အခန်း ၈၇၆
Vol. 59 Ch. 876
အခန်း (၈၇၆) အထွတ်အထိပ် ကျင်းဟုန် ကျဆုံးခြင်းနှင့် စုယွီ၏ အကြံအစည်
တာအို သခင်ကြီး ဟုန်ယွဲ့ နှင့် အခြားသူများ က ထို အခြေအနေကို တွေ့မြင်လိုက်ရ သော်လည်း ဝင်ရောက် တားဆီး ရန် မကြိုးစားခဲ့ကြချေ။
ကျင်းဟုန် သည် ဝိညာဉ်ခွဲထွက်အဆင့် အထွတ်အထိပ် သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ဦး ဖြစ်လင့်ကစား အင်မော်တယ် တစ်သောင်း နန်းတော် မှ ရတနာများစွာကို ပိုင်ဆိုင် ထားသော်ငြား ယခု အချိန်တွင် သူ အသုံးပြုနိုင်သော အရာများမှာ လွန်စွာ နည်းပါးနေခဲ့ချေပြီ။
အင်မော်တယ် ဂိုဏ်း မဟာ ခန်းမဆောင် ၏ မဟာ အခင်းအကျင်း နှင့် သူ၏ ကိုယ်ပိုင် အဆင့်မြင့် မှော်လက်နက်များ အပါအဝင် အခြားသော အရင်းအမြစ်များကို အားကိုး ကာ တာအိုသခင်ကြီး ကျိုလင်ကို တစ်ခဏမျှ သာ အနိုင်နိုင် တောင့်ခံထားနိုင်ခဲ့၏။
သိပ်မကြာမီမှာပင် ကျင်းဟုန် သည် တာအိုသခင်ကြီး ကျိုလင် ၏ လက်အောက်တွင် အရေးနိမ့်သွားခဲ့ပြီး သူ၏ နတ်ဘုရား ခန္ဓာကိုယ် နှင့် ရုပ်ခန္ဓာ နှစ်ခုစလုံး ဖျက်ဆီး ခံလိုက်ရ သည်။
မူလ နတ်ဘုရား ဝိညာဉ်မှာ နှစ်ခြမ်း ကွဲသွားပြီး တာအိုသခင်ကြီး ကျိုလင် ထံ ဖမ်းဆီး ခံလိုက်ရ တော့၏။
တာအိုသခင်ကြီး ကျိုလင် က ဝိညာဉ် မီးတောက်များကို စုစည်းလိုက်ပြီး ကျင်းဟုန် ၏ အပိုင်းပိုင်း ကွဲအက်နေသော မူလ နတ်ဘုရား ဝိညာဉ်ကို သနားညှာတာမှု ကင်းမဲ့စွာ လောင်ကျွမ်း စေတော့သည်။
“အား…”
ကျင်းဟုန် ၏ စူးရဲသော အော်ဟစ်သံကြီး က အင်မော်တယ် တစ်သောင်း နန်းတော် တစ်ခုလုံး သို့ ပဲ့တင်ထပ်သွားသည်။
တစ်ချိန် က အင်မော်တယ် တစ်သောင်း နန်းတော် ၏ အာဏာစက်ကို ဖြန့်ကျက်ခဲ့သော နန်းတော်သခင်ကြီးမှာ ယခုအခါ သေရသည် ထက်ပင် ပို၍ ဆိုးရွားသော ကံကြမ္မာဆိုး နှင့် ရင်ဆိုင်လိုက်ရချေပြီ။
အင်မော်တယ် တစ်သောင်း နန်းတော် အတွင်း အင်မော်တယ် တစ်သောင်း နန်းတော် မှ မူလဝိညာဉ်အဆင့် အရှင်သခင်များ အပါအဝင် အကြီးအကဲများ နှင့် စီမံခန့်ခွဲသူများ မှစ၍ တပည့်များ အားလုံး၏ မျက်နှာများမှာ ဖြူရော်နေကြ၏။ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ မှ ကျင့်ကြံသူ စစ်တပ်ကြီး ကောင်းကင်ယံ မှ ဆင်းသက် လာသည်ကို ကြောက်ရွံ့မှု ဒေါသ နှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ထိုကဲ့သို့သော ကြီးမားလှသည့် အင်အားစုကြီးကို ရင်ဆိုင် ရချိန်တွင် အင်မော်တယ် တစ်သောင်း နန်းတော် တစ်ခုတည်း အနေဖြင့် တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ တစ်ခုလုံးကို ယှဉ်ပြိုင် ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ် တစ်ခုပင်။ အင်မော်တယ် တစ်သောင်း နန်းတော် ဇာတ်သိမ်းလေပြီ။
တာအို သခင်ကြီး ဟုန်ယွဲ့က အင်မော်တယ် တစ်သောင်း နန်းတော် မှ ကျန်ရှိနေသေးသော ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူများ ထံသို့ အကြည့် ရောက်ရှိသွားသော အခါ ရင်းနှီးနေသော ပုဂ္ဂိုလ် တစ်ဦး က တာအို သခင်ကြီး ဟုန်ယွဲ့ ၏ အရှေ့တွင် တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ဒူးထောက် ချလိုက်သည်။
ယွမ်ရှို့ က ဒူးနှစ်ဖက်စလုံးကို မြေပြင်ပေါ် ၌ ထောက်ထား ရင်း တာအို သခင်ကြီး ဟုန်ယွဲ့ ထံသို့ တောင်းပန် တိုးလျှိုးလိုက်သည်။
“ကျွန်မ မြေကမ္ဘာအင်မော်တယ်စံအိမ်ကို အညံ့ခံ ပါ့မယ်... တာအို သစ္စာဆို ဖို့လည်း အသင့်ပါပဲ... စီနီယာ ဟုန်ယွဲ့ ရဲ့ ရှေ့မှောက်မှာ သေဆုံး တဲ့အထိ သစ္စာရှိစွာ အမှုထမ်း ပါ့မယ်... စီနီယာ့ အတွက် ဘာမဆို လုပ်ပေး ဖို့ ဆန္ဒရှိ ပါတယ်... စီနီယာ ဟုန်ယွဲ့ အနေနဲ့ ကျွန်မ အသက်ကို ချမ်းသာ ပေးဖို့ပဲ တောင်းဆို ပါတယ်”
သူ၏ အရှေ့တွင် သနားစဖွယ် ဒူးထောက်နေပြီး နှုတ်ခမ်းထောင့်တွင် သွေးစများ ပေနေသော အလွန်အမင်း စိတ်ပျက်ဖွယ် ကောင်းလှသော အခြေအနေ သို့ ရောက်ရှိနေသည့် ယွမ်ရှို့ကို တာအို သခင်ကြီး ဟုန်ယွဲ့ က အကဲခတ်လိုက်သည်။
သူ၏ အတွေးများ က ယွမ်ရှို့ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသောနေ့ရက်များ ဆီသို့ တစ်ခဏတာ ပြန်လည် ရောက်ရှိသွားခဲ့၏။ သူက မြေကမ္ဘာအင်မော်တယ်စံအိမ် ၏ နန်းတော်သခင် ဖြစ်လာခဲ့သည့် အချိန်မှ စတင်၍ အင်မော်တယ် တစ်သောင်း နန်းတော် ၏ ဤ နတ်မိမယ်မှာ အမြဲတမ်းပင် မောက်မာ ဝင့်ကြွားနေခဲ့သည် မဟုတ်ပါလော။
သူမ က သူ့ကို ဘယ်နှစ်ကြိမ် တောင် ရန်စခဲ့ဖူး သလဲ... ။
မြေကမ္ဘာအင်မော်တယ်စံအိမ်ကိုကော ဘယ်နှစ်ကြိမ် တောင် အစမ်းသပ် ခံခဲ့ရ သလဲ။
သို့သော်ငြား ယခု အချိန်တွင် ထို ပုဂ္ဂိုလ်မှာ သူ၏ အရှေ့တွင် ပထမဆုံး ဒူးထောက် ကာ သက်ညှာရန် တောင်းပန်နေခဲ့ချေပြီ။
အနီးအနားတွင် ရပ်နေသော လူ တစ်ယောက် က ယွမ်ရှို့ ၏ ဤ အခြေအနေကို မြင်လိုက်ရ သောအခါ ချက်ချင်းပင် ရှူးရှူးရှားရှား ဖြစ်လာ၏။ သူ၏ မှော်စွမ်းအားများ ဖော်ထုတ်ကာ မြေပြင် ပေါ်တွင် ဒူးထောက်နေဆဲ ဖြစ်သော ယွမ်ရှို့ကို ရိုက်ချရန် ရည်ရွယ်လိုက်သည်။
'သစ္စာဖောက်...'
သို့သော်ငြား သူ၏ ရိုက်ချက် မကျရောက် မီလေးမှာပင် ပကတိဟင်းလင်းပြင် မှော်စွမ်းအား တစ်ခု က သူ့ကို ရိုက်ခတ်သွားခဲ့၏။
“ဝုန်း...”
ထိုသူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါက်ကွဲ ထွက်သွားခဲ့ပြီး မူလ နတ်ဘုရား ဝိညာဉ် နှင့် အတူ လုံးဝ အစအန မကျန် ဖျက်ဆီး ခံလိုက်ရ တော့သည်။
တာအို သခင်ကြီး ဟုန်ယွဲ့ က သူ၏ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကျန်ရှိနေသော ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူများကို တည်ငြိမ်စွာ ဖြင့် အမိန့်ပေးလိုက်၏။
“မင်းတို့ ထဲက နှစ်ယောက် ပဲ အသက်ရှင် ခွင့် ရမယ်... ဒါပေမဲ့ ဘယ်သူ တွေ အသက်ရှင် ကျန်ရစ် မလဲ ဆိုတာကိုတော့ ကံကြမ္မာ ရဲ့ အဆုံးအဖြတ် အတိုင်း ပဲ ချန်ထားခဲ့မယ်”
“ဝုန်း...”
ယွမ်ရှို့ က လုံးဝ တွန့်ဆုတ်နေခြင်း မရှိဘဲ အလယ်အလတ် အဆင့် မှော်လက်နက် တစ်ခုကို ဝှေ့ယမ်း ကာ တိုက်ခိုက်လိုက်ရာ သူမ နှင့် မလှမ်းမကမ်းတွင် ရှိနေသော ဝိညာဉ်ခွဲထွက် ကနဦး အဆင့် ကျင့်ကြံသူ တစ်ဦးမှာ ချက်ချင်းပင် အပြင်းအထန် ဒဏ်ရာရကာ လွင့်ထွက်သွားခဲ့သည်။
အခြားသော ဝိညာဉ်ခွဲထွက် နှောင်းပိုင်း အဆင့် ဆံပင်ဖြူ အဘိုးအို တစ်ဦး ကလည်း ရက်စက်စွာ လှုပ်ရှားလိုက်ပြီး သူ၏ ပတ်ဝန်းကျင် ရှိ လူများကို အားကောင်းလှသော အလယ်အလတ် အဆင့် မှော်လက်နက် နှစ်ခု ဖြင့် တိုက်ခိုက်လိုက်တော့သည်။
ပြင်းထန်လှသော တိုက်ပွဲ ကြီး ပြီးဆုံးသွားပြီးနောက်
အင်မော်တယ် တစ်သောင်း နန်းတော် ၏ မဟာ ခန်းမဆောင် ကြီး အတွင်း၌ ယွမ်ရှို့ နှင့် ဆံပင်ဖြူ အဘိုးအို တို့ နှစ်ဦး သာလျှင် အသက်ရှင် ကျန်ရစ်ခဲ့ကြသည်။
သူတို့ က မည်သည့် တုံ့ဆိုင်းမှု မျှ မရှိဘဲ မှော်လက်နက်များကို သိမ်းဆည်းလိုက်ကြပြီး မဟာ ခန်းမဆောင် ကြီး ၏ အရှေ့သို့ ရောက်ရှိ လာကာ တာအို သခင်ကြီး ဟုန်ယွဲ့ ၏ အရှေ့တွင် ဒူးထောက်လိုက်ကြသည်။
ကျင်းဟုန် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျန်ရှိနေသော ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူများ ကျဆုံးသွားခြင်း နှင့် အတူ တာအို သခင်ကြီးလော့ဟယ် နှင့် တာအို သခင်ကြီးထျန်းယန် တို့မှာလည်း သေဆုံး ရန် မဝေး တော့သည့် အခြေအနေ သို့ ရောက်ရှိနေပြီ ဖြစ်ရာ အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျယ်ပြန့်လှသော လွှမ်းမိုးမှု ကြီးမှာ လုံးဝ နီးပါး ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်ကြောင်း သက်သေ ပြသနေခဲ့သည်။
အသက်ရှင် ကျန်ရစ် သူများ ဖြစ်ကြသော ယွမ်ရှို့ နှင့် ဆံပင်ဖြူ အဘိုးအို တို့မှာ အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျန်ရှိနေသော အင်အားစုများ နှင့် ကျင့်ကြံသူများကို နှိမ်နင်း ရန် နှင့် ရှင်းလင်း ရန် အတွက် စံပြ နမူနာများ အဖြစ် လုပ်ဆောင် ပေးခဲ့ကြသည်။
သို့သော်ငြား မြေကမ္ဘာအင်မော်တယ်စံအိမ် အနေဖြင့် အင်မော်တယ် တစ်သောင်း နန်းတော် က ချန်ရစ် ထားခဲ့သော အရင်းအမြစ်များကို တစ်ဦးတည်း လက်ဝါးကြီးအုပ် ရယူနိုင်စွမ်း မရှိပေ။
စစ်ပွဲ မှ ရရှိသော တပ်သိမ်း ပစ္စည်းများကို မည်သို့ ခွဲဝေ မည် ဆိုသည်မှာ တာ့ချန် အင်မော်တယ် မဟာမိတ် အဖွဲ့ အနေဖြင့်နောက်ထပ် မည်သို့ အပေးအယူ လုပ်မည် ဆိုသည့် အချက် အပေါ်တွင် မူတည်၏။
အင်မော်တယ် တစ်သောင်း နန်းတော်ကို ရှင်းလင်း ပြီးသွား သောအခါ ၎င်း၏ နယ်မြေ အတွင်း၌နောက်ထပ် ပြဿနာ တစ်ခု ကျန်ရှိနေသေး သည်... ၎င်းမှာ မိစ္ဆာ မျိုးနွယ်စု ၏ ဟင်းလင်းပြင် အက်ကွဲကြောင်း နှင့် ရွှမ် လိပ်ပင်လယ် မျိုးနွယ်စုပင် ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်စံအိမ်..မြေကမ္ဘာ နန်းတော်၊ လျှို့ဝှက် နယ်မြေတွင် ၊
သတင်း လာပေး သော နန်းတော်သခင် ဖန်ရှောင်ကို ကြည့်ရင်း စုယွီမှာ အချိန် အတန်ကြာ အံ့အားသင့်နေခဲ့ပြီး မေးလိုက်သည်။
“အင်မော်တယ် တစ်သောင်း နန်းတော် က တာအို သခင်ကြီးလော့ဟယ် နဲ့ တာအို သခင်ကြီးထျန်းယန် တို့က စတုတ္ထ ဟင်းလင်းပြင် အလွှာ ထဲကို ဝင်သွား ပြီး ပျောက်ကွယ်သွားကြတယ်... ဟုတ်လား”
“ပြီးတော့ အခု အစ်ကိုကြီး က အင်မော်တယ် တစ်သောင်း နန်းတော်ကို သိမ်းပိုက်လိုက်ပြီ ပေါ့”
ဖန်ရှောင် က စုယွီကို အပြုံး တစ်ခု ဖြင့် အကဲခတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်... အဲဒါ မှန်ပါတယ်”
“ဒီ တိုက်ပွဲမှာ ဦးလေးငယ်ကို အဓိက ကျေးဇူးရှင် အဖြစ် ဂုဏ်ပြု ရမှာပါ”
စုယွီ က ဖန်ရှောင်ကို ဘေးဘက် ခန်းမဆောင်တွင် လက်ဖက်ရည် သောက်ရန် ထိုင်ရန် လက်ဟန် ပြလိုက်ပြီး ခေါင်းယမ်း ပြလိုက်သည်။
“ငါ က ဘာ အဓိက ကျေးဇူးရှင် ဖြစ်ရမှာလဲ... အင်မော်တယ် ဂိုဏ်း ထဲကနေ တောင် ထွက်မသွားခဲ့ရပါဘူး”
ဖန်ရှောင် က ပြန်လည် ချေပလိုက်သည်။
“ ဦးလေးငယ် ဘယ်လို လုပ်ပြီး အဲဒီလို ပြောနိုင် ရတာလဲ... တကယ်လို့ ဦးလေးငယ် ပေးခဲ့တဲ့ ဟင်းလင်းပြင် မှော်ရတနာ သာ မရှိခဲ့ရင် ဆရာ့ အနေနဲ့ ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း ရဲ့ အတားအဆီးကို ဖွင့်နိုင်မှာ မဟုတ်သလို မိုးကြိုး နဂါး အင်မော်တယ် မင်းဆက် က တာအို သခင်ကြီးကိုလည်း ခြောက်လှန့်နိုင်ခဲ့မှာ မဟုတ်ပါဘူး”
“အဲဒါ သာ မရှိခဲ့ရင် သူတို့ရဲ့ အကြံအစည် တွေကို ဖျက်ဆီးနိုင်မှာ မဟုတ်သလို အင်မော်တယ် တစ်သောင်း နန်းတော် က တာအို သခင်ကြီး နှစ်ပါးကို သူတို့ကိုယ်သူတို့ သေကြောင်း ကြံစည် ပြီး ဟင်းလင်းပြင် ရဲ့ အနက်ရှိုင်းဆုံးနေရာ တွေ ဆီကို ထွက်ပြေးသွားရ လောက်အောင် ဆိုးဆိုးရွားရွား ခြောက်လှန့်နိုင်ခဲ့မှာ မဟုတ်ပါဘူး”
“ဒါတွေ အားလုံးဟာ ဦးလေးငယ် ရဲ့ ကြိုးစား အားထုတ် မှု တွေကြောင့် ပါပဲ”
ဖန်ရှောင် နှင့် ခေတ္တမျှ စကားပြော ပြီးနောက်တွင် စုယွီ က သူမကို လျှို့ဝှက် နယ်မြေ ထဲမှ ပြန်လည် လွှတ်ပေးလိုက်သည်။
အင်မော်တယ် တစ်သောင်း နန်းတော် အပေါ်ဘ တိုက်ခိုက် သော တိုက်ပွဲမှာ သူမ မျှော်လင့် ထားခဲ့သည် ထက် ပိုမို ချောမွေ့ခဲ့ပြီး ရလဒ်မှာလည်း သူ စိတ်ကူး ထားသည် ထက် ပိုလွန်နေခဲ့သည်။
တာအို သခင်ကြီး နှစ်ပါး စလုံး ပျောက်ကွယ်သွား၏။ အင်မော်တယ် တစ်သောင်း နန်းတော် ၏ နန်းတော်သခင် ကျင်းဟုန် လည်း ကွပ်မျက် ခံလိုက်ရပြီ ဖြစ်၏။ အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျန်ရှိနေသော ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူများထဲမှ ယွမ်ရှို့ နှင့် အခြားသော ဝိညာဉ်ခွဲထွက် နှောင်းပိုင်း အဆင့် ကျင့်ကြံသူ တစ်ဦး သာလျှင် အသက်ရှင် ကျန်ရစ်ခဲ့ပြီး အင်မော်တယ် တစ်သောင်း နန်းတော် ၏ ကျန်ရှိနေသော အင်အားစုများကို စုစည်းနေခဲ့ကြသည်။
ယခင် က သူတို့၏ အစီအစဉ်မှာ အင်မော်တယ် တစ်သောင်း နန်းတော်ကို မောင်းထုတ် ရန်သာ။ သို့သော် ယခု အချိန်တွင် အင်မော်တယ် တစ်သောင်း နန်းတော် ၏ ခြိမ်းခြောက် မှု ကြီးမှာ လုံးဝ နီးပါး ပျက်သုဉ်းသွားခဲ့ပြီ ဟု မှတ်ယူနိုင်သည်။
စုယွီ က ဝမ်းသာ အံ့ဩ မှု နှင့် အနည်းငယ် သတိထားနေမှုများကို ခံစားနေရရင်း အတွေးများ စုစည်းလိုက်သည်။
'တစ်ခုတည်း သောနောင်တ ရစရာ က တာအို သခင်ကြီးလော့ဟယ် နဲ့ တာအို သခင်ကြီးထျန်းယန် တို့ သေဆုံးသွားပြီလား ဆိုတာကို မသိရ တာပဲ'
'အကယ်၍ သူတို့ သာ မသေခဲ့ဘူး ဆိုရင်... အနာဂတ်မှာ ပြဿနာ တွေ ရှိလာ လိမ့်မယ်'
ဟင်းလင်းပြင် ၏ အလွှာများတွင် လူ တစ်ယောက် က ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ကျင့်ကြံခြင်း ကမ္ဘာ ကြီး နှင့် ပိုမို ဝေးကွာသွားလေလေပင်။
ထိုသူတို့ က ကျင့်ကြံခြင်း ကမ္ဘာ ကြီး ၏ ဟင်းလင်းပြင် နယ်မြေ ထဲမှ အပြီးတိုင် ထွက်ခွာသွားသည် အထိပင် ဖြစ်သည်။
စတုတ္ထ ဟင်းလင်းပြင် အလွှာ ၏ အတွင်း၌ ကား ရေတွက် ၍ မရနိုင်သော အန္တရာယ်များ တည်ရှိနေ၏။