← Chapters

အခန်း ၈၇၇

Vol. 59 Ch. 877

အခန်း ၈၇၇

Vol. 59 Ch. 877

အခန်း (၈၇၇) - အထွတ်အထိပ် ကျင်းဟုန် ကျဆုံးခြင်းနှင့် စုယွီ၏ အကြံအစည် (အပိုင်း ၂)

လမ်းပျောက်သွားခြင်းမှာ အန္တရာယ်များထဲမှ တစ်ခုသာ။

ဟင်းလင်းပြင် လှိုင်းဂယက်များ၊ ဟင်းလင်းပြင် အက်ကွဲကြောင်းများနှင့် အခြားသော အန္တရာယ်များလည်း ရှိနေသေးသည်။

ယွဲ့အင်မော်တယ် စံအိမ်ရှိ စာအုပ်စင်များ၌ စုယွီ ဖတ်ရှုခဲ့ရသော ဟင်းလင်းပြင် တာအိုနှင့် ပတ်သက်သည့် မှတ်တမ်းကျမ်းများတွင် ဟင်းလင်းပြင်၏ အန္တရာယ်များနှင့် ကောလဟာလများစွာကို မှတ်တမ်းတင်ထားသည်။

အကယ်၍ ကျင့်ကြံခြင်း ကမ္ဘာ၏ ဟင်းလင်းပြင်နယ်မြေမှ အမှန်တကယ် ထွက်ခွာသွားမည်ဆိုပါက မဟာယာနအဆင့် စွမ်းအားရှင်များပင်လျှင် လုံးဝ ပျောက်ကွယ်သွားနိုင်သည်။

ထိုသို့ဆိုလျှင် ကျင့်ကြံခြင်း ကမ္ဘာသို့ နောက်ထပ် ပြန်လည်ရောက်ရှိလာနိုင်တော့မည် မဟုတ်ပေ။

ထိုကဲ့သို့ ပျောက်ကွယ်သွားခြင်းတွင် အသက်သေဆုံးခြင်းလည်း ပါဝင်သည်။

စုယွီ၏ လက်ရှိ ဟင်းလင်းပြင် တာအို ကျွမ်းကျင်မှုအရ စတုတ္ထအလွှာသို့ ဝင်ရောက်သွားလာရဲသော်လည်း အချိန်ကြာမြင့်စွာကား မနေနိုင်ပေ။

ကျင့်ကြံခြင်း ကမ္ဘာမှ ထွက်ခွာသွားပြီးနောက် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာနိုင်မည့် သူများမှာ...အင်မော်တယ်များသာ ထိုသို့သော ကျင့်ကြံမှုမျိုး ရှိနိုင်ပေလိမ့်မည်။

စုယွီ အင်မော်တယ်စံအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အင်မော်တယ်တစ်သောင်းနန်းတော် ပျက်သုဉ်းသွားခြင်းကြောင့် တုန်လှုပ်နေသော စိတ်ခံစားမှုများကို ငြိမ်သက်သွားစေရန် ရေခဲလက်ဖက်ရည် အနည်းငယ် သောက်လိုက်၏။ ထို့နောက် သူ၏ နောက်ထပ်ခြေလှမ်းများအတွက်

စဉ်းစားခန်း ဝင်နေတော့သည်။

'ပထမဦးဆုံး အနေနဲ့ ကောင်းကင်အပျက်အစီး ခန်းမဆောင် ရဲ့ အခြေအနေကို စုံစမ်းဖို့ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာကို တစ်ခေါက်လောက်သွားရမယ်'

'အဆင်ပြေရင် ကောင်းကင်အပျက်အစီး ခန်းမဆောင်ကို ထိန်းချုပ်ပြီး ယွဲ့အင်မော်တယ်မျှော်စင် ထဲကို ပေါင်းထည့်ရမယ်'

'အနာဂတ်မှာ တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာကို ဗဟိုပြုပြီး ချန်ကျိုးနယ်မြေ တစ်ခုလုံးကို သတင်းကွန်ရက် ဖြန့်ကျက်ရမယ်'

သူသည် အချိန်အတော်ကြာအောင် စဉ်းစားတွေးတောနေခဲ့ပြီး အကြောင်းအရာများစွာကိုလည်း စဉ်းစားခဲ့သည်။

သူ၏ အရင်းအမြစ်များနှင့် နှစ်ပေါင်းထောင်ချီ ရှည်လျားသော သက်တမ်းတို့ကြောင့် ယွဲ့အင်မော်တယ်မျှော်စင် အတွက် ဖြည်းဖြည်းချင်း အစီအစဉ်ချနိုင်သည်။

ယွဲ့အင်မော်တယ်မျှော်စင်ကို အမြင့်အသစ်တစ်ခုသို့ မြှင့်တင်နိုင်မည်မှာ သေချာ၏။

ဥပမာအားဖြင့်...

အနာဂတ်တွင် မိုးပြာငရဲအင်မော်တယ်နန်းတော် နှင့် ရင်ဆိုင်ရမည်ဆိုလျှင်...

ဒီတစ်ကြိမ် ချန်ကျိုးနယ်မြေနှင့် တာ့ချန်တွင် မိုးကြိုးနဂါးအင်မော်တယ်မင်းဆက် ထွက်ပေါ်လာခြင်းက မိုးပြာငရဲ

အင်မော်တယ်နန်းတော် နှင့် ပတ်သက်နေနိုင်ခြေများသည်။

[ချန်ကျိုးနယ်မြေ မြောက်ဘက်အစွန်အဖျားကို စိုးမိုးထားတဲ့ လက်ရှိ မိုးကြိုးနဂါး မင်းဆက်၏ မူလအမြစ်မှာ ရှေးဟောင်း ဟေးလုံမင်းဆက် ဖြစ်ပါတယ်။]

မည်သို့ပင်ဖြစ်စေ စုယွီ က ဤအကြွေးကို အသေအချာ မှတ်သားထားမည်။

ယခုအခါ မြေကမ္ဘာအင်မော်တယ်စံအိမ် က အင်မော်တယ်

တစ်သောင်းနန်းတော်ကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ကိုးဝိညာဥ် အင်မော်တယ်တောင်တန်းသည်လည်း မြေကမ္ဘာ အင်မော်တယ်စံအိမ် ၏ ဩဇာအာဏာအောက်သို့ ဝင်ရောက်လာနိုင်၏။ မြေကမ္ဘာအင်မော်တယ်စံအိမ် တည်ငြိမ်သွားသရွေ့ မိမိ၏ ကိုယ်ပိုင်အင်အားကို ဆက်လက်တိုးချဲ့နိုင်လေမည်။

အခြားသော အင်မော်တယ်ဂိုဏ်းများနှင့် အင်အားစုများက မြေကမ္ဘာအင်မော်တယ်စံအိမ်ကို ဖိနှိပ်၍ မရနိုင်တော့သည့် အချိန်အထိပေါ့။

နှစ်တစ်ရာ အတွင်း မြေကမ္ဘာအင်မော်တယ်စံအိမ် သည် တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ တစ်ခုလုံးကို အမှန်တကယ် ပေါင်းစည်းနိုင်ကောင်း ပေါင်းစည်းနိုင်ပေလိမ့်မည်။

'ဖြည်းဖြည်းချင်း လုပ်... မလောနဲ့'

စုယွီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ မြေကမ္ဘာအင်မော်တယ်စံအိမ် ဤအဆင့်သို့ ရောက်လာရန် မလွယ်ကူခဲ့ပေ။

ယခုအချိန်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရန်သာ လိုအပ်လေ၏။

တာ့ချန်အင်မော်တယ်မဟာမိတ်အဖွဲ့က အင်မော်တယ်တစ်သောင်းနန်းတော်၏ နယ်မြေနှင့် ဩဇာလွှမ်းမိုးမှုများကို သိမ်းပိုက်ပြီး နောက်ဆုံးရရှိလာမည့် အကျိုးအမြတ်များ တွက်ချက်နေစဉ် စုယွီမှာမူ မြေကမ္ဘာ

အင်မော်တယ်စံအိမ်တံခါး မှ လျှို့ဝှက် ထွက်ခွာလာခဲ့သည်။

*

ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက် ဂူကောင်းကင် နယ်မြေ။

စုယွီ ဤနေရာသို့ ပြန်ရောက်လာချိန်တွင် စုကျီ၊ လင်းချင်းရှား၊ လင်းပင်း နှင့် နတ်မိမယ် ကုယွဲ့ တို့အပြင် စုမိသားစုနှင့် တာ့ယွဲ့နန်းတော်မှ မျိုးဆက်သစ် လူငယ် အမျိုးသား အမျိုးသမီး အချို့လည်း ဤနေရာတွင် ကျင့်ကြံနေကြသည်။

သို့သော် စုယွီက သူတို့နှင့် သွားမတွေ့ခဲ့ပေ။

နန်းတော်အတွင်း၌ သူ့အား စောင့်ဆိုင်းနေသော တာအိုဆရာ ရှုယွီ နှင့် အမှတ် ငါးဆယ့်ငါး အနက်ရောင် ဒေါသ စစ်သည်တော် တို့နှင့် တွေ့ဆုံလိုက်သည်။

စုယွီက မကွေ့ဝိုက်ဘဲ ပြောလိုက်၏။

"ကျွန်တော်.. အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာကို တစ်ခေါက်သွားဖို့ ပြင်ဆင်နေတယ်"

တာအိုဆရာ ရှုယွီ၏ ရုပ်ရည်မှာ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကနှင့် ယှဉ်လျှင် များစွာ ပြောင်းလဲသွား၏။ ယခုအခါ အသက်လတ်ပိုင်း အရွယ်နှင့်တူကာ သူ၏ ကျင့်ကြံမှုမှာလည်း စုယွီ၏ အရင်းအမြစ်များ အကူအညီဖြင့် မူလဝိညာဉ်အဆင့် ဒုတိယအလွှာသို့ ရောက်ရှိနေခဲ့လေပြီ။

ဤစကားကို ကြားသောအခါ တာအိုဆရာ ရှုယွီ၏ မျက်လုံးများ အရောင်လက်သွားပြီး အလျင်အမြန်ပင် မေးလိုက်၏။

"သခင်... ကျွန်တော်တို့ လှုပ်ရှားတော့မလို့လား"

ထိုအခါ စုယွီက သူ့ကိုကြည့်ကာ တည်ငြိမ်စွာပင် ဖြေ၏။

"ကောင်းကင်အပျက်အစီး ခန်းမဆောင်ကို သိမ်းပိုက်ပြီး ယွဲ့အင်မော်တယ်မျှော်စင် နဲ့ ပေါင်းစည်းတဲ့အခါ သူတို့ကို ဘယ်လို စီမံခန့်ခွဲမလဲ၊ ယွဲ့အင်မော်တယ်မျှော်စင် အသစ်ကို ဘယ်လို ဖွံ့ဖြိုးအောင် လုပ်မလဲဆိုတာ ခင်ဗျား စဉ်းစားထားပြီးပြီလား"

တာအိုဆရာ ရှုယွီက ရယ်လိုက်၏။

"ဟားဟားဟား... သခင်၊ ကျွန်တော်က အာဏာမက်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး"

"အကယ်၍ သခင်က ယွဲ့အင်မော်တယ်မျှော်စင် ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ဖို့ ပိုသင့်တော်တဲ့ လူကို တွေ့ခဲ့ရင် ကျွန်တော်က သခင်ရဲ့ သံတမန် အဖြစ် တာဝန်ထမ်းဆောင်ပြီး ရာထူးကနေ နုတ်ထွက်ပေးပါ့မယ်၊နောက်ကွယ်ကနေပဲ ကူညီလုပ်ဆောင်ပေးပါ့မယ်"

ဤဘဝတွင် သူ၏ လက်ရှိ အောင်မြင်မှုများနှင့် ကျင့်ကြံမှုများမှာ တာအိုဆရာ ရှုယွီ အတွက် အလွန်ပင် ကျေနပ်ဖွယ်ရာ ဖြစ်နေခဲ့၏။

ပြီးတော့ ဒါတွေအားလုံးက သူ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်သော အရှေ့က သခင်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။

သူသည် မူလဝိညာဉ်အဆင့် ကျင့်ကြံမှုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး သူ၏ လက်ရှိ အဆင့်အတန်းနှင့် ယွဲ့အင်မော်တယ်မျှော်စင်၏ ကျောထောက်နောက်ခံကြောင့် ဝိညာဉ်ခွဲထွက်အဆင့် ရှိသူများနှင့်ပင် အဆက်အသွယ် ပြုလုပ်နိုင်နေပြီ။

ယခင်က သို့မဟုတ် တာ့ယွဲ့ နယ်မြေတွင် ရှိစဉ်က ဤသို့ ဖြစ်လာရန် ဖြစ်နိုင်ပါမည်လား။

စုယွီ.. အချိန်အတော်ကြာအောင် သူ့ဦးနှောက်အား အလုပ်ပေးနေ၏။

အကယ်၍ သူသာ ကောင်းကင်အပျက်အစီး ခန်းမဆောင်ကို အမှန်တကယ် ထိန်းချုပ်ပြီး ယွဲ့အင်မော်တယ်မျှော်စင် နှင့် ပေါင်းစည်းလိုက်ပါက တာအိုဆရာ ရှုယွီ၏ ကျင့်ကြံမှုဖြင့် ဤအင်အားစုကို ထိန်းချုပ်ရန် သေချာပေါက် မလုံလောက်နိုင်ပေ။ ဒါက အမှန်တရားပင်။

နောက်ကွယ်မှနေ၍ ကူညီထောက်ပံ့ပေးရုံဖြင့် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မည် မဟုတ်။

ထို့ကြောင့် ယွဲ့အင်မော်တယ်မျှော်စင်၏နောက်ထပ် ခေါင်းဆောင်နေရာအတွက် မည်သူက တာဝန်ယူနိုင်မည်ကို သူ တကယ်ပင် စဉ်းစားရန် လိုအပ်နေသည်။

အနည်းဆုံးတော့ ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံမှု ရှိသူ တစ်ဦး ဖြစ်ရမည်။

"ရက်အနည်းငယ်နေရင် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာကို အရင်သွားရအောင်"

ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက် ဂူကောင်းကင် နယ်မြေတွင် အချိန်အတော်ကြာနေထိုင်ကာ စုကျီ၊ လင်းချင်းရှား နှင့် အခြားသူများနှင့် ရောက်တတ်ရာရာကလေးများ ပြောဆိုပြီးနောက် စုယွီ ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူ့ကိုယ်သူ ရုပ်ဖျက် ပြောင်းလဲလိုက်ပြီးနောက် တာအိုဆရာ ရှုယွီ၊ အနက်ရောင် ဒေါသ စစ်သည်တော် ငါးဆယ့်ငါး တို့နှင့်အတူ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း ဆီသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် ရှိ နယ်မြေဖြတ်ကျော် နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြုကာ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာ သို့ သွားရောက်ခဲ့၏။

ချန်ကျိုးနယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာ သည် ရှေးဟောင်း ချန်ကု အင်မော်တယ်မြို့တော် ပြင်ပရှိ ကျင့်ကြံခြင်း နယ်မြေ တစ်ဆယ့်ခုနစ်ခု အနက်မှ တစ်ခုပင်။ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာက တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ၏ အနောက်ဘက် မနီးမဝေးတွင် တည်ရှိသည်။

ထိုနယ်မြေမှာ အတော်လေး ကျယ်ဝန်းပြီး တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ ထက် မနိမ့်ကျဘဲ စည်ကားတိုးတက်လှသည်။

ထိုနယ်မြေ၏ ပတ်ဝန်းကျင်နှင့် ဒေသခံများ၏ ဓလေ့စရိုက်များမှာလည်း တာ့ချန် ကျင့်ကြံခြင်း ကမ္ဘာ နှင့် အတော်လေး ကွာခြား၏။

"အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာ ရဲ့ အထင်ရှားဆုံး အရာကတော့ ရှေးဟောင်း စစ်မြေပြင် အပျက်အစီးတွေ အများဆုံး ရှိနေတာပဲ... ပြီးတော့ လေထုထဲမှာလည်း မိစ္ဆာချီစွမ်းအားတွေ ပါးပါးလေး လွှမ်းခြုံနေသလို ခံစားရတယ်"

"ဒါကြောင့် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာ ထဲက ကျင့်ကြံသူတွေဟာ သိပ်ကို တိုက်ခိုက်လိုစိတ် ပြင်းထန်ကြတယ်"

"ပြီးတော့ ဒီ တောရိုင်းနယ်မြေတွေမှာ တသီးပုဂ္ဂလ ကျင့်ကြံသူတွေ ၊ မိစ္ဆာကျင့်ကြံသူတွေနဲ့ အချိန်မရွေး ဆုံတွေ့ရနိုင်တယ်"

နေရာရွှေ့ပြောင်း အခင်းအကျင်း မှ ထွက်လာသည်နှင့် လျှိုမြောင်တစ်ခု၏ အရှေ့ဘက်တွင် တည်ရှိသော ဧရာမ အင်မော်တယ်မြို့တော်ကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်း ကမ္ဘာ ၏ ကြားနေ အင်အားစု တစ်ခုဖြစ်သော ယန္တရား တစ်ထောင်ဂိုဏ်း ၏ အင်မော်တယ်မြို့တော်ပင်။

ထိုသို့သော ကြားနေ အင်အားစုများ၏ အင်မော်တယ်မြို့တော်များတွင်သာ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် နှင့် ချိတ်ဆက်ထားသော နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု ရှိနိုင်ခြေ ရှိသည်။

စုယွီ၊ တာအိုဆရာ ရှုယွီ နှင့် အမှတ် ငါးဆယ့်ငါးအနက်ရောင် ဒေါသ စစ်သည်တော် တို့သည် ဝင်ကြေးပေးဆောင်ကာ ယာယီနေထိုင်ခွင့် တံဆိပ်ပြားများကို ရယူပြီးနောက် နေရာရွှေ့ပြောင်း စင်မြင့် မှ ထွက်ခွာလာခဲ့၏။ အင်မော်တယ်မြို့တော် ၏ ပင်မလမ်းမကြီးများ တစ်လျှောက် လမ်းလျှောက်လာခဲ့ကြသည်။

ဤ ယန္တရား တစ်ထောင် အင်မော်တယ်မြို့တော်မှာ အတော်လေး ထူးခြားလှသည်။

လမ်းဘေး တစ်လျှောက်တွင် ဖွင့်လှစ်ထားသော ဆိုင်အများစုမှာ ရုပ်သေးရုပ် မျိုးစုံနှင့် ရုပ်သေးရုပ် ပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများကို ရောင်းချနေကြ၏။

All Chapters