← Chapters

အခန်း ၈၇၀

Vol. 58 Ch. 870

အခန်း ၈၇၀

Vol. 58 Ch. 870

အခန်း (၈၇၀) - တာအိုခန္ဓာများက အင်မော်တယ် တစ်သောင်း နန်းတော် ကို ဝိုင်းရံထားခြင်း (အပိုင်း ၂)

သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ ဓာတ်ကြီးငါးပါး အင်မော်တယ် စွမ်းအား ၏ အရှိန်အဝါ မှာ... သာမန် ဝိညာဉ်ခွဲထွက်အဆင့် နှောင်းပိုင်း အရှင်သခင် တစ်ပါး ထက်ပင် ပိုမို အားကောင်း နေခဲ့သည်။

စုယွီ မျက်လုံးအစုံ ဖွင့်လိုက်ပြီး သူ၏ စိတ်အာရုံ က စနစ်၏ ကျွမ်းကျင်မှု မျက်နှာပြင် ဆီသို့ ရောက်ရှိသွားခဲ့၏။

[ကျင့်ကြံခြင်း - မူလဝိညာဉ်အဆင့် အလွှာ (၈)]

[သက်တမ်း - ၄၂၈ / ၄၇၆၈ နှစ်]

[ကျင့်ကြံခြင်း နည်းစနစ် - ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ်အဆင့် အလွှာ ၈ ၊ ကျွမ်းကျင်မှု အဆင့် ၉၂.၇၇%)၊ ကောင်းကင် အင်မော်တယ် ခန္ဓာ သန့်စင် ကျင့်စဉ် (အဆင့် ၅ ၊ ကျွမ်းကျင်မှု အဆင့် ၉.၈၉%)၊ သွေးဝေလငါး လမင်းမြို ပညာရပ် (အဆင့် ၅ ၊ ကျွမ်းကျင်မှု အဆင့် ၁၀%)၊ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ (ပြီးပြည့်စုံခြင်း)... ရွှေပုစဉ်းရင်ကွဲကျင့်စဉ် (အဆင့် ၅ ၊ ကျွမ်းကျင်မှု အဆင့် ၄.၃၄%)၊ ကန်းကျင်း ကောင်းကင် ဓားကျင့်စဉ် (အဆင့် ၅ ၊ ကျွမ်းကျင်မှု အဆင့် ၈.၂၁%)]

[မှော်ပညာရပ် - သစ်သား နွယ်ပင် ပညာရပ် (ပြီးပြည့်စုံခြင်း)... ယင်ယန် လွတ်မြောက်ခြင်း နည်းစနစ် (ပြီးပြည့်စုံခြင်း)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် (ပြီးပြည့်စုံခြင်း)၊ ပုစဉ်းပိုးတုံးလုံး အချိန်တာအို နိယာမ (ပြီးပြည့်စုံခြင်း)၊ ဟင်းလင်းပြင် ခွဲထွက်ခြင်းနည်းစနစ် (မဟာ အောင်မြင်ခြင်း ၊ ကျွမ်းကျင်မှု အဆင့် ၄.၆၂%)၊ နတ်ဘုရား အသွင်ပြောင်းလဲခြင်း ကျင့်စဉ် (အဆင့် ၅ ၊ ကျွမ်းကျင်မှု အဆင့် ၂.၁၆%)၊ မီးဖီးနစ် ၏ ဘဝ ကိုးခု (ဝါ) မီးဖီးနစ် ကောင်းကင် ကျင့်စဉ် (ကျွမ်းကျင်မှု အဆင့် ၄၅.၅၁%)]

"ကျွမ်းကျင်မှု အဆင့်က (၉၂.၇၇%)... ငါ မူလဝိညာဉ်အဆင့် ရဲ့ နဝမ အလွှာ ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ"

စုယွီ က တိုးညင်းစွာ ရေရွတ် လိုက်သည်။

သူ၏ လေသံ တွင် မျှော်လင့် တောင့်တ နေသော အရိပ်အယောင် များ ပါဝင် နေခဲ့၏။

မူလဝိညာဉ်အဆင့် ၏ နဝမ အလွှာ သို့ ဖောက်ထွင်း ဝင်ရောက် နိုင်ခဲ့ပြီ ဆိုလျှင် သူ က ဝိညာဉ်ခွဲထွက်အဆင့် နှင့် ခြေတစ်လှမ်း သာ ဝေးကွာ တော့မည် ဖြစ်သည်။

ပြီးတော့ ဝိညာဉ်ခွဲထွက်အဆင့် ဆိုသည်မှာ မူလဝိညာဉ်အဆင့် နှင့် အတော်လေး ကွဲပြား ခြားနား၏။

ဝိညာဉ်ခွဲထွက်အဆင့် က အဓိက အားဖြင့် မူလ နတ်ဘုရား ဝိညာဉ် ကို ကျင့်ကြံ ရလေ၏။

ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် တစ်ခုကို ဖန်တီးနိုင်ပြီး ထို နတ်ဘုရား ခန္ဓာကိုယ် က မူလ ခန္ဓာကိုယ် ကြီး နှင့် အတူတကွ မဟာ တာအို ၏ စွမ်းအားကို ကျင့်ကြံ ရမည်။

၎င်း၏ အထွတ်အထိပ် သို့ ရောက်ရှိသွားသော အခါ တွင် နတ်ဘုရား ခန္ဓာကိုယ် နှင့် မူလ ခန္ဓာကိုယ် တို့ က တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားမည် ဖြစ်၏။

ထိုသို့ ပေါင်းစည်း ခြင်း က အဆင့် တစ်ခု နှင့် တစ်ခု ကြားရှိ စွမ်းအား အသွင် ကူးပြောင်းမှု ခုန်ပျံ ကျော်လွှား ခြင်း ကို များစွာ အထောက်အကူ ပြုသည်။

မူလဝိညာဉ်အဆင့် တွင်... လူတစ်ယောက် အနေဖြင့် မဟာ တာအို ၏ အစွန်အဖျား ရှိ စွမ်းအားကို သာလျှင် ထိတွေ့ နိုင်သေး၏။

ဝိညာဉ်ခွဲထွက်အဆင့် ကတော့ မဟာ တာအို အပေါ်သို့ တာအို မျိုးစေ့ တစ်ခု အဖြစ် ထုထွင်းနိုင်ရန် မူလ နတ်ဘုရား ဝိညာဉ် ၏ အားကောင်းလှသော ဝိညာဉ် စွမ်းအား အပေါ် တွင် မှီခိုရလေသည်။

တာအို မျိုးစေ့ က ကြီးထွား လာပြီး ပုံသဏ္ဍာန် ဖြစ်တည် လာသော အခါ တွင် ၎င်း က တာအို စင်မြင့် တစ်ခု အဖြစ်သို့ စုစည်းသွားမည် ဖြစ်၏။

တာအို စင်မြင့် ဆိုသည်မှာ ပကတိဟင်းလင်းပြင် အဆင့် တာအိုသခင်ကြီး တစ်ပါး ၏ တာအို အခြေခံ အုတ်မြစ် ပင်။

ဤ နက်နဲလှသော ကျင့်ကြံခြင်း လျှို့ဝှက်ချက် များ အားလုံး ကို သိုင်းကျမ်းတစ်သောင်း မျှော်စင် မှ နှင့်၊ ယခင် က ပေးအပ် ခဲ့သော ပထမ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် ၏ ကျင့်ကြံခြင်း မှတ်စု များ၏ အမွေအနှစ် မှတ်တမ်း မှ ရရှိ ခဲ့ခြင်းပါ။

လက်ရှိ စုယွီ အတွက် ကတော့ ပကတိဟင်းလင်းပြင် အဆင့် မှာ သိပ်ပြီး အလှမ်း ဝေးနေသေး သည်။

သို့သော်ငြား၊ ဝိညာဉ်ခွဲထွက်အဆင့် ၏ တာအို မျိုးစေ့ နှင့် ပတ်သက်၍ ကတော့ သူ သတိထား ရပေလိမ့်မည်။

ထို့အပြင် သူ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် ကို ဖန်တီး သန့်စင် ရန် အတွက် ဝိညာဉ် ပစ္စည်း တစ်ခု ကိုလည်း သူ ကြိုတင် ပြင်ဆင် ထားရဦးမည်။

'ငါ့ရဲ့ နတ်ဘုရား ခန္ဓာကိုယ် ကို ဖန်တီး သန့်စင် ဖို့ အတွက် ဘယ်လို ဝိညာဉ် ပစ္စည်း မျိုးကို ပြင်ဆင် သင့်သလဲ'

စုယွီ က သူ့ဘာသာသူ စဉ်းစား တွေးတော နေခဲ့သည်။

သူ့ လက်လှမ်းမီ သည့် နေရာတွင် မည်သည့် အရင်းအမြစ် များ ရှိနေသနည်း ဆိုသည်ကို သူ စစ်ဆေး ကြည့်လိုက်၏။

ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် တစ်ခု ဖန်တီး သန့်စင် ရန် သင့်လျော်သော မည်သည့် ဝိညာဉ် ပစ္စည်း မျိုး ကိုမှ သူ ပိုင်ဆိုင် ထားပုံ မရပါချေ။

ယေဘုယျ အားဖြင့် ပြောရမည် ဆိုလျှင် သာမန် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် များ၏ နတ်ဘုရား ခန္ဓာကိုယ် များကို သစ်သား ဓာတ် ဝိညာဉ် ပစ္စည်း များကို အသုံးပြု ကာ ထွင်းထု စုစည်းရ၏။ ၎င်းတို့ က အနည်းဆုံး အဆင့် (၅) သို့မဟုတ် ထို့ထက် ပို၍ မြင့်မား ရမည်။

ဝိညာဉ် သစ်သား များကတော့ အကောင်းဆုံး ရွေးချယ်မှု ပင် ဖြစ်၏။

ရုတ်တရက်...ရဲတင်းလှသော အတွေး တစ်ခု စုယွီ၏ စိတ်အာရုံ ထဲတွင်ပွင့်လင်းလာခဲ့ပြီး သူ၏ နှလုံးသားအား တဒိန်းဒိန်း ခုန်ပေါက်သွားစေခဲ့တော့၏။

‘ငါ... လုပ်သင့် သလား။

သူ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် ကို ဖန်တီး သန့်စင် ရန် အတွက် ယွဲ့အင်မော်တယ် စံအိမ် ၏ ထို ဝိညာဉ် သစ်ပင် စွမ်းအားရှင်ကြီး ချန်ရစ် ခဲ့သော အပင် ကိုယ်ထည်အား အသုံးပြု သင့်သလား’

'ဒါက ဖြစ်နိုင်ပါ့မလား'

ထို အတွေး ထွက်ပေါ် လာသည် နှင့် တစ်ပြိုင်နက်၊ စုယွီ တစ်ယောက် ၎င်းကို ဆက်လက် မျိုသိပ် ထားနိုင်စွမ်း မရှိတော့ပါချေ။

အကယ်၍ မိမိသာ ဝူထုံကြီး ၏ ခန္ဓာကိုယ် အခွံ ကို သူ၏ ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် အတွက် ဝိညာဉ် ပစ္စည်း အဖြစ် အမှန်တကယ် အသုံးပြု နိုင်ခဲ့မည် ဆိုလျှင်... မိမိ၏ နတ်ဘုရား ခန္ဓာကိုယ် က ဘယ်လောက်တောင် အားကောင်း လာလိမ့်မည်နည်း။

သို့သော်ငြား စိတ်လှုပ်ရှားမှု များ ငြိမ်သက်သွားပြီးနောက် စုယွီ က တဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။

ဤအရာ က သူ၏ ကိုယ်ပိုင် အကြံအစည် သက်သက် သာလျှင် ဖြစ်နေသေး၏။

ဝူထုံကြီး ၏ ခန္ဓာကိုယ် မှာ ယွဲ့အင်မော်တယ် စံအိမ် ၏ အင်မော်တယ် မြို့တော် အတွက် အလွန်အမင်း အရေးပါ သည်။ သူ၏ ကိုယ်ပိုင် ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် ကို ဖွဲ့စည်း ရန် အရင်းအမြစ် အဖြစ် ဝူထုံကြီး ၏ ခန္ဓာကိုယ် အခွံ ကို ယူဆောင် ခွင့်ပြုရန် ပထမ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့က သဘောတူ ချင်မှ တူပေလိမ့်မည်။

ဒုတိယ အချက် အနေဖြင့် ဝူထုံကြီး ၏ ခန္ဓာကိုယ် အခွံ ကို သူ့ ဘာသာသူ ကိုင်တွယ် နိုင်စွမ်း ရှိချင်မှ ရှိမည်။

ဒါက ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆိုသည် ကို သိမြင် နိုင်ရန် ရွှေရောင် ချပ်ဝတ် ခေါင်းဆောင် နှစ်ဦး ၏ သဘောထား များကို သူ အရင်ဆုံး အကဲခတ် ရပေလိမ့်မည်။

အကယ်၍ အဆင်မပြေခဲ့လျှင်အရန် အစီအစဉ် တစ်ခု အနေဖြင့် သူ က ဝူထုံကြီး ၏ သစ်ကိုင်း တစ်ကိုင်း ကို ယူဆောင် နိုင်၏။ ဒါက နတ်ဘုရား ခန္ဓာကိုယ် တစ်ခု အတွက် သာမန် ဝိညာဉ် ပစ္စည်း တစ်ခု ထက်တော့ ပိုပြီး ကောင်းမွန် သင့်သည် မဟုတ်ပါလော။

ဤအချက် ကို တွေးတော ပြီးနောက် စုယွီ တစ်ယောက် အလွန်အမင်း အားတက်သွား၏။ သူ၏ အရှိန်အဝါ များကို ဖုံးကွယ် လိုက်ပြီး တံခါးပိတ် ကျင့်ကြံ နေသော နေရာမှ ထွက်ခွာ ကာ အပြင်ဘက် သို့ ထွက်လာလိုက်သည်။

သိပ်မကြာမီ မှာပင် ဟွမ်ကျူး က စုယွီ ထံသို့ ရောက်ရှိ လာခဲ့ပြီး ချန်ကု အင်မော်တယ် မြို့တော် ၏ လာရောက် ရခြင်း ရည်ရွယ်ချက် ကို ပြောပြလာသည်။

"အင်မော်တယ် တစ်သောင်း နန်းတော် ကို ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ရဲ့ ဂိုဏ်း စွမ်းအား ကို သိမ်းပိုက် ဖို့ ဘယ်သူက ကူညီ ပေးချင် နေတာလဲ ဆိုတာကို ငါ သိရပြီ"

စုယွီ က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။

"ဘယ်သူလဲ"

ဟွမ်ကျူး ၏ မျက်နှာထား က လေးနက် တည်ကြည်သွားခဲ့ပြီး ခပ်တိုးတိုး ပြောလာသည်။

"မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် လို့ ခေါ်တဲ့ အင်အားစု တစ်ခုပဲ... သူတို့က အင်မော်တယ် တစ်သောင်း နန်းတော် ထက် မအားနည်း တဲ့ အပြင် ပိုပြီး အားကောင်း နိုင်သေးတယ် လို့ ပြောကြတယ်"

စုယွီ၏ မျက်နှာ အမူအရာ မှာ အနည်းငယ် တွန့်သွားခဲ့၏။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် လား။

အဲဒီ အင်အားစု ပဲလား။

ထို အတွေး က ယခင်က ကောင်းကင်သိုင်းကျမ်း မျှော်စင်တွင် အရှင်သခင်ကြီး အန်းယွဲ့ ပြောပြ ခဲ့ဖူးသည့် အရာ တစ်ခု နှင့် ချက်ချင်းပင် ဆက်စပ်သွားစေခဲ့သည်။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်။ ရှေးဟောင်း ဟေးလုံ မင်းဆက် ၏ အကြီးဆုံး မင်းသမီး ၏ မျိုးရိုး မှ ဆင်းသက် လာခဲ့သည် ဟု ဆိုကြသော အင်အားစု တစ်ခု ပင်။

ဆိုလို သည်မှာ သူတို့ က ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း သို့မဟုတ် အခြား သူများ အတွက် လာရောက် ခဲ့ကြခြင်း မဟုတ်ဘဲ မြေကမ္ဘာအင်မော်တယ်စံအိမ် အတွက် လာရောက်ခဲ့ကြခြင်း ပင် ဖြစ်သည်။

‘ကောင်းကင်သိုင်းကျမ်း မျှော်စင် အပြင် ကောင်းကင်ပင့် ရွှေချို ဆုတောင်း ဆင်ကြီး ကို မှတ်မိတဲ့ တခြား သူတွေ တကယ်ပဲ ရှိနေ သေးတာလား’

စုယွီ၏ မျက်ခုံး များ က အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး အလိုအလျောက် ဆိုသလိုပင် အခြား အင်အားစု တစ်ခု၏ နာမည် က သူ၏ စိတ်အာရုံ ထဲတွင် ပေါ်ထွက် လာခဲ့တော့၏။

'အင်မော်တယ် နန်းတော်။

စိမ်းပြာငရဲ အင်မော်တယ် နန်းတော် က မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် နဲ့ အဆက်အသွယ် လုပ်ခဲ့တာများ ဖြစ်နေ မလား’

စုယွီ မတုံ့ပြန်သည်ကို မြင်သော အခါ ဟွမ်ကျူး က ဆက်ပြော လိုက်သည်။

"ချန်ကု အင်မော်တယ် မြို့တော် က လူတွေ ပြောပုံ အရ ဆိုရင်... အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ နောက်ကွယ် က အင်အားစု ဟာ ဒီ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ပဲ တဲ့"

"ပြီးတော့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ဟာ ငါတို့ရဲ့ မြေကမ္ဘာအင်မော်တယ်စံအိမ် ကိုလည်း ပစ်မှတ် ထားနေဖို့ များတယ်..."

ဟွမ်ကျူး က စုယွီ ကို အကြည့်ပို့လွှတ် လိုက်ပြီး သူမ၏ အသံ က အနည်းငယ် ပို၍ တိုးသက်သွားခဲ့သည်။

"အဲဒါက မင်းရဲ့ လက်ထဲ က နတ်ဘုရား ရုပ်တု ကြီးပဲ... ရှေးဟောင်း အင်မော်တယ် ဂိုဏ်း တွေ ထဲက ယွဲ့အင်မော်တယ် စံအိမ် လို့ ခေါ်တဲ့ အင်အားစု တစ်ခု ဆီက ဖြစ်ဖို့ အများကြီး သေချာတယ် လို့ ချန်ကု အင်မော်တယ် မြို့တော် ဆီက ကြားရတယ်"

"မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က အဲဒီ အင်အားစု ရဲ့ အမွေအနှစ် အတွက် ရောက်လာ ခဲ့တာပဲ"

သတိ ပြန်ဝင် လာပြီးနောက် စုယွီ က မျက်မှောင်ကြုတ် လိုက်ပြီး မေးလိုက်သည်။

"ဒါဆိုရင် ချန်ကု အင်မော်တယ် မြို့တော် က ဘာအတွက် ရောက်လာ တာလဲ"

ဤ တစ်ကြိမ် တွင် ဟွမ်ကျူး က မျက်မှောင်ကြုတ်လိုက်၏။

"ချန်ကု အင်မော်တယ် မြို့တော်က လူတွေက ဗြောင်ကျကျတော့ မပြော ခဲ့ကြဘူး... သူတို့က အမွေအနှစ် အတွက် ဒီကို ရောက်လာတာ မဟုတ်ဘဲ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကို တားဆီး ချင်လို့လို့ သာ ပြောခဲ့တယ်"

"ဒါကြောင့် သူတို့က မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကို ငါတို့ ကိုယ်စား ပိတ်ဆို့ ပေးနိုင်ပြီး နှစ်စဉ် ပေးဆပ် ရမယ့် သေးငယ်တဲ့ တန်ဖိုး လေး တစ်ခုပဲ လိုအပ်တယ် တဲ့"

စုယွီ က ဆက်လက် မေးမြန်း လိုက်သည်။

"ဘယ်လို တန်ဖိုး မျိုးလဲခင်ဗျ"

"အဆင့် (၅) အရင်းအမြစ် တွေ ဖြစ်မယ် ထင်ရဲ့... သိပ်ပြီး လွန်ကျူး တာမျိုးတော့ မဟုတ်ဘူး"

"ချန်ကု အင်မော်တယ် မြို့တော် ဟာ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ နဲ့ ဆက်ဆံရေး တည်ဆောက် ဖို့ ဆန္ဒရှိ နေနိုင်တယ်... ဒါကြောင့်မို့လို့ သူတို့ က တာ့ချန် မှာ ပေါ်လာ ခဲ့တာပဲ လို့ တာအိုသခင်ကြီး ဟုန်ယွဲ့ က ပြောတယ်"

စုယွီ အ‌တွေးနက်သွား၏။

‘အဆင့် (၅) အရင်းအမြစ် တွေ...။

ဒါတောင် မှ နှစ်စဉ် ဆက်သ ရမယ့် အခွန်အကောက် လိုမျိုး’

ချန်ကု အင်မော်တယ် မြို့တော် ၏ ယခု တစ်ကြိမ် တာ့ချန် သို့ လာရောက် သည့် ခရီးစဉ် က တကယ်ကို အကျိုးအမြတ် များလှသော စွန့်စားမှု တစ်ခု ပင် ဖြစ်၏။

သူတို့ က တည်ငြိမ်သော အရင်းအမြစ် တစ်ခုကို သေချာ စေနိုင်မည့် အပြင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ မျက်နှာသာ ပေးမှုကိုလည်း ရရှိ နိုင်၏။

သေချာသည် မှာကား ချန်ကု အင်မော်တယ် မြို့တော် က ကမ်းလှမ်း လာသော စည်းကမ်းချက် များကို စဉ်းစား ကြည့်ပြီးနောက် ၎င်းကို ငြင်းဆန် ရန် အကြောင်းပြချက် မရှိကြောင်း စုယွီ သိမြင် လိုက်သည်။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကို ကြားဖြတ် တားဆီး ရန် အတွက် ချန်ကု အင်မော်တယ် မြို့တော်အား အသုံးချ ခြင်း က အကောင်းဆုံး ပင် ဖြစ်ပေလိမ့်မည်။

အဆင့် (၅) အရင်းအမြစ် အနည်းငယ် မျှ ဆိုသည်က အရေးကြီးသည့် ကိစ္စ တစ်ခု မဟုတ်ပါချေ။

ချန်ကု အင်မော်တယ် မြို့တော်က အဆိုးရွားဆုံး အခြေအနေ ကို တာဝန်ယူ ဖြေရှင်း ပေးလိုက်သည် နှင့် အတူ သူတို့၏ မြေကမ္ဘာအင်မော်တယ်စံအိမ် ၊ ပို၍ တိတိကျကျ ဆိုရလျှင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ အနေဖြင့် အင်မော်တယ် တစ်သောင်း နန်းတော် ကို လွတ်လပ်စွာ ကိုင်တွယ် ဖြေရှင်းနိုင်လေပြီ။

ချန်ကု အင်မော်တယ် မြို့တော် ၏ ဝင်ရောက် စွက်ဖက်မှု ဖြင့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ကြောင့် ဖြစ်ပေါ် လာသော အန္တရာယ် နှင့် ခြိမ်းခြောက်မှု များ မှာ ချက်ချင်း ပင် ပြေလည်သွား၏။

ကျန်ရှိ နေသော ကိစ္စရပ် များမှာ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ အတွင်းရှိ အတွင်းရေး ကိစ္စများ သာလျှင် ဖြစ်တော့၏။

သုံးရက် အကြာ..နန်းတော် သခင်မ ဖန်ရှောင် က စုယွီ နှင့် တွေ့ဆုံ ရန် အတွက် မြေကမ္ဘာ နန်းတော် လျှို့ဝှက် နယ်မြေ သို့ ရောက်ရှိ လာခဲ့သည်။

"ဦးလေးငယ်... နောက်ထပ် တစ်လ အကြာမှာ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ဟာ အင်မော်တယ် တစ်သောင်း နန်းတော် ကို အရေးယူ တိုက်ခိုက် ဖို့ အတွက်... အင်မော်တယ် ဂိုဏ်းကြီး ကိုးခု ရဲ့ စွမ်းအား တွေ အပြင် တခြားသော အင်အားစု တွေက ရွှေအမြုတေ အဆင့်၊ မူလဝိညာဉ်အဆင့် နဲ့ ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူ တွေကို စုစည်း ပါလိမ့်မယ်"

"ဒီ တစ်ကြိမ်မှာ ကျွန်မတို့ အနေနဲ့ အင်မော်တယ် တစ်သောင်း နန်းတော် ကို အနည်းဆုံး ချေမှုန်း ပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ကနေ မောင်းထုတ် ပစ်ရမယ်"

"အကယ်၍ ဖြစ်နိုင်မယ် ဆိုရင်၊ အင်မော်တယ် တစ်သောင်း နန်းတော် ကို လုံးဝ အမြစ်ဖြတ် ရှင်းလင်း ပစ်နိုင်ရင် ပိုကောင်း ပါတယ်"

ထိုအခါ စုယွီက တစ်ခဏမျှ စဉ်းစား လိုက်ပြီး ပြောလိုက်သည်။

"တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ယထဲက မောင်းထုတ် ပစ်တာ ကနေပဲ စတင် ကြရအောင်... ပြီးတော့ လုံးဝ အမြစ်ဖြတ် သုတ်သင် ပစ်တာ မျိုးတော့ မလုပ်ပါနဲ့"

"သူတို့ မျှော်လင့်ချက် မမဲ့သွားအောင် ခြေကုပ် နေရာ တစ်ခု လောက်တော့ ခွင့်ပြု ပေးလိုက်ပါ"

"အကယ်၍ ငါတို့ ကသာ အင်မော်တယ် တစ်သောင်း နန်းတော် ကို တကယ်ပဲ အမြစ်ဖြတ် ချေမှုန်း ချင်တယ် ဆိုရင် အချိန်ယူ ပြီး အနာဂတ် အတွက် မဟာဗျူဟာ ဆွဲလို့ ရတယ်"

ဖန်ရှောင် ၏ လှပသော မျက်နှာ ပေါ်တွင် အပြုံး တစ်ခု ပွင့်လန်းလာ၏။

သူမ၏ ပါးစပ် ကို အုပ်ရင်း ကြည်လွင်စွာ ရယ်မောလိုက်သည်။

"ဦးလေးငယ်က ဆရာ နဲ့ တူတူ ပြောတာပဲ၊ ဆရာလည်း ဒီလို ပြောပါတယ်"

"အင်မော်တယ် တစ်သောင်း နန်းတော်မှာ တခြား သူတွေက ကိုင်တွယ် လို့ ရပေမယ့်၊ တာအိုသခင်ကြီး လော့ဟယ် နဲ့ တာအိုသခင်ကြီး ထျန်းယန် တို့ ကတော့ နည်းနည်း ပိုပြီး ပြဿနာ ပေးနိုင်တယ်"

"အကယ်၍ ကျွန်မတို့ သာ သတိ မထားဘူး ဆိုရင် သူတို့ကို အလွယ်တကူ ရူးသွပ်သွားအောင် တွန်းပို့ သလို ဖြစ်သွား နိုင်တယ်... ဒါကြောင့် သေချာတဲ့ အစီအစဉ် တစ်ခု မရှိဘဲ နဲ့ သူတို့ကို ချောင်ပိတ်သွားအောင် လုံးဝ လုပ်လို့ မဖြစ်ဘူး"

ဤစကားကို ကြားလိုက်ရ သောအခါ ဤ ကိစ္စရပ် များမှာ သူ၏ ကိုယ်ပိုင် အကြံအစည် အသေးအမွှား လေးများ ထက် ပိုမို ကျော်လွန် နေကြောင်း စုယွီ သိရှိ လိုက်သည်။

စုယွီက ထုတ် မေးလိုက်၏။

"ပြောပါဦး... မင်း ငါ့ကို ဘာလုပ်ပေး ဖို့ လိုအပ် လို့လဲ"

လေးနက်သော မျက်နှာထား ဖြင့် ဖန်ရှောင် က တည့်တိုး ပင် ပြောလိုက်သည်။

"လာမယ့် ကိစ္စတွေ အတွက် ကျွန်မတို့ အနေနဲ့ အရင်းအမြစ် တွေ အများကြီး လိုအပ် လိမ့်မယ်... ကြေးမုံလမင်း အဆောင်လက်ဖွဲ့ နဲ့ လခြမ်းကွေး အဆောင်လက်ဖွဲ့ တွေကို ဖြစ်နိုင်သမျှ အများကြီး ရေးဆွဲ ပေးဖို့ ဦးလေးငယ် ကို တောင်းဆို ချင်ပါတယ်"

"ကောင်းပြီ... အကြီးအကဲ ပိုင်ယွီ ကို ပါဝင်ပစ္စည်း တွေ လာပို့ခိုင်း လိုက်ပါ"

စုယွီက သဘောတူညီ ကြောင်း ခေါင်းညိတ် လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးငယ်"

ဖန်ရှောင် က ကျေးဇူးတင်စွာ ဖြင့် အရိုအသေ ပေးလိုက်၏။ သူမက စုယွီ ကို နောက်တစ်ကြိမ် ကြည့်လိုက်ကာ မြေကမ္ဘာ နန်းတော် လျှို့ဝှက် နယ်မြေ ထဲမှ ထွက်ခွာသွားတော့သည်။

ဂိုဏ်း ၏ အရင်းအမြစ် များနှင့် ရတနာတိုက် ကို ကိုင်တွယ် ဖြေရှင်း ရန် တာဝန်ယူ ထားသော အုပ်ချုပ်ရေး ခန်းမ ပထမ အကြီးအကဲ ပိုင်ယွီ က အဆောင်လက်ဖွဲ့ ရေးဆွဲ ရန် အတွက် လိုအပ်သော ပါဝင်ပစ္စည်း များကို စုယွီ ထံသို့ ခပ်သွက်သွက်ပင် လာရောက် ပို့ဆောင် ပေးခဲ့သည်။

အဆောင်လက်ဖွဲ့ များ ရေးဆွဲ ခြင်း က ပြဿနာ တစ်ရပ် မဟုတ်ပါချေ။ သူ၏ ကျင့်ကြံခြင်း နှင့် အတူတကွ ၎င်း အတွက် အချိန် ပေးနိုင်သည်။

တစ်လတာ အချိန် က မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်လွန်သွားခဲ့၏။

အဆောင်လက်ဖွဲ့ များ ရေးဆွဲ နေစဉ် အတွင်း၊ စုယွီ က အပြင်လောက ကိုလည်း အကဲခတ် စောင့်ကြည့် နေခဲ့သည်။

သို့သော်ငြား၊ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ က အင်မော်တယ် တစ်သောင်း နန်းတော် ကို စစ်ကြေညာ ခြင်း ကဲ့သို့သော အဓိက ဖြစ်ရပ် မျိုးကို ရင်ဆိုင်ရသည့်အခါ သူ၏ သတင်း အချက်အလက် စုဆောင်းသည့် ယွဲ့အင်မော်တယ် မျှော်စင် မှာ အမီ မလိုက်နိုင်တော့ရှာပါ။

အင်အားစု အသီးသီး နှင့် ပတ်သက်သော သတင်း အချက်အလက် အများအပြား ကို မသိရှိ ရသေး သလို ခြေရာခံ လိုက်ရန် ပင် မဖြစ်နိုင်ချေ။

ဤ တိုက်ပွဲ ၏ အခြေအနေ နှင့် ဖြစ်ပေါ် တိုးတက်မှု များကို သိရှိ နိုင်ရန် မြေကမ္ဘာအင်မော်တယ်စံအိမ် ထံမှ သတင်း အချက်အလက် ကို သူ အားကိုး နေရဆဲ ပင်။

တစ်လတာ အချိန် က အရပ်မျက်နှာ အသီးသီး မှ စွမ်းအား များကို စုစည်း ရန် အတွက် ဖြစ်၏။

တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ အမိန့်ပေး ကွပ်ကဲမှု အောက်တွင် လူတိုင်း က မူလ ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း တံခါး ဆီသို့ လမ်းကြောင်း အသီးသီး မှ ဦးတည်သွား၏။ ယခင် အင်မော်တယ် ဂိုဏ်း ၏ နယ်မြေ များကို ဝိုင်းရံ လိုက်ကြသည်။

ပထမဆုံး အနေဖြင့် သူတို့ က ကိုးဝိညာဉ်အင်မော်တယ် တောင်တန်း ၏ မူလ အင်မော်တယ် တံခါး ကို ပြန်လည် သိမ်းပိုက် ကြမည်။ ထို့နောက် တွင်မှ အင်မော်တယ် တစ်သောင်း နန်းတော် ၏ မူလ နယ်မြေ များကို အရေးယူ တိုက်ခိုက် ကြမည် ဖြစ်သည်။

ဤတိုက်ပွဲ တွင် မရေရာမှု များ မရှိသင့်ပါချေ၊ အင်မော်တယ် တစ်သောင်း နန်းတော် ပင်လျှင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ အင်အားစု များစွာ ကို တစ်ကိုယ်တော် ရင်ဆိုင် နိုင်စွမ်း မရှိနိုင်ပေ။

'ယွဲ့အင်မော်တယ် မျှော်စင် ရဲ့ အင်အား ကို ငါ အားဖြည့် ဖို့ လိုအပ် လိမ့်မယ်'

စုယွီ သူ့ဦးနှောက်ကို အလုပ်ပေး လိုက်သည်။

All Chapters