← Chapters

အခန်း ၈၈

Vol. 6 Ch. 88

အခန်း ၈၈

Vol. 6 Ch. 88

အခန်း (၈၈) ထိုက်ကျိ၏ ကယ်တင်မှု

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံနှင့် အစောင့်တစ်ဦး သူ၏ ဘေးသို့ အပြေး ရောက်လာခဲ့သည်။

"ခေါင်းဆောင် ကျွန်တော်တို့ အိမ်ထဲ နေရာအနှံ့ ရှာကြည့်ပြီးပါပြီ ဘယ်သူ့ကိုမှ ထပ်မတွေ့တော့ပါဘူး လူငယ်လေး တစ်ယောက်ပဲ အနောက်ဘက်ကနေ ထွက်ပြေးသွားတာ တွေ့လို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် လိုက်သွားပါတယ်"

တစ်ချိန်တည်းမှာပင် အနောက်ပေါက်မှ ထွက်ပြေးလာသော လန်ဟွာသည် အနက်ရောင်ဝတ်စုံနှင့် အစောင့်နှစ်ဦးမှ လမ်းပိတ်ထားသည်အား တွေ့လိုက်ရလေသည်။ ထိုအစောင့်နှစ်ဦးသည် လန်ဟွာတွင် မည်သည့် ကျင့်ကြံမှုမျှ မရှိသော သာမန်လူတစ်ဦး ဖြစ်ကြောင်း မြင်သောအခါ သူ့အား လုံးဝ အထင်အမြင်သေး သွားကြတော့သည်။

"မင်း ထွက်ပြေးလို့ မလွတ်တော့ပါဘူး အသာတကြည် အဖမ်းခံလိုက်စမ်း"

ထိုသို့ပြောရင်း အနက်ရောင်ဝတ်စုံနှင့် လူသည် လန်ဟွာအား ဖမ်းဆီးကာ အရှေ့ဘက် ခြံဝင်းသို့ ပြန်ခေါ်သွားရန် ရည်ရွယ်ချက်ဖြင့် လန်ဟွာ၏ လက်ကောက်ဝတါအား ဖမ်းဆုပ်ရန် အပြေးအလွှား ဝင်ရောက်လာခဲ့လေသည်။ သို့သော် ဖမ်းဆုပ်ရန် လက်လှမ်းလိုက်စဉ် သူ၏ လက်သည်သာ အပြန်အလှန် ဖမ်းဆုပ်ခံလိုက်ရမည်အား မည်သူ တွေးတောမိလိမ့်မည်နည်း။ ထိုသို့ သတိလွတ်သွားသည့် ခဏတာအတွင်း သူ၏ တစ်ကိုယ်လုံး ဆွဲငင်ခံလိုက်ရကာ ပြန်လည် တွန်းထုတ်ခံလိုက်ရတော့သည်။ ထိုသို့ တွန်းထုတ်ခံလိုက်ရသည့် အရှိန်ဖြင့် နောက်ထပ် အနက်ရောင် ဝတ်စုံဖြင့် လူတစ်ဦးဆီသို့ ဝင်ရောက် တိုက်မိလေတေ့ာသည်။

"တောက် ဘာတွေ လုပ်နေတာလဲ"

အခြားတစ်ယောက်မှာ ခေါင်းအား အတိုက်ခံလိုက်ရ သဖြင့် အလိုအလျောက်ပင် ကျိန်ဆဲလိုက်မိလေသည်။ သူ့အပေါ် ပြုတ်ကျလာသော လူအား တွန်းဖယ်လိုက်ကာ လူငယ်လေးသည် ထိုအခွင့်အရေးအား အသုံးချကာ ဝေးဝေးသို့ ထွက်ပြေးသွားသည်ကိုသာ သူ မြင်လိုက်ရတော့သည်။ သူသည် သူ၏ ချီစွမ်းအင်ကို စုစည်းကာ လက်ထဲရှိ ဓားအး လွှဲခုတ်လိုက်လေရာ သူ၏ ဓားမှ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာပြီး ရှေ့သို့ ပျံသန်းသွားတလေော့သည်။

"သေချင်နေတာပဲ"

"အား"

လန်ဟွာ နာကျင်စွာ အော်ဟစ်လိုက်မိကာ သူ၏ ကျောပြင်ပေါ်မှ ပူလောင်သော နာကျင်မှုအား ခံစားလိုက်ရ ပြီးနောက် ခြေလှမ်းတစ်လှမ်း ယိုင်သွားခဲ့တော့သည်။ ကျောပြင် တစ်လျှောက် စီးကျလာသော နွေးထွေးသည့် အရည်များအား ခံစားလိုက်ရပြီး သူ၏ မျက်နှာသည် ချက်ချင်းပင် ဖြူရော်သွားတော့သည်။

သို့သော် သူ၏ ခြေလှမ်းများသည် ရပ်တန့် မသွားဘဲ ရှေ့သို့ ဆက်လက် ပြေးနေဆဲပင် ဖြစ်သည်။ သို့သော်လည်း အနက်ရောင် ပုံရိပ်တစ်ခုမှ လေထဲသို့ ခုန်တက်လိုက်ကာ သူ့အား အလွယ်တကူ ကျော်ဖြတ်သွားပြီး သူ၏ လမ်းကြောင်းရှေ့တွင် ပိတ်ရပ်လိုက်တော့သည်။

"ဆက်ပြေးလေ ဘာလို့ ရပ်သွားတာလဲ ငါတို့က မင်းကိုတောင် မဖမ်းနိုင်ဘူးဆိုရင် ပြန်ရောက်တဲ့အခါ ငါတို့ကို လှောင်ရယ်ကြမှာပေါ့"

အနက်ရောင်ဝတ်စုံနှင့် လူမှ အေးစက်စွာ ပြုံးလိုက်ကာ ဓားအား တင်းကြပ်စွာ ဆုပ်ကိုင်ကာ လန်ဟွာ၏ ဘယ်ဘက်ခြေထောက်အား ရည်ရွယ်၍ ထိုးချလိုက်တော့သည်။ သို့သော် သူ၏ရှေ့ရှိ လူငယ်လေး၏ ပုံရိပ်သည် ရုတ်တရက် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီးနောက် သူ၏ တိုက်ခိုက်မှုအား ကျွမ်းကျင်စွာ ရှောင်တိမ်းသွားခဲ့သည်။ သူ မည်သည်ကိုမှ မတုံ့ပြန်နိုင်မီမှာပင် ဓားကိုင်ထားသော သူ၏လက်သည် လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရပြီး သူ၏ လည်ပင်းဆီသို့ လွှဲခုတ်ခံလိုက်ရကြောင်း တွေ့လိုက်ရတော့သည်။

'ရွှမ်း'

"အား"

အခြားတစ်ယောက် ဝင်တားရန်ပင် အချိန်မရလိုက်လောက်အောင် လျင်မြန်လွန်းလှသော အရှိန်ဖြင့် မိမိလက်ထဲရှိ ဓားသည် မိမိ၏ လည်ပင်း ဆီသို့ လွှဲခုတ်လာသည်ကိုသာ မြင်လိုက်ရချိန်တွင် အနက်ရောင်ဝတ်စုံနှင့် အစောင့်မှာ မယုံကြည်နိုင်စွာ အော်ဟစ်ရန်သာ အချိန်ရလိုက်တော့သည်။

'ဘုတ်'

အနက်ရောင်ဝတ်စုံနှင့် အစောင့်သည် မျက်လုံးပြူးကာ အလွန်အမင်း နာကျင် ခံစားရသည့်ဟန်ဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။ သူ၏ လည်ပင်းရှိ ဖြတ်တောက် ခံထားရသော ဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့ကာ မြေပြင်အား အနီရောင် အဖြစ် လျင်မြန်စွာ ပြောင်းလဲ သွားစေတော့သည်။

လန်ဟွာ ကိုယ်တိုင်လည်း မိမိ၏ စွမ်းရည်များအား အံ့အားသင့်သွားခဲ့ရသည်။ သူသည် မည်သည့် ကျင့်ကြံမှုကိုမျှ မပြုလုပ်ဖူးဘဲ သခင်မလေးထံမှ သင်ယူခဲ့သော ထိုက်ကျိကိုသာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူသည် ၎င်းအား နေ့စဉ် မနက်တိုင်း ညတိုင်း မှန်မှန် ကျင့်ကြံလာခဲ့သဖြင့် ထိုက်ကျိ၏ ကကွက်များနှင့် လှုပ်ရှားမှုများသည် သူ၏ အရိုးထဲအထိ စိမ့်ဝင်နေပြီ ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ခန္ဓာကိုယ်သည် မိမိကိုယ်ကို ကာကွယ်ရန် အတွက် အလိုအလျောက်ပင် ထိုက်ကျိအား အသုံးပြုလိုက်ခြင်း ဖြစ်သည်။

လန်ဟွာသည် အခြား အနက်ရောင်ဝတ်စုံနှင့် လူအား မသတ်ပါက သူ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိထားသဖြင့် ထွက်ပြေးရန် လက်လျှော့လိုက်ပြီး သူ့အား အံ့အားသင့်စွာ စိုက်ကြည့်နေသော အခြား အနက်ရောင်ဝတ်စုံနှင့် အစောင့်ဘက်သို့ လှည့်လိုက်လေသည်။ လန်ဟွာသည် သူ၏ ခန္ဓာကိုယ်အား ထိုင်တစ်ဝက်အနေအထားဖြင့် ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီးနောက် လက်နှစ်ဖက်အား အနည်းငယ် မြှောက်ကာ စိတ်ထဲတွင် ထိုက်ကျိ မန္တန်အား ရွတ်ဆိုလိုက်တော့သည်။

[ကျောပြင်ကို ဖြောင့်မတ်ထားပြီး လည်ပင်းကို ဖြေလျှော့ကာ အတောင်ပံများကို ပေါ့ပါးစွာ ဖြန့်ကြက်ပါ ရင်ဘတ်ကို ဖြေလျှော့ပြီး ကိုယ်ဟန်ကို နှိမ့်ချလိုက်ခြင်းဖြင့် အကွက်ကို ပြီးပြည့်စုံစေသည်]

"ငါ သရဲများ မြင်နေတာလား"

အနက်ရောင်ဝတ်စုံနှင့် အစောင့်သည် သူ၏ လုပ်ဖော်ကိုင်ဖက် အသတ်ခံ လိုက်ရသည်အား မြင်သောအခါ ထိုကလေးသည် ထွက်မပြေးတော့ဘဲ ပျော့ပျောင်းပြီး ညင်သာသော ကိုယ်ခံပညာ တစ်မျိုးမျိုးအား အသုံးပြုနေကြောင်း သဘောပေါက် သွားတော့သည်။ သူသည် ချက်ချင်းပင် ဓားအား ကိုင်လျှက် တိုက်ခိုက်ရန် ပြေးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက် ခြံဝင်းအတွင်း၌

"ပြောစမ်း အဲ့ဒီမိန်းမယုတ်လေးက ဘာတွေ ဖုံးကွယ်ထားတာလဲ"

သူသည် ကွမ်ရှီးလင်၏ ရင်ဘတ်အား ခြေထောက်ဖြင့် နင်းထားလေရာ ကွမ်ရှီးလင်၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာခဲ့လေသည်။ သူသည် မပီဝဲသော အသံဖြင့် ညည်းတွား လိုက်သော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ရွှီမိသားစု ခေါင်းဆောင်ကိုသာ ဒေါသတကြီး စိုက်ကြည့်နေခဲ့လေသည်။

"သူ့ကို ငါတို့နဲ့အတူ ပြန်ခေါ်သွား ဒီပါးစပ်ကို ဟခိုင်းလို့မရဘူးဆိုတာ ငါ လုံးဝ မယုံဘူး"

ရွှီမိသားစု ခေါင်းဆောင်မှ ရက်စက်သော လေသံဖြင့် ပြောလိုက်လေသည်။ လူငယ်လေး၏ နောက်သို့ လိုက်သွားသော အစောင့်နှစ်ဦး ပြန်မလာသေးသည်အား မြင်သောအခါ သူ၏ မျက်ခုံးများ တွန့်ချိုးသွားကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ။ ကျင့်ကြံမှု ဘာတစ်ခုမှ မရှိတဲ့ သာမန်လူလေး တစ်ယောက်ကိုတောင် သူတို့ မဖမ်းနိုင်ဘူးလား မဖမ်းနိုင်ရင်လည်း သူ့ကို သတ်ပစ်လိုက် အဲ့ဒီကောင်ကို အသက်ရှင်လျက် ထားစရာ မလိုဘူး"

All Chapters