အခန်း ၈၅၇
Vol. 58 Ch. 857
အခန်း (၈၅၇) - ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြန်လည်ရောက်ရှိခြင်း
“စီနီယာ အစ်မ ချန်ယွီ၊ စီနီယာ အစ်မ ချင်းချွမ်... သမီးတို့ မြေကမ္ဘာ အင်မော်တယ် စံအိမ်မှာ ဘယ်သူက အစွမ်းအထက်ဆုံးလဲ... ပြီးတော့ ဘယ်သူက ပါရမီ အကောင်းဆုံးလဲ ဟင်”
“အစွမ်းအထက်ဆုံးကတော့ ငါတို့ရဲ့ အရင် စံအိမ်သခင်ကြီးပေါ့... ပါရမီ အပိုင်းဆိုရင်တော့ မင်းပဲလေ... မင်းမှာ ပြီးပြည့်စုံတဲ့ ဝိညာဉ်အမြစ် သုံးခု ပါတယ်ဆိုတာ ညီမလေး မကြားဖူးဘူးလား... သံသယ ဖြစ်စရာ မလိုပါဘူး၊ ညီမလေးရဲ့ ပါရမီက အံ့မခန်း အကောင်းဆုံး ဖြစ်မှာ သေချာတယ်”
“ကျွန်မရဲ့ စီနီယာ အစ်ကိုကြီးကရော ဘယ်လိုလဲ... သူရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ၊ ပြီးတော့ သူ့မှာ ဘယ်လို ပါရမီမျိုး ရှိတာလဲ”
“မင်းရဲ့ စီနီယာ အစ်ကိုကြီးလား... ခစ်ခစ်... မင်း သူ့ကို ကိုယ်တိုင်သွားမေးတာ ပိုကောင်းလိမ့်မယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ ဆိုတာ ငါတို့ အားလုံး ဘယ်သူမှ မသိကြလို့ပဲ... ဒါပေမဲ့ သေချာတဲ့ တစ်ချက်ကတော့ မင်းရဲ့ စီနီယာ အစ်ကိုကြီးရဲ့ ဝိညာဉ်အမြစ် ပါရမီက သိပ်မကောင်းလှဘူး ဆိုတာပဲ”
အခြား နေရာမျာကို လည်ပတ်ရာမှ ပြန်လည် ရောက်ရှိလာပြီးနောက် လုံယီရန်မှာ သူမ၏ ဆရာ ဖြစ်သူ တာအိုဆရာ ထျန်းယွီ နှင့် တစ်ကြိမ်သာ တွေ့လိုက်ရပြီးနောက် ပျောက်ကွယ်သွားခဲ့သော ထိုစီနီယာ အစ်ကိုကြီးတို့၏ အကြောင်းကို အကြမ်းဖျင်း နားလည် သဘောပေါက်သွားခဲ့လေပြီ။
သူမ၏ ဆရာမှာ အင်မော်တယ် ဂိုဏ်း၏ ထိပ်တန်း ဆေးဆရာ အခင်းအကျင်း ဆရာ မှော်လက်နက် ဖန်တီးသူ နှင့် အဆောင်လက်ဖွဲ့ ဆရာ တစ်ဦး ဖြစ်၏။
ထို စီနီယာ အစ်ကိုကြီး အတွက်မူကား... သူက အနည်းငယ် လျှို့ဝှက် ဆန်းကြယ် သော်လည်း ပါရမီ သိပ်မကောင်းလှကြောင်း ကောလဟာလ ထွက်ပေါ် နေသည်။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း သေချာပေါက် သိပ်မမြင့်မားနိုင်ပါ။
‘ဒီလိုဆိုရင်တော့ ငါ ..ဆရာ့ဆီက ကျင့်ကြံ တာ အကောင်းဆုံးပဲ... စီနီယာ အစ်ကိုကြီးကို အနှောင့်အယှက် မပေးတာ ကောင်းပါတယ်’
လုံယီရန်မှာ စိတ်အေးသွားပြီး မကြာမီမှာပင် သူမ၌ စီနီယာ အစ်ကိုကြီး တစ်ယောက် ရှိနေသည် ဆိုခြင်းကိုပင် မေ့ပျောက်သွားတော့သည်။
...
အင်မော်တယ် တစ်သောင်း နန်းတော်။
အင်မော်တယ် တစ်သောင်း နန်းတော် ကိုယ်တိုင်၏ မူလ အင်အား အပြင် တာ့ချန် အင်မော်တယ် မဟာမိတ်အဖွဲ့၏ အဓိက အင်မော်တယ် ဂိုဏ်းကြီး သုံးခုမှ ကျင့်ကြံသူ များ၏ အင်အားကိုလည်း စုစည်း ထားခဲ့၏။ ထိုအင်အားစုများ ပေါင်းစည်းကာ အင်မော်တယ် တစ်သောင်း နန်းတော်နှင့် အတူ မိစ္ဆာ မျိုးနွယ်များ၏ ပြင်းထန်လှသော လှိုင်းတံပိုးကြီးကို ဖိနှိပ် ခုခံနေကြ၏။
ယွီလုံ နန်းတော်၊ လီဟော့ နန်းတော် စသည်တို့မှ တာအို သခင်ကြီးများ အားလုံးသည် အင်မော်တယ် တစ်သောင်း နန်းတော်ရှိ တာအို သခင်ကြီး နှစ်ပါးနှင့် အတူ မိစ္ဆာ မျိုးနွယ် နှင့် ပင်လယ် မျိုးနွယ်စု တို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အင်မော်တယ် တစ်သောင်း နန်းတော်သို့ ရောက်ရှိ နေကြပြီ ဖြစ်၏။
သို့သော်ငြား မြေကမ္ဘာ အင်မော်တယ် စံအိမ်၏ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ကိုယ်တိုင် လှုပ်ရှားလာပြီး မိစ္ဆာ မျိုးနွယ်များ၏ ဘေးဒုက္ခကို လျင်မြန်စွာ ဖြေရှင်း လိုက်နိုင်သည့် သတင်း ရောက်ရှိ လာသောအခါ... အင်မော်တယ် တစ်သောင်း နန်းတော်မှာ မနာလို ငြူစူမှု နှင့် နာကြည်းမှု များဖြင့် အချိန်ကြာမြင့်စွာ ဖိစီးနေခဲ့ရသည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ ရွှေရောင် ဦးချိုနှင့် ဧရာမ ကောင်းကင် သတ္တဝါကြီး အပေါ် လိုချင် တပ်မက်မှုမှာ အလွန်အမင်း ပြင်းပြ လာခဲ့သည်။
ဤနေ့တွင်...
မြေကမ္ဘာ အင်မော်တယ် စံအိမ်က အင်မော်တယ် တစ်သောင်း နန်းတော်၏ မိစ္ဆာ မျိုးနွယ် ကပ်ဘေးအား ဖြေရှင်းရာတွင် ကူညီရန် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီးကို အသုံးပြုရန် ထပ်မံ ငြင်းပယ် လိုက်ပြီးနောက်... အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအို သခင်ကြီး လော့ဟယ် နှင့် တာအို သခင်ကြီး ထျန်းယန် တို့သည် အင်မော်တယ် တစ်သောင်း နန်းတော်၏ အနာဂတ် လမ်းကြောင်းကို ဆွေးနွေးရန် အတူတကွ ရောက်ရှိ လာခဲ့ကြ၏။
“မိစ္ဆာ မျိုးနွယ် တွေနဲ့ ပင်လယ် မျိုးနွယ်စု ထဲက ရွှမ်လိပ် မျိုးနွယ်စု တွေက ပိုပိုပြီး ရူးသွပ် လာနေကြတယ်... ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင်၊ သူတို့က အဟန့်အတားကို ချိုးဖျက်ပြီး ငါတို့ရဲ့ အင်မော်တယ် တစ်သောင်း နန်းတော် နယ်မြေထဲမှာ သောင်းကျန်းဖို့ ဆယ်နှစ်တောင် ကြာမှာ မဟုတ်ဘူး”
“အဲဒီ ရွှမ်လိပ် အိုကြီးက အရမ်း အစွမ်းထက် လွန်းတယ်... ငါတို့ရဲ့ စွမ်းအားတွေကို ပေါင်းစပ်ပြီး အခင်းအကျင်း တွေနဲ့ တခြား အခြေခံ အုတ်မြစ်တွေကို အားကိုး မှသာ သူ့ကို ခဲယဉ်းစွာနဲ့ တားဆီးထား နိုင်တာ... ငါတို့ ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်၊ ပြန်လည် တိုက်ခိုက်ဖို့ စွမ်းအား လုံးဝ ရှိလာမှာ မဟုတ်ဘူး... ရှုံးနိမ့်မှုပဲ ရှိလိမ့်မယ်”
“မြေကမ္ဘာ အင်မော်တယ် စံအိမ်ရဲ့ နတ်ဘုရား ရုပ်တုကြီးက လွဲရင်... အဲဒီ မိစ္ဆာ မျိုးနွယ် တွေနဲ့ ပင်လယ် မျိုးနွယ်စု ကို ငါတို့ မကိုင်တွယ် နိုင်ဘူး”
“ငါတို့... ရွှမ်လိပ် မျိုးနွယ်စု တွေနဲ့ ထပ်ပြီး စကားပြော ကြည့်ရမလား”
တာအို သခင်ကြီး ထျန်းယန် ၏ အကြည့်များက လင်းလက်သွားပြီး တာအို သခင်ကြီး လော့ဟယ် ကို ကြည့်ကာ တိုးညင်းသော အသံဖြင့် အကြံပြု လိုက်သည်။
ဤသို့ စကားပြောဆို ခြင်းသည်... သေချာပေါက်ပင် ရွှမ်လိပ် မျိုးနွယ်စု နှင့် စာရင်းရှင်းရန် မဟုတ်။ ရွှမ်လိပ် မျိုးနွယ်စု များက အတိအကျ ဘာကို အလိုရှိနေသနည်း၊ သူတို့ အပေါ် တိုက်ခိုက် နေမှုများကို မည်သို့ ရပ်တန့် နိုင်မည်နည်း၊ နှင့် အင်မော်တယ် တစ်သောင်း နန်းတော်ကို ဆက်လက် ပစ်မှတ်မထား တော့ရန် မည်သို့ ပြုလုပ်ရမည်နည်း ဆွေးနွေးရန်ပင် ဖြစ်၏။
တာအို သခင်ကြီး ထျန်းယန် အတွက်မူ... ရွှမ်လိပ် မျိုးနွယ်စု နှင့် စေ့စပ် ဆွေးနွေးရာတွင် အနစ်နာခံမှု အချို့ လိုအပ် လာမည် ဆိုလျှင်ပင် အလုံးစုံသော အခြေအနေ နှင့် အင်မော်တယ် တစ်သောင်း နန်းတော်၏ အနာဂတ် အတွက် ဆိုလျှင် တန်ဖိုးရှိ ပေလိမ့်မည်။
အင်မော်တယ် တစ်သောင်း နန်းတော် အတွက် မျက်နှာပျက်စရာ ဖြစ်လာမည် ဆိုလျှင်ပင်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှ လူသား ကျင့်ကြံသူများသည် မိစ္ဆာ မျိုးနွယ် နှင့် ပင်လယ် မျိုးနွယ်စု တို့၏ လက်အောက်ခံများ ဖြစ်လာမည် ဆိုလျှင်ပင် ထိုသို့ ဖြစ်လာလျှင်ရော ဘာဖြစ်မည်နည်း။
အကယ်၍ အင်မော်တယ် တစ်သောင်း နန်းတော် သာ ရွှမ်လိပ် မျိုးနွယ်စု နှင့် မိစ္ဆာ မျိုးနွယ် များကို အသေအလဲ တိုက်ခိုက်ပါက... ရလဒ်က မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ် တစ်သောင်း နန်းတော်သည် အထိအခိုက် မရှိဘဲ လွတ်မြောက်မလာနိုင်ပေ။
တာအို သခင်ကြီး လော့ဟယ် တိတ်ဆိတ် နေခဲ့၏။
မြေကမ္ဘာ အင်မော်တယ် စံအိမ်မှ မြစ်ဖျားခံ လာသော အတွင်းပိုင်း ဖိအားများ နှင့် ရွှမ်လိပ် ပင်လယ် မျိုးနွယ်စု နှင့် မိစ္ဆာ မျိုးနွယ် တို့၏ ပြင်ပမှ မနားမနေ ထိုးစစ်ဆင် လာမှုများကြောင့် အင်မော်တယ် တစ်သောင်း နန်းတော်သည် အသက်နှင့် သေဆုံးခြင်း ကြားရှိ အခိုက်အတန့် သို့ ရောက်ရှိ နေခဲ့လေပြီ။
ဤအချိန်တွင်... မြေကမ္ဘာ အင်မော်တယ် စံအိမ် အား ဦးညွှတ် အညံ့ခံ ရမည် ဆိုသည်မှာ သူ၏ မာနက လက်ခံနိုင်စွမ်း မရှိသော ကိစ္စရပ်ပင်။
သို့သော် ရွှမ်လိပ် မျိုးနွယ်စု နှင့် လျှို့ဝှက်စွာ စေ့စပ် ဆွေးနွေး ရမည် ဆိုခြင်းက အနည်းငယ်တော့ ကုစားနိုင်စွမ်း ရှိသေးသည်။
မည်သို့ပင် ဖြစ်စေကာမူ သူတို့သည် တပါးသူ မျိုးနွယ်များ ဖြစ်ကြရာ... အင်မော်တယ် တစ်သောင်း နန်းတော်၏ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာရှိ အဆင့်အတန်း ကို ထိခိုက်စေမည် မဟုတ်။
တာအို သခင်ကြီး လော့ဟယ် က အချိန်အတော်ကြာ စဉ်းစား ပြီးနောက် တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။
“မင်းပဲ စီစဉ် လိုက်ပါ... ရွှမ်လိပ် မျိုးနွယ်စု တွေနဲ့ စကားပြောဖို့ လူတစ်ယောက် လွှတ်လိုက်၊ သူတို့ အတိအကျ ဘာလိုချင်လဲ ဆိုတာ သိရအောင်... သူတို့ရဲ့ စည်းကမ်းချက် တွေကို ရှာဖွေ ကြည့်လိုက်ပါ”
“အရမ်းကြီး မလွန်ကျူး ဘူးဆိုရင်... သူတို့ရဲ့ တောင်းဆိုချက် တွေကို ငါတို့ စဉ်းစား ပေးနိုင်ပါတယ်”
“နောက်တစ်ခုက... မြေကမ္ဘာ အင်မော်တယ် စံအိမ်ရဲ့ နတ်ဘုရား ရုပ်တုကြီး ကိစ္စကိုလည်း... ဘယ်လောက်ပဲ အရင်းအနှီးတွေ ပေးရပါစေ၊ အချိန် ဘယ်လောက်ပဲ ကြာပါစေ ငါတို့ ဆက်ပြီး ကြိုးစား ရမယ်... ငါတို့ အင်မော်တယ် တစ်သောင်း နန်းတော်က အဲဒီ နတ်ဘုရား ရုပ်တုကြီးကို မဖြစ်မနေ သိမ်းပိုက် ရမယ်”
“ဒါမှမဟုတ်ရင်... အင်မော်တယ် တစ်သောင်း နန်းတော်.. ပြန်လည် နိုးထလာမယ့် နေ့ကို ဘယ်တော့မှ မြင်တွေ့ ရတော့မှာ မဟုတ်ဘူး”
တာအို သခင်ကြီး ထျန်းယန် က ခေါင်းညိတ် လိုက်ပြီး အင်မော်တယ် တစ်သောင်း နန်းတော် နှင့် ရွှမ်လိပ် မျိုးနွယ်စု တို့ အကြား လျှို့ဝှက် စေ့စပ် ဆွေးနွေးမှု များကို စီစဉ်ရန် လှည့်ထွက်သွားလေတော့သည်။
တာအို သခင်ကြီး လော့ဟယ် က သူ၏ ဂူစံအိမ် အတွင်း တစ်ခဏမျှ နေထိုင် နေစဉ်၊ ထွက်ခွာရန် စဉ်းစား လိုက်ချိန် တွင် ရုတ်တရက် အသံတစ်သံ သူ၏ နားထဲသို့ ဝင်ရောက် လာခဲ့၏။
“အင်မော်တယ် တစ်သောင်း နန်းတော်က တာအို မိတ်ဆွေ လော့ဟယ် လား”
ဂူစံအိမ် အတွင်း၌ ရုတ်တရက် ထွက်ပေါ် လာသော အသံကြောင့် တာအို သခင်ကြီး လော့ဟယ် ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ဤနေရာက သူ၏ သီးသန့် နေထိုင်ရာ နေရာပင်။
“ဘယ်သူလဲ”
“ဟဲဟဲ... တာအို မိတ်ဆွေ၊ မလန့်ပါနဲ့... အဝေးက လာတဲ့ မိတ်ဆွေ တစ်ယောက် အနေနဲ့၊ ကျုပ်က အင်မော်တယ် တစ်သောင်း နန်းတော်ကို ကူညီဖို့ ရောက်လာတာပါ”
တာအို သခင်ကြီး လော့ဟယ် ၏ မျက်နှာ အမူအရာမှာ သုန်မှုန်သွားပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်အား စစ်ဆေးလိုက်၏။ သူ၏ မျက်လုံးများက အင်မော်တယ် များ၏ အလင်းရောင်များ လင်းလက်သွားသော်လည်း ဘာကိုမျှ မတွေ့ရှိရပါချေ။
တာအို သခင်ကြီး လော့ဟယ် မျက်မှောင်ကြုတ် ကာ မေးလိုက်သည်။
“မင်းက တကယ်ပဲ ဘယ်သူလဲ”
“အင်မော်တယ် တစ်သောင်း နန်းတော်က အခုလောလောဆယ် ဘယ်သူ့ အကူအညီမှ မလိုအပ်ဘူး”
“ဟုတ်လား... မိစ္ဆာ မျိုးနွယ် ကပ်ဘေး ကရော ဘယ်လို လုပ်မလဲ... မြေကမ္ဘာ အင်မော်တယ် စံအိမ် ကရော ဘယ်လို လုပ်မလဲ”
ဤစကားကို ကြားလိုက် ရသောအခါ တာအို သခင်ကြီး လော့ဟယ် မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် ခြံဝင်း တစ်ခု အတွင်းရှိ ကျောက်စားပွဲ တစ်ခု ဘေးတွင် ဝင်ထိုင် လိုက်ကာ ဝိညာဉ် လက်ဖက်ရည် အိုးတစ်လုံးကို ထုတ်ယူ၍ ဖျော်နေရင်း မေးလိုက်သည်။
“တာအို မိတ်ဆွေက ကိုယ်ထင် မပြတော့ဘူးလား”
"ဝီ"
ရွှေနဂါး ရုပ်ပုံ ထိုးသွင်း ထားသော ခရမ်းရောင် ဝတ်ရုံ ကို ဝတ်ဆင် ထားသည့် ပုံရိပ် တစ်ခုက တာအို သခင်ကြီး လော့ဟယ် ၏ မျက်နှာချင်းဆိုင်ရှိ နေရာသို့ တိတ်ဆိတ်စွာ ဆင်းသက် လာခဲ့သည်။
...
ထျန်းယွီ တောင်ထိပ်ပေါ်တွင် ဂျူနီယာ ညီမငယ် အသစ် တစ်ယောက် ထပ်တိုး လာခြင်းက စုယွီ အတွက် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှပါချေ။ မည်သို့ပင် ဆိုစေကာမူ သူ့တွင် ဆရာ ရှိနေသေးပြီး အဆင်မပြေ ပါကလည်း တာအို သခင်ကြီး ဟုန်ယွဲ့ နှင့် သူ၏ တူတော်မောင် စံအိမ်သခင် ဖန်ရှောင် တို့ ရှိနေသေးသည် မဟုတ်ပါလော။
သူ စိုးရိမ် ပူပန် နေရန် မလိုအပ်ပါချေ။
တာ့ယွဲ့ ပြည်နယ် မှ ပြန်လည် ရောက်ရှိ လာပြီးနောက် စုယွီ၏ စိတ်ပိုင်းဆိုင်ရာ တွင် အပြောင်းအလဲ အချို့ ဖြစ်ပေါ် ခဲ့သည်။
သူက အခြား လူများ၊ အဖြစ်အပျက် များနှင့် ပိုမို ကင်းကွာသလိုပါပင်။
နှစ်ပေါင်း များစွာ အကြာတွင် သူ၏ ဆရာ ဖြစ်သူ တာအိုဆရာ ထျန်းယွီ သည် ဝိညာဉ် ခွဲထွက် အဆင့်သို့ အဆင့်ချိုးဖြတ်ရန် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ယူ ခဲ့ရသည်။
လက်ရှိတွင် ဝိညာဉ် ခွဲထွက် အဆင့်သို့ တက်လှမ်း ပြီးနောက် အချိန် အတန်ကြာ ကြာမြင့် ခဲ့ပြီ ဖြစ်သော်လည်း တာအိုဆရာ ထျန်းယွီ၏ ကျင့်ကြံခြင်း အဆင့်မှာ ဝိညာဉ် ခွဲထွက် အဆင့် ပထမအလွှာ ၏ အထွတ်အထိပ် သို့သာ ရောက်ရှိနေသေး၏။