← Chapters

အခန်း ၁၂၁၆

Vol. 82 Ch. 1216

အခန်း ၁၂၁၆

Vol. 82 Ch. 1216

အခန်း ( ၁၂၁၆ ) ကျွင်းမိသားစု၏ အံ့ဖွယ်အမွေအနှစ်များ။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တုန်လှုပ်ခြောက်ခြားလျက် ရှိသည်။

ကျွင်းမိသားစုက တပ်မဟာများကို စုစည်းနေ၏။

စစ်ပွဲတွင် ပါဝင်လာကြသော ဘက်ပေါင်းစုံမှ အင်မော်တယ်အင်အားစုကြီးများ၏ အကျော်အမော်များလည်း ရောက်ရှိနေကြပြီ။

ကုန်းမြေတိုက်ကြီးများကဲ့သို့ ကြီးကျယ်ခမ်းနားသည့် ရှေးဟောင်းစစ်သင်္ဘောကြီးများကလည်း ကျွင်းမိသားစု၏ ဘိုးဘွားမြေမှ ထွက်ပေါ်လာကြသည်။

၎င်းက အင်မော်တယ်နယ်မြေကြီးကို ဖြတ်သန်းသွားနိုင်သော စစ်သင်္ဘောများ ဖြစ်ချေသည်။ ၎င်းတွင် ရှေးဟောင်းကမ္ပည်းအမှတ်အသားများ၊ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအစီရင်များလည်း ပြည့်နေသည်။

စစ်သင်္ဘောတစ်ခုစီ၏ အရင်းမြစ်စားသုံးမှုနှုန်းကလည်း အလွန်ကြောက်စရာကောင်းပေသည်။

သာမန် အင်မော်တယ်အင်အားစုများက သင်္ဘောအနည်းငယ်ကိုပင် မတည်ဆောက်နိုင်ပေ။

ကျွင်းမိသားစုကတော့ စစ်သင်္ဘောသုံးဆယ်ကို တစ်ပြိုင်နက်တည်း စေလွှတ်ခဲ့သည်။

ထို့ပြင်၊ စစ်သင်္ဘောတစ်စင်းစီမှာ လူသန်းပေါင်းများစွာကို အလွယ်တကူ နေရာချထားနိုင်သော နေရာလွတ်အစီရင်တစ်ခု ရှိသည်။

ထို့ထက်ပို၍ ကြောက်စရာကောင်းသည်မှာ...

ဤစစ်သင်္ဘောမျိုးတွင် အထူးအစီရင်များ ရေးထွင်းထားပြီး စစ်သင်္ဘောကိုထိန်းချုပ်၍ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်စေနိုင်သည်။

သူတော်စင်အဆင့် ကျင့်ကြံသူတစ်စုပင်လျှင် ဤစစ်သင်္ဘောကို ထိန်းချုပ်ထားပါက အဓိပဓိများကို အန္တရာယ်ပေးနိုင်သည်။

အဓိပဓိများက တစ်ပြိုင်နက်တည်း ၎င်းကိုထိန်းချုပ်သည်ရှိသော် ဧကရာဇ်တစ်ပိုင်းပင်လျှင် ထိုစွမ်းအားကို လျစ်လျူမရှုနိုင်ပေ။

ဤသည်မှာ စစ်သင်္ဘော၏ ကြောက်စရာအကောင်းဆုံးအပိုင်း ဖြစ်သည်။

နောက်ဆုံးအကြိမ်က အင်မော်တယ်စစ်ပွဲသည် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင်သာ ကန့်သတ်ထားသောကြောင့် ကျွင်းမိသားစုက ၎င်းကို အသုံးမပြုခဲ့ပေ။

ယခုမူ၊ ကျွင်းမိသားစုက အဆုံးမဲ့ ကြယ်ကောင်းကင်ကိုဖြတ်ကျော်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ချေမှုန်းတော့မည် ဖြစ်သည်။ ထို့ကြောင့် စစ်သင်္ဘောများကို အသုံးပြုရတော့မည်။

"ခမ်းနားလိုက်ပါပေ့၊ ငါ့မင်းဆက်ရဲ့ အရင်းအမြစ်အားလုံးကို သုံးနေရင်တောင် ဒီအရာတွေထဲက တစ်ခုကို ငါ မတည်ဆောက်နိုင်ဘူး..."

ရှေးမင်းဆက်တစ်ခု၏ အသျှင်က တအံ့တဩ ရေရွတ်လိုက်သည်။

နောက်အခိုက်အတန့်တွင်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးရှိ အကျော်အမော်များစွာက တုန်လှုပ်ဖွယ်ရာ ရောင်ဝါတစ်ခုကို ခံစားလိုက်ရသည်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေအထက် ကောင်းကင်ယံတွင် လူရိပ်များ ပေါ်လာကြ၏။

လူရိပ်တစ်ခုစီက ခေတ်သမိုင်းကို လွှမ်းမိုးထားသလို အငွေ့အသက်များ ထွက်ပေါ်နေကြသည်။

ယင်းက ကျွင်းမိသားစုမှ ဧကရာဇ်တစ်ပိုင်း ဘိုးဘေးများ၏ အသွင်အပြင်ပင်။

ကျွင်းမိသားစု၏ သတ္တမမြောက် ဘိုးဘေး ကျွင်းထိုက်အ။

ဆဋ္ဌမဘိုးဘေး ကျွင်းထိုက်ရွှမ်။

ထို့နောက်တွင် နောက်ထပ် အဘိုးအိုတစ်ယောက် ပေါ်လာခဲ့သည်။ သူက ရဲတင်းတစ်လက်ကို ကိုင်ထားပြီး ကစဉ့်ကလျားအငွေ့အသက်များဖြင့် ရှေးဦးသစ်ပင်တစ်ပင်ကိုလည်း ထမ်းပိုးထား၏။

"ဟင်၊ သူက... ကျွင်းမိသားစုရဲ့ ပဉ္စမဘိုးဘေး ဖြစ်နိုင်မလား"

"သူထမ်းလာတာက... ဟင်၊ အဲဒါက ရှေးဦးကစဉ့်ကလျားသစ်ပင်ပဲ"

လူများစွာတို့ အံ့ဩသွားကြလေသည်။

ရှေးဦးကစဉ့်ကလျားသစ်ပင်က ကမ္ဘာ့သစ်ပင်ကို မမီသော်လည်း ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကဲ့သို့ ရှားပါးသစ်ပင်တစ်မျိုးဖြစ်နေဆဲ ဖြစ်သည်။

ယခုတော့ ကျွင်းမိသားစု၏ ပဉ္စမမြောက်ဘိုးဘေးက ကစဉ့်ကလျားရှေးဟောင်းသစ်ပင်ကို သယ်ဆောင်လာခဲ့ပြီ။

"ငါ့မိသားစုရဲ့ ကလေး ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ သူက အဇူရာဧကရာဇ်ရဲ့ ကစဉ့်ကလျားတာအိုခန္ဓာကို အမွေဆက်ခံခဲ့တာဆိုတော့ ဒီရှေးဟောင်းသစ်ပင်က သူ့ဒဏ်ရာတွေကို ကုစားနိုင်သင့်ပါတယ်"

"သူ့မှာပါရှိတဲ့ ကစဉ့်ကလျားအနှစ်သာရက ကောင်‌လေးပြန်ကောင်းလာဖို့အတွက် အထောက်အကူ ဖြစ်သင့်တယ်"

ပဉ္စမမြောက်ဘိုးဘေး ကျွင်းထိုက်ဟောက်က ရှေးဦးကစဉ့်ကလျားသစ်ပင်ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ပဉ္စမဘိုးဘေး"

ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများက အနည်းငယ် ဦးညွတ်လိုက်ကြလေသည်။

ဤဘိုးဘေးများက အဆင့်အတန်းမြင့်မားသော်လည်း ပဉ္စမဘိုးဘေးကဲ့သို့ ရှေးဘိုးဘေးတစ်ဦး၏ရှေ့တွင် အငယ်များဟုသာ မှတ်ယူနိုင်ကြသည်။

ပတ်ဝန်းကျင်မှ အပြင်လူများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။

ထိုကဲ့သို့ အဖိုးတန်သောအရာကို လမ်းဘေးမှ ဂေါ်ဖီထုပ်ကဲ့သို့ ပေါ့ပေါ့ပါးပါး ပေးကမ်းခဲ့သည်။

ဒါက ထိပ်တန်း အင်မော်တယ်အင်အားစုရဲ့ အနေအထားလား။

"ဟားဟား၊ ပဉ္စမအဘိုးကြီး... နင်က အရင်အတိုင်းပဲ"

ထိုအချိန်တွင် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

ကြယ်ရောင်တောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး နိမ့်ကျသော မိသားစုမှ မိန်းကလေးတစ်ယောက်နှင့်တူသော အမျိုးသမီးတစ်ဦး ပေါ်လာ၏။ သို့သော်လည်း သူ့ထံမှ အားကောင်းသော ဧကရာဇ်တစ်ပိုင်းဖိအားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်း တုန်လှုပ်သွားတော့သည်။

"န... နဝမကပ်ဘေး ဧကရာဇ်တစ်ပိုင်း"

တစ်စုံတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

နိမ့်ကျသော မိသားစုမှ မိန်းကလေးတစ်ဦးနှင့်တူသော ထိုအမျိုးသမီးက နဝမကပ်ဘေး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်‌အမော် ဖြစ်နေ၏။

သူမက တာအိုကိုသက်သေပြရန် မဝေးတော့ပေ။

"ရှေးဘိုးဘေး ထိုက်ရန်ကို နှုတ်ခွန်းဆက်ပါတယ်"

ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများမှာ ပို၍ပင် ရိုကျိုးလာခဲ့သည်။

မထင်မှတ်ဘဲ၊ ကမ္ဘာဖျက်တံပိုးသံကြောင့် စတုတ္ထဘိုးဘေးပင်လျှင် ပေါ်လာခဲ့ပြီ။

"ငါ့ကျွင်းမိသားစုရဲ့ ကလေးနဲ့ တွေ့ချင်ပေမဲ့ အဲဒီပုရွက်ဆိတ်သုံးကောင်ကို အရင်ဖြေရှင်းရဦးမယ်"

ကျွင်းမိသားစု၏ စတုတ္ထဘိုးဘေး ကျွင်းထိုက်ရန် နွေဦးပန်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသည့်ခံစားချက်ကိုပင် ပေးစွမ်းသည်။

သို့ရာတွင်၊ သူပြောလိုက်သောစကားက အလွန်လွှမ်းမိုးချုပ်ကိုင်ပြီး နူးညံ့သိမ်မွေ့သော စိတ်နေစိတ်ထားနှင့် လုံးဝ မကိုက်ညီပေ။

သူ့ပါးစပ်ထဲတွင် အင်မော်တယ်နယ်မြေကြီးရှိ နာမည်ကျော် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ပုရွက်ဆိတ်မျှသာ ဖြစ်သွားသည်။

သို့ရာတွင်၊ ဒါက အဆုံးသတ်မဟုတ်သေးပါ။

ထို့နောက်တွင် မှုန်ဝါးဝါးဖြင့် ပုံရိပ်များ ထပ်မံပေါ်လာကြသည်။

ထိုအထဲမှ အဘွားအိုတစ်ဦးက ကျွင်းစွေ့ဟွာပင်။

ဤသည်မှာ ယခင် လျှို့ဝှက်သွေးကြောမှ ဧကရာဇ်တစ်ပိုင်းအုပ်စု ဖြစ်သည်။

ဟုတ်ပေသည်၊ ယခုအချိန်တွင် ပင်မသွေးကြောနှင့် လျှို့ဝှက်သွေးကြောဟူ၍ ခွဲခြားမထားတော့ပါ။

"ငါ့ရဲ့ ကျွင်းမိသားစုနဲ့ လာရှုပ်ဝံ့တာ... သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက အသက်ရှင်ရတာ ငြီးငွေ့နေပြီနဲ့တူတယ်"

ကျွင်းစွေ့ဟွာက‌ အေးစက်စက် ပြောလိုက်သည်။

တခဏအတွင်းမှာပင်၊ ကောင်းကင်ယံမှာ လူဆယ်ယောက်ကျော် မတ်တပ်ရပ်နေခဲ့ပြီ။

၎င်းတို့က မြင့်မားသော နတ်ဘုရား တစ်ဒါဇင်ကျော်နှင့် တူလှသည်။

"ဒါက ကျွင်းမိသားစုရဲ့ အခြေခံပဲလား"

လူအားလုံး တုန်လှုပ်သွားကြလေသည်။

ထို့ပြင်၊ ဒါက ကျွင်းမိသားစု၏ အင်အားအပြည့်မဟုတ်မှန်း သူတို့သိကြသည်။

ရုတ်တရက်၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားသည်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစုအပေါ်သို့ မရေမတွက်နိုင်သော မျက်လုံးများ ကျရောက်လာ၏။

အဓိပဓိအင်မော်တယ်ခုံရုံး၊ အမှောင်ကမ္ဘာ၊ ရှေးဟောင်းတော်ဝင်မိသားစု၊ မြင့်မြတ်ဝိညာဉ်မျိုးရိုး၊ ကုရ်အာန်သူတော်စင်ဂိုဏ်း၊ အသျှင်ဘိုးဘွားခန်းမ၊ အနောက်ဘက်နိဗ္ဗာန်ဘုံ...

ကောင်းကင်ကိုးပါးအထက်နှင့် စန်းမျိုးနွယ်မှ လူများပင်လျှင် ကျွင်းမိသားစုကို အာရုံစိုက်နေကြတော့သည်။

ဤအင်မော်တယ်စစ်ပွဲက အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးနီးပါး၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။

တော်တော်များများက ကျွင်းမိသားစုကို ဘယ်လောက် တောင့်တင်းသလဲ သိချင်ကြသည်။

ယခုအချိန်ထိ၊ ရေခဲတောင်၏ အစွန်အဖျားကိုသာ ထုတ်ဖော်ပြသခဲ့သော်လည်း အင်အားစုများစွာ၏ကြောက်ရွံ့မှုကို နှိုးဆွရန်လုံလောက်ပေသည်။

သို့သော်...

ကျွင်းမိသားစုက အင်အားပြည့်ဝလုနီးပြီဟု အားလုံးက ထင်မှတ်နေချိန်တွင်...

ရုတ်တရက်၊ လူများစွာက ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ခံစားလိုက်ရသည်။

မရေမတွက်နိုင်သော ကြယ်စက်ဝိုင်းများ တုန်ခါနေသည်။ ဟင်းလင်းပြင်ကလည်း ပြိုကျတော့မလို တုန်လာ၏။

မှုန်ရီဝေသော ရုပ်သွင်တစ်ခုက အဆုံးမဲ့နေရာကို ဖြတ်ကျော်လာတော့သည်။

ထိုလူရိပ်က ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားရသည်။

အဆုံးမရှိသော ဧကရာဇ်ရောင်ဝါက စကြာဝဠာတစ်ခုလုံးကို တောက်ပစေ၏။

၎င်းက နဂါးကိုးကောင်ဓားကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့မျက်နှာကိုတော့ ရှင်းလင်းစွာမမြင်ရ‌ဘဲ ရှေးဧကရာဇ်တစ်ပါးကဲ့သို့ မှုန်ဝါးနေ၏။

သူ ရောက်လာသည်နှင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံး တုန်ခါသွားတော့သည်။

ဤသည်မှာ စစ်မှန်သော ဧကရာဇ်ကြီး၏ အရှိန်အဝါ ဖြစ်သည်။

"ဒါ သူပဲ"

"သူ တကယ်ပေါ်လာခဲ့ပြီ"

ထိုအမျိုးသားကို မြင်လိုက်ရပြီးနောက် အဓိပဓိအင်မော်တယ်ခုံရုံး၊ ရှေးဟောင်းတော်ဝင်မိသားစုနှင့် အခြားနေရာများမှ အကျော်အမော်များလည်း လွန်စွာ အံ့ဩသွားကြသည်။

"တတိယဘိုးဘေးပဲ"

"တတိယဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်"

ထိုအမျိုးသားကို မြင်လိုက်ရသောအခါ ဘိုးဘေးဆယ့်ရှစ်အပါအဝင် ကျန်ဘိုးဘေးအားလုံးက အငယ်လေးများကဲ့သို့ လက်ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။

ရှေးဘိုးဘေးလေးယောက်ဖြစ်သည့် ကျွင်းထိုက်အ၊ ကျွင်းထိုက်ရွှမ်၊ ကျွင်းထိုက်ဟောက်နှင့် ကျွင်းထိုက်ရန်တို့လည်း အနည်းငယ် လက်ယှက်လိုက်ကြလေသည်။

ရောက်ရှိလာသူမှာ၊ ကျွင်းမိသားစု၏ တတိယမြောက် ဘိုးဘေး ကျွင်းထိုက်ဟွမ် ဖြစ်သည်။

သို့ရာတွင်၊ ကမ္ဘာကြီးက သူ့ကို တခြားနာမည်တစ်ခုနှင့် ပိုရင်းနှီးပေသည်။

ထိုက်ဟွမ်းဧကရာဇ်။

ဒါက စစ်မှန်သော ဧကရာဇ်ကြီး ဖြစ်သည်။

ရှေးပဋိညာဉ်ကြောင့် ဧကရာဇ်များက အင်မော်တယ်နယ်မြေကြီးတွင် ပေါ်လာခဲပေသည်။

ထို့ကြောင့် ထိုက်ဟွမ်းဧကရာဇ်က ဆည်ကမ္ဘာ၏ ရှေးဟောင်းလှိုဏ်ဂူတစ်ခုတွင် အမြဲတမ်း နေခဲ့သည်။

"တကယ်ကို သူပဲ၊ ထိုက်ဟွမ်း..."

အင်မော်တယ်ခုံရုံး၏ ရှေးအကျော်အမော်တစ်ဦးက သက်ပြင်းချလိုက်သည်။

သူ့ခေတ်အခါက ထိုက်ဟွမ်းဧကရာဇ်သည် ထင်ရှားသော နာမည်တစ်ခု ဖြစ်သည်။

သူသည် ဝေးကွာသောဘိုးဘေးကြီး ကောင်းကင်စွန့်ခွာဧကရာဇ်လောက် အရှိန်အဝါမကြီးသော်လည်း ကျွင်းမိသားစု၏ အထင်ကရပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပေသည်။

ကျွင်းမိသားစု၏ ဧကရာဇ်ကြီး ပေါ်လာခြင်းက အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတွင် အချိန်အတော်ကြာ ဆိတ်ဆိတ်နေခဲ့သော သတ်ဖြတ်ခြင်းဧကရာဇ်တစ်ပါး ရှိနိုင်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည်။

ယခုတော့ ကျွင်းမိသားစုမှလည်း ဧကရာဇ်ကြီးတစ်ပါး ပေါ်လာခဲ့ပြီ။

သို့သော်၊ ဒါက အဆုံးသတ်မဟုတ်သေးပါ။

အခြား အရပ်မျက်နှာတစ်ခုမှ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အရှိန်အဝါဖြင့် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။

ထိုလူရိပ်က ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ငွေရောင်ဆံပင်များ ရှိ၏။

"ကျွင်းရှန်းယွီ"

လူတချို့က ရေရွတ်လိုက်ကြသည်။

ထိုလူရိပ်က လူတိုင်းနှင့် မစိမ်းပေ။

သူသည် ယခင် အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါးကြားမှ ယခင်စစ်ပွဲတွင် ပေါ်လာခဲ့ဖူးသည်။

သူကား ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ဧကရာဇ်ကြီး ကျွင်းရှန်းယွီပင်။

ထိုက်ဟွမ်းဧကရာဇ်နှင့် ရှန်းယွီဧကရာဇ်။

ကျွင်းမိသားစု၏ အရှိန်အဝါကြီးမားသော ဧကရာဇ်ကြီးနှစ်ပါး ပေါ်လာခြင်းက အင်မော်တယ်နယ်မြေကြီးကို တုန်လှုပ်စေခဲ့သည်။

"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတော့ ပြီးပြီ"

ထိုအတွေးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။

All Chapters