← Chapters

အခန်း ၁၂၀၁

Vol. 81 Ch. 1201

အခန်း ၁၂၀၁

Vol. 81 Ch. 1201

အခန်း ( ၁၂၀၁ ) ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာ သွေးတစ်စက်၏ မူလအစ။

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစုထံသို့ ပြန်လည်ရောက်ရှိလာခြင်းမှာ သံသယလှိုင်းများ ဖြစ်ပေါ်စေခဲ့သည်။

ကျွင်းမိသားစုကလည်း ကျွင်းရှောင်ယောက်က တားမြစ်မိသားစုသုံးခုမှ လူများကို သတ်ပစ်ခဲ့သည့် အကြောင်းကို သိထား၏။

သို့သော်လည်း ကျွင်းမိသားစုမှ လူတိုင်းက ကျွင်းရှောင်ယောက်ကို အမှားလုပ်မိသည်ဟု မထင်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်၏ လုပ်ဆောင်ပုံမှာ ကျွင်းမိသားစု၏ပုံစံနှင့် အကိုက်ညီဆုံးဟု ထင်ကြသည်။

ထို့ပြင် ကျွင်းရှောင်ယောက်က ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးကို ခေါ်ဆောင်လာခဲ့ခြင်းမှာ ကျွင်းမိသားစုမှ လူတိုင်းကို စူးစမ်းလိုစိတ်ဖြစ်စေခဲ့ပေသည်။

ကျွင်းမိသားစု၏ ဘိုးဘေးများစွာက လော့ရှန်းလင်ကို လေးစားမှုပေးခဲ့ကြသည်။

နောက်ဆုံးတွင်၊ လော့ရှန်းလင်၏ ခွန်အားက ကျွင်းမိသားစုမှ ဘိုးဘေးများစွာနှင့် တူညီနေခဲ့သည် မဟုတ်လော။

ထို့ပြင် ရှောင်ချမ်ရွယ်ကလည်း ကျွင်းမိသားစု၏ ဘိုးဘေးအမြောက်အမြားကို အံ့အားသင့်စေခဲ့သည်။

ဘိုးဘေးတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ရှောင်ချမ်ရွယ်က ရှက်ကြောက်နေပြီး ကျွင်းရှောင်ယောက်၏နောက်တွင် ဝင်ပုန်းလိုက်၏။

"ဘိုးဘွားတို့ တစ်ခုခုတွေ့မိလား"

ကျွင်းရှောင်ယောက်က ပြုံးပြီး မေးလိုက်သည်။

"မရိုးရှင်းဘူး၊ ရှောင်ယောက်... ဒါက မင်းရဲ့ ကံကြမ္မာပဲ"

ကျွင်းမိသားစု၏ ဘိုးဘွားများက အခြေအနေမှန်ကို သိပုံရသော်လည်း မပြောခဲ့ကြပေ။

သို့ရာတွင်၊ သူတို့က မရိုးရှင်းဘူးဟုဆိုလျှင် အမှန်တကယ် မရိုးရှင်းသောကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ သိပ်ပြီး ဂရုမစိုက်တော့ပါ။ ယခုအချိန်တွင် ရှောင်ချမ်ရွယ်က သူ၏ သမီးတစ်ဦးအဖြစ် ရှိနေသေးသောကြောင့် သူမ၏ အထောက်အထားကို ရှာဖွေရန် အလျင်မလိုပေ။

ထို့နောက်တွင် ကျွင်းရှောင်ယောက်၏မိခင် ကျန်းရို့ ရောက်လာသည်။

ကျန်းရို့က ရှောင်ချမ်ရွယ်ကို တွေ့သောအခါ အံ့အားသင့်သွား၏။

"ဖေဖေ..."

ရှောင်ချမ်ရွယ်က ကျွင်းရှောင်ယောက်၏ အဝတ်အစားထောင့်စွန်းကို ဆုပ်ကိုင်ကာ နောက်ဆုတ်လိုက်လေသည်။

"ရှောင်ယောက်၊ ဒါက ရုတ်တရက်ကြီး မဟုတ်လား"

ကျန်းရို့က ခဏတာ အံ့ဩသွားပြီးနောက် ဝမ်းသာပျော်ရွှင်သွားပုံရသည်။

ကျွင်းရှောင်ယောက်လည်း အခြေအနေမှန်ကို ချက်ချင်း ရှင်းပြလိုက်ရလေသည်။

"ချစ်စရာကောင်းလိုက်တဲ့ ကလေးမလေး"

ကျန်းရို့က ချစ်မြတ်နိုးစွာဖြင့် ပြောလိုက်သည်။

"စကားမစပ် ရှောင်ယောက်၊ ဒီတစ်ယောက်က..."

ကျန်းရို့က လော့ရှန်းလင်ကို တစ်ချက်ကြည့်လိုက်၏။

ဤတစ်ကြိမ်မှာတော့ ကျွင်းရှောင်ယောက်မှာ မည်သို့ရှင်းပြရမည်မှန်း မသိတော့ပေ။

ဒါက တိုင်းတပါးမှာ ဖက်ထားခဲ့တဲ့ ပေါင်လုံးကြီးလို့ ပြောလို့ဖြစ်မှာလား။

"မင်္ဂလာပါ ဒေါ်လေး..."

လော့ရှန်းလင်က စိတ်လှုပ်ရှားမှုကို မနည်းထိန်းချုပ်ထားသော လေသံဖြင့် ပြောလိုက်သည်။ ကျန်းရို့နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ မျက်နှာလေးက ရှက်ရွံ့မှုကြောင့် အနည်းငယ် နီမြန်းနေလေသည်။

အသက်အရွယ်အရဆိုလျှင် သူက ကျန်းရို့ထက် အသက်မငယ်ပါ။

သို့သော်လည်း ယခုအချိန်တွင် သူမက ယောက္ခမနှင့် တွေ့ဆုံရသော ချွေးမလောင်းတစ်ဦးကဲ့သို့ ရှက်ရွံ့စိတ်တို့ ပြည့်နေခဲ့သည်။

ကျန်းရို့ကလည်း သဘာဝအတိုင်း ပျော်ရွှင်နေခဲ့လေသည်။

ကျွင်းရှောင်ယောက်တွင် ဇနီးမယားများများနှင့် သားသမီရတနာများစွာ ထွန်းကားနိုင်ရန် သူမ အမှန်တကယ် မျှော်လင့်ခဲ့သည်။

ကံမကောင်းချင်တော့ ကျွင်းရှောင်ယောက်က ထိန်းချုပ်နိုင်စွမ်း မြင့်မားခဲ့ပေသည်။

နောက်ပိုင်းအခြေအနေများကတော့ သဘာဝအတိုင်း ပျော်စရာများ ဖြစ်သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကို လာရောက်ရသည့် သူ၏ရည်ရွယ်ချက်ကို မမေ့ပေ။

သူက ကြေးအင်မော်တယ်နန်းတော်သို့ ရောက်လာခဲ့သည်။

ယခုအခါ၊ ကြေးအင်မော်တယ်နန်းတော်က ကျွင်းဧကရာဇ်ခုံရုံး၏ အခြေခံစခန်းတစ်ခုသဖွယ် ဖြစ်နေပြီ။

ကျွင်းရှောင်ယောက်က ဝူဟူကို တွေ့ဆုံရန် သွားရောက်ခြင်း ဖြစ်သည်။

ဝူဟူက ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ကြွက်သားများကလည်း ဖုထစ်နေသည်။ သူ့မျက်လုံးအကြည့်တို့က အေးစက်၏။

သူ့ခန္ဓာကိုယ်တွင်းမှာလည်း ရွှေရောင်သွေးများက စီးဆင်း‌နေကာ ကောင်းကင်ကို လှုပ်ခါနိုင်သော စစ်နတ်ဘုရား၏ ပြန်လည်ဝင်စားသူကဲ့သို့ပင်။

ဝူဟူက ကျွင်းဧကရာဇ်ခုံရုံး၏ ထိပ်တန်း အကျော်အမော်နှင့် အမာခံအဖွဲ့ဝင်တစ်ဦးဟု ဆိုနိုင်သည်။

"ကျွင်းရှောင်ယောက်၊ မင်းရောက်လာပြီလား"

ကျွင်းရှောင်ယောက် ရောက်လာတာကိုမြင်တော့ ဝူဟူက နှုတ်ဆက်ရန် ထွက်လာသည်။

"အကြီးအကဲဝူဟူ၊ ခင်ဗျားရဲ့ အခြေအနေက ပိုကောင်းလာပုံရတယ်"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

ဝူဟူကို ပထမဆုံးမြင်ခဲ့ရသည့် အချိန်ကို သူ မမေ့သေးပေ။

ကျဆင်းနေသော ရှေးဟောင်းဘုရားကျောင်းတစ်ခုတွင်၊ ဝူဟူ၏ ခြေလက်များကို သံကြိုးများဖြင့် ချည်နှောင်ထားခဲ့သည်။ ထူထဲသော သံကြိုးများက သူ့အရိုးများကိုပင် ထိုးဖောက်ဝင်ရောက်သွား၏။

သူ့နောက်ကျောမှာလည်း ကျောက်စာချပ်တစ်ခုကို ထမ်းပိုးထားရသေးသည်။ ယင်းက အသျှင်ခန္ဓာမျိုးရိုးမှ ချန်ထားခဲ့သော အရှက်တရား ဖြစ်သည်။

သို့ရာတွင်၊ ဝူဟူက လက်မလျှော့ခဲ့ပေ။

အမှောင်မိုက်ဆုံး အချိန်အခါဖြစ်သော်လည်း သူ့နှလုံးသားကတော့ လင်းလက်နေဦးမည်။

မြင့်မြတ်ခန္ဓာမျိုးရိုးကို ဆက်လက်တည်မြဲစေရန် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်။

နင်ချန်နှင့် ရှောင်ရွယ်ရွယ်တို့တွင် မြင့်မြတ်ခန္ဓာသွေးများ ဆက်လက်စီးဆင်းစေရန် မျှော်လင့်ကာ သူ၏ ကိုယ်ပိုင်သွေးအနှစ်သာရဖြင့် သန့်စင်ပေးရန် မတွန့်ဆုတ်ခဲ့ပေ။

"ငါ ဒီနေ့ ဒီနေရာအထိ ရောက်လာနိုင်တာက မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ"

ဝူဟူက ပြောလိုက်သည်။

ကျွင်းရှောင်ယောက်ကြောင့်သာမဟုတ်လျှင်...

ဤကမ္ဘာကြီးတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ဘုန်းအသရေရှိတော့မည်မဟုတ်ဟုပင် ခန့်မှန်းရသည်။

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးကို ချောက်နက်ထဲသို့ ပြုတ်ကျခါနီး လက်တစ်ကမ်းအလိုတွင် ကယ်တင်ခဲ့ခြင်း ဖြစ်ချေသည်။

"အကြီးအကဲဝူဟူ၊ ကျုပ် ဒီတစ်ခေါက် ရောက်လာတာက ခင်ဗျားကို ပေးစရာရှိလို့ပါ"

ကျွင်းရှောင်ယောက်က လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့သော ကာကွယ်သူ၏နှလုံးသားကို ထုတ်ယူလိုက်သည်။

"ဒါက..."

ဝူဟူ အံ့အားသင့်သွား၏။

ကာကွယ်သူ၏နှလုံးသားမှ ကြီးမားပြီး ကြောက်စရာကောင်းသော စွမ်းအားများကို သူ ခံစားနိုင်သည်။

"ဒီကာကွယ်သူနှလုံးသားက ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် ကြီးမြတ်တဲ့ နှလုံးသားရှိသူတွေပဲ သန့်စင်နိုင်ကြတယ်"

"အဲဒါကို သန့်စင်လိုက်မယ်ဆိုရင် ဧကရာဇ်တစ်ပိုင်းအဆင့်အောက်မှာ ဘယ်သူ့ကိုမဆို အဆင့်တစ်ခု တိုးတက်စေဖို့ ကူညီပေးနိုင်တယ်"

"အကြီးအကဲဝူဟူ၊ ခင်ဗျားက အခု နတ်ဖန်ဆင်းခြင်းအဓိပဓိအဆင့်ကို ရောက်နေခဲ့ပြီလေ။ ခင်ဗျားသာ ပျက်စီးခြင်းတာအိုသခင် ဖြစ်လာခဲ့ရင် ဒါကို အပြည့်အဝ သန့်စင်နိုင်ပြီ"

"အဲဒီအခါ ဧကရာဇ်တစ်ပါးကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ ဧကရာဇ်တစ်ပိုင်းအဆင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ခု ထွက်ပေါ်လာလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဝူဟူလည်း ခဏတာ အံ့အားသင့်သွား၏။

ထို့နောက် သူက တိုက်ရိုက်ငြင်းဆိုခဲ့လေသည်။

"မဟုတ်ဘူး၊ ဒါက တန်ဖိုးကြီးမားလွန်းတယ်။ ကျွင်းရှောင်ယောက်... မင်းက ငါတို့ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ မျှော်လင့်ချက်ပါပဲ။ ဒါကို မင်းကိုယ်တိုင်ပဲ အသုံးပြုသင့်တယ်"

ထိုမျှ အဖိုးတန်သော ရတနာတစ်ပါးကို တွေ့နေရလျှင် မည်သူမဆို လောဘ‌တက်လာမည်မှာ သေချာသည်။

သွေးသောက်ညီအစ်ကိုများပင်လျှင် အချင်းချင်း ရန်ဘက်ပြုရန် လုံလောက်၏။

သို့သော်လည်း ဝူဟူက တိုက်ရိုက်ငြင်းဆိုပြီး ကျွင်းရှောင်ယောက်အတွက် သိမ်းထားရန် ပြောခဲ့သည်။

"အကြီးအကဲဝူဟူ၊ လက်ခံလိုက်ပါဗျာ။ ကျုပ်မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါက ငါနဲ့ မထိုက်တန်ပါဘူး"

ဝူဟူကတော့ ငြင်းဆန်နေဆဲပင်။

သူဟာ ကျွင်းရှောင်ယောက်ထံမှ လုံလောက်သော ကြင်နာမှုကို ရရှိထားပြီးပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ချုပ်နှောင်မှုကို ချိုးဖျက်ရန် ပြီးပြည့်စုံသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ သွေးအနှစ်သာရ အစက်ငါးဆယ်ကို ပေးအပ်ခဲ့၏။

ယခုလည်း သူ့အား ဤမျှ အဖိုးတန်သော ရတနာတစ်ခုကို ပေးအပ်နေပေရာ ဝူဟူလည်း အပြစ်ရှိသလို ခံစားခဲ့ရသည်။

"အကြီးအကဲဝူဟူ၊ ကျုပ်တို့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ အမျိုးအနွယ်ရဲ့ တာဝန်တွေကို ခင်ဗျား နားလည်သင့်ပါတယ်"

“ကြီးမားတဲ့ ကသောင်းကနင်းခေတ်က မဝေးတော့ဘူးလို့ ခံစားနေရတယ်၊ အဲဒီအချိန်ရောက်ရင် ကမ္ဘာကြီးက အားကောင်းတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို လိုအပ်လိမ့်မယ်”

"ကျုပ်ရဲ့ ကျင့်ကြံမှုအရှိန်က မနှေးပေမဲ့ ဒီလောက် အချိန်တိုအတွင်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့်ကိုရောက်ဖို့ မဖြစ်နိုင်ဘူး"

ကျွင်းရှောင်ယောက်၏ စကားကြောင့် ဝူဟူ နှုတ်ဆိတ်သွားခဲ့သည်။

အမှန်ပင်။

လှိုင်းတံပိုးများကို ငြိမ်းသက်စေခြင်းက မြင့်မြတ်ခန္ဓာမျိုးရိုး၏ တာဝန် ဖြစ်သည်။

"ဒါက အခွင့်အရေးတစ်ခုပါ၊ ဒါပေမဲ့ တစ်ဖက်မှာလည်း တာဝန်တစ်ခုလို့ ဆိုနိုင်တယ်"

ကျွင်းရှောင်ယောက်က ထပ်ပြောလိုက်သည်။

ဝူဟူလည်း နောက်ဆုံးမှာတော့ လက်ခံလိုက်တော့သည်။

"ကျွင်းရှောင်ယောက်၊ အနာဂတ်မှာ ကျွင်းဧကရာဇ်ခုံရုံးကို ကာကွယ်ဖို့ပဲဖြစ်ဖြစ်... ဆူပူမှု‌တွေကို နှိမ်နင်းဖို့ပဲဖြစ်ဖြစ်၊ ငါ အမြဲတမ်းရှိနေမယ်"

ဝူဟူက ပြောလိုက်သည်။

ယောက်ကျားကောင်းတစ်ယောက်က ကတိကို လွယ်လွယ်မပေး၊ ပေးပြီးလျှင်လည်း တည်အောင်ကြိုးစားသည်။

"စကားမစပ်၊ အကြီးအကဲဝူဟူ... နောက်ထပ်တစ်ခုလည်း ရှိသေးတယ်"

ကျွင်းရှောင်ယောက်က ရွှီထျန်းလောကမှ အဖြစ်အပျက်များကို ပြောပြပြီး ပြီးပြည့်စုံသော မြင့်မြတ်ခန္ဓာသွေးတစ်စက်ကို ထုတ်ယူလိုက်သည်။

ထိုသွေးတစ်စက်ကို မြင်လိုက်ရသောအခါ ဝူဟူ၏ မျက်လုံးများက အရောင်ပြောင်းသွား၏။

"အကြီးအကဲဝူဟူက တစ်ခုခုကို သိပုံရတယ်"

ဝူဟူက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာ သွေးတစ်စက်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်းသိချင်နေတာလား"

"ဟုတ်ပါတယ်"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို ရှေးဟောင်းဘုရားကျောင်းကို ဘယ်သူတည်ထောင်တာလဲ သိလား"

ဝူဟူက မေးသည်။

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်၏။

ရှေးဟောင်းဘုရားကျောင်းကို တည်ထောင်ခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်သည်။

"ဒါက ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာ သွေးတစ်စက်ရဲ့ ပိုင်ရှင်ဖြစ်နိုင်မလား..."

ကျွင်းရှောင်ယောက်က မှန်းဆလိုက်၏။

"ဟုတ်တယ်၊ ဒီရှေးကျပြီး ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာသွေးက ငါ့ခန္ဓာကိုယ်ထဲက သွေးတွေကို လှုပ်ရှားစေနိုင်တယ်"

"ငါစဉ်းစားနိုင်တာကတော့ ဒါဟာ ရှေးဟောင်းဘုရားကျောင်းရဲ့ တည်ထောင်သူ ပျက်စီးခြင်းဧကရာဇ်ပဲ"

"သမိုင်းတစ်လျှောက်မှာ တန်ခိုးအကြီးဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာပေါ့"

ဝူဟူက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ပျက်စီးခြင်းဧကရာဇ်..."

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

ရုတ်တရက် အလင်းတန်းတစ်ခု သူ့စိတ်ထဲ လင်းလက်လာပြီး အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့သော သဲလွန်စများကို သတိရလိုက်မိသည်။

ယင်ဟော်ကြယ်၊ မေ့ပျောက်ခြင်းမြေ၊ ပျက်စီးခြင်း။

ထိုအထဲမှ ပျက်စီးခြင်းက ပျက်စီးခြင်းဧကရာဇ်ကိုရည်ညွှန်းခြင်း ဖြစ်မည်လော။

All Chapters