အခန်း ၈၆၃
Vol. 58 Ch. 863
အခန်း (၈၆၃) - အထပ်ကိုးထပ် တာအိုမျှော်စင်က သခင်ကို အသိအမှတ်ပြုခြင်း၊ အဆင့်ငါး ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ကို ဖန်တီးခြင်း (အပိုင်း ၂)
အင်မော်တယ် မြို့တော်၏ ဖုန်ထူသော လမ်းမကြီးများ ထက်တွင် ရတနာတစ်ရာ ခန်းမ ဆီသို့ လျှောက်လှမ်းသွားစဉ်... မြေပြင်ပေါ်တွင် မှောက်လျက် လဲကျနေကာ သက်စောင့် စွမ်းအားများ အားလုံး ကုန်ခမ်း နေပြီ ဖြစ်သော အနက်ရောင် စစ်သည်တော် အစောင့်အရှောက် အချို့ကို သူ မြင်တွေ့ လိုက်ရသည်။
သူတို့၏ တည်ရှိမှု အဆုံးသတ်သွားချိန် တွင် ရှေးဟောင်း ရွှင်ပျော်ပျော် အင်မော်တယ် (ယွဲ့ အင်မော်တယ်) ၏ နိုးထခံခဲ့ရသော ဤ ရုပ်သေးရုပ် များမှာ ဤ အင်မော်တယ် မြို့တော်ကြီး ကို ကင်းလှည့် စောင့်ကြပ်ခြင်း ဟူသော သူတို့၏ တာဝန်များကို လုံ့လဝီရိယ အပြည့်ဖြင့် ထမ်းဆောင် နေခဲ့ကြဆဲ ပါပင်။
စုယွီက သူတို့ကို ကွေ့ပတ် ရှောင်ရှားသွားလိုက်ပြီး သူ၏ နောက်ကျော ဘက်တွင် ခြေရာများ ချန်ရစ် ထားခဲ့ကာ လမ်းမကြီး၏ အဆုံးတွင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။
ရတနာတစ်ရာ ခန်းမ ၏ အတွင်းဘက် သို့ ရောက်ရှိ လာသောအခါ... ထိုနေရာမှာ ယခင်အတိုင်းပင် လစ်ဟာကာ လူသူ ကင်းမဲ့နေဆဲပင်။
ခန်းမကြီး တစ်ခုလုံး မှာ လွန်ခဲ့သော ခေတ်ကာလ များဆီမှ ဖုန်ထူပြီး မှိုင်းညို့ နေသော အရှိန်အဝါ တစ်ခုဖြင့် ပြည့်နှက် နေခဲ့၏။ စုယွီက အရောင်းခုံ ဆီသို့ ချဉ်းကပ်သွားလိုက်ပြီး လဲလှယ်နိုင်သော စာရင်း ကို ကောက်ယူ လိုက်ကာ မည်သည့် ရတနာ များကို လဲလှယ် နိုင်မည်ကို ကြည့်ရှုရန် သူ၏ စိတ်အာရုံကို ထိုအထဲသို့ ပို့လွှတ်လိုက်သည်။
"လ" အဆင့် တပည့် တစ်ဦး အနေဖြင့် သူ၏ လက်ရှိ အာဏာပိုင်ခွင့် အရ ဆိုလျှင် အဆင့် (၅) ပစ္စည်း များကို လဲလှယ် နိုင်စွမ်း ရှိ၏။
စုယွီက မှော်ရတနာများ၊ တာအို လက်နက် များ၊ အခင်းအကျင်း များ နှင့် အခြားသော အရာများကို လုံးဝ ဂရုမစိုက် နေခဲ့ချေ။
သူက ပါဝင်ပစ္စည်း များကိုသာ စိတ်ဝင်စား သည်။
အစပထမ တွင်တော့ သူက လဲလှယ်ရန် အတွက် ရုပ်သေး ပါဝင်ပစ္စည်း အချို့ကို ရှာဖွေရန် ရည်ရွယ် ထားခဲ့ သော်ငြားလည်း အခိုက်အတန့် အနည်းငယ် အကြာတွင် စုယွီ၏ အကြည့်များက သီးခြား ပါဝင်ပစ္စည်း တစ်ခု အပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရ၏။
ခရမ်းရောင် ကောင်းကင် ဖီးနစ် နှလုံးသား ဝိညာဉ် မီးတောက်အမြုတေ - သန့်စင်သော ရှေးဟောင်း ကောင်းကင် ဖီးနစ် သွေးမျိုးဆက် အမွေအနှစ် ကို ပိုင်ဆိုင် ထားသည့် အဆင့် (၄) အထွတ်အထိပ် ပါဝင်ပစ္စည်း။
လဲလှယ်ရန် လိုအပ်သော စွမ်းဆောင်ရည် အမှတ် - နှစ်သောင်း။
အဆင့် (၄) အထွတ်အထိပ် ပါဝင်ပစ္စည်း...။
စွမ်းဆောင်ရည် အမှတ် နှစ်သောင်း...။
'သန့်စင်တဲ့ ရှေးဟောင်း ကောင်းကင် ဖီးနစ် သွေးမျိုးဆက် အမွေအနှစ် ကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာ မျိုးနွယ်စု ရဲ့ သက်ရှိ တစ်ကောင် ဆီကနေ ရလာတဲ့... ခရမ်းရောင် ကောင်းကင် ဖီးနစ် နှလုံးသား ဝိညာဉ် မီးတောက်အမြုတေ လား...'
စုယွီ၏ မျက်နှာ အမူအရာ တွင် သူ၏ အတွင်းစိတ် ပဋိပက္ခ များက ထင်ဟပ် နေခဲ့ သော်ငြားလည်း သူ၏ လုပ်ရပ်များ ကတော့ ပြတ်သား နေခဲ့၏။
စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်သည် နှင့်။ ထို ဝိညာဉ် မီးတောက်အမြုတေ ကို ချက်ချင်းပင် လဲလှယ် လိုက်လေတော့သည်။
"ဝီ"
ရတနာတစ်ရာ ခန်းမ အတွင်းရှိ ဟင်းလင်းပြင် တွင် လှိုင်းဂယက်များ မှိန်ပျပျ လူးလွန့်လာသည်နှင့် အတူ၊ စုယွီ၏ အရှေ့တွင် ခရမ်းရောင် ကျောက်စိမ်း သေတ္တာ တစ်လုံး ထွက်ပေါ် လာခဲ့သည်။ ထို သေတ္တာ အတွင်းရှိ အရာဝတ္ထု မှာ အချိန် မည်မျှကြာအောင် တည်ရှိ နေခဲ့သည်ကို သူ မသေချာ။
... ခရမ်းရောင် ကျောက်စိမ်း သေတ္တာ ထွက်ပေါ်လာသည့် အခိုက်အတန့် လေးတွင် ၎င်းထံမှ ထွက်ပေါ် လာသော ပူလောင် ပြင်းပြသည့် မီးစွမ်းအား တစ်ခုကို စုယွီ ခံစား လိုက်ရဆဲ ပါပင်။
သက်သေခံ တံဆိပ်ပြား ပေါ်တွင် စုယွီ၏ စွမ်းဆောင်ရည် အမှတ်များ ပြောင်းလဲသွားခဲ့ပြီး အမှတ် တစ်ထောင် ပင် မပြည့်တော့။
သို့သော်ငြား ခရမ်းရောင် ကျောက်စိမ်း သေတ္တာ ကို ရှေ့တွင် ကိုင်ဆောင် ထားရင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။ ၎င်းက တန်ဖိုးရှိသည် ဟု စုယွီ ခံစား လိုက်ရ၏။
ဤအရာက သန့်စင်သော ကောင်းကင် ဖီးနစ် သွေးမျိုးဆက် အမွေအနှစ် ကို ပိုင်ဆိုင် ထားသည့် သက်ရှိ တစ်ကောင် ထံမှ ထွက်ပေါ် လာသော ဝိညာဉ် မီးတောက်အမြုတေ အစစ်အမှန် ပင် ဖြစ်သည်။
အကယ်၍ ထိုက်ရွှီ သာ ၎င်းကို သန့်စင် နိုင်ခဲ့မည် ဆိုလျှင် ထိုက်ရွှီ ၏ ကောင်းကင် ဖီးနစ် သွေးကြော အနည်းငယ် ဖြင့် ဆိုလျှင် ပင်... ၎င်းက အရည်အသွေးပိုင်း ဆိုင်ရာ အသွင်ကူးပြောင်းမှု တစ်ရပ် နှင့် တိုးတက်မှု တစ်ခုကို သေချာပေါက် ရရှိသွား မည်သာ ဖြစ်၏။
အနာဂတ် တွင် သေမျိုး လောကသို့ ဆင်းသက် လာသော ဖီးနစ် ငှက်ကြီး တစ်ကောင် ၏ ကြီးမြတ်လှသော စွမ်းအား အရိပ်အယောင် အချို့ကို ပင်လျှင် ထိုက်ရွှီက ပိုင်ဆိုင် လာနိုင်ကောင်း ပိုင်ဆိုင် လာနိုင်ပေလိမ့်မည်။
'ရတနာတစ်ရာ ခန်းမ ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန် တာပဲ... သူတို့ ဆီမှာ ဒါမျိုး တောင် ရှိနေသေးတယ်'
စုယွီ တိုးညင်းစွာ ချီးကျူးလိုက်သည်။ ထို့နောက် အင်မော်တယ် မြို့တော် အတွင်းရှိ သူ၏ ဂူစံအိမ် ဆီသို့ ပြန်လည် ဦးတည်သွားတော့၏။
ဤနေရာတွင် ခဏတာ နေထိုင်ရန် သူ စီစဉ် ထားသည်။
ရှေးဟောင်း မှတ်တမ်းများကို လေ့လာ ဖတ်ရှုရန် သိုင်းကျမ်းတစ်သောင်း မျှော်စင် ဆီသို့ ဆက်လက်သွားရောက် မည်။ အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း နှင့် လခြမ်းကွေး အဆောင်လက်ဖွဲ့ တို့၏ နည်းစနစ် များကို နားလည် သဘောပေါက် နိုင်ရန် လေ့လာ ရမည်။
သဘာဝကျစွာ ပင် သူ၏ နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ် များကိုလည်း လျစ်လျူရှု ထား၍ မရနိုင်ပါချေ။
နှစ်လ အကြာာ သိုင်းကျမ်းတစ်သောင်း မျှော်စင် ၏ ဒုတိယ အထပ် တွင်၊
ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ဦး မှတ်တမ်းတင် ထားခဲ့သော ဟင်းလင်းပြင် ၏ နက်နဲမှု များ အကြောင်း ရေးသား ထားသည့် စာအုပ် တစ်အုပ်ကို စုယွီ ကိုင်ဆောင် ကြည့်ရှု နေခဲ့၏။ ထိုစာအုပ် ထဲတွင် ဟင်းလင်းပြင် တာအို နှင့် ပတ်သက်သော အဆိုပါ အရှင်သခင် ၏ လေးနက်လှသည့် ထိုးထွင်း သိမြင်မှု များ ပါဝင် သည်။
'ကျင့်ကြံခြင်း ကမ္ဘာ ရဲ့ ဟင်းလင်းပြင် ဆိုတာ က အလွန်အမင်း ကို လျှို့ဝှက် ဆန်းကြယ်တယ်... အပြင်ဘက် ဆုံးက ဟင်းလင်းပြင် က ပါးလွှာတဲ့ အမြှေးပါးလေး တစ်ခုနဲ့ တူပေမယ့် အလှည့်စား နိုင်ဆုံး ပဲ... ဟင်းလင်းပြင် ရဲ့ အနက်ရှိုင်းဆုံး နေရာ ကို ရောက်လေလေ၊ ဟင်းလင်းပြင် အတားအဆီး တွေက ပိုပြီး ထူထဲ ခိုင်မာ လာလေလေပဲ... အကြိမ်များစွာ ဆိုသလို ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တွေရဲ့ စွမ်းရည် ထက်တောင် ကျော်လွန် နေတတ်တယ်'
'ဟင်းလင်းပြင် မှာ အကန့်အသတ် ဆိုတာ မရှိဘူး... အဲဒါက တကယ်တမ်း ဘယ်လောက် နက်ရှိုင်း ပြီး ဘယ်လောက်တောင် ကျယ်ပြော လဲ ဆိုတာကို ဘယ်သူမှ မသိကြဘူး... အင်မော်တယ် လောက ကြီးကို စူးစမ်း လေ့လာဖို့ ဟင်းလင်းပြင် ရဲ့ အနက်ရှိုင်းဆုံး နေရာတွေ ထဲကို စွန့်စား ဝင်ရောက်သွားခဲ့ကြပြီး ဘယ်တော့မှ ပြန်မလာ ကြတော့တဲ့ ကြီးမြတ်လှတဲ့ စွမ်းအားရှင် ကြီးတွေ လည်း ရှိခဲ့ဖူးတယ်'
'ပြီးတော့ မတူညီတဲ့ ဟင်းလင်းပြင် အလွှာ တွေ ထဲက ဟင်းလင်းပြင် စွမ်းအား တွေကလည်း ကွဲပြား ခြားနား ကြတယ်...'
စာအုပ်ကို အကြိမ် အနည်းငယ်မျှ လှန်လှော ကြည့်ရှု ပြီးနောက်... စုယွီက ၎င်းကို ပိတ်လိုက် ကာ မျက်လုံးများကို မှိတ်၍ တွေးတော ဆင်ခြင် လိုက်သည်။
ဝိညာဉ် အလင်းတန်း ၏ စိတ်ကူး စိတ်သန်း များက သူ၏ စိတ်အာရုံ ထဲတွင် ဖြတ်သန်း ပြေးလွှားသွားသည်။ သူ၏ ပြီးပြည့်စုံလု နီးပါး ဖြစ်နေသော ဟင်းလင်းပြင် ခွဲထွက်ခြင်း ကျင့်စဉ်က မဟာ အောင်မြင်ခြင်း အဆင့် သို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်သွားခဲ့တော့၏။
စုယွီ၏ ပတ်လည်တွင် ဟင်းလင်းပြင် စွမ်းအား ၏ ရိုက်ခတ်မှု များကြောင့် လှိုင်းဂယက် ထ လာခဲ့ပြီး သူ၏ ဝိညာဉ် က ကောင်းကင် နှင့် မြေကြီး အတွင်းသို့ အရည်ပျော် ဝင်ရောက်သွားမည့် အလား ဖြစ်နေ၏။
ဟင်းလင်းပြင် စွမ်းအား ၏ မူလ အရင်းအမြစ် များက အဆုံးအစမဲ့ စီးကြောင်း တစ်ခု အဖြစ် ဆင်းသက် လာခဲ့သည်။
ခဏတာ အချိန်လေး အတွင်းမှာပင် စုယွီ၏ ကိုယ်ပိုင် ဟင်းလင်းပြင် တာအိုနယ်ပယ် က အသွင် ကူးပြောင်းမှု တစ်ရပ်ကို ဖြတ်သန်းသွားခဲ့ပြီး ဟင်းလင်းပြင် တာအို ၏ မူလ အရင်းအမြစ် ကို အောင်မြင်စွာ စုစည်း နိုင်ခဲ့သည်။
သူက ဟင်းလင်းပြင် တာအိုနယ်ပယ် ၏ တံခါးဝ သို့ အမှန်တကယ် ခြေချ နိုင်ခဲ့လေပြီ။
ဟင်းလင်းပြင် တွင် ဟင်းလင်းပြင် အလွှာပေါင်း များစွာ ပါဝင် သည်။ အကယ်၍ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ဦး က ပထမ ဟင်းလင်းပြင် အလွှာကို ထိုးဖောက် ဝင်ရောက် နိုင်မည် ဆိုလျှင် ယခင်က စုယွီသည် ဟင်းလင်းပြင် တာအို ၏ စွမ်းအား ဖြင့် ဒုတိယ အလွှာ သို့ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့၏။
ပိုမို နက်ရှိုင်းစွာ ဝင်ရောက် လေလေ၊ လူတစ်ယောက် ခံနိုင်ရည် ရှိရမည့် ဟင်းလင်းပြင် ၏ ဖိအား က ပိုမို ကြီးမား လာလေလေ ပင်။
ယခုအခါ စုယွီက ဟင်းလင်းပြင် တာအို နှင့် ပတ်သက်သော ထိုးထွင်း သိမြင်မှု အသစ်များကို ရရှိသွားခဲ့ပြီး ဟင်းလင်းပြင် တာအိုနယ်ပယ် ၏ မူလ အရင်းအမြစ် ကို စုစည်း နိုင်ခဲ့ပြီ...။
သို့ဆိုလျှင် တတိယ ဟင်းလင်းပြင် အလွှာ ၏ အနက်ရှိုင်းဆုံး နေရာ ထိအောင် ပင် သူ စူးစမ်း လေ့လာ နိုင်ကောင်း လေ့လာ နိုင်ပေလိမ့်မည်။
သူ ယခုလေးတင် ဖတ်ရှု ခဲ့ရသော ရှေးဟောင်း ကျင့်စဉ် အရ ဆိုလျှင် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး များ ပင်လျှင် ထို ဟင်းလင်းပြင် အဆင့် သို့ ခြေချ နိုင်စွမ်း မရှိကြပါ။ တာအို ပေါင်းစည်း အဆင့် တာအိုသခင်ကြီး များသာလျှင် အခွင့်အရေး တစ်ရပ် ရရှိနိုင် ပေလိမ့်မည်။
'ငါ့ရဲ့ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် က ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ရှိ နေပြီပဲ'
'ဒါဆိုရင် အချိန် နဲ့ ဟင်းလင်းပြင် နယ်ပယ် တွေ နဲ့ ပတ်သက်တဲ့ ငါ့ရဲ့ နားလည် သဘောပေါက်မှု တွေကို မြှင့်တင် ဖို့ ဆက်ပြီး ကျင့်ကြံ ရမယ်...'
စုယွီ၏ မျက်နှာ ပေါ်တွင် အပြုံး တစ်ခု ပွင့်သီးလာ၏။ သူက ဖြည်းညင်းစွာ သက်ပြင်း ချလိုက်သည်။
ဟင်းလင်းပြင် နယ်ပယ် က နောက်ဆုံး တွင်တော့ ၎င်း၏ အနှစ်သာရ ကို စုစည်း နိုင်ခဲ့လေပြီ။
၎င်းက အချိန် နယ်ပယ် မှ ပြုလုပ် ထားခဲ့သော တိုးတက်မှု များကို တဖြည်းဖြည်းချင်း အမီလိုက် လာခဲ့ပြီ ဖြစ်၏။
အချိန် နယ်ပယ် က အနှစ်သာရ ကို အချိန် အတော်ကြာ ကတည်းက စုစည်း ထားခဲ့ပြီး ဖြစ်ရာ... အသေးစား အောင်မြင်ခြင်း အဆင့် သို့ ရောက်ရှိရန် သိပ်ပြီး မဝေးတော့ပေ။
သိုင်းကျမ်းတစ်သောင်း မျှော်စင် တွင် နောက်ထပ် ရက်အနည်းငယ် နေထိုင် ပြီးနောက်... နောက်ဆုံး တွင်တော့ စုယွီက သူ၏ ကိုယ်ပိုင် ဂူစံအိမ် သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
သေသပ် သပ်ရပ်စွာ စီစဉ် ထားသော အဆောင်လက်ဖွဲ့ အခန်း တစ်ခန်း အတွင်း၌ စုယွီက ရေချိုး သန့်စင် လိုက်ပြီး အဝတ်အစား များကို လဲလှယ် ကာ စိတ်ကို တည်ငြိမ် စေလိုက်၏။ ပုစဉ်းပိုးတုံးလုံး အချိန်တာအို နိယာမ က သူ၏ စိတ်အာရုံ ထဲတွင် လည်ပတ်သွားခဲ့ပြီး ငြိမ်သက် သော အခြေအနေ ဖန်တီးပေး၏။... ဟင်းလင်းပြင် တာအို နှင့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တို့ နှင့် ပတ်သက်သည့် အမျိုးမျိုးသော ဉာဏ်အလင်းများ ပွင့်လင်းလာခဲ့သည်။
သူ့ရှေ့ရှိ ကျောက်စိမ်း စင်မြင့် ပေါ်တွင် လက်ဖဝါး အရွယ်အစား ခန့်ရှိပြီး တစ်လက်မကျော် ခန့် ထူထဲသော အဖြူရောင် ကျောက်စိမ်း ပြား တစ်ပြား တင်ရှိ နေ၏။
၎င်းထံမှ ဝိညာဉ် စွမ်းအား လှိုင်းဂယက် အချို့ မှိန်ပျပျ ရစ်သိုင်းနေသည်။
အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်ခု ဖန်တီးရန် အတွက် ပါဝင်ပစ္စည်း ပင် ဖြစ်၏။
ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အကြောင်းကို နာရီဝက် ကျော်ကြာ တွေးတော ဆင်ခြင် ပြီးနောက် စုယွီက သဲလွန်စ အချို့ ရရှိသွားခဲ့ သည်။ အနည်းငယ်မျှပင် တုံ့ဆိုင်း နေခြင်း မရှိဘဲ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး စုတ်တံ တစ်ချောင်းကို ကောက်ယူ ကာ ဘေးနားရှိ အထူး အဆောင်လက်ဖွဲ့ မှင်ရည် ထဲသို့ နှစ်လိုက်သည်။ စုတ်တံ၏ အမွှေးများမှာ ချွန်ထက် နေပြီး စုယွီ၏ စုစည်း ထားသော မှော်စွမ်းအား များ နှင့် ဝိညာဉ် စွမ်းအား များဖြင့် ပြည့်နှက် နေခဲ့၏။
ထိုစုတ်တံ က ထွင်းထုသည့် ဓားငယ်လေး တစ်လက် အလား ကျောက်စိမ်းပြား ထက်သို့ ဆင်းသက်သွားတော့သည်။
"ဝီ..."
တစ်နာရီ နီးပါးခန့် ကုန်လွန်သွားခဲ့လေပြီ။
အဆောင်လက်ဖွဲ့ အခန်း အတွင်း၌ ဟင်းလင်းပြင် စွမ်းအား လှိုင်းတံပိုး တစ်ခု လှုပ်ခတ်သွားသောအခါ... ၎င်းက အဝေးရှိ အင်မော်တယ် နန်းတော် အတွင်းမှ ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့ကို နောက်တစ်ကြိမ် အံ့အားသင့်သွားစေသည်။ သူတို့က မျက်လုံးများကို ဖွင့်ကာ စုယွီ၏ ဂူစံအိမ် ရှိရာ အရပ်ဆီသို့ အံ့သြ ထိတ်လန့်စွာ အကြည့်ပို့လွှတ် လိုက်ကြပြန်၏။
ဒုတိယ ခေါင်းဆောင် က တိုးညင်းစွာ ရေရွတ် လိုက်သည်။
"အဆင့် (၅) အဆင့်နိမ့် ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ လား..."
ပထမ ခေါင်းဆောင် က ခေါင်းညိတ် လိုက်၏။
"ဒီလိုပဲ ထင်ရတယ်"
ဒုတိယ ခေါင်းဆောင် က ဆက်ပြောလိုက်သည်။
"သူက သိုင်းကျမ်းတစ်သောင်း မျှော်စင် ဆီကို မကြာခဏ ပြေးသွား နေခဲ့ပြီး ပြီးတော့ အဆောင်လက်ဖွဲ့ တွေ ရေးဆွဲဖို့ ပြန်သွား ခဲ့တယ်... ဒါတွေ အားလုံးက ဒီ အဆင့် (၅) အဆင့်နိမ့် ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ ကို နားလည် သဘောပေါက် ပြီး ဖန်တီး ဖို့ အတွက်များလား..."
မူလဝိညာဉ်အဆင့် ကျင့်ကြံခြင်း တစ်ခုနဲ့ လား။
မူလဝိညာဉ်အဆင့် လောက်ဖြင့် အဆင့် (၄) အဆင့်မြင့် အဆောင်လက်ဖွဲ့ တစ်ခုကို ရေးဆွဲ နိုင်ရန် ဆိုသည်မှာပင် ရှားပါး လွန်းလှပေပြီ။
အကယ်၍ တစ်စုံတစ်ယောက် သာလျှင် မူလဝိညာဉ်အဆင့် ကျင့်ကြံခြင်း ဖြင့် အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ တစ်ခုကို ရေးဆွဲ နိုင်ခဲ့မည် ဆိုပါက ၎င်းက သမိုင်း တစ်လျှောက်လုံး တွင် ရှားပါး ပါရမီရှင် များ အကြား ၌ပင် အလွန်တရာ ရှားပါးလှသော အရာ တစ်ခု ဖြစ်ပေလိမ့်မည်။
ထို့အပြင် စုယွီက မူလဝိညာဉ်အဆင့် ကျင့်ကြံခြင်း ဖြင့် အဆင့် (၅) အဆင့်နိမ့် ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ တစ်ခုကို ဖန်တီး နိုင်ခဲ့သည်။
ခေါင်းဆောင် နှစ်ဦး စလုံးမှာ ထို မြင်ကွင်းကို တိတ်ဆိတ်စွာ ဖြင့် အကြည့်ပို့လွှတ် နေခဲ့ကြပြီး... လူတစ်ယောက်၏ ပါရမီ က ဤမျှလောက် အထိ မိစ္ဆာဆန်နေနိုင်သနည်း စိတ်ကူး ၍ပင် မရနိုင်ပါ။
တာအိုနယ်ပယ် တစ်ခုလုံး ကို ပြီးပြည့်စုံစွာ နားလည် သဘောပေါက် ခြင်းက ကိစ္စ တစ်ခု ဖြစ်ပြီး စုယွီက ဓာတ်ကြီးငါးပါး တာအို အတွက် မယုံနိုင်စရာ ကောင်းလှသော ပါရမီ တစ်ခုကို ပိုင်ဆိုင် ထားခဲ့ခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင် ပေလိမ့်မည်။
သို့သော် သူ၏ အဆောင်လက်ဖွဲ့ ပါရမီ က အဘယ်ကြောင့် ဤမျှလောက် အထိ ကြောက်မက်ဖွယ် ကောင်းနေ ရသနည်း။
အဆောင်လက်ဖွဲ့ အခန်း အတွင်း၌။
စုယွီက အဆောင်လက်ဖွဲ့ အခန်း အတွင်း စည်းချရန် သူ၏ ကိုယ်ပိုင် စွမ်းအားကို အသုံးပြု လိုက်ပြီး အဆောင်လက်ဖွဲ့ အခင်းအကျင်း ထံမှ စွမ်းအား ရိုက်ခတ်မှု များက အခြား အရာများကို သက်ရောက်မှု မရှိစေရန် တားဆီး လိုက်သည်။
ထိုသို့ မဟုတ်ပါက စောစောက ဟင်းလင်းပြင် စွမ်းအား လှိုင်းဂယက် များဖြင့် ဆိုလျှင် သူ၏ လက်ထဲရှိ အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ စုတ်တံ နှင့် ကျောက်စိမ်း စင်မြင့် တို့မှာ ထိုစွမ်းအား များကို သေချာပေါက် ခံနိုင်ရည် ရှိမည် မဟုတ်ပါချေ။
ကျောက်စိမ်း စင်မြင့် ပေါ်ရှိ အဖြူရောင် ကျောက်စိမ်း အဆောင်လက်ဖွဲ့ ကို ကြည့်ရှု လိုက်သောအခါ စုယွီ၏ မျက်လုံးများ ထဲတွင် အံ့အားသင့်မှု အရိပ်အယောင် တစ်ခု လင်းလက်သွားခဲ့၏။
အနည်းငယ် ဖောက်ထွင်းမြင်ရသော ကျောက်စိမ်း ပြား ပေါ်ရှိ အဆောင်လက်ဖွဲ့ ၏ ရိုက်ခတ်မှု များကို ထိန်းချုပ် လိုက်နိုင်ပြီ ဖြစ်သော်ငြားလည်း ၎င်း၏ ထွင်းထုချက် များမှ တစ်ဆင့် ပုန်းကွယ် နေသော ဟင်းလင်းပြင် စွမ်းအား ကို သူ ခံစား သိရှိ နိုင်ဆဲ ပါပင်။
အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခု။
၎င်းက သူ ယခင်က ရရှိခဲ့သော ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အမွေအနှစ် နှင့် အနည်းငယ် ကွဲပြား ခြားနား သည်။
ဤ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ က သန့်စင်သော ဟင်းလင်းပြင် တာအို အဆောင်လက်ဖွဲ့ အစစ်အမှန် တစ်ခု ဖြစ်၏။
သူ ယခုလေးတင် စုစည်း နိုင်ခဲ့သော ဟင်းလင်းပြင် တာအိုနယ်ပယ် ၏ အနှစ်သာရ အပေါ် အခြေခံကာ ဤ အဆင့် (၅) အဆင့်နိမ့် အဆောင်လက်ဖွဲ့ ကို ဖန်တီးရန် အတွက် ယခင် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ အမွေအနှစ်အား အသွင် ပြောင်းလဲ လိုက်၏။
ထို့အပြင်... သူ၏ စိတ်အာရုံ ထဲရှိ "ချိတ်တံဆိပ်" ဟူသော စာလုံး အမှတ်အသား ထံမှ နက်နဲမှု အရိပ်အယောင် အနည်းငယ် ကိုလည်း စုယွီ ငှားရမ်း အသုံးပြု ခဲ့သည်။
ကြေးမုံလမင်း အဆောင်လက်ဖွဲ့ က အဓိက အားဖြင့် ဟင်းလင်းပြင် ကန့်သတ်ခြင်း နှင့် ဖိနှိပ်ခြင်း များကို အုပ်စိုး သည်။
ထိုအရာ က သူ၏ စိတ်အာရုံ ထဲတွင် ထွင်းထု ထားသော "ချိတ်တံဆိပ်" ဟူသည့် စာလုံး အမှတ်အသား နှင့် အလွန် အံဝင်ခွင်ကျ ဖြစ်နေခဲ့၏။
"နောက်တစ်ခေါက် လောက် ထပ်စမ်းကြည့် မယ်"
ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ကို သိမ်းဆည်း လိုက်ရင်း စုယွီက ပြောလိုက်သည်။ ထို့နောက် အခြား အဆောင်လက်ဖွဲ့ ပါဝင်ပစ္စည်း တစ်ခုကို ကောက်ယူ လိုက်၏။ ထို့နောက် သူ၏ မှော်စွမ်းအား နှင့် နတ်ဘုရား ဝိညာဉ် ပြန်လည် ပြည့်ဝလာစေရန် နောက်တစ်ကြိမ် စိတ်ဝိညာဥ်အား ပြန်လည် တည်ငြိမ် စေလိုက်သည်။
အထွတ်အထိပ် အခြေအနေ သို့ ပြန်လည် ရောက်ရှိသွားသောအခါ... အခြား အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခုကို ထပ်မံ ရေးဆွဲရန် စုယွီ စတင် ကြိုးပမ်း လိုက်သည်။
သို့သော် ဒုတိယ အကြိမ် တွင်... တစ်ဝက် တစ်ပျက် အရောက်တွင် ပျက်စီးသွားခဲ့၏။
တတိယ အကြိမ် တွင်... အများစု ပြီးစီးသွားခဲ့ သော်ငြားလည်း ပျက်စီးသွားခဲ့ပြန်သည်။
စတုတ္ထ အကြိမ်မြောက် ကြိုးပမ်းမှု တွင်မှသာ စုယွီက အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ တစ်ခုကို နောက်တစ်ကြိမ် အောင်မြင်စွာ ရေးဆွဲ နိုင်ခဲ့လေတော့သည်။
သူ၏ နေ့စဉ် ကျင့်ကြံခြင်း များကို စနစ်တကျ ကျင့်ကြံ နေရင်း ဖြင့်ပင် အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ဖြင့် ကျွမ်းကျင်မှု များကို စုဆောင်း၏။ ထို့ပြင် အခြား အဆင့် (၅) အဆင့်နိမ့် လခြမ်းကွေး အဆောင်လက်ဖွဲ့ တစ်ခုကို ဖန်တီး နိုင်ရန် ဆက်လက် တွေးတော ဆင်ခြင် နေခဲ့သည်။