသလို လူအုပ်ကြီးသည် သင်ယူမှု၌ အရူးအမူး နစ်မြုပ်နေကြ၏။
လူတိုင်းက အားစိုက်ထုတ်နေကြပြီး ... ရဲဖော်ရဲဖက်အဖြစ်မှ ပြိုင်ဘက်တွေအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာကြသည်။
သန်းခေါင်ယံအချိန် ရောက်သည့်တိုင် အိမ်ကြီးအတွင်း၌ မီးများ လင်းထိန်နေဆဲဖြစ်ပြီး နေရာအနှံ့တွင် ကျောင်းသားများကို တွေ့နိုင်သလို ဆွေးနွေးသံများကိုလည်း နေရာအနှံ့တွင် ကြားနေရ၏။
"နေရောင်ခြည်က မြေကြီးပေါ်ကို ကျရောက်တဲ့အခါ မျဉ်းကွေးလား၊ မျဉ်းဖြောင့်လား။"
"ကောင်းကင်က မြင့်မားပြီး မြေကြီးက ကျယ်ပြန့်တယ်။ နေရောင်ခြည်က ကမ္ဘာမြေကို ကျရောက်တဲ့အခါ သေချာပေါက် ရှင်းလင်းပြတ်သားရမယ်။ ကွေးတာ မဟုတ်ရင် ဖြောင့်ရမယ်။ ဘယ်လိုလုပ် ကွေးပြီး မဖြောင့်တာ၊ ဖြောင့်ပြီး မကွေးတာ ရှိနိုင်မှာလဲ။ လောကကြီးရဲ့ သဘာဝတရားအရဆိုရင် ... "
"အစ်ကိုလျို ... အလေးချိန်ရှိတဲ့ ပစ္စည်းတစ်ခု ပြုတ်ကျတဲ့အခါ၊ တစ်စက္ကန့်ကို တစ်စက္ကန့်လို့ သတ်မှတ်ပြီး မြေမကျခင် အမြန်နှုန်းက တစ်စက္ကန့်ကို ၃ ကျန်း (ပေ ၃၀ ခန့်) ဖြစ်ပြီး ပြုတ်ကျတဲ့ အမြင့်က ၁၀ ကျန်း (ပေ ၁၀၀ ခန့်) ဆိုရင် မြေကျတဲ့အချိန်မှာ ရှိမယ့် အမြန်နှုန်းကို ရှာပါ ... "
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် လမ်းလျှောက်နေရင်း ဘေးဘီဝဲယာသို့ ကြည့်ရှုနေကြ၏။
လီယွမ်ကျောက်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဖန်ကြီး... ကျုပ် ကြည့်ရသလောက် သူတို့ ဒီကို ဘာလို့ ရောက်လာတယ်ဆိုတာကို မေ့သွားကြပြီ ထင်တယ်။ နောက်နှစ်ရက်လောက်ဆိုရင် ပြီးသွားလောက်ပြီ။ ဒီအခြေအနေအတိုင်းဆိုရင် ပြဿနာ တက်နိုင်စရာ အကြောင်းမရှိတော့ဘူး။"
ဖန်ကျန်းရီက ပြန်ပြောရန် ပြင်လိုက်စဉ် ထောင့်တစ်နေရာတွင် သံသယဖြစ်ဖွယ် အရိပ်တစ်ခု တုန်ခါနေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် မျက်နှာ ချက်ချင်း ပျက်သွားပြီး ဒေါသတကြီးဖြင့် အော်လိုက်၏။ "အဏုကြည့်မှန်ပြောင်း ဘေးမှာ ဂွင်းမထုနဲ့။ သင်ထောက်ကူပစ္စည်းတွေက ငှားလာတာကွ။ တခြားလူတွေ ဘယ်လို သုံးတော့မလဲ။"
လီယွမ်ကျောက် " ... "