← Chapters

အခန်း ၈၇၂

Vol. 59 Ch. 872

အခန်း ၈၇၂

Vol. 59 Ch. 872

အခန်း (၈၇၂) - လုပ်ဆောင်ချက်၊ လက်ဝါးကြီးအုပ်ခြင်း (အပိုင်း ၂)

"ခင်ဗျားက ကျင့်ကြံခြင်းမှာ ထူးထူးခြားခြား ကျွမ်းကျင်နေတယ် ဆိုရင်တောင် မှ တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ဟာ ခင်ဗျား.. သဘောကျ ရမ်းကားလို့ ရတဲ့ နေရာ တစ်ခု မဟုတ်ဘူး"

"အကယ်၍ ခင်ဗျားသာ အခု ဆုတ်ခွာသွားမယ်ဆိုရင် ချန်ကျိုး နယ်မြေထဲကနေ လုံခြုံဘေးကင်းစွာနဲ့ ထွက်ခွာသွားနိုင်ဖို့ အခွင့်အရေး ရှိနေသေးတယ်"

"ဟား... ဟား... ဟား..."

လေ့တင်းထျန်း က ဟားတိုက် ရယ်မောလိုက်ပြီးနောက် တာအို သခင်ကြီး ဟုန်ယွဲ့ကို ကြည့်ကာ ခေါင်းယမ်း ပြလိုက်သည်။

"ဒီလို လုပ်ရင် ကော ဘယ်လိုလဲ... မင်းတို့ မြေကမ္ဘာအင်မော်တယ်စံအိမ်မှာ ရုပ်တု တစ်ခု ရှိတယ် မဟုတ်လား... အဲဒီ ရုပ်တု ရဲ့ အမွေအနှစ် နဲ့ သူ့ရဲ့ တည်နေရာကို ငါ့ကို ပြောပြ ပါ..ဒါဆိုရင် မင်းတို့ရဲ့ ကိစ္စတွေ ထဲကို ဝင်မပါဘဲ လကိရှောင်ပေးမယ်"

"ဘယ်လိုလဲ... ဒီ အပေးအယူကို သဘောတူ ဖို့ ပြဿနာ မရှိနိုင်ပါဘူး... ဟုတ်တယ် မဟုတ်လား"

"ဒါမှမဟုတ်... မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် ရဲ့ စစ်တပ်ကြီး ဆင်းသက် လာမယ့် မြင်ကွင်းကို မင်းတို့ မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေလို့လား"

“ဝီ…”

တာအို သခင်ကြီး ဟုန်ယွဲ့ က လေ့တင်းထျန်း ၏ ကမ်းလှမ်းမှုကို တုံ့ပြန် ခြင်း မရှိခဲ့ဘဲ... သူ၏ စိတ်ဆန္ဒ တစ်ချက် ဖြင့် ငွေရောင် ကြေးအိုး တစ်လုံးကို ဆင့်ခေါ်လိုက်သည်။

ငွေရောင် ကြေးအိုး ထွက်ပေါ် လာသည် နှင့် အတူ ဟင်းလင်းပြင် မဟာ တာအို စွမ်းအား ၏ အလွန်အမင်း အားကောင်းလှသော အရှိန်အဝါ တစ်ခု က အရပ်မျက်နှာ အသီးသီး ရှိ ကောင်းကင်နှင့် မြေကြီး တစ်ခွင် သို့ လွှမ်းခြုံ တိုက်ခတ်သွားခဲ့သည်။

သူတို့၏ ပတ်ဝန်းကျင် ရှိ ဟင်းလင်းပြင်ပင်လျှင် ပြင်းထန်စွာ လှိုင်းထ လာခဲ့တော့၏။

ကြေးအိုး ၏ ရောက်ရှိ လာမှုကို ကြည့်ရင်း... လေ့တင်းထျန်း ၏ အကြည့်များ က အရင်ဆုံး ပြောင်းလဲသွားခဲ့သည်။ ယခင်က ဂရုမစိုက် တတ်သော သူ၏ မျက်နှာ အမူအရာမှာ ချက်ချင်းပင် လေးနက် တည်ကြည်သွားခဲ့ပြီး ကြောက်ရွံ့ ထိတ်လန့် မှု တစ်ခု က သူ့ကို ရိုက်ခတ်သွားခဲ့၏။

'ဒါ မကောင်း‌တော့ဘူး'

တာအို သခင်ကြီး ဟုန်ယွဲ့ နှင့် မလှမ်းမကမ်းတွင် ရပ်နေသော တာအို သခင်ကြီး ရှစ်ဝမ်၊ တာအို သခင်ကြီး ကျိုလင် နှင့် အခြား သူများ အပါအဝင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ တာအို သခင်ကြီးများ၏ မျက်နှာများ လည်း ပြောင်းလဲသွားခဲ့ကြသည်။

"အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက် တစ်ခု ပါလား"

အဝေး တစ်နေရာ မှနေ၍၊ ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် မှ လူများ၊ ယင်း မိသားစု ၏ ဘိုးဘေး ခြောက်ပါး နှင့် အခြား တာအို သခင်ကြီး သုံးပါး တို့ က ရုတ်တရက် ခေါင်းလှည့် လာကြပြီး... တာအို သခင်ကြီး ဟုန်ယွဲ့ ၏ အရှေ့တွင် ထွက်ပေါ် လာသော ကြေးအိုး ငယ်လေးကို စိုက်ကြည့်လိုက်ကြသည်။

ယင်းယို၊ ကုန်းစွန်းဇီယန် နှင့် အခြား သူများ ၏ မျက်နှာများမှာ လုံးဝ အံ့အားသင့်နေမှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။

"ဒီ မှော်လက်နက် က..."

ဝုန်း...

ဤ ငွေရောင် ကြေးအိုး က တခြား အရာ မဟုတ်ဘဲ... တာအို သခင်ကြီး ဟုန်ယွဲ့ က စုယွီ ထံမှ ငှားရမ်း လာခဲ့သော ဟင်းလင်းပြင် ကြေးအိုး ငယ်ပင် ဖြစ်သည်။

ထို့အပြင် ၎င်း က အရည်အသွေးပိုင်း ဆိုင်ရာ အသွင် ကူးပြောင်း မှုကို ဖြတ်သန်းခဲ့ပြီးသော ဟင်းလင်းပြင် ကြေးအိုး ငယ်လေးပင် ဖြစ်၏။

တာအို သခင်ကြီး ဟုန်ယွဲ့ က စုယွီ ထံသို့ ဟင်းလင်းပြင် ကြေးအိုး ငယ်ကို ပေးအပ်ခဲ့စဉ်က အလယ်အလတ် အဆင့် မှော်လက်နက် တစ်ခု သာလျှင် ဖြစ်ခဲ့ သော်ငြားလည်း... ယခုအခါ ၎င်း၏ စွမ်းအားမှာ မူလက ထက် ဆယ်ဆ မက ပိုမို အားကောင်း လာခဲ့၏။

ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တစ်ပါး ၏ မဟာ တာအို စွမ်းအား က တာအို သခင်ကြီး ဟုန်ယွဲ့ ထံမှ ဟင်းလင်းပြင် ကြေးအိုး ငယ်လေး အတွင်းသို့ စီးဝင်သွားသည် နှင့် တစ်ပြိုင်နက် ထို ကြေးအိုးမှာ မြင်ယောင် ၍ မရနိုင်သော ရောင်ဝါ တစ်ခု တောက်ပလာ၏။ ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ကာ လှိုင်းထသွားခဲ့ပြီး ပတ်ဝန်းကျင် ရှိ ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီးများ၏ ခန္ဓာကိုယ်များကိုပင်လျှင် ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။

ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တစ်ပါး ၏ မှော်စွမ်းအား သို့မဟုတ် တာအို အတားအဆီးများ ကပင်လျှင် ဟင်းလင်းပြင် ကြေးအိုး ငယ်လေး က လှုံ့ဆော်လိုက်သော ဟင်းလင်းပြင် လှိုင်းဂယက်များကို ပိတ်ဆို့နိုင်စွမ်း မရှိခဲ့ပါချေ။

“ဝီ…”

ဟင်းလင်းပြင် ကြေးအိုး ငယ်လေး က တာအို သခင်ကြီး ဟုန်ယွဲ့ ၏ လက်များ ထဲမှ လွတ်ထွက်သွားခဲ့ပြီး... မျက်စိတစ်မှိတ် အတွင်းမှာပင် ထို ကြေးအိုး ထံမှ အင်မော်တယ် အရှိန်အဝါများ ရစ်သိုင်းလာခဲ့သည်။

ဟင်းလင်းပြင် ချက်ချင်းပင် ဆုတ်ဖြဲ ခံလိုက်ရပြီး... အနက်ရောင် အက်ကွဲကြောင်းကြီး ဖန်တီးလိုက်၏။

ထို အက်ကွဲကြောင်းကြီး က အရှေ့ဘက် ရှိ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ လျှို့ဝှက် နယ်မြေ အတားအဆီးဆီသို့ တဟုန်ထိုး ပြေးဝင်သွား၏။ ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တစ်ပါးကိုပင်လျှင် တားဆီးနိုင်စွမ်း ရှိခဲ့သည့် အခင်းအကျင်း နှင့် ကောင်းချီးပေး နယ်မြေ ၏ ကာကွယ်ရေးများမှာ... မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင် မှ မြေကြီး အထိ ဆန့်တန်းနေသော ဝင်ပေါက် နှင့် ထွက်ပေါက်အဖြစ် ဆွဲဖြဲ ခံလိုက်ရတော့သည်။

တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ နှင့် ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် မှ တာအို သခင်ကြီး အမြောက်အမြားကို ရင်ဆိုင် ရန် အတွက် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ လျှို့ဝှက် နယ်မြေ အတားအဆီးအပေါ်တွင် မှီခိုဖို့ ပြင်ဆင် ထားခဲ့သော လေ့တင်းထျန်း နှင့် အင်မော်တယ် တစ်သောင်း နန်းတော် မှ တာအို သခင်ကြီးထျန်းယန် တို့၏… အရန် အစီအစဉ်များမှာလည်း ရိုက်ချိုး ဖျက်ဆီး ခံလိုက်ရ၏။

ဟင်းလင်းပြင် ကြေးအိုး ငယ်လေး ထွက်ပေါ် လာသည် နှင့် တစ်ပြိုင်နက်... ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ လျှို့ဝှက် နယ်မြေ အတားအဆီး ဆုတ်ဖြဲ ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါ ယင်း မိသားစု ၏ ဘိုးဘေး ခြောက်ပါးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

အေးစက်သော အသံ တစ်သံ က ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း ကာ ပဲ့တင်ထပ်သွားခဲ့၏။

"လေ့တင်းထျန်း... လာစမ်း၊ တိုက်ကြမယ်"

မျက်စိတစ်မှိတ် အတွင်းမှာပင်... လေ့တင်းထျန်း ၏ ပုံရိပ် က လျှပ်စီးတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင် အတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။ ၎င်းက ယင်း မိသားစု ၏ ဘိုးဘေး ခြောက်ပါးကို တိုက်ခိုက် ရန် အတွက် မဟုတ်ဘဲ... အထိတ်တလန့် ဖြင့် ထွက်ပြေး ရန် သာလျှင် ဖြစ်သည်။ ထိုနေရာတွင် လုပ်ဆောင် ရန် တိုက်ပွဲ တစ်ခုမျှ မရှိတော့ပါချေ။

သူ က တစ်ယောက်တည်း သာလျှင် ဖြစ်သည်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ အသုံးမကျသော လူမိုက် နှစ်ယောက် လည်း ပါဝင် သေးသည် ပေါ့။

အခြား တစ်ဖက်တွင်မူ... မိစ္ဆာ အရှင်သခင် တစ်ပါး အပါအဝင် တာအို သခင်ကြီး ဆယ်ပါး ကျော် က မားမားမတ်မတ် ရပ်နေခဲ့ကြသည် မဟုတ်ပါလော။

အကယ်၍ သူသာ အဖမ်း ခံရမည် သို့မဟုတ် ဝိုင်းရံ ခံလိုက်ရမည် ဆိုလျှင် သူ က မသေလျှင်တောင် မှ... လွတ်မြောက်ရန် အတွက် ကြီးမားလှသော တန်ဖိုး တစ်ရပ်ကို ပေးဆပ် ရပေလိမ့်မည်။

ထွက်ပြေး ခြင်း က အကောင်းဆုံး ရွေးချယ်မှုပင်။

အင်မော်တယ် တစ်သောင်း နန်းတော် မှ တာအို သခင်ကြီး နှစ်ပါး ကလည်း သုတ်ခြေတင် ထွက်ပြေးသွားခဲ့၏။ လေ့တင်းထျန်း ထွက်ပြေးသွားသည် နှင့် တစ်ပြိုင်နက် ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် ၏ တာအို သခင်ကြီးများ က အနောက်မှ လိုက်လံ ဖမ်းဆီး ကြတော့သည်။

သို့သော် အင်မော်တယ် တစ်သောင်း နန်းတော် မှ တာအို သခင်ကြီး နှစ်ပါး ဖြစ်သော တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ကိုတော့ တာအို သခင်ကြီး ဟုန်ယွဲ့ နှင့် အခြား တာအို သခင်ကြီး ရှစ်ပါး၊ မိစ္ဆာ အရှင်သခင် တစ်ပါး တို့ က လိုက်လံ ဖမ်းဆီးခဲ့ကြသည်။

တာအို သခင်ကြီး ဟုန်ယွဲ့ ၏ လက်များ ထဲတွင် ဟင်းလင်းပြင် ကြေးအိုး ငယ်လေး ရောက်ရှိ လာသည်ကို သူတို့ ခံစား သိရှိလိုက်ရ သောအခါ... သူတို့၏ မျက်နှာ အမူအရာများ က အကြီးအကျယ် ပြောင်းလဲသွား၏။ အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ သူတို့ က ဟင်းလင်းပြင် ၏ ပိုမို နက်ရှိုင်းသော အလွှာများ အတွင်းသို့ နောက်တစ်ကြိမ် ထွက်ပြေးသွားခဲ့ကြသည်။

တာအို သခင်ကြီး ဟုန်ယွဲ့ က ဟင်းလင်းပြင် ကြေးအိုး ငယ်လေးကို အားကိုး ကာ တတိယ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ဝင်ရောက်လိုက်လံ ဖမ်းဆီး၏။ ထို ကြေးအိုး ဆင်းသက် လာသော အခါတွင် တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ က ၎င်းကို အခွင့်ကောင်း ယူကာ အခြားသော ဟင်းလင်းပြင် အတားအဆီး တစ်ခုကို ဖောက်ထွင်း ဝင်ရောက်ခဲ့ကြပြီး စတုတ္ထ အလွှာ အတွင်းသို့ တိုက်ရိုက် လွတ်မြောက်သွားခဲ့ကြသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ ပျောက်ကွယ်သွားခဲ့၏။

ဤမြင်ကွင်းအား မြင်သော အခါ တာအို သခင်ကြီး ဟုန်ယွဲ့ ၏ မျက်နှာ အမူအရာ က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

စတုတ္ထ ဟင်းလင်းပြင် အလွှာ ၏ အတွင်း၌ ကား... သူ့လက်ဝယ်တွင် အဆင့်မြင့် မှော်လက်နက် ဟင်းလင်းပြင် ကြေးအိုး ငယ်ကို ပိုင်ဆိုင် ထားသော်ငြားလည်း သူက မဝင်ရဲ ဖြစ်နေ၏။

ဤ တတိယ ဟင်းလင်းပြင် အလွှာတွင်ပင် သူ က မူလ ဝင်ပေါက်နေရာကို အနိုင်နိုင် ခံစား သိရှိနိုင်ရုံ သာ ရှိသည်။

အကယ်၍ သူသာ ထပ်မံလိုက်လံ ဖမ်းဆီး မည် ဆိုလျှင် ဟင်းလင်းပြင်ကြီးထဲတွင် မျက်စိလည် လမ်းလွဲသွားနိုင်သည်။

"မင်းတို့ အပြေး မြန်လို့ ကံကောင်းသွားတာပဲ"

တာအို သခင်ကြီး ဟုန်ယွဲ့ က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ သူ၏ မျက်ခုံးများ က တင်းကျပ်စွာ တွန့်ကွေးသွားခဲ့ကာ... လှည့်ပြန်လာသည်။ ဟင်းလင်းပြင် အလွှာ တစ်ခုပြီး တစ်ခုအတွင်းမှ ထွက်ခွာ လာခဲ့ကာ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ တောင်တံခါး ဆီသို့ ပြန်လည် ဆုတ်ခွာ လာခဲ့တော့၏။

ပကတိဟင်းလင်းပြင် အဆင့်တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို ကိုင်တွယ် ဖြေရှင်း ရခြင်း ၏ အခက်အခဲမှာ မူလဝိညာဉ် အဆင့်နှင့် ဝိညာဉ်ခွဲထွက် အဆင့်တို့ထက် များစွာ ပိုမို မြင့်မားသည်။

အကယ်၍ မူလဝိညာဉ်အဆင့်တွင် ရုပ်ခန္ဓာ ဖျက်ဆီး ခံရမည် ဆိုလျှင် မူလ နတ်ဘုရား ဝိညာဉ် က လွတ်မြောက်သွားနိုင်ပြီး အခြားသော ခန္ဓာကိုယ် တစ်ခုကို ပြန်လည် သိမ်းပိုက်နိုင်သေးသည်။

ဝိညာဉ်ခွဲထွက်အဆင့်တွင် လူတစ်ယောက် အနေဖြင့် အပို ဝိညာဉ်ခွဲထွက် နတ်ဘုရား ခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင် ထားပြီး ၎င်း က အပို အသက် တစ်ချောင်း ရှိနေသည် နှင့် ညီမျှ သည်။

သို့သော် ပကတိဟင်းလင်းပြင်အဆင့် ၏ တာအို သခင်ကြီးများကတော့ ကောင်းကင်ဘုံ သို့ ရောက်ရှိနိုင်စွမ်းကို ပိုင်ဆိုင် ထားသည့်နှယ်။ ကောင်းကင်ယံကို ဖြတ်သန်း ရွေ့လျားနိုင်ကာ မြေကြီး အတွင်းသို့ ဝင်ရောက်နိုင်ပြီး ဟင်းလင်းပြင်ကို အလိုရှိသလို ဖြတ်သန်းနိုင်စွမ်း ရှိကြသည်။

သူတို့၏ မူလ နတ်ဘုရား ဝိညာဉ် အပေါ်တွင် မှီခိုနိုင်စွမ်း လည်း ရှိကြရာ... မူလ နတ်ဘုရား ဝိညာဉ် ၏ အမျှင်တန်း လေး တစ်ခု သာလျှင် လွတ်မြောက်သွားခဲ့လျှင် တောင် မှ ၎င်း က အပြည့်အဝ ပြန်လည် နာလန်ထူ လာနိုင်သည်။

တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် နှစ်ဦး စလုံးကို အမှန်တကယ် ဝိုင်းရံ သတ်ဖြတ်နိုင်မည့် ဖြစ်နိုင်ခြေကို... တာအို သခင်ကြီး ဟုန်ယွဲ့နှင့်

မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် မလှုပ်ရှားခင်တည်းက လုံးဝ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိပါ။ ... အကြောင်းကတော့ ပကတိဟင်းလင်းပြင်

အဆင့် တာအို သခင်ကြီးများ မည်မျှ အထိ ဒုက္ခ ပေးနိုင်စွမ်း ရှိသနည်း ဆိုသည့် အချက် ကြောင့်ပါပင်။

သူတို့ အနေဖြင့် ထို နှစ်ဦးကို ထွက်ပြေး ရန် တွန်းအားပေးနိုင်ပြီး... အင်မော်တယ် တစ်သောင်း နန်းတော်ကို တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ မှ

ထွက်ပြေးသွားစေဖို့လောက်သာ မျှော်လင့် ထားခဲ့ကြ၏။

ဒါကပင် ကြီးမားသော အောင်ပွဲ တစ်ခု ဖြစ်နေခဲ့ပြီ။

အင်မော်တယ် တစ်သောင်း နန်းတော်ကို လုံးဝ အမြစ်ဖြုတ်နိုင်ရန် အတွက်ကတော့... တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် နှစ်ဦး စလုံးကို အပြီးသတ် ဖြေရှင်းနိုင်မည့် နည်းလမ်း ၊ စွမ်းအား တစ်ခု ရှိနေမှ သာလျှင် ဖြစ်ပေလိမ့်မည်။

ထိုသို့ မှ မဟုတ်ဘဲ အကယ်၍ ထို နှစ်ဦး အား ခွေးရူးများ အလား ရူးသွပ်သွားရန် တွန်းပို့ ခံလိုက်ရပြီး... မြေကမ္ဘာအင်မော်တယ်စံအိမ် အပေါ် လျှို့ဝှက်စွာ လက်စားချေ မည် ဆိုပါက မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် ကြီးမားလှသော တန်ဖိုး တစ်ရပ်ကို သေချာပေါက် ပေးဆပ် ရပေလိမ့်မည်။

သို့သော်ငြားလည်း...တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ က ကြောက်ရွံ့ဖွယ် ကောင်းလှသော စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ မမျှော်လင့် ဘဲ ဝင်ရောက်သွားခဲ့ကြခြင်း က တာအို သခင်ကြီး ဟုန်ယွဲ့ ၏ မျှော်လင့် ထားမှုများကို အနည်းငယ် ကျော်လွန်သွားခဲ့သည်။

သာမန် အားဖြင့် ပြောရမည် ဆိုလျှင် နှစ်ဦးစလုံး က ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီးများ ဖြစ်နေကြ သော်ငြားလည်း... စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ဝင်ရောက် ခြင်း က ကံကောင်းခြင်း ထက် ကံဆိုးမှု အဖြစ်သို့ အဆုံးသတ်သွားနိုင်ခြေ ပိုများ သည်။

သူတို့ က သေဆုံးသွားသည် အထိ ၎င်း၏ အတွင်း၌ မျက်စိ လမ်းလွဲသွားနိုင်ခြေ များလှ၏။

သူတို့ က ကံကောင်းထောက်မပြီး ကျင့်ကြံခြင်း ကမ္ဘာ သို့ ပြန်လည် ရောက်ရှိလာနိုင်မည့် အခွင့်အရေး အနည်းငယ် ရှိနေ သော်ငြားလည်း... မည်သည့် တိကျသော နေရာသို့ ရောက်ရှိသွားမည် နည်း ဆိုသည်ကိုတော့ ပြောရခက်သည်။

ဤအရာ က တာအို သခင်ကြီး ဟုန်ယွဲ့ကို တိတ်တဆိတ် ဝမ်းသာ ပီတိ ဖြစ်စေခဲ့သော အရာ ဖြစ်၏။

တာအို သခင်ကြီး ဟုန်ယွဲ့ကို အနည်းငယ် စိုးရိမ် ပူပန် စေခဲ့သော တစ်ခုတည်းသော အရာမှာကား..အကယ်၍များ... ထို နှစ်ဦး က မသေဘဲ ပြန်လာနိုင်ခဲ့မည် ဆိုလျှင်ကော၊ ဘယ်လို လုပ်မလဲ။

ဖြစ်နိုင်ခြေ က အလွန်အမင်း နည်းပါး လှသော်ငြားလည်း ဒါက လုံးဝ မဖြစ်နိုင်သော အရာ တစ်ခုတော့ မဟုတ်ပါချေ။

"ဒီလို မဖြစ်ဖို့ ငါ မျှော်လင့် ပါတယ်... တကယ်လို့ ဒီလို ဖြစ်လာခဲ့ရင် တောင် မှ အဲဒါ က ငါ့ရဲ့ မြေကမ္ဘာအင်မော်တယ် စံအိမ် ရဲ့ စွမ်းအား တွေနဲ့ ဩဇာ လွှမ်းမိုးမှု တွေ ပိုမို အားကောင်း လာပြီးတဲ့နောက် ပြီးတော့ ငါကိုယ်တိုင် လည်း ပကတိဟင်းလင်းပြင်နှောင်းပိုင်း ၊ နဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ရှိသွားပြီးတဲ့နောက်မှ ဖြစ်လာ ဖို့ပဲ မျှော်လင့် ပါတယ်"

တာအို သခင်ကြီး ဟုန်ယွဲ့ က တိတ်တဆိတ်.. တွေးတောလိုက်သည်။

တာအို သခင်ကြီး ဟုန်ယွဲ့ တစ်ယောက် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် ဂိုဏ်း ဆီသို့ ပြန်ရောက် လာသော အခါ... တာအို သခင်ကြီး ကျိုလင်၊ တာအို သခင်ကြီး ရှစ်ဝမ် နှင့် အခြား သူများ က ထိုနေရာ သို့ ပြန်လည် ရောက်ရှိနေခဲ့သည်မှာ အတန်ကြာခဲ့ပြီပင်။

အားလုံး ခြုံပြောရမည် ဆိုလျှင် တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ က အလွန်အမင်း ရူးသွပ် လွန်းလှ၏။ သူတို့ က ဟင်းလင်းပြင် ၏ အနက်ရှိုင်းဆုံးနေရာများ ဆီသို့ တိုက်ရိုက် ထိုးဆင်းသွားခဲ့ကြရာ မည်သူ ကများ လိုက်လံ ဖမ်းဆီး ရဲပါတော့မည်နည်း။

အဆင့်မြင့် ဟင်းလင်းပြင် လွတ်မြောက်ခြင်း နည်းစနစ်များ မကျွမ်းကျင်ထားဘဲ ဒုတိယ ဟင်းလင်းပြင် အလွှာ ဆီသို့သွားရောက် ခြင်းပင်လျှင် သူတို့အတွက် အနည်းငယ် အန္တရာယ်များလှသည်။ တစ်ခဏမျှ နေခြင်းက အဆင်ပြေသော်ငြားလည်း အချိန် ကြာမြင့်စွာ မနေရဲကြပါချေ။

ထို့ကြောင့် တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ က တတိယ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ဝင်ရောက်သွားသော အခါ... သူတို့ က လက်လျှော့လိုက်ကြပြီး စောင့်ဆိုင်း ရန် ဤနေရာ သို့သာ ပြန်လာနိုင်တော့သည်။

တာအို သခင်ကြီး ဟုန်ယွဲ့ ပြန်ရောက် လာသည်ကို မြင်သော အခါ တာအို သခင်ကြီး ကျိုလင် က စိတ်အား ထက်သန်စွာ ဖြင့် မေးလိုက်၏။

"မဟာမိတ် ခေါင်းဆောင်ကြီး... တာအို သခင်ကြီးလော့ဟယ် နဲ့ တာအို သခင်ကြီးထျန်းယန် တို့ကော ဘယ်လိုနေပါသလဲ"

အခြား သူများ ကလည်း တာအို သခင်ကြီး ဟုန်ယွဲ့ ရှိရာဆီသို့ အကြည့်ပို့လိုက်ကြသည်။

တာအို သခင်ကြီး ဟုန်ယွဲ့ က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်၏။

"သူတို့... စတုတ္ထ ဟင်းလင်းပြင် အလွှာ ထဲကို ဝင်သွား ကြတယ်"

‘ဟင်..

စတုတ္ထ ဟင်းလင်းပြင် အလွှာ ထဲကို... လား’

တာအို သခင်ကြီး ကျိုလင်၊ တာအို သခင်ကြီး ရှစ်ဝမ် ၊ တာအို သခင်ကြီး ထျန်းဟော့နှင့် အခြား သူများ လုံးဝ အံ့အားသင့်သွားခဲ့ကြတော့၏။

သူတို့ က ဘယ်လိုတောင် သတ္တိ ရှိရတာလဲ။

သို့သော် အံ့အားသင့်သွားပြီးနောက်တွင် တာအို သခင်ကြီး ကျိုလင်မှာ တကယ်တမ်းတွင်တော့ အလွန်အမင်း ဝမ်းသာ ပီတိ ဖြစ်သွားရသည်။

စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ဝင်ရောက် ခြင်း က အခြေခံ အားဖြင့် (၁၀) ပုံတွင် (၉) ပုံမှာ သေချာပေါက် သေဆုံး ရမည် သာ။

‘ဒီလို မမျှော်လင့် ထားတဲ့ ဝမ်းသာ စရာ အပြောင်းအလဲ မျိုး တကယ် ရှိနေတာလား’

ယခု တစ်ကြိမ်တွင် သူတို့ က တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ကို ထိခိုက်နိုင်လိမ့်မည် ဟု သူမ က တစ်ခါမျှ တွေးတောနေရန် အချိန် မရခဲ့ပါချေ။

ထို နှစ်ဦး က သူတို့၏ ကိုယ်ပိုင် ဆန္ဒ အလျောက် စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ဝင်ရောက် ကာ သေလမ်း ရှာနေကြလိမ့်မည် ဟု မည်သူ ကများ ထင်မှတ် ထားခဲ့ပါမည်နည်း။

တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ မရှိတော့ သည် နှင့် တစ်ပြိုင်နက်... အင်မော်တယ် တစ်သောင်း နန်းတော်မှာ အခြေခံ အားဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကာ အရေးမပါနိုင်တော့ပေ။

တာအို သခင်ကြီး ရှစ်ဝမ်၊ တာအို သခင်ကြီး နဂါးနက်၊ တာအို သခင်ကြီး ထျန်းဟော့နှင့် အခြား သူများ က အံ့အားသင့်နေမှု မှ ပြန်လည် သတိ ဝင်လာကြ၏။ သူတို့၏ မျက်နှာအမူအရာများ အဆက်မပြတ် ပြောင်းလဲသွားခဲ့ကြ၏။ အထူးသဖြင့် တာအို သခင်ကြီး နဂါးနက် နှင့် တာအို သခင်ကြီး ထျန်းဟော့ တို့ ကဲ့သို့သော သူများ ဖြစ်ကြသည်။

ဤ ရလဒ် က သူတို့ လိုချင်ခဲ့သော အရာ မဟုတ်ပါချေ။

အကောင်းဆုံး အခြေအနေမှာ အင်မော်တယ် တစ်သောင်း နန်းတော် ၏ စွမ်းအားများကို နဂို အတိုင်း ထိန်းသိမ်း ထားပြီး အင်မော်တယ် တစ်သောင်း နန်းတော်ကို တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ မှ ထွက်ပြေးသွားစေရန် မောင်းထုတ်လိုက်ခြင်းပင်။

မြေကမ္ဘာအင်မော်တယ်စံအိမ် အပေါ် အငြိုးအတေး ထားရှိသော အင်မော်တယ် တစ်သောင်း နန်းတော် တစ်ခု နှင့် အတူ...ဒါက အကောင်းဆုံး ရလဒ်ပင် ဖြစ်ခဲ့ပေလိမ့်မည်။

သို့ရာတွင် ယခုတော့ အားလုံး ပြီးဆုံးသွားခဲ့၏။

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာမှာ မြေကမ္ဘာအင်မော်တယ်စံအိမ် တစ်ခုတည်း ၏ ကြီးစိုး ခြယ်လှယ် မှု အောက်သို့ အမှန်တကယ် ရောက်ရှိသွားတော့မည်။

All Chapters