အခန်း ၁၂၂၅
Vol. 82 Ch. 1225
အခန်း ( ၁၂၂၅ ) အင်မော်တယ်ခုံရုံး၏ အဟန့်အတားပြုခြင်း။
"အိုး၊ အစ်ကိုကြီးက ကျုပ်တို့ ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်လို ဟိန်းဟောက်ရမယ်ဆိုတာကိုတောင် သိနေတာပဲ။ ဒါက ရေစက်ပဲလား"
ခေါင်းကိုးလုံးခြင်္သေ့က သူ့နားရွက်ကို လက်နှင့်အုပ်ကာ တအံ့တဩ ပြောလိုက်သည်။
ဒီလူက နာမည်တူရုံတင်မကဘူး၊ ခြင်္သေ့တစ်ကောင်လိုလည်း ဟိန်းဟောက်းနိုင်တယ်။
လူသတ်ဘုရင်က ခေါင်းကိုးလုံးခြင်္သေ့ကိုကြည့်ကာ သတ်ဖြတ်ချင်စိတ်တို့ပင် ဖြစ်ပေါ်လာရသည်။
သို့သော်၊ သူ့ခန္ဓာကိုယ်ထဲမှ ပျက်စီးခြင်း အမှတ်အသားက သူ့ကို တချိန်လုံး စောင့်ကြည့်နေသည်။
လူသတ်ဘုရင်က သူ့ကန့်သတ်ချက်ထက် ကျော်လွန်သွားလျှင် ချက်ချင်း သေလိမ့်မည်။
ထို့ကြောင့် ခေါင်းကိုးလုံးခြင်္သေ့ကိုသတ်ရန် မဖြစ်နိုင်ပေ။
သူက မသေချင်သေးပါ။
အဆုံးတွင် လူသတ်ဘုရင်က ဒေါသကိုမျိုသိပ်ပြီးအေးစက်စက် စကားတစ်ခွန်းကို ပြောလိုက်သည်။
"ထွက်သွား"
သူ့အသံလှိုင်းက ပြင်းထန်လွန်းသဖြင့် ခေါင်းကိုးလုံးခြင်္သေ့မှာ အနည်းငယ် မူးဝေသွား၏။
"အာ၊ ခင်ဗျားရဲ့ နာမည်က ကုံးရှန့်... ကျုပ်နာမည်ကလည်း ကုံးရှန့်ပဲလေ။ ကုံးရှန့်ချင်းအတူတူ ရင်းနှီးရမဲ့ဟာကို ဘာဖြစ်လို့ ဒေါသကြီးနေရတာလဲ"
"အိုး၊ အခုမှ သတိရတယ်။ ခင်ဗျားမှာ နောက်ထပ်ဘွဲ့တစ်ခုရှိသေးတာပဲ။ ရေပုပ်ကန်ဧကရာဇ်... ဟုတ်တယ် မဟုတ်လား"
"ငါက ကုံးရှန့်ဆိုပေမဲ့ ခြင်္သေ့တစ်ကောင်ပဲ။ တကယ့်ခွေးတစ်ကောင်မဟုတ်လို့ အညစ်အကြေးတွေစားရတာကို မကြိုက်ဘူး"
"ပြီးတော့ ခင်ဗျားကလည်း လူသားတစ်ယောက်ပဲလေ။ အညစ်အကြေးတွေ စားရတာကို ဘာဖြစ်လို့ ကြိုက်နေရတာလဲ။ ဒါက မဖြစ်သင့်ဘူးလေ၊ တကယ်တော့ ခင်ဗျားက မကြိုက်ဘူးမို့လား"
ခေါင်းကိုးလုံးခြင်္သေ့က သူ့လည်ဆည်မွေးများကို ခါယမ်းပြီး ပြောလိုက်သည်။
လူသတ်ဘုရင်၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာကာ ကောင်းကင်ကိုမော့ပြီး တစ်ဖန် အော်ဟစ်လိုက်တော့သည်။
"အား...."
"ဧကရာဇ်ကြီးတစ်ပါးကိုတောင် ဒီလောက်ထိ ဒေါသထွက်အောင်လုပ်နိုင်တာ... ဒီခြင်္သေ့က တကယ်ကို ပါရမီရှင်ပဲ"
ကြေးအင်မော်တယ်နန်းတော်၏ ကြက်တူရွေးက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။
"ဒါက ကျွင်းမိသားစုကို ရန်စခြင်းရဲ့ အကျိုးဆက်ပဲလား။ ဧကရာဇ်ကြီးတောင်မှ ရူးသွပ်သွားနိုင်တယ်"
ဤမြင်ကွင်းကို မြင်သောအခါ လူများစွာက သူတို့၏စိတ်ထဲမှ တွေးလိုက်ကြသည်။
ယိုပြည်ထောင်ပြီးနောက် သွေးမျှော်စင်သည်လည်း ဤကဲ့သို့ ရယ်စရာကောင်းသော မြင်ကွင်းမျိုးဖြင့် ပြီးဆုံးသွားလေသည်။
နောက်ဆုံးတွင်၊ ကျွင်းမိသားစု မူလသွေးကြော၏ အဖွဲ့သာ ကျန်သည်။
သူတို့ရင်ဆိုင်ရမည်က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးတွင် ရှေးအကျဆုံးနှင့် အဆန်းကျယ်ဆုံးသော သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်၏။
ရှန်းထျန်း၏ တည်နေရာက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် ဖြစ်သည်။
ဒါက လူတော်တော်များများ မမျှော်လင့်ထားသော အရာပင်။
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးက အင်မော်တယ်ခုံရုံး၏ နယ်မြေ ဖြစ်သည်။
အင်မော်တယ်ခုံရုံးသည် တစ်ချိန်က ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးကို လွှမ်းမိုးခဲ့သော အင်အားကြီးတစ်ခု ဖြစ်၏။
သို့သော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးဖြစ်သော ရှန်းထျန်းက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် အမှန်တကယ် အမြစ်တွယ်နေသည်။
ဒါက လူတိုင်း၏ မျှော်လင့်ချက်ထက် အမှန်တကယ် ကျော်လွန်သွားပေသည်။
အချို့သူများ၏ မျက်လုံးများမှာတော့ တွေးခေါ်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
အဓိပတိအင်မော်တယ်ခုံရုံးက ကျွင်းမိသားစု၏ တပ်မဟာကို ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ အလွယ်တကူ ဝင်ရောက်ခွင့်ပြုမည်လော။
သို့သော်... အခြားရှုထောင့်မှ စဉ်းစားကြည့်လျှင်...
အကြောင်းတစ်စုံတစ်ရာကြောင့် အင်မော်တယ်ခုံရုံးက အင်မော်တယ်စစ်ပွဲစတင်ရန် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ဝင်ရောက်လိုပါက ကျွင်းမိသားစုက အလွယ်တကူ သဘောတူမည်လော။
အင်မော်တယ်တယ်အင်အားစုများမှ အကျော်အမော်များက အခြေအနေကို အာရုံစိုက်လာခဲ့ကြသည်။
ပျက်စီးခြင်းကောင်းကင်အင်မော်တယ်နယ်မြေကြီးနှင့် ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးက မနီးစပ်ပါ။
သို့သော်လည်း ကျွင်းမိသားစုက လက်စားချေရန် စိတ်အားထက်သန်နေသည်။
အင်မော်တယ်အရင်းအမြစ်အမျိုးမျိုးကို ကျောက်ခဲများပမာ စစ်သင်္ဘောအတွင်းသို့ သွန်းလောင်းလိုက်သည်။
အစီရင်အလင်းများက ရံဖန်ရံခါ တောက်ပနေ၏။
အရင်းမြစ်များကို လမ်းဘေးကျောက်ခဲများပမာ ပေါ့ပေါ့ပါးပါး အသုံးပြုနေခြင်းက လူအများကို မျက်လုံးပြူးကျယ်ကာ အားကျစိတ်များ ဖြစ်ပေါ်စေခဲ့သည်။
ကျွင်းမိသားစု၏ စစ်ချီတက်မှု တစ်ခုတည်းက အင်အားစုများစွာ၏ နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော အရင်းအမြစ်များကို ကုန်စင်စေရန် လုံလောက်သည်။
မကြာလိုက်ပါ...
ကျွင်းမိသားစု၏ တပ်မဟာကြီးက နဂါးကြီးများကဲ့သို့ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးကို ချဉ်းကပ်လာခဲ့သည်။
ဤသည်မှာ မယုံနိုင်လောက်အောင် ကျယ်ပြန့်သော နယ်မြေတစ်ခု ဖြစ်သည်။
၎င်းက မင်ထျန်းအင်မော်တယ်နယ်မြေကြီးထက် များစွာ ကြီးမား၏။
မရေမတွက်နိုင်သော အင်အားစုများက ဤအင်မော်တယ်နယ်မြေကြီးတွင် နေထိုင်ကြသည်။
၎င်းတို့ထဲတွင် အများစုက အင်မော်တယ်ခုံရုံး၏ အမိန့်အောက်တွင် ရှိပေသည်။
အင်မော်တယ်ခုံရုံးက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးအပေါ် လုံးဝ လွှမ်းမိုးလုနီး ဖြစ်သည်။
အင်မော်တယ်ခုံရုံး တန်ခိုးထွားခဲ့ချိန်မှာဆိုလျှင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးနီးပါးကို အင်မော်တယ်ခုံရုံးက ထိန်းချုပ်ထားခဲ့သည်။
အင်မော်တယ်မျိုးရိုးကြီးကိုးခုက အင်မော်တယ်နယ်မြေကြီးကိုးခုကို ထိန်းချုပ်ခဲ့၏။
နောက်ပိုင်းတွင် အင်မော်တယ်ခုံရုံးက ပြိုလဲသောအခါ ၎င်းတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်က ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ ကျဆင်းသွားခဲ့သည်။
စင်စစ်တွင်၊ ထိုအချိန်က ကျွင်းမိသားစုသည် အင်မော်တယ်ခုံရုံးကို ဂရုမစိုက်ခဲ့ရုံသာ ဖြစ်သည်။
အင်မော်တယ်ခုံရုံးက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ပေါင်းစည်းထားသည်ဟု ဆိုသော်လည်း၊ အမှန်တကယ်တွင် အင်မော်တယ်ခုံရုံး၏ အင်အားစုဝင် အနည်းငယ်သာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် တပ်စွဲထားခဲ့သည်။
ကျွင်းမိသားစုက သူတို့ကို လူရွှင်တော်များပမာ လျစ်လျူရှုထားခဲ့ပေသည်။
ယခုမူ၊ ကျွင်းမိသားစုက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ ရောက်လာပြီ ဖြစ်သည်။
ထိုစဉ်၊ အေးစက်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
"ရပ်လိုက်"
ရှေ့ဘက်တွင်၊ အင်မော်တယ်ခုံရုံး၏ စစ်သည်များ ပေါ်လာကြ၏။ သို့သော်လည်း လူအင်အား သိပ်မများဘဲ အဖွဲ့လေးတစ်ခုမျှသာ ဖြစ်သည်။
"ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးက အင်မော်တယ်ခုံရုံးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်"
အရှိန်အဝါကြီးမားသော ကျွင်းမိသားစု၏ တပ်မဟာက အင်အားများစွာကို ခြိမ်းခြောက်ရန် လုံလောက်သည်။
သို့သော်၊ ဤစစ်သည်များက နောက်မတွန့်ပေ။
"လာပြီ"
အခြေအနေကို အာရုံစိုက်နေကြသော ရှေးအကျော်အမော်များက စိတ်လှုပ်ရှားသွားကြသည်။
အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးသူနှစ်ဦးအနေဖြင့် အင်မော်တယ်ခုံရုံးက အသာတကြည် ခွင့်ပြုပေးမှသာ ထူးဆန်းပေလိမ့်မည်။
"ထွက်သွား"
အဋ္ဌမဘိုးဘေး ကျွင်းထျန်းမင်က အေးစက်စက် စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။
ကျွင်းမိသားစုက အင်မော်တယ်ခုံရုံးနှင့် အချိန်ဖြုန်းနေရန် စိတ်မဝင်စားပေ။
"မင်းတို့ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးကို ဝင်ချင်ရင် အင်မော်တယ်ခုံရုံးရဲ့ ခွင့်ပြုချက်ကို လိုအပ်တယ်။ မဟုတ်ရင် ငါ အစီရင်ခံနေတာကို အရင်စောင့်ရမယ်"
အင်မော်တယ်ခုံရုံး၏ ကောင်းကင်စစ်သည်တစ်ဦးက ပြောလိုက်သည်။
ကျွင်းထျန်းမင်က အပိုစကားမပြောတော့ဘဲ လက်ဝါးတစ်ဖက်ဖြင့် ဖိချလိုက်၏။
"အတင့်ရဲလိုက်တာ"
ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးဘက်မှ နိယာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာပြီး ကျွင်းထျန်းမင်ဆီသို့ ဖိချလိုက်၏။
"မင်းကမှ မောက်မာနေတာ"
ပဉ္စမဘိုးဘေး ကျွင်းထိုက်ဟောက်က စူးစူးရဲရဲ စိုက်ကြည့်ကာ သူ့လက်ထဲမှ ပုဆိန်ဖြင့် နိယာမလက်ကြီးကို ခုတ်ဖြတ်လိုက်တော့သည်။
"ကျွင်းမိသားစု၊ ဒါက မင်းတို့ ဘောင်ကျော်သွားပြီ။ ငါ့အင်မော်တယ်ခုံရုံးရဲ့ နယ်မြေကို ဒီလောက်ကြီးမားတဲ့ တပ်မဟာတွေနဲ့ ဝင်လာတာက ဘာသဘောလဲ"
စကားသံနှင့်အတူ ဖူရှီအင်မော်တယ်မျိုးရိုးမှ ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦး ထွက်ပေါ်လာခဲ့သည်။
"အင်မော်တယ်ခုံရုံး၊ ငါတို့ ကျွင်းမိသားစုက ဘာလုပ်ချင်တယ်ဆိုတာ သိထားသင့်တယ်။ ဒါကြောင့် ငါတို့ရဲ့လမ်းကို မပိတ်ပါနဲ့"
ဆဌမဘိုးဘေး ကျွင်းထိုက်ရွှမ်က သစ်သားဓားကို ကိုင်ဆောင်ကာ ရှေ့ကို တိုးလာသည်။ ဓားစွမ်းအင်များက ကောင်းကင်ယံတွင် ပြည့်နှက်သွား၏။
"မင်းတို့က ရှန်းထျန်းကို တိုက်ခိုက်ချင်ရင်တောင် ဒီအခြေအနေက များလွန်းတယ်။ ဒါမှမဟုတ်ရင် ငါတို့က ဟွင်းထျန်းရှန်းထျန်းကို အင်မော်တယ်နယ်မြေကြီးကနေ မောင်းထုတ်ပြီးတဲ့အချိန်ထိ ဘာဖြစ်လို့ မစောင့်နေရမှာလဲ"
ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းက တည်ငြိမ်စွာ ပြောသည်။
ထိုအချိန်တွင် လျှို့ဝှက်စွာ စောင့်ကြည့်နေသော လူအချို့က အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။
ဒါက ကျွင်းမိသားစုကို အခက်တွေ့ရန် တမင်လုပ်နေကြောင်း ထင်ရှားနေပေသည်။
ဤသည်မှာ အင်မော်တယ်ခုံရုံး၏ နယ်မြေ ဖြစ်သည်။ သို့သော်လည်း ကျွင်းမိသားစုကို ရန်ပြုလိုက်ပါက အင်မော်တယ်စစ်ပွဲမှာ ချက်ချင်း စတင်နိုင်၏။
ရှန်းထျန်းကို မကိုင်တွယ်ရသေးခင်မှာ အင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစု နှစ်ခုစလုံး ထိခိုက်ရမည်ကို ကြောက်ရသည်။
သို့သော် ဤအချိန်တွင်...
စကြဝဠာတစ်ခုလုံး အနည်းငယ်တုန်ခါနေပုံရပြီး ကြယ်ပေါင်းများစွာ ပေါက်ကွဲသွားခဲ့သည်။
မှုန်ဝါးဝါးပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်လာ၏။
ထိုပုံရိပ်က အရာအားလုံးကို သူ့ခြေဖဝါးအောက်မှာ နင်းထားသကဲ့သို့ပင်။
သူ့နောက်မှာလည်း ဟိန်းဟောက်နေသော ရွှေနဂါးကြီးကိုးကောင် ရှိသည်။
ရွှေနဂါးတစ်ကောင်စီက ကမ္ဘာတစ်ခုလုံးကို မျိုချနိုင်ပုံရ၏။
အနှိုင်းမဲ့ ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ထိုပုံရိပ်က နဂါးကိုးကောင်၏အထက်တွင် တည်ငြိမ်စွာ ရပ်လိုက်သည်။
"ငါ့ကျွင်းမိသားစုရဲ့ တပ်မဟာက ရောက်လာပြီဆိုရင် နတ်ဘုရားနဲ့ နတ်ဆိုးတွေပါ နောက်ဆုတ်သွားရမယ်"
"အင်မော်တယ်ခုံရုံးက တိုက်ခိုက်မှာလား... ဒါမှမဟုတ် ဘေးဖယ်မှာလား"