← Chapters

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း (၈၄၉) - အညံ့ခံခြင်း၊ မဟာတိုက်ပွဲကြီး၏ အကြိုကာလ (၄)

ကျင်းဟိုင် အင်မော်တယ်မြို့တော် တစ်ခုလုံးမှာ သေခြင်းတရား၏ အငွေ့အသက်တို့က အလွန်တရာ ပြင်းထန်စွာ လွှမ်းခြုံထား၏။

ကျင်းဟိုင် အင်မော်တယ်မြို့တော်၏ အမည်နာမတွင် ပင်လယ် ဟူသော စကားလုံး ပါဝင်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ နယ်မြေအတွင်း၌ ပင်လယ်ပြင်အလား အဆုံးအစမထင် ကျယ်ပြောလှသည့် ကျင်းဟိုင် ဟု ခေါ်ဆိုကြသော ကုန်းတွင်းပိုင်း ရေကန်ကြီးတစ်ခု တည်ရှိနေသောကြောင့်ပင်။

ထိုဧရာမရေကန်ကြီးမှာ ကျင်းဟိုင်မြို့တော်မှ မိုင်ပေါင်း (၆၀၀၀) ခန့်အကွာတွင် တည်ရှိပြီး မိစ္ဆာမျိုးနွယ်စုများအတွက်မူ ကြက်သီးမွေးညင်းထလောက်ဖွယ်ရာ ကောင်းလှသည့် သေမင်းတမန်နယ်မြေတစ်ခုအဖြစ် ကျော်ကြားလှပေ၏။

[t.n; (ကျင်းဟိုင်) ဟူသော အမည်ရှိ (ဟိုင်) ဟူသည့် ဝေါဟာရမှာ တရုတ်ဘာသာစကားအရ ပင်လယ် ဟု တိုက်ရိုက် အဓိပ္ပာယ်ထွက်ပါသည်]

မကြာသေးမီက ကျင်းဟိုင်ရေကန်၏ အနက်ရှိုင်းဆုံးနေရာတွင် မိစ္ဆာမျိုးနွယ်စုတို့၏ ဟင်းလင်းပြင် လမ်းကြောင်း တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းနှင့်အတူ အစွမ်းထက်သော မိစ္ဆာမျိုးနွယ်စုများ ရောက်ရှိလာခဲ့သလို၊ အဆုံးမဲ့သော မိစ္ဆာသားရဲ ရေလှိုင်းကြီးများလည်း အတူပါလာခဲ့တော့၏။

ရောက်ရှိလာသော မိစ္ဆာသားရဲ အများစုမှာ ကုန်းနေရေနေ သားရဲများ ဖြစ်ကြပြီး ကျန်ရှိသူများမှာမူ ရေငှက်အမျိုးအစားများ ဖြစ်ကြ၏။

ထိုမိစ္ဆာမျိုးနွယ်စုများနှင့် မိစ္ဆာသားရဲများ ပေါင်းစပ်ကာ ကျင်းဟိုင်ရေကန်ကို အခြေပြုလျက် ဤဆိုးဝါးလှသော မိစ္ဆာဒီရေလှိုင်းကို စတင် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း...မိစ္ဆာမျိုးနွယ်စုတို့ လှုပ်ရှားမှု စတင်သည်နှင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်က ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနှင့်ပြီး ဖြစ်၏။

ကျင်းဟိုင် မိစ္ဆာမျိုးနွယ်စုတို့က မိစ္ဆာသားရဲ ရေလှိုင်းကို လွှတ်တင်၍ ထွက်ပေါက်ရှာရန် ကြိုးပမ်းချိန်တွင် မြေကမ္ဘာ အင်မော်တယ် စံအိမ်က ကျင့်ကြံသူ တပ်မကြီးများနှင့် ခန္ဓာကိုယ် ကျင့်ကြံသူများကို စေလွှတ်ကာ ဖိနှိပ်ထားခဲ့ပြီးပြီပင်။ ထို့အပြင် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့ကိုပါ ဆင့်ခေါ်ကာ အခြားသော အင်မော်တယ် ဂိုဏ်းများကို စုစည်း၍ ကျင်းဟိုင် မိစ္ဆာမျိုးနွယ်စုတို့၏ ရေလှိုင်းကြီးကို အတူတကွ ဖိနှိပ်ထားခဲ့၏။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာနှင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်တို့၏ စုပေါင်း ကြိုးပမ်းအားထုတ်မှုဖြင့်သာလျှင် ထိုမိစ္ဆာဒီရေလှိုင်းကို ပင်လယ်ရေပြင် နယ်မြေအတွင်းသို့ ပြန်လည် ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တိုင်အောင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့၏ စစ်ပွဲမှာ ပြင်းထန်ဆဲပင်။

စုယွီနှင့် တာအိုဆရာ ထျန်းယွီ တို့သည် ကျင်းဟိုင်မြို့တော်သို့ ရောက်ရှိလာခဲ့ကြသည်။

“မိစ္ဆာမျိုးနွယ်စုက အဓိကအားဖြင့် မိစ္ဆာမျိုးနွယ်စုကြီး သုံးခုနဲ့ ဖွဲ့စည်းထားတယ်။ ခွန်းလင်း မျိုးနွယ်စု၊ မိုးကြိုးမြွေ မျိုးနွယ်စု၊ နဲ့ ဦးခေါင်းနှစ်လုံးပါ ရွှေလင်းယုန် မျိုးနွယ်စုတို့ပဲ။ သူတို့အားလုံးမှာ မိစ္ဆာအရှင်သခင်ကြီးတွေ ရှိကြတယ်”

“နောက်ပြီး အသေးစား မိစ္ဆာမျိုးနွယ်စု (၃၀) ကျော်လည်း ရှိသေးတယ်”

မြို့တော်၏ မဟာခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားစဉ် တာအိုဆရာ ထျန်းယွီက အခြေအနေကို ရှင်းပြနေခြင်းပါ။

“ကျင်းဟိုင် ရေကန်ရဲ့ မိစ္ဆာဒီရေလှိုင်း ဘေးဒုက္ခကို ဖြေရှင်းဖို့ဆိုရင် ကျင်းဟိုင်ရဲ့ အနက်ရှိုင်းဆုံးနေရာအထိ သွားရောက်ပြီး မိစ္ဆာမျိုးနွယ်စုတို့ရဲ့ ဟင်းလင်းပြင် လမ်းကြောင်းကို ဖျက်ဆီးရမယ်။ ပြီးမှ မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာမျိုးနွယ်တွေကို တစ်ခုချင်းစီ အမြစ်ပြတ် သုတ်သင်ရမှာ”

စုယွီသည် ကျင်းဟိုင်မြို့တော်၏ အမြင့်ဆုံးနေရာသို့ တက်လှမ်းသွားပြီး ကျင်းဟိုင် ရေကန်ရှိရာသို့ ရှုမျှော်ကြည့်လိုက်၏။

အကွာအဝေး အလွန် ဝေးကွာနေသော်လည်း အဆုံးမဲ့ ကောင်းကင်နှင့် မြေပြင်ကို ဖြတ်ကျော်ကာ ကျင်းဟိုင်မြို့တော်အထိ ရိုက်ခတ်လာသော မိစ္ဆာမျိုးနွယ်စုတို့၏ လူသတ် အရှိန်အဝါများကို သူ အနည်းငယ် ခံစားမိနေ၏။

“ဆရာ... ကျင်းဟိုင်ရေကန်နဲ့ အနီးဆုံးဖြစ်တဲ့ စတုတ္ထအဆင့် ဝိညာဉ်ကြောက ဘယ်မှာလဲခင်ဗျ” စုယွီက တာအိုဆရာ ထျန်းယွီထံ လှည့်ကာ မေးမြန်းလိုက်၏။

တာအိုဆရာ ထျန်းယွီက ခဏတာ တွေးတောပြီးနောက် ပြန်ဖြေလိုက်၏။ “အဲ့ဒါက ကျင်းဟိုင်ရေကန်နဲ့ မိုင် (၁၀၀၀) ဝေးတဲ့နေရာမှာ ရှိတဲ့ ပိုင်မျိုးနွယ်စုရဲ့ ပိုင်လင်တောင် မှာ ရှိတယ်။ စတုတ္ထအဆင့် ဝိညာဉ်ကြောပဲ”

“ဒါဆိုရင် တပည့် အဲ့ဒီကို သွားမယ်။ ဆရာက အကြီးအကဲနဲ့ ဆက်သွယ်ပြီး ကျင်းဟိုင်ရေကန်ကို စတင် တိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်ပါ”

“ဝုန်း…”

တာအိုဆရာ ထျန်းယွီ၏ လမ်းညွှန်ချက်အတိုင်း စုယွီသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်၏။

ရုတ်ချည်းပင် ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားပြီး ပျောက်ကွယ်သွား၏။

တာအိုဆရာ ထျန်းယွီမှာမူ အနည်းငယ် လေးနက်သော အမူအရာဖြင့် ပိုင်လင်တောင် တည်ရှိရာသို့ တစ်ချက် ကြည့်လိုက်ပြီးနောက် တာအိုသခင်ကြီး ဟုန်ယွဲ့ကို ရှာဖွေရန် မြို့တော်၏ မဟာခန်းမဆောင်ဆီသို့ ပြန်သွားသည်။

ပိုင်မျိုးနွယ်စု၏ ပိုင်လင်တောင်တွင်မူ မူလဝိညာဉ်အဆင့် ပညာရှင်ကြီးတစ်ပါး ရှိနေသော ကျင့်ကြံခြင်း မျိုးနွယ်စုကြီးတစ်ခု တည်ရှိနေသည်။ ၎င်းမှာ ကျင်းဟိုင်ရေကန်နှင့် ဝေးလွန်းလှသည် မဟုတ်သလို စတုတ္ထအဆင့် ဝိညာဉ်ကြောနှင့်လည်း အနီးစပ်ဆုံး ဖြစ်၏။

ဤအခိုက်အတန့်တွင် ပိုင်မျိုးနွယ်စု၏ မဟာခန်းမဆောင် အတွင်း၌ ပိုင်မျိုးနွယ်စု ခေါင်းဆောင်နှင့် အခြားသော မူလဝိညာဉ်အဆင့် ပညာရှင်ကြီး (၄) ပါး၊ အပြင် မိသားစု ခေါင်းဆောင်နှင့် အခြားသော အကြီးအကဲများ အားလုံး စုဝေးရောက်ရှိနေကြ၏။ သူတို့သည် အဓိကနေရာတွင် ထိုင်နေသော အစိမ်းရောင်ဝတ်စုံဝတ် ပုံရိပ်အား ထိတ်လန့်တုန်ရီစွာဖြင့် ကြည့်ရှုနေကြသည်။

ပိုင်မျိုးနွယ်စု ခေါင်းဆောင် ပိုင်ချွန်းထန်က စုယွီအား ကြောက်ရွံ့စွာဖြင့် ကြည့်ကာ မေးလိုက်၏။

“အရှင်သခင်... မြေကမ္ဘာ အင်မော်တယ် စံအိမ်က ကျွန်တော်တို့ရဲ့ ပိုင်လင်တောင် ဝိညာဉ်ကြောကို အမှန်တကယ်ပင် သိမ်းယူအသုံးပြုတော့မှာလား”

တာအိုဆရာ အရိပ်နီ ပုံစံကို ပြောင်းထားသော စုယွီက ခေါင်းညိတ်ပြလိုက်၏။

သူသည် ပိုင်လင်တောင် ဝိညာဉ်ကြော၏ အဓိကနေရာတွင် 'ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး' ကို ထည့်သွင်းထားပြီး ဖြစ်ရာ ထိုဝိညာဉ်ကြော၏ စွမ်းအားများ စုပ်ယူစေရန် စီစဉ်ထားပြီး ဖြစ်၏။

ပိုင်လင်တောင်၏ စွမ်းအား အဆင့်အတန်း အရ၊ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး အား လှုပ်ရှားနိုင်ရန် လုံသော စွမ်းအားများ စုဆောင်းပေးနိုင်ရန်အတွက် ဤစတုတ္ထအဆင့် ဝိညာဉ်ကြောတစ်ခုလုံးကို လုံးဝ မပျက်စီးစေလျှင်ပင် အနည်းဆုံး တစ်ဝက်ကျော်ကမူ ပျက်စီးသွားပေလိမ့်မည်။

လိုအပ်မည့် အချိန်မှာ တစ်လခန့် ဖြစ်ပေလိမ့်မည်။

စုယွီက ညွှန်ကြားလိုက်၏။

“ဒီအချိန်အတွင်းမှာ မင်းတို့အားလုံး ဒီနေရာမှာပဲ နေကြ... ဘယ်မှ မသွားနဲ့”

“ဒီကိစ္စ ပြီးသွားတဲ့အခါ မြေကမ္ဘာ အင်မော်တယ် စံအိမ်က မင်းတို့ ပိုင်မျိုးနွယ်စုကို သဘာဝကျကျပဲ လျော်ကြေးပေးသွားမယ်”

All Chapters