← Chapters

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း ၈၆၅

Vol. 58 Ch. 865

အခန်း (၈၆၅) ရှေးဟောင်း ဖီးနစ်သစ်ပင် ပြန်လည်နိုးထလာခြင်း၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း သေမင်းတမန် ဘေးဒုက္ခနှင့် ရင်ဆိုင်ရလေပြီ (အပိုင်း ၂)

ထူးဆန်းသော အင်မော်တယ် မျိုးစေ့လေး က မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းက အစေ့ပေါက် ကာ အမြစ်တွယ် လာပြီး ကြီးထွား လာခဲ့သည်။

မှိန်ပျပျ ရွှေရောင် အလင်းတန်းများ မြင့်တက် နေသော ပင်စည် တစ်ခု နှင့် အဝါနုရောင် သစ်ရွက်များ ပါရှိသော ဝိညာဉ် သစ်ပင် တစ်ပင် က ဖြည်းညင်းစွာ ကြီးထွား လာခဲ့၏။ စုယွီ တစ်ယောက် နောက်သို့ ခြေလှမ်း အနည်းငယ်မျှ ဆုတ်လိုက်သည့် အချိန်တိုလေး အတွင်းမှာပင် ထို ဝိညာဉ် သစ်ပင် က တစ်ကျန်း (ဆယ်ပေခန့်) ကျော် အထိ ကြီးထွား လာခဲ့လေပြီ။

သို့သော် စုယွီကို အံ့အားသင့်သွားစေခဲ့သည့် အဖြစ်ကတော့

ဤ ဝိညာဉ် သစ်ပင်က ကြီးထွားမှု ရပ်တန့်သွား၏။ ကိုယ်ထည် က တဖြည်းဖြည်းချင်း အမှုန့် အဖြစ်သို့ ပြောင်းလဲသွားကာ လွင့်စင် ပျောက်ကွယ်လေ၏။... သစ်ပင် ပေါ်၌ ဖွဲ့တည်လာခဲ့သော ရွှေရောင် ဝိညာဉ် အရည် တစ်စက် က သူ၏ အရှေ့တွင် ဆက်လက် ကျန်ရှိ မနေခဲ့ပါ။

ယင်းအစား ထို အရည်စက် က ဟင်းလင်းပြင် ကို ဖြတ်သန်းကာ အပြင်ဘက် သို့ ပြေးထွက်သွား၏။ ကောင်းကင်ကြီး ကိုပင် ထောက်ခံ ထားသကဲ့သို့ ရှိသော ဧရာမ ဝိညာဉ် သစ်ပင်ကြီး ဆီသို့ ဦးတည်သွားကာ ၎င်း၏ ပင်စည် အတွင်းသို့ ပေါင်းစည်း ဝင်ရောက်သွားခဲ့တော့သည်။

"ဝုန်း..."

ရွှေရောင် ဝိညာဉ် အရည်စက် ထို ဝိညာဉ် သစ်ပင်ကြီး အတွင်းသို့ ပေါင်းစည်းသွားသည့် အခိုက်အတန့် တွင် ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် တစ်ခုလုံး သိမ့်ခါသွသည်ကို စုယွီ ခံစား လိုက်ရ၏။ တဆက်တည်း၌ ကောင်းကင်ထက်သို့ ထိုးတက်နေသော ထိုသစ်ပင်ကြီး ထံမှ မှိန်ပျပျ သက်စောင့် အနှစ်သာရ တစ်ခု မြင့်တက် လာခဲ့သည်။

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်…”

ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်၊ ဒုတိယ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် နှင့် အမှတ် (၁)၊ အမှတ် (၂) နှင့် အမှတ် (၁၈) အနက်ရောင် ဒေါသ စစ်သည်တော် များ၏ ပုံရိပ်များ အားလုံး ထွက်ပေါ် လာခဲ့ကြ၏။

သူတို့ အားလုံး က အင်မော်တယ် မြို့တော် ၏ အထက်ရှိ ကောင်းကင်ထက်သို့ ထိုးတက်နေသော သစ်ပင်ကြီး ကို အလွန်အမင်း အံ့သြ ထိတ်လန့်စွာ ဖြင့် မော့ကြည့် လိုက်ကြ၏။

ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့ နှစ်ဦးစလုံး ၏ အသံများ တုန်ယင် နေခဲ့ကြ၏။

"ဝူထုံ...ဝူထုံကြီး ပြန်လည် နိုးထ လာခဲ့ပြီလား..."

"ဒီ အရှိန်အဝါ... တကယ်ပဲ ဟုတ်နေပုံ ရတယ်... သူ့ရဲ့ သက်စောင့် အနှစ်သာရ ပြန်ပြီး နိုးထလာပြီ"

"ဟားဟားဟား... အကောင်းဆုံးပဲ... ဝူထုံကြီး သာ ဒီမှာ ရှိနေရင်၊ ဘယ်သူကများ ငါတို့ ယွဲ့အင်မော်တယ် စံအိမ် ရဲ့ အမွေအနှစ် တွေကို လိုချင် တပ်မက် ရဲတော့မှာလဲ..."

ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့ နှစ်ဦးစလုံး မှာ အလွန်အမင်း စိတ်လှုပ်ရှား နေခဲ့ကြ၏။

သို့သော်ငြား အချိန်တွေ ကုန်လွန်သွားသည်နှင့် အမျှ တစ်နှစ် အကြာ။

အင်မော်တယ် မြို့တော် ၏ အထက်၊ ကောင်းကင်ထက်သို့ ထိုးတက်နေသော ဧရာမ သစ်ပင်ကြီး ပေါ်တွင် ကောင်းကင် မှ ကျဆင်း လာသော သေးသွယ် နူးညံ့သည့် အစိမ်းရောင် သစ်ရွက် ကိုင်းဖြာ လေး တစ်ခု သာလျှင် မှိန်ပျပျ အစိမ်းနုရောင် အလင်းတန်း လေး ဖြင့် တောက်ပ နေခဲ့ပြီး အင်မော်တယ် မြို့တော် တစ်ခုလုံး ကို လင်းထိန် နေစေခဲ့သည်ကို သူတို့ မြင်တွေ့ ခဲ့ကြရသည်။

သို့သော် ဝူထုံကြီး ၏ ပြန်လည် နိုးထ လာမှု က ဤ သစ်ကိုင်း လေး တစ်ခုတည်း သာလျှင် အသက်ဝင် လာခဲ့ခြင်း ဖြစ်၏။

ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့ က မည်မျှပင် အော်ဟစ် ခေါ်ဝေါ် ကြပါစေ.. ဝူထုံကြီး ၏ အသိစိတ် ကို နိုးထ လာစေရန် သူတို့ မစွမ်းဆောင် နိုင်ခဲ့ကြပါချေ။

ဂူစံအိမ် အတွင်း စုယွီ လက်ထဲရှိ ရွှေရောင် မျိုးစေ့လေး ကို ကြည့်လိုက်သည်။ ထို့နောက် အပြင်ဘက်ရှိ ဧရာမ သစ်ပင်ကြီး ဆီသို့ အကြည့်ရောက်သွားကာ... ဤ သစ်ပင်ကြီး နှင့် သူ၏ အကြားရှိ မှိန်ပျပျ ဆက်သွယ်မှု ကို ခံစား လိုက်ရင်း သေချာစွာ စဉ်းစား နေခဲ့သည်။

ဤ ဧရာမ သစ်ပင်ကြီး က အတိတ် ကာလ တွင် အမှန်တကယ် ပင် ကြောက်မက်ဖွယ် ကောင်းလှသော တည်ရှိမှု တစ်ခု၊ ကြီးမြတ်လှသော စွမ်းအားရှင် တစ်ပါး ဖြစ်ခဲ့၏။

သို့သော် အချိန်တွေ ကုန်လွန်သွားသည်နှင့် အမျှ၊ ဤ ကြီးမြတ်လှသော စွမ်းအားရှင် ကြီးက ဤနေရာတွင် ကျဆုံးသွားခဲ့သည်မှာ အချိန် အတော်ကြာ ခဲ့ပြီပင်။

ပြီးခဲ့သည့် အချိန် သိပ်မကြာသေးမီ က သူ၏ လက်ထဲရှိ မျိုးစေ့လေး ထံမှ ပြန်လည် အသက်ဝင် လာခဲ့သော ဝိညာဉ် အရည် တစ်စက် က ဧရာမ သစ်ပင်ကြီး အတွင်းရှိ သက်စောင့် စွမ်းအား အရိပ်အယောင် အချို့ကို မတော်တဆ နှိုးဆွ ပေးလိုက်နိုင်ခြင်း ပင် ဖြစ်သည်။

သို့သော် သည်အဖြစ်က ဝူထုံကြီး အမှန်တကယ် ရှင်သန် ထမြောက် လာခဲ့ပြီ ဟု ဆိုလိုခြင်း မဟုတ်ပါချေ။

၎င်းက သူ၏ မျိုးစေ့လေး က ဝူထုံကြီး ၏ ခန္ဓာကိုယ် ကို သဘောကျ နှစ်သက်သွားခဲ့ခြင်း သာ ဖြစ်နိုင်ခြေ ပိုများ၏။

...

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကြီး အတွင်း၌။

နယ်စပ် ဒေသရှိ ယွဲ့အင်မော်တယ် စံအိမ် အင်မော်တယ် မြို့တော် အတွင်း သို့ စုယွီ တံခါးပိတ် ကျင့်ကြံ နေခဲ့သည်မှာ နှစ်ဆယ့်သုံးနှစ် မြောက် ရှိလာ၏။

ထိုကာလအတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ် က ဦးဆောင်ပြီး အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၊ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း နှင့် အခြားသော အင်မော်တယ် တံခါး ဂိုဏ်းများ အပြင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ စွမ်းအားများ က ကူညီ ထောက်ပံ့ ပေးမှုဖြင့်... အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ရှိ မိစ္ဆာ မျိုးနွယ်စု ၏ ဒီရေ လှိုင်းလုံးကြီး ရှုံးနိမ့်သွားခဲ့ရပြီး သူတို့၏ နောက်ဆုံး ခြေကုပ် စခန်း ဆီသို့ ဆုတ်ခွာသွားရန် ဖိအားပေး ခံခဲ့ရသည်။

နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီး နီးကပ် လာခဲ့လေပြီ။

သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ် နှင့် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် တို့ က ဤ မိစ္ဆာ မျိုးနွယ်စု ၏ ဟင်းလင်းပြင် လမ်းကြောင်း ကို လုံးဝ ဖိနှိပ် ချေမှုန်း ပစ်ရန် အလုံးစုံ တိုက်ခိုက်မှု တစ်ခု စတင်တော့မည့် အချိန်လေး မှာပင်... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ထံမှ တုန်လှုပ် အံ့သြဖွယ် သတင်း တစ်ခု ရောက်ရှိ လာခဲ့သည်။

အင်မော်တယ် တစ်သောင်း နန်းတော် က သူတို့၏ ကိုယ်ပိုင် နယ်မြေ အတွင်းရှိ မိစ္ဆာ ဒီရေ လှိုင်းလုံး များကို အမြစ်ဖြတ် မရှင်းပစ်ခဲ့ဘဲ... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက် ခဲ့သည်။

တာအိုသခင်ကြီး ကျိုလင် မရှိခိုက် အခွင့်ကောင်း ကို ယူကာ သူတို့က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး လျှို့ဝှက် နယ်မြေ ကို တစ်ချက်တည်း ဖြင့် သိမ်းပိုက် လိုက်ကြ၏။

ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အရှင်သခင် ဖြစ်သူ နတ်မိမယ် ကျိုလင်ကျဆုံးသွားခဲ့လေပြီ။

ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး ကို ကာကွယ်ရန် ကျန်ရစ် ခဲ့သော ဝိညာဉ်ခွဲထွက်အဆင့် ရှေးဟောင်း ဘိုးဘေး ခြောက်ပါး လည်း ကျဆုံးသွားခဲ့လေပြီ။

တပည့်များ နှင့် အကြီးအကဲ များ၏ အခြေအနေ ကို ရှင်းရှင်းလင်းလင်း မသိရ သော်ငြားလည်း... အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း မှ လူများကို မသတ်ဖြတ်ခဲ့လျှင် ပင် ကျန်ရစ်သူ များမှာ အင်မော်တယ် တစ်သောင်း နန်းတော် ထံတွင် အရှုံးပေး အညံ့ခံ ခဲ့ကြပြီ ဖြစ်ပေလိမ့်မည်။

တာအိုသခင်ကြီး ကျိုလင် က ဤသတင်း ကို လက်ခံ ရရှိသော အခါ သူက မိုးကြိုးပစ် ခံလိုက်ရသည့် အလား ယိမ်းယိုင်သွားကာ မျက်နှာမှာ သွေးဆုတ် ဖြူရော်သွားကာ နောက်သို့ ယိုင်ကျသွားရသည်။

တာအိုဆရာ ဟုန်ယွဲ့၊ တာအိုသခင်ကြီး ရှစ်ဝမ် နှင့် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ စွမ်းအားရှင် ခေါင်းဆောင် များမှာလည်း မယုံကြည် နိုင်အောင် ဖြစ်နေခဲ့ကြ၏။

အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး ကို ဖောက်ထွင်း ဝင်ရောက် ပြီး သိမ်းပိုက် လိုက်တယ်... လား။

ဒါကို သူတို့ ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။

တာအိုသခင်ကြီး ကျိုလင် က လက်ရှိတွင် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး အတွင်း မရှိနေလျှင် ပင်... မြောက်များစွာသော နှစ်ကာလများ တစ်လျှောက် စုဆောင်း ထားခဲ့သော အမွေအနှစ် များဖြင့် ဆိုလျှင် တာအိုသခင်ကြီး တစ်ပါး ကိုယ်တိုင် တိုက်ခိုက် လာလျှင်တောင် မှ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း အနေဖြင့် အချိန် အတန်ကြာ ခုခံ ကာကွယ် နိုင်ရန် သူတို့၏ ဝှက်ဖဲများ ကို အသုံးပြု နိုင်စွမ်း ရှိ၏။

တာအိုသခင်ကြီး ကျိုလင် ပြန်လည် ရောက်ရှိ လာသည် အထိ တောင့်ခံ ထားနိုင်မည် ဆိုလျှင် သူတို့၏ ကူညီ ထောက်ပံ့မှု ဖြင့် ဆိုပါက မည်သည့် ပြဿနာ မျှ ရှိသင့်မည် မဟုတ်ပါချေ။

သို့သော် ယခုအခါ တွင်... အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ကို တိတ်တဆိတ် သိမ်းပိုက် နိုင်ခဲ့သည်... လား။ ဒီလောက်တောင် မြန်မြန် ဆန်ဆန် ကြီးလား။

"အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ကို ဘယ်လို လုပ်ပြီး သိမ်းပိုက် နိုင်ခဲ့တာလဲ"

တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ မျက်နှာထား က သုန်မှုန်သွားခဲ့ပြီး သူက လျှို့ဝှက်ခန်းမ ၏ အကြီးအကဲ ကျောက်ချန်ဖုန်း ကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။

"သတိပေး လက္ခဏာ တစ်ခုလေး တောင် မရှိဘဲ ဘယ်လို လုပ်ပြီး ဒီလောက် ရုတ်တရက် ကြီး ဖြစ်သွားရတာလဲ"

ကျောက်ချန်ဖုန်း မှာလည်း ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး ကျိုးပေါက်သွားသည့် သတင်း ကြောင့် အကြီးအကျယ် တုန်လှုပ် နေခဲ့ရသည်။

ဤအခိုက်အတန့် တွင် ရှူးရှူးရှားရှား ဖြစ်နေသော တာအိုသခင်ကြီး ဟုန်ယွဲ့ နှင့် အခြားသော ခေါင်းဆောင် များကို ကြည့်လိုက်သော အခါ သူ၏ မျက်နှာ အရောင် က ပို၍ပင် ဖြူရော်သွားခဲ့ကာ အသံတုန်နေခဲ့သည်။

ကျောက်ချန်ဖုန်း က တုန်ယင်စွာ ဖြင့် ပြောလိုက်သည်။

"ဘိုးဘေး... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ဆီက လာတဲ့ သတင်းတွေ အရ ဆိုရင်၊ အင်မော်တယ် တစ်သောင်း နန်းတော်က အပြင်ဘက် အကူအညီ ကို ရယူ ခဲ့ပုံ ရပါတယ်"

"ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ရဲ့ အင်မော်တယ် တံခါး လျှို့ဝှက် နယ်မြေ က သူတို့ အတွက် အတားအဆီး သိပ်မဖြစ် ခဲ့ပါဘူး"

"သူတို့ ဝင်ရောက် လာတဲ့ အချိန်မှာ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း က တုံ့ပြန် နိုင်ဖို့ အချိန် နှောင်းသွား ခဲ့ပါပြီ"

တာအိုဆရာ ဟုန်ယွဲ့၊ တာအိုသခင်ကြီး ရှစ်ဝမ် နှင့် အခြား သူများ မှာ ချက်ချင်းပင် မျက်နှာ ဖြူရော်သွားကြ၏။

အပြင်ဘက် က လူတွေ... လား။ အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ကို သိမ်းပိုက် ဖို့ ပြင်ပ စွမ်းအား တွေနဲ့ ပူးပေါင်း ကြံစည် ခဲ့တယ် ပေါ့။

တာအိုသခင်ကြီး ဟုန်ယွဲ့ ၏ မျက်လုံးများ က အေးစက်သွားခဲ့၏။ သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်း လိုက်ပြီး ကျောက်ချန်ဖုန်း ကို ကြည့်ကာ မေးလိုက်သည်။

"အဲဒါက တာ့ယန် အင်မော်တယ် မင်းဆက် လား၊ ဒါမှမဟုတ် ပုတူ ဗုဒ္ဓ ဂိုဏ်း လား"

ကျောက်ချန်ဖုန်း က ခေါင်းယမ်း လိုက်ပြီး ပြန်ဖြေ သည်။

"ကျွန်တော်တို့ အခုထိ မသိရ သေးပါဘူး... ဒါပေမဲ့ ပုတူ ဗုဒ္ဓ ဂိုဏ်း ဒါမှမဟုတ် တာ့ယန် အင်မော်တယ် မင်းဆက် တော့ ဖြစ်ဟန် မတူပါဘူး... အင်မော်တယ် တစ်သောင်း နန်းတော်ကို ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ရဲ့ အင်မော်တယ် တံခါး ထဲကို ဦးဆောင် ခေါ်သွားတဲ့ လူက မိုးကြိုး စွမ်းအား အဆင့်မြင့်ပြီး ဟင်းလင်းပြင် လွတ်မြောက်ခြင်း နည်းစနစ် ကိုလည်း ကျွမ်းကျင် တယ်လို့ သံသယ ရှိရပါတယ်"

"အဲဒီလိုသာ မဟုတ်ရင်၊ သူတို့ က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ရဲ့ အင်မော်တယ် တံခါး လျှို့ဝှက် နယ်မြေ ထဲကို တိတ်တဆိတ် ထိုးဖောက် ဝင်ရောက် နိုင်ခဲ့မှာ မဟုတ်ပါဘူး”

All Chapters