← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

🍋 Chapter 368

ဝိုင်မြည်းစမ်းသည့် အခမ်းအနား ပြီးဆုံးသွားသောအခါ အဘိုးကြီး ဖဲလ်သည် အမျိုးသမီးအဖော်တစ်ဦးကို ဆွဲခေါ်ကာ ကရန် ထွက်လာခဲ့သည်။

သူ့ဇနီး ကွယ်လွန်သွားခဲ့ပြီးနောက် ချမ်းသာကြွယ်ဝသူ ပီပီ သူသည် လူပြိုကြီးဘဝ(လူပျိုအစားရေးလိုက်တာပါ) ကို နှစ်ခြိုက်စွာ ဖြတ်သန်းနေသူ ဖြစ်သည်။

နောက်အိမ်ထောင်ပြုရန် အစီအစဉ် လုံးဝမရှိဘဲ ရည်းစားများကို နေ့တိုင်းလိုလို ပြောင်းတွဲရသည်က ပိုမိုပျော်ရွှင်စရာကောင်းလှပြီး ဇနီးတစ်ယောက် ရှာလိုက်ပါက ပိုင်ဆိုင်မှုများအား တရားဝင်ခွဲဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်လာမည် ဖြစ်သည်။

ကခုန်ပြီးနောက်တွင်မူ ပွဲအခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ကပွဲကျွမ်းကျင်သော ဧည့်သည်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ ကပြဖျော်ဖြေကြတော့သည်။

သို့သော် ယနေ့တွင် ဖရန်စစ်သည် သူ့ဇနီးနှင့်အတူ ကခုန်ခြင်းမရှိခဲ့ချေ။ အကြောင်းမူကား သူသည် စိတ်ပါဝင်စားခြင်းမရှိသည့်အပြင် သူ့သမီး မည်သို့ ကြံစည်နေသည်ကိုလည်း မသိသောကြောင့် ဖြစ်သည်။

ဤအချက်က အဘိုးကြီး ဖဲလ်အတွက် ထူးဆန်းမနေခဲ့ပေ။

အကြောင်းမူကား ဖရန်စစ်သည် ခရီးပန်းလာသဖြင့် ကောင်းစွာမအနားယူရသေးကြောင်း ကြိုတင်ပြောထားဖူးသဖြင့် မကခုန်ခြင်းက ပုံမှန်ပင် ဖြစ်သည်။

ထို့ပြင် ဝိုင်ကို အလွန်အမင်း နှစ်သက်မြတ်နိုးလှသော ဤဖရန်စစ်က သူရရှိသောဝိုင်ကို အခြားသူတစ်ဦးထံသို့ အမှန်တကယ် ပေးအပ်လိုက်သည်ကိုလည်း သူ မြင်ခဲ့ရသည်။

သူသည် နေမကောင်းဖြစ်နေ၍သာ ဤသို့ ပြုလုပ်ခြင်း ဖြစ်ပေလိမ့်မည်။

ဝိုင်အပေးခံရသောသူမှာမူ ဖရန်စစ်နှင့် သူ့မိသားစုကို ကျေးဇူးတင်ရှိသော မျက်ဝန်းများဖြင့် ကြည့်ရှုနေတော့သည်။

ထိုသူတို့မှာ အလွန်တရာ စိတ်လှုပ်ရှားသွားကြ၏။

မိမိတို့ ဝိုင်သောက်ခွင့်မရသည်ကို မြင်သောအခါ အခြားမိသားစုက မိမိတို့ဝိုင်ကို လိုလိုလားလား စွန့်လွှတ်ပေးခဲ့သည် မဟုတ်ပါလား။

ဤကဲ့သို့ မြင့်မြတ်သော စရိုက်လက္ခဏာမျိုးကို သေချာပေါက် ကျေးဇူးဆပ်ရမည်ပင်။

ထို့ကြောင့် ထိုလူသည် ဖရန်စစ်၏ လက်ကို ဆွဲကိုင်ကာ အနီးကပ် ဆက်ဆံရန် ကြိုးပမ်းပြီး သူ့ကို ညီအစ်ကိုအရင်းအချာကဲ့သို့ ကြည့်ရှုနေတော့သည်။

လူအများစုမှာ ဝိုင်သုံးပုလင်းကို မြည်းစမ်းခွင့်မရခဲ့ကြသဖြင့် ပရဟိတလေလံပွဲ စတင်သောအခါ လူတိုင်းက အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ စိတ်အားထက်သန်မှုများက အမိုးကိုပင် ပွင့်ထွက်သွားမတတ် ရှိနေတော့သည်။

အဆင့်အတန်း ရှိနေခြင်းက အချမ်းသာဆုံး ဖြစ်နေရန် မလိုအပ်ချေ။

ဥပမာအားဖြင့် လွှတ်တော်အမတ်များမှာ ရန်ပုံငွေနှင့် ပတ်သက်လာလျှင် တက်ရောက်လာသူများအနက် လစာအနည်းဆုံးသူများ ဖြစ်နိုင်ပေသည်။

ထို့ကြောင့် လေလံပွဲအတွင်း ဝိုင်သောက်ပြီးသားသူများသည် တမင်တကာပင် ခပ်ခွာခွာ နေခဲ့ကြပြီး အမြတ်အစွန်းများ ရရှိပြီးဖြစ်ရာ ထပ်မံ၍ အခွင့်ကောင်းမယူလိုကြတော့ပေ။

သေချာပေါက် ဤအချက်တွင် အမေရိကန်မှ သူဌေးကြီး မပါဝင်ချေ။

ထိုနိုင်ငံမှ လူများသည် နှိမ့်ချမှုနှင့် ယဉ်ကျေးမှုကို ဘယ်သောအခါမျှ နားမလည်ကြဘဲ အာဏာကိုသာ ယုံကြည်ကြသူများ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဖဲလ်မှ ကြားဖြတ်ဝင်ရောက်ကာ ပုလင်းတစ်လုံးကို လေလံအောင်ပြီးနောက် ရပ်တန့်ရန် ပြောဆိုခဲ့သဖြင့်သာ ဖြစ်သည်။

သို့မဟုတ်ပါက သူက သုံးပုလင်းစလုံးကို ဝယ်ယူသွားလျှင် သေချာပေါက် စိတ်အနှောင့်အယှက်ဖြစ်စရာများ ပေါ်ပေါက်လာပေလိမ့်မည်။

ဝိုင်သုံးပုလင်းကို ယူရို ၂ သန်း၊ ၂ ဒသမ ၇ သန်းနှင့် ၃ သန်းစီဖြင့် အသီးသီး ရောင်းချခဲ့ရပြီး ပုလင်းအရေအတွက် နည်းပါးလာသည်နှင့်အမျှ ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

အရေအတွက် ကန့်သတ်ချက်ရှိနေသဖြင့် နောက်ဆုံးပုလင်းအတွက် လေလံပြိုင်ဆိုင်မှုမှာ အထူးပင် ပြင်းထန်ခဲ့သည်။

နိုရယ်၏ မိသားစုမှာမူ လူအုပ်ကြီးကို ဘေးလူကဲ့သို့ အေးအေးလူလူ စောင့်ကြည့်နေခဲ့ကြပြီး သူတို့၏ စိတ်ခံစားချက်များက လုံးဝ တုန်လှုပ်ခြင်း မရှိခဲ့ချေ။

ဒူး....... ဒူ......

အနည်းငယ် ပျင်းရိဖွယ်ကောင်းသော လူမှုဆက်ဆံရေးများ ပြုလုပ်နေစဉ်အတွင်း နိုရယ်သည် သူမ၏ ဖုန်းတုန်ခါလာသည်ကို ခံစားလိုက်ရသည်။

ပုံမှန်ဆိုလျှင် သူမ၏ ဂါဝန်တွင် ဖုန်းထည့်ရန် နေရာမရှိချေ။

သို့သော် နူးညံ့သိမ်မွေ့ပုံရသော ဤမိန်းကလေးမှာ အတော်လေး သတ္တိရှိလှပြီး ဖုန်းကို ခြေအိတ်ရှည်နှင့် ပေါင်ကြားထဲတွင် ညှပ်၍ ထည့်ထားခြင်း ဖြစ်သည်။

သူမသည် နံရံကို တိတ်တဆိတ် ကပ်လျက် မည်သူမျှ မကြည့်မိခိုက် ဂါဝန်အောက်နား စကတ်အောက်သို့ လက်လှမ်းကာ ဖုန်းကို ထုတ်ယူလိုက်သည်။

အကယ်၍ လူပျိုပေါက်လေးတစ်ယောက်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက နေရာတင် နှာခေါင်းသွေး လျှံသွားပေလိမ့်မည်။

အထူးသဖြင့် သူမ ဤသို့လုပ်သည်ကို တစ်ဦးတစ်ယောက်က မြင်တွေ့သွားခဲ့သည်။

သို့သော် ၎င်းမှာ သူမ၏ မိခင်အရင်း ဖြစ်နေသည်။

နိုရယ်သည် မျက်စောင်းထိုးခြင်း ခံလိုက်ရပြီးနောက် လျှာလေးထုတ်ကာ ဘေးဘက်သို့ တိတ်တဆိတ် ရွှေ့သွားပြီး ဖုန်းကို ဖွင့်ကြည့်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ သူမ၏ မျက်နှာထက်၌ ကျယ်ပြန့်သော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး သူမ၏ ဖြူဖွေးနေသော သွားလေးများမှာ ခရုကမာခွံလေးများကဲ့သို့ တောက်ပနေတော့သည်။

ဤအပြုံးကို သူမအား လိုက်လံရှာဖွေနေသည့် ပီယဲက မြင်တွေ့သွားခဲ့ရာ ထိုချမ်းသာသော လူငယ်လေးမှာ စက္ကန့်အနည်းငယ်ခန့် ကြောင်အမ်းသွားခဲ့ရသည်။

'တကယ့်ကို လှပတာပဲ၊ နတ်သမီးလေးတစ်ပါးအတိုင်းပဲ'

ပီယဲက စိတ်ထဲမှ ရေရွတ်လိုက်သည်။

သို့သော် သူ မသိရှိသည့်အချက်မှာ ဤအပြုံးက သူ့အတွက် မဟုတ်ပေ။

ထို့ပြင် ဤအပြုံးသည် ထိုသားအဖနှစ်ယောက်အတွက် နာရေးတေးသံတစ်ပုဒ်ပင် ဖြစ်သည်။

"နိုရယ်... ဒီနေ့ညစာက တကယ့်ကို ကောင်းမွန်တယ် မဟုတ်လား"

ပီယဲသည် အရက်ရှိန်ကြောင့် သတ္တိရှိသွားကာ ရှေ့သို့ တိုးလာပြီး နိုရယ်နှင့် အလွန်နီးကပ်စွာ ရပ်လိုက်သည်။

နိုရယ်ကမူ အသံတိတ်ပင် တစ်လှမ်းခွဲခန့် နောက်သို့ ဆုတ်လိုက်ပြီး အကွာအဝေးကို ထိန်းသိမ်းလိုက်သည်။

"ပီယဲ... ဒီနေ့ညစာက တကယ့်ကို ကောင်းမွန်ပါတယ်၊ ကျွန်မ အရမ်းဝမ်းသာပါတယ်"

ဤကဲ့သို့သော ယဉ်ကျေးသည့် နှုတ်ဆက်စကားများကို သူမက သဘာဝကျကျပင် ပြောဆိုနိုင်စွမ်း ရှိသည်။

"ဟာဟာ... မင်း သဘောကျတာ သိရလို့ ဝမ်းသာပါတယ်၊ ဒါနဲ့ စောစောက ဝိုင်က ဘယ်လိုလဲ၊ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ ဝိုင်ဆိုတော့ သေချာပေါက်ကို ထူးခြားတာပေါ့"

ပီယဲသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး သူကိုယ်တိုင်လည်း တိတ်တဆိတ် ဖန်ခွက်အနည်းငယ် သောက်ခဲ့ပြီး ဖြစ်သည်။

သူသည် ဝိုင်အသစ်နှင့် ၁၈၆၉ ခုနှစ်ထုတ် သက်တမ်းရင့်ဝိုင်ကို အထူးတလည်ပင် နှိုင်းယှဉ်မြည်းစမ်းခဲ့ရာ အရသာ ကွာခြားချက်က ထင်ရှားလှသည်။

၎င်းတို့သည် လုံးဝ အဆင့်အတန်း မတူညီကြသဖြင့် သူ၏ ရင်းနှီးမြှုပ်နှံမှုအားလုံးမှာ တန်ကြေးရှိသည်ဟု သူ ခံစားနေရသည်။

"စိတ်မကောင်းပါဘူး၊ ကျွန်မ ဝိုင်မသောက်တတ်ဘူး"

နိုရယ်၏ မျက်နှာထက်တွင် ပြုံးလျက်ရှိနေသော်လည်း သူမ၏ စိတ်ထဲတွင်မူ ပီယဲကို နာမည်ပျက်စာရင်း သွင်းလိုက်ပြီ ဖြစ်သည်။

'ငါတို့ မိသားစုနှစ်စုက အနည်းဆုံး ငါးကြိမ်ထက်မနည်း အတူတူ ထမင်းစားဖူးတယ်၊ ဒါကို နင်က ငါ့နောက်ကို အမြဲတကောက်ကောက် လိုက်နေပြီးတော့ ငါ ဝိုင်မသောက်တတ်တာကိုတောင် မသိဘူးလား၊ ဝက်ထက်တောင် မိုက်သေးတယ်'

ထို့ပြင် ဤအချက်က သူသည် မိန်းမရှုပ်သူတစ်ဦးဖြစ်ပြီး အမျိုးသမီးများအပေါ် လုံးဝ ဂရုမစိုက်နိုင်သူဖြစ်ကြောင်း ပြသနေသည်။

သူမ၏ စိတ်ထဲတွင် သူ့အပေါ် ထားရှိသော အထင်အမြင်မှာ အစကတည်းက မကောင်းရာ ယခုမူ ပိုမို ဆိုးရွားသွားခဲ့လေသည်။

သို့သော်လည်း နိုရယ်သည် မည်သည့်မကျေနပ်မှုကိုမျှ ဖော်ပြခြင်းမရှိပေ။ ယင်းအစား သူမသည် ဖုန်းကို ပီယဲ၏ ရှေ့သို့ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

"ပီယဲ... ကြည့်လိုက်ဦး၊ ယူကျုပေါ်မှာ ဝိုင်နီနဲ့ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ အခုပဲ တွေ့လိုက်တာ၊ ပါဝင်တဲ့ အကြောင်းအရာကတော့... အင်း... ရှင့်ဘာသာရှင်ပဲ ကြည့်လိုက်တော့"

ဝိုင်နီဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် ပီယဲ၏ မျက်မှောင်က ချက်ချင်းပင် ကြုတ်သွားခဲ့သည်။

သို့သော် သူသည် ဖုန်းကို ယူဆောင်ကာ ထိုဗီဒီယိုတိုလေးကို ကြည့်ရှုလိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ ပီယဲ၏ မျက်နှာသည် ဝိုင်ကြောင့် နီမြန်းနေရာမှ ဘိလပ်မြေကဲ့သို့ ပြာနှမ်းသွားခဲ့တော့သည်။

လက်တစ်ဖက်က ပြင်းထန်စွာ တုန်လှုပ်နေပြီး အခြားလက်တစ်ဖက်ကမူ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားလျက် အော့အန်သံများ ထွက်ပေါ်လာခဲ့သည်။

နိုရယ်သည် ပီယဲထံမှ ဖုန်းကို ပြန်လည်ရယူလိုက်ပြီးနောက် ပီယဲသည် စိတ်ဓာတ်ကျစွာဖြင့် သူ့အဖေကို ရှာဖွေရန် ထွက်ပြေးသွားခဲ့တော့သည်။

'ဟဲ... ဒါက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ'

နိုရယ်သည် ဖုန်းကို ပြန်လည်သိမ်းဆည်းကာ ခြေအိတ်ရှည်ထဲသို့ ပြန်လည်ထည့်သွင်းရန် ကြိုးပမ်းသော်လည်း သူမ၏ မိခင်က လုယူသွားခဲ့သည်။

"နိုရယ်... ကိုယ့်ကိုယ်ကိုယ် သိက္ခာရှိအောင် နေစမ်းပါ"

သူမသည် မိခင်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ နှုတ်ခမ်းလေးစူလျက် လိမ္မာ ယဉ်ကျေးသော အမူအရာကို လုပ်ပြလိုက်သည်။

အခြားတစ်ဖက်တွင်မူ မိမိ၏ ခြေထောက်များကိုပင် မထိန်းချုပ်နိုင်တော့သော ပီယဲသည် နောက်ဆုံးတွင် သူ့အဖေကို ရှာတွေ့သွားခဲ့ပြီး ဘေးသို့ ဆွဲခေါ်သွားခဲ့ရာ အခြားသူတစ်ဦးနှင့် စကားပြောနေသော ဖဲလ်မှာ လန့်ဖျန့်သွားခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် ထောင့်တစ်နေရာသို့ ရောက်ရှိသွားသောအခါ ဖဲလ်က သူ့ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ၊ ဘာလို့ ဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ"

"အဖေ... အဖေ... ကျွန်တော်တို့... ကျွန်တော်တို့..."

စကားတစ်ခွန်းကိုပင် ဆုံးအောင်မပြောနိုင်သော ပီယဲကို ကြည့်ရှုရင်း ဖဲလ်၏ မျက်ဝန်းထဲတွင် လုံးဝ စိတ်ပျက်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"မတ်မတ်ရပ်ပြီး သေသေချာချာ ရှင်းပြစမ်း"

"ကျွန်တော်တို့တွေ အဲဒီ ကျိုးထျန်း ရဲ့ အရူးလုပ်တာကို ခံလိုက်ရပြီထင်တယ်"

ပီယဲသည် အရိုက်ခံရမည်ကို ကြောက်ရွံ့နေသကဲ့သို့ မျက်စိများကို တင်းကျပ်စွာ ပိတ်လျက် စကားလုံးများကို လွှတ်ကနဲ ပြောလိုက်တော့သည်။

"မင်း ဘာကို ဆိုလိုတာလဲ... ဟမ်..."

ဖဲလ်သည် စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီးနောက်တွင်မူ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

"ဒါက... ဒီဝိုင်နဲ့ ပတ်သက်နေတာလား"

ပီယဲသည် မျက်စိများကို မှိတ်ထားဆဲပင် ရှိသေးကာ ခေါင်းကို အကြိမ်ကြိမ် ပြင်းထန်စွာ ညိတ်ပြလိုက်သည်။

ဖဲလ်သည် မျက်စိရှေ့တွင် ကမ္ဘာပျက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းတစ်ခုလုံး မူးဝေသွားခဲ့ရသည်။

ထို့နောက် မလဲသွားစေရန် နံရံကို အားပြု၍ မှီထားရသည်။

မိနစ်ဝက်ခန့် ကြာပြီးနောက်တွင်မူ အဘိုးကြီး ဖဲလ်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... အခုလောလောဆယ်တော့ ဒါကို လျှို့ဝှက်ထားလိုက်၊ ညစာစားပွဲ ပြီးမှပဲ ငါတို့ ဒါကို ဆွေးနွေးကြမယ်"

"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ" ပီယဲက တုန်တုန်ရီရီဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

"ကဲ... အခုတော့ မင်းရဲ့ အမူအရာကို ပြန်ထိန်းလိုက်ဦး၊ အပြင်ထွက်ပြီး ဧည့်သည်တွေကို စကားပြောချေ၊ ဘာမှ အရိပ်အယောင် မပြစေနဲ့"

သူသည် သူ့သားကို ပြင်းထန်စွာ တွန်းထုတ်လိုက်ပြီးနောက် ရေချိုးခန်းထဲသို့ ဝင်ရောက်ကာ သူ၏ဆံပင်နှင့် အဝတ်အစားများကို ပြန်လည်ပြင်ဆင်လိုက်သည်။

ရေချိုးခန်း မှန်ထဲတွင် ကြည့်ရှုရင်း သူ၏မျက်လုံးများက မှေးစင်းသွားခဲ့သည်။

'မင်း... ကျိုးထျန်း၊ ဒီဝိုင်နဲ့ ပတ်သက်ပြီး မင်း ဘာတွေလုပ်ထားလဲဆိုတာ ကြည့်ကြသေးတာပေါ့၊ ပြဿနာမရှိဘူး... ငါ ပြီးရင် မင်းဆီကို လာခဲ့မယ်၊ ဒီကမ္ဘာပေါ်မှာ ဖဲလ်ပီနာဒို လို လူမျိုးကို လိမ်ညာလှည့်ဖြားပြီးတော့ ဘာအကျိုးဆက်မှ မခံစားရဘဲ နေနိုင်တဲ့လူ တစ်ယောက်မှ မရှိစေရဘူး'

သူသည် နှာခေါင်းတစ်ချက် ပြင်းထန်စွာ ရှုံ့လိုက်ရင်း ဝတ်စုံကော်လံကို ဖြောင့်စင်အောင် ပြုလုပ်ကာ ရေချိုးခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ကွက်တိဆိုသလိုပင် ရေချိုးခန်းတံခါးမှာ ပြင်းထန်စွာ ပွင့်ဟသွားခဲ့သည်။

ဧည့်သည်တစ်ဦးသည် အရူးတစ်ယောက်ကဲ့သို့ ဘေးနားရှိ အိမ်သာခွက်ထံသို့ ပြေးဝင်သွားခဲ့ပြီး အဖုံးကို ဖွင့်ကာ အရှိန်အဟုန်ဖြင့် အော့အန်တော့သည်။

All Chapters