← Chapters

အခန်း ၁၂၀၇

Vol. 81 Ch. 1207

အခန်း ၁၂၀၇

Vol. 81 Ch. 1207

အခန်း ( ၁၂၀၇ ) ဧကရာဇ်တစ်ပိုင်းအဆင့် လူသတ်သမားများ ပေါ်လာခြင်း။

ကျွင်းရှောင်ယောက်ကတော့ အလွန်တည်ငြိမ်မှုရှိသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် သူ၏ ခွန်အားကို ဖိနှိပ်ပြီး တားမြစ်ထားသော ဝိညာဉ်လော့ခ်တစ်ခု ရှိနေ၏။

ထို့ကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါ၏ ပါရမီရှင်များက သူ့အား စိန်ခေါ်ဝံ့ကြခြင်းပင်။

"လူဆိုး၊ နင်တို့အားလုံးက လူဆိုးတွေပဲ"

ရှောင်ချမ်ရွယ်က ကျွင်းရှောင်ယောက်ကို ပွေ့ဖက်လိုက်သည်။ သူမက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

ကျွင်းရှောင်ယောက်က ပြုံးပြီး ရှောင်ချမ်ရွယ်၏ ဦးခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။

ဤအခိုက်အတန့်တွင် သန့်စင်သော အလင်းရောင်များဖြင့် ဖွဲ့စည်းထားပုံရသည့် သံကွင်းဆက်ကြိုးတစ်ခုက ရုတ်တရက် ပေါ်လာသည်။

သံကြိုးထိပ်တွင် အလင်းဓားတစ်ချောင်းဖြင့် ချိတ်ဆက်ထား၏။

၎င်းတို့က လက်ဦးမှုရယူကာ တိုက်ခိုက်လာသော ရှန်းထျန်းရှိ အမြွှာများ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကို မိမိလက်ဖြင့် သတ်နိုင်သရွေ့...

မည်သို့သော အခြေအနေဖြင့် သတ်ခဲ့သည်ဖြစ်စေ၊ လူသတ်သမားများအတွက်တော့ ကြီးမားသော ဂုဏ်သိက္ခာတစ်မျိုး ဖြစ်လိမ့်မည်။

ကျွင်းရှောင်ယောက်က ခြေတစ်ချက်ဆောင့်ပြီး လေထဲသို့ လှမ်းတက်လိုက်သည်။ သူက လက်ဝါးရိုက်ချက် ထုတ်ဖော်ပြီး သံကွင်းဆက်ဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

ဤသံကွင်းဆက်ဓားက တော်ရုံအဓိပဓိများ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သော်လည်း ကျွင်းရှောင်ယောက်၏ လက်ဝါးမှာတော့ မီးပွားများသာ ဖြစ်ပေါ်လာခဲ့ရသည်။

"ဘာ"

အမြွှာနှစ်ဦး အံ့ဩသွားကြသည်။

ကျွင်းရှောင်ယောက်ကို တားမြစ်ဝိညာဉ်လော့ခ်ဖြင့် ဖိနှိပ်ထားသည် မဟုတ်လော။ သူ့တွင် ဤခွန်အားမျိုး မည်သို့ရှိနေနိုင်သေးသနည်း။

"မင်းက အရမ်းအားနည်းတယ်။ ငါ လုပ်လိုက်ပါရစေ"

ယိုပြည်ထောင်ရှိ သေမင်း ရေခဲမျက်နှာက ပြောလိုက်သည်။

သူက ကိုးလွှာအရိုးမျှော်စင်တစ်ခုကို ထုတ်ယူလိုက်၏။

အနီးကပ်ကြည့်လျှင် မျှော်စင်က မရေမတွက်နိုင်သော လူအရိုးခေါင်းများဖြင့် ပြုလုပ်ထားသည်ကို တွေ့ရလိမ့်မည်။

ဤသည်မှာ တိုက်ပွဲများမှ သူ သတ်ဖြတ်ခဲ့သော လူများ၏ အရိုးခေါင်းများဖြင့် ပြုလုပ်ထားသည့် လက်နက်တစ်ခု ဖြစ်သည်။

ကိုးလွှာ အရိုးဖြူ လူဦးခေါင်းမျှော်စင်က တုန်ခါသွားပြီးနောက် ပြင်းထန်သော နာကြည်းမှု စိတ်ခံစားချက်တို့ ထွက်ပေါ်လာခဲ့သည်။

ဤမျှော်စင်က အမှန်တကယ်ပင် စိတ်ဝိညာဉ်တိုက်ခိုက်မှုကဲ့သို့ အကျိုးသက်ရောက်မှု ရှိသည်။ လူသေဝိညာဉ်များ၏ အဆုံးမဲ့ နာကြည်းစွာ အော်သံများက ကျွင်းရှောင်ယောက်၏ အသိစိတ်ပင်လယ်ထဲသို့ စိမ့်ဝင်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို လုံးဝ မထိခိုက်ပေ။

သူက ခွန်ပန်မဟာနတ်ဘုရားသိုင်းကို အသက်သွင်းပြီး အကြွင်းမဲ့ခွန်ပန်အမြန်မှုန်းဖြင့် လှုပ်ရှားလိုက်သည်။

မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် သူသည် ရှန်းထျန်းရှိ အမြွှာ လူသတ်သမားများရှေ့သို့ ရောက်သွား၏။

သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်ရာ မေယုကမ္ဘာ သုံးထောင်၏ စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာတော့သည်။

အမြွှာနှစ်ဦး တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုတို့ ပေါ်လာကြ၏။ သူတို့က အစွမ်းထက်ဆုံးနည်းလမ်းများဖြင့် ခုခံရန် ကြိုးစားကြသေးသော်လည်း ချက်ချင်းဆိုသလို အသတ်ခံလိုက်ရတော့သည်။

ထိုအချိန်တွင် သွေးရောင် ဓားအလင်းတစ်ခု ပေါ်လာခဲ့သည်။

သွေးမျှော်စင်မှ ဆင်းသက်လာသူက သွေးရောင်ဓားတစ်လက်ဖြင့် အလစ်အငိုက် တိုက်ခိုက်လာခြင်း ဖြစ်၏။

သူက သန့်စင်သော သတ်ဖြတ်ခြင်းပညာရပ်ကို အဆုံးစွန်ထိ လေ့ကျင့်ထားပြီးပြီ ဖြစ်သည်။ ယင်းက အဆင့်တူ ပညာရှင်များကို ခဏချင်း သတ်ပစ်ရန် လုံလောက်ပေသည်။

သို့သော်လည်း အဆုံးတွင်၊ ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်ပြီး သွေးရောင်ဓားကို ဖျက်ဆီးပစ်လိုက်သည်။

သွေးမျှော်စင်မှ ဆင်းသက်လာသူလည်း သွေးအန်ပြီး နောက်ပြန်ဆုတ်သွားရတော့သည်။ သူ့အမူအရာမှာလည်း ပျက်ယွင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သေမင်း ရေခဲမျက်နှာ၏ ကိုးလွှာမျှော်စင်က အဝါရောင်ရေများ ထွက်ပေါ်လာခဲ့သည်။ ထိုရေများက ကမ္ဘာကြီးတစ်ခုလုံးကို တိုက်စားနိုင်စွမ်း ရှိနေပုံရ၏။

ယင်းက မြေအောက်ကမ္ဘာမှ ထွက်‌လာသော အဝါရောင်စမ်းရေ ဖြစ်သည်။ အသက်စမ်းရေကဲ့သို့ ၎င်းက ကမ္ဘာပေါ်တွင် ရှားပါးသော ရေတစ်မျိုး ဖြစ်ပင်။

သို့သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုက အသက်စမ်းရေနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

အသက်စမ်းရေက အသက်ဓာတ်အပြည့်ရှိပြီး သက်ရှိများနှင့် အပင်များအတွက် အကောင်းဆုံး ဆေးတစ်မျိုး ဖြစ်၏။

အဝါရောင်စမ်းရေက ထိမိသူတိုင်း သေစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အဆိပ်သင့်ခြင်းနှင့် ကျိန်စာ စွမ်းအားများ ပါရှိသည်ဟု ဆိုကြသည်။

ဤအဝါရောင်စမ်းရေထဲတွင် ဝိညာဉ်များ မည်မျှ အရည်ပျော်သွားသည်ကို မသိနိုင်ပေ။

ထိုမြင်ကွင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

သူ့လက်တစ်ချောင်းကို အနည်းငယ် လှီးဖြတ်လိုက်သောအခါ ကစဉ့်ကလျား အငွေ့အသက်များဖြင့် သွေးတစ်စက် ထွက်ပေါ်လာ၏။

ဒါက ကစဉ့်ကလျားသွေး ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာဖြစ်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများက စစ်မှန်သော ကစဉ့်ကလျားခန္ဓာ၏ ကစဉ့်ကလျားသွေးနှင့် မခြားပေ။

ကစဉ့်ကလျားသွေးဆိုသည်မှာ...

အရာအားလုံးကို ဖိနှိပ်နိုင်ပြီး ဝါးမျိုခြင်း၊ ကမ္ဘာပေါ်ရှိ အင်အား အားလုံးကို ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်းကို ဆိုလိုသည်။

ကစဉ့်ကလျား သွေးတစ်စက်က အဝါရောင်စမ်းရေထဲသို့ ကျသောအခါ...

အဝါရောင်စမ်းရေက ပွက်ပွက်ဆူလာသည်။ ၎င်းတွင်ရှိသော ကျိန်စာစွမ်းအင်များအားလုံး ပျောက်ကွယ်သွား၏။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

အမြဲတမ်း အမူအရာကင်းမဲ့ပြီး အေးစက်သော သေမင်း ရေခဲမျက်နှာပင်လျှင် ဤအခိုက်မှာ မျက်နှာအမူရာ ပျက်သွားတော့။

သူ၏ အဝါရောင်စမ်းရေက အကျိုးသက်ရောက်မှု ဆုံးရှုံးသွားပြီး သာမန်ရေများသာ ဖြစ်သွားပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က လက်ဝါးတစ်ဖက်ကိုမြှောက်ပြီး ရိုက်ချလိုက်သည်။

မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်းကို အသက်သွင်းလိုက်၏။ မရေမတွက်နိုင်သော ကပ်ဘေးအလင်းများက သေမင်း ရေခဲမျက်နှာအပေါ်သို့ ကျရောက်လာတော့သည်။

အရိုးဖြူ လူဦးခေါင်း ကိုးလွှာမျှော်စင်က အပိုင်းပိုင်း ပြိုကျသွားခဲ့သည်။

သေမင်း ရေခဲမျက်နှာလည်း အော်ဟစ်ရင်း မီးတောက်များအောက်တွင် ပြာကျသွား၏။

နောက်ဆုံးတွင် သွေးမျှော်စင်၏ မျိုးဆက်တစ်ဦးသာ ကျန်ရှိတော့သည်။

သူ့နှလုံးသားထဲတွင် အေးစက်သွားသည်။

ယခုအခါ သားကောင်က မည်သူဖြစ်သနည်း။

"တားမြစ် ဝိညာဉ်လော့ခ်က သက်ရောက်မှုမရှိဘူးလား" သွေးမျှော်စင်မှမျိုးဆက်သစ်၏ မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသည်။

"တားမြစ်ဝိညာဉ်လော့ခ်က ငါ့ခွန်အားရဲ့ သုံးဆယ်၊ လေးဆယ် ရာခိုင်နှုန်းကို ချုပ်နှောင်ထားနိုင်ပေမဲ့ မင်းတို့ကောင်တွေကို ကိုင်တွယ်ဖို့တော့ လုံလောက်တယ်"

ကျွင်းရှောင်ယောက်က လက်ဝါးတစ်ဖက် ဖိချလိုက်သည်။

"ကယ်ကြပါဦး"

သွေးမျှော်စင်မှမျိုးဆက်သစ်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော်၊ သွေးမျှော်စင်မှ လူများ၏ မျက်နှာများမှာ အလွန်အေးစက်နေခဲ့သည်။

"မင်းက သွေးမျှော်စင်ရဲ့ ဆက်ခံသူဖြစ်ဖို့ အရည်အချင်း မရှိတော့ဘူး"

သွေးမျှော်စင်မှ လူတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

သွေးမျှော်စင်မှမျိုးဆက်သစ်၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုတို့ ပြည့်နှက်သွားလေသည်။

"ဖောင်း"

ကျွင်းရှောင်ယောက်၏ လက်ဝါးကြီးက သူ့ကို သွေးအမှုန်အမွှားဖြစ်သည်အထိ ရိုက်ချလိုက်သည်။

မကြာသေးမီကပင် ဤပါရမီရှင်များက ကျွင်းရှောင်ယောက်ကို မိမိလက်ဖြင့် မည်သူကသတ်နိုင်မလဲဆိုတာ ငြင်းခုံနေကြသေးသည်။

ယခုတော့ ခဏလေးအတွင်းမှာပင် သူတို့အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။

"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက မျှော်လင့်ထားသလိုပဲ။ မင်းတို့ရဲ့သွေးက တကယ် အေးစက်တယ်"

ကျွင်းရှောင်ယောက်က‌ ပြောလိုက်သည်။

သူတို့၏ ပါရမီရှင်များ ကျဆုံးသွားသည်ကို မြင်လိုက်ရသော်လည်း လုံးဝ အမူအရာမပြောင်းကြပေ။

"သူတို့က မင်းကို တားမြစ်ဝိညာဉ်လော့ခ်နဲ့တောင် အနိုင်မယူနိုင်ဘူး၊ ဒါကြောင့် သူတို့မှာ ဆက်အသက်ရှင်ခွင့် မရှိတော့ဘူး"

"လူသတ်သမားကမ္ဘာက နဂိုကတည်းက ရက်စက်တယ်။ သန်မာသူတွေ အသက်ရှင်ပြီး အားနည်းသူတွေ သေဆုံးရမှာပဲ"

"‌ဒါပေမဲ့ သူတို့က အချည်းနှီးသေဆုံးရတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ လက်ရှိမှာ မင်းက ဓမ္မခန္ဓာမဟုတ်ဘဲ ခန္ဓာအစစ်အမှန်နဲ့ ရောက်နေတယ်ဆိုတာ သိနိုင်တယ်"

ဓမ္မခန္ဓာတစ်ခုဖြစ်ပြီး ဝိညာဉ်လော့ခ်ဖြင့် ချုပ်နှောင်ထားသည့်တိုင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ ပါရမီရှင်များကို ချက်ချင်းသတ်ပစ်နိုင်ပါက...

ထိုပါရမီရှင်များမှာ သူတို့တစ်ဘဝလုံး ခွေးများလို နေထိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

"ဒါဆိုရင် မင်းတို့က မင်းတို့လူတွေရဲ့အသက်နဲ့ ငါ့ကို စမ်းသပ်နေတာလား"

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။

ဤသတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လူများက တကယ်ကို ပြတ်သားသည်။

သူတို့က အနည်းငယ်မျှ အမှားအယွင်းမခံနိုင်ပေ။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လူများက တိတ်ဆိတ်နေသော်လည်း သူတို့၏သဘောထားကို သိနိုင်သည်။

"ဒါဆိုရင် ငါ့မှာ ဘာဝှက်ဖဲတွေ ရှိတယ်ဆိုတာ မင်းသိရမယ်"

ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။

သူ၏ ဝှက်ဖဲက ကျွင်းဝူဟွေ့၏ အဆောင်လက်ဖွဲ့သာမကပေ။ ရှေးဟောင်း အကာအကွယ်လက်နက်များစွာလည်း ပါဝင်သည်။

ထို့ထက် အရေးကြီးသည်က အန္တိမကပ်ဘေးကြီးကိုပင် ရင်ဆိုင်နိုင်သည့် နတ်ဘုရားဓမ္မခန္ဓာပင်။

"ဟုတ်ပါတယ်၊ ငါတို့ သေချာစုံစမ်းပြီးပြီ။ နောက်ဆုံးမှာတော့၊ အန္တိမကပ်ဘေးကြီးတောင် မင်းလက်ထဲမှာပဲ သေဆုံးသွားတယ်"

"ဒါပေမဲ့ မင်းရဲ့ နတ်ဘုရားဓမ္မခန္ဓာက ယုံကြည်ခြင်းစွမ်းအားကို စုဆောင်းဖို့ အချိန်မရှိနိုင်ဘူး"

"တခြားနည်းလမ်းတွေအတွက်လည်း ငါတို့က အဆင်သင့်ပြင်ဆင်ထားပြီးသားပဲ။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လူများက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်ကြသည်။ ထို့နောက် အချိန်မဆွဲတော့ဘဲ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။

စင်စစ်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ဂရုတစိုက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အခြေအနေများစွာကို ထည့်သွင်းစဉ်းစားခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်၊ သူတို့ ထည့်တွက်နိုင်မည့်မဟုတ်သော ကိစ္စများလည်း ရှိသေးသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးနှင့် ၎င်းတို့နောက်ကွယ်မှ အလုပ်ရှင်များပင်လျှင် ၎င်းကို မည်သည့်အခါမျှ တွေးခဲ့မိမည် မဟုတ်ပါ။

ကျွင်းရှောင်ယောက်ကတော့ ဤအရာအားလုံးကို အမှန်တကယ် မျှော်လင့်ထားသည်။

အခြေအနေများက ကျွင်းရှောင်ယောက်၏ ဆန္ဒအတိုင်း လိုက်လျောညီထွေဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။

"သတ်"

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက လှုပ်ရှားခဲ့ကြသည်။

"အတင့်ရဲလိုက်တာ"

ဘုရင်ဖုဖုန်းကလည်း ဧကရာဇ်တစ်ပိုင်း အငွေ့အသက်များကို ပေါက်ကွဲထုတ်လိုက်၏။

ထိုအချိန်တွင်၊ နောက်ကွယ်မှာ ပုန်းအောင်းနေသော ဧကရာဇ်တစ်ပိုင်း ပညာရှင်များ ပေါ်လာခဲ့ကြသည်။

ရှန်းထျန်းဘက်တွင် အဆုံးမဲ့တောက်ပသော အလင်းရောင်များ လျှံတက်လာသည်။

အတောင်ကိုးတောင်ရှိသော ကောင်းကင်တမန်တစ်ပါး... တစ်နည်း ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦး ပေါ်လာခဲ့သည်။

ထို့နောက် ငရဲသို့တံခါး ဖွင့်ထားသကဲ့သို့ အမှောင်ကမ္ဘာ၏စွမ်းအင်များ မြင့်တက်လာ၏။

အနက်ရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး အနက်ရောင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦး ထပ်မံပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် သွေးအိုင်ကြီးတစ်ခု ပေါ်လာပြီး သွေးအိုင်အတွင်းမှ လူရိပ်တစ်ခု တက်လာခဲ့သည်။

သွေးမျှော်စင်၏ ဧကရာဇ်တစ်ပိုင်းလည်း ပေါ်လာပြီ။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ဧကရာဇ်တစ်ပိုင်းများ အားလုံး အတူတကွ ပေါ်လာခဲ့ကြပြီ ဖြစ်သည်။

All Chapters