← Chapters

အခန်း ၁၂၀၂

Vol. 81 Ch. 1202

အခန်း ၁၂၀၂

Vol. 81 Ch. 1202

အခန်း ( ၁၂၀၂ ) အန္တိမကပ်ဘေးကြီးအဆင့် လက်မည်းကြီး။

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်အကြောင်းကို ပို၍ သိချင်လာမိသည်။

ဝူဟူကလည်း သူ သိသမျှကို ပြောပြခဲ့လေသည်။

"တကယ်တော့ ရှေးဟောင်းဘုရားကျောင်းမှာတောင် ပျက်စီးခြင်းဧကရာဇ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ အများကြီး မကျန်တော့ဘူး"

"နောက်ဆုံးမှာတော့ အချိန်တွေက အရမ်းကြာမြင့်ခဲ့ပြီလေ"

"ဒါပေမဲ့ ရှေးဟောင်းဘုရားကျောင်းကို တည်ထောင်သူအနေနဲ့၊ ပျက်စီးခြင်းဧကရာဇ်ရဲ့ စွမ်းအားကို သံသယဖြစ်စရာမရှိဘူး"

"သူက သမိုင်းတစ်လျှောက်မှာ အသန်မာဆုံး ရှေးဟောင်းမြင့်မြတ်ခန္ဓာပဲ"

"သူ့ခေတ်မှာ ပျက်စီးခြင်းဧကရာဇ်က အသျှင်ခန္ဓာ၊ ကစဉ့်ကလျားခန္ဓာနဲ့ အခြား ကောင်းကင်ကို ဆန့်ကျင်နေတဲ့ တာအိုခန္ဓာတွေကို ဖိနှိပ်ပြီး တာအိုခန္ဓာသုံးထောင်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ဒုတိယအဆင့်ထိ မြှင့်တင်နိုင်ခဲ့တယ်"

"အဲဒီခေတ်တုန်းက၊ ပျက်စီးခြင်းဧကရာဇ်ဟာ ပြိုင်ဘက်ကင်းခြင်းရဲ့ သင်္ကေတတစ်ခုပဲ။ မဟာ အသျှင်ခန္ဓာတောင်မှ မဝံ့ရဲဘဲ ကြွက်တစ်ကောင်လို ပုန်းအောင်းနေခဲ့ရတယ်။ အဲဒီခေတ်က ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ အတောက်ပဆုံးခေတ်ပဲ"

ထိုအကြောင်းကို ပြောမိသောအခါ ဝူဟူ၏ လေသံက စိတ်လှုပ်ရှားမှုတို့ကို ဖုံးကွယ်မရပေ။

စင်စစ်တွင်၊ ထိုခေတ်က ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် ကောင်းကင်လမ်းစဉ်၏ ကန့်သတ်မှုမရှိသေးသောကြောင့် အဆုံးစွန်နှင့် အပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။

ယခုအခါမှာတော့ ကောင်းကင်အချုပ်အနှောင်ကြိုးများနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျိန်စာတို့ကြောင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာ မျိုးရိုးတစ်ခုလုံးသည် ဤအခြေအနေအထိ ကျဆင်းခဲ့ရသည်။

ကျွင်းရှောင်ယောက်ကြောင့်သာမဟုတ်လျှင်၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးက ဤရွှေခေတ်တွင် ပေါ်လာနိုင်တော့မည်ပင် မဟုတ်ပေ။

ထိုသို့တွေးမိသောအခါ ဝူဟူလည်း သက်ပြင်းချလိုက်မိသည်။

ကျွင်းရှောင်ယောက်ကတော့ အံ့ဩသွား၏။

ယင်းက မည်သို့သော စွမ်းအားမျိုးဖြစ်မည်နည်း။ မဟာ အသျှင်ခန္ဓာပင်လျှင် မပေါ်လာဝံ့ခဲ့ပေ။

ပျက်စီးခြင်းဧကရာဇ်က မည်မျှအားကောင်းခဲ့သနည်း။

"နောက်ပိုင်း ဘာဆက်ဖြစ်သွားသလဲ"

ကျွင်းရှောင်ယောက်က သိချင်လာသည်။

အကယ်၍ ပျက်စီးခြင်းဧကရာဇ်က ဤမျှတန်ခိုးကြီးခဲ့လျှင်၊ သူသည် ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး၏ ဘုန်းအသရေကို ဆက်လက်ထိန်းသိမ်းနိုင်သင့်သည်။

မြင့်မြတ်ခန္ဓာ၏မျိုးရိုးသည် ထိုသို့သောအခြေအနေသို့ ကျဆင်းသွားမည် မဟုတ်ပေ။

"နောက်ပိုင်းမှာတော့ အသေးစိတ် မှတ်တမ်းတွေ မရှိတော့ဘူး။ ပျက်စီးခြင်းဧကရာဇ်က ရှေးသမိုင်းမှာ မှတ်တမ်းမတင်ဖူးသေးတဲ့ မကြုံစဖူး တားမြစ်ရန်သူကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတာကိုပဲ ငါ သိတယ်"

ဝူဟူက အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ဝူဟူ၏ ပြောစကားအရ ပျက်စီးခြင်းဧကရာဇ်၏ စွမ်းအားနှင့်ပတ်သက်၍ သံသယဖြစ်စရာမရှိပါ။ သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြင့် အထွတ်အထိပ်သို့ ရောက်နီးပါး ဖြစ်သည်။

သို့ရာတွင်၊ ပျက်စီးခြင်းဧကရာဇ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရန်သူတော်ကြီး ပေါ်လာခဲ့၏။

ပျက်စီးခြင်းဧကရာဇ်၏ခေတ်တွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရန်သူဟောင်းဖြစ်သည့် မဟာအသျှင်ခန္ဓာပင်လျှင် နောက်ဆုတ်ပေးရသည်။

ပျက်စီးခြင်းဧကရာဇ်ကို ယှဉ်နိုင်သော တားမြစ်ချက်က မည်သူဖြစ်သနည်း။

"ပျက်စီးခြင်းဧကရာဇ်ရဲ့ ရန်သူတွေအကြောင်း မှတ်တမ်းမရှိဘူးလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ဝူဟူက ခေါင်းကိုခါယမ်းလိုက်လေသည်။

"ဒါက တမင်ဖျက်လိုက်သလိုမျိုး မှတ်တမ်းတင်ထားတာ မတွေ့ရဘူး"

“နောက်ပိုင်းမှာ အဖြေကိုရှာဖွေဖို့ ကြိုးစားခဲ့တဲ့ မြင့်မြတ်ခန္ဓာဘိုးဘေးတချို့ ရှိခဲ့ပေမဲ့ သူတို့လည်း အဖြေရှာမရခဲ့ကြဘူး"

"ပျက်စီးခြင်းဧကရာဇ်က ရှေးဟောင်းဘုရားကျောင်းကို တည်ထောင်ခဲ့တယ်ဆိုတာကိုပဲ ငါသိတယ်"

"အဲဒီအချိန်ကစပြီး မငြိမ်သက်မှုတွေကို ငြိမ်းအေးစေဖို့က ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ တာဝန်အဖြစ် စခဲ့တယ်"

ဝူဟူ၏စကားကြောင့် ကျွင်းရှောင်ယောက်မှာ နက်နက်နဲနဲ အတွေးဝင်သွားသည်။

"ပျက်စီးခြင်းဧကရာဇ်က မငြိမ်သက်မှုကို ချေမှုန်းဖို့ ကြိုးစားခဲ့တာဆိုရင် ဒါက ကောင်းကင်ကိုးပါးအထက်နဲ့ သက်ဆိုင်သင့်တယ်။ မဟုတ်မှလွဲ ဒါက တားမြစ်နယ်မြေကဖြစ်နိုင်မလား"

ကျွင်းရှောင်ယောက်က ခန့်မှန်းပြောဆိုလိုက်သည်။

ဝူဟူက ခေါင်းယမ်းလိုက်၏။

"မဖြစ်နိုင်ဘူး၊ အဲဒီအချိန်တုန်းက ပျက်စီးခြင်းဧကရာဇ်ဟာ စွမ်းအားကြီးလွန်းတဲ့အတွက် တားမြစ်နယ်မြေကတောင် သူ့ကို မထိချင်ကြဘူး"

ကျွင်းရှောင်ယောက်လည်း ဟေးယွမ်ချောက်နက်ရှိ အမှောင်ကမ္ဘာ၏ အပျက်အယွင်းမှ ရရှိခဲ့သော သဲလွန်စများကို တစ်ဖန် တွေးလိုက်မိပြန်သည်။

မြင့်မြတ်ခန္ဓာကျိန်စာက တားမြစ်နယ်မြေတစ်ခုဖြစ်သော သက်ရှည်ကျွန်းနှင့် ဆက်စပ်နေသည်။

ထိုအချိန်က ကျွင်းရှောင်ယောက်သည် ၎င်းကိုအဖြေရှာရန် ကြိုးစားခဲ့ဖူးပေသည်။

သက်ရှည်ကျွန်းက အမှောင်ကမ္ဘာနှင့် ပတ်သက်မှုရှိပြီး မြင့်မြတ်ခန္ဓာမျိုးရိုးကို အတူတကွ ပစ်မှတ်ထားခဲ့ပုံရသည်။

ဝူဟူက တစ်ခုခုကို တွေးနေဟန်ဖြင့် မျက်မှောင်ကြုတ်နေပြီးမှ ပြောလိုက်သည်။

"အဲဒီမြင့်မြတ်ခန္ဓာ ဘိုးဘေးတွေက အမှန်တရားကို ရှာမတွေ့ပေမဲ့ သဲလွန်စတချို့ကိုတော့ တွေ့ရှိခဲ့ကြတယ်"

"ပျက်စီးခြင်းကရာဇ်ခေတ်နောက်ပိုင်းမှ ပေါ်လာကြတဲ့ မြင့်မြတ်ခန္ဓာတွေမှာ ကျိန်စာ၊ အချုပ်အနှောင်တွေ ရှိနေတာက ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်နိုင်တယ်"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က လေးလေးနက်နက် တွေးတောလိုက်မိသည်။

ယောင်ဝါးဝါးဖြင့် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုကို သူ ခံစားလိုက်ရ၏။

ရှေးသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ပူးပေါင်းကြံစည်မှုတစ်ခု...

ဤထိတ်လန့်စရာကောင်းသော ပူးပေါင်းကြံစည်မှုက မြင့်မြတ်ခန္ဓာမျိုးရိုးကို ရည်ရွယ်ထားပုံရသည်။

ကျွင်းရှောင်ယောက်က နောက်ကွယ်တွင် ကြောက်စရာကောင်းသော လက်မည်းကြီး ရှိနေမည်ဟု ခန့်မှန်းလိုက်မိသည်။

ပျက်စီးခြင်းဧကရာဇ် ရင်ဆိုင်ခဲ့ရသည့် တားမြစ်ရန်သူကြီးပင် ဖြစ်လိမ့်မည်။

ထိုသို့ဆိုလျှင်...

လက်မည်းကြီး၏ အဆင့်သည် အနည်းဆုံး အန္တိမကပ်ဘေးကြီးအဆင့် ဖြစ်နိုင်သည်။ ၎င်းက ပို၍ပင် အန္တရာယ်များနိုင်ပြီး မှန်းဆ၍မရပေ။

အန္တိမကပ်ဘေးကြီးက အနက်ရောင်သွေးများဖြင့် ကမ္ဘာကြီးကို ညစ်ညမ်းစေနိုင်သည်။

သို့ရာတွင်၊ အကြံအစည်နှင့် တွက်ချက်မှုတော့ များများမရှိပေ။

နောက်ကွယ်မှ လက်မည်းကြီးကတော့ အလွန်အစွမ်းထက်သည့်အပြင် ပျက်စီးခြင်းဧကရာဇ်၏ ရန်သူဟောင်းလည်း ဖြစ်နိုင်သည်။

သူ၏ အကြံအစည် နက်နဲမှုတို့က အန္တိမကပ်ဘေးကြီးထက် ပို၍ ကြောက်စရာကောင်းပြီး ဆန်းပြား၏။

ထို့ပြင် ဤကိစ္စတွင် ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေ၊ အမှောင်ကမ္ဘာနှင့် အခြား အင်အားစုများလည်း ပါဝင်နိုင်သည်။

အခြေအနေက ရှုပ်ထွေးလွန်းသည်ဟု ဆိုနိုင်ပေသည်။

လက်ရှိ ကျွင်းရှောင်ယောက်ကို မဆိုထားဘိ၊ ဧကရာဇ်ကြီးများပင်လျှင် အမှန်တရားကို ရှာတွေ့ရန်ခက်သည်။

"ကျွင်းရှောင်ယောက်၊ မင်းက ဖိအားတွေအများကြီးကို ခံစားနေရတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ အရေးကိစ္စတွေကို မင်းတစ်ယောက်တည်း ထမ်းပိုးထားစရာ မလိုဘူး"

ဝူဟူက ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျွန်တော်ရဲ့ သံသယတွေကို ဖြေရှင်းပေးခဲ့တဲ့အတွက် အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။ အနည်းဆုံးတော့ သံသယတချို့ကို တွေ့လိုက်ရပြီ"

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်၏ သွေးတစ်စက်ကို ပေးလိုက်သည်။

"အကြီးအကဲ၊ ဒါကို သန့်စင်ဖို့ အသုံးပြုနိုင်ပါတယ်"

"ဒါက အဖိုးတန်လွန်းတယ်"

ဝူဟူ အံ့သြသွား၏။

ကာကွယ်သူနှလုံးသားပင်လျှင် အလွန်တန်ဖိုးကြီးနေပြီ ဖြစ်သည်။

ပျက်စီးခြင်းဧကရာဇ်၏ သွေးဆိုလျှင် မြင့်မြတ်ခန္ဓာမျိုးရိုးအတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုပင်။

"အကြီးအကဲ၊ ကျုပ်က ခင်ဗျားရဲ့ အကူအညီကို လိုအပ်တယ်လေ။ ခင်ဗျား ပိုပြီးတော့ သန်မာလေလေ၊ ကျုပ်အတွက်... ကျွင်းဧကရာဇ်ခုံရုံးနဲ့ မြင့်မြတ်ခန္ဓာမျိုးရိုးတစ်ခုလုံးအတွက် ပိုကောင်းလာလိမ့်မယ်"

ဝူဟူလည်း ထိုစကားကိုကြားသောအခါ သက်ပြင်းချပြီး လက်ခံလိုက်သည်။

သူ့အပေါ် ကျွင်းရှောင်ယောက်၏ ကြင်နာမှုက စကားလုံးနှင့် ဖော်ပြလို့မရတော့ပေ။

"မြင့်မြတ်ခန္ဓာမျိုးရိုးက တစ်ဖန် ထွန်းလင်းတောက်ပလာနိုင်ဖို့ မျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

ထို့နောက်တော့ သူ ထွက်သွားတော့သည်။

ကျွင်းရှောင်ယောက်၏ နောက်ကျောကိုကြည့်ရင်း ဝူဟူ သက်ပြင်းချလိုက်သည်။

သူသည် ပျက်စီးခြင်းဧကရာဇ်နှင့် အဆုံးမဲ့ဧကရာဇ်တို့၏ အရိပ်ကို ယောင်ဝါးဝါး မြင်နေပုံရ၏။

သို့သော်လည်း နောက်ဆုံးမှာတော့ အရိပ်အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ကျွင်းရှောင်ယောက်က ကျွင်းရှောင်ယောက်သာ ဖြစ်သည်။

သူက မည်သူမျှမဟုတ်ပေ။

"ပျက်စီးခြင်းဧကရာဇ်ရဲ့ အဆင့်အတန်းကို ကိုင်လှုပ်နိုင်ဖို့ အရည်အချင်းပြည့်မီသူ တစ်ယောက်ယောက်ရှိရင် ဒါမှမဟုတ် သူ့ကို ကျော်လွန်နိုင်မဲ့ တစ်စုံတစ်ယောက်ရှိရင်... အဲဒါက မင်း ကျွင်းရှောင်ယောက် တစ်ယောက်တည်းပဲ ဖြစ်မယ်"

ဝူဟူက သက်ပြင်းချလိုက်သည်။

ထို့နောက် တိတ်တဆိတ် လေ့ကျင့်ခြင်းကို စတင်လိုက်လေသည်။

ကာကွယ်သူနှလုံးသားနှင့် ပျက်စီးခြင်းဧကရာဇ်၏ သွေးတစ်စက်နှင့်အတူ...

ဝူဟူသည် ကမ္ဘာကြီး ဖရိုဖရဲဖြစ်လာသောအခါ ကျွင်းရှောင်ယောက်ကို ကူညီပြီး မြင့်မြတ်ခန္ဓာမျိုးရိုး၏ ဘုန်းအသရေကို ထွန်းလင်းစေနိုင်မည်ဟု ယုံကြည်မှုရှိသည်။

အခြားတစ်ဖက်တွင်...

ကျွင်းရှောင်ယောက်က ကြေးအင်မော်တယ်နန်းတော်မှ ထွက်လာပြီးနောက် လေထဲမှ လျှောက်လှမ်း‌ရင်း‌ တွေးနေမိသည်။

ဤတစ်ခေါက်တွင် သဲလွန်စများ အတော်များများ သိခဲ့ရပေသည်။

'ဘာပဲဖြစ်ဖြစ် အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့တဲ့ သဲလွန်စတွေက မေ့ပျောက်ခြင်းမြေကို တိုက်ရိုက်ညွှန်ပြနေတယ်'

'ပျက်စီးခြင်းက ပျက်စီးခြင်းဧကရာဇ်ကို တကယ်ရည်ညွှန်းရင်... ပျက်စီးခြင်းဧကရာဇ်က အဲဒီနေရာမှာ တစ်ခုခုကျန်ခဲ့တယ်လို့ ဆိုလိုတာလား'

'အင်မော်တယ်ခုံရုံးက ပျက်စီးခြင်းဧကရာဇ်ရဲ့ ပစ္စည်းကို ဘယ်လိုရရှိခဲ့တာလဲ'

ကျွင်းရှောင်ယောက်က တွေးနေမိသည်။

သို့ရာတွင်၊ သေချာတာတစ်ခုတော့ ရှိသည်။

မေ့ပျောက်ခြင်းတိုင်းပြည်ကို သူ သွားရမည်။

'ဒါပေမဲ့ တိဟောက်ထျန်းရှိနေတယ်၊ တိဟောက်ထျန်း မရှိရင်တောင် အင်မော်တယ်ခုံရုံးက သူတို့ရဲ့ ရတနာနယ်မြေထဲ ငါ့ကို ၀င်ခွင့်ပြုဖို့ မဖြစ်နိုင်ဘူး၊ ဒါကြောင့် နည်းလမ်းရှာရမယ်'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေချိန်တွင်...

မနီးမဝေးမှာ ရောင်စုံစကတ်ကို ဝတ်ဆင်ထားပြီး နတ်ဆိုးအငွေ့အသက်များဖြင့် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို နှုတ်ခွန်းဆက်ပါတယ်။ နတ်ဘုရားသားတော်ကို သခင်မက ဖိတ်ခေါ်လိုက်တယ်"

ရောင်စုံစကတ်ကို ဝတ်ထားသော အမျိုးသမီးက လေးလေးစားစား ဦးညွတ်ကာ ပြောလိုက်သည်။ ကျွင်းရှောင်ယောက်ကို စူးစူးရဲရဲကြည့်ရင်း သူမ၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်လာ၏။

ကျွင်းရှောင်ယောက်က ရောင်စုံစကတ် ဝတ်ဆင်ထားသော အမျိုးသမီးကိုကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက နတ်ဆိုးဧကရီလေးပဲ"

All Chapters