← Chapters

အခန်း ၁၂၂၃

Vol. 82 Ch. 1223

အခန်း ၁၂၂၃

Vol. 82 Ch. 1223

အခန်း ( ၁၂၂၃ ) သွေးမျှော်စင်သခင်ကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ခြင်း။

အနီရောင်လီလီပန်းလေးများမိခင်၏ လက်ဝါးက ဖရိုဖရဲကြယ်ပင်လယ်တစ်ခုလုံးတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်စေခဲ့သည်မှာ သေချာသည်။

မရေမတွက်နိုင်သော နေထိုင်သူများ ထိခိုက်ခဲ့၏။

ကံကောင်းသူမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ကံမကောင်းတဲ့သူများဆိုပါက တစ်ခါတည်း သေဆုံးသွားခဲ့ကြပေသည်။

အားလုံး တုန်လှုပ်သွားကြသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဖရိုဖရဲကြယ်ပင်လယ်ရဲ့ အဆုံးသတ်ရောက်လာပြီလား"

"အဲဒါက ကျွင်းဧကရာဇ်ခုံရုံးရဲ့ တပ်အင်အားစုများ ဖြစ်နိုင်မလား၊ ဒါပေမဲ့ သူတို့က တိုက်ပွဲမစရသေးဘူးလေ"

ဖရိုဖရဲကြယ်ပင်လယ်၏ သတ္တဝါများက အချင်းချင်း ဆက်သွယ်နေကြသည်။

ယခုလေးတင် တုန်လှုပ်ခဲ့ခြင်းမှာ နတ်ဘုရားတစ်ပါးမှ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သလိုပင်။

ကျွင်းဧကရာဇ်ခုံရုံး၏ တပ်အင်အားစုများကိုတော့ နယ်မြေဖြတ်‌ကျော် စစ်သင်္ဘောကြီးများမှ ကာကွယ်ထားသောကြောင့် တည်ငြိမ်မှုရှိနေခဲ့ကြသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဒီအငွေ့အသက်က..."

ဝူဟူ၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။ သူကဲ့သို့ တည်ငြိမ်သူတစ်ဦးပင်လျှင် တုန်လှုပ်သွား၏။

ယင်းက မည်သို့သော အင်အားမျိုးဖြစ်သနည်း။

တစ်ချက်တည်းဖြင့် ကြယ်စက်ဝိုင်းတစ်ခုလုံးကို တုန်လှုပ်စေကာ သေကြေပျက်စီးမှုများ ဖြစ်စေခဲ့သည်။

"အဲဒီဦးတည်ရာက သွေးမျှော်စင်ရဲ့နေရာပဲ"

တစ်ယောက်က အော်ပြောလိုက်သည်။

"အရှိန်မြှင့်ပြီး အခြေအနေကို ကြည့်ကြမယ်"

ဝူဟူက အမိန့်ပေးလိုက်၏။

တပ်မဟာနှင့်အတူ လိုက်ပါလာသော မုန့်နုအာ၏ မျက်လုံးများမှာတော့ ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

'အဓိပတိက လှုပ်ရှားလိုက်ပြီလား။ ငါ့မျိုးနွယ်ရဲ့ အဓိပတိကိုတောင် အကြိမ်ကြိမ် လှုပ်ရှားစေနိုင်တယ်။ ကျွင်းသခင်လေး... နင့်ရဲ့ ကျက်သရေက တကယ်ကို တားဆီးလို့မရဘူး'

မုန့်နုအာက သူ့စိတ်ထဲမှ တွေးလိုက်လေသည်။

ယခင် အန္တိမကပ်ဘေးကြီးနှင့် တိုက်ပွဲတွင်လည်း အနီရောင်လီလီပန်းလေးများ၏မိခင်က ပေါ်လာပြီး ကျွင်းရှောင်ယောက်ကို ကာကွယ်ခဲ့သည်။

ဟုတ်ပေသည်၊ သူမက အနီရောင်လီလီပန်းလေးများ၏မိခင်နှင့် ကျွင်းရှောင်ယောက်ကြားမှ ပတ်သက်မှုကို သဘာဝအတိုင်း မသိခဲ့ပါ။

ကျွင်းဧကရာဇ်ခုံရုံး၏ တပ်အင်အားစုက အရှိန်မြှင့်၍ သွေးမျှော်စင်ရှိရာသို့ ချီတက်သွားချိန်...

အခြား ရှေးဟောင်း နယ်မြေတစ်ခုတွင်...

ဤသည်မှာ သွေးပင်လယ်ကဲ့သို့ သွေးအငွေ့အသက်များနှင့် သတ်ဖြတ်ခြင်း၏ ရှေးစစ်မြေပြင်ဟောင်းတစ်ခု ဖြစ်သည်။

ဤနေရာတွင် အဆုံးမရှိသော အန္တရာယ်များနှင့် ပြည့်နှက်နေ၏။

ဤရှေးဟောင်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင်...

သွေးပင်လယ်အတွင်းမှ ပုံရိပ်တစ်ခုက ရုတ်တရက် နိုးထလာကာ အေးစက်စက် အော်ဟစ်လိုက်တော့သည်။

"ဘယ်သူလဲကွ"

ဤအသံက အလွန်အရှိန်အဝါကြီးပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်စေနိုင်သည်။

သွေးပင်လယ်ကြီး တစ်ခုလုံး ပေါက်ကွဲသွားသည်။ သွေးလှိုင်းများက ကောင်းကင်ထိတိုင် မြင့်တက်သွား၏။

ပြင်ပမှ စူးစမ်းလေ့လာသူအချို့လည်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။

"ဘုရားရေ၊ ဒီသွေးစွန်းနေတဲ့ ရှေးဟောင်းမြေရဲ့ နက်နဲရာကနေ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု နိုးထလာတာလား"

"မြန်မြန်ပြန်ဆုတ်ကြ၊ ငါတို့ဒီမှာမနေနိုင်တော့ဘူး..."

စူးစမ်းရှာဖွေသူ ကျင့်ကြံသူများက ချက်ချင်းဆိုသလို ဘေးလွတ်ရာသို့ ပြေးသွားကြတော့သည်။

သွေးပင်လယ်အတွင်းမှ ဆံပင်ရှည်များ ဖြန့်ချထားသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော သွေးမိစ္ဆာနတ်ဆိုးကွင်းများ ပေါ်လာ၏။

ဤသည်မှာ မရေမတွက်နိုင်သော သတ္တဝါများကို သတ်ဖြတ်ခြင်းမှ ဖြစ်ပေါ်လာခြင်းပင်။

သွေးမိစ္ဆာနတ်ဆိုးကွင်း တစ်ခုစီက သန်းရာနှင့်ချီသော သတ္တဝါများ၏ အသက်ကို ကိုယ်စားပြုသည်။

ဤပုံရိပ်၏‌ဘေးမှာတော့ သောင်းနှင့်ချီသော သွေးမိစ္ဆာနတ်ဆိုးကွင်းများ ရှိပေသည်။

ဤမျှများပြားသော သွေးမိစ္ဆာနတ်ဆိုးကွင်းများ ရရှိနိုင်ရန် မည်မျှ သတ်ဖြတ်ခဲ့ရမည်နည်း။

ဤပုံရိပ်က လူသတ်ဘုရင်၊ သွေးမျှော်စင်၏သခင် ဖြစ်တော့သည်။

"ဘယ်သူက ငါ့သွေးမျှော်စင်ကို ဖျက်ဆီးဝံ့တာလဲ"

လူသတ်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက သတ်ဖြတ်ခြင်းလမ်းစဥ်ကို သက်သေပြခဲ့ပြီးသော ဧကရာဇ်တစ်ပါး ဖြစ်သည်။

အဆင့်တူ ဧကရာဇ်များစွာပင်လျှင် သူ့ကို ကြောက်ရွံ့ရလိမ့်မည်။

ထို့ကြောင့်ပင် သွေးမျှော်စင်က အားအနည်းဆုံးဖြစ်သည့်တိုင် အခြား သတ်ဖြတ်ခြင်းနတ်ဘုရားနှစ်ပါးနှင့် အဆင့်တူအဖြစ် သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

သွေးမျှော်စင်၏ အခြေခံအင်အားက သိပ်မကြီးမားပေ။

သို့ရာတွင်၊ သူသတ်ဘုရင်က တန်ခိုးကြီးမားသဖြင့် ဧကရာဇ်အများစုပင်လျှင် သူ့ကို ကြောက်ကြရပေသည်။

သို့သော်၊ ယခုအချိန်တွင်...

သွေးပင်လယ်အတွင်း၌ လေ့ကျင့်နေသော လူသတ်ဘုရင်က တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

သွေးမျှော်စင်က ဖျက်ဆီးခံခဲ့ရပြီ။

ဒါက သူ့ကို ဒေါသထွက်စေသည်။

သွေးမျှော်စင်ကို မည်သူက ထိပါးဝံ့သနည်း။

"ငါ့သွေးမျှော်စင်ကို ဘယ်သူက ထိပါးဝံ့သလဲဆိုတာ ကြည့်ရသေးတာပေါ့"

"ငါသိရင် ဧကရာဇ်ဆိုရင်တောင် သွေးနဲ့ ပေးဆပ်ရစေမယ်"

လူသတ်ဘုရင်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူက လူသတ်သမားကို ရှာတော့မည်။

ရုတ်တရက်၊ ပိအန်းပန်းပွင့်များက ကောင်းကင်မှ ကျဆင်းလာသည်။

လူသတ်ဘုရင်၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းသွား၏။

ဤသည်မှာ ဖိအားတစ်ခုကို ခံစားရပြီးနောက် သူ၏အလိုအလျောက် တုံ့ပြန်မှုပင်။

"ဘယ်လိုဖြစ်ပြီး..."

လူသတ်ဘုရင် စိတ်ရှုပ်ထွေးသွားသည်။

အင်မော်တယ်နယ်မြေကြီးတွင် လူအနည်းစုသာ သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိ၏။

အချို့သော ဧကရာဇ်ကြီးများကပင် သူ့ကို ကြောက်ကြသည်။

သို့သော်၊ ယခုအချိန်မှာတော့ ဖိအာယတစ်ခုကို သူ ခံစားလိုက်ရပြီ။

ဤဖိအားမျိုးကို သူ ယခင်က ခံစားဖူးသည်။

ထိုအချိန်က သူသည် အကျော်အမော်တစ်ဦး၏ လိုက်လံသတ်ဖြတ်မှုကြောင့် ကြောက်ရွံ့စွာဖြင့် ပုန်းအောင်းနေခဲ့ရဖူးပေသည်။

ထိုအချိန်မှစ၍ လူသတ်ဘုရင်သည် ရက်စက်ကြမ်းကြုတ်လာကာ နောက်ဆုံးတွင် သတ်ဖြတ်ခြင်းဖြင့် သူ၏တာအိုကို သက်သေပြခဲ့သည်။

ယင်းက သူပြန်မမှတ်မိချင်သော ကြေကွဲဖွယ်အမှတ်တရတစ်ခုပင်။

"ဒီဧကရာဇ်ရဲ့ရှေ့မှာ ဘယ်သူက လျှို့ဝှက်ဆန်းကျယ်သလို ဟန်ဆောင်နေတာလဲ"

လူသတ်ဘုရင်၏ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်က ကောင်းကင်ယံကို လွှမ်းခြုံသွားပြီသည်။ ထောင်သောင်းမကသော သွေးမိစ္ဆာနတ်ဆိုးကွင်းများက သွေးအလင်းများ ဖြာထွက်လာ၏။

သို့သော်၊ ထိုအခိုက်တွင် ဤသွေးစွန်းသော ရှေးဟောင်းနယ်‌မြေတွင်...

ကျက်သရေရှိစွာ လှပသော အမျိုးသမီးပုံရိပ်တစ်ခုက ပန်းပွင့်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံ၌ တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။

ရှုံ့မဲ့နေသော သရဲမျက်နှာဖုံး၏အောက်မှ မျက်လုံးအစုံကမူ အေးစက်နေ၏။

သူမ၏ ဆံနွယ်ရှည်များကို ကျောထက်တွင် ဖြန့်ချထားလေသည်။

သူမ၏ ခြေထောက်များမှာတော့ ဖိနပ်မစီးထားဘဲ ဗလာဖြစ်သည်။ မဟာတာအို၏ နိယာမများကလည်း သူမ၏ ခြေဖဝါးအောက်တွင် ပေါ်လွင်နေကြ၏။

သို့သော်လည်း ယခုအချိန်တွင် လူသတ်ဘုရင်မှာ ဤအလှပကို ခံစားနေရန် စိတ်ကူးမရှိပေ။

အကြောင်းမှာ၊ သူက အန္တရာယ်ကို ခံစားနေရသောကြောင့်ပင် ဖြစ်သည်။

ယင်းက အလွန်အန္တရာယ်များ၏။

ဧကရာဇ်ဖြစ်လာပြီးကတည်းက ဤခံစားချက်ကို တစ်ခါမှမခံစားဖူးပေ။

ယခုတော့ သူ ပြန်ခံစားလိုက်ရပြီ ဖြစ်သည်။

သူ့စိတ်ဝိညာဉ်၏ နက်နဲရာမှ ထွက်ပေါ်လာသော ကြောက်ရွံ့တုန်လှုပ်ခြင်းမျိုး ဖြစ်၏။

"သွေးမျှော်စင်ကို ဖျက်ဆီးလိုက်တာက မင်းလား"

လူသတ်ဘုရင်က မှန်းဆပြီးသော်လည်း မယုံနိုင်သေးပါ။

သွေးမျှော်စင်က ဤမျှကြောက်စရာကောင်းသော တည်ရှိမှုကို မည်သို့ နှိုးဆော်နိုင်မည်နည်း။

သူသည် ယခင်က တိတ်တဆိတ် လေ့ကျင့်နေသောကြောင့် ပြင်ပလောကရှိ အရာအားလုံးကို မသိခဲ့ပေ။ ထို့ကြောင့် ဘာတွေဖြစ်နေမှန်း သဘာဝအတိုင်း မသိပါ။

အနီရောင်လီလီပန်းလေးများမိခင်၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။

ဧကရာဇ်အဆင့် အကျော်အမော်ကို ရင်ဆိုင်နေရသော်လည်း သူ့အမူအရာက မပြောင်းလဲပေ။

"ဧကရာဇ်တစ်ပါးအနေနဲ့ မင်းမှာ တန်ဖိုးရှိသေးတယ်"

စကားအဆုံးတွင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်က လူသတ်ဘုရင်ထံသို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်က ပဲ့တင်ထပ်ကာ တုန်ခါနေသကဲ့သို့ အဆုံးမဲ့ နိယာမအမှတ်အသားများ ပေါ်လာ၏။

သွေးစွန်းနေသော ရှေးဟောင်းမြေတစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားကာ မြေပြင် အက်ကွဲသွားတော့သည်။

"ဒီစွမ်းအား...‌ ဒါက ထွတ်မြတ်ဧကရာဇ်ပဲ"

လူသတ်ဘုရင်က အလွန်ထိတ်လန့်သွားသည်။

ဧကရာဇ်မင်း၏ စိတ်အခြေအနေနှင့်ပင် ဤအခိုက်အတန့်တွင် တုန်လှုပ်နေတော့သည်။

ဤမျှအစွမ်းထက်သော အကျော်အမော်က အင်မော်တယ်နယ်မြေကြီးတွင် မည်သည့်အချိန်က လွယ်ကူစွာ ပေါ်လာနိုင်သနည်း။

သူတို့ကဲ့သို့ ဧကရာဇ်များပင်လျှင် သာမန်အခြေအနေမှာ အင်မော်တယ်နယ်မြေကြီး၌ ‌အလိုရှိတိုင်း မပေါ်လာနိုင်ကြောင်း သိထားကြရမည် ဖြစ်သည်။ ဤသည်က ရှေးပဋိညာဉ်ပင်။

သို့ရာတွင်၊ လူသတ်ဘုရင်မှာ ကြာကြာမစဉ်းစားနိုင်တော့ပါ။

ဖြူစင်သွယ်လျသော လက်ချောင်းလေးများက ကောင်းကင်တစ်ခုလုံး ပြိုကျပြီး ဖိချထားသကဲ့သို့ သူ့ကို ခံစားရစေသည်။

သူက သတ်ဖြတ်ခြင်းလမ်းစဉ်၏ ဧကရာဇ်တစ်ပါးဖြစ်သော်လည်း ဤအခိုက်တွင် သွေးများ အန်ထွက်လာခဲ့ရသည်။ သူ့ခန္ဓာကိုယ်က အက်ကြောင်းများပေါ်လာပြီး နောက်သို့ ဆုတ်သွားရတော့သည်။

ဤတွင် လူသတ်ဘုရင်က အားနည်းခြင်းမဟုတ်ပါ။ အနီရောင်လီလီပန်းလေးများ၏မိခင်က သာမန်ဧကရာဇ်များကိုကျော်လွန်ပြီး အမြင့်မြတ်ဆုံးနယ်ပယ်သို့ ရောက်ရှိသွားခြင်းကြောင့် ဖြစ်သည်။

မဟုတ်ပါက၊ သူသည် အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့မည် မဟုတ်ပေ။

အနီရောင်လီလီပန်းလေးများ၏မိခင်က အမြင့်ဆုံးနိယာမစွမ်းအားဖြင့် လူသတ်ဘုရင်ကို ချုပ်နှောင်လိုက်သည်။

သူသည် ဂုဏ်သိက္ခာရှိသော သွေးမျှော်စင်၏သခင်ဖြစ်သော်လည်း လက်တစ်ဖက်တည်းဖြင့် ချေမှုန်းခံလိုက်ရပေသည်။

All Chapters