အခန်း ၈၆၉
Vol. 58 Ch. 869
အခန်း (၈၆၉) - တာအိုခန္ဓာများက အင်မော်တယ် တစ်သောင်း နန်းတော် ကို ဝိုင်းရံထားခြင်း
“ဝုန်း…”
မကြာမီ မှာပင် မြေကမ္ဘာအင်မော်တယ်စံအိမ် အင်မော်တယ် တံခါး ၏ အပြင်ဘက် တွင်... ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ များ ထက်ပင် သာလွန်သော အရှိန်အဝါ ကြီးများ ဆင်းသက်လာ၏။
ထို ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြောင့် မိုင် ရာချီ ကွာဝေးသော နေရာများရှိ ဝိညာဉ် စိုက်ခင်း များထဲတွင် အလုပ်ရှုပ် နေကြသော ချီသန့်စင်ခြင်း နှင့် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ များပင်လျှင် ကြောက်ရွံ့ တုန်လှုပ်သွားခဲ့ရသည်။
ကောင်းကင်နှင့် မြေကြီး ၏ တုန်ခါမှု နှင့် အတူ၊ ထို ချီသန့်စင်ခြင်း နှင့် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ များမှာ အင်မော်တယ် ကြီးမြတ်မှု ၏ ဖိနှိပ်မှု အောက်တွင် ခေါင်းပင် မမော့နိုင်တော့ဘဲ တဆတ်ဆတ် တုန်ယင်နေခဲ့ကြတော့၏။
သို့သော် မကြာမီ မှာပင် အင်မော်တယ် အရှိန်အဝါ က ရုပ်သိမ်းသွားခဲ့ပြီး အရိပ်အယောင် ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
အသက်ရှူ ရန်ပင် ခက်ခဲ နေခဲ့ကြသော အဆင့်နိမ့် ကျင့်ကြံသူ များမှာ ယခုအခါ မြေပြင်ပေါ်တွင် လဲကျ နေခဲ့ကြပြီး... တကိုယ်လုံး ချွေးများ ရွှဲနစ်နေကာ သူတို့၏ မျက်နှာ များမှာလည်း စက္ကူ တစ်ရွက် အလား ဖြူရော် နေခဲ့ကြ၏။
"ဒါ... ဘာကြီးလဲ၊ ကြီးမြတ်လှတဲ့ စွမ်းအားရှင် တစ်ပါး ထွက်ပေါ် လာတာလား"
အချို့သော အဆင့်နိမ့် ကျင့်ကြံသူ များက မြေကမ္ဘာအင်မော်တယ်စံအိမ် ရှိရာ အရပ်ဆီသို့ အကြည့်ပို့လွှတ် လိုက်ရင်း ထိတ်လန့် တကြား မေးလိုက်ကြ၏။
မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ အတွင်း၌ကား တာ့ယွီ တောင်ထိပ် ပေါ်တွင် စုယွီက အပြင်ဘက်ရှိ မြင်ကွင်း ကို စူးစိုက်ကြည့် နေခဲ့သော အကြည့် များကို ပြန်လည် ရုပ်သိမ်း လိုက်၏။ ထိုနေရာ တွင် ချန်ကု အင်မော်တယ် မြို့တော် မှ အဖွဲ့ ကို တာအိုသခင်ကြီး ဟုန်ယွဲ့ နှင့် အခြား သူများ က ကြိုဆို နေခဲ့ကြသည်။ ယခုအခါ သူတို့ အားလုံး က အင်မော်တယ် တံခါး မဟာ ခန်းမဆောင် ကြီး ဆီသို့ ဦးတည်သွားနေကြပြီပင်။
ချန်ကု အင်မော်တယ် မြို့တော် မှ အဖွဲ့ က လူအင်အား အများအပြား ဖြင့် ရောက်ရှိ လာခဲ့ သော်ငြားလည်း... သူတို့က မြေကမ္ဘာအင်မော်တယ်စံအိမ် သို့ ရောက်ရှိ လာချိန် တွင် သူတို့၏ စွမ်းအား များကို အသုံးပြု ကာ အနိုင်ကျင့် ဗိုလ်ကျရန် ၊ အင်အား သုံးရန် မကြိုးပမ်း့ခဲချေ။
ဆိုလို သည်မှာ သူတို့တွင် ဆွေးနွေး တိုင်ပင် စရာ ကိစ္စများ ရှိနေသည်ပင်။
ဆွေးနွေး တိုင်ပင် ၍ ရနိုင် သမျှ ကာလပတ်လုံး ပြဿနာ တစ်စုံတစ်ရာ ရှိလာမည် မဟုတ်။
သူ၏ ဘေးတွင် ဂျူနီယာ ညီမလေး လုံယီရန် က လွန်ခဲ့သော အနှစ် နှစ်ဆယ် ခန့် ကထက် များစွာ ပိုမို ရင့်ကျက် လာခဲ့ပြီ ဖြစ်သည်။ သူမ က စုယွီ ထက် အနည်းငယ် သာ ပု၏။ လုံယီရန်၏ ပန်းရောင် ဝတ်ရုံလေး က လေထဲတွင် တဖျပ်ဖျပ် လွင့်ဝဲ နေခဲ့သည်။
လုံယီရန် က သူမ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီး သူမ၏ မျက်နှာ အမူအရာ တွင် အံ့အားသင့်မှု နှင့် မရေရာ မှုများ ပြည့်နှက် နေခဲ့ကာ...
"စီနီယာ အစ်ကိုကြီး... သူတို့ က ချန်ကု အင်မော်တယ် မြို့တော်ရဲ့ မိသားစုကြီး ငါးခု က လူတွေလား... သူတို့က ညီမတို့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကို ဘာလာ လုပ်ကြတာလဲ"
စုယွီ က ခေါင်းယမ်းလိုက်၏။
"ငါလည်း မသိဘူး"
သူ၏ အကြည့်များ က လုံယီရန် အပေါ်သို့ ကျရောက်သွားခဲ့၏။ အနှစ် နှစ်ဆယ် အချိန် ကုန်လွန်သွားခဲ့ပြီး လုံယီရန် တစ်ယောက် အသက် သုံးဆယ် အရွယ်သို့ ရောက်ရှိ နေပြီ ဖြစ်သော်ငြားလည်း...သူ၏ အမြင်တွင် ကား လုံယီရန် သည် ဂျူနီယာ ညီမလေး တစ်ယောက် ဖြစ်နေဆဲ ပါပင်။
သူမ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့် က အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ၏ အထွတ်အထိပ် တွင်သာ ရှိနေသေး သည်။ သူမ၏ ကိုယ်ပိုင် တာအို အခြေခံ အုတ်မြစ် ကို စဉ်ဆက်မပြတ် သန့်စင် မွမ်းမံ ရန်အတွက် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို ကျင့်ကြံ နေခဲ့ပြီး... ပိုမို အားကောင်းသော ရွှေအမြုတေ အခြေခံ အုတ်မြစ် တစ်ခုကို ဖန်တီး နိုင်ရန် ကြိုးစား နေခဲ့၏။
လုံယီရန် က ခေါင်းကလေး အနည်းငယ် စောင်းကာ တွေးတော လိုက်ပြီးနောက် စီနီယာ အစ်ကိုကြီး ပြောတာ အဓိပ္ပာယ် ရှိသည် ဟု ယူဆ ကာ ခေါင်းညိတ် လိုက်သည်။
‘လူတိုင်း ပြောကြ သလိုပဲ ဒီ စီနီယာ အစ်ကိုကြီး မှာ အတော်လေး ညံ့ဖျင်းတဲ့ ဝိညာဉ် သွေးကြော ပါရမီ ရှိနေပြီး မြေကမ္ဘာ အဆင့် ဝိညာဉ် သွေးကြော တောင် မရှိဘူး..
သူ့ရဲ့ ကျင့်ကြံခြင်း အဆင့် ကလည်း အတော်လေး နိမ့်ကျ နေမှာပဲ..
သူက ချန်ကု အင်မော်တယ် မြို့တော် နဲ့ ပတ်သက်တဲ့ ကိစ္စရပ် တွေကို မသိတာ သဘာဝ ကျပါတယ်’
ဤ အခိုက်အတန့် တွင်... စုယွီက သူ၏ လက်ကို ဝှေ့ယမ်း လိုက်ပြီး ကျောက်စိမ်း ပုလင်း တစ်လုံး ကို လုံယီရန် ထံသို့ ကမ်းပေး လိုက်ကာ ပြောလိုက်သည်။
"ဒီ အထဲမှာ အဆင့် (၂) အဆင့်မြင့် ဝိညာဉ် အရည် အချို့ ပါတယ်... အရင်တုန်း က ဆရာ ငါ့ကို ပေးခဲ့တဲ့ ကျင့်ကြံခြင်း အရင်းအမြစ် အချို့ပေါ့"
"ဒါက ကျင့်ကြံခြင်း နဲ့ မှော်စွမ်းအား တွေ အတွက် အံ့မခန်း အကျိုးသက်ရောက်မှု တွေ ရှိပြီး တာအို အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း အတွက်လည်း အထောက်အကူ ဖြစ်စေနိုင်တယ်... ဂျူနီယာ ညီမလေး၊ မင်း စမ်းသုံးကြည့် လို့ ရပါတယ်"
"ကောင်းပြီ... မင်းအစ်ကိုကြီး တခြား နေရာ တွေကို လမ်းလျှောက် ထွက်လိုက်ဦးမယ်"
လုံယီရန် က ကျောက်စိမ်း ပုလင်း ကို ယူလိုက်ပြီး စုယွီ တစ်ယောက် ဖြည်းညင်းစွာ လမ်းလျှောက် ထွက်သွား သည်ကို ကြည့်ရင်း အော်ပြော လိုက်သည်။
"စီနီယာ အစ်ကိုကြီး... အစ်ကိုလည်း ကျင့်ကြံဖို့ မသွားဘူးလား... အစ်ကို ရွှေအမြုတေ အဆင့် ကို ရောက်နေပြီလား... ဘယ်လိုလဲ၊ ညီမတို့ အတူတူ ကျင့်ကြံ ကြမလား"
စုယွီ က သူ၏ လက်ကို ဝှေ့ယမ်း ပြလိုက်ပြီး နောက်သို့ ပင် လှည့်မကြည့် တော့ဘဲ ထွက်ခွာသွားခဲ့သည်။
လုံယီရန် က သူမ နှင့် အနည်းငယ် စိမ်းသက် ပြီး လျှို့ဝှက် ဆန်းကြယ်သော စီနီယာ အစ်ကိုကြီး ကို အတန်ကြာ စိုက်ကြည့် နေခဲ့သည်။... စုယွီ တစ်ယောက် တောင်တက် လမ်းလေး တစ်ခု ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ သောအခါ မှသာ သူမ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်း လိုက်လေတော့သည်။
အစပထမ တွင်တော့ သူမ က စုယွီ ပေးခဲ့သော ဝိညာဉ် အရည် ကို သိပ်ပြီး အလေးအနက် မထားခဲ့ပါချေ။
သို့သော် ထိုနေ့ ညနေခင်း တွင် လုံယီရန် တစ်ယောက် အဆင့် (၂) အဆင့်မြင့် ဝိညာဉ် အရည် အကြောင်း ကို ရုတ်တရက် သတိရသွားခဲ့၏။
သူမ က ၎င်းကို ထုတ်ယူ လိုက်ပြီး ကျင့်ကြံ နေစဉ် အတွင်း တစ်စက် ကို သောက်သုံး လိုက်သည်။
ဝိညာဉ် အရည် ထဲတွင် ပါဝင်သော အထူး စွမ်းအား က သူမ၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်သွားသော အခါ လုံယီရန် ၏ မျက်နှာ အမူအရာ က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
"ဒါက သာမန် အဆင့် (၂) ဝိညာဉ် အရည် မဟုတ်ဘူးပဲ"
ဝိညာဉ် အရည် အစက် အနည်းငယ် ကို စုပ်ယူ အသုံးပြု ပြီးနောက် သူမ၏ အတွင်းရှိ မှော်စွမ်းအား အခြေခံ အုတ်မြစ် က အနည်းငယ် အသွင် ကူးပြောင်းသွားသကဲ့သို့ ပင် ဖြစ်သွားခဲ့သည်။
ကျောက်စိမ်း ပုလင်း ကို နောက်တစ်ကြိမ် ပြန်လည် ကြည့်ရှု လိုက်သော အခါ ၎င်း၏ အတွင်း၌ အဆင့် (၂) အဆင့်မြင့် ဝိညာဉ် အရည် တစ်ထောင် နီးပါးခန့် ကျန်ရှိ နေသေး သည်ကို သူမ မြင်တွေ့ လိုက်ရသည်။
လုံယီရန် အလွန်အမင်း အံ့အားသင့်သွားခဲ့ရ၏။
"ဒီ ဝိညာဉ် အရည် က တကယ်ကို ထူးခြားတာပဲ... ငါ့ရဲ့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှာတောင် ဒီလို အရာမျိုး မရှိဘူး... မြေကမ္ဘာအင်မော်တယ်စံအိမ် မှာ ဒါမျိုး ဘယ်လို လုပ်ပြီး ရှိနေရတာလဲ"
"ဒီ ဝိညာဉ် အရည် ရဲ့ အကူအညီ နဲ့ ဆိုရင် ငါ အဆင့် (၅) ရွှေအမြုတေ အဆင့် ကို တိုက်ရိုက် ရောက်ရှိသွားနိုင်တယ်"
"နောက်ထပ် နှစ်အနည်းငယ် လောက် ထပ်ပြီး သန့်စင် လိုက်ရင် အဆင့် (၈) ရွှေအမြုတေ အဆင့် ကိုတောင် ရောက်နိုင်ခြေ ရှိတယ်"
"ဒီ ဝိညာဉ် အရည် က တကယ်တမ်း ဘာကြီးလဲ.... အို နေပါဦး... သူ.. ဒါကို အရင်တုန်းက ဆရာ ပေးခဲ့တဲ့ အရင်းအမြစ် တစ်ခု လို့ ပြောခဲ့တာပဲ... ဆရာ က ဘာလို့ ငါ့ကို မပေးခဲ့တာလဲ"
ဝိညာဉ် အရည် ကို ရှာဖွေ တွေ့ရှိ ခြင်း က လုံယီရန် အား စုယွီ နှင့် ပတ်သက်ပြီး များစွာ ပိုမို သိချင် လာစေခဲ့တော့၏။
နောက်တစ်နေ့ တွင် လုံယီရန်.. စီနီယာ အစ်ကိုကြီး ကို ရှာဖွေ လိုခဲ့ သော်ငြားလည်း မည်သည့် နေရာတွင်မှ ရှာမတွေ့ ခဲ့ပါချေ။
ဘာမှ မတတ်နိုင် သည့် အဆုံး တွင် လုံယီရန် အနေဖြင့် သူမ၏ အမည်ခံ ဆရာ ဖြစ်သူ တာအိုဆရာ ထျန်းယွိီ ထံသို့ သာသွားရောက် နိုင်တော့သည်။
သူမ က သူ့ကို အမည်ခံ ဟု ခေါ်ဆို ရသည့် အကြောင်းရင်း မှာ တာအိုဆရာ ထျန်းယွိီ က တာ့ယွီ တောင်ထိပ် ၏ ခေါင်းဆောင် ဖြစ်နေ သော်ငြားလည်း သူမ က တာ့ယွီ တောင်ထိပ် ၏ အခြေခံ တပည့် တစ်ဦး သာလျှင် ဖြစ်ပြီး တာအိုဆရာ ထျန်းယွိီ ကိုယ်တိုင် ကိုယ်ကျ လက်ခံ ထားသော တပည့် တစ်ဦး မဟုတ်သောကြောင့် ပင်။
သစ်သား ခြံစည်းရိုး လေး ကာရံ ထားသော ခြံဝင်းငယ်လေး ၏ အတွင်း၌ တာအိုဆရာ ထျန်းယွိီ က သူ၏ စစ်တုရင် ခုံအား အာရုံစူးစိုက်နေဆဲပင်။
လုံယီရန် ၏ မေးမြန်းမှု ကို ကြားလိုက်ရ သောအခါ တာအိုဆရာ ထျန်းယွိီ တစ်ခဏမျှ အံ့အားသင့်သွားခဲ့သည်။
"ဝိညာဉ် အရည်... ဪ... အချို့ ရှိခဲ့တယ် ထင်ပါရဲ့... ဒါပေမဲ့ အဲဒါက ဘယ်လို ဝိညာဉ် အရည် မျိုးလဲ ဆိုတာတော့ ငါ သေချာ မသိဘူး... မထင်မှတ်ဘဲ ရှာတွေ့ ခဲ့တာလေ"
"အဲဒါတွေကို အရင်က မင်းရဲ့ စီနီယာ အစ်ကိုကြီး ကို ငါ အကုန် ပေးခဲ့ပြီးပြီ... မင်းကို ပေးဖို့ သူ့ဆီမှာ နည်းနည်း ကျန်နေသေး လိမ့်မယ် လို့ ငါ မထင်ထား ခဲ့ဘူး"
လုံယီရန် က သိချင်စိတ် ဖြင့် မေးလိုက်သည်။
"စီနီယာ အစ်ကိုကြီး က မူလဝိညာဉ်အဆင့် ကို ရောက်နေပြီလားဟင်... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့် ကို တပည့် မခံစားမိပါဘူး"
ဤ မေးခွန်း က တာအိုဆရာ ထျန်းယွိီ ကို တကယ်ကို ပင် အကြပ်ရိုက် စေခဲ့သည်။
သူ က စုယွီ၏ ဆရာ ဖြစ်နေ သော်ငြားလည်း စုယွီ တစ်ယောက် မူလဝိညာဉ်အဆင့် ကို ရောက်ရှိသွားသည်ကို သူ ကိုယ်တိုင် ကိုယ်ကျ တစ်ခါမျှ မမြင်တွေ့ ခဲ့ဖူးပါချေ။
သေချာသည် မှာကား တပည့် တစ်ဦး အနေဖြင့် စုယွီ၏ စစ်မှန်သော စွမ်းရည် များ အရ အကဲဖြတ် ရမည် ဆိုလျှင် သူ က မူလဝိညာဉ်အဆင့် သို့ ရောက်ရှိ နေသည်မှာ အချိန် အတော်ကြာ ခဲ့ပြီ ပင် ဖြစ်သည်။
သို့သော် သူ၏ အမှန်တကယ် ကျင့်ကြံခြင်း အဆင့် က မည်သည်နည်း ဆိုသည် ကိုတော့ တာအိုဆရာ ထျန်းယွိီ ကိုယ်တိုင် ပင် ရှင်းရှင်းလင်းလင်း မသိရှိ ခဲ့ပါချေ။
တာအိုဆရာ ထျန်းယွိီ က ညင်သာစွာ သက်ပြင်း ချလိုက်၏။
"ငါလည်း မသိဘူး... မင်းရဲ့ စီနီယာ အစ်ကိုကြီး ကို မင်းဘာသာ သွားမေးတာ ပိုကောင်း လိမ့်မယ်... အဲဒီ ကောင်လေးကို... ငါ မထိန်းချုပ် နိုင်သလို ထိန်းချုပ်ဖို့ လည်း ဆန္ဒ မရှိဘူး"
ဤစကားများ က မျှော်လင့်ချက် များ ပြည့်ဝ မလာခဲ့ သည့် အတွက် စိတ်ပျက် နေရသည့် အလား အနည်းငယ် စိတ်ပျက် အားလျော့ နေပုံ ရသည်။
ထိုအခါ လုံယီရန် က သူမ၏ စီနီယာ အစ်ကိုကြီး ၏ ကျင့်ကြံခြင်း မှာ တကယ်ကို သိပ်ပြီး ကြီးမား ကောင်းမွန် နေခြင်း မရှိဟု ခံစား လိုက်ရ၏။
ထိုသို့ သာ မဟုတ်လျှင် ဆရာ က ဘာကြောင့် ဤမျှလောက် အထိ စိတ်ပျက် အားလျော့ နေသည့် ပုံစံ ပေါက်နေ ရမည်နည်း။
လုံယီရန် က နှစ်သိမ့် လိုက်သည်။
"ဆရာ... စိတ်မပူပါနဲ့... ကျွန်မ ဒီမှာ ရှိနေသရွေ့တော့ နောက်ပိုင်း တာ့ယွီ တောင်ထိပ် နဲ့ စီနီယာ အစ်ကိုကြီး ကို ဘယ်သူကမှ အနိုင်ကျင့် ရဲမှာ မဟုတ်ပါဘူး"
"..."
တာအိုဆရာ ထျန်းယွိီ က လုံယီရန် ကို ကြောင်အမ်းအမ်း ဖြင့် စိုက်ကြည့် နေခဲ့သည်။
ဘယ်သူကများ တာ့ယွီ တောင်ထိပ် နဲ့ မင်းရဲ့ စီနီယာ အစ်ကိုကြီး ကို အနိုင်ကျင့် ရဲမှာတဲ့လဲ။
"မင်းမှာ စိတ်သဘောကောင်းလေး ရှိတာပဲ"
တာအိုဆရာ ထျန်းယွိီ က လုံယီရန် တစ်ယောက် ရိုသေ ကိုင်းရှိုင်း လွန်းလှ သည်ဟု ယူဆ လိုက်သည်။
အခြား တစ်နေရာ ၊ နန်းတော် ၏ အောက်ရှိ လျှို့ဝှက် နယ်မြေ အတွင်း၌။
စုယွီက တစ်ရက်စာ ကျင့်ကြံခြင်း ကို ပြီးစီးအောင် ပြုလုပ် လိုက်ပြီး... ဖြည်းညင်းစွာ သက်ပြင်း မှုတ်ထုတ် လိုက်၏။ ၎င်းသက်ပြင်းက သူ၏ အရှေ့ရှိ ဟင်းလင်းပြင်အား တွန့်လိမ်သွားစေခဲ့လေတော့သည်။