← Chapters

အခန်း ၁၂၁၇

Vol. 82 Ch. 1217

အခန်း ၁၂၁၇

Vol. 82 Ch. 1217

အခန်း ( ၁၂၁၇ ) ကျန်းမိသားစု၏ လျှို့ဝှက်ကျမ်း။

ထိုက်ဟွမ်းဧကရာဇ်နှင့် ရှန်းယွီဧကရာဇ်တို့သည် ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးတွင် ထာဝရ တောက်ပနေသော နေနှစ်စင်းကဲ့သို့ပင်။

အကန့်အသတ်မဲ့ပြီး မှောင်မိုက်သော စကြာဝဠာကြီးသည် ဧကရာဇ်ကိုယ်ရောင်ကိုယ်ဝါများဖြင့် လင်းလက်တောက်ပနေခဲ့သည်။

လူနှစ်ယောက်သာရှိသော်လည်း အဆုံးမဲ့လောကကို အလင်းဆောင်နိုင်ပေသည်။

သူတို့ ရောက်ရှိလာခြင်းက ကျွင်းမိသားစုဝင်အားလုံးကို စိတ်လှုပ်ရှားစေကာ သွေးများ ဆူပွက်လာခဲ့ရသည်။

ဒါက သူတို့၏ ကျွင်းမိသားစု၊ အနိုင်ယူယှဉ်ပြိုင်၍မရသည့် ကျွင်းမိသားစုပင်။

သူတို့ကို စော်ကားဝံ့သူက ပျက်စီးခြင်းအတွက် ပြင်ဆင်ထားရမည်။

"ဒါပေမဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ရေမြောင်းထဲက ကြွက်တွေလိုပဲ။ သူတို့ရဲ့ အသိုက်တွေကို ရှာရတာက မလွယ်ဘူး"

စတုတ္ထမြောက် ဘိုးဘေး ကျွင်းထိုက်ရန်၏ လှပသော မျက်လုံးများက တစ်စုံတစ်ရာကို တွေးတောနေပုံရသည်။

ရှေးပဝေသဏီကတည်းက အင်မော်တယ်နယ်မြေကြီးတွင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးသည် မရေမတွက်နိုင်သော သက်ရှိများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

ထို့ကြောင့်၊ ၎င်းတို့နှင့် ရန်ငြိုးဖွဲ့ထားသော အင်မော်တယ်အင်အားစုများစွာ ရှိနေသည်မှာ သဘာဝပင်။

ဤအချက်ကြောင့်ပင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက သူတို့၏အသိုက်ကို အလွန်အမင်း ဖုံးကွယ်ထားခဲ့သည်။

ပြင်ပကမ္ဘာက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏အသိုက်ကို ဘယ်မှာရှိတယ်ဆိုတာ သိရန်မဖြစ်နိုင်ပေ။

သမိုင်းတွင်၊ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရသောကြောင့် အလွန်ဒေါသထွက်နေသော အင်မော်တယ် အင်အားစုအချို့ ရှိခဲ့သည်။ သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့၏။

သို့ရာတွင်၊ စစ်မှန်သော အခြေခံစခန်းကို ရှာမတွေ့သည့်အပြင် သူတို့၏ တပ်များလည်း ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ကြရသည်။

ပို၍ ကြောက်စရာကောင်းတာက ထိုအင်မော်တယ်စစ်ပွဲအပြီးတွင်...

စစ်ပွဲတွင်ပါဝင်ခဲ့သည့် အင်မော်တယ် အင်အားစုများအားလုံးက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးထံမှ ကြောက်စရာကောင်းသော လက်စားချေခြင်း ခံခဲ့ရပေသည်။

မျိုးဆက်ဟောင်း သို့မဟုတ် မျိုးဆက်သစ်ပင် ဖြစ်စေ... ၎င်းတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်မှ ထွက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရလိမ့်မည်။

ယင်းက အင်မော်တယ်နယ်မြေကြီးရှိ သမိုင်းဆိုးတစ်ခုဟု ဆိုနိုင်သည်။

ထို့နောက်မှာတော့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို မည်သူမျှ ပေါ့ပေါ့ပါးပါး မထိဝံ့တော့ပေ။

"အားလုံးပဲ ဒီကိစ္စကို ငါ့အတွက် ထားလိုက်ပါ"

ချင်ပြည်နယ်ရှိ ကျန်းမိသားစုမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

ကျန်းမိသားစုသည်လည်း တပ်မဟာများကို စုစည်းထား၏။ ရှေးဟောင်း စစ်သင်္ဘောများက ကောင်းကင်ယံတွင် စုဝေးနေကြသည်။

ကျန်းတောက်ရွှီနှင့် အခြား ဘိုးဘေးများအပြင် ကျန်းမိသားစု၏ သြဇာကြီးသော ဧကရာဇ်တစ်ပိုင်းအချို့လည်း ပေါ်ထွက်လာခဲ့၏။

ယခုလေးတင် စကားပြောလာသူမှာ ကျန်းမိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ကျန်းဟမ် ဖြစ်သည်။

သူ့လက်ကိုမြှောက်လိုက်သောအခါ လိပ်ခွံသုံးခု ပေါ်လာသည်။

ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော ကမ္ပည်းစာလုံးများက ထူထပ်စွာ ထွက်ပေါ်လာကြ၏။

ကံ၏ အကြောင်းတရားနှင့် အကျိုးဆက် အမျိုးမျိုး ပေါ်လာတော့သည်။

"အင်း၊ ကျန်းမိသားစုရဲ့ ဗေဒင်ပညာက တကယ်ကို ထူးခြားဆန်းကျယ်ပါတယ်။ မင်းတို့ရဲ့ဘိုးဘေးတွေမှာ ထျန်းကျိဧကရာဇ်လို့ လူသိများတဲ့ အကျော်အမော်တစ်ဦးလည်း ရှိတယ်မဟုတ်လား"

ဆဋ္ဌမဘိုးဘေး ကျွင်းထိုက်ရွှမ်က ပြောလိုက်သည်။

ကျန်းမိသားစု၏ အမွေဆက်ခံမှုက အလွန်ရှေးကျပေသည်။

ကျွင်းမိသားစုနှင့် မနှိုင်းယှဉ်သာသော်လည်း အနည်းဆုံးတော့ တခြား ရှေးဟောင်းမိသားစုများထက် ပိုအသက်ကြီးကာ အစွမ်းထက်သည်။

ကျန်းမိသားစုက ဤအင်မော်တယ်စစ်ပွဲတွင် ပါဝင်ခဲ့သောိလည်း ကျွင်းမိသားစုက ဦးဆောင်သောကြောင့် ကျန်းမိသားစု၏ ဧကရာဇ်တစ်ဦးမျှ ပေါ်မလာခဲ့ပေ။

သို့ရာတွင်၊ ကျန်းမိသားစု၏ ဧကရာဇ်တစ်ပိုင်း ဘိုးဘေးများစွာ၏ တည်ရှိမှုက ကျန်းမိသားစု၏ဆန္ဒကို ဖော်ပြနေသည်။

ကျွင်းရှောင်ယောက်က ထိပါး၍မရသော ကျန်းမိသားစု၏ ပြောင်းပြန်အကြေးခွံပင်။

ကျန်းဟန်သည် ကျန်းမိသားစု၏ သြဇာကြီးသော အဆင့်မြင့်ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

သို့ရာတွင်၊ သူ၏ အဓိကစွမ်းရည်က တိုက်ခိုက်မှုမဟုတ်ပေ။ ကျန်းမိသားစု၏ လျှို့ဝှက်ကျမ်း တစ်စိတ်တစ်ပိုင်းကို အမွေဆက်ခံထားနိုင်ခြင်း ဖြစ်သည်။

ဤလျှို့ဝှက်ကျမ်းက ကျန်းမိသားစု၏ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး တန်ခိုးကြီးမားသော ထျန်းကျိဧကရာဇ် ကျန်းရှန့်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

သူချန်ရစ်ခဲ့သော ထျန်းကျိလျှို့ဝှက်ကျမ်းက ရှုပ်ထွေးလွန်းလှသည်။

ကျန်းမိသားစုတစ်ခုလုံးတွင်ပင် လူအနည်းငယ်သာ နားလည်နိုင်ပေသည်။

ထိုအထဲတွင် ကျန်းဟန်က ကျန်းမိသားစု၏ ခေတ်သစ်မှာ အလွန်ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်သည်။

အရေးကြီးဆုံးအချက်မှာ သူက ထျန်းကျိကျမ်း၏ တစ်စိတ်တစ်ပိုင်းကို နားလည်ပြီး အချို့သောလျှို့ဝှက်ချက်များကို ခန့်မှန်းတွက်ချက်နိုင်ခြင်းပင်။

ယခင်ကဆိုလျှင် ကောလဟာလတွေတောင် ပျံ့နှံ့ခဲ့သည်။

ကျန်းမိသားစုနှင့် ကျွင်းမိသားစုက အလွန်ရင်းနှီးခဲ့ရခြင်းမှာ သူတို့၏မျိုးဆက်အဆက်ဆက် အိမ်ထောင်ပြုကြကာ ရွှေလမ်းငွေလမ်းဖောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤအတွက်၊ အကြောင်းရင်းအများစုမှာ ထျန်းကျိဧကရာဇ်ကြီး ကျန်းရှန့် ချန်ထားခဲ့သော စကားတစ်ခွန်းကြောင့် ဖြစ်၏။

နောင်တွင် ခေတ်များက ပြောင်းလဲသွားလိမ့်မည်။ အလင်းရောင်ကို မြင်တွေ့ချင်လျှင် ကျွင်းမိသားစုနှင့် အတူရှိနေရမည် ဖြစ်သည်။

ကောင်းကင်၏လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သော ထျန်းကျိဧကရာဇ်အနေဖြင့် ကျန်းရှန့်၏ စကားများက ပေါ့ပေါ့တန်တန် မဟုတ်ပေ။

ဟုတ်သည်၊ ဒါက ကောလဟာလက်သက်ပင်။ ထို့ပြင်၊ အမှား၊အမှန်ကိုလည်း မည်သူမျှ ဂရုမစိုက်ကြပါ။

အကြောင်းမှာ သူတို့ မိသားစုနှစ်ခုက ဘောင်းဘီဆင်တူ ဝတ်နေကြပြီ ဖြစ်သောကြောင့်ပင်။

ဤအခိုက်တွင်၊ ကျန်းဟန်က လျှို့ဝှက်ကျမ်းကို အသုံးပြုခဲ့သည်။

သူက အပိုင်းတစ်ပိုင်းကိုသာ နားလည်ခဲ့သော်လည်း အလွန်လျှို့ဝှက်ဆန်းကြယ်ကာ သာမန်ဧကရာဇ်တစ်ပိုင်းများအတွက် နားလည်ရန်ခက်ခဲနေသေးသည်။

အခြားတစ်ဖက်တွင်၊ တတိယဘိုးဘေး ထိုက်ဟွမ်းဧကရာဇ်နှင့် လျှို့ဝှက်သွေးကြောမှ ရှန်းယွီဧကရာဇ်တို့၏ မျက်လုံးများက လေးနက်မှ အရိပ်အယောင်များ ပေါ်လာခဲ့သည်။

စစ်မှန်သော ဧကရာဇ်များအနေဖြင့် သဲလွန်စအချို့ကို သဘာဝအတိုင်း မြင်နိုင်သည်။

"ကျန်းမိသားစုရဲ့ လျှို့ဝှက်ကျမ်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

ရှန်းယွီဧကရာဇ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ဧကရာဇ်တစ်ပါး၏ ချီးကျူးခံရခြင်းမှာ ဤလျှို့ဝှက်ကျမ်းက မည်မျှ ဆန်းကြယ်သည်ကို မြင်နိုင်သည်။

မကြာမီ၊ လိပ်ခွံသုံးခုက တုန်ခါပြီး အုံ့မှိုင်းနေသော အလင်းရောင်များကို ထုတ်လွှတ်လာခဲ့သည်။

ထို့နောက် အလင်းတန်းသုံးခု ရုတ်တရက် ထွက်ပေါ်လာပြီး နေရာသုံးနေရာကို ညွှန်ပြလိုက်၏။

"ဒီကြွက်တွေရဲ့ ခြေရာတွေကို ငါတွေ့ပြီ"

ကျန်းဟန်၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာတော့သည်။

လိပ်ခွံသုံးခုက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ကိုယ်စားပြုသည်။

အလင်းတန်းတစ်ခုက တစ်နေရာကို ညွှန်ပြလိုက်သည်။

လူအများလည်း ကြည့်လိုက်ပြီးနောက် အလွန်အံ့ဩသွား၏။

အကြောင်းမူ၊ ထိုဦးတည်ချက်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ရှိ‌မနေသောကြောင့်ပင်။

ထိုအစား ၎င်းက အလွန်ရှုပ်ထွေးပြီး အန္တရာယ်များသော ကြယ်စက်ဝိုင်းတစ်ခုတွင် ရှိနေသည်။

ထိုနေရာကား...

ဖရိုဖရဲ ကြယ်ပင်လယ်ပင်။

"တကယ်ကို အဲဒီမှာပဲ"

လူများစွာက သက်ပြင်းချကြသည်။

ဤလိပ်ခွံက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ တစ်ခုဖြစ်သော သွေးမျှော်စင်ကို ကိုယ်စားပြု၏။

တစ်နည်းဆိုရသော် သွေးမျှော်စင်၏ အခြေခံက ကျယ်ပြောလှပြီး အကန့်အသတ်မရှိသော ဖရိုဖရဲကြယ်ပင်လယ်ကြီးထဲတွင် ရှိသည်။

"လျှို့ဝှက်သတင်းတွေအရ သွေးမျှော်စင်ဟာ ရေပေါ်ခံတပ်တစ်ခုလို တည်ရှိနေတယ်လို့ ကြားနေရတာ မထူးဆန်းတော့ပါဘူး"

"အဲဒီ ရေပေါ်ခံတပ်ကို သွေးမျှော်စင်လို့ခေါ်တာ"

ထိုအချိန်တွင် လူအများက ရုတ်တရက် သဘောပေါက်သွားကြသည်။

သွေးမျှော်စင်၏ တည်နေရက ရှာဖွေရန်ခက်ခဲသည်မှာ အံ့သြစရာမရှိပါ။ သူတို့၏ နေရာက သတ်သတ်မှတ်မှတ် မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာတော့ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီ။

သွေးမျှော်စင်က ထွက်ပြေးချင်ရင်တောင် အချိန်တိုအတွင်း လုပ်ဆောင်ရန် ခက်ခဲမည် ဖြစ်သည်။

"သွေးမျှော်စင်ကို သွားကြစို့"

ကျွင်းဧကရာဇ်ခုံရုံးဘက်တွင် ဝူဟူက ပြောလိုက်သည်။

သို့သော်လည်း ဤနေရာရှိ အဓိကအဖွဲ့သုံးခုတွင် ကျွင်းဧကရာဇ်ခုံရုံးက အားအနည်းဆုံးဟု ဆိုနိုင်သည်။

နောက်ဆုံးတွင်၊ ကျွင်းဧကရာဇ်ခုံရုံး၏ တည်ထောင်ချိန်က အလွန်တိုတောင်းနေသေးပြီး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးပင် မရှိပေ။

တစ်ဦးတည်းသော ပိုင်သို့ဧကရာဇ်ကလည်း ဧည့်အကြီးအကဲသာဖြစ်၍ ကျွင်းဧကရာဇ်ခုံရုံးတွင် အမြဲတမ်းနေထိုင်ခြင်း မရှိပါ။

ရှန်းအောင်ဘုရင်သည်လည်း အင်မော်တယ်နယ်မြေကြီးသို့ ရောက်လာပြီးနောက် ရှေးဟောင်းနယ်မြေတစ်ခုတွင် အိပ်စက်သွားခဲ့သည်။

နောက်ဆုံးမှာတော့ သူက အလွန်အသက်ကြီးနေပြီ။ သူက ကောင်းကင်စွန့်ခွာဧကရာဇ်နှင့် ခေတ်တူသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ယခုအချိန်ထိ အသက်ရှင်နေသည်ကပင် အလွန်ကောင်းမွန်နေပြီ။

သူက ထာဝရ နိုးကြားနေရန် မဖြစ်နိုင်ပေ။

"မင်းတို့နဲ့ အတူသွားဖို့ ငါ့ကျွင်းမိသားစုက လူတချို့လိုအပ်သေးလား"

အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က အနည်းငယ် စဉ်းစားနေပြီးနောက် ပြောလိုက်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတွင် သွေးမျှော်စင်ကို အနည်းငယ်အားနည်းသော မင်းဆက်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း ကျွင်းဧကရာဇ်ခုံရုံးက ကိုင်တွယ်ဖြေရှင်းရန်တော့ သိပ်မလွယ်သင့်ပေ။

ဝူဟူလည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။

ထိုအချိန်တွင် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော မိန်းကလေးတစ်ဦးပေါ်လာပြီး ပြုံးကာပြောလိုက်သည်။

"မလိုပါဘူး၊ ကျွင်းဧကရာဇ်ခုံရုံးမှာ ငါတို့ရဲ့ အကူအညီ ရှိတယ်"

ရုတ်တရက်ပေါ်လာသော ထိုအမျိုးသမီးက ကျောက်စိမ်းကဲ့သို့ ကြည်လင်သော အသားအရေရှိသည်။ မျက်လုံးများမှာလည်း ဖျတ်လတ်တက်ကြွမှုဖြင့် တောက်ပနေ၏။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လရောင်အောက်မှ နတ်သမီးလေးတစ်ပါးကဲ့သို့ပင်...

သေမျိုးလောကနှင့် ကင်းကွာပြီး အမှီအခိုကင်းသော စိတ်နေစိတ်ထားမျိုး ရှိသည်။

ပိအန်းမျိုးနွယ်စု၏ နတ်သမီး မုန့်နုအာပင်။

ကမ္ဘာနှစ်ဖက်ကြားမှ စစ်ပွဲများ ပြီးသွားပြီးနောက်...

ပိအန်းမျိုးနွယ်စုသည် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြောင်းရွှေ့လာခဲ့သည်။

သို့သော်လည်း ပိအန်းမျိုးနွယ်၏ အထူးဝိသေသလက္ခဏာများကြောင့် ကျွင်းဧကရာဇ်ခုံရုံးသည် ပိအန်းမျိုးနွယ်ကို မစုပ်ယူနိုင်ခဲ့ပေ။

မိတ်ဆွေသဘောမျိုးသာ တည်ရှိနေခဲ့သည်။

ပိအန်းမျိုးနွယ်စုတစ်ခုလုံးကို ဘေးဖယ်ထားလျှင်ပင်၊ အနီရောင်လီလီပန်းလေးများ၏မိခင် တစ်ဦးတည်းက ကျွင်းဧကရာဇ်ခုံရုံးရှိ အကျော်အမော်အားလုံးနှင့် ပြိုင်ဆိုင်ရန် လုံလောက်သည်။

"ကောင်းပြီ"

ကျွင်းထျန်းမင်လည်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ပိအန်းမျိုးနွယ်က ကျွင်းမိသားစု၏အမြင်တွင် ဘာမျှမဟုတ်ပေ။

သို့ရာတွင် အနီရောင်လီလီပန်းလေးများ၏မိခင်ကတော့ တကယ်ကို ကြောက်စရာကောင်းသည်။

နောက်ဆုံးတွင်၊ သူမက သရဲမျက်နှာသုသာန်ဧကရီ၏ ပြန်လည်ဝင်စားလာသူ မဟုတ်လော။

ယခု သွေးမျှော်စင်က ဆုတောင်းနေရတော့မည် ဖြစ်သည်။

All Chapters