← Chapters

အခန်း ၁၂၁၈

Vol. 82 Ch. 1218

အခန်း ၁၂၁၈

Vol. 82 Ch. 1218

အခန်း ( ၁၂၁၈ ) တပ်မဟာကြီးသုံးခု ထွက်ခွာကြပြီ။

ထို့နောက် အခြားလိပ်ခွံနှစ်ခု၏ လမ်းညွှန်ချက်ကို လူတိုင်းက ရှာဖွေတွေ့ရှိခဲ့ကြသည်။

ယိုပြည်ထောင်၏ တည်နေရာက ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေ၏ မင်ထျန်းအင်မော်တယ်နယ်မြေတွင် ရှိပေသည်။

"ဒါက မင်ထျန်းအင်မော်တယ်နယ်မြေပဲ။ ရှေးခေတ်က အဲဒါကို အမှောင်ကမ္ဘာရဲ့နယ်မြေလို့ ဆိုကြတယ်"

အကျော်အမော်တချို့၏ မျက်ခုံးများ တလှုပ်လှုပ်ဖြစ်သွားသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေစ ရှေးအကျဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်ဆုံးနယ်မြေများတွင်...

မင်ထျန်းအင်မော်တယ်နယ်မြေကြီးက တစ်ခုအပါအဝင် ဖြစ်သည်။

အကြောင်းမှာ၊ ၎င်းက အမှောင်ကမ္ဘာ၏ မွေးဖွားရာနေရာဖြစ်ပြီး ယခင်ကဆိုလျှင် အမှောင်ထု၏အင်မော်တယ်ခုံရုံးဟုပင် လူသိများသည်။

သို့သော်လည်း ၎င်းတို့က အလွန်နှိမ့်ချပြီး ရေအောက်ရှိ အင်အားစုများဟုဆိုလျှင်ပင် ချဲ့ကားပြောဆိုရာမကျပေ။

ထို့ပြင်၊ အင်မော်တယ်ခုံရုံးကဲ့သို့ အမှောင်ကမ္ဘာက ရိုးရှင်းသော အင်အားစုတစ်ခုမျှသာ မဟုတ်ပါ။ ၎င်းက အလွန်ကြီးမားပြီး ရှုပ်ထွေးသော အကိုင်းအခက်များ ရှိသည်။

ယခင်က ကျွင်းမိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့သည့် အမှောင်ဘုရင်အဆက်အနွယ်က အမှောင်ကမ္ဘာနှင့် ဆက်စပ်နေပေသည်။

အမှောင်ဘုရင်အဆက်အနွယ်မှ ကိုးကွယ်သော နတ်ဘုရားသည် အမှောင်ကမ္ဘာမှ လက်တစ်ဖက်အမှောင်ဘုရင်ဖြစ်ကြောင်း ကောလဟာလများပင် ထွက်ပေါ်နေခဲ့သည်။

ယခုမှပင် ယိုပြည်ထောင်နှင့် အမှောင်ကမ္ဘာကြားတွင် ရှုပ်ထွေးပွေလီသော ဆက်နွယ်မှုရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေပုံပေါ်ကြောင်း လူတိုင်း သတိရမိသည်။

ယိုပြည်ထောင်၏ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ကျိန်စာတိုက်ခြင်း နည်းလမ်းများစွာက အမှောင်ကမ္ဘာမှ ဆင်းသက်လာခြင်းပင်။

"ယိုပြည်ထောင်ကို ငါတို့ ကျန်းမိသားစုအတွက် ထားခဲ့လိုက်ပါ"

ဧကရာဇ်တစ်ပိုင်း အကျော်အမော် ကျန်းဟန်က ပြောလိုက်သည်။

ကျွင်းဧကရာဇ်ခုံရုံးက သွေးမျှော်စင်ကို တာဝန်ယူသောကြောင့် ကျန်းမိသားစုက ယိုပြည်ထောင်ကို ကိုင်တွယ်လိမ့်မည်။

"ငါ မင်းတို့ရဲ့ ကျန်းမိသားစုနဲ့ လိုက်ခဲ့မယ်"

ရှန်းယွီဧကရာဇ်က ပြောလိုက်သည်။

မင်ထျန်းအင်မော်တယ်နယ်မြေက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသည်။

ထို့အပြင်၊ ယိုပြည်ထောင်က အမှောင်ကမ္ဘာနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိ၏။

သူတို့နှင့်အတူ ဧကရာဇ်တစ်ပါး လိုက်သွားခြင်းက ပို၍ တည်ငြိမ်စေနိုင်သည်။

"ဒါဆိုရင် ရှန်းယွီဧကရာဇ်ကို ကျေးဇူးတင်ပါတယ်"

ကျန်းဟန်က အနည်းငယ် လက်ယှက်ပြလိုက်သည်။

ထို့နောက် စီစဉ်မှုများ ပြုလုပ်ခဲ့၏။

ရှန်းယွီဧကရာဇ်၊ ကျွင်းစွေ့ဟွာနှင့် လျှို့ဝှက်သွေးကြောမှ အခြား ရှေးဘိုးဘေးများက ကျန်းမိသားစုနှင့်အတူ ယိုပြည်ထောင်သို့ သွားကြမည် ဖြစ်သည်။

ယခု နောက်ဆုံးကျန်တာကတော့ ရှန်းထျန်းပင်။

တကယ်တမ်းတွင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက အညီအမျှ ကျော်ကြားသည်။

သို့သော်လည်း ၎င်းတို့ကြားတွင် အားကောင်းသူနှင့် အားနည်းသူဟူ၍ ရှိသေးသည်။

အားအနည်းဆုံးက သွေးမျှော်စင် ဖြစ်သည်။

ထို့နောက် ယိုပြည်ထောင် လာ၏။

အသန်မာဆုံးက ရှန်းထျန်းပင်။

အကြောင်းမူ၊ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတွင် ရှန်းထျန်းက ရှေးအကျဆုံး သမိုင်းရှိသောကြောင့် ဖြစ်သည်။

ရှန်းထျန်းက ရှေးခေတ်အင်မော်တယ်ခုံရုံးနှင့်ပင် သက်တမ်းတူညီသလောက်ရှိသည်ဟု ဆိုကြသည်။

ယခုတော့ ကျွင်းမိသားစုက ရှန်းထျန်းကို သဘာဝအတိုင်း သွားလိမ့်မည်။

သို့သော်၊ ပို၍ အံ့သြစရာကောင်းသည်မှာ ရှန်းထျန်း၏ တည်နေရာက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် အမှန်တကယ် ရှိနေခြင်း ဖြစ်သည်။

ယင်းက အဓိပဓိအင်မော်တယ်ခုံရုံး၏ နယ်မြေအတွင်းမှာပင်။

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးက အလွန်ကြီးမားပြီး မရေမတွက်နိုင်သော အင်အားစုကြီးများ ရှိသည်။

ထို့ကြောင့် ရှန်းထျန်းက ပုန်းအောင်းနေနိုင်ခြင်းမှာ သဘာဝကျပေသည်။

ထို့နောက်တွင် ကျွင်းဧကရာဇ်ခုံရုံးက ဖရိုဖရဲကြယ်ပင်လယ်သို့ သွားခဲ့သည်။

ကျန်းမိသားစုက မင်ထျန်းအင်မော်တယ်နယ်မြေကြီးသို့ သွား၏။

ကျွင်းမိသားစုကမူ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ ဦးတည်လိုက်တော့သည်။

ကျွင်းမိသားစု၏တပ်မဟာများက စစ်သင်္ဘောနှစ်ဆယ်ကို ထိန်းချုပ်ထားသည်။

ကျန်သင်္ဘောဆယ်စင်းကို ကျွင်းဧကရာဇ်ခုံရုံးက အသုံးပြုရန် ပေးအပ်ခဲ့၏။

ကျန်းမိသားစုမှာတော့ ကိုယ်ပိုင်စစ်သင်္ဘောရှိသောကြောင့် ကျွင်းမိသားစုထံမှငှားရန် မလိုပေ။

အင်အားစုကြီးသုံးခု၊ တပ်မဟာကြီးသုံးခုက ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးမှ ထွက်ခွာသွားကြသည်။

လေဟာနယ်ထဲတွင် အမျိုးမျိုးသော တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အလင်းများ တောက်ပလာခဲ့သည်။

စစ်သင်္ဘောတိုင်းတွင် ၎င်းတို့ကိုယ်ပိုင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း အစီရင်များ ရှိ၏။

မဟုတ်ပါက ၎င်းကို နယ်မြေဖြတ်ကျော် စစ်သင်္ဘောဟု ခေါ်ဆိုမည်မဟုတ်ပေ။

လမ်းတစ်လျှောက်တွင် အပျက်အစီးများအားလုံး တုန်လှုပ်သွားကြသည်။ ကြယ်များ ကွဲအက်သွား၏။ ဤတပ်မဟာကြီးသုံးခု၏ ရှေ့တွင် မည်သူမျှ မတားဆီးဝံ့ခဲ့ပေ။

အားကောင်းသော တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်ခြင်းအလင်းများက ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းကာ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။

ထို့ထက်ပို၍ ထိတ်လန့်စရာကောင်းသည်မှာ...

ဤတပ်မဟာကြီးသုံးခု၏ ရွေ့လျားမှုနှုန်းက လျင်မြန်လွန်းလှသည်။

ယေဘူယျအားဖြင့်၊ အဖွဲ့ကကြီးလေလေ ချီတက်မှုနှုန်းက နှေးကွေးလေပင်။

သို့ရာတွင်၊ ဤတပ်မဟာကြီး သုံးခု၏ ချီတက်မှုက အလွန်မြန်ဆန်သည်။

ဒါက နယ်မြေဖြတ်ကျော်ခြင်း စစ်သင်္ဘောများ၏ စွမ်းရည်ပင်။

သို့ရာတွင်၊ အားနည်းချက်တစ်ခုတော့ ရှိသည်။ ယင်းမှာ ၎င်းကို အသုံးပြုရန်အတွက် ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်အရင်းမြစ်ပမာဏကို လိုအပ်ခြင်းပင်။

အင်မော်တယ် အင်အားစုများပင် ဤကဲ့သို့ အသုံးပြုရန် ဆန္ဒမရှိဟု ဆိုနိုင်သည်။

သို့ရာတွင်၊ ကျွင်းမိသားစုနှင့် ကျန်းမိသားစုက လုံးဝ ဂရုမစိုက်ပေ။

သူတို့က ချမ်းသာသည်။

အရေးအကြီးဆုံးက သူတို့သည် လက်စားချေရန် စိတ်အားထက်သန်နေကြ၏။

ယခုအချိန်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ဖျက်ဆီးရန်မှတပါး အခြားရည်ရွယ်ချက်မရှိတော့ပေ။

"ကြောက်စရာကောင်းလိုက်တာ၊ သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ဖျက်ဆီးပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတာပဲ"

"ဒါက ကျွင်းမိသားစုကို စော်ကားခြင်းရဲ့ အကျိုးဆက်ပဲ။ ဖျက်ဆီးရမယ်လို့ ပြောရင် သေချာပေါက် ပျက်စီးရလိမ့်မယ်။ အဲဒါက ဘယ်တော့မှ အတုအယောင်မဟုတ်ဘူး"

လမ်းတစ်လျှောက်တွင် အင်အားစုများစွာက သတိထားမိပြီး ကြည့်ရှုရန် ထွက်လာခဲ့ကြသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးနှင့် ရန်ငြိုးထားခဲ့သော အင်အားစုအချို့လည်း အဖွဲ့တွင် ပါဝင်လာခဲ့၏။

ဥပမာအားဖြင့်၊ တစ်ချိန်က အင်မော်တယ်စစ်ပွဲကို စတင်ခဲ့ခြင်းကြောင့် ဇွဲနဘဲကြီးစွာ လက်စားချေခြင်းခံခဲ့ရသော အင်အားစုကြီးများမှာ အလွန်စိတ်လှုပ်ရှားစွာ ပါဝင်လာကြတော့သည်။

"သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ဒီနေ့မှာ အဆုံးသတ်လိမ့်မယ်"

"မြစ်ကမ်းပါးမှာ လမ်းလျှောက်တာ ကြာလာရင် ခြေထောက်ကို ရေစိုလာမှာပဲလေ။ အရင်က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မာနကြီးခဲ့ကြတယ်။ အခုတော့ ကျွင်းမိသားစုကို စော်ကားခဲ့ပြီမို့ သူတို့မှာ အသက်ရှင်သန်ခွင့် မရှိတော့ဘူး"

"ဟားဟားဟား၊ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးရဲ့ ပျက်သုဉ်းမှုကို သက်သေပြဖို့ မစောင့်နိုင်တော့ဘူး"

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကြောင့် ထိခိုက်နစ်နာခဲ့ရသော အင်အားစုတိုင်းက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ချေမှုန်းရန် ဤစစ်တပ်သုံးတပ်နှင့်အတူ လူများကို စေလွှတ်ခဲ့ပေသည်။

ဒါကလည်း လျစ်လျူရှုမရသော အင်အားတစ်ခု ဖြစ်ခဲ့သည်။

"ဝုန်း"

ရှေးဟောင်းစစ်သင်္ဘောကြီးများက အဆုံးမဲ့ ကြယ်ကောင်းကင်ကို ဖြတ်သန်းသွားကြသည်။

အဝေးမှကြည့်လျှင် မင်ထျန်းအင်မော်တယ်နယ်မြေကြီးက မြူခိုးများဖြင့် တစ်နှစ်ပတ်လုံး ဝန်းရံထားပုံရသည်။

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ အခြား အင်မော်တယ်နယ်မြေများနှင့် နှိုင်းယှဉ်ပါက မင်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် အားကောင်းသော အင်အားစုများနှင့် သတ္တဝါများ နည်းပါးသည်။

ဤနေရာက အလွန်ထူးဆန်းပြီး ရှေးခေတ်ကတည်းက အမှောင်ကမ္ဘာ၏နယ်မြေ ဖြစ်ခဲ့ပေသည်။

ဟုတ်သည်၊ ယခုအခါ အမှောင်ကမ္ဘာက မင်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် တရားဝင် တည်ရှိမနေပါ။

သို့သော်လည်း ဤအခိုက်တွင် မင်ထျန်းအင်မော်တယ်နယ်မြေတစ်ခုလုံး တုန်ခါနေပုံရသည်။

အားကောင်းသော အရှိန်အဝါဖြင့် ပုံရိပ်များက ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွား၏။

ကျန်းမိသားစု၏ တပ်မဟာကြီးနှင့်အတူ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ အကျော်အမော်များက အဆုံးမဲ့ကြယ်ကောင်းကင်ကိုဖြတ်ကျော်ပြီး မင်ထျန်းအင်မော်တယ်နယ်မြေကြီးသို့ ရောက်ရှိလာကြပြီ။

"ဒီနေ့ ယိုပြည်ထောင်ကို ဖျက်ဆီးရမယ်"

ကျန်းမိသားစု၏ နယ်မြေဖြတ်ကျော် ရှေးဟောင်းစစ်သင်္ဘော ကုန်းပတ်ပေါ်တွင် ကျန်းတောက်ရွှီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအချိန်က ကျွင်းရှောင်ယောက်သည် သူ့အတွက် အန္တရာယ်များပြည့်နှက်နေသည့် ထာဝရသင်္ချိုင်းသို့‌ဝင်ရောက်ပြီး အံ့ဖွယ်ကိုးပါး ပြန်လည်ဝင်စားခြင်း အင်မော်တယ်မြက်ကို ရှာပေးခဲ့ပေသည်။

ကျန်းတောက်ရွှီက သူ၏ ဤမြေးကို အလွန်ချစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက လုပ်ကြံခဲ့ကြပြီ။

ထို့ကြောင့်ပင် ကျန်းတောက်ရွှီက လူကိုယ်တိုင် လိုက်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းမိသားစု၏ တပ်များက မှောင်မိုက်သောနယ်မြေသို့ ရောက်လာသည်။

ဤအရာသည် မူလက လျှို့ဝှက်သော ရှေးဟောင်းကမ္ဘာဖြစ်ခဲ့သော်လည်း ကျန်းဟန်၏ ဗေဒင်စွမ်းဖြင့် ရှာတွေ့ခဲ့ပေသည်။

သူက နှုတ်ခမ်းကို အနည်းငယ်မဲ့ကာ အေးစက်စက်ဖြင့် ငုံ့ကြည့်လိုက်သည်။

သူ့လက်ကို ဆန့်ထုတ်လိုက်သောအခါ အဆင့်မြင့်ဧကရာဇ်တစ်ပိုင်း၏ စွမ်းအားက ပေါက်ကွဲထွက်လာ၏။

ကျန်းဟန်က နဝမကပ်ဘေး ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

ဒါက အလွန်ကြောက်စရာကောင်းပြီး စစ်မှန်သော ဧကရာဇ်ဖြစ်လာရန် မဝေးတော့ပေ။ အခွင့်အရေးတစ်ခုသာ လိုသည်။

"ဝုန်း"

ဤမှောင်မိုက်သောဧရိယာတွင် အဆုံးမဲ့ အလင်းရောင်များ ရုတ်တရက် ပေါ်လာသည်။ ၎င်းက လည်ပတ်နေသော ရှေးဟောင်းအစီရင်တစ်ခုဖြစ်ပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာ၏။

"ပြီးပြည့်စုံတဲ့ အဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်"

ဧကရာဇ်တစ်ပိုင်း အကျော်အမော် ကျန်းဟန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ပြီးပြည့်စုံ‌သော ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်၏ စွမ်းအားက အားမနည်းပေ။

ယခင် ကျွင်းမိသားစု၏ အင်မော်တယ်စစ်ပွဲတွင်၊ ကျွင်းမိသားစုသည် တတိယသတ်ဖြတ်ခြင်းအစီရင်၏ စွမ်းအားကို မိသားစုတစ်ခုလုံးကို ကာကွယ်ရန်လုံလောက်ရုံသာ အသုံးပြုခဲ့သည်။

ယခုမူ၊ ယိုပြည်ထောင်က ပြီးပြည့်စုံသော အဋ္ဌမရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို အမှန်တကယ် တည်ဆောက်ထားခဲ့ပြီ။

သို့သော်...

ဧကရာဇ်တစ်ပိုင်း အကျော်အမော် ကျန်းဟန်က မလှုပ်ရှားရသေးပါ။

နဂါးငွေ့တန်းကိုပင် ဖုံးအုပ်ထားပုံရသည့် ဧရာမ လက်ဝါးကြီးတစ်ခုက ကြယ်ရောင်ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

လက်ဝါးကြီးက အဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို ဖိချလိုက်၏။

"ဒီနေ့၊ ယိုပြည်ထောင်ကို ဖယ်ရှားလိုက်မယ်"

ရှန်းယွီဧကရာဇ်က ကောင်းကင်အမြင့်တွင်ရပ်ပြီး အင်မော်တယ်နယ်မြေကြီးကို ငုံ့ကြည့်နေသည်။ သူ့လေသံက အေးစက်ပြီး သက်ရှိသတ္တဝါအားလုံးကို တရားစီရင်သော နတ်ဘုရားကဲ့သို့ ကြီးစိုး၏။

ဤသည်က ဧကရာဇ်ကြီး၏ အရှိန်အဝါပင် ဖြစ်တော့သည်။

All Chapters