← Chapters

အခန်း ၁၂၁၂

Vol. 81 Ch. 1212

အခန်း ၁၂၁၂

Vol. 81 Ch. 1212

အခန်း ( ၁၂၁၂ ) ကြောက်စရာကောင်းသော ရှောင်ချမ်ရွယ်။

အချိန်က ရပ်တန့်သွားပုံရသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လူအားလုံး၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာကြသည်။

ပျက်စီးခြင်းတာအိုသခင်တစ်ပါးက လှုပ်ရှားခဲ့သော်လည်း ကလေးမလေးတစ်ယောက်၏ တားဆီးခံခဲ့ရ၏။

ဤသဘောတရားကား အဘယ်နည်း။

ကျွင်းရှောင်ယောက်က ဆန်းကျယ်ကောင်းကင်အဓိပဓိကို သတ်ခဲ့ချိန်ကထက်ပင် ပို၍ တုန်လှုပ်စရာကောင်းနေသေးသည်။

"ဘယ်လိုဖြစ်တာလဲ"

ရှန်းထျန်း၏ ပျက်စီးခြင်းတာအိုသခင်မှာလည်း စိတ်ရှုပ်ထွေးသွားသည်။ ဤအခြေအနေမျိုးကို သူ တစ်ခါမျှ မကြုံဖူးပေ။

တစ်ဖက်တွင််မူ၊ ကျွင်းရှောင်ယောက်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ်အံ့သြမိသော်လည်း သူ့စိတ်ထဲတွင် မျှော်လင့်ထားပြီးသား ဖြစ်သည်။

ရှောင်ချမ်ရွယ်က ထူးခြားသော နောက်ခံရှိသူဖြစ်မှန်း သူသိ၏။

သို့ပေသော်ငြား၊ ယခုအချိန်တွင် သူမက ဤမျှကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲနိုင်မည်ဟုတော့ သူ မမျှော်လင့်ထားပေ။

ဤအခိုက်အတန့်တွင် ကောင်းကင်ထက်၌ သတ္တမမြောက် သတ်ဖြတ်ခြင်းအစီရင်ကို အသက်သွင်းခဲ့သော ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း ကောင်းကင်တမန်မှု ရုတ်တရက် တုန်ယင်သွားသလို ခံစားလိုက်ရသည်။

သူက ချက်ချင်း အော်ဟစ်လိုက်၏။

"မြန်မြန်ပြန်ဆုတ်"

သို့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ရှောင်ချမ်ရွယ်က လှပသော မျက်လုံးများကိုမှိတ်ထားကာ ပြန်လည်ဝင်စားခြင်း၏ အဆုံးတွင် ရှိနေသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နိယာမ လှိုင်းလုံးများ ဖြာထွက်လာ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော နိယာမအတက်အကျက အဓိပတိနယ်ပယ်ခုနစ်ခုထက် များစွာကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤလှိုင်းလုံးများ ဖြတ်ကျော်သွားသောအခါ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ လူများမှာ အော်ဟစ်တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။

သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များက ချက်ချင်း ပျက်သုဉ်းသွားကြသည်။

ဤအတက်အကျကို ရင်ဆိုင်ရသောအခါ မည်သည့်နယ်ပယ် ကျင့်ကြံမှုအခြေခံကို ပိုင်ဆိုင်ထားသည်ဖြစ်စေ ရလဒ်က မပြောင်းလဲသွားပေ။

ကောင်းကင်အဓိပဓိငယ်၊ မဟာကောင်းကင်အဓိပဓိ၊ ဆန်းကျယ်ကောင်းကင်အဓိပဓိ၊ နတ်ဖန်ဆင်းခြင်းအဓိပဓိနှင့် ပျက်စီးခြင်းတာအိုသခင်ပင်လျှင် ခြွင်းချက်မရှိပေ။

"မဟုတ်ဘူး"

ယိုပြည်ထောင်နှင့် သွေးမျှော်စင်တို့၏ ပျက်စီးခြင်းတာတာအိုသခင်များက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

သို့သော်လည်း ဤကြောက်မက်ဖွယ်လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့က တစ်စက္ကန့်၊ နှစ်စက္ကန့်မျှသာ ခံနိုင်ရည်ရှိပြီး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

တိုက်ခိုက်ခဲ့သော ပျက်စီးခြင်းတာအိုသခင်မှာလည်း တစ်ကိုယ်လုံး နတ်ပူးသကဲ့သို့ တဆတ်ဆတ်တုန်သွားသည်။

သူက ဘယ်လိုနတ်ဆိုးမျိုးကို နှိုးဆွခဲ့မိတာလဲ။

သို့သော်လည်း ဤအဖြေကို သူ ဆက်လက် မစဉ်းစားနိုင်တော့ပေ။

အကြောင်းမှာ၊ သူ၏ စိတ်ဝိညာဉ်က ပျက်စီးပျောက်ကွယ်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။

ခဏလောက်တော့ လေထုတစ်ခုလုံး တိတ်ဆိတ်သွားပေသည်။

သြဇာကြီးမားသော ဧကရာဇ်တစ်ပိုင်း အကျော်အမော်သုံးဦးမှလွဲ၍ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ လူသတ်သမားများအားလုံး သတ်ဖြတ်ခံခဲ့ကြရသည်။

ကောင်းကင်အဓိပဓိငယ်မှစ၍ ပျက်စီးခြင်းတာအိုသခင်အဆုံး... မည်သူမျှ မလွတ်မြောက်ခဲ့ပေ။

ဤမြင်ကွင်းကို အပြင်လူများမြင်လျှင် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားလိမ့်မည်။

"အဟွတ်... အဟွတ်..."

ဘုရင်ဖုဖုန်းက သွေးများအန်ထွက်ပြီး နောက်သို့ လွင့်လာခဲ့သည်။

သူ့တစ်ကိုယ်လုံးက ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေပြီး မီးစာကုန်ဆီခန်းဘဝ ရောက်နေပြီ။

အမှန်အတိုင်းပြောရလျှင် သူ့ထက်အဆင့်မြင့်သော ဧကရာဇ်တစ်ပိုင်း အကျော်အမော် သုံးပါးရှေ့တွင် ဤမျှကြာရှည်စွာ ခုခံနေနိုင်ခြင်းကပင် အံ့ဖွယ်အမှုတစ်ခုဖြစ်နေပြီ ဖြစ်သည်။

ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က အသက်စမ်းရေတချို့ကို ဘုရင်ဖုဖုန်းထံသို့ ပို့လွှတ်လိုက်သည်။

ဘုရင်ဖုဖုန်းလည်း ဤတော့မှ သက်ပြင်းချလိုက်နိုင်လေသည်။ သို့ရာတွင်၊ သူက ပြင်းထန်စွာ ဒဏ်ရာရရှိနေဆဲဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိသလောက် ဖြစ်သည်။

"ချီးပဲ"

လူသတ်သမားအားလုံး ကျဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ဧကရာဇ်တစ်ပိုင်း အကျော်အမော် သုံးဦးမှာ ဒေါသချောင်းချောင်းထွက်သွားသည်။

သို့ရာတွင်၊ ရှောင်ချမ်ရွယ်က ပြန်လည်ဝင်စားခြင်း၏အဆုံးတွင်ရှိသကဲ့သို့ သူမ၏မျက်လုံးများကို မှိတ်ထားဆဲပင်။

"ထူးဆန်းတယ်၊ ဘယ်လောက်‌တောင် အစွမ်းထက်တဲ့ စွမ်းအားလဲ"

ဒါကိုမြင်တော့ ယိုပြည်ထောင်မှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ မျက်လုံးများက အရောင်လက်သွားကြသည်။

ချက်ချင်းပင်၊ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရှောင်ချမ်ရွယ်ကို ဖမ်းဆုပ်လိုက်၏။

ဧကရာဇ်တစ်ပိုင်း၏ စွမ်းအားက အဓိပဓိနယ်ပယ်ခုနစ်ခုမှ အကျော်အမော်များ လက်လှမ်းမမီနိုင်လောက်အောင် ကြီးမားသည်။

သို့သော်...

တင်းတင်းစေ့မှိတ်ထားသည့် ရှောင်ချမ်ရွယ်၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။

တခဏချင်းမှာပင် ကောင်းကင်နှင့်မြေပြင်ကက တိတ်ဆိတ်ငြိမ်သက်သွား၏။

သူမ၏ မျက်လုံးက သလင်းကျောက်ကဲ့သို့ ကြည်လင်သော်လည်း၊ ကျယ်ပြောလှသော လောကကြီးရှိ အရာခပ်သိမ်းတို့၏ ပြန်လည်ဝင်စားခြင်းကို မြင်နေသကဲ့သို့ပင်။

ရုတ်တရက်၊ ပြန်လည်ဝင်စားခြင်း၏ စူးရှတောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မကောင်းတော့ဘူး၊ ရပ်လိုက်"

ရှန်းထျန်း၏ အတောင်ကိုးခုရှိသော ကောင်းကင်တမန်က တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် အော်ဟစ်လိုက်သည်။

သို့သော်၊ ဒီအချိန်မှာ များစွာ နောက်ကျသွားပြီ။

"အား"

အော်သံတစ်ခု ထွက်ပေါ်လာသည်။

ယိုပြည်ထောင်မှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်ဖြစ်ပြီး သူ့ခေါင်းကိုကိုင်ကာ အော်ဟစ်လိုက်၏။

သူ့ဝိညာဉ်က ပူလောင်နေပြီး အမည်မသိ ပြန်လည်ဝင်စားခြင်းသို့ ဆွဲငင်ခံရတော့မည်ကဲ့သို့ ခံစားနေရသည်။

ယင်းက ကြောက်စရာကောင်းပေသည်။

သူသည်ကား ဧကရာဇ်တစ်ပိုင်း အကျော်အမော် ဖြစ်သည်။

ကြီးမြတ်သော ဧကရာဇ်ကြီးများပြီးလျှင် သူက အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်လုနီးပါးပင်။

ယခုတော့ သေခြင်းတရားကို ခံစားလာနေရပြီ ဖြစ်သည်။

သူ၏ဝိညာဉ်က ပူလောင်နေပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားသည်။

တစ်ချိန်တည်းမှာပင်၊ သူ့ခန္ဓာကိုယ် နေရာအနှံ့က အက်ကြောင်းထပြီး သွေးများ ယိုစီးနေတော့သည်။

သွေးမျှော်စင်၏ ဧကရာဇ်တစ်ပိုင်းအကျော်အမော်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နှလုံးသားထဲထိ စိမ့်တက်သွားသလို ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

တန်ခိုးကြီးသော ဧကရာဇ်တစ်ပိုင်းအကျော်အမော်ကို အမှန်တကယ်ပင် ကလေးမလေးတစ်ဦးက ဤအခြေအနေသို့ ကျရောက်စေနိုင်သည်။

သို့သော် သွေးမျှော်စင်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်မှာ များများစားစား မတွေးနိုင်ခဲ့ပေ။

အကြောင်းမှာ၊ ရှောင်ချမ်ရွယ်၏ အေးစက်ပြီး ကြည်လင်သော မျက်လုံးအကြည့်က သူ့အပေါ်သို့ ကျရောက်လာသောကြောင့် ဖြစ်သည်။

"‌ဝုန်း"

သွေးမျှော်စင်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်လည်း ချက်ချင်းပင် ဒဏ်ရာပြင်းထန်စွာရကာ သွေးများအန်နေတော့သည်။

သူ၏ ခန္ဓာကိုယ်က စွမ်းအင်လှိုင်းများဖြင့် မျောပါသွားပြီး ပေါက်ကွဲသွားခဲ့သည်။

"သေစမ်း"

ဘုရင်ဖုဖုန်းလည်း အံ့ဩသွားပြီး မနေနိုင်ဘဲ ကျိန်ဆဲလိုက်လေသည်။

ယခုပင် သူက ဧကရာဇ်တစ်ပိုင်း အကျော်အမော်သုံးဦး၏ တိုက်ခိုက်မှုကြောင့် သေလုမျောပါး ဒဏ်ရာများရရှိခဲ့သည်။

ယခုတော့ ဧကရာဇ်တစ်ပိုင်း အကျော်အမော်နှစ်ဦးမှာ ကလေးမလေးတစ်ဦးကြောင့် ချက်ချင်းဆိုသလို ပြင်းထန်စွာ ဒဏ်ရာရသွားပြီ။

ကိုယ့်မျက်စိနှင့် မမြင်ရလျှင် မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။

"ဘာတွေဖြစ်နေတာလဲ"

ရှန်းထျန်း၏ အတောင်ကိုးခုရှိသော ကောင်းကင်တမန်က တုန်လှုပ်စွာ ပြောလိုက်သည်။ သူကား ဧကရာဇ်တစ်ပိုင်း အကျော်အမော်သုံးဦးတွင် အသန်မာဆုံးဖြစ်ပြီး ကပ်ဘေးလေးခုကို ကျော်ဖြတ်ထားပြီးပြီ။

သူက တုန်လှုပ်နေသော အမူအရာဖြင့် ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်သည်။

ထိုအခါ ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေသည်ကို တွေ့လိုက်ရလေသည်။

"ဒါက မင်းရဲ့ ဝှက်ဖဲပေါ့"

ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်ဧကရာဇ်တစ်ပိုင်း အကျော်အမော်က နာကြည်းမှုတို့ဖြင့် အေးစက်စက် ပြောလိုက်သည်။

သူတို့၏ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက အရာအားလုံးကို များစွာပို၍ တွက်ချက်ထားသော်လည်း၊ ကျွင်းရှောင်ယောက်နှင့် အတူလိုက်လာသော ကလေးမလေးတစ်ယောက်ကို ဤမျှထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခင်က တိဟောက်ထျန်း၏ သတိပေးစကားကို သူတို့ရသည်။

သို့ရာတွင်၊ ရှောင်ချမ်ရွယ်က ဧကရာဇ်တစ်ပိုင်း အကျော်အမော်နှင့်ပင် ရင်ဆိုင်နိုင်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ယခုတော့ ကျွင်းရှောင်ယောက်၏ အမူအရာကို မြင်လိုက်ရပြီးနောက်...

ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်မှာ ရုတ်တရက် သဘောပေါက်သွားသည်။

ကျွင်းရှောင်ယောက်က အဘယ်ကြောင့် အမြဲတမ်း တည်ငြိမ်နေသနည်း။

အကြောင်းမှာ၊ အရာအားလုံးက သူ့အစီအစဉ်အတိုင်း ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ရှန်းထျန်းမှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ နာကြည်းနေသော မျက်လုံးများကိုကြည့်ရင်း...

ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

"တစ်ခါတလေမှာ အတော်ဆုံး မုဆိုးတွေတောင် သားကောင်တွေအဖြစ် ပြောင်းလဲသွားတတ်တယ်။ ဒီအမှန်တရားကို မင်းနားမလည်ဘူးလား"

ထိုထေ့ငေါ့သောစကားများကို ကြားလိုက်ရသောအခါ ရှန်းထျန်းမှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်၏ မျက်လုံးများက အေးစက်သော အလင်းရောင်များဖြင့် လင်းလက်ကာ လူသတ်ချင်စိတ်များ ပြည့်နှက်သွားသည်။

ယခုအခါ သူက ကျွင်းရှောင်ယောက်ကို ပို၍ သတ်ချင်နေပြီ။

မဟုတ်ပါက၊ သူတို့၏ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးစလုံး ပျက်သုဉ်းရတော့မည် ဖြစ်သည်။

ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ယိုပြည်ထောင်နှင့် သွေးမျှော်စင်မှ တတိယကပ်ဘေး ဧကရာဇ်တစ်ပိုင်း အကျော်အမော်နှစ်ဦးစလုံး၏ ဝိညာဉ်များက လုံးလုံးလျားလျား ပေါက်ကွဲသွား၏။

အင်မော်တယ်နယ်မြေကြီးတွင် နာမည်ကျော်ကြားသော ဧကရာဇ်တစ်ပိုင်းအဆင့် လူသတ်သမားနှစ်ဦး ကျဆုံးသွားခဲ့ပြီ။

နောက်ဆုံးတွင် ရှောင်ချမ်ရွယ်၏ မျက်လုံးအကြည့်က ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်ထံ ကျရောက်သွားသည်။

သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသည်။

သို့ရာတွင်၊ သူက အံကြိတ်ပြီး တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။

ရုတ်တရတ် ပြိုးပြိုးပြက်ပြက် တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။

၎င်းက ရွှေရောင်တောက်ပနေသော ချပ်ဝတ်တစ်ခုဖြစ်သည်။ ၎င်းပေါ်တွင် ရှေးဟောင်းကမ္ပည်းများ ရေးထွင်းထား၏။

ချပ်ဝတ်မှ အကန့်အသတ်မဲ့သော ဧကရာဇ်အရှိန်အဝါများ ထွက်ပေါ်နေသေးသည်။

၎င်းက ရှန်းထျန်းမှ ဧကရာဇ်လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။

"ကောင်းကင် သူတော်စင်ချပ်ဝတ်"

ဧကရာဇ်တစ်ပိုင်း အကျော်အမော်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ကျွင်းရှောင်ယောက် အနည်းငယ် အံ့ဩသွား၏။ ရှန်းထျန်းက ဧကရာဇ်လက်နက်ကိုပင် အမှန်တကယ် ယူဆောင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့ကို ဘယ်လောက်တောင် အထင်ကြီးနေကြတာလဲ။

သူ့ကို ဝိုင်းရံချေမှုန်းရန်အတွက် ပြင်ဆင်မှုများက ပြည့်စုံလွန်းသည်။

ဧကရာဇ်တစ်ပိုင်း အကျော်အမော်က ကောင်းကင်သူတော်စင်ချပ်ဝတ်ကို ဝတ်ဆင်ပြီး ရှောင်ချမ်ရွယ်နှင့် ကျွင်းရှောင်ယောက်ဆီသို့ ပြေးဝင်လာခဲ့သည်။

ရှောင်ချမ်ရွယ်ထံမှ ကြောက်စရာကောင်းသော နိယာမအတက်အကျများ တစ်ဖန် ထွက်ပေါ်လာ၏။

ဤသည်မှာ အန္တရာယ်နှင့် တွေ့ကြုံရခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝအလျောက် ခုခံကာကွယ်မှုမျိုး ဖြစ်သည်။

သူမ၏ ကြည်လင်သော မျက်လုံးများထဲတွင် လှိုင်းလုံးကြီးနှစ်ခု ထွက်ပေါ်လာပုံရသည်။

၎င်းက ကမ္ဘာတစ်ခုလုံးကို ဆွဲသွင်းနိုင်ပုံရ၏။

အတောင်ကိုးခု ကောင်းကင်တမန်က စွမ်းအားကြီးမားသော်လည်း သူ၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ လွတ်ထွက်သွားတော့မည်ကဲ့သို့ ပြင်းထန်စွာ တုန်ခါလာတော့သည်။

"ဒီနေ့ ဘာတွေပဲ ပေးဆပ်ရပါစေ မင်းကို သတ်မယ်"

အတောင်ကိုးခုရှိသော ကောင်းကင်တမန်၏ မျက်လုံးများတွင် ရက်စက်ပြီး ပြတ်သားသော အရိပ်အယောင်တို့ ပေါ်လာသည်။

သူ၏သွေး၊ စိတ်ဝိညာဉ်နှင့် နိယာမများ အားလုံး ပူလောင်လာ၏။

သူဝတ်ထားသည့် ဧကရာဇ်လက်နက်ဖြစ်သော ကောင်းကင်သူတော်စင်ချပ်ဝတ်သည်ပင် ကြီးမားသော စွမ်းအားတို့ဖြင့် တုန်လှုပ်လာတော့သည်။

ကျွင်းရှောင်ယောက်က ချက်ချင်း နားလည်သွားသည်။

ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်က သူ့ကိုယ်သူ ဖောက်ခွဲပြီး အားလုံးကို သူနှင့်အတူ ခေါ်ဆောင်သွားရန် စိတ်ကူးနေခြင်းပင်။

All Chapters