← Chapters

အခန်း ၈၆၄

Vol. 58 Ch. 864

အခန်း ၈၆၄

Vol. 58 Ch. 864

အခန်း (၈၆၄) ရှေးဟောင်း ဖီးနစ်သစ်ပင် ပြန်လည်နိုးထလာခြင်း၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း သေမင်းတမန် ဘေးဒုက္ခနှင့် ရင်ဆိုင်ရလေပြီ

ပထမ လ၌ စုယွီက ကြေးမုံလမင်း အဆောင်လက်ဖွဲ့ကို ဖန်တီးပြီး ဒုတိယမြောက် လတွင် အဆင့် (၅) အဆင့်နိမ့် လခြမ်းကွေး အဆောင်လက်ဖွဲ့ကိုပါ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ထို အဆောင်လက်ဖွဲ့ နှစ်ခု၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန်မှာလည်း ခက်ခဲလှသည် မဟုတ်ချေ။

လအနည်းငယ် ကြာသောအခါ အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း နှင့် လခြမ်းကွေး အဆောင်လက်ဖွဲ့ တို့၏ ကျွမ်းကျင်မှု အဆင့်မှာ (၅၀) ကျော်အထိ ရောက်ရှိသွားခဲ့သည်။ အောင်မြင်မှု နှုန်းမှာလည်း ထက်ဝက်ကျော် အထိ ရောက်ရှိ လာနိုင်၏။

သူ၏ လက်ဝယ်ရှိ အဆောင်လက်ဖွဲ့ ပါဝင်ပစ္စည်းများ အားလုံးကို အသုံးပြုပြီးနောက် စုယွီ၏ လက်ထဲတွင် အဆင့် (၅) အဆင့်နိမ့် ကြေးမုံလမင်း နှင့် လခြမ်းကွေး အဆောင်လက်ဖွဲ့ နှစ်မျိုးစလုံး အခုလေးဆယ် နီးပါးခန့် ရရှိနေပြီပင်။ သူ ပိုင်ဆိုင်ထားသော အဆင့် (၅) အဆင့်နိမ့် ဝမ်ယင်း အဆောင်လက်ဖွဲ့ များမှာမူ စုစုပေါင်း တစ်ထောင် နီးပါးခန့်ပင် စုဆောင်း မိနေပြီ။

"နောက်တစ်ဆင့် အနေနဲ့ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို ဓာတ်ကြီးငါးပါး ကျင့်စဉ်ထဲ ပေါင်းထည့်ဖို့ စမ်းကြည့်ရမယ်"

အဆောင်လက်ဖွဲ့ အခန်းထဲရှိ ပစ္စည်းများကို သပ်ရပ်စွာ ရှင်းလင်းပြီးနောက် စုယွီက မှတ်ချက်ချလိုက်သည်။ ထို့နောက် သူက ဘေးဘက်ရှိ ကျင့်ကြံခြင်း အခန်းငယ် ထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်တော့၏။

ယွဲ့အင်မော်တယ် စံအိမ် ၏ သိုင်းကျမ်းတစ်သောင်း မျှော်စင်ကြီး ချန်ရစ်ခဲ့သော တာအို အမွေအနှစ် များကြောင့် လွန်ခဲ့သော နှစ်များ တစ်လျှောက်လုံး စုယွီတွင် မူလဝိညာဉ်အဆင့် တာအို အမွေအနှစ်များ ပြတ်လပ် နေခဲ့ခြင်း မရှိပါချေ။ ထို့ကြောင့် စုယွီက ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ ပေါင်းစပ်ခြင်း နှင့် အဆင့်မြှင့်တင်ခြင်း များကို တစ်ရက်မျှ မရပ်ခဲ့ပါ။

ယခု အချိန်အထိ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၊ ကောင်းကင် ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်၊ နေရောင်ခြည် နှလုံးသားကျင့်စဉ်၊ ကောင်းကင် ဖာထေးခြင်း ကျင့်စဉ် နှင့် ကန်းကျင်း ကောင်းကင် ဓား ကျင့်စဉ် တို့ကို အခြေခံ အုတ်မြစ် အဖြစ် ထားရှိကာ ဓာတ်ကြီးငါးပါး ကျင့်စဉ် က မူလဝိညာဉ်အဆင့် တာအို နည်းစနစ် ပေါင်း တစ်ရာကျော် ကို ထပ်မံ ပေါင်းစပ် ထားခဲ့ပြီး ဖြစ်သည်။

ဓာတ်ကြီးငါးပါး ကျင့်စဉ်မှာ စုယွီ တစ်ယောက် မူလဝိညာဉ်အဆင့် သို့ စတင် ထိုးဖောက် ဝင်ရောက် ခဲ့စဉ်က အချိန်နှင့် နှိုင်းယှဉ်လျှင် အရည်အသွေးပိုင်း ဆိုင်ရာ များစွာ တိုးတက်လာလေ၏

သို့သော်ငြား အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် ၏ အမွေအနှစ် က သူ ယခင်က ဓာတ်ကြီးငါးပါး ကျင့်စဉ် ထဲသို့ ပေါင်းစပ် ထားခဲ့သော မူလဝိညာဉ်အဆင့် တာအို နည်းစနစ် များနှင့် သိသိသာသာ ကွဲပြား ခြားနား နေခဲ့သည်။ ထို့ကြောင့် အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်ကို အောင်မြင်စွာ ပေါင်းစပ် နိုင်မည်လား .. စုယွီ ကိုယ်တိုင် သိပ်ပြီး သေချာ မနေခဲ့ပါ။

ဓာတ်ကြီးငါးပါး ကျင့်စဉ် နှင့် အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် တို့၏ ပေါင်းစပ်မှုကို သုတေသန ပြုလုပ်ခြင်း အပြင် စုယွီက ယွဲ့အင်မော်တယ် လက်ဆင့်ကမ်း ပေးခဲ့သော ရွှင်ပျော်ပျော် အင်မော်တယ် ကျင့်စဉ် ၏ ချိတ်တံဆ်ိပ် အခန်း မှ အင်မော်တယ် နိယာမ ကိုလည်း ကျင့်ကြံ နားလည်ရန် ကြိုးပမ်း နေခဲ့သည်။

ဤ အင်မော်တယ် နိယာမ တွင် ချိတ်တံဆ်ိပ် ဟူသော စာလုံးနှင့် လိုက်ဖက် ညီစွာ ပေါင်းစပ် နေသည့် နက်နဲ ရှုပ်ထွေးလှသော ကိုယ်ပိုင် ဝိသေသ လက္ခဏာ တစ်ခု ပါဝင် သည်။ ထို့အပြင် အမွေအနှစ် ထဲတွင် ချိတ်တံဆ်ိပ် စာလုံးနှင့် ဆက်စပ် နေသော မှော်ပညာရပ် များနှင့် နတ်ဘုရား စွမ်းရည် များစွာ လည်း ပါဝင် နေခဲ့၏။

ဤ မှော်ပညာရပ် များနှင့် နတ်ဘုရား စွမ်းရည် များက စုယွီကို ဆွဲဆောင် နေခဲ့ပြီး ၎င်းတို့ကို ကျင့်ကြံ လာစေရန် လှုံ့ဆော် ပေးနေခဲ့သည်။

"ဝီ"

အချိန်တာအို နယ်ပယ် ကြီးက သူ့ကို လွှမ်းခြုံသွားသော အခါ စုယွီ၏ ပတ်ဝန်းကျင်ရှိ အချိန် ကုန်လွန်မှု က ကွဲပြား ခြားနားသွားလေသည်။ ကျင့်ကြံခြင်း ကမ္ဘာကြီး ကို ဖြတ်သန်းပြီး ဤအခိုက်အတန့် တွင် အချိန် မြစ်ကြီးကို တစ်စုံတစ်ယောက် သာ ပြန်လည် စောင့်ကြည့် လိုက်မည် ဆိုပါက

အချိန် မြစ်ကြီး ထဲရှိ စုယွီ၏ ယခင် အရိပ်အယောင် နှင့် နှိုင်းယှဉ် လိုက်ပါက ယခုအခါ သူ၏ ပုံရိပ် က ယခင်ကထက် ထက်ဝက်ကျော်ခန့် ပိုမို ကြီးမား လာသည်ကို မြင်တွေ့ ရပေလိမ့်မည်။ ပုံရိပ် ပိုမို ကြီးမား လာလေလေ၊ အချိန် မြစ်ကြီး ထံမှ သူ ခံနိုင်ရည် ရှိရမည့် ရိုက်ခတ်မှု က ပိုမို ကြီးမား လာလေလေ ပင် ဖြစ်၏။

ရလဒ် အနေဖြင့် အချိန်တာအို နယ်ပယ် ၏ အောက်တွင် အချိန် ကုန်လွန်မှု ကို လွှမ်းမိုး ပြောင်းလဲရန် သူ့အတွက် များစွာ ပိုမို ခက်ခဲသွားခဲ့သည်။ ယခင်က သူက တစ်ရက်ကို နှစ်ရက်စာ အဖြစ် အသုံးပြု နိုင်ခဲ့ သော်ငြားလည်း ယခုအခါ တွင်မူ အများဆုံး တစ်ရက်ခွဲစာ အဖြစ်သာ အသုံးပြု နိုင်တော့၏။

ကျင့်ကြံခြင်း အဆင့် ပိုမို အားကောင်း လာလေလေ၊ ကျင့်ကြံခြင်း ကမ္ဘာကြီး မှ သူ့အပေါ် ကန့်သတ်ချက် များက ပိုမို အားကောင်း လာလေလေ ပင် ဖြစ်ရ၏။ အချို့သော အရာများကို ပြောင်းလဲရန် ပိုမို ခက်ခဲ လာလေလေ၊ သို့မဟုတ် ပေးဆပ် ရမည့် တန်ဖိုး က ပိုမို ကြီးမား လာလေလေ ဟု ဆိုရမည်သာ။ သည်အခြေအနေမှာ စုယွှ၏ ကျင့်ကြံခြင်း စွမ်းအားများ တိုးတက် လာပြီး ကောင်းကင်နှင့် မြေကြီး တာအို အပေါ် ထိုးထွင်း သိမြင်မှု များ ရရှိလာသည် နှင့်အမျှ စုယွီ အတွက် ပိုမို ရှင်းလင်း လာခဲ့သော အရာ တစ်ခုပင် ဖြစ်သည်။

အချိန်တွေက တဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့၏။ သူ၏ နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ် များတွင် စုယွီက အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် နှင့် ရွှင်ပျော်ပျော် အင်မော်တယ် ကျင့်စဉ် တို့၏ ပေါင်းစပ်မှု လျှို့ဝှက်ချက် များကို လေ့လာ နေခဲ့သလို၊ သူတို့၏ မှော်ပညာရပ် များနှင့် နတ်ဘုရား စွမ်းရည် များကိုလည်း လေ့လာ နေခဲ့သည်။

ဓာတ်ကြီးငါးပါး ၏ အပြန်အလှန် ဖျက်ဆီးခြင်း မှော်စွမ်းအား များကို အသုံးပြုကာ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ်အား ဖော်ထုတ် လိုက်သော အခါ ပြင်းထန်လှသော စွမ်းအားကြီး က စုယွီ၏ တိတ်ဆိတ်သော အခန်းငယ်လေး ထဲတွင် တပ်ဆင် ထားခဲ့သည့် အဆင့် (၅) အဆင့်နိမ့် အခင်းအကျင်း ကို မျက်စိတစ်မှိတ် အတွင်းမှာပင် အရည်ပျော်သွားစေခဲ့တော့၏။

သူ၏ ဂူစံအိမ် တစ်ခုလုံးမှာ မျက်စိတစ်မှိတ် အတွင်း ထက်ဝက်ခန့် ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာ က သူ အစွမ်းကုန် တိုက်ခိုက် ခဲ့လျှင်ပင် ခြစ်ရာ တစ်ခုမျှ မထင်နိုင်သော ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် ၏ အဆောက်အအုံ ပင် ဖြစ်၏။ သို့သော် အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် ၏ စွမ်းအား အောက်တွင်မူ ၎င်းက မျက်စိတစ်မှိတ် အတွင်း ဖျက်ဆီး ခံလိုက်ရသည်။

အဝေး တစ်နေရာ ရှိ အင်မော်တယ် နန်းတော် အတွင်း၌ကား ခေါင်းဆောင် နှစ်ဦး စလုံးမှာ အလန့်တကြား နိုးထ လာခဲ့ကြ၏။ စုယွီ ဖန်တီးသော အနှောင့်အယှက် များကြောင့် မကြာခဏ အနှောင့်အယှက် ပေးခံရ သော်ငြားလည်း သူတို့က စိတ်အနှောင့်အယှက် မဖြစ် ခဲ့ကြပါချေ။ ဤအခိုက်အတန့် တွင် သူတို့က စုယွီ၏ ဂူစံအိမ် ရှိရာ နေရာ တစ်ဝိုက်ကို အနည်းငယ် ထူးဆန်းပြီး အံ့အားသင့် နေသော အကြည့်များ ဖြင့် မျှော်ကြည့်နေခဲ့ကြ၏။

"ဒါက ဘယ်လို စွမ်းအား မျိုးလဲ..."

"သိပ်ကို ထူးဆန်းတာပဲ... အသံ သိပ်မထွက်ပေမယ့် အထိအတွေ့ လေး တစ်ခုတည်း နဲ့တင် အဲဒီ အခင်းအကျင်း နဲ့ အင်မော်တယ် မြို့တော် ရဲ့ အဆောက်အအုံ က ချက်ချင်း ပျောက်ကွယ်သွားတာလား... ဘာမှ မရှိတဲ့ အခြေအနေ ကို ပြောင်းသွားတာလား..."

"ဒါ့အပြင် သူ့ရဲ့ မူလဝိညာဉ်အဆင့် ကျင့်ကြံခြင်း နဲ့တောင် အင်မော်တယ် မြို့တော် ရဲ့ အဆောက်အအုံ ကို အမှန်တကယ် ပျက်စီးအောင် လုပ်နိုင်တာလား..."

ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့ နှစ်ဦးစလုံး မှာ ထူးဆန်းပြီး မယုံနိုင်စရာ ကောင်းနေသော အမူအရာ များ ဖြစ်နေခဲ့ကြ၏။ အင်မော်တယ် မြို့တော် ၏ အဆောက်အအုံ များမှာ တစ်ခုတည်းသော တည်ဆောက်မှု များ ဖြစ်ကြ၏။ ယခုအခါ အင်မော်တယ် မြို့တော်ကြီး တွင် စွမ်းအား သို့မဟုတ် စွမ်းအား အရင်းအမြစ် မရှိတော့ဘဲ ယခင်ကကဲ့သို့ အံ့မခန်း မဖြစ်တော့ သော်ငြားလည်း ၎င်းက မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦး ဖျက်ဆီး နိုင်စွမ်း ရှိသည့် အရာမျိုး လုံးဝ မဟုတ်ပါချေ။

ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ တစ်ဦး ပင်လျှင် အင်မော်တယ် မြို့တော် ၏ အဆောက်အအုံ များကို တုန်လှုပ်သွားစေရန် အလွန်တရာ ခက်ခဲလှ ပေလိမ့်မည်။ ဒါကတော့။

အခြား တစ်ဖက် တွင်မူကား။ ပြီးပြည့်စုံသော ကောင်းကင်နှင့် မြေကြီး တာအိုနယ်ပယ် ၏ အောက်တွင် ဓာတ်ကြီးငါးပါး ၏ အပြန်အလှန် ဆန့်ကျင် အနိုင်ယူ ချေမှုန်းသည့် စွမ်းအား ကို သူ ကိုယ်တိုင် အသုံးပြု လိုက်ခြင်း ကြောင့် သူ၏ ဂူစံအိမ် ထက်ဝက်ခန့် ပျက်စီးသွားပုံကို မျက်မြင် တွေ့ရှိ လိုက်ရသော စုယွီ ကိုယ်တိုင် ပင်လျှင် ထို ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအား ကြောင့် အံ့အားသင့် နေခဲ့ရသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှု က သူ၏ မှော်စွမ်းအား နှင့် နတ်ဘုရား ဝိညာဉ် များကို အများအပြား ကုန်ခမ်း စေခဲ့ပြီး ထိုစွမ်းအား များကို သူ ထိန်းချုပ် နိုင်ရန် ကျရှုံး ခဲ့ရ သော်ငြားလည်း သတိ ပြန်လည် လာပြီး နောက်မှာတော့ ယခုလို တိုက်ခိုက်မှု မျိုးကို အနည်းဆုံး နောက်ထပ် နှစ်ကြိမ်ခန့် ဖော်ထုတ် နိုင်စွမ်း ရှိနေသေးသည်။

'ပြီးပြည့်စုံတဲ့ ကောင်းကင်နဲ့ မြေကြီး တာအိုနယ်ပယ် နဲ့... ဓာတ်ကြီးငါးပါး အပြန်အလှန် ချေမှုန်းတဲ့ ဖျက်ဆီးခြင်း မှော်စွမ်းအား တွေ ပါဝင်နေတဲ့ အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် ရဲ့ ဒီစွမ်းအား ကို ဘယ် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် မျိုးကများ ခုခံနိုင်စွမ်း ရှိမှာလဲ...'

စုယွီ၏ နှလုံးသား တဒိတ်ဒိတ် ခုန် နေခဲ့တော့၏။

ထိုကဲ့သို့သော တိုက်ခိုက်မှု က နတ်ဘုရား စွမ်းရည် များ၏ စွမ်းအား နှင့်ပင် နှိုင်းယှဉ် နိုင်နေပြီ ဖြစ်သည်။ စိတ်လှုပ်ရှားစွာ ဖြင့် စုယွီက အင်မော်တယ် ဖြစ်တည်ခြင်း ကျင့်စဉ် နှင့် ဓာတ်ကြီးငါးပါး ကျင့်စဉ် တို့၏ ပေါင်းစပ်မှု ဆိုင်ရာ နက်နဲလှသော လျှို့ဝှက်ချက် များကို ဆက်လက် စူးစမ်း လိုက်၏။

သို့သော် သူ သတိမထား မိခဲ့သည့် အရာ မှာကား... သူ ဖျက်ဆီး ပစ်ခဲ့သော သူ၏ ဂူစံအိမ် အစိတ်အပိုင်း များမှာ တစ်စစဖြင့် အလိုအလျောက် ပြန်လည် ပြုပြင် မွမ်းမံ နေခဲ့ခြင်းကိုပင်။

မျက်စိတစ်မှိတ် အတွင်းမှာ စုယွီ တစ်ယောက် ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် ၏ အပျက်အစီး များ အတွင်း၌ တံခါးပိတ် ကျင့်ကြံ နေခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်ခန့် ရှိခဲ့လေပြီ။

ယနေ့.. သူ၏ နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ် များကို ပြီးစီးအောင် ပြုလုပ် ပြီးနောက် သူက ထူးဆန်းသော အင်မော်တယ် မျိုးစေ့လေးကို ထုတ်ယူ လိုက်ကာ... အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကျင့်စဉ် ၏ စွမ်းအား များဖြင့် ဆက်လက် ပြုစု ပျိုးထောင် နေခဲ့သည်။

နာရီဝက်ခန့် အကြာတွင် ထူးဆန်းသော အင်မော်တယ် အရှိန်အဝါ တစ်ခု ထို မျိုးစေ့ လေး ထံမှ လှိုင်းထ လာသည် နှင့် အတူ၊ စုယွီ၏ မျက်နှာ အမူအရာ မှာ အနည်းငယ် ပြောင်းလဲသွားရ၏။

သူ၏ လက်ထဲရှိ မျိုးစေ့လေး မှာ ရုတ်တရက် ဆိုသလို ပေါင်တစ်ထောင်ခန့် လေးလံသွားကာ လက်ထဲမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့တော့သည်။

“ဝရော…”

မျက်စိတစ်မှိတ် အတွင်းမှာပင် စိတ်ကူး ၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည့် သက်စောင့် အနှစ်သာရ တစ်ခုက ထို မျိုးစေ့လေး ထံမှ ပေါက်ကွဲလာတော့၏။

All Chapters