အခန်း ၈၈၂
Vol. 59 Ch. 882
အခန်း (၈၈၂) ရှေးဟောင်း အခွင့်အရေး၊ ဖရိုဖရဲ အခြေအနေများ စတင် ပေါ်ပေါက်လာခြင်း (အပိုင်း-၂)
စုယွီ သည် သူ၏ လက်ထဲရှိ မျိုးစေ့ကို နောက်တစ်ကြိမ် ပြန်ထုတ်ယူလိုက်ပြီး အစ်ိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်အား အသက်သွင်းကာ မျိုးစေ့ကို အသက်စွမ်းအားများဖြင့် အားဖြည့်ပေးလိုက်၏။
ထိုအချိန်မှာပင်
စုယွီ ၏ မျက်လုံးများထဲတွင် ရွှေပုစဉ်းရင်ကွဲ နတ်ဘုရား စွမ်းအားများ ပေါ်ထွက်လာပြီး ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ အပြင်ဘက် အဆောက်အအုံ တစ်ခုဆီသို့ ထိုးဖောက် ကြည့်ရှုလိုက်သည်။ ၎င်းမှာ သူ၏ အကြားအမြင် စွမ်းအားကို စုစည်း အသုံးပြုလိုက်ခြင်းပင်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် အတွင်း၌ ကောင်းကင်အပျက်အစီးခန်းမ၏ လျှို့ဝှက် အခြေစိုက်စခန်း တစ်ခုသာ ရှိကြောင်း ယန္တရားတစ်ထောင်ဂိုဏ်း ထံမှ စုံစမ်း သိရှိထားသည်။ ထို အခြေစိုက်စခန်းမှာ လျှို့ဝှက်စွာ တည်ရှိနေပြီး ကောင်းကင်အပျက်အစီးခန်းမ နှင့် လူသိရှင်ကြား ပတ်သက်နေခြင်း မရှိချေ။
ထိုနေရာ၌ မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး တစ်ပါးနှင့် ရွှေအမြုတေအဆင့် အရှင်သခင် အချို့ကို အမြဲတမ်းအတွက် တာဝန်ချထားသည်။
ကောင်းကင်အပျက်အစီးခန်းမ ၏ ဖိတ်ကြားခံရသော ဖောက်သည် အချို့သာလျှင် ဤအခြေစိုက်စခန်း တည်ရှိကြောင်းကို သိရှိကြ၏။
ဆုကြေးငွေ ထုတ်ပြန်ခြင်းများ ပြုလုပ်ရန်၊ သတင်းအချက်အလက်များ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထိုနေရာသို့ သွားရောက်နိုင်သည်။
ဤကာလ တစ်လျှောက်လုံးတွင် စုယွီ သည် ဖူးစာရှင် ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းသည့်နှယ် ထိုအခြေစိုက်စခန်းအား နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေခဲ့၏။
ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို အသက်သွင်း အားဖြည့်ပေးနေစဉ် သူသည် ကောင်းကင်အပျက်အစီးခန်းမ အခြေစိုက်စခန်းဆီသို့ ရံဖန်ရံခါ အကဲခတ် ကြည့်ရှုလေ့ ရှိသည်။
စုယွီ သည် ဤအခြေစိုက်စခန်းကို စောင့်ကြည့်ရန်အတွက် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်တွင် နှစ်အတော်ကြာအောင် နေထိုင်သွားရန်ပင် စိတ်ပိုင်းဖြတ်ထား၏။
သို့သော် ယခုအခိုက်အတန့်တွင် သာမန် ရုပ်ရည်နှင့် ထူးခြားမှု မရှိသော အဘိုးအို တစ်ဦးသည် ကောင်းကင်အပျက်အစီးခန်းမ အခြေစိုက်စခန်း အတွင်းသို့ ဝင်ရောက်နေလေသည်။ ထိုနေရာရှိ လူများက သူ့ကို ရိုသေစွာ ဆီးကြိုနှုတ်ဆက်ကြပြီး သူက အနောက်ဘက် ခြံဝင်းရှိ မြေအောက် လျှို့ဝှက်ခန်းမဆီသို့ ဦးတည်သွားသည်။ ထိုနေရာတွင် သူတို့၏ လျှို့ဝှက် ဆွေးနွေးမှုကို ဖုံးကွယ်ရန်အတွက် အခင်းအကျင်းများ အထပ်ထပ် စီရင်ထား၏။
“ဟင်... သူ ရောက်လာပြီလား”
စုယွီ ၏ မျက်နှာအမူအရာ လင်းလက်သွားပြီး ရွှေပုစဉ်းရင်ကွဲ နတ်ဘုရား မျက်လုံးစွမ်းအားများက ဟင်းလင်းပြင် နှင့် အချိန်ကာလ တို့၏ အတားအဆီးများကို ထိုးဖောက်သွားတော့သည်။
ထိုလူများက ကောင်းကင်နှင့် မြေကြီး၏ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ရန်အတွက် အဆင့် (၅) အလယ်အလတ် အခင်းအကျင်း တစ်ခုကို အသက်သွင်းထားသော်လည်း ၎င်းက ရွှေပုစဉ်းရင်ကွဲ ၏ နတ်ဘုရား မျက်လုံးစွမ်းအားများ၏ ထိုးဖောက် ကြည့်ရှုနိုင်စွမ်းကိုတော့ မတားဆီးနိုင်ခဲ့
ပေ။
လျှို့ဝှက်ခန်းမ အတွင်း ဆံပင်ဖြူ အဘိုးအို ဝင်ရောက်သွားပြီးနောက် သူ၏ မျက်နှာတွင် မိစ္ဆာ ကျားမျက်နှာဖုံး တစ်ခုကို တပ်ဆင်လိုက်ရာ သူ၏ ရုပ်ဆင်းသဏ္ဍာန် အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ ဆံပင်များက နက်မှောင် တောက်ပသွားပြီး ဝိညာဉ်ခွဲထွက်အဆင့် ၏ အရှိန်အဝါများက သူ၏ ပတ်လည်တွင် စုစည်းလာကာ သူ့နောက်မှ လိုက်ပါလာသော
နောက်လိုက်များကိုပင် အသက်ရှူရ ခက်ခဲသွားစေ၏။ သူတို့၏ နှလုံးသားများထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်သွားစေတော့၏။
အသက် ငါးဆယ် ၊ ခြောက်ဆယ် အရွယ်ခန့် ရှိပြီး ရိုးသားပုံ ရသော အခြေစိုက်စခန်း ၏ အကြီးအကဲ က ကျားမျက်နှာဖုံး နှင့် လူအား လေသံကို နှိမ့်၍ မေးလိုက်သည်။
“ကျားသံတမန်တော်...ကိုယ်တိုင်ကိုယ်ကျ ရောက်လာတယ် ဆိုတော့... အရေးတကြီး ကိစ္စများ ရှိလို့ပါလား”
ကျားသံတမန်တော် က သူ၏နောက်လိုက်များကို လှည့်ကြည့်လိုက်ပြီး ထက်ရှသော အသံဖြင့် အမိန့်ပေးလိုက်၏။
“ငါတို့ရဲ့ အင်အား အကုန်လုံးကို သုံးပြီး... ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ... ဆေးလုံးသန့်စင်ဂိုဏ်း ရဲ့ အပျက်အစီးတွေ ထဲကနေ ယန္တရားတစ်ထောင်ဂိုဏ်း ဘာတွေ ရသွားလဲ ဆိုတာကို စုံစမ်းထောက်လှမ်းကြ”
အကြီးအကဲ ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ကုန်ကျစရိတ်ကို ဂရုမစိုက်ဘဲ ဟုတ်လား။
သူက အံကြိတ်လျက် ကမန်းကတန်း မေးလိုက်သည်။
“သံတမန်တော်... နည်းနည်းလောက်များ ထပ်ပြောပြလို့ ရမလားခင်ဗျာ... ကျွန်တော်တို့ ဒီလောက်တောင် အန္တရာယ် ကြီးကြီးမားမား ယူရလောက်အောင်... အဲဒါက ဘာများပါလဲ”
ကျားသံတမန်တော် က သူ့ကို ခေတ္တမျှ ကြည့်နေပြီးနောက် သူ၏ ကြီးစိုးသော အကြည့်များကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“အဲဒီနေရာက သာမန်နေရာ မဟုတ်ဘူး... ကောလဟာလတွေ အရ ဆိုရင်... ရှေးဟောင်း ခေတ်ကာလတုန်းက အဲဒီနေရာဟာ ကျင့်ကြံသူတွေ ကြားမှာ ကြီးစိုးသောင်းကျန်းခဲ့တဲ့... မိစ္ဆာ လမ်းစဉ် အင်အားစု တစ်ခုရဲ့ အခြေစိုက်စခန်း ဖြစ်ခဲ့ဖူးတယ်တဲ့”
“အဲဒီ မိစ္ဆာ လမ်းစဉ် အင်အားစု ရဲ့ အင်အားက အရမ်း ကြီးမားလွန်းလို့... ကောင်းကင် အင်မော်တယ်စံအိမ် နဲ့ ဟေးလုံ အင်ပါယာ လိုမျိုး အဲဒီခေတ်က ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးတွေ တောင်မှ... သူတို့ကို အလွယ်တကူ ရန်မစရဲခဲ့ကြဘူး”
“အဲဒီ စစ်မြေပြင် အပျက်အစီး တွေက အဲဒီ အင်အားစု နဲ့ ပတ်သက်နေနိုင်တယ်”
“ပြီးတော့ ယန္တရားတစ်ထောင်ဂိုဏ်း က အဲဒီမှာ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေကလည်း... သာမန် ကိစ္စတော့ မဟုတ်ဘူး”
ရှေးဟောင်း မိစ္ဆာ လမ်းစဉ် အင်အားစုတွေနဲ့ ပတ်သက်တဲ့ ပစ္စည်း တစ်ခု ဟုတ်လား။
ကောင်းကင်အပျက်အစီးခန်းမ အခြေစိုက်စခန်း ၏ အကြီးအကဲ သဘောပေါက်သွား၏။ ဤသတင်းအချက်အလက်များဖြင့် ဆိုပါက သူတို့ ရှာဖွေနေသော ပစ္စည်း အတိအကျကို ခန့်မှန်းရ ပိုမို လွယ်ကူသွားလေမည်။ ခေါင်းဖြတ်ခံထားရသော ယင်ကောင်များအလား ရည်ရွယ်ချက်မဲ့လိုက်လံ ရှာဖွေနေစရာ မလိုတော့ပေ။
သူက အလျင်အမြန် ခေါင်းငုံ့ကာ အမိန့်ကို ခံယူလိုက်၏။
“ကျွန်တော် အခုချက်ချင်းပဲ... စီစဉ်လိုက်ပါ့မယ်”
ကျားသံတမန်တော် က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး သူ၏ နောက်လိုက်များကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
သူကိုယ်တိုင်ကတော့ လျှို့ဝှက်ခန်းမ အတွင်း၌ ကျန်ရစ်ခဲ့ကာ သတင်းများကို စောင့်ဆိုင်းနေတော့၏။
အခြား တစ်နေရာ၊ အတွင်းမြို့တော်ရှိ အဆင့် (၄) ဂူစံအိမ် အတွင်း၌။
စုယွီ သည် ထူးဆန်းသော အင်မော်တယ် မျိုးစေ့ကို အသက်သွင်း အားဖြည့်နေဆဲပင်။ အစောက ကောင်းကင်အပျက်အစီးခန်းမ ၏ အခြေစိုက်စခန်း အတွင်း၌ သူ မြင်တွေ့ခဲ့ရသော ဤမြင်ကွင်းက သူ၏ ရင်ထဲတွင် အံ့အားသင့်မှု အချို့ကို ဖြစ်ပေါ်လာစေခဲ့သည်။
“ကောင်းကင် အင်မော်တယ်စံအိမ် နဲ့ နဂါးနက် အင်ပါယာ တို့တောင် အလွယ်တကူ မရန်စရဲခဲ့တဲ့... ရှေးဟောင်း မိစ္ဆာ လမ်းစဉ် အင်အားစု ဟုတ်လား”
“ဆေးလုံးသန့်စင်ဂိုဏ်းမှာ ပေါ်ထွက်လာခဲ့တဲ့ စစ်မြေပြင် အပျက်အစီးတွေက... ဒီ အင်အားစု နဲ့ ပတ်သက်နေတာလား”
“ပြီးတော့ ယန္တရားတစ်ထောင်ဂိုဏ်း က အဲဒီနေရာကနေ... ဒီ ရှေးဟောင်း မိစ္ဆာ လမ်းစဉ် အင်အားစု နဲ့ ပတ်သက်တဲ့ အခွင့်အရေး တစ်ခုခုကို ရသွားခဲ့တာများလား”
မူလကတော့ စုယွီက ကောင်းကင်အပျက်အစီးခန်းမ မှ အရေးပါသော ပုဂ္ဂိုလ် တစ်ဦး ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းပြီးနောက် နောက်ယောင်ခံလိုက်ကာ ကောင်းကင်အပျက်အစီးခန်းမ ၏ လျှို့ဝှက် အခြေစိုက်စခန်းကို ရှာဖွေရန်နှင့် သူတို့ကို တစ်ကြိမ်တည်းဖြင့် ရှင်းလင်းပစ်ရန်သာ ရည်ရွယ်ထား၏။
သို့သော် ယခု ကောင်းကင်အပျက်အစီးခန်းမ က ယန္တရားတစ်ထောင်ဂိုဏ်းကို ပစ်မှတ်ထားရဲသည်ကို မြင်တွေ့လိုက်ရသောအခါ စုယွီ ၏ စိတ်ဝင်စားမှုက ပို၍ပင် ပြင်းပြလာတော့သည်။
ကောင်းကင်အပျက်အစီးခန်းမ က ယန္တရားတစ်ထောင်ဂိုဏ်းကို ရန်စရမှာ မကြောက်ဘူးလား။
သုံးရက် ကြာပြီးနောက်
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ အနက်ရှိုင်းဆုံး အပိုင်းရှိ ယန္တရားတစ်ထောင်ဂိုဏ်း အတွင်း၌ ရုတ်တရက် ဆူပူအုံကြွမှု အနည်းငယ် ဖြစ်ပွားခဲ့၏။ ၎င်းက လျင်မြန်စွာ ငြိမ်သက်သွားခဲ့သော်လည်း ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ရှိ လူအများအပြား၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည်။
စုယွီ သည် ရွှေပုစဉ်းရင်ကွဲ မျက်လုံး ၏ နတ်ဘုရား စွမ်းအားများကို အသုံးပြုကာ ကြည့်ရှုလိုက်ရာ ယန္တရားတစ်ထောင်ဂိုဏ်း မှ အဖွဲ့ဝင် တစ်စုသည် အခင်းအကျင်း တစ်ခု အတွင်း၌ မူလဝိညာဉ်အဆင့် သစ္စာဖောက် တစ်ဦးကို တိုက်ခိုက် သတ်ဖြတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ လအတော်ကြာ အတွင်း ယန္တရားတစ်ထောင်ဂိုဏ်း အတွင်း၌ ပထမဆုံး အကြိမ် ပြဿနာ ဖြစ်ပွားခြင်းပင်။
ယန္တရားတစ်ထောင်ဂိုဏ်း ၏အင်အားဖြင့် ဆိုပါက ဤသစ္စာဖောက်ကို ဖမ်းဆီးရန်မှာ မခက်ခဲလှပါချေ။
အမှန်တကယ်ပင် အသက် ဆယ်ခါ ရှူချိန်ပင် မပြည့်သေးခင်မှာ ထို မူလဝိညာဉ်အဆင့် အရှင်သခင်ကြီး သည် ခေါင်းဖြတ်ခံလိုက်ရပြီး သူ၏ မူလဝိညာဉ်ကိုပါ ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရသည်။
သူတို့၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍မူ အောင်မြင်ပုံ မပေါ်သေးပေ။
မိစ္ဆာ လမ်းစဉ် နှင့် ပတ်သက်သော မည်သည့် အရာကိုမျှ စုယွီ မတွေ့ရှိခဲ့ရပေ။
ယန္တရားတစ်ထောင်ဂိုဏ်း ၏ စစ်ဆေးမေးမြန်းမှုများပြီးနောက် တစ်ဖက်လူမှာ ကောင်းကင်အပျက်အစီးခန်းမ မှ မဟုတ်ဘဲ ထိုက်ချင် ဓားဂိုဏ်း ထံသို့ ဘက်ပြောင်းသွားသူ ဖြစ်ကြောင်း စုယွီ သိရှိလိုက်ရ၏။
ယန္တရားတစ်ထောင်ဂိုဏ်း ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ကြိုးစားနေသည်မှာ ထိုက်ချင် ဓားဂိုဏ်းပင် ဖြစ်သည်။
သတင်းအချက်အလက်ကြောင့် အံ့အားသင့်သွားပြီးနောက် စုယွီ တွက်ချက်လိုက်မိ၏။
“ထိုက်ချင် ဓားဂိုဏ်း ဟုတ်လား... အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ က တခြား အင်အားစုတွေကလည်း ယန္တရားတစ်ထောင်ဂိုဏ်းကို မျက်စိကျနေကြတာလား”
ကောင်းကင်အပျက်အစီးခန်းမ နှင့် ထိုက်ချင် ဓားဂိုဏ်း တို့ အပြင် အခြားသူများ ရှိနေသေးသလား။
ယန္တရားတစ်ထောင်ဂိုဏ်း ၏ ခေါင်းဆောင် တာအိုသခင်ကြီး ယန္တရားတစ်ထောင် ၏ မှုန်ကုပ်နေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် သည်ဖြစ်ရပ်က အစသာ ဖြစ်နိုင်ကြောင်း စုယွီ သိလိုက်သည်။
အမှန်တကယ်ပင် ယန္တရားတစ်ထောင်ဂိုဏ်း သည် အလွန် အစွမ်းထက်သော ပစ္စည်း သို့မဟုတ် အခွင့်အရေး တစ်ခုခုကို ရရှိထားခြင်း ဖြစ်ရပေမည်။
သို့သော် ထိုအရာက ပြဿနာကြီး တစ်ခုလည်း ဖြစ်နေ၏။
“ငါနဲ့တော့ ဘာမှ မဆိုင်ပါဘူးလေ”
စုယွီ က သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ကောင်းကင်အပျက်အစီးခန်းမ အခြေစိုက်စခန်း ၏ သံတမန်တော် ဆီသို့နောက်တစ်ဖန် ပြန်လည် အာရုံစိုက်လိုက်သည်။ ယန္တရားတစ်ထောင်ဂိုဏ်း အပေါ် ဘာတွေ ဖြစ်လာမလဲ ဆိုသည်ကို သူ ဂရုမစိုက်ပါချေ။
အပျက်အစီးတစ်ရာ ကျင့်ကြံခြင်းကမ္ဘာ သို့ သူ လာရောက်ရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကောင်းကင်အပျက်အစီးခန်းမကို ချေမှုန်းရန်သာ ဖြစ်၏။
ယခု ကောင်းကင်အပျက်အစီးခန်းမ က ယန္တရားတစ်ထောင်ဂိုဏ်း ၏ ရတနာ နှင့် အခွင့်အရေးကို စုံစမ်းထောက်လှမ်းလိုနေပြီ ဖြစ်ရာ သူတို့က လူအင်အားနှင့် အဖွဲ့အစည်းများကို ပိုမို ဆွဲသွင်းလာမည်မှာ မလွဲဧကန်ပင်။ ထိုအချိန်ကျရောက်လာပါက ကောင်းကင်အပျက်အစီးခန်းမ ၏ အခြေစိုက်စခန်းကို အမြစ်ပြတ် ချေမှုန်းရန် သူ့အတွက် အခွင့်အရေး ရရှိလာမည် မဟုတ်ပါလား။
သူ့အတွက်တော့ သည်အဖြစ်အပျက်က ကြိုဆိုရမည့် တိုးတက်မှု တစ်ခုပင်။
နောက်လာမည့် လအတွင်း။
ယန္တရားတစ်ထောင်ဂိုဏ်း အတွင်း၌ ဆူပူအုံကြွမှု သုံးကြိမ် ဖြစ်ပွားခဲ့၏။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်တွင်ပင် သူစိမ်း မျက်နှာ အများအပြားကို မြင်တွေ့လာရ၏။ လုယက်သူ ကျင့်ကြံသူများ နှင့် မိစ္ဆာ ကျင့်ကြံသူ အများအပြား သည် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် အတွင်းသို့ ဝင်ရောက်လာကြပြီး တစ်လတည်း အတွင်းမှာပင် မြို့တော် အတွင်း ရန်ပွဲ နှင့် ကတောက်တဆ ဖြစ်ရပ် ဒါဇင်ပေါင်းများစွာ ဖြစ်ပွားစေခဲ့သည်။
သည်းခံနိုင်စွမ်း ကင်းမဲ့သွားသည့်အဆုံးတွင် ယန္တရားတစ်ထောင်ဂိုဏ်း သည် မြို့တော် တစ်ခုလုံးကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်တော့၏။
အင်မော်တယ်မြို့တော် အတွင်း ပြဿနာ ဖန်တီးသူ မည်သူ့ကိုမဆို ကွပ်မျက်မည် ဟူ၍။
သို့သော် အဆင့် (၄) ဂူစံအိမ် အတွင်း၌ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ကြားလိုက်ရသောအခါ စုယွီ သည် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ဖရိုဖရဲ ဖြစ်တော့မည်ကို သိလိုက်သည်။
တကယ်လည်း ထိုအတိုင်း ဖြစ်လာခဲ့၏။
နှစ်ရက်ခန့် ငြိမ်သက်သွားပြီးနောက် တတိယမြောက်နေ့တွင် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၌ ပွတ်တိုက်မှုများ နှင့် အငြင်းပွားမှုများ ပြန်လည် ပေါ်ပေါက်လာ၏။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် မှ အစောင့်များက ၎င်းကို ဖြေရှင်းရန်သွားရောက်သောအခါ သူတို့သည် ပူးပေါင်း ချုံခို တိုက်ခိုက်ခံရပြီး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
အစောင့် တပည့် အယောက် (၂၀) စလုံး သုတ်သင် ခံလိုက်ရခြင်းပင်။
ထို့နောက် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ ဆူပူအုံကြွမှုများ စတင် ပျံ့နှံ့လာခဲ့တော့၏။ လုယက်သူ ကျင့်ကြံသူများ နှင့် မိစ္ဆာ ကျင့်ကြံသူများ သည် အခြားနေရာများတွင်လည်း ပေါ်လာကြပြီး အပြင်မြို့တော် ရှိ ဆိုင်များ နှင့် ကျင့်ကြံသူများကို အလွတ်သဘော လုယက် ကြတော့သည်။
“တယ်လည်း အတင့်ရဲကြပါလား”
“ဒီ အရှင်သခင် ကြီး အတွက် အားလုံး အခုချက်ချင်း ရပ်လိုက်ကြစမ်း... မဟုတ်ရင်တော့ ယန္တရားတစ်ထောင်ဂိုဏ်း က ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့”
ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် အရှိန်အဝါက မြင့်တက်လာပြီး ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ဒေါသတကြီး အော်ဟစ်သံက မြို့တော် တစ်လျှောက် ပဲ့တင်ထပ်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများအား မျက်နှာ ဖြူရော်သွားစေခဲ့သည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏ အခင်းအကျင်းများ နှင့် အစောင့် တပည့် အားလုံး ချက်ချင်း အသက်သွင်းကာ မြို့တော် ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် စေလွှတ်လိုက်သည်။
အဆင့် (၄) ဂူစံအိမ် အတွင်း၌။
စုယွီ ၏ မျက်လုံးများတွင် ရွှေရောင် နတ်ဘုရား အလင်းတန်းများ စုစည်းလာပြီး ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ရှိနေရာ အချို့ကို အာရုံစိုက် ကြည့်ရှုလိုက်၏။
“အကြွင်းမဲ့ အင်မော်တယ်နန်းတော်... ဆေးလုံးသန့်စင်ဂိုဏ်း... ထိုက်ချင် ဓားဂိုဏ်း... ထျန်းကျန်း စံအိမ် နဲ့ ကောင်းကင်အပျက်အစီးခန်းမ လို အင်အားစုတွေက... အဖွဲ့ဝင် အတော်များများကို စေလွှတ်ထားတာပဲ”
သူက ကောင်းကင်အပျက်အစီးခန်းမ အခြေစိုက်စခန်း ရှိရာ အရပ်ဆီသို့ မျက်လုံးထဲတွင်နောက်ပြောင်လိုသော အရိပ်အယောင်တစ်ခုဖြင့် စူးစိုက်ကြည့်လိုက်သည်။
ကောင်းကင်အပျက်အစီးခန်းမ က နောက်ထပ် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး သုံးပါးကို စေလွှတ်ထားသည်။
ထို့အပြင် သူတို့သည် ထိုက်ချင် ဓားဂိုဏ်း မှ အဖွဲ့ဝင်များ နှင့်လည်း ပူးပေါင်းထားပြီး ယန္တရားတစ်ထောင်ဂိုဏ်း ၏ အခွင့်အရေးကို လုယူရန်အတွက် ငှားရမ်းခံထားရပုံ ပေါ်၏။
“ကြည့်ရတာ ကောင်းကင်အပျက်အစီးခန်းမမှာ သားရဲ သံတမန်တော် (၁၂) ယောက် ရှိနေပုံပဲ... တစ်ယောက်စီတိုင်းက ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တွေ”
“သူတို့ အထက်မှာကတော့... အလျှို့ဝှက်ဆုံး ဖြစ်တဲ့ တစ်ဦးတည်းသော ဂိုဏ်းချုပ်ကြီး ပဲ”
စုယွီ သည် ကောင်းကင်အပျက်အစီးခန်းမ ၏ သတင်းအချက်အလက်များကို သုံးသပ်နေသည်။
ဤသည်မှာ ကောင်းကင်အပျက်အစီးခန်းမ အဖွဲ့ဝင်များ၏ ပါးစပ်မှ မကြာသေးမီက သူ စုံစမ်း သိရှိထားသော သတင်းအချက်အလက်များပင်။
အကယ်၍ ကောင်းကင်အပျက်အစီးခန်းမ ၏ ဖွဲ့စည်းပုံက တကယ်ပဲ ဒီလို ဖြစ်နေမည် ဆိုပါက... လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းချုပ်ကြီး ပေါ်လာမည့် အချိန်ကို သူ စောင့်ဆိုင်းရမည်၊ သို့မဟုတ် ဤကိစ္စ ပြီးဆုံးသွားပြီးနောက်တွင် အဓိက တရားခံကို ရှာတွေ့နိုင်မလား သိရရန် ဤအရှင်သခင်ကြီးများ၏ နောက်သို့ သူ လိုက်ရလေမည်။
အခြားသော အင်အားစုများသည် ဖြည်းဖြည်းချင်း လှုပ်ရှားပြီး ယန္တရားတစ်ထောင်ဂိုဏ်းကို ဖြည်းဖြည်းချင်း အင်အား ကုန်ခမ်းစေလိမ့်မည်ဟု စုယွီ ထင်မှတ်ထားခဲ့၏။
သို့သော် မမျှော်လင့်ဘဲ ညနေခင်း အရောက်တွင် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးများသည် ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော် ၏နေရာတိုင်းတွင် ပေါ်လာကြပြီး အင်အားစု အသီးသီးမှ လူများသည် ယန္တရားတစ်ထောင်ဂိုဏ်း ၏ အတွင်းမြို့တော် ဆီသို့ တစ်ပြိုင်နက်တည်း အပြေးအလွှား ဝင်ရောက်သွားကြသည်။
ယန္တရားတစ်ထောင် အင်မော်တယ်မြို့တော်တွင် ဖရိုဖရဲ အခြေအနေများ စတင် ပေါ်ပေါက်လာတော့၏။