← Chapters

အခန်း ၈၇၁

Vol. 59 Ch. 871

အခန်း ၈၇၁

Vol. 59 Ch. 871

အခန်း (၈၇၁) - လုပ်ဆောင်ချက်၊ လက်ဝါးကြီးအုပ်ခြင်း

စုယွီက တာအိုဆရာ ရှုယွီ ယခင်က ပြောပြခဲ့ဖူးသည့် ကိစ္စ တစ်ခုကို ပြန်လည် အမှတ်ရသွားမိသည်။

ကောင်းကင် အပျက်အစီး ခန်းမကို ကိုယ်ပိုင် အသုံးပြုရန် အတွက် သိမ်းသွင်းမည့် အစီအစဉ်ပင် ဖြစ်၏။

အကယ်၍ မိမိကသာ ကောင်းကင် အပျက်အစီး ခန်းမကို ယွဲ့အင်မော်တယ် မျှော်စင် နှင့် ပေါင်းစည်းနိုင်ခဲ့မည် ဆိုလျှင် တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံနိုင်သော သတင်း အချက်အလက် ကွန်ရက် တစ်ခုကို ပိုင်ဆိုင်နိုင်ကောင်း ပိုင်ဆိုင် လာနိုင်ပေလိမ့်မည်။

'အင်မော်တယ် တစ်သောင်း နန်းတော် နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြီးသွားရင် ငါ စမ်းကြည့် သင့်တယ်'

ကောင်းကင် အပျက်အစီး ခန်းမ ဆိုသည်မှာ တာအို သခင်ကြီး တစ်ပါးမျှ မရှိဘဲ ဝိညာဉ်ခွဲထွက်အဆင့် စွမ်းအားရှင် တစ်ပါး က တည်ထောင် ထားခဲ့သော အင်အားစု တစ်ခုမျှ သာလျှင် ဖြစ်၏။

နောက်ကွယ် က အကြံအစည်ရှင်ကို ရှာတွေ့နိုင်သရွေ့ သူတို့ကို လက်အောက်ခံ အဖြစ် သိမ်းသွင်း ရန်မှာ ခက်ခဲ လိမ့်မည် မဟုတ်ပါချေ။

ဤအတွေးများကို ဖယ်ရှား ပစ်ရန် စုယွီ ခေါင်းခါလိုက်သည်။

သူ၏ မှော်စွမ်းအား နှင့် နတ်ဘုရား ဝိညာဉ် တို့ အထွတ်အထိပ် အခြေအနေ သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ရာ စုယွီ နောက်တစ်ကြိမ် မတ်တတ် ရပ်လိုက်ပြီး ကျောက်စိမ်း စင်မြင့် ဆီသို့ ချဉ်းကပ်သွားလိုက်သည်။ အဆောင်လက်ဖွဲ့ စုတ်တံကို ကောက်ယူလိုက်၏။ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ နှင့် လခြမ်းကွေး အဆောင်လက်ဖွဲ့ ဆက်လက် ဖန်တီး ရန် အတွက် အဆင့် (၄) အဆင့်မြင့် အဆောင်လက်ဖွဲ့ ပါဝင်ပစ္စည်း အချို့ကို ထုတ်ယူလိုက်တော့သည်။

အခြား တစ်နေရာတွင်မူ ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် မှ လူများ က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ မှ ကျင့်ကြံသူများ နှင့် အတူ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ နယ်မြေ ဆီသို့ လမ်းကြောင်း အတိုင်း ချီတက် လာခဲ့ကြသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ မူလဝိညာဉ်အဆင့် အရှင်သခင်များက ကြေးမုံလမင်း အဆောင်လက်ဖွဲ့ နှင့် လခြမ်းကွေး အဆောင်လက်ဖွဲ့ တို့ကို ရန်သူများ အပေါ် အသုံးပြု

လိုက်သည်ကို ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော်မှ လူများ မြင်တွေ့လိုက်ရသောအခါ ဟင်းလင်းပြင် စွမ်းအား လှိုင်းလုံးကြီးများ ဝေါခနဲ ရိုက်ခတ်လာ၏။

ရန်သူများမှာ ဟင်းလင်းပြင် အက်ကြောင်းများကြောင့် ပြင်းထန်စွာ ဒဏ်ရာရ၊ သေဆုံး၏။ ဟင်းလင်းပြင် စွမ်းအားကြောင့် ချုပ်နှောင် ခံလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့သည့် အခြေအနေမျိုးသို့လည်း ရောက်ရှိသွားခဲ့ရသည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် မှ မူလဝိညာဉ်အဆင့် အရှင်သခင်များ အဖွဲ့ က ရန်သူကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်ကို မြင်သောအခါ ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် မှ လူများ၊ ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး အနည်းငယ် အပါအဝင် အားလုံး၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင် အချို့ ထွက်ပေါ် လာခဲ့သည်။

"ဒါက ဟင်းလင်းပြင် တာအို ရဲ့ အဆောင်လက်ဖွဲ့ တစ်ခုပဲ"

"မတူညီတဲ့ အဆင့် (၄) ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ နှစ်ခု... တစ်ခုက ရန်သူကို သတ်ဖြတ်ဖို့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်ပြီးနောက်တစ်ခု က ဟင်းလင်းပြင်ကို ချုပ်နှောင် ပြီး ပြိုင်ဘက်ကို မလှုပ်ရှားနိုင်အောင် တားဆီးနိုင်စွမ်း ရှိတယ်"

"မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ဒီလို ရတနာ တွေ တကယ် ရှိနေတာလား"

ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး အနည်းငယ်စလုံးမှာ အတော်လေး အံ့အားသင့်နေခဲ့ကြ၏။

ထိုအချိန်တွင် ယင်း မိသားစု မှ ဝိညာဉ်ခွဲထွက်အဆင့် အမျိုးသား တစ်ဦးက တိုးညင်းသော လေသံဖြင့် ပြောလိုက်သည်။

"ဆဋ္ဌမ ဘိုးဘေး…

မြေကမ္ဘာအင်မော်တယ်စံအိမ် ထဲကနေ ဟင်းလင်းပြင် တာအို ပါရမီရှင် တစ်ယောက် ထွက်ပေါ် လာတယ်လို့ ကောလဟာလတွေ ရှိပါတယ်"

"ဒီ ဟင်းလင်းပြင် အဆောင်လက်ဖွဲ့ တွေက အဲဒီ လူရဲ့ လက်ရာ ဖြစ်ဖို့များပါတယ်"

ယင်းယို၊ ကုန်းစွန်းဇီယန် နှင့် အခြား မျိုးဆက်သစ် လူငယ်များမှာ ဤစကားကို ကြားလိုက်ရသော အခါ အနည်းငယ် အံ့အားသင့်သွားပြီး သူတို့၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု တစ်ရပ် ဖြစ်ပေါ် လာခဲ့သည်။

ဟင်းလင်းပြင် တာအိုကို နားလည် သဘောပေါက် ထားတယ်... တဲ့လား။

ဟင်းလင်းပြင် တာအို ၏ ကနဦး နားလည် သဘောပေါက်မှု အဆင့်မျှ သာလျှင် ဖြစ်နေလျှင်တောင် မှ ၎င်းကို အထင်သေး ၍ မရနိုင်ပါချေ။

ထိုကဲ့သို့သော ပါရမီရှင် မျိုးမှာ ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် သို့ ရောက်ရှိသွားခဲ့လျှင်ပင် ထိုနေရာတွင် ထိပ်တန်း ခေါင်းဆောင် တစ်ဦး သေချာပေါက် ဖြစ်လာနိုင်သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် က အသုံးပြုနေသော အဆောင်လက်ဖွဲ့များကို ထည့်သွင်း စဉ်းစားလိုက်မည် ဆိုလျှင် အဆင့် (၄) အဆင့်မြင့် ဟင်းလင်းပြင် အဆောင်လက်ဖွဲ့များပင်လျှင် တည်ရှိနေခဲ့၏။

ဆိုလို သည်မှာ...ပြိုင်ဘက် ၏ ကျင့်ကြံခြင်းမှာ မူလဝိညာဉ်အဆင့် နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ကာ အဆင့် (၄) အဆင့်မြင့် အဆောင်လက်ဖွဲ့ သခင် တစ်ဦး လည်း ဖြစ်ဖို့များသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ် မျိုးကသာ ဝိညာဉ်ခွဲထွက်အဆင့်ကို ချိုးဖြတ်ခဲ့ပြီး သူ၏ လက်ဝယ်တွင် ဟင်းလင်းပြင် တာအိုကို ပိုင်ဆိုင် ထားမည် ဆိုပါက တာအို သခင်ကြီး တစ်ပါးပင်လျှင် သူ အပြည့်အဝ ကြီးပြင်းလာချိန်တွင် သူ့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိချင်မှ ရှိတော့မည်။

ယင်းယို က သိချင်စိတ် ဖြင့် မေးလိုက်၏။

"ဦးလေးချီ... မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ တုန်းက ဒီ ပါရမီရှင်ကို ကျွန်မတို့ ဘာဖြစ်လို့ မတွေ့ခဲ့ ရတာလဲ"

ဝိညာဉ်ခွဲထွက်အဆင့် အမျိုးသား က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

"ဒီလို ပါရမီရှင် မျိုးကို မြေကမ္ဘာအင်မော်တယ်စံအိမ် က လွယ်လွယ်ကူကူ နဲ့ ထွက်ပေါ် လာခွင့် ပေးမှာ မဟုတ်ဘူး လေ"

ဤအရာ က ယင်းယို ၏ သိချင်စိတ်ကို ပိုမို ပြင်းပြ လာစေခဲ့တော့၏။

မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ဦးဆောင်မှု ဖြင့် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ စွမ်းအားရှင် အများအပြား က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ နယ်မြေ ထဲသို့ အတူတကွ ဝင်ရောက် စီးနင်းခဲ့ကြရာ လမ်းခရီး တစ်လျှောက်တွင် သူတို့၏ အရှိန်အဟုန်မှာ တားဆီး၍ မရနိုင် လောက်အောင် ပြင်းထန်နေခဲ့သည်။

ဟိုတစ်စ၊ သည်တစ်စ ခုခံမှု အချို့သာ ရှိခဲ့ပြီး လူအများစုမှာ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ တိုက်ခိုက် လာမှုကို မြင်တွေ့ ရသော အခါ အထူးသဖြင့် တာအို သခင်ကြီး ကျိုလင် ၏ ရောက်ရှိ လာမှုကို မြင်တွေ့ ရသော အခါတွင်... ချက်ချင်းပင် အညံ့ခံခဲ့ကြပြီး ကျိုလင် ၏ အမိန့်ပေး ကွပ်ကဲမှု အောက်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြ၏။

အင်မော်တယ် တစ်သောင်း နန်းတော် က စီစဉ် ထားခဲ့သူများမှာမူ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ ကျင့်ကြံသူများ လက်ချက် ဖြင့် အားလုံး ကျဆုံးသွားခဲ့ရသည်။

လအနည်းငယ် ကြာသော အခါတွင်

လူတိုင်း က ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် တံခါး အပြင်ဘက် သို့ ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။ အင်မော်တယ် တစ်သောင်း နန်းတော် အနေဖြင့် ကြောက်ရွံ့ တုန်လှုပ်သွားကာ သူတို့ သိမ်းပိုက် ထားခဲ့သော ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း အင်မော်တယ် တံခါးကို စွန့်ပစ်သွားလိမ့်မည် ဟု သူတို့ ထင်မှတ် ထားခဲ့ကြသည်။

သို့သော်ငြား သူတို့ ရောက်ရှိ လာကြသော အခါ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ တောင်တံခါး အခင်းအကျင်း အောက်တွင် သူတို့ မြင်တွေ့လိုက်ရသည့် အရာမှာကား... တောင်ထိပ် ပေါ်တွင် မားမားမတ်မတ် ရပ်နေသော ခမ်းနား ကြီးကျယ်လှသည့် ပုံရိပ် သုံးခုပင် ဖြစ်သည်။

အထူးသဖြင့် ကောင်းကင်ဘုံ ကိုးထပ်ကိုပင် တုန်လှုပ်သွားစေနိုင် လောက်အောင် ကျယ်ပြောလှသော အင်မော်တယ် အရှိန်အဝါများကို ပိုင်ဆိုင် ထားသည့် ခေါင်းဆောင် ၏ ပုံရိပ်ပင် ဖြစ်၏။

ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေရင်း ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အထက် ကောင်းကင်ယံ တစ်ခုလုံးမှာ စုဝေး လာသော မိုးကြိုး တိမ်တိုက်များဖြင့် ဖုံးလွှမ်းသွား၏။ ကောင်းကင် မိုးကြိုးများ ဟိန်းဟောက် မြည်ဟည်း လာကာ ကြီးမားလှသော အရှိန်အဝါက လောက တစ်ခုလုံး သို့ လွှမ်းမိုးသွားခဲ့သည်။

ဤပုဂ္ဂိုလ်ကို မြင်တွေ့လိုက်ရသော အခါ ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေး က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး လေးနက် တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

"လေ့တင်းထျန်း... မင်းက ငါ့ရဲ့ ချန်ကျိုး နယ်မြေ ထဲမှာ အခုထိ နေရဲ သေးတာပဲ"

ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင် ထားပြီး သာမန် ရိုးရှင်းသော ရုပ်ရည် ရှိသော်ငြားလည်း ထူးခြားစွာ ထွားကျိုင်းသေ အရပ်အမောင်း ပိုင်ဆိုင် ထားသည့် အမျိုးသားက ခပ်ရေးရေး ပြုံး၏။ သူက ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေးကို တစ်ခဏမျှ အကဲခတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"လောကကြီးက ကျယ်ပြော လွန်းလှပါတယ်... ဒီ လေ့တင်းထျန်းသွားလို့ မရတဲ့ နေရာ ဆိုတာများ ရှိလို့လား"

"မင်းတို့ ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော်ကကော... ငါ့ရဲ့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ထဲကို ခြေတစ်လှမ်းလောက်တောင် လှမ်းဝင် ရဲလို့လား"

ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေးက အေးစက်စွာ နှာမှုတ်လိုက်သည်။

"မင်းက အဲဒီလောက်တောင် ရဲတင်းနေရင်... ဘာလို့ အပြင် ထွက်မလာဘဲနောက်ထပ် စကား နည်းနည်း လောက် ထပ်မပြော တာလဲ"

လေ့တင်းထျန်း က သဘောကျစွာ ဖြင့် ရယ်မောလိုက်သည်။ သူက နလပိန်းတုံး တစ်ယောက် မဟုတ်ပါချေ။

တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ တစ်ခုတည်း ကပင်လျှင် တာအို သခင်ကြီး ရှစ်ပါး နှင့် မိစ္ဆာ အရှင်သခင် တစ်ပါးကို ခေါ်ဆောင် လာခဲ့၏။ ထို့အပြင် ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် မှ တာအို သခင်ကြီး သုံးပါး လည်း ပါဝင် သေးကာ... ထူးကဲ ပါရမီရှင် တစ်ဦး ဖြစ်သော ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေး လည်း ပါဝင်နေခဲ့သည်။

ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ တောင်တံခါး အခင်းအကျင်း မှ အပြင်သို့ ထွက်လာခြင်း က အရိုက်ခံ ရဖို့ ဖိတ်ခေါ်နေတာနှင့် အတူတူပဲ မဟုတ်ပါလော။

ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေးကို လျစ်လျူရှု ထားလိုက်ပြီး လေ့တင်းထျန်း ၏ အကြည့်များ က အဖြူရောင် တာအို ဝတ်ရုံကို ဝတ်ဆင် ထားသော တာအို သခင်ကြီး ဟုန်ယွဲ့ ထံသို့ ရောက်ရှိသွားခဲ့ကာ ပြောလိုက်သည်။

"မင်းက မြေကမ္ဘာအင်မော်တယ်စံအိမ် ရဲ့ တာအို သခင်ကြီး အသစ် လား"

"အပေးအယူ တစ်ခု လုပ်ကြ မလား"

"အကယ်၍ မင်းက မင်းရဲ့ လူတွေကို ဦးဆောင် ပြီး ဒီမိန်းမကို သတ်ဖြတ်လိုက်မယ် ဆိုရင်... ငါ့ရဲ့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်က မင်းတို့ တာ့ချန်ကို ပေါင်းစည်းနိုင်အောင် ကူညီပေးမယ်"

သူ၏ အနောက်ဘက်တွင် ရှိနေသည့် ဟင်းလင်းပြင် ၏ အရှင်သခင် နှင့် တာအို သခင်ကြီးထျန်းယန် တို့မှာ ဤစကားကို ကြားလိုက်ရသောအခါ မျက်နှာ အမူအရာများ ရုတ်တရက် ပြောင်းလဲသွား၏။ လေ့တင်းထျန်း၏ ကျောပြင်ကို လှမ်းကြည့်လိုက်ကြကာ အံ့အားသင့်မှုနှင့် ဒေါသများ ရောယှက် ကာ ခံစားလိုက်ရသည်။

အဲဒါက ဘာ အဓိပ္ပာယ် လဲ။

လေ့တင်းထျန်း ၏ စကားများ က ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် ယင်း မိသားစု ၏ တာအို သခင်ကြီးကို ရန်စ ရန် သက်သက် သာ ဖြစ်နိုင်ခြေ ပိုများကြောင်း သူတို့ နားလည်ထားသော်ငြားလည်း... ဤစကားကို ကြားလိုက်ရ သောအခါ အင်မော်တယ် တစ်သောင်း နန်းတော် ၏ တာအို သခင်ကြီး နှစ်ပါး စလုံး ၏ ရင်ထဲတွင် အောင့်သက်သွားရသည်။

မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က သူတို့၏ အင်မော်တယ် တစ်သောင်း နန်းတော်ကို အလေးအနက် မထားသည့် ပုံပင် ပေါ်သည်။

စကားပြောဆို မှုများက အလွန်အမင်း လွတ်လပ် ပေါ့ပါး လွန်းနေခဲ့၏။

တာအို သခင်ကြီး ဟုန်ယွဲ့ က အခြေအနေ ၏ ကြီးလေးမှုကို သဘောပေါက်လိုက်ရသည်။ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ ဤ တာအို သခင်ကြီး သည် ပကတိဟင်းလင်းပြင်နှောင်းပိုင်း အဆင့်တွင် သေချာပေါက် ရှိနေသည်။ သူ၏ အင်မော်တယ် အရှိန်အဝါ၏ ဖိအား တစ်ခုတည်းဖြင့်ပင် အသက်ရှူရန် ခက်ခဲ စေ၏။

သို့သော်ငြား တာအို သခင်ကြီး ဟုန်ယွဲ့၏ မျက်နှာ အမူအရာ က တည်ငြိမ်နေခဲ့ပြီး... လေ့တင်းထျန်းကို စူးစိုက်ကြည့်ကာ လေးနက် တည်ကြည်စွာ ဖြင့် ပြောလိုက်သည်။

"ဒီနေရာ က တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ပါ... ခင်ဗျားတို့ရဲ့ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မဟုတ်ဘူး”

All Chapters