← Chapters

အခန်း ၁၂၂၀

Vol. 82 Ch. 1220

အခန်း ၁၂၂၀

Vol. 82 Ch. 1220

အခန်း ( ၁၂၂၀ ) ဧကရာဇ်ကြီးများ၏ တိုက်ပွဲ။

ရှေးကျပြီး အိုမင်းသော စကားသံကို ကြားလိုက်ရပြီးနောက် ယိုပြည်ထောင်၏ ကျန်ဧကရာဇ်တစ်ပိုင်း အငျော်အမော်နှစ်ဦးမှာ အံ့သြဝမ်းသာဖြစ်သွားကြသည်။

"ဒါက ဝိဉာဉ်သခင်ပဲ၊ ဝိညာဉ်သခင်နိုးထလာပြီ"

ဧကရာဇ်တစ်ပိုင်း အကျော်အမော်နှစ်ဦးကိုပင် အလွန်အံ့အားသင့်စေကာ ရိုသေလေးစားသောလေသံဖြင့် သခင်ဟု ခေါ်ဝေါ်ကြရခြင်းမှာ...

ဤဝိညာဉ်သခင်က သာမန်တည်ရှိမှု မဟုတ်ကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် လူရိပ်တစ်ခုက အရိပ်တစ်ခုကဲ့သို့ တိတ်တဆိတ် ပေါ်လာခဲ့သည်။

သူ့ထံမှ ခေတ်အဆက်ဆက် တုန်လှုပ်ချောက်ချားစေမည့် ခမ်းနားထည်ဝါသော ရောင်ဝါနှင့် ကြီးကျယ်ခမ်းနားသော ဧကရာဇ်အရှိန်အဝါများ မထွက်ပေါ်နေပေ။

သို့ရာတွင်... သူရပ်နေသော နေရာက ငရဲပြည်အလား သို့မဟုတ် အဝါရောင်စမ်းအလား ထင်မှတ်ရစေသည်။

၎င်းက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူက ခါးပင် အနည်းငယ်ကိုင်းနေပြီ။

သူ့လက်ထဲမှာတော့ ရှေးဟောင်း ကြေးမီးအိမ်တစ်ခုကို ကိုင်ထားသည်။

မီးတောက်ထဲတွင် သန်းပေါင်းများစွာသော မျက်နှာများ ထွက်ပေါ်လာ၏။

၎င်းတို့အားလုံးက ယခင် စစ်မြေပြင်တွင် ကျဆုံးခဲ့သော သက်ရှိသတ္တဝါများ ဖြစ်တော့သည်။

အများစုမှာ ယိုပြည်ထောင်မှဖြစ်ပြီး မဟာမိတ်တပ်များမှ ကျင့်ကြံသူအနည်းငယ်လည်း ပါဝင်သည်။

ဤအဘိုးအို၏ မျက်နှာကမူ အေးစက်ပြီး အိုမင်းရွတ်တွနေ၏။

သူက ပါးစပ်ကိုဟ၍ စုပ်ယူလိုက်ကာ ဝိညာဉ်မီးအိမ်ထဲမှ သန်းပေါင်းများစွာသော ဝိညာဉ်များကို မျိုချလိုက်တောါသည်။

ရုတ်တရက် ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအားတစ်ခုက စီးဆင်းသွားသည်။

အဘိုးအို၏ခါးကလည်း အနည်းငယ် ဖြောင့်သွားပုံရ၏။

ဤလှုပ်ရှားမှုက မဟာမိတ်များဘက်မှ ကျင့်ကြံသူများကို အနည်းငယ် တုန်လှုပ်သွားစေခဲ့သည်။

သန်းနှင့်ချီသော ဝိညာဉ်များကို တစ်ချက်တည်းဖြင့် ဝါးမျိုခြင်းက သာမန်လူများ လုပ်ဆောင်နိုင်သော အရာလား။

ထို့ပြင် အနည်းငယ်ထူးဆန်းပြီး ကြောက်စရာကောင်းလွန်းသည်။

"ဧကရာဇ်ကြီး... ဒါက တကယ့်ဧကရာဇ်ကြီးပဲ..."

မရေတွက်နိုင်သော မျက်လုံးများက အဘိုးအိုကို စိုက်ကြည့်လိုက်ကြသည်။

သူက အရှိန်အဝါကြီးမားပြီး အားကောင်းသော ရှန်းယွီဧကရာဇ်နှင့်မတူဘဲ အနည်းငယ် အသက်မဲ့သော တောင်တစ်လုံးနှင့်တူသော်လည်း...

အနည်းဆုံးတော့ ဧကရာဇ်ကြီးတစ်ပါး ဖြစ်နေသေးသည်။

"ဝိညာဉ်သခင်အသျှင်"

ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းနှစ်ဦးက အော်ခေါ်လိုက်ကြသည်။ သူတို့၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေ၏။ သူတို့နှစ်ယောက်စလုံး ဒဏ်ရာများ ရရှိခဲ့ကြသည်။

"ဒါက နှစ်များတစ်လျှောက် စုဆောင်းခဲ့တဲ့ ရှေးဦးဝိညာဉ်တွေပါ"

ဧကရာဇ်တစ်ပိုင်း တစ်ယောက်က သလင်းကျောက်တစ်ခုကို ထုတ်လိုက်သည်။

သလင်းကျောက်ထဲတွင် သက်ရှိသတ္တဝါများ၏ ပုံရိပ်များ ပြည့်နေ၏။

လူသားမျိုးနွယ်တင်မကဘဲ အင်မော်တယ်နယ်မြေကြီးရှိ သက်ရှိသတ္တဝါများ၏ ဝိညာဉ်များလည်း ပါဝင်ပုံရသည်။

အရေအတွက်ကတော့ ရိုးရှင်းစွာ ရေတွက်၍မရနိုင်တော့ဘဲ အနည်းဆုံး သန်းရာနှင့်ချီ ရှိပေသည်။

"အဲဒါက ခေတ်များတစ်လျှောက် ယိုပြည်ထောင်က သတ်ဖြတ်ခဲ့တဲ့ ဝိညာဉ်တွေပဲ"

ကျွင်းမိသားစု၏ ရှေးဘိုးဘေးတစ်ဦးက တအံ့တဩ ပြောလိုက်သည်။

ဤမျှများပြားသော ဝိညာဉ်များကို ရရှိနိုင်ရန် မည်မျှ သတ်ဖြတ်ခဲ့ရမည်နည်း။

"ဝိညာဉ်သခင်၊ သူက အမှောင်ကမ္ဘာနဲ့ ပတ်သက်မှုရှိတယ်"

ကျန်းဟန်၏ မျက်နှာက လေးနက်လာသည်။

နဝမကပ်ဘေး ဧကရာဇ်တစ်ပိုင်းဖြစ်သည့် သူပင်လျှင် ဝိညာဉ်သခင်၏ရှေ့တွင် အနည်းငယ် အရေးမပါသကဲ့သို့ပင်။

ကံကောင်းထောက်မစွာဖြင့်၊ ဤနေရာတွင် ရှန်းယွီဧကရာဇ် ရှိနေခဲ့သည်။

မဟုတ်ပါက၊ ဤတစ်ခေါက်တွင် လွယ်ကူမည် မဟုတ်ပေ။

"ကျန်းမိသားစုနဲ့ ကျွင်းမိသားစု၊ မင်းတို့က ငါတို့ ယိုပြည်ထောင်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"

ဝိညာဉ်သခင်က

ဝိညာဉ်သခင်၏ အကြည့်က မဟာမိတ်တပ်များဆီသို့ ဖြတ်သန်းသွားသည်။

ဟုတ်ပေသည်၊ သူ၏ အဓိကအာရုံစိုက်ရာမှာ ရှန်းယွီဧကရာဇ် ဖြစ်သည်။

"ဝိညာဉ်သခင်၊ မင်းရဲ့ဇာစ်မြစ်က တကယ်ကို မရိုးရှင်းဘူး"

ရှန်းယွီဧကရာဇ်က မြင့်မားသော ကြယ်ကောင်းကင်တွင် ရပ်နေသည်။

ဝိညာဉ်သခင် ပေါ်လာသော်လည်း သူ့အမူအရာက မပြောင်းလဲသေးပေ။

ဤသည်မှာ ကျွင်းမိသားစုဝင်တိုင်း၏ မယိုင်နဲ့သော ယုံကြည်မှုမျိုး ဖြစ်သည်။

ဝိညာဉ်သခင်၏ မျက်နှာက အနည်းငယ် အေးစက်သွားသည်။

အမှန်အတိုင်းဆိုရလျှင်၊ သူ့စိတ်ထဲတွင် သိပ်ပြီး မပျော်နေပေ။

မူလက သူသည် ဤရွှေခေတ်၏ အကောင်းဆုံး အခွင့်အလမ်းကို စောင့်မျှော်ရင်း အေးအေးဆေးဆေး အိပ်နေခဲ့သည်။

သို့သော်လည်း ယခုတော့ နိုးထလာရပြီ။

အခြားဧကရာဇ်တစ်ပိုင်းများမှတဆင့် အခြေအနေကို သူသိခဲ့ရသည်။

'ရူးတာပဲ'

ဝိညာဉ်သခင်မှာ အလွန်အေးစက်သွားသလို ခံစားလိုက်ရသည်။

ဤအစီအစဥ်က လုံးဝ ရူးသွပ်ခဲ့သည်။

ယိုပြည်ထောင်က အခွင့်ကောင်းယူခံခဲ့ရခြင်း ဖြစ်၏။

သူအိပ်နေစဉ်တွင် ယိုပြည်ထောင်ကို ဧကရာဇ်တစ်ပိုင်းငါးပါးက ပူးပေါင်းကာ အုပ်ချုပ်ထားခဲ့သည်။

ကျွင်းရှောင်ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီးနောက် ယိုပြည်ထောင်၏ ရှေးဟောင်းကမ္ဘာတစ်ခုလုံးကို ကောင်းကင်ကိုးခုအထက်သို့ လွှဲပြောင်းနိုင်မည်ဟု သူတို့အားလုံး ယုံကြည်ခဲ့၏။

ထိုမျှသာမကဘဲ တိဟောက်ထျန်း၊ ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစုနှင့် စန်းမျိုးနွယ်တို့ကလည်း အကျိုးကျေးဇူးများစွာကို ယူဆောင်လာရန် သဘောတူညီခဲ့ကြသည်။

ထို့ပြင် တိဟောက်ထျန်းက သဘောတူခဲ့သေးသည်။

ကျွင်းရှောင်ယောက်ကို သတ်နိုင်သရွေ့၊ ဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်ဝိညာဉ် တည်ရှိရာနေရာကိုလည်း ပြောပြနိုင်သည်။

ယင်းက စစ်မှန်သော ဧကရာဇ်တစ်ပါး၏ အကြွင်းအကျန်ဝိညာဉ် ဖြစ်၏။

၎င်းက သန်းနှင့်ချီသော သာမန် ဝိညာဉ်များထက် ပိုအားကောင်းသည်။

ထိုဧကရာဇ်၏ အကြွင်းအကျန်ဝိညာဉ်ကို ဝိညာဉ်သခင်ထံ အပ်နှံနိုင်လျှင်၊ ဝိညာဉ်သခင်သည် သူ၏အထွတ်အထိပ်သို့ အမြန်ဆုံးပြန်သွားနိုင်လိမ့်မည်။

သို့ရာတွင်၊ ‌ဤရလဒ်မျိုး ဖြစ်လာမည်ဟု မည်သူထင်ထားခဲ့မည်နည်း။

ယခုတော့ နောင်တရစရာ အကြောင်းမရှိတော့ပေ။

စစ်ပွဲက ဤအဆင့်ထိ ရောက်နေပြီမို့ အဆင်ပြေရန် နည်းလမ်းမရှိတော့ပါ။

"ဒီလိုဆိုမှတော့ မင်းတို့ ငါ့ကို ရက်စက်တဲ့သူလို့ အပြစ်မတင်နဲ့တော့"

ဝိညာဉ်သခင်က သန်းပေါင်းများစွာသော ဝိညာဉ်များကို တံဆိပ်ခတ်ထားသည့် သလင်းကျောက်ကို မျိုချလိုက်သည်။

တခဏချင်းမှာပင်၊ ကမ္ဘာတစ်ခုလုံးကို အမှောင်ထုထဲ ဆွဲသွင်းတော့မည်ကဲ့သို့ အနက်ရောင် အလင်းများ ဖြာထွက်လာတော့သည်။

သူက ဝိညာဉ်မီးခွက်ကိုကိုင်ပြီး အေးစက်စက် အော်ဟစ်လိုက်သည်။

"ကောင်းကင်မှာ တိုက်ခိုက်ကြစို့"

ရှန်းယွီဧကရာဇ်၏ မျက်လုံးများက အေးစက်နေပြီး လေထဲသို့ ဖမ်းဆုပ်ဟန်ပြုလိုက်၏။

အဆုံးမဲ့ နတ်အလင်းများ ဖြာထွက်နေသော ပုဆိန်တစ်လက်က ကောင်းကင်ကို ထိုးခွဲကာ ပျံသန်းလာတော့သည်။

ကျွင်းမိသားစု၏ အင်မော်တယ်တစ်ပိုင်းလက်နက်၊ ကပ်ဘေး အင်မော်တယ်ပုဆိန်။

ရှန်းယွီဧကရာဇ်က ကပ်ဘေးအင်မော်တယ်ပုဆိန်ကို ကိုင်ဆွဲကာ ဝိညာဉ်သခင်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

သန်းပေါင်းများစွာသော မိုးကြိုးများ တပြိုင်နက်တည်း ပစ်ခွင်းနေသကဲ့သို့ ပေါက်ကွဲသံများနှင့်အတူ ပျက်စီးခြင်းလှိုင်းလုံးများက ဖြာထွက်သွား၏။

ထိုသို့သော တိုက်ပွဲအတက်အကျက အလွန်ကြောက်စရာကောင်းသည်။

သူတို့၏ တိုက်ခိုက်မှုတစ်ခုက ကြယ်စက်ဝိုင်းများကို အလွယ်တကူ ဖျက်ဆီးနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့်၊ သူတို့က မြင့်မားသော ကောင်းကင်ယံ၌ တိုက်ပွဲဝင်ခဲ့ကြသည်။

မဟုတ်ပါက၊ မင်ထျန်း အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ထိခိုက်လိမ့်မည်။

ဒါက ဧကရာဇ်များ၏ တိုက်ပွဲ ဖြစ်သည်။

"ဒီအရှုပ်အထွေးကို တစ်ခါတည်း ရှင်းလိုက်ရအောင်"

ကျန်းဟန်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ရှောင်ယောက်ရဲ့ ကံကောင်းခြင်းက မမြင့်မားခဲ့ဘူးဆိုရင် ဒီနေ့ သလင်းကျောက်ထဲမှာ ရှိနေတာက ရှောင်ယောက်ရဲ့ဝိညာဉ် ဖြစ်လိမ့်မယ်။ ဒီနေ့ ယိုပြည်ထောင်ကို ရှင်းထုတ်မယ်"

ကျန်းတောက်ရွှီကလည်း ဒေါသတကြီးဖြင့် ပြောလိုက်၏။

"အခု ဝိညာဉ်သခင် ပြန်ကောင်းလာပြီကွ။ ယိုပြည်ထောင်က ပျက်စီးသွားမှာ မဟုတ်ဘူး"

"ဟုတ်တယ်၊ ဝိညာဉ်သခင်က ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မင်းတို့မသိဘူး"

ယိုပြည်ထောင်၏ ကျန်ဧကရာဇ်တစ်ပိုင်းနှစ်ပါးက သူတို့ကိုယ်ကို ထောက်ပံ့ရုန်းကန်ရင်း အေးစက်စက် အော်ဟစ်လိုက်ကြသည်။

"ဒါက ရှေးဘိုး‌ဘေးကြီး ရှန်ယွီဧကရာဇ်ရဲ့ စွမ်းအားကို မင်းတို့မသိလို့ပါ။ သူက ဧကရာဇ်တွေကြားထဲမှာ တကယ့်ဘီလူးကြီးပဲ"

ကျွင်းစွေ့ဟွာနှင့် ကျွင်းမိသားစုမှ အခြား ရှေးဘိုးဘေးများက လှောင်ပြောင်လိုက်၏။

တိုက်ပွဲများက ဆက်လက်ဖြစ်နေခဲ့သည်။

မင်ထျန်းအင်မော်တယ်နယ်မြေတစ်ခုလုံးက သွေးများဖြင့် နီရဲနေပုံရပေသည်။

အလောင်းများကလည်း မ‌ရေမတွက်နိုင်အောင် ဖြစ်သည်။

တိုက်ပွဲစတင်ကတည်းက ယိုပြည်ထောင်မှာ လုံးဝ အားနည်းသည့်ဘက်တွင် ရှိနေခဲ့ပေသည်။

ကျန်ဧကရာဇ်တစ်ပိုင်းနှစ်ဦးမှာလည်း ကျန်သော လူသတ်သမားများနှင့် ယိုပြည်ထောင်၏ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်များကို အားကိုးကာ အသည်းအသန် ခုခံနေခဲ့ကြရသည်။

တစ်ဖက်မှာတော့ မဟာမိတ်များ၏ ရှေးဟောင်းစစ်သင်္ဘောများက ကြောက်မက်ဖွယ်ကောင်းသော အလင်းများကို အဆက်မပြတ် ပစ်လွှတ်နေခဲ့သည်။

ယိုပြည်ထောင်၏ ပျက်စီးခြင်းက အချိန်တစ်ခုသာ ဖြစ်လိမ့်မည်။

သို့သော်လည်း ယိုပြည်ထောင်၏ ဧကရာဇ်တစ်ပိုင်းနှစ်ဦးက မျှော်လင့်နေဆဲ ဖြစ်သည်။

ဝိညာဉ်သခင် အနိုင်ရရှိပါက ယိုပြည်ထောင်အတွက် မျှော်လင့်ချက်ရှိသေးသည်။

သို့သော် ထိုအချိန်တွင်...

ကြယ်ကောင်းကင်၏ နက်နဲရာမှ အိုမင်းသော အော်သံတစ်ခုကို ကြားလိုက်ရသည်။

ကြယ်များကို အနီရောင်သွေးများဖြင့် အရောင်ပြောင်းစေခဲ့၏။

"စိတ်မကောင်းစရာပဲ၊ ဒီအချိန်မှာ ငါ မနိုးထသင့်ဘူး"

စကားပြောလာသူမှာ ဝိညာဉ်သခင် ဖြစ်သည်။

သူက အသက်အလွန်ကြီးပြီဖြစ်၍ အိပ်စက်နေခဲ့ရသည်။

ဧကရာဇ်နယ်ပယ်၏ ခွန်အားကို ထိန်းသိမ်းရန်အတွက်ပင် ခေတ်တိုင်းမှာ နိုးထပြီး အဆုံးမဲ့ဝိညာဉ်များကို ဝါးမျိုရပေသည်။

ဤသို့ဖြင့် ဝိညာဉ်သခင်သည် အင်မော်တယ်ဖြစ်လာမည့်အခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။

သို့သော်လည်း ယခုတော့ မျှော်လင့်ချက်တွေအားလုံး ပြိုပျက်သွားပြီ။

"ငါ့ရဲ့ အထောက်အထားအမှန်ကို မင်းသိလား။ ငါက ဘယ်ကလာ..."

ဝိညာဉ်သခင်က ပြောလိုက်သော်လည်း စကားမဆုံးခင်မှာ ရှန်းယွီဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။

"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ကျွင်းမိသားစုနဲ့ လာရှုပ်ဝံ့ရင် ဧကရာဇ်ဖြစ်ရင်တောင် မလွတ်စေရဘူး"

ပုဆိန်ခုတ်ချက်အောက်တွင် ကြယ်ပေါင်းများစွာ အပိုင်းပိုင်းကွဲသွား၏။

"မဟုတ်ဘူး၊ ငါလက်မခံနိုင်ဘူး။ ငါက အင်မော်တယ်ဖြစ်လာရဦးမှာ"

ဝိညာဉ်သခင်က ကျယ်လောင်စွာ အော်လိုက်သည်။

ထို့နောက်မှာတော့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တာအိုနိယာမများ ပြန့်ကျဲသွားတော့သည်။

မိုးနှင့်မြေကြားတွင် ထူးခြားသော ရူပါရုံများ ဖြစ်ပေါ်လာခဲ့သည်။ သွေးမိုးရွာပြီး နိယာမများက ကောင်းကင်နှင့်မြေကြားတွင် ပြန့်သွား၏။

ယင်းက ဧကရာဇ်ကြီးတစ်ပါး ကွယ်လွန်ခြင်း၏ နိမိတ်ပုံရိပ်ပင်။

ဤအချိန်တွင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားသည်။

ဤအင်မော်တယ်စစ်ပွဲကို အာရုံစိုက်နေသော အင်အားစုကြီးငယ်အားလုံး တုန်လှုပ်သွားကြ၏။

စစ်မှန်သော ဧကရာဇ်ကြီးတစ်ပါး ကျဆုံးသွားပြီ။

All Chapters