အခန်း ၈၇၃
Vol. 59 Ch. 873
အခန်း (၈၇၃) အင်မော်တယ် တစ်သောင်း နန်းတော် ပျက်သုဉ်းခြင်း
အံ့ဩတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များ အားလုံးသည် တာအို သခင်ကြီး ဟုန်ယွဲ့ကိုင်ဆောင်ထားသော ဟင်းလင်းပြင် မဟာ တာအို အဆင့်မြင့် မှော်လက်နက် ဆီမှ စတင် မြစ်ဖျားခံလာခဲ့ခြင်းပင်တည်း။
ထို အဆင့်မြင့် မှော်လက်နက် သာ မပါရှိခဲ့လျှင် ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် နှင့် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့မှ တာအို သခင်ကြီးများ၏ ဝိုင်းရံ ပိတ်ဆို့မှုကို ရင်ဆိုင်နေရသည် တိုင်အောင် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် တို့မှ ထို သုံးဦး သာလျှင် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် ဂိုဏ်း အတားအဆီးများနောက်ကွယ်တွင် လုံးဝ တုန်လှုပ်ခြင်း မရှိဘဲ တည်ငြိမ်စွာ ရပ်တည်နေနိုင်လေမည်။
သို့သော်ငြား ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အတားအဆီးများသည် တာအို သခင်ကြီး ဟုန်ယွဲ့ ၏ လက်ချက်ဖြင့် အလွယ်တကူ ကျိုးပျက်
သွားခဲ့ရချိန်တွင် ထို သုံးဦးမှာ လူတိုင်း၏ ရှေ့မှောက်တွင် ဗြောင်ကျကျ ထွက်ပေါ် လာခဲ့ရတော့၏။
အထူးသဖြင့် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ လေ့တင်းထျန်း သာ ထွက်ပြေး မသွားခဲ့လျှင် ထို သုံးဦး ၏ စုပေါင်း အင်အား ဖြင့် တစ်ဦးကို တစ်ဦး အထောက်အကူ ပြုကာ တစ်ချိန်တည်းတွင် တိုက်ခိုက် ရင်း ဆုတ်ခွာနိုင်မည့် အခွင့်အရေး မျိုး ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း လေ့တင်းထျန်းမှာ ထွက်ပြေး ရာတွင် အမြန်ဆန်ဆုံးပင် ဖြစ်နေခဲ့၏။ သူက တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ကို မျက်စိတစ်မှိတ် အတွင်း စွန့်ပစ် ထားရစ်ခဲ့ပြီး အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
တာအို သခင်ကြီး ဟုန်ယွဲ့ က ဟင်းလင်းပြင် မှော်ရတနာ ဖြစ်သည့် အဆင့်မြင့် မှော်လက်နက်ကို ကိုင်ဆောင် ထားသည်ကို လည်းကောင်း တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ မှ တာအို သခင်ကြီးများ နှင့် မိစ္ဆာ အရှင်သခင် တို့ တိုက်ခိုက် လာသည်ကို လည်းကောင်း မျက်မြင် တွေ့ရှိနေရချိန်တွင် တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ အနေဖြင့် မည်သို့လျှင် မတုန်လှုပ် ဘဲနေနိုင် ပါတော့မည်နည်း။
အကယ်၍ သူတို့သာ တာအို သခင်ကြီး ဟုန်ယွဲ့ ၏ လက်တွင်း သို့ ကျရောက်သွားခဲ့မည် ဆိုပါက သေချာပေါက် အသက်ရှင်နိုင်မည် မဟုတ်ပါချေ။
ဟင်းလင်းပြင် ၏ တိမ်သော အလွှာများ အတွင်းသို့ ထွက်ပြေး လွတ်မြောက် ရန် ကိစ္စ အတွက် ကတော့ ဟင်းလင်းပြင် မဟာ တာအို ၏ အဆင့်မြင့် မှော်လက်နက်ကို ရင်ဆိုင်နေရချိန်တွင် သူတို့ မည်မျှပင် မြန်ဆန်စွာ ထွက်ပြေးနိုင်စေကာမူ တာအို သခင်ကြီး ဟုန်ယွဲ့ နှင့် အခြား သူများကို မည်သို့လျှင် ကျော်တက်နိုင်ပါတော့မည်နည်း။
သူတို့ အတွက် ကျန်ရှိနေသော တစ်ခုတည်း သော ရွေးချယ်စရာမှာ ဟင်းလင်းပြင် ၏ ပိုမို နက်ရှိုင်းသော အလွှာများ အတွင်းသို့ ထွက်ပြေး ရန် သာ။ အကယ်၍ သူတို့ သာ ဟင်းလင်းပြင် အတွင်းမှ ပြန်လည် ထိုးဖောက် ထွက်လာနိုင်လျှင် အသက်ရှင် လွတ်မြောက်နိုင်မည့် မျှော်လင့်ချက် ရောင်ခြည် သေးသေးလေး တစ်ခုကို ရရှိနိုင်ပေလိမ့်မည်။
*
ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ရှိ အင်မော်တယ် ဂိုဏ်း ၏ တံခါးဝ အတွင်း၌ ဖြစ်သည်။
တာအို သခင်ကြီး ကျိုလင် သည် လုံးဝ ပျက်စီးနေခြင်း မရှိသော တံခါးများကို ကြည့်ရင်း မျက်ရည်များပင် ကျဆင်း လာရသည် အထိ လွန်စွာ စိတ်လှုပ်ရှားနေခဲ့၏။
တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ အထိတ်တလန့် ဖြင့် နက်ရှိုင်းလှသော ဟင်းလင်းပြင် အတွင်းသို့ ထွက်ပြေးသွားကာ မျက်စိ လမ်းလွဲသွားခဲ့ရ သည် ဆိုသော အချက် က သူမ တွေးထင်ထားခဲ့သည်ထက် ပို၍ ကောင်းမွန်နေခဲ့သည်။
သူမတို့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ ကြီးမားလှသော နာကြည်းမှုကြီးမှာ ဤနည်းဖြင့်ပင် ကလဲ့စား ချေပြီးသား ဖြစ်သွားနိုင်သည်။
သူမ က တာအို သခင်ကြီး ဟုန်ယွဲ့ ရှိရာ ဘက်သို့ လှည့်ကာ ရိုသေ လေးစားစွာ ဖြင့် ဦးညွှတ်လိုက်၏။
"တာအိုမိတ်ဆွေ... ကျွန်မ.. ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ရဲ့ ကိစ္စရပ် တွေကို ဖြေရှင်းပြီးသွားတာ နဲ့ တစ်ပြိုင်နက်...ကိုးဝိညာဉ် အင်မော်တယ် တောင်တန်းကို မြေကမ္ဘာ
အင်မော်တယ်စံအိမ် ထဲမှာ ပေါင်းစည်း ဖို့ ကိစ္စ အတွက် မြေကမ္ဘာ
အင်မော်တယ်စံအိမ်ကို လာရောက် ဆွေးနွေး ပါ့မယ်"
“ဝှီး... ”
တစ်နာရီပင် မပြည့်မီ အချိန် လေး အတွင်းမှာပင် ရှေးဟောင်း ချန်ကု အင်မော်တယ် မြို့တော် မှ တာအို သခင်ကြီး သုံးပါး ပြန်လည် ရောက်ရှိ လာခဲ့ကြသည်။ သူတို့ ထဲမှ နှစ်ဦးမှာ ဒဏ်ရာများ ရရှိ ထားခဲ့ သော်ငြားလည်း ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေး ကတော့ လုံးဝ အထိအခိုက် မရှိခဲ့ပါချေ။
မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ တာအို သခင်ကြီးကို လိုက်လံ ဖမ်းဆီး သတ်ဖြတ် ရန် သူတို့၏ ကြိုးပမ်းမှုမှာ အဆုံးသတ် မလှခဲ့သည်မှာ ရှင်းလင်း၏။ သူတို့ က ထိုသူကို ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါချေ။
ယင်း မိသားစု ၏ ဘိုးဘေး နှင့် အခြား သူများ က တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ထွက်ပြေးသွားခဲ့ကြကြောင်းကို သိရှိလိုက်ရ သောအခါ အသာ ခေါင်းယမ်းလိုက်ကြသည်။ ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီးများ အတွက် စတုတ္ထ အလွှာတွင် မျက်စိ လမ်းလွဲသွားနိုင်ခြေမှာ ကိုးဆယ် ရာခိုင်နှုန်း ထက်ပင် ပိုမို များပြား၏။
ကျန်ရှိနေသော ရာခိုင်နှုန်း အနည်းငယ်တွင် လွတ်မြောက်နိုင်မည့် အခွင့်အရေး ငါးဆယ် ရာခိုင်နှုန်း ရှိနေ သော်ငြားလည်း သူတို့ က ဟင်းလင်းပြင် ၏ မည်သည့် ထောင့်စွန်း သို့ လွင့်စင်သွားမည် နည်း ဆိုသည်ကိုတော့ မည်သူမျှ မသိရှိနိုင်ပါချေ။
သူတို့ ဤနေရာ သို့ လုံခြုံ ဘေးကင်းစွာ ပြန်လည် ရောက်ရှိ လာနိုင်မည့် အခွင့်အရေးမှာ တကယ်ကို နည်းပါး လွန်းလှသည်။
မည်သို့ပင် ဆိုစေကာမူ သူတို့ က အင်မော်တယ် တစ်သောင်း နန်းတော်ကို ဘာတွေ ဖြစ်သွား သလဲ ဆိုသည်ကို သိပ်ပြီး ဂရုမစိုက်ခဲ့ကြပါချေ။ တာ့ချန် သို့ သူတို့ လာရောက်ခဲ့ရခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ မိုးကြိုး နဂါး အင်မော်တယ် မင်းဆက်ကို ပစ်မှတ် ထားရန် နှင့် ဤ ကြီးထွား လာနေသော တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ အင်အားစု အခြေအနေ မည်သို့ ရှိနေသနည်း ဆိုသည်ကို အကဲခတ် စောင့်ကြည့် ရန်သာ။
ယခုအခါနောက်တစ်ကြိမ် ထပ်မံ ကြည့်ရှုလိုက်သော အခါတွင် ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေးပင်လျှင် တာအို သခင်ကြီး ဟုန်ယွဲ့ အား ယခင် ကနှင့် မတူညီ သော အကြည့်များ ဖြင့် စောင့်ကြည့် လာခဲ့တော့သည်။
ပကတိဟင်းလင်းပြင်၏ အထွတ်အထိပ် အဆင့် နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင် ထားသည့် နတ်ဘုရား ရုပ်တု တစ်ခုကို ပိုင်ဆိုင် ထားသလို ဟင်းလင်းပြင် မဟာ တာအို ၏ အဆင့်မြင့် မှော်လက်နက် တစ်ခုကို ထိန်းချုပ်နိုင်စွမ်း လည်း ရှိနေ၏။ ၎င်း အပြင် ဟင်းလင်းပြင် တာအိုကို နားလည် သဘောပေါက် ထားသော ပါရမီရှင် တစ်ဦးကိုလည်း မိသားစု အတွင်း ပိုင်ဆိုင် ထားသေး သည်။
ဤ မြေကမ္ဘာအင်မော်တယ်စံအိမ် သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ စွမ်းအားမှာ လုံးဝ အားနည်းနေခြင်း မရှိပေ။
"ဂုဏ်ယူပါတယ်… တာအိုမိတ်ဆွေ"
ယင်း မိသားစု ၏ ဆဋ္ဌမ ဘိုးဘေး က အပြုံး တစ်ခု ဖြင့် ပြောလိုက်ပြီး တာအို သခင်ကြီး ဟုန်ယွဲ့ အား သူ၏ ဂုဏ်ပြု စကားများကို ကမ်းလှမ်းလိုက်သည်။
တာအို သခင်ကြီး နှစ်ပါး မရှိတော့ သည့်နောက် အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျန်ရှိနေသော လူများမှာ အခြေခံ အားဖြင့် မည်သည့် ခြိမ်းခြောက်မှု မျိုးမျှ မဖြစ်နိုင်တော့။
တာအို သခင်ကြီး ကျိုလင် သည် တံခါးဝ အတွင်းရှိ အင်မော်တယ် တစ်သောင်း နန်းတော် မှ လူများ အားလုံးကို တစ်ဦး တစ်ယောက် မျှ ချန်လှပ် မထားဘဲ အားလုံးကို ကွပ်မျက် သတ်ဖြတ်လိုက်ပြီး သူမ၏ ဒေါသများကို ဖြေဖျောက်ကာ နတ်မိမယ် ကျိုလင် နှင့် အခြား သူများ အတွက် ကလဲ့စား ချေလိုက်သည်။
ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ၏ အင်မော်တယ် ဂိုဏ်းကို ရှင်းလင်း ပြီးနောက်တွင် ထို အဖွဲ့ က အင်မော်တယ် တစ်သောင်း နန်းတော် ၏ နယ်မြေများ ဆီသို့ ဆက်လက် ချီတက် လာခဲ့ကြသည်။
အစပထမတွင်တော့ သူတို့၏ အစီအစဉ်မှာ အင်မော်တယ် တစ်သောင်း နန်းတော်ကို မောင်းထုတ် ပစ်ရန် သာလျှင် ဖြစ်ခဲ့ သော်ငြားလည်း ယခုအခါတွင် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ က အင်မော်တယ် တစ်သောင်း နန်းတော် အင်မော်တယ် ဂိုဏ်း ၏ တံခါးများကို တန်းတန်းမတ်မတ်ပင် ဝိုင်းရံလိုက်ကြတော့သည်။
လူသူ ကင်းမဲ့ ကာ မှောင်မည်းနေသော ဟင်းလင်းပြင် ၏ ကျယ်ပြောလှသော လွင်ပြင် ကြီး ထဲတွင်
တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန်တို့ ဤနေရာ သို့ ထွက်ပြေး လာခဲ့ကြသည်။ ရေတွက်၍ မရနိုင်သော ဖရိုဖရဲ ဟင်းလင်းပြင် ရေစီးကြောင်းများ၏ ဝိုင်းရံခံနေကြ ရသည်။ သူတို့ က မလှုပ်မယှက် ရပ်နေခဲ့လျှင် တောင် မှ သူတို့၏ နေရာ က မျက်စိတစ်မှိတ် အတွင်း အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
ဤနေရာ သို့ ဝင်ရောက် လာပြီးနောက် သူတို့ နှစ်ဦး စလုံးမှာ ကျင့်ကြံခြင်း ကမ္ဘာ ကြီး တည်ရှိနေမှုကို လုံးဝ ခံစား သိရှိနိုင်စွမ်း မရှိတော့။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော အခါ သူတို့ က အမှောင်ထု နှင့် လေဟာပြင် ကြီးကိုသာ မြင်တွေ့ခဲ့ကြ ရသည်။
အကယ်၍ သူတို့ က ဟင်းလင်းပြင်ကို ဖောက်ထွင်း ပြီး တတိယ ဟင်းလင်းပြင် အလွှာ ဆီသို့ ပြန်လည် ထွက်ပြေး ချင်ခဲ့လျှင် တောင် မှ သူတို့ က ထိုသို့ ပြုလုပ်နိုင်စွမ်း မရှိခဲ့ပေ။
ဤအရာကို သဘောပေါက်သွားသော အခါ တာအို သခင်ကြီးထျန်းယန် မျက်နှာ ဖြူရော်သွားခဲ့ပြီး မျှော်လင့်ချက် မဲ့စွာ ဖြင့် ပြောလိုက်သည်။
"ဘိုးဘေး လော့ဟယ်... ကျွန်တော်တို့ ဘာလုပ်ကြ မလဲ... အခု ကျွန်တော်တို့ စတုတ္ထ အလွှာ ထဲကို ရောက်လာခဲ့ပြီ ဆိုတော့ ကျွန်တော်တို့ ဘယ်လို လုပ်ပြီး ပြန်သွား လို့ ရတော့မလဲ"
"ကျွန်တော်တို့ နှစ်ယောက် မရှိဘဲ နဲ့... အင်မော်တယ် တစ်သောင်း နန်းတော် ဟာ သတ်ဖြတ် ခံရမယ့် သိုးလေး တစ်ကောင် လို ဖြစ်သွား ပြီ... မြေကမ္ဘာ အင်မော်တယ်စံအိမ်ကို လုံးဝ တားဆီးနိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး"
ဤ အခိုက်အတန့်တွင် တာအို သခင်ကြီးထျန်းယန် ၏ ရင်တွင်း၌ နောင်တ တရားများ ပြည့်နှက်သွားခဲ့ရ၏။ အကယ်၍ သူသာ ကြိုတင် သိရှိခဲ့မည် ဆိုလျှင် လွန်ခဲ့သော နှစ်များ က မြေကမ္ဘာအင်မော်တယ်စံအိမ် အင်အား ကြီးထွား လာချိန်တွင် သူတို့ က အစွမ်းကုန် အင်အား ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သင့်သည်။
ထို အချိန်တုန်းက ဆိုလျှင် ဟုန်ယွဲ့မှာ တာအို သခင်ကြီး တစ်ပါးပင်လျှင် ဖြစ်မလာသေးချေ။
အကယ်၍ အင်မော်တယ် တစ်သောင်း နန်းတော် ကသာ တန်ဖိုး တစ်ရပ်ကို ပေးဆပ် ရန် ဆန္ဒ ရှိခဲ့လျှင် မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဖောက်ထွင်း ဝင်ရောက် ကာ ဖမ်းဆီး သိမ်းပိုက်နိုင်ရန် ဖြစ်နိုင်ခြေ ရှိခဲ့သည်။
ထိုသို့ ဆိုလျှင် အင်မော်တယ် တစ်သောင်း နန်းတော် အနေဖြင့် ဆုံးရှုံးမှုများ ခံစားခဲ့ရလျှင် တောင် မှ ယခု လက်ရှိ အခြေအနေ သို့ ကျဆင်းသွားရသည် ထက် ကားများစွာ ပိုမို ကောင်းမွန်မည်ပင်။
မြေကမ္ဘာအင်မော်တယ်စံအိမ် က အဆင့် (၆) အဆင့်မြင့် နတ်ဘုရား ရုပ်တု တစ်ခု နှင့် ဟင်းလင်းပြင် မဟာ တာအို ၏ အဆင့်မြင့် မှော်လက်နက် တစ်ခုကို အမှန်တကယ် ရရှိ လာလိမ့်မည် ဟု သူ တစ်ခါမျှ မထင်မှတ် ထားခဲ့ဖူးပါ။
ထို အရာ နှစ်ခု ထဲမှ မည်သည့် အရာ က မဆို အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျောရိုးကို ရိုက်ချိုးလိုက်သည့် နောက်ဆုံး ကောက်ရိုးမျှင်လေး တစ်ခုပင် ဖြစ်လာခဲ့၏။
ထို နတ်ဘုရား ရုပ်တု သာ မရှိခဲ့လျှင် သူတို့ က အန္တရာယ်ကို ရင်ဆိုင် ကာ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း အား ကြိုးကိုင်ရန် အတွက် မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် နှင့် ပူးပေါင်း ရန် ရွေးချယ်ခဲ့မည် မဟုတ်သလို မြေကမ္ဘာအင်မော်တယ်စံအိမ် အပေါ် ပူးပေါင်း ကြံစည်ခဲ့မည် လည်း မဟုတ်ချေ။
ထို ဟင်းလင်းပြင် မှော်ရတနာ သာ မရှိခဲ့လျှင် သူတို့ က စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ထွက်ပြေး ရန် ရွေးချယ်ခဲ့မည် မဟုတ်သလို ဤနေရာတွင် မျက်စိ လမ်းလွဲသွားခဲ့မည် လည်း မဟုတ်ပေ။
ယခုအခါတွင် သူတို့ နှစ်ဦး ဤနေရာတွင် မျက်စိ လမ်းလွဲနေချိန် ၌ အင်မော်တယ် တစ်သောင်း နန်းတော်မှာ အန္တရာယ်တွင်း သို့ ကျရောက်သွားခဲ့၏။
"မတုန်လှုပ်ပါနဲ့"
တာအို သခင်ကြီးလော့ဟယ် က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ တာအို သခင်ကြီးထျန်းယန်ကို စတုတ္ထ ဟင်းလင်းပြင် အလွှာ ထဲသို့ ဦးဆောင် ခေါ်လာခဲ့သူမှာ သူ သာလျှင် ဖြစ်ပြီး ထိုနေရာ ၏ အခြေအနေများကို သူ ကောင်းစွာ ရင်းနှီး ကျွမ်းဝင် သည်။
သို့သော် လတ်တလော အခြေအနေတွင် သူတို့ နှစ်ဦး စလုံးမှာ တကယ်ပဲ ရွေးချယ်စရာ ရှိခဲ့လို့လား။