← Chapters

အခန်း ၈၇၄

Vol. 59 Ch. 874

အခန်း ၈၇၄

Vol. 59 Ch. 874

အခန်း (၈၇၄) - အင်မော်တယ် တစ်သောင်း နန်းတော် ပျက်သုဉ်းခြင်း (အပိုင်း ၂)

တာအို သခင်ကြီး ဟုန်ယွဲ့ ၏ ဟင်းလင်းပြင် မဟာ တာအို အဆင့်မြင့် မှော်လက်နက် ၏ ထောင်ချောက် ဆင် ဖမ်းဆီး မှုကို ခံလိုက်ရ သည် နှင့် တစ်ပြိုင်နက် သူတို့အနေဖြင့် တာအို သခင်ကြီး ရှစ်ပါး နှင့် မိစ္ဆာ အရှင်သခင် တစ်ပါး တို့၏ ဝိုင်းရံ ပိတ်ဆို့မှု ကြီးကို သေချာပေါက် ရင်ဆိုင် ရပေတော့မည်။

ထိုသို့ ဆိုလျှင် သူတို့၏ အဆုံးသတ်မှာ သေချာပေါက် သေဆုံး ရမည် သာ။

ထိုသို့ ဝိုင်းရံ အသတ်ခံ ရမည့် အစား... ဤ စတုတ္ထ ဟင်းလင်းပြင် အလွှာ အတွင်းသို့ ထွက်ပြေး ကာ လွတ်မြောက်နိုင်မည့် အခွင့်အရေး အနည်းငယ်ကို ရှာဖွေ ခြင်း က ပို၍ ကောင်းမွန်၏။

အချိန် အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက်

တာအို သခင်ကြီးလော့ဟယ် ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားသွားခဲ့ပြီး... မိစ္ဆာ ချီစွမ်းအားများ ရစ်သိုင်းနေသော ပစ္စည်း တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ ရှေးဟောင်း အင်မော်တယ်များ၏ နယ်မြေ အနက်ရှိုင်းဆုံးနေရာ ထဲမှ သူ ရှာဖွေ တွေ့ရှိခဲ့သော ကျိုးပဲ့နေသည့် အမိန့်ပေး တံဆိပ်ပြား တစ်ဝက်ပင် ဖြစ်သည်။

အမိန့်ပေး တံဆိပ်ပြား ပေါ်တွင် စကားလုံး နှစ်လုံးကို ဖတ်ရှု ၍ ရနိုင်သေး ပြီး ၎င်းတို့မှာ... ချန် နန်းတော် (ပုစဉ်းရင်ကွဲ နန်းတော်) ဟူ၍ ဖြစ်သည်။

တာအို သခင်ကြီးထျန်းယန် က မိစ္ဆာ ချီစွမ်းအားများ ထွက်ပေါ် လာသည်ကို ခံစား သိရှိလိုက်ရ သောအခါ သူ၏ မျက်ခုံးများ က တွန့်ကွေးသွားခဲ့ပြီး အမိန့်ပေး တံဆိပ်ပြားကို လှမ်းကြည့်လိုက်သည်။

"ဘိုးဘေး လော့ဟယ်... ဒါက ဘာကြီးလဲ"

တာအို သခင်ကြီးလော့ဟယ် က မျက်မှောင်ကြုတ်လိုက်၏။

"ငါလည်း မသိဘူး... ဒါပေမဲ့ ဒီ အမိန့်ပေး တံဆိပ်ပြား က သာမန် ပစ္စည်း မဟုတ်ဘူး ဆိုတာကိုတော့ ငါ သိတယ်... သူက ပိုပြီး မြင့်မား တဲ့ အဆင့် တစ်ခု ရဲ့ အမွေအနှစ် နဲ့ ပတ်သက် ဆက်နွှယ်နေနိုင်တယ်"

"မိစ္ဆာ လမ်းစဉ် အမွေအနှစ် တစ်ခု လား"

တာအို သခင်ကြီးထျန်းယန် ၏ မျက်လုံးများ က စူးရှသွားခဲ့သည်။

တာအို သခင်ကြီးလော့ဟယ် က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

ထို့နောက် သူ က ဆက်ပြောလိုက်သည်။

"ဒီ အမိန့်ပေး တံဆိပ်ပြား က ကျင့်ကြံခြင်း ကမ္ဘာ ကြီး ရှိနေတဲ့ အရပ်မျက်နှာကိုလည်း အာရုံခံ သိရှိနိုင်စွမ်း ရှိတယ်"

"ဒါပေမဲ့..."

တာအို သခင်ကြီးထျန်းယန် ၏ မျက်နှာ က လင်းလက်သွားခဲ့ သော်ငြားလည်း... တာအို သခင်ကြီးလော့ဟယ် က တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရ သောအခါ တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ သူ၏ ရင်ထဲတွင် စူးနစ်သွားခဲ့ရပြီး ပြောလိုက်သည်။

"ဒီ အမိန့်ပေး တံဆိပ်ပြား က ညွှန်ပြနေတဲ့ အရပ်မျက်နှာ ဟာ တာ့ချန် မဟုတ်ဘူး ဆိုတာမျိုး တော့ မဟုတ်ပါဘူးနော်"

တာအို သခင်ကြီးလော့ဟယ် က ပြောလိုက်သည်။

"ဖြစ်နိုင်ခြေ အများကြီး ရှိတယ်... အဲဒါက ချန်ကျိုး နယ်မြေ တောင် မှ မဟုတ်နိုင်ဘူး... တိတိကျကျ ဘယ်နေရာ လဲ ဆိုတာကိုတော့ ငါလည်း သေချာ မသိဘူး"

အချိန် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်... ထို နှစ်ဦး စလုံး က မိစ္ဆာ လမ်းစဉ် အမိန့်ပေး တံဆိပ်ပြား ညွှန်ပြ ရာ အရပ် သို့လိုက်သွား ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့တွင် တခြား ရွေးချယ်စရာ မရှိပါချေ။

သူတို့ အနေဖြင့် တာ့ချန် ရှိရာ အင်မော်တယ် တစ်သောင်း နန်းတော် သို့ လျင်မြန်စွာ ပြန်လည် ရောက်ရှိသွားနိုင်ရန် သာလျှင် မျှော်လင့်နိုင်တော့ သည်။

သို့သော်ငြား အဆုံးအစ မဲ့သော ဟင်းလင်းပြင် ကြီး ထဲတွင် အသက် အန္တရာယ် နှင့် နီးစပ်လှသော အန္တရာယ်များစွာကို ရင်ဆိုင် ဖြတ်သန်းခဲ့ရပြီးနောက်... တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ နှစ်ဦး စလုံးမှာ အသက် သေဆုံး လုနီးပါးပင် ဖြစ်ခဲ့၏။ ...နောက်ဆုံးတွင်တော့ ဟင်းလင်းပြင် အက်ကွဲကြောင်း တစ်ခုကို ရှာဖွေ တွေ့ရှိသွားခဲ့ကာ ၎င်း၏ အတွင်းသို့ ထွက်ပြေး လွတ်မြောက် ရန် အတွက် သူတို့၏ အသက်ကိုပင် ပဓာန မထားဘဲ အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။

ထို နှစ်ဦး ပြန်လည် သတိရ လာသော အခါတွင်... သစ်ပင်များ ထူထပ် ပေါက်ရောက်နေသော တောအုပ် ကြီး တစ်ခု၏ အတွင်း၌ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ကြ ရသည်။

"မြန်မြန်... မြန်မြန် လုပ်ကြစမ်း"

"အဲဒီ ကြယ်ကြွေကြီး က ဒီ တောရိုင်း ကြီး ထဲကို အခုလေးတင် ပျက်ကျ လာခဲ့တာ... ငါ့အတွက် ဝိုင်းရှာ ပေးကြစမ်း၊ အဲဒါက ဘယ်လို ရတနာ မျိုးလဲ ဆိုတာကိုသွားကြည့် ကြရအောင်"

မလှမ်းမကမ်း ဆီမှ အသံများ ထွက်ပေါ် လာခဲ့သည်။

တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြပြီး...နေရာမှ ထရန် ပြင်လိုက်၏။ ထို နှစ်ဦး စလုံး၏ မျက်နှာ အမူအရာများ က ပြောင်းလဲသွားခဲ့ကာ အလွန်အမင်း အားနည်းနေမှု နှင့် အတူ စူးရှ ပြင်းထန်လှသော နာကျင်မှု တစ်ခု က သူတို့၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

စတုတ္ထ ဟင်းလင်းပြင် အလွှာ ထဲမှနေ၍ ဤနေရာ သို့ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီးနောက်... သူတို့၏ ရုပ်ခန္ဓာများ အကြီးအကျယ် ဒဏ်ရာ ရရှိ ထားခဲ့သည် သာမက မှော်စွမ်းအားများမှာလည်း လုံးဝ ခန်းခြောက်သွား၏။ သူတို့၏ တန်ထျန်းများမှာလည်းအစိတ်စိတ် အမွှာမွှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။

သူတို့၏ မူလ နတ်ဘုရား ဝိညာဉ်များမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး အလွန်အမင်း အားနည်းနေခဲ့ကာ... လှုပ်ရှား ရန်ပင်လျှင် အလွန် ခက်ခဲနေခဲ့သည်။

“ဝှစ်... ဝှစ်... ဝှစ်…”

အရပ်မျက်နှာ အသီးသီး မှ ပုံရိပ်များ က သူတို့ကို ဝိုင်းရံ လာခဲ့ကြသည်။

သိပ်မကြာမီမှာပင်... တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့၏ ပတ်ဝန်းကျင် ရှိ လေထုမှာ မိစ္ဆာ ချီစွမ်းအားများ လွှမ်းခြုံ ထားသည့် ပုံရိပ်များဖြင့် ပြည့်နှက်သွားခဲ့တော့သည်။

သူတို့ အားလုံးမှာ မိစ္ဆာ လမ်းစဉ်ကို လိုက်နာ ကျင့်ကြံသူများ ဖြစ်သည်ကတော့ သေချာလှ၏။

သို့သော်ငြား... ဤ မိစ္ဆာ ကျင့်ကြံသူများ က သိပ်ပြီးတော့ စွမ်းအား ကြီးမား လှသည်တော့ မဟုတ်ပါချေ။ သူတို့ အားလုံးမှာ ချီသန့်စင်ခြင်း အဆင့်တွင် သာလျှင် ရှိကြပြီး... သူတို့ ထဲမှ အစွမ်း အထက်ဆုံး သူ ကပင်လျှင် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံခြင်းတွင်သာ ရှိသည်။

သူတို့ က ယာဉ်ပျံများ ပေါ်မှနေ၍ ပျံသန်း လာ၏။ တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ ပြုတ်ကျ လာခဲ့ သဖြင့် တောအုပ် ကြီး ထဲတွင် ဖြစ်ပေါ်နေသော ဧရာမတွင်းကြီးကို မြင်တွေ့လိုက်ရ သောအခါ အားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။

သို့သော် ထို အရှင်သခင် နှစ်ပါး ထံတွင် အသက်ငွေ့ငွေ့ သာ ကျန်ရှိ တော့ပြီး... သေလုမျောပါး အခြေအနေ သို့ ရောက်ရှိနေသည်ကို ခံစား သိရှိလိုက်ရ သောအခါ မိစ္ဆာ ကျင့်ကြံသူများ အဖွဲ့မှာ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာ ပီတိ ဖြစ်သွားခဲ့ကြတော့သည်။

"အင်မော်တယ် လောက က ကြီးမြတ်တဲ့ စွမ်းအားရှင် ကြီးတွေ ပါလား"

"သူတို့ နှစ်ယောက် စလုံးကို သတ်လိုက်ကြ"

သို့သော်ငြားလည်း... တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ အပေါ်သို့ အတင်း ဝင်ရောက် တိုက်ခိုက် ရန် ပြင်လိုက်ချိန်မှာပင်... ဝိညာဉ် စွမ်းအား လှိုင်းလုံးကြီး တစ်ခု က သူတို့ အပေါ်သို့ တိုက်ခတ် လာခဲ့သည်။

"ဝုန်း..."

မျက်စိတစ်မှိတ် အတွင်းမှာပင်... မိစ္ဆာ ကျင့်ကြံသူ ဆယ်ယောက် ကျော် ၏ ဝိညာဉ်များမှာ သူတို့၏ ခန္ဓာကိုယ်များ ထဲမှ ပေါက်ကွဲ ထွက်လာခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ကြီးများ က ကောင်းကင် ပေါ်မှ ပြုတ်ကျသွားခဲ့ကာ သူတို့၏ ကျန်ရှိနေသော ဝိညာဉ်များကို တော့ တာအို သခင်ကြီးလော့ဟယ် က ဖမ်းယူလိုက်သည်။

တာအို သခင်ကြီးလော့ဟယ် က ဤ မိစ္ဆာ ကျင့်ကြံသူများ၏ ဝိညာဉ်များကို တိုက်စား သန့်စင်လိုက်ပြီး... သူ၏ အားနည်းနေသော မူလ နတ်ဘုရား ဝိညာဉ်ကို အရိပ်အယောင် လေး တစ်ခု အဖြစ် အနိုင်နိုင် ပြန်လည် နာလန်ထူ လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင်... သူ က သတင်း အချက်အလက် အချို့ကိုလည်း ရရှိလိုက်သည်။

သို့သော် ထို သတင်း အချက်အလက် က တာအို သခင်ကြီးလော့ဟယ် ၏ မျက်နှာကို အလွန်အမင်း ခက်ထန် ကြမ်းတမ်းသွားစေခဲ့၏။

"မိစ္ဆာ နယ်မြေ... တဲ့လား"

၎င်း က သူ တစ်ခါမျှပင် မကြားဖူးခဲ့သော မိစ္ဆာ နယ်မြေ တစ်ခုပင် ဖြစ်သည်။

ဖြစ်နိုင်ခြေ တစ်ခုတည်း သာလျှင် ရှိသည်... ။ ၎င်းမှာ ဤနေရာ က ချန်ကျိုး နယ်မြေ နှင့် အလွန် ဝေးကွာ လှသည်။

သူ၏ ကျင့်ကြံခြင်း နှင့် မှော်စွမ်းအားများကို ပြန်လည် ရရှိ စေရန် အတွက် ကျင့်ကြံခြင်း နည်းစနစ်ကို အသက်သွင်း ရန် ကြိုးစားလိုက်သည်။

သို့သော် အချိန် အနည်းငယ် ကြာပြီးနောက်တွင်... တာအို သခင်ကြီးလော့ဟယ်မှာ ထို အကြံအစည်ကို လက်လျှော့လိုက်ရ တော့သည်။

သူ၏ ခန္ဓာကိုယ်မှာ လုံးဝ နီးပါး ပျက်စီးနေခဲ့ပြီ ဖြစ်ပြီး ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြု ရန် နှင့် မှော်စွမ်းအားများကို စုစည်း ရန် အတွက် အခြေခံ အားဖြင့်ပင် စွမ်းဆောင်နိုင်ခြင်း မရှိတော့ပါချေ။

ကံကောင်း ထောက်မ စွာ ဖြင့်...သူတို့၏ မူလ နတ်ဘုရား ဝိညာဉ်များမှာ ကြီးမားစွာ ထိခိုက် ပျက်စီးနေခဲ့ သော်ငြားလည်း ရှိနေဆဲပင်။

သူသည် တာအို သခင်ကြီးထျန်းယန် နှင့် အတူ တောရိုင်း ကြီး ထဲမှ လွတ်မြောက် အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပုန်းအောင်း ရန် အတွက် လျှို့ဝှက်နေရာ တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

သို့တိုင်အောင်... မိစ္ဆာ နယ်မြေ အတွင်းသို့ ကျရောက်သွားခဲ့ရပြီး သူတို့၏ ကျင့်ကြံခြင်း နှင့် ခန္ဓာကိုယ်များ နှစ်ခုစလုံးမှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်ရာ ယခု ကစပြီး သူတို့ ဘယ်လို လမ်းစဉ် မျိုးကို လျှောက်လှမ်း ကြရတော့မည် နည်း။

သူတို့ကိုယ်သူတို့ ပုန်းကွယ်လိုက်သည့် အခိုက်အတန့်တွင်... တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့ နှစ်ဦး စလုံးမှာ မျက်လုံးများ ပိတ်လိုက်ကြ၏။ မျက်လုံး ထောင့်စွန်း မှ မျက်ရည် အချို့ ကျဆင်း လာကာ သက်ပြင်းချလိုက်ကြသည်။

"အင်မော်တယ် တစ်သောင်း နန်းတော်... အရာ အားလုံး ပြီးဆုံးသွားခဲ့ပြီ"

...

တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ။

"ဝုန်း..."

ကောင်းကင်နှင့် မြေကြီးမှာ တုန်လှုပ်သွားခဲ့ပြီး... အလွန်အမင်း ခမ်းနား ကြီးကျယ်လှသော အင်မော်တယ် တောင်တန်း လျှို့ဝှက် နယ်မြေ အတားအဆီး ကြီးမှာ ဟင်းလင်းပြင် ကြေးအိုး ငယ်လေး ၏ စွမ်းအား အောက်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်း ကြီး တစ်ခု ပေါ်ထွက် လာသည်။ လူတိုင်း၏ မြင်ကွင်းတွင် တောင်တန်းများ နှင့် နန်းတော်များကို ထုတ်ဖော် ပြသလိုက်လေရာ တာအို သခင်ကြီးများ အဖွဲ့ က အင်မော်တယ် တစ်သောင်း နန်းတော် ဆီသို့ ဆင်းသက် လာခဲ့ကြတော့သည်။

အင်မော်တယ် တစ်သောင်း နန်းတော်၊ ပင်မ တောင်ထိပ်။

အင်မော်တယ် တံခါး မဟာ ခန်းမဆောင် ကြီး ၏ အရှေ့ဘက်တွင်။

နန်းတော် သခင် ကျင်းဟုန်နှင့် အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျန်ရှိနေသော ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကိုးပါးသည် အင်မော်တယ် တံခါး ၏ အတားအဆီးတွင် ဆုတ်ဖြဲ ခံထားရသော ဧရာမ အက်ကွဲကြောင်း ကြီးကို မော့ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများ နှင့် မျက်နှာများ ပေါ်တွင် မျှော်လင့်ချက် မဲ့မှုများ အပြည့်အဝ ဖုံးလွှမ်းနေခဲ့တော့၏။

သိပ်မကြာ သေးမီ အချိန် က... သူတို့၏ အင်မော်တယ် တစ်သောင်း နန်းတော် မှ တာအို သခင်ကြီး နှစ်ပါးမှာ ခြေလှမ်းမှားယွင်းသွားခဲ့ပြီး မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် မှ လူ တစ်ယောက် ၏ ထောင်ချောက် ဆင် ဖမ်းဆီး မှုကို ခံလိုက်ရ ကြောင်း သတင်း လက်ခံ ရရှိခဲ့သည်။

မြေကမ္ဘာအင်မော်တယ်စံအိမ် မှ အဆင့်မြင့် ဟင်းလင်းပြင် မှော်လက်နက် တစ်ခု၏ ခြိမ်းခြောက် မှု အောက်တွင်... သူတို့ က နက်ရှိုင်းလှသော ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီး ပျောက်ဆုံးသွားခဲ့ပြီပင်။

အင်မော်တယ် တစ်သောင်း နန်းတော် ထွက်ပြေး လွတ်မြောက်နိုင်ခြင်း မရှိသေးမီမှာပင်... တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ ၏ ကြီးမြတ်သော စွမ်းအားရှင်ကြီးများ က သူတို့ အပေါ်သို့ ဆင်းသက် လာခဲ့ကြ၏။

နန်းတော် သခင် ကျင်းဟုန် မျက်လုံးများကို ပိတ်လိုက်သည်။ သူ၏ မျက်နှာမှာ ခါးသီး မှု နှင့် မျှော်လင့်ချက် မဲ့မှုများဖြင့် ပြည့်နှက်နေခဲ့၏။ သူက နာကြည်းမှု နှင့် မလိုလားမှုများဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ကောင်းကင်ဘုံ က ငါ့ရဲ့ အင်မော်တယ် တစ်သောင်း နန်းတော်ကို ဖျက်ဆီး ပစ်ချင်နေတာပဲ"

နှစ် တစ်ရာ ကျော် မျှသော အချိန်တိုလေး အတွင်းမှာပင်...

တစ်ချိန် က အလွန် ထွန်းလင်း တောက်ပခဲ့သော အင်မော်တယ် တစ်သောင်း နန်းတော် ကြီး က ဤကဲ့သို့သော အခြေအနေ မျိုး အထိ ကျဆင်းသွားလိမ့်မည် ဟု မည်သူ ကများ တွေးတော ထင်မှတ် ထားခဲ့ပါမည်နည်း။

လွန်ခဲ့သော နှစ် တစ်ရာ ကျော် က မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ ယခင် နန်းတော် သခင် ဟုန်ယွဲ့ပင်လျှင် သူ၏ အရှေ့တွင် စကား ကျယ်ကျယ် မပြောရဲခဲ့ချေ။ ထို့ပြင် အင်မော်တယ် တစ်သောင်း နန်းတော်ကို ရင်ဆိုင် ရချိန်တွင်... မြေကမ္ဘာ

အင်မော်တယ်စံအိမ်ပင်လျှင် ဒေါသကို မျိုသိပ် ထားခဲ့ရပြီး ၎င်း၏ ထက်မြက်လှသော အသွားများကို ရှောင်ရှားခဲ့ရသည် မဟုတ်ပါလော။

All Chapters