← Chapters

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း (၈၅၂) မူလဝိညာဉ်အဆင့် (၈)၊ လူသားမျိုးနွယ်၏ တုံ့ပြန်တိုက်စစ်

(အပိုင်း ၃)

ပိုင်ချွန်းထန်သည်လည်း ရင်ထဲ၌ အနည်းငယ် အံ့အားသင့်နေခဲ့၏။

စောစောက သူသည် ဤစီနီယာကြီးထံမှ မူလဝိညာဉ် အဆင့်ထက် ကျော်လွန်နေသော ကျင့်ကြံခြင်း အရှိန်အဝါ တစ်ခုကို ရှင်းလင်းစွာ အာရုံခံမိခဲ့သည်။

သို့ဆိုလျှင် အဘယ်ကြောင့် ယခုအခါတွင် ဤချီစွမ်းအား လှုပ်ခတ်မှုများက မူလဝိညာဉ် အဆင့်သာ ရှိနေသကဲ့သို့ ထင်မှတ်ရသနည်း။

မူလဝိညာဉ် အဆင့် သတ္တမအလွှာများ ဖြစ်နေမလား။

သူက ခေါင်းကို ခါယမ်းလိုက်ပြီး တိုးညှင်းသော အသံဖြင့် စကားဆိုလိုက်၏။

“ငါ မသိဘူး... ဒါပေမဲ့ ငြင်းလို့ မရတဲ့ အချက်ကတော့ ဒီစီနီယာကြီးရဲ့ စွမ်းအားဟာ မူလဝိညာဉ် အဆင့်က အရှင်သခင်ကြီး တစ်ပါးရဲ့ အဆင့်မှာ လုံးဝ မဟုတ်ဘူးဆိုတာပဲ”

“အရင်တုန်းက ဒီစီနီယာကြီးရဲ့ အကြည့်တစ်ချက်နဲ့တင် ငါ ကြုံတွေ့ဖူးသမျှ ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီးတွေထက်ကို ပိုပြီး ကျော်လွန်နေတဲ့ ဖိနှိပ်မှု ခံစားချက်ကို ငါ ခံစားလိုက်ရတယ်”

“ဒီလူသာ ငါ့ကို သတ်ချင်တယ်ဆိုရင် လက်တစ်ချောင်းတောင် မြှောက်စရာ လိုမှာ မဟုတ်ဘူး”

“ရှူး…”

ပိုင် မိသားစု၏ အခြားသော အဖွဲ့ဝင်များက ဤစကားကို ကြားလိုက်ရချိန်တွင် လေပြင်းပြင်း တစ်ချက်ကို အလိုအလျောက် ရှူသွင်းလိုက်မိကြပြီး ယခင် အကြံအစည်များကို လုံးဝ ရုပ်သိမ်းလိုက်ကာ ထိုနေရာတွင်သာ လိမ္မာစွာဖြင့် စောင့်ဆိုင်းနေကြတော့၏။

အချိန်များ ဖြည်းညင်းစွာ ကုန်လွန်သွားသည်။

ညအချိန်သို့ ရောက်ရှိလာ၏။

ညဉ့် ကောင်းကင်ယံတွင် ကြယ်များ တလက်လက် တောက်ပနေသော်လည်း ဤအချိန်၌ ပိုင် မိသားစု၏ မျိုးနွယ်စုဝင် အချို့က ကြယ်တစ်ပွင့်မှာ မြေပြင်နှင့် ထူးထူးခြားခြား နီးကပ်နေသကဲ့သို့ သတိပြုမိသွားကြသည်။

ကြယ်ရောင် တိုင်လုံးကြီး တစ်ခုနှင့် ဆင်တူသော အလင်းတန်း တစ်ခုက သူတို့ ပိုင် မိသားစု နယ်မြေ အတွင်းရှိ နေရာတစ်ခု အပေါ်သို့ ကျဆင်းလာခဲ့သည်။

ဤအခိုက်အတန့်၌။

ဂူစံအိမ် အတွင်းဝယ်။

စုယွီ၏ အရှိန်အဝါက တိတ်တဆိတ် စတင် ပြောင်းလဲလာခဲ့၏။

အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်က ယူဆောင်လာပေးသော အဆီအနှစ်များနှင့် အဆင့်နိမ့် ပဉ္စမအဆင့် ဝိညာဉ်အရည် အစုအဝေးကို သန့်စင်ပြီးနောက် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ချီစွမ်းအားများက နောက်ဆုံးတွင် အသွင်ကူးပြောင်းကာ မြင့်တက်လာခဲ့တော့၏။

ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင်လည်း ဓာတ်ကြီးငါးပါး ကျင့်စဉ်အတွက် အချက်အလက်များက တိတ်တဆိတ် ပြောင်းလဲနေခဲ့၏။

(ကျင့်ကြံခြင်း နည်းစနစ် - ဓာတ်ကြီးငါးပါး ကျင့်စဉ်... မူလဝိညာဉ် အဆင့် အဋ္ဌမအလွှာ... ကျွမ်းကျင်မှု ဝ.၀၁ ရာခိုင်နှုန်း)

“ဝုန်း…”

အဆင့်ချိုးဖြတ်လိုက်သည့် အခိုက်အတန့်လေးမှာပင် သူက ချီသန့်စင်အိုး ထဲမှ အဆင့်နိမ့် ပဉ္စမအဆင့် ဝိညာဉ်အရည် အစုအဝေးကြီး တစ်ခုကို နောက်တစ်ကြိမ် ခေါ်ယူလိုက်ပြန်သည်။

စုယွီ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီး လှောင်ချိုင့်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသော ထူးခြား ဖြစ်စဉ်များနှင့် ဆူညံသံများကို ပိတ်လှောင်ထားလိုက်သည်။

စုယွီ ပါးစပ်ကို ဟလိုက်ပြီး အဆင့်နိမ့် ပဉ္စမအဆင့် ဝိညာဉ်အရည် အစုအဝေးကို မြိုချလိုက်၏။

ကမ္ဘာကြီး၏ ဝိညာဉ်စွမ်းအား နေရာတွင် ဝိညာဉ်အရည်၏ အဆီအနှစ်များဖြင့် အစားထိုးလိုက်ပြီး သူ၏ ကိုယ်တွင်းရှိ မူလဝိညာဉ်ကို အငမ်းမရ ဝါးမျို သန့်စင်ခွင့် ပြုကာ သူ့ကိုယ်သူ ပိုမို အားကောင်းလာစေခဲ့သည်။

ဟင်းလင်းပြင် လှောင်ချိုင့် အတွင်း၌ ဓာတ်ကြီးငါးပါး၏ အလင်းတန်းများက ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း လင်းလက်သွားပြီး အံ့မခန်းဖွယ်ရာ အဖြစ်အပျက်များက ကောင်းကင်ယံကို တုန်လှုပ်သွားစေခဲ့၏။

ဟင်းလင်းပြင် လှောင်ချိုင့်၏ အပြင်ဘက် ညကောင်းကင်ယံ အောက်တွင်မူ ပိုင် မိသားစု၏ နယ်မြေ အတွင်းရှိ ပိုင်လင် တောင်မှာ အေးချမ်း တိတ်ဆိတ်လျက် ရှိနေခဲ့သည်။

*

သို့နှင့် အချိန်များ လျှပ်တစ်ပြက် ကုန်လွန်သွားခဲ့၏။

ငါးရက် ကြာပြီးနောက် စုယွီက ဂူစံအိမ် အတွင်းမှ ထွက်လာသည်။ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါကို ဖုံးကွယ်ထားရာ ခန့်မှန်း၍ မရနိုင်ပေ။

ဤအချိန်၌ ပိုင် မိသားစု၏ နယ်မြေ အတွင်းရှိ ပိုင်လင် တောင်မှာ သိသိသာသာ ပြိုကျ ပျက်စီးနေခဲ့လေပြီ။

လီတစ်ရာ အတွင်းရှိ ဝိညာဉ် မြေဆီလွှာများ အားလုံးမှာ တောက်ပမှု ကင်းမဲ့နေသော သာမန် မြေကြီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ကောင်းမွန်လှသော ဝိညာဉ် နယ်မြေ တစ်ခု အနေဖြင့် ၎င်း၏ မူလ အနေအထားသို့ ပြန်လည် ရောက်ရှိရန် အနည်းဆုံး နှစ်တစ်ထောင်ခန့် ခက်ခဲပေလိမ့်မည်။

သူက ဝိညာဉ်သွေးကြော၏ ဗဟိုချက်ထဲမှ ရွှေရောင် အလင်းတန်းများ ဖြာထွက် တောက်ပနေသော ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးကို ပြန်လည် ရယူလိုက်၏။

ပိုင်လင် တောင်၏ စတုတ္ထအဆင့် ဝိညာဉ်သွေးကြောမှ ဝိညာဉ်စွမ်းအားများ အားလုံးကို ဝါးမျိုပြီးနောက် စုယွီက ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး အတွင်းမှနေ၍ သူ့ကိုပင် အနည်းငယ် ကြောက်လန့်သွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရ၏။

“အချိန်တန်ပြီ”

စုယွီက ထိုသို့သာ တီးတိုး ရေရွတ်လိုက်ပြီးနောက် ချီစွမ်းအားနှင့် ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီး တစ်ခုက သူ့ လက်ထဲရှိ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ထဲသို့ စီးဝင်သွားတော့၏။

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး အပေါ်ရှိ အလင်းတန်းများ တောက်လောင်လာသည်နှင့်အတူ စုယွီ လက်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းက သူ၏ လက်ထဲမှ ပျံထွက်သွားသည်။

လေထဲတွင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက အသက်ဝင်လာသည့်အလား နှာမောင်းကို မြှောက်၊ ခေါင်းကို မော့လျက် နားအူစေသည့် ဆင်ဟိန်းသံကြီး တစ်ခုကို ထုတ်လွှတ်လိုက်၏။

“ဝူး...”

ခြေတစ်လှမ်း လှမ်းလိုက်မှုနှင့်အတူ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက ကောင်းကင်ယံကို ဖြတ်သန်း လျှောက်လှမ်းသွားသော ဧရာမ ဆင်သားရဲကြီး တစ်ကောင် အဖြစ်သို့ အသွင်ပြောင်းသွားတော့၏။

“ဘုန်း…”

ခြေဖဝါး တစ်ဖက် မြေပြင်ကို ရိုက်ခတ်သွားမှုနှင့်အတူ ပိုင်လင် တောင် ပတ်လည်ရှိ လီတစ်ရာ အတွင်း၌ မြေပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့လေပြီ။

အနီးအနားရှိ ပိုင် မိသားစု၏ အင်မော်တယ် နန်းတော်မှာလည်း ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး၏ ဒုတိယ ခြေလှမ်း လှမ်းလိုက်ချိန်တွင် မျက်စိဖြင့် မမြင်နိုင်သော နတ်ဘုရား စွမ်းအားတစ်ခုကြောင့် ပြိုကျ ပျက်စီးသွားခဲ့ရ၏။

“ဝုန်း…”

အက်ကွဲကြောင်းများ ပြည့်နှက်နေနှင့်ပြီ ဖြစ်သော ပိုင်လင် တောင်မှာ ဤအခိုက်အတန့်၌ လုံးဝ ပြိုကျ ပျက်စီးသွားခဲ့တော့၏။

“ရွှစ်... ရွှစ်... ရွှစ်…”

ထိတ်လန့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော ပိုင်ချွန်းထန် နှင့် ပိုင် မိသားစု၏ အခြားသော ဘိုးဘေးကြီးများက အပျက်အစီးများ ထဲမှ အလျင်အမြန် ထွက်ပြေး လွတ်မြောက်လာခဲ့ကြ၏။ သူတို့၏ မျိုးနွယ်စုဝင် ထောင်သောင်းချီ၍လည်း အဝေးသို့ ထွက်ပြေးနေကြသည်။

အတော်လေး ဝေးကွာသော နေရာသို့ ရောက်ရှိသွားပြီးနောက်မှသာ သူတို့က နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

ဤတစ်ချက် ကြည့်လိုက်မှုနှင့်အတူ ပိုင်ချွန်းထန် နှင့် အခြားသူများ၏ မျက်လုံးများက တုန်လှုပ် အံ့အားသင့်မှုများကြောင့် ပြူးကျယ်သွားကြတော့၏။

အဝေးရှိ အထက် ကောင်းကင်ယံတွင် ပေရာချီ၍ ကြီးမားလှသော ဧရာမ ရွှေရောင် သားရဲကြီး တစ်ကောင် ပေါ်ထွက်လာသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။

၎င်း၏ တောက်ပသော နတ်ဘုရား အလင်းတန်းများက ကောင်းကင် တစ်ဖက်ခြမ်းရှိ နေမင်းကြီး ထက်ပင် ပိုမို လင်းလက် တောက်ပနေခဲ့၏။

မူလဝိညာဉ် အဆင့်ထက် များစွာ သာလွန်ပြီး ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီးများကိုပင် ကျော်လွန်နေသော နတ်ဘုရား အရှိန်အဝါနှင့် ရက်စက် ကြမ်းကြုတ်မှုက ကောင်းကင် တစ်ခွင်လုံးကို တံမြက်စည်း လှည်းသကဲ့သို့ ရိုက်ခတ်သွားသည်။

ရွှေရောင် သတ္တဝါကြီးက တဖြည်းဖြည်း ဝေးကွာသွားချိန်တွင်ပင် ယင်းက ပိုင်ချွန်းထန် နှင့် အခြားသူများ၏ ခြေလက်များကို အားပျော့သွားစေခဲ့ပြီး သူတို့၏ မျက်နှာများမှာ သွေးဆုတ် ဖြူရော်နေခဲ့ဆဲ ဖြစ်၏။

“ဒါ... ဒါက ဘယ်လို မိစ္ဆာမျိုးနွယ်ကြီးလဲ”

ပိုင်ချွန်းထန် က တုန်ယင်စွာဖြင့် အော်ဟစ်လိုက်တော့၏။

“ဝုန်း…”

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးက ပေတစ်ရာ့ခြောက်ဆယ်ကျော် မြင့်မားသော ဧရာမ ရွှေရောင် ဆင်ကြီး တစ်ကောင် အဖြစ်သို့ အသွင်ပြောင်းသွားချိန်တွင် နောက်ထပ် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်လေသည်။ ခြေဖဝါး တစ်ဖက် ကျဆင်းလာမှုနှင့်အတူ ဟင်းလင်းပြင်က အက်ကွဲသွားခဲ့၏။

၎င်း၏ ပုံရိပ်က ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားကာ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့လေပြီ။

*

ဤအခိုက်အတန့်၌ ပိုင်လင် တောင်နှင့် မိုင်ထောင်ချီ ကွာဝေးသော ကျင်းဟိုင် အင်မော်တယ် မြို့တော်၊

အင်မော်တယ် မြို့တော်၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌။

တာအိုသခင်ကြီး ဟုန်ယွဲ့မှာ မူလက တံခါးပိတ် ကျင့်ကြံနေခဲ့သော်လည်း ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် သူက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

ပိုင်လင် တောင် ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သော သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။

တာအိုသခင်ကြီး ဟုန်ယွဲ့က သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး မြေပြင်ပေါ်မှ မတ်တတ် ရပ်လိုက်၏။ သူ၏ မျက်လုံးများထဲတွင် ထူးခြားသော အလင်းတန်းများ လင်းလက်သွားကာ ရေရွတ်လိုက်၏။

“လှုပ်ရှားရမယ့် အချိန် ရောက်ပြီလား”

ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး၏ ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရား အရှိန်အဝါကို မိုင်ထောင်ချီ အကွာအဝေးမှပင် ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။

ကြောက်မက်ဖွယ် ကောင်းလိုက်လေဘိ။

ယခင်ကကဲ့သို့ပင် ထိတ်လန့်ဖွယ် ကောင်းနေဆဲပါလား။

ဤးယခု အချိန်၌ အင်မော်တယ် နန်းတော် အတွင်းတွင် ပုံရိပ်များ ဆက်တိုက်ပင် ထွက်ပေါ်လာခဲ့ကြ၏။

ထိုအထဲတွင် ရွှေရောင်ဝိညာဉ် ရေနဂါး မိစ္ဆာ အရှင်သခင်၊ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်မှ တာအိုသခင်ကြီး ရှစ်ဝမ်၊ ကိုးဝိညာဉ် အင်မော်တယ် တောင်မှ တာအိုသခင်ကြီး ကျိုလင် တို့နှင့်အတူ တာအိုဆရာ ထျန်းယွီ၊ အရှင်သခင်ကြီး ထိုက်ရှီး နှင့် အခြားသူများလည်း ပါဝင်ကြသည်။

တာအိုသခင်ကြီး လေးပါး၊ မိစ္ဆာ အရှင်သခင် တစ်ပါး နှင့် ဝိညာဉ်ခွဲထွက် အဆင့် အရှင်သခင်ကြီး လေးဆယ်ကျော်။

ဤသည်မှာ မြေကမ္ဘာအင်မော်တယ် စံအိမ် အတွင်းရှိ ကျင်းဟိုင်ရေကန်၏ မိစ္ဆာ လှိုင်းတံပိုးများကို ဖိနှိပ်ရန် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့က ဤနေရာတွင် စုစည်းထားသော အင်အားစုပင် ဖြစ်တော့၏။

တာအိုသခင်ကြီး ရှစ်ဝမ် ပေါ်လာခဲ့ပြီး သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ အပြည့်ဖြင့် ပိုင်လင် တောင် ရှိရာ အရပ်ဆီသို့ စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။

“တာအိုမိတ်ဆွေ ဟုန်ယွဲ့... ဒီအရှိန်အဝါနဲ့ နတ်ဘုရား စွမ်းအားက... အဲဒီ ကြောက်စရာ နတ်ဘုရား ရုပ်တုကြီးများလား”

တာအိုသခင်ကြီး ကျိုလင်၏ မျက်လုံးများကလည်း ထိုအရပ်ဆီမှ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး၏ ကြောက်မက်ဖွယ် နတ်ဘုရား အရှိန်အဝါကို အာရုံခံမိသွားချိန်တွင် တလက်လက် တောက်ပသွားပြီး အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့လေတော့၏။

All Chapters