← Chapters

အခန်း ၈၈၁

Vol. 59 Ch. 881

အခန်း ၈၈၁

Vol. 59 Ch. 881

အခန်း (၈၈၁) ရှေးဟောင်း အခွင့်အရေး၊ ဖရိုဖရဲ အခြေအနေများ စတင် ပေါ်ပေါက်လာခြင်း

သို့သော် သေချာစွာ စဉ်းစားပြီးနောက် စုယွီ သည် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။ ယန္တရားတစ်ထောင်ဂိုဏ်း ၏ အင်အားသည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် ထက် နိမ့်ကျနေမည် မဟုတ်ချေ။ သူတို့ကြားတွင် တာအို သခင်ကြီး တစ်ပါးပင် ရှိနေနိုင်သည်။

ယန္တရားတစ်ထောင်ဂိုဏ်း နှင့် သူ၏ ကြားတွင် မည်သည့် ရန်ငြိုးရန်စမျှ မရှိခဲ့ချေ။ ထို့ကြောင့် ဤကိစ္စငယ်လေး အတွက်နှင့် သူတို့ကို ထောက်လှမ်းစုံစမ်းနေရန် အကြောင်းအရင်း မရှိပေ။

သူ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ သို့ ရောက်ရှိလာခြင်းမှာ ယန္တရားတစ်ထောင်ဂိုဏ်း အတွက် မဟုတ်ပါ။

စုယွီ သည် ဆက်သွယ်ရေး တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းမှတစ်ဆင့် ယန္တရားတစ်ထောင်ဂိုဏ်း နှင့် သတင်းအချက်အလက် အရောင်းအဝယ်များ စတင် ပြုလုပ်တော့၏။

မကြာမီမှာပင် ရွှေအမြုတေအဆင့် အရှင်သခင် တစ်ပါးသည် ဂူစံအိမ် အပြင်ဘက်သို့ ရောက်ရှိလာသည်။ ထိုသူက စုယွီ လိုအပ်သော သတင်းအချက်အလက်များကို ယူဆောင်လာပေးပြီး သတင်းအတွက် ဝိညာဉ်ကျောက်တုံးများကို ယူဆောင်သွားတော့၏။

တာအိုဆရာ ရှုယွီ သည် သတင်းအချက်အလက်များ ပါဝင်သော ကျောက်စိမ်းပြားကို စုယွီ ထံသို့ ကမ်းပေးလိုက်သည်။ စုယွီ ၏ နတ်ဘုရား အာရုံက ၎င်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားသောအခါ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်သော အခြေခံ အချက်အလက် အားလုံး ပေါ်ထွက်လာတော့သည်။

“အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာမှာ... အဓိက အင်မော်တယ်ဂိုဏ်းကြီး ခြောက်ခု ရှိတယ်... အဲဒီအထဲမှာ ရှေးဟောင်း အင်မော်တယ်နန်းတော် နဲ့ အကြွင်းမဲ့ အင်မော်တယ်နန်းတော် တို့က ခေါင်းဆောင်တွေပဲ... သူတို့က အသန်မာဆုံး အင်အားတွေကို ပိုင်ဆိုင်ထားတယ်... ပြီးတော့ အင်မော်တယ်သုံးပါး ဂိုဏ်း... ဆေးလုံးသန့်စင်ဂိုဏ်း... ထိုက်ချင် ဓားဂိုဏ်း နဲ့ ထျန်းကျန်း စံအိမ် တို့ကတော့ သူတို့ထက်စာရင် အနည်းငယ် အားနည်းတယ်”

သတင်းအချက်အလက်များ အတွင်း၌ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ၏ အင်အားစု ဖြန့်ကျက်မှု မြေပုံတစ်ခုလည်း ပါဝင်သည်။ ယန္တရားတစ်ထောင်ဂိုဏ်း အတွင်းရှိ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ တည်နေရာသည် အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ၏ အရှေ့တောင်ဘက် အရပ်တွင် ခန့်မှန်းခြေအားဖြင့် တည်ရှိနေ၏။ အနီးအနားရှိ အင်မော်တယ် ဂိုဏ်းများမှာ အကြွင်းမဲ့ အင်မော်တယ်နန်းတော် နှင့် ထိုက်ချင် ဓားဂိုဏ်း တို့ပင် ဖြစ်သည်။

မကြာသေးမီက အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာတွင် ဖြစ်ပွားခဲ့သော အဓိက ဖြစ်ရပ်ကြီး သုံးခုကိုလည်း မှတ်တမ်းတင်ထားသည်။

ပထမ ဖြစ်ရပ်မှာ... လွန်ခဲ့သော နှစ် (၁၀) က ရှေးဟောင်း အင်မော်တယ်နန်းတော် ၏ တတိယမြောက် တာအိုသားတော် သည် ဆေးလုံးသန့်စင်ဂိုဏ်း ၏ ပဉ္စမမြောက် သူတော်စင်မလေး နှင့် ထိမ်းမြား လက်ထပ်ခဲ့ခြင်းပင်။ သူတို့သည် ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲကြီးကို (၁၀) ရက်တိုင်တိုင် ဆင်နွှဲခဲ့ကြပြီး အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ရှိ အင်အားစု အများစုက ဂုဏ်ပြုရန် တက်ရောက်ခဲ့ကြသည်။

ဒုတိယ ဖြစ်ရပ်မှာ... လွန်ခဲ့သော (၆) နှစ်ခန့်က ဆေးလုံးသန့်စင်ဂိုဏ်း အနီးတွင် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း အပျက်အစီး နယ်မြေနှင့် လျှို့ဝှက်နယ်မြေ တစ်ခု ပေါ်ထွက်လာခဲ့ပြီး အဓိက အင်အားစု အများအပြားက ဝင်ရောက် စူးစမ်းခဲ့ကြခြင်း ဖြစ်၏။ ၎င်းနေရာသည် မိစ္ဆာချီ အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေပြီး မိစ္ဆာ သတ္တဝါများနေထိုင်ကြကာ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးပင် ထိုနေရာ၌ ကျဆုံးခဲ့ရသည်။

တတိယ ဖြစ်ရပ်မှာ... လွန်ခဲ့သော (၁) နှစ်က ထိုက်ချင် ဓားဂိုဏ်း မှ ဓားသခင်မလေး လီယန် သည် ထိုက်ချင် ဓားအခင်းအကျင်း အတွင်း၌ သူမအား အနိုင်ယူနိုင်သူ မည်သူမဆို သူမ၏ တာအိုလက်တွဲဖော် အဖြစ် ခံယူရန် ထိုက်တန်ကြောင်းနှင့် သူမ၏ အစေခံ အဖြစ် အလုပ်အကျွေး ပြုလျှင်ပင် လက်ခံနိုင်ကြောင်း ကြေညာခဲ့လေ၏။

စုယွီ ၏ အကြည့်များက ဒုတိယ ဖြစ်ရပ်အပေါ်တွင် ကျရောက်သွားတော့သည်။

“မိစ္ဆာချီ အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့... ရှေးဟောင်း စစ်မြေပြင် အပျက်အစီး လျှို့ဝှက်နယ်မြေ ဟုတ်လား”

“ပြီးတော့ ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးကိုတောင်... ကျဆုံးသွားစေနိုင်တယ်ပေါ့”

သူက အခြားသော သတင်းအချက်အလက်များကိုလည်း ဆက်လက် ကြည့်ရှုလိုက်သည်။ ဤသတင်းများအရ အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ သည် နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်းချမ်းနေဆဲပင် ဖြစ်ပုံရ၏။ မိစ္ဆာမျိုးနွယ်စုများ ထကြွ သောင်းကျန်းမည့် အရိပ်အယောင်များ လုံးဝ မတွေ့ရချေ။

ဤအသေးစိတ် အချက်အလက်များကို နားလည် သဘောပေါက်သွားပြီးနောက် စုယွီက အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ အတွင်းရှိ အင်အားစု အချို့ကို ရွေးချယ်လိုက်၏။ ကောင်းကင်အပျက်အစီးခန်းမ အပါအဝင် ၎င်းတို့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ယန္တရားတစ်ထောင်ဂိုဏ်း ထံမှ တောင်းဆိုလိုက်သည်။ ဤသို့ဖြင့် ကောင်းကင်အပျက်အစီးခန်းမ ၏ အင်အား မည်မျှ ကြီးမားကြောင်းကို သူ စတင် နားလည်ဖို့ ကြိုးစားနေ၏။

အခြား တစ်ဖက်တွင်မူ တာအိုဆရာ ငှက်တစ်ထောင် သည် ယန္တရားတစ်ထောင်ဂိုဏ်း သို့ သုတ်သီးသုတ်ပျာ ပြန်လာခဲ့ပြီး ဂိုဏ်းချုပ်ကြီး နှင့် တွေ့ဆုံခဲ့သည်။

*

ယန္တရားတစ်ထောင်ဂိုဏ်း ၏ အနက်ရှိုင်းဆုံးနေရာရှိ ဂူစံအိမ် တစ်ခု အတွင်း၌ ဖြစ်၏။

ကြင်နာ သနားတတ်သော မျက်နှာသွင်ပြင် နှင့် မီးခိုးရောင် ဆံပင်ပိုင်ရှင် အဘိုးအို သည် တရားထိုင် ခုံပေါ်တွင် တင်ပျဉ်ခွေလျက် တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။ တာအိုဆရာ ငှက်တစ်ထောင် သတင်းပို့ရန် ရောက်ရှိလာသောအခါ သူက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။

တာအို သခင်ကြီး ယန္တရားတစ်ထောင် ၏ မျက်လုံးများထဲတွင် အလင်းတန်း တစ်ခု လင်းလက်သွားပြီးနောက်...

“ဒီလောက် မြန်မြန် ပြန်ရောက်လာတာလား”

တာအိုဆရာ ငှက်တစ်ထောင် က အနီးသို့ တိုးကပ်လာကာ ရိုသေစွာ ဦးညွှတ်လိုက်ပြီး လေးနက်သော မျက်နှာအမူအရာဖြင့်...သတင်းပို့လာ၏။

“ဂိုဏ်းချုပ်ကြီး... အဲဒီလူတွေက ချန်ကု အင်မော်တယ်မြို့တော် နယ်မြေ ကနေ ရောက်လာတာပါ... ထျန်းပေါင်ဂိုဏ်း က လာတာလို့ ပြောပြီး... ထျန်းပေါင်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လေး ဟွမ်ကျွင်းပေါင် ရဲ့ ညီငယ်တွေလို့ ဆိုပါတယ်”

ချန်ကု အင်မော်တယ်မြို့တော် နယ်မြေမှ လူများ ဖြစ်နေ၏။

တာအို သခင်ကြီး ယန္တရားတစ်ထောင် ၏ မျက်နှာအမူအရာက အနည်းငယ် ပို၍ လေးနက်သွားသော်လည်း သူက အလွန်အမင်း စိုးရိမ် ထိတ်လန့်နေခြင်းကား မရှိပေ။

သူက မျက်မှောင်ကြုတ်လျက်…

ရေရွတ်လိုက်သည်။

“ထျန်းပေါင်ဂိုဏ်း က လူတွေ... အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ ဆီကို လာရတဲ့ ရည်ရွယ်ချက်က... ဘာဖြစ်မလဲ”

တာအိုဆရာ ငှက်တစ်ထောင် က လေသံကို နှိမ့်၍...

“ဒီလူတွေက ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်လောက်ဘူးလို့... ကျွန်တော်တို့ စိုးရိမ်မိပါတယ်... ကောင်းတဲ့သူတွေက လွယ်လွယ်နဲ့ ရောက်မလာတတ်ဘူးလေ”

တာအို သခင်ကြီး ယန္တရားတစ်ထောင် က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး...

“သူတို့က ထျန်းပေါင်ဂိုဏ်း က လူတစ်ချို့ပဲလေ... ရည်ရွယ်ချက် မကောင်းရင်ကော... ဘာဖြစ်သေးလဲ”

“ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ထဲကို ရောက်လာပြီ ဆိုမှတော့... ချန်ကု အင်မော်တယ်မြို့တော် ရဲ့ မျိုးနွယ်စုကြီး ငါးခုထဲက တစ်ခု ဖြစ်နေရင်တောင်မှ... စည်းကမ်းတွေကိုတော့ လိုက်နာရမှာပဲ”

“သူတို့ကို စောင့်ကြည့်ထားပါ... ငါတို့ရဲ့ ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ထဲမှာ... သူတို့ တကယ်ပဲ ဘာလုပ်နေလဲ ဆိုတာကိုပေါ့”

“သူတို့က ငါတို့ ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ အရာတွေအတွက် လာတာ မဟုတ်ဘူးဆိုရင်... ဒီအတိုင်း လွှတ်ထားလိုက်... ဒါပေမဲ့ သူတို့က ငါတို့ ယန္တရားတစ်ထောင်ဂိုဏ်း ရဲ့ အခွင့်အရေးတွေကို ပစ်မှတ်ထားနေတာ ဆိုရင်တော့...”

တာအို သခင်ကြီး ယန္တရားတစ်ထောင် ၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ တောက်ပလာတော့၏။

တာအိုဆရာ ငှက်တစ်ထောင် က အမိန့်ကို ခံယူကာ ထွက်ခွာသွားသည်။

“နားလည်ပါပြီ ဂိုဏ်းချုပ်ကြီး”

မကြာမီ အချိန်အတွင်းမှာပင် စုယွီ နှင့် သူ၏ အဖွဲ့ က တောင်းဆိုထားသော ကောင်းကင်အပျက်အစီးခန်းမ အပါအဝင် အခြားသော အင်အားစုများ၏ သတင်းအချက်အလက်များသည်လည်း တာအိုဆရာ ငှက်တစ်ထောင် ၏ စားပွဲပေါ်သို့ ရောက်ရှိလာသည်။

သူက ကောင်းကင်အပျက်အစီးခန်းမ အပါအဝင် အင်အားစု အချို့၏ သတင်းအချက်အလက်များကို ကြည့်လိုက်ရင်း အနည်းငယ် အံ့အားသင့်သွားသလို တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရသွာ၏။

“သူတို့က ယန္တရားတစ်ထောင်ဂိုဏ်း အတွက် လာတာ မဟုတ်ဘူးပေါ့”

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွား၏။ တာအိုဆရာ ငှက်တစ်ထောင် စိတ်သက်သာရာ ရပြီး သက်ပြင်းချနိုင်ခဲ့ပြီးနောက် စုယွီ နှင့် သူ၏ အဖွဲ့သည် အဆင့် (၄) ဂူစံအိမ် အတွင်း၌ နေထိုင်ခဲ့သည်မှာ (၃) လနီးပါးခန့် ရှိလေပြီ။

ဂူစံအိမ် အတွင်ယး ထူထပ်လှသော သဘာဝ ဝိညာဉ်စွမ်းအား မြူခိုးများဖြင့် လွှမ်းခြုံထားလျက် စုယွီ သည် ဝိညာဉ်စွမ်းအား မြူခိုးများကြားတွင် ထိုင်နေ၏။ သူ၏ ဝင်သက်ထွက်သက် နှင့်အတူ ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ် အတွင်းသို့ လှိုင်းလုံးကြီးများအလား စီးဝင်သွားပြီးနောက် ဓာတ်ငါးပါး ကျင့်စဉ် ဖြင့် ဓာတ်ငါးပါး မှော်စွမ်းအား မြစ်ချောင်းများ အဖြစ်သို့ သန့်စင်သွားတော့သည်။

ထို ဓာတ်ငါးပါး မှော်စွမ်းအားများသည် အထပ်ကိုးထပ် တာအို မျှော်စင် နှင့် အဆင့်မြင့် မှော်လက်နက် မီးဖီးနစ် ကောင်းကင်လေး တို့ကို ဖြတ်သန်းသွားပြီးနောက် နောက်ဆုံးတွင် စုယွီ ၏ မူလဝိညာဉ် အတွင်းသို့ ပေါင်းစပ် ဝင်ရောက်သွားသည်။

တစ်နာရီကျော်ခန့် အချိန် ကုန်ဆုံးသွားပြီးနောက် ထိုနေ့အတွက် သူ၏ ကျင့်ကြံခြင်းကို ရပ်လိုက်သည်။ သူ၏ အာရုံကို ကျွမ်းကျင်မှု မျက်နှာပြင် ဆီသို့ ပြောင်းလဲလိုက်၏။

[ကျင့်ကြံခြင်း နည်းစနစ် : ဓာတ်ကြီးငါးပါး ကျင့်စဉ် (မူလဝိညာဉ်အဆင့် အဋ္ဌမအလွှာ၊ ကျွမ်းကျင်မှု ၉၃.၆၅%)]

ကျွမ်းကျင်မှု အဆင့် ထပ်မံ တိုးတက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် စုယွီ ၏ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ပေါ်လာသည်။

“နောက်ထပ် နှစ်အနည်းငယ် ကြာရင်တော့... ငါ မူလဝိညာဉ်အဆင့် နဝမအလွှာကို ချိုးဖြတ်နိုင်လောက်ပြီပဲ”

ဤနှစ်များ အတွင်း သူသည် ကောင်းကင်အပျက်အစီးခန်းမ ၏ အခြေစိုက်စခန်းကို ရှာဖွေရန် ကြိုးစားနိုင်ပြီး ၎င်းကို ယွဲ့အင်မော်တယ်မျှော်စင် ၏ လက်အောက်သို့ သိမ်းသွင်းနိုင်သည်။

သူ မူလဝိညာဉ်အဆင့် နဝမအလွှာ သို့ အဆင့်တက်ပြီးသည်နှင့် တစ်ပြိုင်နက် ယွဲ့အင်မော်တယ်စံအိမ် အင်မော်တယ်မြို့တော် သို့ နောက်တစ်ကြိမ် ထပ်မံ သွားရလောက်သည်။

ဝိညာဉ်ခွဲထွက်အဆင့်ကို ထိုးဖောက် ဝင်ရောက်ရန်အတွက် ဝူထုံကြီး ၏ ခန္ဓာကိုယ်ကို တာအိုခန္ဓာ ဝိညာဉ် ရတနာ အဖြစ် အသုံးပြုနိုင်ခြင်း ရှိမရှိ စမ်းသပ်ရန် ဖြစ်၏။

ဝူထုံကြီး သည် တာအို သခင်ကြီး အဆင့်ထက် ကျော်လွန်သော အင်မတန် အစွမ်းထက်သည့် ပုဂ္ဂိုလ်ကြီး တစ်ပါး ဖြစ်နေသည်မှာ သေချာလှသည်။

အကယ်၍ ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးကိုသာ... နတ်ဘုရား ခန္ဓာကိုယ် အဖြစ်သို့ သန့်စင်နိုင်ခဲ့မည် ဆိုပါက။

ထိုအခါမျိုးတွင် ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် စုယွီ အနေဖြင့် ထိပ်တိုက် ရင်ဆိုင် ရဲပေလိမ့်မည်။

သေချာသည်ပေါ့။ ၎င်းက သတိကြီးစွာဖြင့် စီစဉ်ထားသော အစီအစဉ် တစ်ခုသာ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရား ခန္ဓာကိုယ် တစ်ခု၏ အသေးစိတ် အချက်အလက်များ သို့မဟုတ် ပကတိဟင်းလင်းပြင်အဆင့် တာအို သခင်ကြီး တစ်ပါး၏ အစစ်အမှန် အင်အားကိုပင် စုယွီ မသိရှိသေးပေရာ မည်သို့များ မောက်မာပြီး ကျေနပ်နေနိုင်မည်နည်း။

သို့ဖြင့် ထိုနေ့အတွက် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်တော့သည်။

All Chapters