← Chapters

အခန်း ၁၂၁၉

Vol. 82 Ch. 1219

အခန်း ၁၂၁၉

Vol. 82 Ch. 1219

အခန်း ( ၁၂၁၉ ) အင်မော်တယ်တစ်ပိုင်းလက်နက်၊ ဝိညာဉ်လမ်းပြ မီးအိမ်။

ကြယ်နှင့်မြစ်များက ရွေ့လျားပြီး ‌ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။

ရှန်းယွီဧကရာဇ်က ယိုပြည်ထောင်၏ အဋ္ဌမမြောက် ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို တစ်ချက်တည်းဖြင့် တိုက်ရိုက်ဖြိုချပစ်လိုက်၏။

မည်မျှ တန်ခိုးကြီးပြီး လွှမ်းမိုးထားသနည်း။

ဤသည်မှာ စစ်မှန်သော ဧကရာဇ်တစ်ပါး၏ စွမ်းအား ဖြစ်သည်။

တူညီသောအဆင့်မှ အကျော်အမော်များမှလွဲ၍ မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် မှောင်မိုက်သော ရှေးကမ္ဘာကြီးမှ အေးစက်ပြီး ခက်ထန်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"သိပ်ပြီး မလွန်လာနဲ့"

စကားပြောလာသူမှာ၊ ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းအဆင့် လူသတ်သမား ဖြစ်သည်။

အမှန်တော့ သူတို့က ရှောင်ထွက်ပြေးရန် မကြိုးစားလိုခဲ့တာ မဟုတ်ပေ။

ကျန်းမိသားစု ရှိနေသရွေ့၊ ကျန်းမိသားစု၏ လျှို့ဝှက်ပညာရပ်ဖြင့် သူတို့၏ တည်နေရာကို သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ထွက်ပြေးလျှင်ပင် အသုံးမဝင်ပေ။

ယိုပြည်ထောင်က အသက်ကိုရင်းပြီး ရုန်းကန်ရန်သာ တတ်နိုင်သည်။

"ဘယ်သူက အရင်လွန်တာလဲ။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မျက်စိကန်းနေတဲ့ မင်းတို့ကိုယ်ကိုပဲ အပြစ်တင်ရမယ်"

ကျန်းဟန်၏ မျက်နှာက အလွန်အေးစက်နေသည်။

ကျွင်းရှောင်ယောက်ကို ဝန်းရံပြီး သတ်ဖြတ်ရန် ဧကရာဇ်တစ်ပိုင်းကို စေလွှတ်ခဲ့တာက မလွန်လွန်းဘူးလား။

ယနေ့တွင် ယိုပြည်ထောင်က သေချာပေါက် ပျက်စီးရမည် ဖြစ်သည်။

"သတ်"

ကျန်းတောက်ရွှီက တစ်လုံးတည်းသာ‌ ပြောလိုက်သည်။

ယခုအချိန်တွင် မလိုအပ်သော စကားများ ပြောနေစရာ မလိုပေ။

"ဝုန်း"

ကျန်းမိသားစု၏ ရှေးဟောင်းစစ်‌သင်္ဘောပေါ်ရှိ အစီရင်တစ်ခုက လင်းလက်လာသည်။ ထို့နောက် ယိုပြည်ထောင်တည်ရှ်ိရာ ရှေးဟောင်းကမ္ဘာဆီသို့ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအလင်းများ ပစ်လွှတ်လိုက်၏။

မရေမတွက်နိုင်သော ပျက်စီးခြင်းရောင်ခြည်တန်းများက ယိုပြည်ထောင်ဆီသို့ ကျရောက်လာတော့သည်။

သတ်ဖြတ်ခြင်းအစီရင်နှင့် ထောင်ချောက်တိုင်းကို ဖျက်ဆီးခဲ့သည်။

"မင်းတို့ တရားလွန်သွားပြီ"

ယိုပြည်ထောင်မှ သေမင်းနတ်ဘုရားကဲ့သို့ အေးစက်စက် စကားသံ ထွက်ပေါ်လာခဲ့သည်။

အားကောင်းသော အရှိန်အဝါဖြင့် လူရိပ်လေးခု ထွက်ပေါ်လာ၏။

အံ့ဩစရာကောင်းအောင် ၎င်းတို့အားလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ ဖြစ်တော့သည်။

အားအနည်းဆုံးပင်လျှင် တတိယကပ်‌ဘေး ဧကရာဇ်တစ်ပိုင်း ဖြစ်၏။

၎င်းတို့အနက် အသန်မာဆုံးက ကျန်းဟန်ကဲ့သို့ နဝမကပ်ဘေး ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော ဘက်ပေါင်းစုံမှ အကျော်အမော်အချို့လည်း တုန်လှုပ်သွားကြသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက မျှော်လင့်ထားသည့်အတိုင်းပင်။ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်လေးဦးကို အလွယ်တကူ ထုတ်ဖော်နိုင်ခဲ့သည်။

ထို့ပြင်၊ ယခင်ကျဆုံးခဲ့သော ဧကရာဇ်တစ်ပိုင်း အကျော်အမော်ကို ထည့်ပေါင်းရလျှင်...

ယိုပြည်ထောင်က ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ငါးဦး ရှိနေပြီ။

ဒါက အလွန်ကြောက်စကာကောင်းသော အရေအတွက် ဖြစ်သည်။

"သတ်"

ကျန်းဟန်နှင့် ကျွင်းစွေ့ဟွာအပါအဝင် ကျန်းမိသားစု၏ ရှေးဘိုးဘေးများကလည်း အတူတကွ ပူးပေါင်းလှုပ်ရှားခဲ့၏။

ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များကြားမှ တိုက်ပွဲတစ်ခု စတင်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အတက်အကျများကြောင့် မင်ထျန်းအင်မော်တယ်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားတော့သည်။

မိုင်ပေါင်းများစွာ ဝေးကွာသော ကောင်းကင်အမြင့်တွင် ရှန်းယွီဧကရာဇ်က လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေသည်။

အဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို ဖျက်ဆီးခြင်းမှတပါး၊ သူသည် အခြားဘာမျှ မလုပ်ခဲ့ပေ။ သူ့မျက်လုံးများမှာတော့ တွေး‌ဆမှု အရိပ်အယောင်တို့ ပေါ်နေသည်။

မူလက တိတ်ဆိတ်နေသော မင်ထျန်းအင်မော်တယ်နယ်မြေကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကာလသို့ ရုတ်တရက် ကျရောက်သွားတော့သည်။

တိုက်ပွဲဝင်နေသူများက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များသာ မဟုတ်ပါ။

အဓိပဓိနယ်ပယ်ခုနစ်ခုနှင့် သူတော်စင်နယ်ပယ် အဆင့်ကိုးခုမှ ကျင့်ကြံသူများကလည်း တိုက်ခိုက်နေခဲ့ကြသည်။

"သတ်၊ ငါ့ကျန်းမိသားစုရဲ့ သခင်လေးအတွက် လက်စားချေကြ"

"မင်းတို့က ငါ့ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို လုပ်ကြံဝံ့တယ်၊ သေကြပေတော့"

"ယိုပြည်ထောင်ကို ဖျက်ဆီးကြဟေ့၊ ဒီလူယုတ်မာတွေကို အင်မော်တယ်နယ်မြေကြီးမှာ ဆက်ပြီး နေခွင့်မပြုနိုင်တော့ဘူး"

အော်ဟစ်ကြိမ်းမောင်းသံများနှင့် စစ်မီးလျှံများက ကောင်းကင်သို့တိုင် ဖြာထွက်နေခဲ့သည်။

ယိုပြည်ထောင်၏ ရှေးဟောင်းကမ္ဘာမှ ပုံရိပ်များ ထူထပ်စွာ ထွက်ပေါ်လာသည်။

၎င်းတို့က ယိုပြည်ထောင်မှ လုပ်ကြံသတ်ဖြတ်သူများ ဖြစ်၏။

သူတို့ ဆန္ဒမရှိလျှင်ပင် မလွတ်မြောက်နိုင်သဖြင့် သေသည်အထိ တိုက်ခိုက်ရန်သာ ရှိသည်။

မူလက သူတို့သည် အသက်များကို ရိတ်သိမ်းသော သေခြင်းတရား၏ နတ်ဘုရား ဖြစ်သည်။

ယခုတော့ သူတို့က ရိတ်သိမ်းခံနေရသူများ ဖြစ်နေပြီ။

စင်စစ်တွင်၊ သူတို့က အလွန်အားကောင်းသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ တစ်ပါးအနေဖြင့် သူတို့၏နောက်ခံသူ အလွန်နက်ရှိုင်း၏။

အမျိုးမျိုးသော ရှေးခေတ်လက်နက်များ၊ သတ်ဖြတ်ခြင်း အစီရင်များ၊ ထောင်ချောက်များနှင့် လက်နက်များစွာ ရှိကြသည်။

သို့သော်... ကျန်းမိသားစုနှင့် ကျွင်းမိသားစုမှ အကျော်အမော်များ၏ ပူးပေါင်းမှု အင်အားက အားကောင်းလွန်းလှသည်။

ဧကရာဇ်တစ်ပိုင်း အရေအတွက်အရလည်း ယိုပြည်ထောင်ကို အပြတ်အသတ် နှိမ်နင်းခဲ့ပေသည်။

"ဝုန်း"

ယိုပြည်ထောင်ဘက်မှ အားကောင်းသော ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ ထွက်ပေါ်လာသည်။

စစ်မြေပြင်ကို ဖြိုခွင်းရန် ကြိုးပမ်းနေသည့် သွေးစွန်းနေသော နေနှစ်စင်းကဲ့သို့ သွေးရောင်နတ်ဆိုးအလင်းဖြင့် ဧကရာဇ်လက်နက်နှစ်ခု ပေါ်လာ၏။

ဤမြင်ကွင်းကိုမြင်တော့ ကျန်းတောက်ရွှီနှင့် အခြားသူများက အထင်မြင်သေးစွာ နှာခေါင်းရှုံ့လိုက်ကြသည်။

"ဝမ်"

ကျန်းမိသားစုက ဧကရာဇ်ကလက်နက်နှစ်ခုကို တစ်ချိန်တည်းတွင် ထုတ်ယူလိုက်သည်။

ထို့ပြင်၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောသည်လည်း ဧကရာဇ်လက်နက်နှစ်ခုကို ထုတ်လိုက်ကြ၏။

ယိုပြည်ထောင်၏ ဧကရာဇ်လက်နက်နှစ်ခုကို ဧကရာဇ်လက်နက်လေးခုဖြင့် တစ်ဖန် ဖိနှိပ်လိုက်တော့သည်။

"ဘယ်လိုလုပ်ပြီး..."

ဤမြင်ကွင်းက ယိုပြည်ထောင်၏ လုပ်ကြံသတ်ဖြတ်သူအားလုံးကို စိတ်ပျက်အားငယ်သွားသလို ခံစားရစေခဲ့သည်။

ဒါကို ဘယ်လိုလုပ်ပြီး ဆန့်ကျင်ရတော့မှာလဲ။ အနိုင်ရဖို့က လုံးဝမဖြစ်နိုင်ပေ။

ထိုအချိန်တွင်...

ကောင်းကင်ထက်မှ အရှိန်အဝါကြီး‌သော သွေးစက်များက ကျဆင်းလာသည်။

ယင်းက ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းပင်။ သူက ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး သွေးအန်ခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်က အက်ကြောင်းများဖြင့် ပြည့်နေတော့သည်။

"ပြီးသွားပြီ..."

အလွန်အေးစက်သော ဤလူသတ်သမားများပင်လျှင် စိတ်ဓာတ်များ ပျက်ပြားလာခဲ့ရသည်။

ကောင်းကင်တွင်၊ ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်က ဟိန်းဟောက်လိုက်သည်။

"ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ဖို့ ငါတို့ကို စေခိုင်းခဲ့တာက ဘယ်သူဆိုတာ မင်းတို့သိကြရဲ့လား"

"ဒါက ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အဓိကက မင်းတို့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး ပျက်စီးသွားဖို့ပဲ"

ကျန်းဟန်က အေးစက်စက် ပြောလိုက်၏။

တကယ်တော့ သူက မှန်းဆထားပြီးသား ဖြစ်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်နိုင်ခြင်းကြောင့် ၎င်းနောက်ကွယ်မှ အင်အားစုက လုံးဝကြောက်စရာကောင်းရမည်။

ကျွင်းမိသားစုနှင့် ကျန်းမိသားစုတို့ ပူးပေါင်းနေလျှင်ပင် ၎င်းကို ဂရုတစိုက် စဉ်းစားရမည် ဖြစ်သည်။

ယခုအချိန်တွင် အင်မော်တယ်နယ်မြေကြီးက အဆုံးစွန်တိုက်ပွဲအတွက် မသင့်တော်သေးပေ။

ထို့ကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ဦးစွာ ဖျက်ဆီးပစ်နိုင်သည်။

နောက်လှည့်ရန် နေရာမရှိမှန်း သိလိုက်ရသဖြင့် ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းမှာ မျက်လုံးများ နီရဲသွားသည်။

ထိုအချိန်၊ ယိုပြည်ထောင်၏ ရှေးဟောင်းကမ္ဘာ နက်နဲရာအရပ်တွင်...

မရေမတွက်နိုင်သော ပုံရိပ်များ တစ်ဖန် ထွက်ပေါ်လာသည်။

၎င်းတို့က ခံစားချက်ကင်းမဲ့သော မျက်နှာနှင့် သွေးရောင်အဝတ်အစားများ ဝတ်ဆင်ထားသော လူများ ဖြစ်သည်။

"သတိထားကြ၊ သူတို့က ယိုပြည်ထောင်ရဲ့ အသေခံစစ်သည်တွေပဲ"

ကျန်းမိသားစုမှ အကျော်အမော်တစ်ဦးက ဒါကိုမြင်တော့ အသံကျယ်ကျယ်ဖြင့် အော်ဟစ် သတိပေးလိုက်၏။

သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတွင် ကြောက်စရာအကောင်းဆုံးအရာက အသေခံစစ်သည်များ ဖြစ်သည်။

ထိုအသေခံစစ်သည်များက အကြင်နာတရားကင်းမဲ့ပြီး သူတို့ကိုယ်သူတို့လည်း မဆိုင်းမတွ ဖောက်ခွဲကာ ရန်သူများနှင့်အတူ သေဆုံးနိုင်ကြသည်။

ဤသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှ လေ့ကျင့်ပေးထားသော လူသတ်စက်များပင်။

တခဏချင်းမှာပင် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

အသေခံစစ်သည်များက မဟာမိတ်တပ်များဆီသို့ ပြေးလာပြီး သူတို့ကိုယ်ကို ဖောက်ခွဲလိုက်၏။

သူတို့၏ တိုက်ခိုက်နိုင်စွမ်းက သိပ်ပြီး မသန်မာသော်လည်း၊ သူတို့ကိုယ်ကို ဖောက်ခွဲလိုက်သောအခါ စွမ်းအားက ကြောက်စရာကောင်းလှသည်။

မဟာမိတ်များဘက်တွင် ကျဆုံးမှုများ ရှိလာခဲ့ပေသည်။

သို့သော်လည်း ယိုပြည်ထောင်နှင့်ယှဉ်လျှင် ကောင်းမွန်နေဆဲ ဖြစ်သည်။

ပိုင်းခြားတတ်သော အမြင်ရှိသူတိုင်းက ယိုပြည်ထောင်မှာ ချောက်ကမ်းပါးအစွန်းတွင် ရုန်းကန်နေရကြောင်း တွေ့မြင်နိုင်သည်။

သို့သော်၊ ပို၍ နက်နဲသော စိတ်ပျက်အားငယ်မှုက မရောက်လာသေးပါ။

ကမ္ဘာမြေတုန်ခါစေသော ပေါက်ကွဲမှု ဖြစ်လာပြီး မရေမတွက်နိုင်သော ကြယ်များ ကွဲအက်သွားသည်။

ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သူ့ကိုယ်သူ ဖောက်ခွဲသွားခြင်းသည်။

မဟာမိတ်များဘက်မှာတော့ ကျန်းမိသားစုနှင့် ကျွင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော် ခုနစ်ဦး၊ ရှစ်ဦး ရှိနေဆဲပင်။

ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းများက ဤအင်အားကို လုံးဝ မယှဉ်နိုင်ကြတော့ပါ။

မျှော်လင့်ထားသည့်အတိုင်း၊ မကြာမီတွင် ယိုပြည်ထောင်၏ နောက်ထပ် ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦး ကျဆုံးသွားခဲ့သည်။

ယိုပြည်ထောင်၏ ရှေးဟောင်းကမ္ဘာတစ်ခုလုံးက သွေးများဖြင့် နီရဲနေတော့သည်။

ထိုအချိန်တွင်၊ မြင့်မားသော ကောင်းကင်ယံတွင် ရပ်နေသော ရှန်းယွီဧကရာဇ်၏ မျက်လုံးများက အလင်းရောင်တစ်ချက်လက်သွားသည်။ သူသည် ယိုပြည်ထောင်၏ ရှေးဟောင်းကမ္ဘာ နက်နဲရာကို လှမ်းကြည့်လိုက်၏။

"ဝုန်း"

မြေပြင်တွင် မရေမတွက်နိုင်သော အမှတ်အသားများ ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ လူသတ်သမားများ၏ အလောင်းများမှ သွေးများက ပင်လယ်ထဲသို့ စီးဆင်းနေသော မြစ်များကဲ့သို့ တစ်နေရာကို စီးဝင်သွားတော့သည်။

"ဝိညာဉ်နဲ့သွေးတွေကို စုစည်းတာ... မျှော်လင့်ထားတဲ့အတိုင်း ယိုပြည်ထောင်ရဲ့ ရှေးဟောင်းကမ္ဘာမှာ အိပ်စက်နေတဲ့ အရာတစ်ခု ရှိနေသေးတယ်"

ရှန်းယွီဧကရာဇ်၏ မျက်လုံးများက နက်နဲသွားသည်။

ထိုအချိန်တွင်၊ ကြီးမားသော အင်အားတစ်ခုက ရှေးကမ္ဘာအောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး မင်ထျန်းအင်မော်တယ်နယ်မြေကြီးကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက် ရိုးရှင်းသော‌ ကြေးမီးအိမ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်း၏ မီးတောက်အတွင်း၌ သက်ရှိအားလုံး၏ စိတ်ဝိညာဉ်များ ထင်ဟပ်နေပုံရသည်။

တခဏချင်းမှာပင်၊ စစ်မြေပြင်တခုလုံးမှာ ကျဆုံးသွားသော ဝိညာဉ်များကို ထိုမီးအိမ်က စုပ်ယူသွားတော့သည်။

"ဟင်... အင်မော်တယ်တစ်ပိုင်းလက်နက်လား"

မဟာမိတ်တပ်များဘက်မှ အံ့အားသင့်စွာ ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

ယိုပြည်‌ထောင်၏ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်းသည်။ သူတို့က အင်မော်တယ်တစ်ပိုင်း လက်နက်ကိုပင် ထုတ်ယူနိုင်ကြ၏။

"မဟုတ်သေးဘူး၊ ဒါက အမှောင်ကမ္ဘာရဲ့ အင်မော်တယ်လက်နက်၊ ယမနန်းတော်ဆယ်ခုရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဘာဖြစ်လို့ ခံစားနေရတာလဲ"

ကျွင်းမိသားစု၏ လျှို့‌ဝှက်သွေးကြောမှ ဝေးကွာသော ရှေးဘိုးဘေးတစ်ဦးက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။

အမှောင်ကမ္ဘာတွင် အဓိပဓိအင်မော်တယ်ခုံရုံး၏ ပျောက်ဆုံးသွားသော အင်မော်တယ်လက်နက် ကောင်းကင်ဧကရာဇ်၏ပလ္လင်နှင့် နှိုင်းယှဉ်နိုင်သော ရှေးဟောင်းရတနာတစ်ခု ရှိသည်။

ယင်းက ယမနန်းတော်ဆယ်ခုပင်။

၎င်းက အင်မော်တယ်တစ်ပိုင်း လက်နက်ဆယ်ခုဖြင့် ဖွဲ့စည်းထားသော ထိပ်တန်း အင်မော်တယ်လက်နက်ဖြစ်ကြောင်း ကောလဟာလများ ရှိသည်။

ယခင်က အမှောင်ဘုရင်အဆက်အနွယ်မှ ပါရမီရှင် သူတော်စင်ယာမာသည် နယ်စပ်အတွေ့အကြံတွင် ကျွင်းရှောင်ယောက်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။

သူက အမှောင်ဘုရင်မျိုးရိုး၏ အင်မော်တယ်တစ်ပိုင်းလက်နက်ဖြစ်သော ယာမ၏လက် အမှတ်အသားကို ထုတ်ယူခဲ့ဖူးပေသည်။

ယာမ၏ လက်က အင်မော်တယ်တစ်ပိုင်း လက်နက် ယမနန်းတော်ဆယ်ခု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ယခုလည်း ဤကြေးမီးအိမ်က အမှောင်ကမ္ဘာ၏ အင်မော်တယ်တစ်ပိုင်းလက်နက်ဖြစ်သော ဝိညာဉ်လမ်းပြမီးအိမ်ကို အမှတ်ရစေခဲ့ပေသည်။

၎င်းက ယမနန်းတော်ဆယ်ခု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

"မင်းတို့က တကယ်ကို အမှောင်ကမ္ဘာနဲ့ ဆက်စပ်နေတာ‌ပေါ့"

ရှန်းယွီဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ငါ့တိုင်းပြည်ကို ဘယ်သူက လာကျူးကျော်ရဲတာလဲ"

ထိုအချိန်တွင်၊ အေးစက်ပြီး တိုးညှင်းသော စကားသံ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း လူတိုင်း၏ နားထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသလို ပဲ့တင်ထပ်နေပုံရ၏။

ထာဝရအိပ်စက်နေခဲ့သော အမှောင်ရိပ်တစ်ခု နိုးထလာခဲ့ပြီ။

ယိုပြည်ထောင်၏ စစ်မှန်သော စွမ်းအား ပေါ်လာပြီ။

All Chapters