← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း (၃၃၁)

ဥက္ကဌ လင်ဂျင်ယုံက ကားကို ကိုယ်တိုင်လက်ခံပြီး အမှုဆောင်အရာရှိတွေနဲ့အတူ စမ်းသပ်မောင်းနှင်ခဲ့တယ်။ ပြီးတော့ ကုမ္ပဏီလုပ်ငန်းတွေအတွက် သုံးမယ်ဆိုပြီး နောက်ထပ် ၁၀ စီးတောင် ယူသွားသေးတာပါ။

ဆိုဆောင်း SB က BMW ကို ဘတ္ထရီတွေ ထောက်ပံ့ပေးခဲ့တုန်းကတော့ BMW စကားကို နားထောင်ခဲ့ရပေမဲ့ အခုတော့ အဲဒီလိုလုပ်ဖို့ မလိုတော့ပါဘူး။ ဆိုဆောင်းအုပ်စုက မော်တော်ယာဉ်ဆိုင်ရာ အီလက်ထရောနစ်နဲ့ ဘတ္ထရီလောကမှာ ငြင်းပယ်လို့မရတဲ့ ထိပ်သီးခေါင်းဆောင် ဖြစ်နေပြီလေ။ ဆိုဆောင်းအုပ်စုမပါဘဲ အလိုအလျောက်မောင်းနှင်မယ့် လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်သလောက်မလို့ ဒီရက်ပိုင်းမှာ ဥက္ကဌ လင်ဂျင်ယုံရဲ့ စိတ်ခံစားချက်ကို BMW ဘက်ကပဲ ဂရုတစိုက် စောင့်ကြည့်နေရတာပါ။

တခြား အဓိကကော်ပိုရေးရှင်းကြီးတွေလည်း အစီးရေအနည်းငယ်စီ အပြေးအလွှား ဝယ်ယူခဲ့ကြတယ်။

ကျွန်တော်တို့က AD3 တစ်စီးနဲ့ AD4 တစ်စီးကို ပါကင်မှာ ဘေးချင်းယှဉ်ပြီး ရပ်ထားလိုက်တယ်။ OTK Company နဲ့ Golden Gate အဆောက်အဦးတွေမှာလည်း ဝန်ထမ်းတွေသုံးဖို့ ၁၀ စီးစီ ထားပေးခဲ့တယ်။

ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်ထားတဲ့ ကားတွေကို အရင်က ကိုရီးယားထဲ တင်သွင်းလို့မရခဲ့တဲ့ အကြောင်းရင်းက အလိုအလျောက်မောင်းနှင်မယ့် လုပ်ငန်းလိုင်စင် ခွင့်ပြုချက်မရှိလို့ပါပဲ။ အလိုအလျောက် မောင်းနှင်စနစ်ကို ကန့်သတ်ပြီး တင်သွင်းရင်တော့ ရနိုင်ပေမဲ့ Mercedes ဒါမှမဟုတ် BMWကိုကျော်ပြီး ဘယ်သူက AD စီးရီးအတွက် ဒီလောက်စျေးကြီးပေးပြီး ဝယ်မှာလဲ။

ကံကောင်းထောက်မစွာပဲ အခုတော့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပြီမလို့ ယာဉ်မောင်းတစ်ယောက် ထိုင်နေသရွေ့ အလိုအလျောက်မောင်းနှင်မှုကို ခွင့်ပြုထားပြီလေ။

လမ်းအခြေအနေတွေနဲ့ မီးပွိုင့်စနစ်တွေက နိုင်ငံတစ်ခုနဲ့တစ်ခု မတူတာကြောင့် လမ်းညွှန်ဆိုင်းဘုတ်တွေ၊ မီးပွိုင့်တွေ၊ လမ်းကြောတွေကို အသစ်ပြန်ပြီး မှတ်သားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ CarOS ရဲ့ အလိုအလျောက်မောင်းနှင်မှု စနစ်ကတော့ machine learning ကနေတစ်ဆင့် ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းပေးခဲ့တယ်။ ကားမောင်းနေရင်းနဲ့ ပတ်ဝန်းကျင်ကို အလိုအလျောက် မှတ်မိပြီး လေ့လာသွားတာပါ။ ကိုရီးယားနဲ့ တခြားနိုင်ငံတချို့ရဲ့ လမ်းအချက်အလက်တွေကိုလည်း လေ့လာထားပြီးသားမလို့ ဆော့ဖ်ဝဲလ် update ကနေတစ်ဆင့် ပြောင်းလဲနိုင်ပါတယ်။ ဒါက လက်ရှိရနိုင်တဲ့ အမြင့်မားဆုံးအဆင့် အလိုအလျောက် မောင်းနှင်မှုစနစ်ပါပဲ။

CarOS က ကိုရီးယားစျေးကွက်ထဲကို တရားဝင်မဝင်ရသေးလို့ ဒေသတွင်း ကော်ပိုရေးရှင်း မတည်ထောင်ရသေးသလို ဝန်ဆောင်မှုစင်တာတွေလည်း မရှိသေးပါဘူး။ လောလောဆယ်တော့ ယာယီအစီအစဉ်အနေနဲ့ မြို့ကြီးတချို့မှာရှိတဲ့ အွန်ဆောင်း မော်တာရဲ့ ဝန်ဆောင်မှုစင်တာတချို့မှာ ပြုပြင်နိုင်အောင် စီစဉ်ထားရတယ်။ လျှပ်စစ်ကားဖြစ်လို့ စက်ဆီ၊ ချောဆီ လဲဖို့မလိုဘဲ ပြဿနာအများစုကိုလည်း update ကနေတစ်ဆင့် ဖြေရှင်းနိုင်တာကြောင့် မတော်တဆမှုမဖြစ်ရင် ဝန်ဆောင်မှုစင်တာကို သွားဖို့ သိပ်မလိုပါဘူး။

ကုမ္ပဏီတွေက ဝယ်သွားတဲ့ အစီးရေတွေကို ဖယ်လိုက်ရင် ကျန်တဲ့ကားအစီးရေ ၃၀၀ လုံးကို ကားငှားရမ်းတဲ့ ကုမ္ပဏီတွေကိုပဲ ပေးလိုက်ပြီး ပုဂ္ဂလိက တစ်ဦးချင်း ဝယ်ယူသူတွေကိုတော့ တိုက်ရိုက်မရောင်းချခဲ့ပါဘူး။ (လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရထားလို့ တစ်ဦးချင်းအနေနဲ့ အမေရိကကနေ ကိုယ်ပိုင်တင်သွင်းချင်ရင်တော့ ရနိုင်ပါတယ်)။

ကိုရီးယားက တုံ့ပြန်မှုကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ ပေါက်ကွဲထွက်သွားခဲ့တယ်။ စတီယာရင်ကနေ လက်လွှတ်ထားရင်တောင် အလိုအလျောက် မောင်းနှင်နေတဲ့ ကားတွေကို စီးရင်း လူတွေက အံ့သြမှင်သက်ခဲ့ကြပြီး AD3 နဲ့ AD4 ကို ငှားရမ်းစီးနင်းချင်သူတွေဆီကနေ ကြိုတင်မှာယူမှုတွေ ပုံထပ်နေခဲ့တယ်။ အလိုအလျောက်မောင်းနှင်မယ့် လျှပ်စစ်ကားတွေက ကမ္ဘာ့ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

အစိုးရက ကိုရီးယားလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း (KEPCO) နဲ့ အဓိက ကော်ပိုရေးရှင်းကြီးတွေ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖို့နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ EV အားသွင်းစနစ်တွေ တပ်ဆင်ဖို့ တွန်းအားပေးခဲ့တယ်။ ကိုရီးယားရဲ့ သေးငယ်တဲ့ မြေပြင်အကျယ်အဝန်းနဲ့ လူဦးရေသိပ်သည်းဆက EV အခြေခံအဆောက်အဦး တည်ဆောက်ဖို့အတွက် အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်စေနေတာပါ။

အဓိကပြဿနာက လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုပါပဲ။ EV အရေအတွက် တိုးလာတာနဲ့အမျှ ဓာတ်ဆီနဲ့ ဒီဇယ်ရောင်းအား ကျဆင်းသွားပေမဲ့ လျှပ်စစ်သုံးစွဲမှုကတော့ ထောင်တက်သွားခဲ့တယ်။ အစိုးရရဲ့ နျူကလီးယားစွမ်းအင် လျှော့ချရေးမူဝါဒက အခက်အခဲနဲ့ ကြုံရတော့တာပေါ့။ အာဏာရပါတီနဲ့ လူမှုရေးအဖွဲ့အစည်းတွေက နျူကလီးယားစွမ်းအင်ရဲ့ အန္တရာယ်ကို အလေးပေးပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်တန့်ဖို့နဲ့ သက်တမ်းရင့် စက်ရုံတွေကို ပိတ်ပစ်ဖို့ ဆော်သြနေကြပေမဲ့ ပြဿနာက အဲဒီလောက် မရိုးရှင်းပါဘူး။ ပြန်လည်သုံးစွဲလို့ရတဲ့စွမ်းအင် အရင်းအမြစ်တွေက လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကန့်သတ်ချက်တွေရှိနေပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကလည်း ပြင်းထန်နေတဲ့ ဖုန်မှုန့်ညစ်ညမ်းမှုပြဿနာကို ပိုဆိုးရွားစေမယ့် အန္တရာယ်ရှိနေပါတယ်။

အစိုးရက အခွန်ဝင်ငွေ ကျဆင်းမယ့်အရေးကိုလည်း စိုးရိမ်နေတာပါ။ လောင်စာဆီခွန်ကနေ ရတဲ့ နှစ်စဉ်ဝင်ငွေက ဝမ် သိန်းပေါင်း ၂ ကုဋေလောက် ရှိတာပါ။ ဒီလို အလွယ်တကူ ကောက်ခံလို့ရတဲ့ အခွန်အရင်းအမြစ် လျော့နည်းသွားတော့မှာမလို့ တုံ့ပြန်မယ့် နည်းလမ်းတွေ လိုအပ်လာပါတယ်။

ဒါကြောင့်မလို့ လုပ်စရာအလုပ်တွေ တောင်လိုပုံနေပေမဲ့ ပါတီအချင်းချင်း ပဋိပက္ခဖြစ်နေတာကြောင့် လွှတ်တော်က ညီလာခံကျင်းပဖို့ အရိပ်အယောင်တောင် မပြသေးပါဘူး။

တက်ဂယူက ပြောတယ်။

"ဒါတောင် သူတို့က လစာကိုတော့ ပုံမှန်အတိုင်း အပြည့်အဝ ယူနေသေးတယ်နော်"

ကျွန်တော်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။

"ဒါကြောင့်မလို့ လူတိုင်းက လွှတ်တော်အမတ် ဖြစ်ချင်ကြတာပေါ့ကွာ"

အလုပ်မလုပ်ရင်တောင် လစာရနေတာလေ။ တကယ့်ကို အိမ်မက်ထဲက အလုပ်ပါပဲ။

တက်ဂယူက တစ်ခုခုကို သတိရသွားတဲ့ပုံစံနဲ့ ပြောလိုက်တယ်။

"အာ… အဖိုးကြီး ရှီဂဲရုက စောစောက ငါ့ဆီ ဆက်သွယ်လာတယ်၊ ပိုက်ဆံတချို့ ချေးချင်လို့တဲ့။ ဂိမ်းကုမ္ပဏီတစ်ခုကို ဝယ်ချင်လို့ထင်တယ်"

"သူက ဘယ်လောက် လိုချင်လို့လဲ"

"ဒေါ်လာ သန်း ၃၀ လောက်"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"မင်း သဘောရှိသလိုသာ လုပ်ပါ"

တစ်ချက် ကလစ်နှိပ်လိုက်ရုံနဲ့ ဝမ် သိန်းပေါင်း ၂၀ ကုဋေကျော် (သိန်းပေါင်း ၅ ကုဋေကိုတော့ ဖောင်ဒေးရှင်းအတွက် သုံးခဲ့ပေမဲ့) ရှာထားနိုင်တဲ့သူပဲလေ။ သူ မလုပ်နိုင်တာ ဘာရှိဦးမှာလဲ။

CarOS က AD စီးရီးနဲ့ အရှိန်အဟုန်ပြင်းပြင်း ပျံသန်းနေချိန်မှာ Faceit ကလည်း ငြိမ်မနေခဲ့ပါဘူး။

တကယ်တော့ OTK Company ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေထဲမှာ အမြတ်အစွန်းအများဆုံးက CarOS မဟုတ်ဘဲ Faceit ဖြစ်နေတာပါ။ CarOS က အရှုံးပြပြီး ငွေတွေ အလဟဿ ကုန်ဆုံးနေချိန်မှာတောင် Faceit က ဝင်ငွေရမယ့် ပုံစံတစ်ခုကို အခိုင်အမာ တည်ဆောက်ထားပြီးသားလေ။ ပြီးတော့ ရတဲ့ပိုက်ဆံအားလုံးကို သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲ ပြန်သွင်းခဲ့တယ်။

ပြီးခဲ့တဲ့နှစ်က သူတို့က Dancing Rabbit လို့ခေါ်တဲ့ အရွယ်ရောက်ပြီးသူတွေသုံးတဲ့ အရုပ်ကုမ္ပဏီတစ်ခုကို ဝယ်ယူခဲ့ပြီး VR နည်းပညာနဲ့ ပေါင်းစပ်နိုင်မယ့် နည်းလမ်းတွေကို သုတေသနပြုခဲ့ကြတယ်။

တစ်ချိန်က အနာဂတ်နည်းပညာလို့ ယူဆခဲ့ကြတဲ့ VR က အခုတော့ စီးပွားဖြစ် ဖြစ်လာခဲ့ပါပြီ။ မြို့လယ်ခေါင်တွေမှာ VR အခန်းတွေက ဂိမ်းဆိုင်တွေနဲ့ ကာရာအိုကေဆိုင်တွေရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာပြီး လူတွေက headset တွေကို တပ်ဆင်ကာ မျက်စိရှေ့မှာ ပေါ်လာတဲ့ အတုအယောင် ကမ္ဘာကြီးကို ခံစားနေကြပါပြီ။

ဒါက လိင်မှုရေးရာ လုပ်ငန်းတွေမှာလည်း အကျုံးဝင်တာပါ။ ဒါမှမဟုတ် ပိုပြီး တိတိကျကျ ပြောရရင် လိင်မှုရေးရာ လုပ်ငန်းတွေက VR နည်းပညာရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ စက်ရုပ်နည်းပညာနဲ့ ဉာဏ်ရည်တုAI တိုးတက်လာမှုက လိင်မှုရေးရာ လုပ်ငန်းတွေအတွက် အခွင့်အလမ်းသစ်တွေကို ဖွင့်လှစ်ပေးခဲ့တယ်။

ရေရှည်သုတေသနပြုပြီးနောက် Faceit က VR နဲ့ လက်တွေ့ဆန်တဲ့ အရုပ်တွေကို ပေါင်းစပ်ထားတဲ့ ပထမဆုံး VR လိင်မှုဆိုင်ရာ ပစ္စည်းကို 'Ani'လို့ အမည်ပေးပြီး မိတ်ဆက်ခဲ့တယ်။

တိုဘီနဲ့ ဂျရတ်တို့က အပြာကားတွေဆိုတာ ကြည့်ဖို့တင်မကဘဲ ကစားဖို့ပါ ဖြစ်လာပြီလို့ ဂုဏ်ယူစွာ ကြေညာခဲ့ကြတယ်။

"ကျွန်တော်ကတော့ ညတိုင်း Aniနဲ့ အတူအိပ်တယ်။ ခင်ဗျားတို့လည်း Aniနဲ့ အချိန်မရွေး အတူရှိနိုင်တယ်" တဲ့။ ဆောင်ပုဒ်ကတော့ 'အချိန်မရွေး Ani' ပေါ့။

အဲဒါကို အသုံးပြုဖို့အတွက် VR headset ကို တပ်ဆင်ပြီး လက်တွေ့ဆန်တဲ့ အရုပ်ကို ဖက်ထားရုံပါပဲ။ အဲဒီအခါ အရုပ်က ဗီဒီယိုနဲ့အညီ အသံတွေထွက်လာပြီး လှုပ်ရှားပေးကာ အရှိန်အဟုန်ကို ညှိနှိုင်းပေးသွားမှာပါ။ Faceit က သေချာရွေးချယ်ထားတဲ့ အပြာကားသရုပ်ဆောင် ၂၀ ရဲ့ ဗီဒီယိုတွေကို အခြေခံအနေနဲ့ ထည့်ပေးထားပြီး နောက်ပိုင်းမှာလည်း Contentအသစ်တွေကို ဆက်တိုက် ထည့်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ Contentအသစ်တွေ ထပ်လိုချင်ရင်တော့ သီးသန့် ပိုက်ဆံပေးရမှာပေါ့။

ဒါပေမဲ့ တစ်စုံကို ဒေါ်လာ ၅,၉၉၀ ကျသင့်တာမို့ မနည်းလှတဲ့ ပမာဏလို့တော့ ပြောလို့ရပါတယ်။

-အဲဒါက မစျေးကြီးလွန်းဘူးလား။

-ဘာတွေ ပြောနေတာလဲ။ ပါဝင်တဲ့ နည်းပညာကို ထည့်တွက်ရင် အဲဒါက စျေးပေါတယ်လို့ ပြောရမယ်။

-ဒါလေး ရှိရုံနဲ့တင် ကမ္ဘာတစ်ဝှမ်းက လှပတဲ့ အမျိုးသမီးမျိုးစုံနဲ့ တွေ့ဆုံနိုင်မှာလား။

-Chanel အိတ်တစ်လုံးကို ဒေါ်လာ ၅,၀၀၀ ကျသင့်တာကွ။ အိတ်ကြီး လက်ဆောင်ပေးမယ့်အစား ဒါက ပိုမကောင်းဘူးလား။

-အဲဒီလို တွေးကြည့်ရင်တော့ စျေးပေါသလိုပဲနော်။

-အဓိကအချက်က မင်းတို့လို စော်မကပ်ကောင်တွေ ပိုက်ဆံ ဘယ်လောက်ပဲသုံးသုံး ဘယ်တော့မှ ဒိတ်လုပ်ခွင့်ရမှာ မဟုတ်ဘူးဆိုတာပဲ။

-ချီးပဲ... ပြန်ငြင်းလို့တောင်မရတော့ဘူး ㅜㅜ

-ဒီနေ့ကစပြီး ငါ့ရည်းစားက Aniပဲ။

-အထီးကျန်တဲ့ ညတွေ မရှိတော့ဘူးကွ။

-ရည်းစားထားဖို့ကိုလုံးဝ လက်လျှော့လိုက်ပြီး တစ်ခုလောက် ဝယ်လိုက်ကြရအောင်။

ပထမဆုံးအသုတ်က ထွက်ထွက်ချင်းမှာတင် ချက်ချင်း ကုန်သွားခဲ့တယ်။ မီဒီယာတွေကလည်း ၂၁ ရာစုရဲ့ အကောင်းဆုံး တီထွင်မှုတွေထဲက တစ်ခုလို့ ချီးကျူးဂုဏ်ပြုခဲ့ကြတယ်။ ဆော့ဖ်ဝဲလ်နဲ့ Hardwareကို ပေါင်းစပ်ထားတာဖြစ်ပြီး အပြာကားလောကရဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ဖော်ညွှန်းနေတာမလို့ သူတို့ ပြောတာလည်း မှန်ပါတယ်။ ကျွမ်းကျင်သူတချို့ကတော့ နည်းပညာတိုးတက်မှုတွေက လူသားတွေရဲ့ လိင်မှုကိစ္စကို နောက်ဆုံးမှာ ဘယ်လို ပြောင်းလဲပစ်မလဲဆိုတာ မသေချာလို့ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြတယ်။

အမေရိကန် အမျိုးသမီးအဖွဲ့အစည်းတချို့နဲ့ ခရစ်ယာန်အဖွဲ့အစည်းတွေက ရုံးချုပ်ရှေ့မှာ စုရုံးပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။

"VR လိင်မှုဆိုင်ရာ ပစ္စည်းတွေက အမျိုးသမီးတွေကို ကုန်ပစ္စည်းတစ်ခုလို ဖြစ်စေတယ်။ အရောင်းအဝယ်ကို ချက်ချင်းရပ်တန့်ပါ"ဆိုပြီးဆန္ဒပြကြတာပါ။

ဒါကို တိုဘီက ဂရုမစိုက်တဲ့ပုံစံနဲ့ ပြန်ဖြေရှင်းခဲ့တယ်။

"ကျွန်တော်တို့ လုပ်ငန်းက မူလကတည်းက လိင်မှုရေးရာကို ကုန်ပစ္စည်းလို လုပ်နေတာပဲလေ။ ဒါကြောင့်မလို့ မကြာခင်မှာ အမျိုးသမီးတွေအတွက် ထုတ်ကုန်တစ်ခုကိုလည်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်"

အငြင်းပွားမှုတချို့ ရှိနေပေမဲ့ ထုတ်ကုန်က ထုတ်လုပ်နိုင်တဲ့ အရှိန်ထက် ပိုပြီး မြန်မြန်ဆန်ဆန် ကုန်သွားခဲ့တယ်။

အမေရိကမှာ ရရှိခဲ့တဲ့ ကြီးမားတဲ့ အောင်မြင်မှုကြောင့် အားတက်သွားပြီး Faceit က နောက်ပိုင်းမှာ ဂျပန်မှာ ဆက်လက်မိတ်ဆက်ခဲ့တယ်။ ဂျပန်မှာက ပြည်တွင်း အရွယ်ရောက်ပြီးသူသုံး အရုပ်လုပ်ငန်းက အလွန်ဖွံ့ဖြိုး တိုးတက်နေတာပါ။ ဒီနေရာမှာ အောင်မြင်ရင် ကမ္ဘာလုံးဆိုင်ရာ တိုးချဲ့မှုအတွက် ခြေလှမ်းတစ်လှမ်း ဖြစ်လာမှာပါ။

ပြဿနာတစ်ခုကတော့ နီရှီဒါ စတော့ပွဲစားကုမ္ပဏီရဲ့ အော်ဒါအမှား ဖြစ်ရပ်ကတည်းက Faceit အပေါ် ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေ ကြီးထွားလာခဲ့ပြီး သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေအထိ ဖြစ်ခဲ့တာပါ။

Aniကို မိတ်ဆက်မယ့် သတင်းထွက်လာတဲ့အခါ ဂျပန် အင်တာနက်စာမျက်နှာတွေမှာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့တယ်။

-ငါတို့နိုင်ငံကို နစ်နာအောင် လုပ်ထားပြီးတော့မှ ဂျပန်မှာ လာပြီး ပိုက်ဆံရှာဖို့ တွေးနေတာလား။

-အဲဒါကို ဝယ်တာက ကန်ဂျင်ဟူ ပိုက်ဆံရအောင် ကူညီပေးနေတာပဲ။

-ဂျပန်မှာ ဘာဖြစ်ခဲ့လဲဆိုတာ မမေ့ကြနဲ့။

-ငါတို့ကတော့ ဂျပန် AV ကိုပဲ ကြည့်ပြီး ကျေနပ်တယ်ကွ။

-ဂျပန်က အမေရိကထက် သေးချင်သေးမယ်၊ ဒါပေမဲ့ ဂျပန်က AV ရဲ့ မဟာနိုင်ငံတော်ကြီးပဲ။ ငါတို့မှာ ကမ္ဘာကျော် AV သရုပ်ဆောင်တွေနဲ့ စွမ်းဆောင်ရည်မြင့် အရုပ်တွေ ရှိတယ်ကွ။

-ကန်ဂျင်ဟူရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ထားတဲ့ VR လိင်မှုဆိုင်ရာ ပစ္စည်းကို အလကားပေးရင်တောင် ငါ လက်မခံဘူး။

-ဒီအခွင့်အရေးကို သုံးပြီး ဂျပန်ကျွန်းစုပေါ်ကနေ Faceit ကို မောင်းထုတ်ကြစို့။

-ဂျပန်အမျိုးသားတို့... စည်းလုံးကြဟေ့။

ဂျပန် အင်တာနက်အသုံးပြုသူတွေက ဘယ်တော့မှ မဝယ်ဘူးလို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြတယ်။

ဒါပေမဲ့ ထူးဆန်းတာက ကြိုတင်မှာယူမှု စတင်တဲ့ အချိန်မှာတင် Faceit ရဲ့ ဆာဗာက ကျသွားခဲ့တာပါ။ ပထမဆုံး အသုတ်ဖြစ်တဲ့ အခု ၆၉၀ လုံး ချက်ချင်း ကုန်သွားခဲ့ပြီး ပြန်လည်ရောင်းချသူတွေဆီမှာ စျေးနှုန်း နှစ်ဆအထိ ဖြစ်သွားခဲ့တယ်။ ထပ်ပြီး ရနိုင်ဦးမလားဆိုတဲ့ စုံစမ်းမေးမြန်းမှုတွေလည်း လျှံထွက်နေခဲ့တာပေါ့။

-lol... ဂျပန်တွေ အတော်ညီတယ်နော်။

-မဝယ်ဘူးလို့ ကတိပေးပြီးတော့ နောက်ကွယ်မှာ တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ထိုးနေကြတာ ကြည့်ဦး။

-ဒါကြောင့်မလို့ ဂျပန်လူမျိုးတွေ ပြောတာကို ယုံလို့မရတာ။

-ဒါနဲ့ အဲဒါကို ကိုရီးယားမှာကျ ဘာလို့မရောင်းတာလဲ။

-ကန်ဂျင်ဟူ ရင်းနှီးမြှုပ်နှံထားတာပဲ၊ ကိုရီးယားမှာ ဘာလို့ မိတ်မဆက်တာလဲ။

ကိုရီယားအင်တာနက်အသုံးပြုသူတွေကြားမှာလည်း ဝေဖန်သံတွေ ညံနေခဲ့တယ်။

-လဖွတ်။ 'ယဉ်ကျေးတဲ့ အရှေ့ဖျားနိုင်ငံ' မှာ VR လိင်မှုဆိုင်ရာ ပစ္စည်းတဲ့လား။ ပညာရှိ အဖိုးကြီးတွေ စိတ်ဆိုးကြတော့မှာပဲ။

-အစိုးရရဲ့ စီစစ်မှုကနေ ဖြတ်ကျော်ထားတဲ့ တရားဝင် ခွင့်ပြုချက်ရ NCကားတွေကိုပဲ ကြည့်ကြပါ။

-အဲဒါကို ဘယ်သူက ကြည့်မှာလဲ။

-လမ်းတွေပေါ်မှာ အလိုအလျောက်မောင်းတဲ့ လျှပ်စစ်ကားတွေ မောင်းနေတဲ့ ခေတ်ကြီးမှာ အပြာကားက တရားမဝင်ဘူးဆိုတာ အဓိပ္ပာယ်ရှိလို့လား။

-လွှတ်တော် အထူးညီလာခံကို အမြန်ခေါ်ယူပြီး အပြာကားဥပဒေကြမ်းကို အရင်ဆုံး အတည်ပြုပေးပါ။

-အပြာကား မကြည့်ဖူးတဲ့ လွှတ်တော်အမတ်တွေပဲ ကန့်ကွက်မဲ ပေးသင့်တယ်။ နောက်ကွယ်မှာ အပြာကားကြည့်ပြီး ကန့်ကွက်မဲပေးရင်တော့ လက်ကောက်ဝတ်တွေ ပြုတ်ထွက်သွားစေရမယ်။

-အမတ်မင်း ဆောင်းဂွီနမ်... ကျွန်တော်တို့ ခင်ဗျားကို ချစ်တယ် ^^

-အမတ်မင်း နမ်ဆောင်းဂွီ ပါဟ။ ဘာလို့ လူတိုင်းက ဆောင်းဂွီနမ်လို့ပဲ ခေါ်နေကြတာလဲ။

မျှော်လင့်ထားတဲ့အတိုင်းပဲ ကိုရီးယားကို တင်သွင်းမှုကို ပိတ်ပင်ထားခဲ့တယ်။ အပြာကားတွေက မူလကတည်းက တရားမဝင်သလို၊ လက်တွေ့ဆန်တဲ့ အရုပ်တွေကိုလည်း အများပြည်သူဆိုင်ရာ ကိုယ်ကျင့်တရားကို ပျက်ပြားစေတဲ့ ညစ်ညမ်းပြီး လိင်မှုရေးရာကို လှုံ့ဆော်တဲ့ ပစ္စည်းတွေအဖြစ် ယူဆထားကြတာပါ။ အမတ်မင်း နမ်ဆောင်းဂွီက အပြာကားတွေကို တရားဝင်ဖြစ်စေမယ့် ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့ပေမဲ့ လွှတ်တော်က ညီလာခံ မကျင်းပဖြစ်ဘဲ အချိန်ဆွဲနေခဲ့တယ်။ အတိုက်အခံပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမျိုးသမီးနဲ့ မိသားစုရေးရာဝန်ကြီးကလည်း အာဏာရပါတီက ဖြစ်နေပေမဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တယ်။ အမျိုးသမီးအဖွဲ့အစည်းတွေ၊ ရှေးရိုးစွဲအဖွဲ့အစည်းတွေ၊ ခရစ်ယာန်အဖွဲ့အစည်းတွေ၊ မိဘအဖွဲ့အစည်းတွေနဲ့ နယ်ပယ်အသီးသီးက ပညာရှိတွေ ပူးပေါင်းပြီး ကန့်ကွက်နေကြတာကြောင့် ဥပဒေကြမ်း အတည်ပြုနိုင်ဖို့က မရေမရာ ဖြစ်နေတုန်းပါပဲ။

တစ်နေ့ကို အကြိမ်ပေါင်းများစွာ စီးပွားရေးဆိုင်ရာ စုဝေးပွဲတွေ၊ ပါတီတွေနဲ့ ပွဲလမ်းသဘင် အမျိုးမျိုးကို တက်ရောက်ဖို့ ဖိတ်ကြားချက်တွေ ကျွန်တော့်ဆီ ရောက်လာတတ်ပါတယ်။ အဲဒီလိုနေရာမျိုးတွေမှာ ကျွန်တော် စကားပြောစရာ သိပ်မရှိတာကြောင့် များသောအားဖြင့်တော့ အားလုံးကို ငြင်းပယ်လေ့ရှိတာပါ။ အဲဒီအချိန်တွေကို အိုတက်ဂယူ အကြံပြုထားတဲ့ ကာတွန်းစာအုပ်တွေကို ဖတ်ရင်းပဲ ကုန်လွန်ချင်မိတယ်။

ဒါပေမဲ့ ဒီလထဲမှာ ကျွန်တော် မလွဲမသွေ တက်ရောက်ရမယ့် အရေးကြီးတဲ့ ပွဲတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ခေါင်းဆောင် စီနီယာ ဂျောင်ကီဟုမ်ရဲ့ မင်္ဂလာဆောင်ပါပဲ။ သူနဲ့ လက်ထပ်မယ့်သူကတော့ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျွန်ဟျွန်းဂျောင်ပါ။ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ နှစ်လကတည်းက ချမှတ်ခဲ့တာပါ။ လူတိုင်း ရိပ်မိကြတဲ့အတိုင်း ဒီလောက် အလျင်စလို မင်္ဂလာဆောင်ရတဲ့ အကြောင်းရင်းကတော့ ဗိုက်ကြီးသွားလို့ပါပဲ။

ဒီသတင်းကို ကြားတော့ စီနီယာ ဆန်းယော့က ပျာပျာသလဲနဲ့ နဖူးက ချွေးတွေကို သုတ်လိုက်တယ်။

"ငါလည်း သတိထားရမယ်၊ မဟုတ်ရင် တစ်ချက်ထဲနဲ့ မင်္ဂလာခန်းမကို ဆွဲခေါ်ခံရလိမ့်မယ်ကွ"

ဒီလိုကိစ္စမျိုးမှာတော့ ဘယ်တော့မှ ပေါ့ဆလို့ မရဘူးလေ။

"စီနီယာက လက်မထပ်တော့ဘူးလား"

ကျွန်တော့်မေးခွန်းကို စီနီယာ ဆန်းယော့က ပြတ်ပြတ်သားသား ခေါင်းခါပြတယ်။

"ဟင့်အင်း။ ငါက အသက်လေးဆယ်အထိ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းသွားမှာ"

ကျွန်တော်နဲ့အတူ တက္ကသိုလ်တက်ခဲ့တဲ့ စီနီယာတွေ မင်္ဂလာဆောင်ကြတော့မယ်လို့ တွေးမိတာက စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ သူတို့နှစ်ယောက်လုံးက ကုမ္ပဏီရဲ့ အစောပိုင်းကာလကတည်းက ဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေလည်း ဖြစ်ကြပါတယ်။

မင်္ဂလာဆောင် ပြင်ဆင်မှုတွေက လျှပ်စီးလက်သလို မြန်ဆန်ခဲ့တယ်။ မိသားစုနှစ်ဖက်စလုံးက မိဘတွေကတော့ ဒါက နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ မင်္ဂလာလက်ဖွဲ့ငွေတွေကို ပြန်သိမ်းရမယ့် အခွင့်အရေးပဲလို့ သဘောတူခဲ့ကြတယ်။ ကိုရီးယား မင်္ဂလာဆောင်ရဲ့ ရည်ရွယ်ချက်က တတ်နိုင်သမျှ လူအများကြီး ဖိတ်ပြီး ခန်းမကို အပြည့်ဖြည့်ကာ လက်ဖွဲ့ငွေ အများဆုံး ကောက်ဖို့ပဲ မဟုတ်ဘူးလား။

ဒါပေမဲ့ ဒီနေရာမှာ ပြဿနာအနည်းငယ် ရှိနေပါတယ်။ စီနီယာ ဂျောင်ကီဟုမ်နဲ့ ဂျွန်ဟျွန်းဂျောင်က တက္ကသိုလ်တစ်ခုထဲ၊ မေဂျာတစ်ခုထဲ ဖြစ်တဲ့အပြင် ရုံးတွင်း စုံတွဲလည်း ဖြစ်နေတာပါ။ ဒီလိုအခြေအနေမျိုးမှာ ဖိတ်မယ့် ဧည့်သည်စာရင်းက အများကြီး ထပ်နေမှာလေ။ ဒါတင်မကသေးဘူး၊ ကျွန်တော်တို့ ကုမ္ပဏီမှာ ဝန်ထမ်း အရေအတွက် ၁၀၀ တောင် မပြည့်ပါဘူး။

မိသားစုနှစ်ဖက်လုံးက ဧည့်သည်နည်းမှာကို စိုးရိမ်ပြီး ပွဲကို အကျဉ်းချုံးလုပ်ဖို့ စဉ်းစားခဲ့ကြတယ်။ ဒါပေမဲ့ စီနီယာ ကီဟုမ်က OTK Company ရဲ့ အဖွဲ့ခေါင်းဆောင် အနည်းငယ်ထဲက တစ်ယောက်ပဲလေ။ ဧည့်သည်တွေ လိုအပ်မှာ မဟုတ်ပါဘူး။

စီအီးအိုတစ်ယောက်အနေနဲ့ မင်္ဂလာဆောင်မယ့် ဝန်ထမ်းတွေအတွက် ကျွန်တော် လုပ်ပေးနိုင်တာ သိပ်မရှိတာကြောင့် မင်္ဂလာခန်းမကို ဘွတ်ကင်လုပ်ပေးပြီး ဟန်းနီးမွန်းခရီးစဉ်အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီစဉ်ပေးခဲ့တယ်။

မင်္ဂလာဆောင်ကို အလျင်စလို စီစဉ်ခဲ့ရတာမလို့ ခန်းမရှာမရမှာကို စိုးရိမ်ခဲ့ပေမဲ့ ကံကောင်းစွာနဲ့ပဲ ဆီလွန်ဟိုတယ်ရဲ့ မင်္ဂလာခန်းမကို ဘွတ်ကင်လုပ်နိုင်ခဲ့တယ်။ ဟိုတယ် မင်္ဂလာခန်းမတွေက စျေးကြီးသလောက် ဘွတ်ကင်လုပ်ဖို့ ခက်ခဲတာကြောင့် နာမည်ကြီးပါတယ်။ ကံကောင်းချင်တော့ မင်္ဂလာဆောင် ဖျက်သိမ်းလိုက်တဲ့သူ ရှိတာကြောင့် ကျွန်တော်တို့ ချက်ချင်း ဘွတ်ကင် ရလိုက်တာပါ။

ဒါရိုက်တာ လင်ဆိုမီက ပြုံးရင်း ပြောတယ်။

"ဒါက တကယ့်ကို ကံကောင်းတာပဲ"

"ဒီလိုမျိုးတွေ ရံဖန်ရံခါ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ မင်္ဂလာပွဲ မစခင်လေးတင် ဖျက်သိမ်းလိုက်တာမျိုးပေါ့။ လူတွေက အချိန်မရွေး လမ်းခွဲသွားနိုင်တာပဲလေ။ မင်္ဂလာစင်မြင့်ပေါ် ရောက်တဲ့အထိ ဘာမှ မသေချာဘူး"

"......"

ဘာပဲဖြစ်ဖြစ် ကုန်ကျစရိတ်ကိုလည်း ၂၀ ရာခိုင်နှုန်း လျှော့စျေး ကျွန်တော်တို့တွေ ရခဲ့ပါတယ်။

မင်္ဂလာဆောင်တဲ့နေ့မှာတော့ ခန်းမရှေ့မှာ ဂုဏ်ပြုပန်းခြင်းတွေက အဆုံးမရှိ တန်းစီနေခဲ့တယ်။

စီနီယာ ဆန်းယော့နဲ့ ကျွန်တော်က စောစောရောက်သွားပြီး စီနီယာ ကီဟုမ်နဲ့ တွေ့ခဲ့တယ်။ တက်ဂယူကတော့ အစ်မ အိုဟျွန်းဂျူးနဲ့ သီးသန့်လာမှာပါ။ စီနီယာ ကီဟုမ်က မင်္ဂလာဝတ်စုံကို ဝတ်ထားပြီး အရမ်းကို ထိတ်လန့်ခြောက်ခြားနေတဲ့ ပုံစံဖြစ်နေပါတယ်။

စီနီယာ ဆန်းယော့က မေးတယ်။

"မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပြီလား"

"ငါ အပြည့်အဝ ပြင်ဆင်ရသေးဘူး ထင်တယ်"

"ဟျွန်းဂျောင်ကော ပြင်ဆင်ပြီးပြီလား"

"သူက သတို့သမီး နားနေခန်းထဲမှာပါ"

ကျွန်တော်တို့တွေ သတို့သမီး နားနေခန်းဆီကို ဦးတည်သွားခဲ့တယ်။

အဲဒီမှာ စီနီယာ ဟျွန်းဂျောင်က သတို့သမီး မိတ်ကပ်အပြည့်အစုံနဲ့ ဖြူစင်တဲ့ မင်္ဂလာဝတ်စုံကို ဝတ်ပြီး ထိုင်နေပါတယ်။ ကျွန်တော်တို့ ဝင်သွားတဲ့အခါ သူနဲ့အတူရှိနေတဲ့ သူငယ်ချင်းတွေက လန့်ဖျပ်သွားတော့တယ်။

"လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်ဗျာ။ ပျော်ရွှင်ပါစေ"

စီနီယာ ဟျွန်းဂျောင်က တောက်ပစွာ ပြုံးပြတယ်။

"ကျေးဇူးတင်ပါတယ်"

သူ့ကို နှုတ်ဆက်ပြီး ထွက်လာတဲ့အချိန်မှာပဲ စီနီယာ ကီဟုမ်ရဲ့ အဖေက အလောတကြီးနဲ့ မေးတယ်။

"ကီဟုမ်ရဲ့ မိသားစုဝင်တွေက ဖုန်းဆက်လာတယ်၊ လမ်းပိတ်လို့ နောက်ကျလိမ့်မယ်တဲ့။ လက်ဖွဲ့ငွေ ကောက်ပေးနိုင်မယ့်သူ ရှိမလား"

"ကျွန်တော်တို့ လုပ်ပေးပါ့မယ်"

ကျွန်တော် လက်ထောင်လိုက်တဲ့အခါ စီနီယာ ကီဟုမ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတယ်။

"ဟမ်... ဟုတ်ကဲ့။ စီအီးအိုက လက်ဖွဲ့ငွေ ကောက်ပေးမှာလား"

"ဒီနေ့တစ်ရက်တော့ တက္ကသိုလ် ဂျူနီယာတစ်ယောက်အနေနဲ့ ကူညီပေးရမှာပေါ့"

စီနီယာ ဆန်းယော့က ပိုက်ဆံလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီး ကျွန်တော်ကတော့ သူ့ဘေးမှာ ထမင်းစားကူပွန်တွေကို ဝေပေးခဲ့တယ်။ သတို့သမီးဘက်မှာတော့ ရှင်ယူရီက ကျွန်တော်နဲ့ တူညီတဲ့ တာဝန်ကို ယူထားတာပါ။

ချက်ချင်းဆိုသလိုပဲ ဧည့်သည်တစ်ယောက် ရောက်လာပြီး စာအိတ်ကို ကမ်းပေးကာ ဧည့်သည်မှတ်တမ်းမှာ လက်မှတ်ထိုးလိုက်တယ်။

"ထမင်းစားကူပွန် ဘယ်နှစောင် လိုချင်ပါသလဲခင်ဗျာ"

"နှစ်စောင်... ဟင်"

ကူပွန်တွေကို လက်ခံလိုက်တဲ့ ဧည့်သည်က ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားတယ်။

"မ... မဖြစ်နိုင်တာ၊ ကန်ဂျင်ဟူလား"

နောက်ထပ် ရောက်လာတဲ့ ဧည့်သည်ကလည်း အလားတူ တုံ့ပြန်မှုမျိုးပဲ ရှိခဲ့တယ်။

စီနီယာ ဆန်းယော့က နားလည်တဲ့ သဘောနဲ့ ခေါင်းညိတ်ပြတယ်။

"ဒါက ဥက္ကဌ လင်ဂျင်ယုံက ဆိုဆောင်း အီလက်ထရောနစ်က ဝန်ထမ်းရဲ့ မင်္ဂလာဆောင်မှာ ထမင်းစားကူပွန် ဝေပေးနေသလိုမျိုး ဖြစ်နေတာလေ"

All Chapters