← Chapters

အခန်း ၁၂၀၄

Vol. 81 Ch. 1204

အခန်း ၁၂၀၄

Vol. 81 Ch. 1204

အခန်း ( ၁၂၀၄ ) ကျွင်းရှောင်ယောက်ကို ကြံစည်ရန်။

နတ်ဆိုးနတ်ဘုရားနန်းတော်မှ ထွက်လာပြီးနောက် ကျွင်းရှောင်ယောက်က ကျွင်းမိသားစုသို့ ပြန်လာကာ ဘဝကို အေးချမ်းသာယာစွာ ဖြတ်သန်းခဲ့လေသည်။

ကျန်းရို့ကတော့ ကျွင်းရှောင်ယောက်ကို တစ်ကြိမ်ထက်မက တိုက်တွန်းခဲ့သည်။

သူ့အမြင်တွင် လော့ရှန်းလင်က လှပပြီး ရိုးသားဖြူစင်သော မိန်းကလေး ဖြစ်၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပြုံးရုံသာ ပြုံးနေခဲ့သည်။

လော့ရှန်းလင်က သူ့အမေထက်ပင် အသက်ကြီးနိုင်သေးသည်။

သို့ပေသော်ငြား၊ ကျန်းရို့ကတော့ ကျွင်းရှောင်ယောက်ကို မကြာမီ မိသားစုဘဝတစ်ခုကို စတင်နိုင်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်သည်လည်း ဤမတိုင်မီက ကျန်းစန်းယီ၊ ကျန်းလော့လီတို့နှင့် စေ့စပ်မည့်ရက်ကို အတည်ပြုလိုခဲ့ပေသည်။

ယခုတော့ ကိစ္စများက ရှုပ်ထွေးလာပြန်ပြီ ဖြစ်သည်။

ပျက်စီးခြင်းဧကရာဇ်၏ အရေးကိစ္စ၊ မြင့်မြတ်ခန္ဓာကျိန်စာနှင့် နောက်ကွယ်တွင် ဖြစ်နိုင်ခြေရှိသော အကြံအစည်များ...

ထို့ပြင် တိဟောက်ထျန်းလည်း ရှိသည်။

မေ့ပျောက်ခြင်းတိုင်းပြည်ကလည်း ပေါ်လာတော့မည်။

ကျွင်းရှောင်ယောက်တွင် အလုပ်များနေပြန်ပြီ ဖြစ်သည်။

.........

အခြားတစ်ဖက်တွင်...

ကောင်းကင်တံတားရေဝဲအနီးရှိ ရှေးဟောင်းကြယ်စက်ဝိုင်းတစ်ခုမှ ဂြိုလ်သေတစ်ခုတွင်...

လူရိပ်တချို့ ရုတ်တရက် ပေါ်လာသည်။

သူတို့အားလုံးက ကောင်းကင်ကိုးခုအထက်မှ အငွေ့အသက်များကို သယ်ဆောင်ထား၏။

သူတို့က ကောင်းကင်ကိုးပါးအထက်မှ တည်ရှိမှုများဖြစ်ကြောင်း ထင်ရှားသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ့်ကို မာနကြီးလွန်းတယ်။ သူက ငါတို့ တားမြစ်မိသားစုနဲ့ နောက်ကွယ်က တားမြစ်နယ်မြေကို အလေးအနက်မထားဘူး"

ကျိမိသားစုမှ ကောင်းကင်အဓိပဓိတစ်ပါးက အေးစက်စက် ပြောလိုက်သည်။

"အမှန်ပဲ ကျွင်းမိသားစုက အင်မော်တယ်နယ်မြေကြီးမှာ ကြီးစိုးနေလေ့ရှိပေမဲ့ ကမ္ဘာကြီးက ကြီးမားလွန်းတယ်။ ကျွင်းမိသားစုက လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးကွယ်ထားလို့မရဘူး"

ယုမိသားစုမှ တစ်စုံတစ်ဦးက ပြောလိုက်၏။

"ဒီကောင်လေးက တားမြစ်နယ်မြေကို တကယ်မထီမဲ့ပြင်ပြုဝံ့တယ်။ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်နဲ့ တားမြစ်နယ်မြေက ထိပ်သီးအကျော်အမော်တွေ မနိုးထသေးလို့မဟုတ်ရင် ငါတို့နောက်ကွယ်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်း တစ်ခုတည်းက ကျွင်းမိသားစုကို အကြီးအကဲ ပျက်စီးဆုံးရှုံးစေဖို့ လုံလောက်တယ်"

ကျင်းမိသားစုမှ လူတစ်ယောက်ကလည်း အေးစက်စက် ပြောလာသည်။

၎င်းတို့၏ တားမြစ်မိသားစုသုံးခုမှ လူများက အောက်ကမ္ဘာသို့ ဆင်းသက်လာသော်လည်း နောက်ဆုံးတွင် အားလုံး သုတ်သင်ခံခဲ့ကြရသည်။

မိသားစုဝင်တစ်ဦး သေဆုံးခြင်းကို သူတို့ သည်းခံနိုင်ဦးမည်။

သူတို့ကို ဒေါသထွက်စေသည်မှာ တားမြစ်မိသားစု၏ မြင့်မြတ်သော အဆင့်အတန်းကို ကျွင်းရှောင်ယောက်က နှိမ့်ချခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် အင်မော်တယ်နယ်မြေကြီးရှိ အင်အားစုတချို့က သူတို့ ကောင်းကင်ကိုးပါးအထက်မှ တားမြစ်မိသားစုများကို လေးစားမှု လျော့ပါးလာကြလိမ့်မည်။

ယင်းကို သူတို့ သည်းမခံနိုင်ခြင်း ဖြစ်သည်။

"မင်းတို့ ယုမိသားစုက ကျွင်းရှောင်ယောက်ကို ထပ်ပြီး ပစ်မှတ်ထားဦးမှာလား။ ရှန်းလင်ရဲ့ နတ်သမီးကိုယ်တိုင်က အောက်လောကကို ဆင်းသက်လာပြီးနောက် ကျွင်းရှောင်ယောက်အပေါ်မှာ ယဉ်ကျေးခဲ့တယ်လို့ ငါကြားတယ်"

ကျင်းမိသားစုမှ လူတစ်ဦးက မေးလိုက်သည်။

"ကိစ္စမရှိဘူး၊ ရှန်းလင်မှာလည်း ဂိုဏ်းကွဲတွေ မျိုးရိုးတစ်ခုထက်မက ရှိတယ်။ ငါတို့ ယုမိသားစုက နတ်သမီးယွင်ထျန်းမေရဲ့ မျိုးရိုးကို အတိအကျ နားထောင်နေဖို့ မလိုဘူး"

ယုမိသားစုမှ လူတစ်ယောက်က ပြောလိုက်၏။

"ဒါဆိုရင် ဘယ်လိုဆက်လုပ်ကြမယ်လို့ စီစဉ်ထားသလဲ။ ငါတို့ကိုယ်တိုင် လက်ပါဖို့ကတော့ မသင့်တော်ဘူး။ နောက်ဆုံးတော့ ကျွင်းမိသားစုက တကယ်ရူးသွပ်သွားရင် ငါတို့ လွယ်ကူမှာမဟုတ်ဘူး"

ကျိမိသားစုမှလူက တွေးတွေးဆဆဖြင့် ပြောလာသည်။

သူတို့ကို တားမြစ်နယ်မြေက ကျောထောက်နောက်ခံပြုထားသော်လည်း...

ကျွင်းမိသားစုက တကယ်ရူးသွပ်သွားလျှင် တားမြစ်နယ်မြေက သူတို့ကို စွန့်ပစ်လိုက်နိုင်သည်။

မိသားစုသုံးခုမှ လူများက ဆွေးနွေးနေချိန်...

အဝေးမှ မီးတောက်များ တောက်လောင်လာသည်။

နောက်ဆုံးတွင်၊ သူက ခရမ်းရောင်ဆံပင်နှင့် ခရမ်းရောင်အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။ ခရမ်းရောင် နတ်မီးတောက်များလည်း သူ့ခန္ဓာကိုယ်အနှံ့ တောက်လောင်နေသေးသည်။

"ဟမ်၊ မင်းက ဘယ်သူလဲ"

မိသားစုသုံးစုမှ လူများက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကြသည်။

"ငါက အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်၊ တိဟောက်ထျန်းရဲ့ နောက်လိုက် ကျစ်ယန်ထျန်းကျွင်းပါ"

ခရမ်းရောင်ဝတ်စုံဝတ် ဤအမျိုးသားက အမှန်တကယ်ပင် တိဟောက်ထျန်း၏ လက်အောက်ခံ၊ ရန်ယွင်မြင်းသည်တော်များထဲမှ တတိယဖြစ်သည့် ကျစ်ယန်ထျန်းကျွင်း ဖြစ်သည်။

ယခင်က တိဟောက်ထျန်းသည် တားမြစ်မိသားစု၏ လှုပ်ရှားမှုများကို အာရုံစိုက်ရန် သူ့ကို အမိန့်ပေးခဲ့ပေသည်။

"အင်မော်တယ်ခုံရုံး၊ မင်းက ဘာလုပ်ချင်လို့လဲ"

တားမြစ်မိသားစုသုံးစုမှ လူများက အေးစက်စက် မေးလိုက်သည်။

ယခုအချိန်တွင် တားမြစ်မိသားစုနှင့် အင်မော်တယ်ခုံရုံးအကြား ပဋိပက္ခမရှိသော်လည်း...

ခင်မင်ရင်းနှီးမှုမျိုးလည်း မရှိပေ။

"အားလုံးပဲ၊ ကျွင်းရှောင်ယောက်ကို လက်စားချေဖို့ စဉ်းစားနေတယ် မဟုတ်လား"

ကျစ်ယန်ထျန်းကျွင်းက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

"ဘာလဲ၊ မင်းတို့ အင်မော်တယ်ခုံရုံးက နှောင့်ယှက်ချင်လို့လား"

ကျိမိသားစုမှ အကျော်အမော်က‌ အေးစက်စက် ပြောလိုက်၏။

အင်မော်တယ်ခုံရုံးသည် တစ်ချိန်က အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးသူ ဖြစ်သည်။

ထို့ကြောင့် ယခင်က လှုပ်ခတ်မှုများတွင် ကောင်းကင်ကိုးခုအထက်နှင့် ပဋိပက္ခအချို့ ရှိခဲ့ပေသည်။

လောလောဆယ်တွင် ပဋိပက္ခမရှိသော်လည်း ဤတားမြစ်မိသားစုများက အင်မော်တယ်ခုံရုံးအပေါ် အထင်မြင်ကောင်း မရှိပေ။

"ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်မှာလဲ။ ငါတို့ရဲ့ ပန်းတိုင်က အတူတူပဲ ဖြစ်လိမ့်မယ်"

ကျစ်ယန်ထျန်းကျွင်းက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"အိုး"

တားမြစ်မိသားစုသုံးစုမှ လူများက မျက်လုံးအရောင်လက်သွားသည်။

အင်မော်တယ်ခုံရုံးသည် ကျွင်းရှောင်ယောက်၏ အရေးကိစ္စကို ဂရုစိုက်လိုသည်ဟု ထင်ခဲ့ကြသော်လည်း...

ယခုတော့ ထိုသို့ဟုတ်ပုံမရပေ။

"ငါ့မှာ အကြံပြုချက်တစ်ခုရှိတယ်။ မိသားစုသုံးစုက အဲဒါကို စိတ်ဝင်စားမလားလို့ သိချင်မိပါတယ်"

ကျစ်ယန်ထျန်းကျွင်းက ဆက်ပြောလိုက်သည်။

"မင်းပြောကြည့်"

"တကယ်လို့ ကျွင်းရှောင်ယောက်ကိုထားချင်တယ်ဆိုရင်တော့ တိုက်ရိုက်လှုပ်ရှားဖို့မပြောနဲ့၊ ပေါ်တင်လုပ်ဖို့တောင် အဆင်မပြေဘူးဆိုတာ ငါသိပါတယ်"

"ဒါကြောင့် တစ်ခုတည်းသော နည်းလမ်းက လုပ်ကြံဖို့ပဲ"

ကျစ်ယန်ထျန်းကျွင်းက ပြောလိုက်၏။

"မင်းက ဘာပြောချင်တာလဲ"

"အင်မော်တယ်နယ်မြေကြီးမှာ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးရှိတယ်။ သူတို့ကို လှုပ်ရှားခိုင်းလို့ရတယ်"

ကျစ်ယန်ထျန်းကျွင်းက ပြောလိုက်သည်။

"မင်းငါ့ကို လာနောက်နေတာလား။ အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ ခြိမ်းခြောက်နိုင်စွမ်းနဲ့ဆိုရင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတောင်မှ လှုပ်ရှားဖို့ မဝံ့ရဲလောက်ဘူး မဟုတ်လား"

တားမြစ်မိသားစုမှလူများက နှာခေါင်းရှုံ့လိုက်ကြ၏။

ယခုအခါ၊ အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းမိသားစု၏ ဂုဏ်သိက္ခာက အင်မော်တယ်ခုံရုံးနှင့် ယှဉ်ပြိုင်ရန် လုံလောက်သည်။

"ဒါပေါ့၊ ငါတို့က လုံလောက်တဲ့ အကျိုးအမြတ်တွေ ပေးမယ်ဆိုရင် မဖြစ်နိုင်တာ မဟုတ်ဘူး"

ကျစ်ယန်ထျန်းကျွင်းက ပြောသည်။

"နောက်ဆုံးမှာတော့ ငါတို့အတူတူ သွေးစတေးရမှာပေါ့"

တားမြစ်မိသားစုသုံးခုက မမိုက်မဲပေ။

ကျွင်းရှောင်ယောက်ကို လုပ်ကြံသတ်ဖြတ်ခြင်းက အကြီးမားဆုံး လှုပ်ခတ်မှုများ ဖြစ်စေမည်မှာ သေချာသည်။

ကျွင်းမိသားစုရ ဒေါသအမျက်ထွက်ပြီး ပြင်းထန်စွာ လက်စားချေလိမ့်မည်။

ထို့ပြင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ပေးဆောင်ရန် လိုအပ်သည့်စျေးနှုန်းမှာလည်း အလွန်ကြောက်စရာကောင်းသည်။

"အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့။ ဧကရာဇ်ငယ်က ဒီအတွက် ဆွဲဆောင်မှုရှိတဲ့ အခြေအနေတချို့ကို ပေးဆောင်ဖို့ သဘောတူခဲ့တယ်"

"ဒါပေါ့၊ မင်းတို့ကလည်း ပံ့ပိုးပေးရမယ်။ ဥပမာ အနာဂတ်မှာ ကြီးမားတဲ့ မငြိမ်မသက်မှုတွေဖြစ်လာရင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ဘေးကင်းကြောင်း သေချာစေနိုင်ရမယ်"

"သူတို့တစ်ဖွဲ့လုံးကို ကောင်းကင်ကိုးပါးအထက်ကို ပြောင်းရွှေ့ခွင့်ပြုပြီး တားမြစ်နယ်မြေရဲ့ အရင်းအမြစ်နဲ့ ပညာရပ်တွေကို သင်ယူခွင့်ပြုရမယ်"

ကျစ်ယန်ထျန်းကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ဟုတ်သည်၊ ဒါတွေက သူ့အတွေးများတော့ မဟုတ်ပေ။

သူက ဆုံးဖြတ်ချက်ချရန် အရည်အချင်း မပြည့်မီပါ။

တိဟောက်ထျန်းက သူ့နောက်ကွယ်မှ ညွှန်ကြားချက်များ ပေးနေခြင်း ဖြစ်သည်။

တားမြစ်မိသားစုသုံးစုမှ လူများသည်လည်း လေးလေးနက်နက် တွေးတောလိုက်ကြလေသည်။

ထိုစဉ်၊ အဝေးမှ စွမ်းအင်အတက်အကျများ ဖြစ်ပေါ်လာပြီး စကားသံတစ်ခုကို ကြားလိုက်ရသည်။

"ဒီအစီအစဥ်ကို ငါတို့လည်း နည်းနည်းစိတ်ဝင်စားတယ်"

မိုးပြာရောင်အလင်းတန်းများ ဖုံးလွှမ်းထားသော လူရိပ်များစွာ ထွက်ပေါ်လာ၏။

"ဟမ်၊ မင်းတို့က... စန်းမျိုးနွယ်က လူတွေလား"

ကောင်းကင်ကဲ့သို့ ခမ်းနားသော အငွေ့အသက်များကို ခံစားလိုက်ရသောအခါ၊ ကျစ်ယန်ထျန်းကျွင်း၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်တစ်ခု လင်းလက်လာသည်။

"ဟုတ်တယ်၊ ငါတို့က ကျိုးထျန်းတာအိုသားတော်ရဲ့ ငယ်သားတွေပဲ"

ထိုလူများက အေးစက်ပြီး မာနထောင်လွှားစွာ ပြောလိုက်သည်။

"တာအိုသားတော်အဆင့် တည်ရှိမှုရဲ့ ငယ်သားလား"

ကျစ်ယန်ထျန်းကျွင်းက အနည်းငယ် အံ့သြသွား၏။

တိဟောက်ထျန်းထံမှ သူကြားဖူးသည်။

ယခုအခါ အင်မော်တယ်နယ်မြေကြီးတွင် သူ့မျက်လုံးကို ဖမ်းစားနိုင်သော ပါရမီရှင်က များများမရှိပေ။

စန်းမျိုးနွယ်၏ တာအိုသားတော်အဆင့် တည်ရှိမှုက ၎င်းတို့ထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။

စန်းမျိုးနွယ်တွင် တာအိုသားတော်အဆင့် လူရှစ်ယောက်ရှိပြီး ၎င်းတို့ကို ကောင်းကင်သားတော်ရှစ်ပါးဟုလည်း ခေါ်ဆိုကြပေသည်။

၎င်းတို့က ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်းခံရသူများ ဖြစ်သည်။

ကျိုးထျန်းတာအိုသားတော်က ၎င်းတို့ထဲမှ တစ်ဦးပင်။

"စန်းမျိုးနွယ်လည်း ပေါ်လာကြပြီလား"

တားမြစ်မိသားစုမှ လူများပင် အနည်းငယ် အံ့သြသွားကြသည်။

စန်းမျိုးနွယ်အကြောင်းကို သူတို့ ကြားဖူးပေသည်။

စန်းမျိုးနွယ်က လျှို့ဝှက်ဆန်းကြယ်လွန်းသည်။

အတိတ်က မငြိမ်မသက်မှုများမှာပင် စန်းမျိုးနွယ်က နောက်ကွယ်မှသာ အမြတ်ထုတ်ပြီး အမြဲ ပုန်းကွယ်နေခဲ့သည်။

ဤအခိုက်တွင်၊ စန်းမျိုးနွယ်မှ လူတစ်ဦးက ပြောလိုက်သည်။

"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ဖယ်ထုတ်သွားတာက ကျိုးထျန်းတာအိုသားတော်ကို မပျော်မရွှင်ဖြစ်စေတယ်။ ဒါပေမဲ့ ကျွင်းရှောင်ယောက်က တာအိုသားတော်ကိုယ်တိုင် လှုပ်ရှားဖို့ အရည်အချင်းမရှိဘူးလေ"

"ဒါကြောင့် ကောင်းကင်နဲ့ စန်းမျိုးနွယ်ကို စော်ကားဝံ့တဲ့ ဒီအပြစ်သားကို ဖျက်ဆီးဖို့ ငါတို့ ရောက်လာခဲ့ကြတာ"

ကျွင်းရှောင်ယောက်က သူတို့၏မျက်လုံးထဲတွင် အပြစ်သားတစ်ဦး ဖြစ်သည်။

အပြစ်သားဖြစ်လျှင် ဖျက်ဆီးပစ်ရမည်။

"ဒါဆို ပိုကောင်းတာပေါ့။ ငါတို့ သုံးဖွဲ့ပေါင်းလိုက်ရင် စတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ခွန်အားအပြည့်နဲ့ တိုက်ခိုက်စေဖို့ လုံလောက်တယ်"

ကျစ်ယန်ထျန်းကျွင်းက ပြုံးလိုက်သည်။

မည်သူမျှ ဤအခြေအနေကို မျှော်လင့်ထားမိမည် မဟုတ်ပေ။

ဒါက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရန် အစီအစဉ်တစ်ခုသာ ဖြစ်သည်။

သို့သော်လည်း ၎င်းက ကောင်းကင်ကိုးပါးအထက်မှ တားမြစ်မိသားစု၊ အင်မော်တယ်ခုံရုံးနှင့် စန်းမျိုးနွယ်ကဲ့သို့ အဓိကအင်အားစုသုံးခုကို ဆွဲဆောင်ခဲ့သည်။

အကယ်၍ ဤအစီအစဥ် တကယ်အောင်မြင်ပါက ကျွင်းရှောင်ယောက် ကျဆုံးသွားလိမ့်မည်။

ဤသည်က အင်မော်တယ်နယ်မြေကြီးတွင် ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ်စေနိုင်သည်။

ကျွင်းမိသားစုက ဒေါသထွက်လာသည့်အခါ ကောင်းကင်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလိမ့်မည်။

သို့သော်လည်း သူတို့က စဉ်းစားထားပြီးပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအရှိန်က အလွန်မြန်ပြီး ကောင်းကင်အဓိပဓိငယ်အဆင့်သို့ ရောက်နေပြီ။

ထို့ပြင်၊ သူက မဟာကောင်းကင်အဓိပဓိအား လက်သီးတစ်ချက်ဖြင့် သတ်နိုင်လောက်အောင် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူ့ကို နောက်ထပ်နှစ်အနည်းငယ် အချိန်ထပ်ပေးလိုက်လျှင်၊ ဧကရာဇ်တစ်ပိုင်းအောက်မှာ ပြိုင်ဘက်ကင်းသလောက် ဖြစ်လိမ့်မည်။

ထို့ကြောင့် ဤအင်အားကြီးသုံးရပ်က ကျွင်းရှောင်ယောက်ကို ကြီးပြင်းရန် အခွင့်အရေး မပေးချင်တော့ပေ။

ကျွင်းမိသားစုက တင်းတင်းကြပ်ကြပ် ကာကွယ်ထားလျှင်ပင် သူတို့ လှုပ်ရှားရတော့မည် ဖြစ်သည်။

All Chapters