အခန်း ၈၆၇
Vol. 58 Ch. 867
အခန်း (၈၆၇) - ချန်ကု အင်မော်တယ် မြို့တော် ဆင်းသက်လာခြင်း၊ စုယွီ ပြန်လည် ရောက်ရှိလာခြင်း
တာအိုသခင်ကြီး ရှစ်ဝမ် က ဝင်ရောက် ပြောဆိုရန် ပါးစပ် ဟလိုက်သည်။ သို့သော် မြေကမ္ဘာအင်မော်တယ်စံအိမ် ထဲသို့ ဝင်ရောက် ပူးပေါင်းလိုသော တာအိုသခင်ကြီး ကျိုလင် ၏ ဆန္ဒ ကတော့ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေမည့် ဖြစ်ရပ် တစ်ခုပင် ဖြစ်နေခဲ့၏။
တာအိုသခင်ကြီး ကျိုလင် အနေဖြင့် ဤကဲ့သို့သော ရွေးချယ်မှု မျိုးကို ပြုလုပ် လိမ့်မည်ဟု သူ တစ်ခါမျှ ထင်မှတ် မထားခဲ့ဖူးပါချေ။
မည်သို့ပင် ဆိုစေကာမူ တာအိုသခင်ကြီး ကျိုလင် သည် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ဖြစ်နေသည် လေ။
တောတောင် ထဲမှ လေလွင့် ခွေး ၊ ကြောင် တစ်ကောင် မဟုတ်သလို... သာမန် တသီးပုဂ္ဂလ ကျင့်ကြံသူ တစ်ဦး လည်း မဟုတ်ပေ။
ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ဟူသော အင်မော်တယ် ဂိုဏ်းကြီး ၏ ကြီးမြတ်လှသော စွမ်းအားရှင် တစ်ပါး ဖြစ်သည်။
တာအိုသခင်ကြီး ကျိုလင် သာ မြေကမ္ဘာအင်မော်တယ်စံအိမ် ထဲသို့ ဝင်ရောက် ပူးပေါင်းသွားခဲ့မည် ဆိုလျှင်... ထို တုန်လှုပ်မှု နှင့် ရိုက်ခတ်မှု များက မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး တိုးလာရုံမျှ သာမန် ကိစ္စလေး တစ်ခု သေချာပေါက် ဖြစ်လာမည် မဟုတ်။
ထို့ထက် ပို၍ ဆိုရလျှင် အချိန်တိုလေး အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်စံအိမ် ရရှိလာမည့် အကျိုးအမြတ် များက အင်မော်တယ် တစ်သောင်း နန်းတော် ရရှိထားသည် ထက်ပင် ကျော်လွန်သွားနိုင်၏။
၎င်းအပြင် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အတွင်း၌ ထို ကြောက်မက်ဖွယ် ကောင်းလှသော နတ်ဘုရား ရုပ်တုကြီး လည်း ရှိနေသေး၏။
ထိုအရာများ အားလုံး ပြီးသွားလျှင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး အတွင်း၌ မည်သူကများ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ထိန်းချုပ် ဟန့်တား နိုင်စွမ်း ရှိပါတော့မည်နည်း။
ဤ အချက်ကို တွေးမိ လိုက်သည်နှင့် တာအိုသခင်ကြီး ရှစ်ဝမ် ၏ ရင်တွင်း၌ ကြက်သီး ထသွားခဲ့ပြီး... တာအိုသခင်ကြီး ကျိုလင် ကို ပြန်လည် စဉ်းစားရန် နှင့် စိတ်လိုက်မာန်ပါ မလုပ်ရန် သူ၏ မူလ ဖြောင်းဖျ လိုသော ဆန္ဒများမှာ ရုတ်တရက် ဆိုသလို သူ၏ ရင်တွင်း၌ပင် အဆုံးသတ်သွားခဲ့ရတော့၏။
သူ စကား မပြောရဲတော့ပါချေ။
သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် သူတို့၏ အရှေ့ တည့်တည့် တွင် ရှိနေသော မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ကောင်းကင် ကံကြမ္မာ ကို သူ အနှောင့်အယှက် မပေးဝံ့ခြင်း ပင် ဖြစ်သည်။
အကယ်၍ မြေကမ္ဘာအင်မော်တယ်စံအိမ် သာလျှင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ပင် ထိန်းချုပ် ဟန့်တား ၍ မရနိုင်သော အဆင့် တစ်ခုသို့ အမှန်တကယ် ရောက်ရှိသွားခဲ့ပြီ ဆိုလျှင်... သူ တာအိုသခင်ကြီး ရှစ်ဝမ် နှင့် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်တို့ အနေဖြင့် မြေကမ္ဘာအင်မော်တယ်စံအိမ် ကို အကြောင်းမဲ့ သက်သက်သွားရောက် ရန်မစလိုပါ။
သူတို့ အနေဖြင့် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်နှင့် မြေကမ္ဘာအင်မော်တယ်စံအိမ် တို့ အကြားရှိ ဆက်ဆံရေး ကို ပိုမို နက်ရှိုင်း လာစေရန် နည်းလမ်း များကိုပင် စဉ်းစား ရပေလိမ့်မည်။
လက်ရှိ ရှိနေကြသော တာအိုသခင်ကြီး များ အကြားတွင် ရွှမ်ဟွမ် အင်မော်တယ် နန်းတော် မှ တာအိုသခင် ရွှမ်ကျိန်း လည်း ပါဝင်နေ၏။ ရွှမ်ကျိန်း၏ မျက်နှာ အမူအရာ မှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ အတန်ကြာ တုံ့ဆိုင်း နေခဲ့ပြီးနောက် တာအိုသခင်ကြီး ဟုန်ယွဲ့ ကို သတိကြီးစွာ ဖြင့် အကဲခတ် လိုက်ပြီး တာအိုသခင်ကြီး ကျိုလင် ထံသို့ တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။
“တာအိုမိတ်ဆွေ ကျိုလင်... စိတ်ကို ခိုင်ခိုင်ထားပါ... ဒီကိစ္စကို ရေရှည်အတွက် သေသေချာချာ ဆွေးနွေး တိုင်ပင်လို့ ရပါတယ်”
“အကယ်၍ အင်မော်တယ် တစ်သောင်း နန်းတော်က ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အပေါ် ပြင်ပ စွမ်းအားစုတွေနဲ့ တကယ်ပဲ ပူးပေါင်း ကြံစည် ခဲ့တယ်ဆိုရင်... တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့နဲ့ မဟာမိတ် ခေါင်းဆောင် က လက်ပိုက် ကြည့်နေမှာ မဟုတ်ဘဲ တာအိုမိတ်ဆွေ အတွက် တရားမျှတမှု ကို ဖော်ဆောင် ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
တာအိုသခင်ကြီး ရှစ်ဝမ် က ဤစကားကို ကြားလိုက်ရသော အခါ ဂရုဏာ သက်နေသော အရိပ်အယောင် အချို့ဖြင့် သူ့ကို တိတ်တဆိတ် အကြည့်ပို့လွှတ် လိုက်သည်။
တစ်ချိန်တည်း မှာပင် တာအိုသခင်ကြီး ရှစ်ဝမ်က တာအိုသခင် ရွှမ်ကျိန်း နှင့် အနည်းငယ် ကင်းကွာသွားစေရန် မသိမသာ နေရာရွှေ့လိုက်တော့၏။
အင်မော်တယ် တစ်သောင်း နန်းတော်က အံ့မခန်း စွမ်းအား များကို ရုတ်တရက် ပြသ လာခဲ့ သော်ငြားလည်း ၎င်းက နန်းတော်၏ ကိုယ်ပိုင် စွမ်းအား တော့ ဖြစ်ဟန် မတူပါချေ။
တစ်နည်း အားဖြင့် ဆိုရသော် ပြင်ပ စွမ်းအားစု များ၏ ဝင်ရောက် စွက်ဖက်မှု ကသာ အင်မော်တယ် တစ်သောင်း နန်းတော် ကို ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အား အောင်မြင်စွာ သိမ်းပိုက် နိုင်ရန် ခွင့်ပြု ပေးခဲ့ခြင်း ပင် ဖြစ်သည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် အင်မော်တယ် တစ်သောင်း နန်းတော်က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အတွင်းရှိ စွမ်းအားစု တိုင်းအား အန္တရာယ် ကျရောက် နေပြီဟု သေချာပေါက် ခံစား လာရစေခဲ့ပြီ ဖြစ်၏။
အင်မော်တယ် တစ်သောင်း နန်းတော်အပေါ် ကြီးမားလှသော သတိထားမှု နှင့် ရွံရှာ မုန်းတီးမှု များကို ရင်ဝယ် ပိုက်ထား ခဲ့ပြီး ဖြစ်သော တာအိုသခင်ကြီး ရှစ်ဝမ် ကိုယ်တိုင် အပါအဝင်ပင်။
မိမိတို့က မည်သူမျှ ပြင်ပ စွမ်းအားစု များနှင့် ပူးပေါင်းကာ မဟာမိတ် အဖွဲ့ဝင် များကို ဆန့်ကျင် တိုက်ခိုက်ခြင်း မပြုရ ဟူ၍ အတိအလင်း ကြေညာ ကာ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ကို တည်ထောင် ခဲ့ကြခြင်း ဖြစ်သည် မဟုတ်ပါလော။
သို့တိုင်အောင် အင်မော်တယ် တစ်သောင်း နန်းတော် က တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ကို ဘာမှ မဟုတ်သကဲ့သို့ သဘောထား ခဲ့ပြီး... သူတို့၏ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ကိုရော၊ သူ တာအိုသခင်ကြီး ရှစ်ဝမ် ကိုပါ အရေးမပါ သည့် အရာများ အလား ဖိနှိပ် နင်းခြေသွားခဲ့လေပြီ။
'သူတို့က ငါ့မှာ ဒေါသ မရှိဘူးလို့ ထင်နေကြတာလား'
ဤကဲ့သို့သော အခြေအနေ မျိုးတွင်... မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အတွင်း၌ မဟာမိတ် ခေါင်းဆောင် ၏ ရာထူး ပိုင်ဆိုင် ထားပြီး တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့၏ လက်ရှိ မဏ္ဍိုင် တစ်ခု ဖြစ်နေ သည့် အားလျော်စွာ၊ ၎င်းက မဟာမိတ် အဖွဲ့ အတွင်းရှိ အရပ်မျက်နှာ အသီးသီး ထံမှ ကူညီ ထောက်ပံ့မှု များကို ရရှိရန် သေချာ နေခဲ့သည်။
တရားမျှတမှု က သူတို့ဘက်တွင် ရှိနေ၏။
ထို့အပြင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ၏ ထောင့်ကျဉ်းလေး တစ်ခုဆီသို့ တွန်းပို့ခံခဲ့ရသော တာအိုသခင်ကြီး ကျိုလင် တွင် မြေကမ္ဘာအင်မော်တယ်
စံအိမ် ထံသို့ သူမ ကိုယ်သူမ
ပေးဆပ်ရန် ထက်သန်နေခဲ့လေပြီ။
ဤအခိုက်အတန့် တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ပြီးပြည့်စုံသော တိုးတက် မြင့်မား လာမှုမှာ မေးခွန်းထုတ်စရာ ပင် မလိုတော့ပါ။
ဤကဲ့သို့ အရေးကြီးလှသော အချိုးအကွေ့ တွင် အနှီ တာအိုသခင် ရွှမ်ကျိန်း က သူတို့၏ မျက်မှောက် ၌ပင် မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဗြောင်ကျကျ စိန်ခေါ် ရဲသည်... လား။
တာအိုသခင်ကြီး ရှစ်ဝမ် အနေဖြင့် စကား တစ်ခွန်းကိုသာ ပြောနိုင်သည်။
‘မင်းတို့ရဲ့ ရွှမ်ဟွမ် အင်မော်တယ် နန်းတော် က တကယ်ကို ရဲတင်း လွန်းလှတယ်... ’ ဟူ၍ပင်။
'ယနေ့က စပြီး အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ကို လာမယ့် မင်းတို့ ရွှမ်ဟွမ် အင်မော်တယ် နန်းတော် က အဖွဲ့ဝင် မှန်သမျှ... ဝင်ကြေး နှစ်ဆ ပေးရမယ်'
တာအိုသခင်ကြီး ဟုန်ယွဲ့ ကလည်း မကျေနပ်ချက် တစ်စုံတစ်ရာ ကိုမျှ မထုတ်ပြသော်ငြားလည်း တာအိုသခင် ရွှမ်ကျိန်း အား မျက်လုံး တစ်ချက် ဝေ့ကြည့် လိုက်သည်။
သို့သော် တာအိုသခင် ရွှမ်ကျိန်း ၏ မကြာသေးမီက ပြောဆို ခဲ့သော စကားများမှာ တကယ်ကို ပင် ကောင်းမွန်စွာ ပြောဆို ခဲ့ခြင်း ဖြစ်၏။
'မင်းက စကားပြော အဲဒီလောက်တောင် ကောင်းနေရင်... ဒီနေ့က စပြီး လုံးဝ စကား မပြောတာ ပိုကောင်း လိမ့်မယ်'
တာအိုသခင်ကြီး ကျိုလင် က တာအိုသခင် ရွှမ်ကျိန်း ကို လျစ်လျူရှု ထားလိုက်သည်။
သူမ၏ မျက်လုံးများမှာ အေးစက် ကြမ်းတမ်းလှသော မကောင်းဆိုးဝါး အငွေ့အသက် များဖြင့် နီရဲ နေခဲ့ပြီး... မျှော်လင့်ချက် နှင့် အသနားခံ တောင်းဆိုမှု များ ရောယှက် ပြည့်နှက် နေကာ တာအိုသခင်ကြီး ဟုန်ယွဲ့ အား အကြည့်ပို့လိုက်တော့၏။
တကယ်တမ်း တွင်တော့ သူမ၌ ရွေးချယ်စရာ များစွာ ရှိနေသေးသည်။
လောလောဆယ် တွင် သူမ၏ ဂုဏ်သိက္ခာ ကို မျိုသိပ် ထားလိုက်ပြီး ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ဂိုဏ်း ကို ပြန်လည် တည်ထောင်ရန် မြင့်မြတ်သော နယ်မြေသစ် တစ်ခုကို ရှာဖွေ ကာ အခွင့်အရေး ရလာသော အခါတွင်မှ လက်စားချေရန် ကြိုးပမ်းမည်။
"တောင်ကို စိမ်းလန်းအောင် ထားသရွေ့... ထင်းပြတ်လပ်သွားမှာကို စိုးရိမ်နေစရာ မလိုပါပေ"
သို့မဟုတ် သူမ အနေဖြင့် မှောင်ရိပ်မှ လှုပ်ရှားကာ... အင်မော်တယ် တစ်သောင်း နန်းတော်အပေါ် သူမ၏ ဒေါသ များကို ပေါက်ကွဲ ထွက်ပေါ် စေနိုင်ပြီး... တာအိုသခင်ကြီး တစ်ပါးကို ရန်စ မိခြင်း၏ အကျိုးဆက် များနှင့် ကံကြမ္မာ ကို သိမြင် နားလည်စေကာ သူတို့ကို နောင်တ ရသွား စေနိုင်၏။
ထိုသို့မှ မဟုတ်လျှင်လည်း တာအိုသခင်ကြီး ကျိုလင် အနေဖြင့် သူမ၏ ကံကြမ္မာကို လက်ခံ လိုက်ပြီး လောကကြီး မှ ပုန်းကွယ် နေထိုင် ကာ သေမျိုး လူသား များ၏ ကိစ္စရပ် များတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ရန် လည်း ရွေးချယ် နိုင်၏။
သို့သော် သူမက လိုလား ဆန္ဒ မရှိခဲ့ပါချေ။
ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ၏ သွေးမျိုးဆက် အမွေအနှစ် များက လက်ချိုး ရေတွက်၍ မရနိုင်သော နှစ်ကာလ များစွာ တည်ရှိ နေခဲ့သည် မဟုတ်ပါလော။ အကယ်၍ သူမ သာလျှင် လက်လျှော့ အရှုံးပေး လိုက်ပြီး ဤ ခါးသီးလှသော အဖြစ်အပျက်ကို မျိုချ လိုက်မည် ဆိုလျှင် သူမ၏ ဆရာ ကို မည်သို့ မျက်နှာပြ နိုင်ပါတော့မည်နည်း။ ဘိုးဘေး များကို သူမ မည်သို့ မျက်နှာပြ နိုင်ပါတော့မည်နည်း။
ထို့ကြောင့် သူမက တာအိုသခင်ကြီး ဟုန်ယွဲ့ အား ဒူးထောက် ရန် ရွေးချယ် လိုက်ခြင်းပါ။
တာအိုသခင်ကြီး ဟုန်ယွဲ့ မှာ အစဉ်အလာ အားဖြင့် သူမ၏ ဂျူနီယာ တစ်ဦး ဖြစ်နေလျှင် ယပင်... အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ဒူးထောက်ခဲ့သည်။
သူမက တာအိုသခင်ကြီး တစ်ပါး နှင့် ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ၏ အရှင်သခင် တစ်ဦး အနေဖြင့် ပါ ပိုင်ဆိုင် ထားသော သူမ၏ ဂုဏ်သိက္ခာ နှင့် အဆင့်အတန်း ကို အရှုံးပေး လိုက်ခြင်း ပါပင်။
တာအိုသခင်ကြီး ကျိုလင် ကောင်းစွာ သိရှိ နားလည် ထားသည်။
သူမ၏ ကိုယ်ပိုင် စွမ်းအား တစ်ခုတည်း ဖြင့် ဆိုလျှင်... အင်မော်တယ် တစ်သောင်း နန်းတော်အပေါ် သူမ လက်စားချေ နိုင်ခဲ့မည် ဆိုလျှင်တောင် မှ ထို လက်စားချေ မှု ပုံစံ က သူတို့ အတွက် အရေးပါ လိမ့်မည် မဟုတ်။
သူမ အလိုရှိ သည်မှာ အင်မော်တယ် တစ်သောင်း နန်းတော် ၏ အလုံးစုံ ပျက်သုဉ်းသွားမှု ပင် ဖြစ်သည်။
သူမ၏ ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း နှင့်တကွ ကျဆုံးသွားခဲ့ရသော ဝိညာဉ်ခွဲထွက်အဆင့် ဘိုးဘေး များ အားလုံး အတွက် သူတို့၏ ပျက်သုဉ်း သေဆုံးခြင်း များဖြင့် အေးချမ်းစေရမည်။
ဤအရာ ကို ရရှိ နိုင်ရန် အတွက်... တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံး တွင် မြေကမ္ဘာအင်မော်တယ်စံအိမ် တစ်ခုတည်း ကသာ ၎င်းကို လုပ်ဆောင် နိုင်စွမ်း ရှိ၏။
တာအိုသခင်ကြီး ကျိုလင် က ခေါင်းကို ငုံ့လိုက်ပြီး အလေးအနက် အသနားခံ လိုက်သည်။
“မဟာမိတ် ခေါင်းဆောင်... ကျွန်မ ကျိုလင် က ကောင်းကင် တာအို ကို တိုင်တည်ပြီး ကျိန်ဆို ပါတယ်... မဟာမိတ် ခေါင်းဆောင် ကသာ ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း အတွက် လက်စားချေ ပေးနိုင်မယ် ဆိုရင်... ကျွန်မရဲ့ ဘဝ တစ်သက်တာ လုံး မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ အစေခံသွားပါ့မယ်”
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
လူတိုင်း၏ အကြည့်များ က တာအိုသခင်ကြီး ဟုန်ယွဲ့ ရှိရာဆီသို့ လှည့်သွား ခဲ့ကြပြီး သူတို့၏ နှလုံးသား များ အတွင်း၌ တင်းမာမှု များ ပြည့်နှက်သွားတော့သည်။
အကယ်၍ တာအိုသခင်ကြီး ဟုန်ယွဲ့ ကသာ တာအိုသခင်ကြီး ကျိုလင် ၏ တောင်းဆိုမှု ကို လက်ခံ လိုက်မည် ဆိုလျှင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာကြီး က ခေတ်ကာလ ပြောင်းလဲမှု တစ်ရပ်ကို အမှန်တကယ် မျက်မြင် တွေ့ရှိ ရတော့မည်တည်း။
တာအိုသခင်ကြီး ဟုန်ယွဲ့ အပေါ် ကျရောက် နေသော ဖိအား က တကယ်တမ်း တွင်တော့ အတော်လေး ကြီးမား နေခဲ့၏။
အဘယ်ကြောင့် ဆိုသော် ထိုအချိန်က မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အဆင့်အတန်း မှာ ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး အပေါ် ကြီးမားသော အစိတ်အပိုင်း တစ်ခု အနေဖြင့် အနည်းဆုံး မှီခို နေရခြင်း ကြောင့် ဖြစ်သည်။ သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် သူ၏ ဂျူနီယာညီလေး အပေါ်တွင် မှီခို နေရခြင်း ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ တာအိုသခင်ကြီး တစ်ပါး အနေဖြင့် သူ့အပေါ် မှီခို နေရခြင်း မဟုတ်ပါ။
အကယ်၍ သူသာ တာအိုသခင်ကြီး ကျိုလင် ၏ အသနားခံ တောင်းဆိုမှု ကို အမှန်တကယ် လက်ခံ လိုက်မည် ဆိုပါက... ၎င်းက ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း နှင့် အင်မော်တယ် တစ်သောင်း နန်းတော်တို့ အကြားရှိ သေခန်းပြတ် ရန်ငြိုးကို တာဝန်ယူလိုက်ရလိမ့်မည်။