← Chapters

အခန်း ၇၆

Vol. 6 Ch. 76

အခန်း ၇၆

Vol. 6 Ch. 76

အခန်း (၇၆) တံခါးကို လာခေါက်ခြင်း

ဖုန်းကျို့သည် သူမ၏ ကျင့်စဉ်အား အဆုံးသတ်လိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လှေကားထစ် အပေါ်တွင် မတ်တပ်ရပ်နေသော လှပသည့် မိန်းကလေးငယ်အား လှမ်းကြည့်လိုက်မိသည်။ သူမအား ကြည့်လေလေ ထိုမိန်းကလေးငယ်လေးအား သူမ၏ မျက်စိထဲတွင် ပို၍ပင် သဘောကျ နှစ်သက်လာလေလေ ဖြစ်သည်။

လန်ရွှမ်သည် သူမ၏ အသိစိတ်များအား ပြန်လည် စုစည်းလိုက်ကာ သူ၏ သခင်မ ဖြစ်သူထံသို့ လျှောက်လှမ်း လာခဲ့လေသည်။ သူမသည် ခေါင်းငုံ့လျက် ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။

"သခင်မလေး သခင်လေး ပြန်မရောက်သေးပါဘူးရှင်"

"သူ မနက်စောစော ကတည်းက အပြင်ထွက် သွားတာ အခုထိ ပြန်မလာသေးဘူးလား"

ဖုန်းကျို့မှ အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်လေသည်။ ထို့နောက် သူမမှ ဆက်လက်၍ မေးမြန်းလိုက်လေသည်။

"ကွမ်မိသားစုနဲ့ ခယ့်မိသားစုတို့ရဲ့ မင်္ဂလာပွဲက နောက်သုံးရက်နေရင် ကျင်းပမှာ မဟုတ်လား"

(ရှေ့အပိုင်းများတွင် ဟဲ့မိသားစုလို့ ရေးပြီး ခုကျ ခယ့်မိသားစုလို့ သုံးထားတာမို့ နောက်ပိုင်း ခယ့်မိသားစုလို့ပဲ သုံးသွားပါ့မယ် )

"ဟုတ်ပါတယ် နောက်သုံးရက်နေရင်ပါ"

လန်ရွှမ်မှ ပြန်လည်၍ ဖြေကြားလိုက် ပြီးနောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောလေသည်။

"ဒါပေမဲ့ သခင်လေး ထွက်သွားတုန်းက သူက နည်းနည်းစောစော ပြန်သွားချင်ပြီး သခင်မလေးကို လိုက်မလာစေချင်ဘူးလို့ ပြောခဲ့ပါတယ်ရှင် ဒီကိစ္စကို သူကိုယ်တိုင်ပဲ ဖြေရှင်းပါ့မယ်တဲ့"

ထိုစကားအား ကြားသောအခါ ဖုန်းကျို့ ပြုံးလိုက်မိသည်။

[သူကသာ သူမ လိုက်သွားလျှင် အခြေအနေတွေ အလွန်အမင်း အနေရခက်သွားမှာအား စိုးရိမ်နေခြင်း ဖြစ်ရမည်။ ၎င်းအပြင် သူ့ရင်ထဲတွင်မူ ကွမ်မိသားစုသည် သူ့အပေါ် အမှန်တကယ် ရက်ရက်စက်စက် ဆက်ဆံလိမ့်မည် မဟုတ်ကြောင်းနှင့် ကိုယ်ကျိုး စီးပွားများနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူ၏ ဆွေမျိုးသားချင်းများသည် သူ့အား လျစ်လျူရှု ထားကြလိမ့်မည် မဟုတ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်နေဆဲပင် ဖြစ်သည်။]

[ဒါက အကောင်းဘက်ကို ဖြစ်လာနိုင်တာပဲလေ သူ့ဘာသာသူ ဖြေရှင်းခွင့် ပေးလိုက်ပြီးမှ လူတွေဟာ ကိုယ်ကျိုး စီးပွားတွေနဲ့ ကြုံလာရတဲ့အခါ ကိုရဲ့ ဆွေမျိုးသားချင်းတွေ အပေါ်မှာတောင် ဘယ်လောက် အထိ ရက်စက် ကြမ်းကြုတ်ပြီး သွေးအေးနိုင်ကြလဲဆိုတာ သူ နောက်ဆုံးတော့ နားလည်သွားလိမ့်မယ်]

ကွမ်ရှီးလင် ပတ်သက်နေသည့် ထိုမိသားစုအပေါ်တွင် သူမ နည်းနည်းလေးမှ သဘောမကျချေ။

[ဒါပေမဲ့ ဖုန်းမိသားစုကျတော့ရော]

သူမ တိမ်လွှာ လမင်းမြို့တော်သို့ ရောက်ရှိလာ ပြီးနောက် ဖုန်းမိသားစုနှင့် ပတ်သက်၍ သိရှိခဲ့ရသမျှအား တွေးမိသောအခါ သူမ၏ နှလုံးသားထဲတွင် ခံစားချက်များ ရှုပ်ထွေး လာရလေတော့သည်။

ဖုန်းမိသားစုမှ လူများသည် ဖုန်းချင်ကဲအား အမှန် တကယ်ပင် အလွန် ချစ်ခင်မြတ်နိုးကြကာ အလိုလိုက်ထားကြခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ လက်ဖဝါးပေါ် တင်လျှက် သဲသဲလှုပ် ချစ်နေရသော ဖုန်းချင်ကဲသည် အမှန်တကယ်တွင် သူတို့၏ သမီးအရင်းအား သတ်ခဲ့သူ ဖြစ်ကြောင်းကိုမူ သူတို့ လုံးဝ မသိရှိကြသေးပေ။

လန်ရွှမ်သည် ဖုန်းကျို့၏ မျက်နှာပေါ်တွင် ရှုပ်ယှက်ခတ်နေသည့် ဓားဒဏ်ရာ အမာရွတ်များအား ကြည့်လိုက်လေရာ သူမ၏ မျက်လုံးများသည် အလိုအလျှောက် တုန်လှုပ်သွားလေတော့သည်။

များပြားလှသည့် ကြောက်မက်ဖွယ် ကောင်းသော ဓားဒဏ်ရာ အမာရွတ်များစွာသည် သခင်မ၏ မျက်နှာ တစ်ခုလုံးအား စုတ်ပြတ် သတ်နေအောင် ဖုံးလွှမ်းထားလျှက် ရှိကာ သူမ၏ မူလရုပ်ရည်အား လုံးဝ ပျောက်ကွယ်သွားစေသည့် အပြင် မြင်တွေ့ရသည်မှာလည်း ရင်နာဖွယ်ကောင်းသည့် ကြည့်ရဆိုးသော အမာရွတ်များသာ ဖြစ်နေတော့သည်။

။

မိန်းကလေး တစ်ယောက်၏ မျက်နှာအား ဤမျှ အထိ လုံးဝ ပျက်စီးသွားအောင် လုပ်ရက်သည်မှာ မည်ကဲ့သို့ လူမျိုးများ ဖြစ်နိုင်မည်အား သူမ အမှန်ပင် စိတ်ကူး၍ ပင် မရနိုင်ချေ။ လူတစ်ယောက်အား ဤမျှလုပ်ဝံ့သည် အထိ ပြုလုပ်ရန် အတွက် ၎င်း၏ နောက်ကွယ်တွင် မည်မျှ ကြီးမား နာကျဉ်းမုန်းတီးမှုများ ရှိနေခဲ့ရလေသနည်း။

သူမ၏ သခင်မတွင် မည်သည့် ကာကွယ်ရေး စွမ်းအားမျှ မရှိသည်အား တွေးမိသောအခါ လန်ရွှမ်သည် သခင်မ၏ ဘေးမှ လုံးဝ မခွာဘဲ ခြေလှမ်းတိုင်းတွင် အမြဲ ကာကွယ် စောက်ရှောက် သွားမည်ဟု ရင်ထဲတွင် ပြတ်ပြတ်သားသား ဓိဋ္ဌာန်ပြုလိုက်မိသည်။

လန်ရွှမ်သည် လက်ရှိအချိန်တွင် ဖုန်းကျို့ ပိုင်ဆိုင်ထားသော စွမ်းရည်များနှင့် စွမ်းအားများအား လုံးဝ သတိမထားမိသည်မှာ သိသာလှပေသည်။ အကြောင်းမူကာ သူမသည် ဖုန်းကျို့ထံတွင် စတင်၍ အလုပ်အကျွေး ပြုစဉ်တည်းမှ မနက်တိုင်း ခြံဝင်းထဲတွင် မည်သည့် တိုက်ခိုက်ရေး စွမ်းအားမျှ မရှိသော ပျော့ညံ့ကာ ချည်းနဲ့လှသော ကိုယ်ခံပညာ အကွက်အဆန်းများကိုသာ ဖုန်းကျို့မှ လေ့ကျင့်နေသည်ကိုသာ သူမ မြင်တွေ့ခဲ့ရဖူးသောကြောင့် ဖြစ်သည်။

ထို့အပြင် ဖုန်းကျို့သည် ဆေးဖော်စပ်သူ တစ်ဦးလည်း ဖြစ်နေသဖြင့် လန်ရွှမ်၏ စိတ်ထဲတွင် ဖုန်းကျို့သည် ဆေးပညာတွင်သာ ကျွမ်းကျင်ပြီး ကိုယ်ခံပညာနှင့် ကျင့်ကြံမှု အပိုင်းတွင်မူ လုံးဝ ခုခံ ကာကွယ်နိုင်စွမ်း မရှိဟု ကြိုတင် တွေးထင်နေခဲ့ခြင်းလည်း ဖြစ်သည်။

သူမဘာသာ အတွေးကမ္ဘာထဲ၌ နစ်မြောနေစဉ် ဖုန်းကျို့သည် လန်ရွှမ်၏ အကြည့်များသည် သူမအပေါ်သို့ ရောက်နေသည်အား သတိပြုမိသွားကာ ထိုမိန်းကလေးဘက်သို့ လှည့်ကြည့်လိုက်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

လန်ရွှမ်က ခေါင်းခါပြလိုက်ကာ မျက်လွှာချလိုက်လေသည်။

၎င်းအား မြင်သောအခါ ဖုန်းကျို့သည် ထိုမိန်းကလေး မည်သည့် အကြောင်းအရာများအား တွေးနေသည်ကို ကောင်းစွာ သဘောပေါက် သွားခဲ့ကာ သူမ၏ မျက်နှာအား ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်သည်။

"ငါ့မျက်နှာက ဘယ်လိုဖြစ်လို့ ဒီလောက်အထိ အကျည်းတန် သွားရတာလဲ ဆိုတာကို သိချင်နေတာလား"

သူမ၏ အသံသည် ခဏမျှ ရပ်တန့်သွား ပြီးနောက် လျစ်လျူရှု ထားသော လေသံဖြင့် ဆက်ပြောလိုက်သည်။

"တကယ်တော့ အခုကြည့်ရတာ အများကြီး သက်သာသွားပြီလို့ ပြောလို့ရတယ် အစတုန်းကဆို ငါ့ကိုယ်ငါတောင် ပြန်မကြည့်ရဲဘူး"

သူမသည် မျက်နှာပေါ်ရှိ အမာရွတ်များနှင့် ပတ်သက်၍ အထူးတလည် စိုးရိမ်ပူပန်ခြင်း မရှိပေ။ အကြောင်းမှာ သူမ လိုအပ်သော ဆေးဖက်ဝင်အပင်များအား စုဆောင်းမိသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာအား မူလ ရုပ်ရည်အတိုင်း ပြန်လည်၍ ကောင်းမွန် လာစေရန် တစ်လပင် အချိန်ယူရမည် မဟုတ်ကြောင်း သိနေသည့် အတွက် ဖြစ်သည်။ လက်ရှိအချိန်တွင် သူမ ပိုမို အလေးနက်ထားနေသည်မှာ သူမ ကောက်ရထားသော "အခမဲ့" အစ်ကိုကြီး အကြောင်းပင် ဖြစ်သည်။

မှောင်ခိုဈေးကွက်မှ သတင်းများ ပေးပို့ချက်များအရ သူမ ရှာဖွေနေသော ဝိဉာဉ် ဆေးပင်များမှာ ရှာဖွေရန် အလွန်ခက်ခဲလှပြီး အပင်များ အားလုံးကို မစုဆောင်းနိုင်သေးကြောင်း သိလိုက်ရသည့် အတွက် ဖြစ်သည်။

ဝိဉာဉ် ဆေးပင်များ အားလုံးကို မစုဆောင်းနိုင်သေးသရွေ့ နေ့ရက်တိုင်းသည် သူမ၏ အစ်ကိုကြီး၏ လက် ဒုက္ခိတအဖြစ် ရှိနေဦးမည့် နေ့ရက်များ ဖြစ်ကာ သူမ၏ ရင်ထဲတွင်လည်း စိတ်အေးချမ်းမှု ရရှိနိုင်ဦးမည် မဟုတ်ပေ။ အကယ်၍ အဆိုပါ ဝိဉာဉ် ဆေးပင်များအား အမှန် တကယ် ရှာမတွေ့နိုင်ပါက သူမအနေဖြင့် အဆိုပါ ဝိဉာဉ် ဆေးပင်များကို ပိုင်ဆိုင်ထားသော လူများနှင့် ကုန်ပစ္စည်းချင်း လဲလှယ်သည့် နည်းလမ်းကိုသာ အသုံးပြုရတော့မည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ခယ့်မိသားစု၏ အိမ်တော်၌

အပြာရင့်ရောင် ဝတ်ရုံအား ဝတ်ဆင်ထားသော ကွမ်ရှီးလင်၏ ချောမောသော မျက်နှာပြင်တွင် အနည်းငယ် တည်ကြည် လေးနက်နေဟန် ရသည့် အမူရာများဖြင့် သူသည် သူ၏ ရှေ့မှ နူးညံ့ကာ ချစ်စရာကောင်းသော မိန်းကလေးအား စူးစိုက်ကြည့်လျှက် တင်းမာသော လေသံဖြင့် မေးလိုက်လေသည်။

"မင်းက တကယ်ပဲ ငါ့ဝမ်းကွဲအစ်ကိုနဲ့ လက်ထပ်တော့မှာလား မင်းကိုယ်တိုင် သဘောတူခဲ့တာလား ဒါမှမဟုတ် အတင်းအကြပ် ခြိမ်းခြောက်ခံရလို့လား"

All Chapters