← Chapters

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း ၈၅၆

Vol. 58 Ch. 856

အခန်း (၈၅၆) - တဟုန်ထိုး တက်လှမ်းသွားသော ကျင့်ကြံခြင်းအဆင့်နှင့် ဂျူနီယာ ညီမငယ် လုံယီရန် (အပိုင်း ၃)

တာအိုဆရာ ထျန်းယွီက ဆက်လက် ရှင်းပြသည်။

“မင်း စီနီယာ အစ်ကိုကြီး ရဲ့ မိတ်ဆွေတစ်ယောက်က ဒီကောင်မလေးကို အပ်နှံသွားတာကွ... သူက အတော်လေး စဉ်းစားပြီးတော့မှ ကောင်မလေးကို တာ့ယွီတောင်ထိပ်မှာ ငါတို့ရဲ့ စောင့်ရှောက်မှုအောက် ထားဖို့ ဆုံးဖြတ်လိုက်တာပဲ” (စီနီယာ အစ်ကိုကြီး- တာအိုသခင်ကြီး ဟုန်ယွဲ့)

ထို့နောက် တာအိုဆရာ ထျန်းယွီက စားပွဲပေါ်ရှိ စစ်တုရင် ခုံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး စုယွီအား စိတ်ဝင်တစားဖြင့် ကြည့်ကာ ပြောလိုက်၏။

“ဒီကောင်မလေးရဲ့ နာမည်က လုံယီရန် တဲ့... သူက ကောင်းကင် အဆင့် မိုးကြိုး ဝိညာဉ်အမြစ်၊ ကောင်းကင် အဆင့် သစ်သား ဝိညာဉ်အမြစ် နဲ့ ကောင်းကင် အဆင့် ရေ ဝိညာဉ်အမြစ်တွေ ပိုင်ဆိုင်တယ်... သူ့ရဲ့ ပါရမီက တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်”

“ကလေးက အခုမှ အသက်ရှစ်နှစ်ပဲ ရှိသေးပြီး ကျင့်ကြံခြင်း လမ်းကြောင်းကို အခုမှ စတင် ခြေလှမ်းခဲ့တာ ဆိုပေမဲ့ ကျင့်ကြံခြင်း အဆင့်က ချီသန့်စင်ခြင်း အဆင့် နဝမအလွှာကိုတောင် ရောက်နေပြီ”

“စုယွီ..မင်း တပည့် တစ်ယောက်လောက် လက်ခံချင်တဲ့ စိတ်ကူး ရှိလား”

ဤစကားကို ကြားလိုက်ရချိန်တွင် စုယွီက ဖျစ်ညှစ် ပြုံးလိုက်ပြီး ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

“ဆရာရယ်... ကျွန်တော်က သူ့ကို ဂရုစိုက်ဖို့ အချိန်ရှိမယ်လို့ ဆရာ တကယ် ထင်နေတာလား”

တာအိုဆရာ ထျန်းယွီကလည်း ဤအဖြေမျိုးကို ကြိုတင် ခန့်မှန်းထားပြီး သားပင်။ သူက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ဒီကောင်မလေးက ငါတို့ တာ့ယွီတောင်ထိပ်က သာမန် အခြေခံ တပည့် တစ်ယောက်ပဲ ဖြစ်လာနိုင်တော့မှာပေါ့... အခုချိန်ကစပြီး သူက ဒီမှာပဲ ကျင့်ကြံ အားထုတ်ရလိမ့်မယ်... မင်းက စီနီယာ အစ်ကိုကြီး တစ်ယောက်အနေနဲ့ အချိန်ရရင် ရသလို ဂရုစိုက်ပေးပေါ့... မရဘူး ဆိုရင်လည်း ငါပဲ ယာယီ စောင့်ရှောက်ထားလိုက်ပါ့မယ်”

“ရိရန်... မင်းရဲ့ စီနီယာ အစ်ကိုကြီးကို နှုတ်ဆက်လိုက်ဦးလေ”

ကောင်မလေးက စူးစမ်းလိုစိတ်များ ပြည့်နှက်နေသော မျက်လုံးကျယ်ကြီးများကို ပေကလပ် ပေကလပ် လုပ်ကာ စုယွီအား ကြည့်လိုက်၏။ စုယွီက အတော်လေး နုပျိုနေသေးသည့် ပုံပေါက်နေသောကြောင့် သူမ၏ မျက်နှာထက်တွင် ချစ်စရာ ကောင်းသည့် အပြုံးလေး တစ်ခု ပေါ်လာသည်။

လုံးဝ ရှက်ရွံ့ခြင်း မရှိဘဲ သူမက မတ်တတ်ရပ်ကာ စုယွီကို အရိုအသေ ပေးလိုက်၏။

“ရိရန်.. စီနီယာ အစ်ကိုကြီးကို နှုတ်ဆက်ပါတယ်”

နှုတ်ဆက်ပြီးနောက် လုံယီရန်က စူးစမ်းလိုစိတ်များဖြင့် စုယွီကို မော့ကြည့်ကာ မေးလိုက်သည်။

“စီနီယာ အစ်ကိုကြီး... အစ်ကိုကြီး အသက် ဘယ်လောက်ရှိပြီလဲ... နှစ်ဆယ်တောင် မပြည့်သေးဘူး မလား... ကျွန်မထက် နှစ်အနည်းငယ်လောက်ပဲ စောပြီး ဂိုဏ်းကို ရောက်လာတာလား ဟင်”

စုယွီက စကားမပြောရသေးမီမှာပင် တာအိုဆရာ ထျန်းယွီက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။

“ဒီကောင်မလေးကို ခေါ်သွားပြီး သူ့အတွက် ဂူစံအိမ် တစ်ခု တည်ဆောက်ပေးလိုက်... ဒါမှမဟုတ် မင်းရဲ့ ဂူစံအိမ်ထဲမှာပဲ နေခိုင်းလိုက်လည်း ရတယ်”

စုယွီက မည်သို့မျှ ဂရုမစိုက်ဘဲ တာအိုဆရာ ထျန်းယွီအား အရိုအသေ ပေးကာ ထွက်ခွာရန် ခွင့်ပန်လိုက်သည်။

လုံယီရန်နှင့်အတူ ထွက်ခွာလာပြီးနောက် ငယ်ရွယ်သေးသော ကောင်မလေးကို ကြည့်ကာ စုယွီ တစ်ခဏမျှ စဉ်းစားလိုက်၏။ သို့သော် သူမအတွက် ဂူစံအိမ် အသစ်တစ်ခု တည်ဆောက်ပေးမည့် အကြံကိုမူ လက်လျှော့လိုက်သည်။ နောက်မှသာ လုပ်ပေးတော့မည်ဟု တွေးလိုက်၏။

မည်သို့ပင်ဖြစ်စေ... သူက တာ့ယွီတောင်ထိပ်တွင် အမြဲတမ်း ရှိနေတတ်သည် မဟုတ်ချေ။ သူမကို သူ၏ ကိုယ်ပိုင် ဂူစံအိမ်တွင် ယာယီ နေခိုင်းထားလိုက်လျှင်လည်း အဆင်ပြေမည်သာ။

ကျောက်သား ဂူစံအိမ် အတွင်း၌ စုယွီက လုံယီရန် အတွက် အခန်းတစ်ခန်း စီစဉ်ပေးလိုက်ပြီး သူမ အလိုရှိသလို ဝင်ထွက်သွားလာနိုင်ရန် အခင်းအကျင်း အဆောင်လက်ဖွဲ့ တစ်ခုကိုပင် ဖန်တီးပေးလိုက်သည်။

အနည်းငယ် စကားပြောဆို ကြပြီးနောက် လုံယီရန်သည် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ မွေးဖွားလာသူ မဟုတ်ကြောင်း စုယွီ သိရှိလိုက်ရ၏။

သူမက မကြာသေးမီကမှ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာသို့ ရောက်ရှိလာခဲ့ပြီး သူမ၏ မိသားစုမှ လူကြီးများနှင့်အတူ မြေကမ္ဘာအင်မော်တယ်စံအိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

“စီနီယာ အစ်ကိုကြီး... ကျွန်မကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာ သင်ပေးမှာလား ဟင်”

သူမ၏ အခန်းကို နေရာချထားပြီးနောက် လုံယီရန်က စုယွီ၏ နောက်မှ လိုက်လာကာ မေးလိုက်သည်။

စုယွီက ပြန်ဖြေလိုက်၏။

“အခုတော့ မဟုတ်သေးဘူး... ငါ့အလုပ်တွေ မအားမလပ် ဖြစ်နေတာတွေ ပြီးသွားရင်တော့... အဲဒီအချိန်ကျရင် မင်းကို သင်ပေးနိုင်မှာပါ”

လုံယီရန်ကို သူ၏ ဂူစံအိမ် အတွင်း နေရာချထားပေးပြီး ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီ၏ စောင့်ရှောက်မှုအောက်တွင် ထားရစ်ခဲ့ကာ စုယွီက အင်မော်တယ် ဂိုဏ်း၏ မြေကမ္ဘာအင်မော်တယ်စံအိမ် ဂိတ်တံခါးမှ တိတ်တဆိတ် ထွက်ခွာလာပြီး ဝမ်လုံနန်းတော်ဆီသို့ ခရီးဆက်ခဲ့လေတော့သည်။

သူ၏ ဂူစံအိမ်မှာ ယခုအခါ လစ်လပ်နေပြီ ဖြစ်ရာ သူ၏ ဂျူနီယာ ညီမငယ်ကို ထိုနေရာတွင် နေခိုင်းထားခြင်းမှာ ကိစ္စကြီး တစ်ခု မဟုတ်ပါချေ။

နောက်ပိုင်း သူ ပြန်လာသောအခါတွင်လည်း မြေကမ္ဘာ နန်းတော်၏ လျှို့ဝှက်နယ်မြေ အတွင်း၌ နေထိုင်ရုံဖြင့် အဆင်ပြေမည်သာ ဖြစ်၏။

တာ့ယွီ တောင်ထိပ်ပေါ်ဝယ်...

လုံယီရန် နှင့် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် တို့မှာ မျက်လုံးအပြူးသားဖြင့် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ ဧရာမကြွက် ယဉ်ပါး သားရဲကြီးကို အတန်ကြာအောင် စိုက်ကြည့်နေမိကြ၏။

လုံယီရန်က တာ့ယွီ တောင်ထိပ်၏ အခြားသော အစိတ်အပိုင်းများကိုလည်း လေ့လာကြည့်ရှုလိုက်ပြီး သူ့ဘာသာသူ စိတ်ပူပန်စွာဖြင့် ရေရွတ်လိုက်သည်။

“ဘာဖြစ်လို့ ဆရာရော စီနီယာ အစ်ကိုကြီးရောက အားကိုးရမယ့်ပုံ မပေါ်ဘူးလို့ ငါ ခံစားနေရတာလဲ... ဆရာကလည်း အခင်းအကျင်း တာအိုကိုပဲ စွဲလမ်းနေပြီး... စီနီယာ အစ်ကိုကြီးကလည်း တစ်ခါပဲ တွေ့လိုက်ရသေးတယ် ပျောက်သွားပြန်ပြီ...”

“ကြီးမားတဲ့ မိုးကြိုးကြွက်ကြီး တစ်ကောင်ကိုပဲ ချန်ထားရစ်ခဲ့တယ်”

“ဒီလိုသာ ဆိုရင်... ငါ ဒီကို ရောက်လာတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ”

တစ်ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် လုံယီရန်က သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကြီး၏ ကျောပေါ်သို့ တက်ကာ ကြည်လင် ပြတ်သားသော အသံလေးဖြင့် အော်ပြောလိုက်၏။

“ဦးလေး မိုးကြိုးကြွက်... သမီးတို့ တခြားတစ်နေရာကို လမ်းလျှောက် ထွက်ကြရအောင်လားဟင်”

မကြာမီမှာပင် လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် အခြားသူများ အားလုံး လုံယီရန်နှင့် ဆုံတွေ့ကြ၏။

လုံယီရန်သည် စုယွီ၏ ဂျူနီယာ ညီမငယ် ဖြစ်ကြောင်း ကြားသိရသောအခါ လူတိုင်းက သူမကို ပိုမို ဂရုစိုက်ပေးကြတော့၏။

All Chapters