← Chapters

အခန်း ၁၂၂၆

Vol. 82 Ch. 1226

အခန်း ၁၂၂၆

Vol. 82 Ch. 1226

အခန်း ( ၁၂၂၆ ) သေမျိုးကမ္ဘာ။

တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပါး၏ အသံက အဆုံးမဲ့ ကြယ်ကောင်းကင်ကို တုန်လှုပ်စေသည်။

ဤသည်မှာ ဧကရာဇ်ကြီး၏ အရှိန်အဝါပင်။

တတိယဘိုးဘေး ကျွင်းထိုက်ဟွမ်၏ စကားက ကြီးစိုးကာ ချုပ်ကိုင်သည်။

သို့ရာတွင်... ဒါက တမင်သက်သက် ထုတ်ဖော်ခြင်းမဟုတ်ဘဲ ပုံမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။

သို့တည်းမဟုတ်...

တစ်နည်းဆိုရသော် ကျွင်းမိသားစုတွင် လွှမ်းမိုးချုပ်ကိုင်မှုမရှိသူ တစ်ဦးမျှမရှိပါ။

ကျွင်းရှောင်ယောက်က ဤမိသားစု၏ လွှမ်းမိုးချုပ်ကိုင်မှုကို အမွေဆက်ခံခဲ့သည်။

"မင်း..."

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းသည် ကောင်းကင်မှ ဖိအားများ ရုတ်ရက် ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။

သူသည် ဧကရာဇ်တစ်ပိုင်းအကျော်အမော်ဖြစ်သော်လည်း ရှေးနတ်ဘုရား၏ ဖိနှိပ်ခြင်းခံရသကဲ့သို့ ခံစားလိုက်ရ၏။

"ဒုန်း"

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို မခံနိုင်ဘဲ ဒူးတစ်ဖက်ထောက်ကျသွားတော့သည်။

ဒါက လူတိုင်းကို တုန်လှုပ်သွားစေသည်။

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းမှာလည်း မျက်နှာပျက်နေပြီး နဖူးမှ ချွေးများစီးကျလာတော့သည်။

မရေမတွက်နိုင်သော မျက်လုံးများရှေ့တွင် ဒူးထောက်လိုက်ရသည်။

ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးအတွက် ဒါက ကြီးမားသော အရှက်ရစရာပင်။

"မင်းက သာမန်ဧကရာဇ်မဟုတ်ဘူး..."

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းက အံကြိတ်လိုက်သည်။

ဤဖိအားသည် အလွန်ကြောက်စရာကောင်း၏။

သာမန်ဧကရာဇ်များက အစွမ်းထက်သော်လည်း ဖိအားသက်သက်ဖြင့် သူ့ကို ဒူးထောက်စေရန် မဖြစ်နိုင်ပေ။

ဤ‌ကျွင်းမိသားစု၏ ဧကရာဇ်ကြီးက သာမန် ဧကရာဇ်များထက် သေချာပေါက် သာလွန်သည်။

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းတောင်မှ ထိုသို့ဖြစ်နေလျှင်...

အင်မော်တယ်ခုံရုံး၏ ကောင်းကင်စစ်သည်များ၏ ရလဒ်ကို စိတ်ကူးကြည့်နိုင်သည်။

သူတို့အားလုံး၏ ခန္ဓာကိုယ်များက သွေးမြူများအဖြစ် ပေါက်ကွဲသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ကောင်းကင်စစ်သည် အဖွဲ့ငယ်လေးသာ ဖြစ်သည်။

အကယ်၍၊ ၎င်းက တပ်မဟာတစ်ခု ဖြစ်ခဲ့ပါက ကျွင်းမိသားစုနှင့် အင်မော်တယ်ခုံရုံးသည် ယနေ့တွင် စစ်ပွဲစတင်လိမ့်မည်။

ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွင်းမိသားစုရဲ့ နာမည်ကျော် ထိုက်ဟွမ်းဧကရာဇ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ တကယ်ကို အရှိန်အဝါကြီးတယ်။ ဒါပေမဲ့ မျိုးဆက်သစ်လေးကို ခက်ခဲအောင် မလုပ်သင့်ဘူး မဟုတ်လား"

ဤအသံက တည်ငြိမ်သော်လည်း လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပုံရလေသည်။

"ဒါက အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ကြီးပဲ"

အခြေအနေကို အာရုံကိုစိုက်နေသော အင်မော်တယ်နယ်မြေကြီး၏ အကျော်အမော်အားလုံးကို အံ့ဩသွားစေသည်။

အင်မော်တယ်ခုံရုံးက ကျွင်းမိသားစုနှင့် ရင်ဆိုင်တော့မည်လော။

ထိုက်ဟွမ်းဧကရာဇ်က တည်ငြိမ်နေဆဲ ဖြစ်သည်။

"တိုက်ခိုက်ချင်ရင် တိုက်ခိုက်၊ မတိုက်ခိုက်ရင် ဘေးဖယ်"

"ဟားဟားဟား၊ အစ်ကိုထိုက်ဟွမ်း... မင်းရဲ့ ကျွင်းမိသားစုတပ်မဟာက အင်အားအပြည့်နဲ့ ငါ့အင်မော်တယ်နယ်မြေကြီးကို ဝင်ရောက်ဖို့လုပ်နေတာ... ဒါက နည်းနည်းလွန်တယ် မဟုတ်လား"

အင်မော်တယ်ခုံရုံး၏ ဧကရာဇ်က ရယ်မောလိုက်သည်။

ထိုက်ဟွမ်းဧကရာဇ်က သူ့မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။

"မင်းက ဘယ်သူ့ကို အစ်ကိုလို့ ခေါ်နေတာလဲ။ ငါ တာအိုကို သက်သေပြနေတုန်းက မင်း အနှီးဝတ်ထားတုန်းပဲ ရှိသေးတယ်"

စကားတစ်ခွန်းတည်းဖြင့်၊ အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

မရေမတွက်နိုင်သော အကျော်အမော်များလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

ကျွင်းမိသားစု၏ တတိယဘိုးဘေးက အတော်ကြီးစိုးသည်။

သူ တာအိုကို သက်သေပြတုန်းက အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ဟာ အနှီးဝတ်နေတုန်းပဲလား။

အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ပင်လျှင် အံ့အားသင့်သွားသည်။

ဤအရှက်ခွဲမှုမျိုးကို မည်သည့်ဧကရာဇ်မှ သည်းခံနိုင်မည်ဟု မထင်ပေ။

အင်မော်တယ်ခုံရုံး၏ ဧကရာဇ်က လှုပ်ရှားတော့မည်ဟု အားလုံးက ထင်မှတ်လိုက်ချိန်တွင်...

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

"နောက်ဆုတ်"

ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းက ဆန္ဒမရှိသော်လည်း အံကြိတ်ကာ ဆုတ်သွားခဲ့လေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ အကျော်အမော်များစွာတို့ အံ့ဩသွားကြသည်။

အင်မော်တယ်ခုံရုံးက ဆုတ်သွား၏။

သို့သော်လည်း ဆုတ်ခွာခြင်းအစား၊ အင်မော်တယ်ခုံရုံးသည် ကျွင်းမိသားစုနှင့် ပြဿနာမဖြစ်‌လိုသေးတာဟုဆိုလျှင် ပိုကောင်းမည်။

အကြောင်းပြချက်က အလွန်ရိုးရှင်းပေသည်။

အင်‌မော်တယ်ခုံရုံးက ယခုအချိန်တွင် စည်းလုံးမှုမရှိသောကြောင့် ဖြစ်သည်။

ပြင်ပကမ္ဘာအတွက် အင်မော်တယ်ခုံရုံးသည် ပြီးပြည့်စုံသော အင်အားစုဟုဆိုသော်လည်း တကယ်တမ်းမှာတော့ အတွင်းပိုင်းကွဲလွဲမှုများမှာ ပြင်းထန်သည်။

ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးကို ဦးဆောင်ခွင့်ရရှိရန် ယှဉ်ပြိုင်နေကြ၏။

ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးတို့၏ ဆက်ခံသူများဖြစ်သော ခေတ်ပြိုင်ဧကရာဇ်ငယ် လင်ယွမ်နှင့် ရှေးဧကရာဇ်ငယ် တိဟောက်ထျန်းတို့ကလည်း ဆန့်ကျင်နေကြသည်။

ထို့ပြင် အခြား အင်မော်တယ်မျိုးရိုးများမှာလည်း ကိုယ်ပိုင် အတွေးအမြင်များ ရှိကြသေးသည်။

အင်မော်တယ်ခုံရုံးကို မပေါင်းစည်းရသေးခင်မှာ ကျွင်းမိသားစုနှင့် စစ်ပွဲတစ်ခု စတင်ခြင်းက ပညာရှိသော လုပ်ရပ်မဟုတ်သည်မှာ သေချာသည်။

ယခုတစ်ကြိမ်တွင် အင်မော်တယ်ခုံရုံးက တားဆီးခဲ့ခြင်းမှာလည်း ကျွင်းမိသားစု၏ သဘောထားကို စမ်းသပ်ကြည့်ရုံသာ ဖြစ်သည်။

ယခုမူ၊ ကျွင်းမိသားစု၏ သဘောထားကို သံသယဖြစ်စရာမလိုတော့ပါ။

တိုက်ခိုက်ချင်ရင် တိုက်ခိုက်၊ ငါတို့ ကျွင်းမိသားစုက ဘယ်တော့မှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး။

ထို့ကြောင့် အင်မော်တယ်ခုံရုံးက ခေတ္တ ပြန်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။

"ပျင်းစရာပဲ"

ကျွင်းထျန်းမင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ကျွင်းမိသားစု၏ တပ်မဟာကြီးက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားခဲ့သည်။

ဤတပ်မဟာတွင် အင်မော်တယ်အကယ်ဒမီ၏ မဟာအကြီးအကဲများ ပါဝင်သည်။

သူတို့အပြင်...

ကျွင်းရှောင်ယောက်၏ နောက်လိုက်များ၊ သူငယ်ချင်းများအပါအဝင် အင်မော်တယ်အကယ်ဒမီမှ တပည့်တချို့လည်း ရှိ၏။

ပထမအနေဖြင့် ကျွင်းရှောင်ယောက်အတွက် လက်စားချေလိုကြသည်။

ဒုတိယကတော့ နယ်မြေဖြတ်ကျော် အင်မော်တယ်စစ်ပွဲတွင် သူတို့ကိုယ်ကို လေ့ကျင့်လိုပေသည်။

ကျွင်းဝူဟွေ့၏ နောက်လိုက်ဖြစ်သည့် နတ်ဘုရင်ရှစ်ပါးထဲမှ တစ်ဦး... ကောင်းကင်ဘုံကို အပြစ်ပေးသူ စစ်နတ်ဘုရားလည်း ပါဝင်ခဲ့သည်။

သူက သူ့သခင်လေးအတွက် လက်စားချေလို၏။

နှစ်သွယ်မျက်လုံးရှင် အားကျိုးကမူ၊ သူမက တစ်ခါမျှ မပေါ်လာခဲ့ပါ။

သင်္ချိုင်းဧကရာဇ်ကြယ်တွင် ကျွင်းရှောင်ယောက်နှင့် လမ်းခွဲပြီးသည့်အချိန်မှစ၍ အားကျိုးသည် တစ်ယောက်တည်း လေ့ကျင့်နေကာ ကျွင်းမိသားစုသို့ပင် မပြန်လာတော့ပေ။

မကြာမီ၊ ကျွင်းမိသားစု၏ တပ်မဟာက ရှန်းထျန်း၏ ‌တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

သို့သော်...

ထိုနေရာကို တွေ့ရသောအခါ စောင့်ကြည့်နေကြသော အင်အားစုများကို မဆိုထားဘိ။

ကျွင်းမိသားစု တပ်မဟာမှ လူတချို့ပင်လျှင် အနည်းငယ် အံ့ဩသွားကြသည်။

အကြောင်းမူ၊ ဤနေရာက ထာဝရတားမြစ်နယ်မြေမဟုတ်သလို၊ လျှို့ဝှက်နေရာလည်းမဟုတ်ပါ။ ၎င်းက ရှေးဟောင်းကမ္ဘာ သို့မဟုတ် ကမ္ဘာငယ်လေးလည်းမဟုတ်သောကြောင့်ပင် ဖြစ်သည်။

ဤသည်က သေမျိုးကမ္ဘာတစ်ခု ဖြစ်သည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်လျှင် ရွာငယ်လေးကိုသာ မြင်ရသည်။ အိမ်လေးများက ဟိုတစ်ခုဒီတစ်ခု ပြန့်ကျဲနေ၏။ လယ်ကွင်းများရှိပြီး နွားအိုကြီးများနှင့် ထွန်ယက်နေသော ရွာသားများ ရှိသည်။ ဆော့ကစားနေသော ကလေးငယ်လေးများလည်း ရှိနေကြသေးသည်။

အမျိုးသမီးတချို့ကလည်း စမ်းချောင်းတစ်ခုဘေးမှာ အဝတ်လျှော်နေကြသည်။

"ဒါ...ဒါက ရှန်းထျန်းလား"

ကျွင်းမိသားစု၏ လူများ အနည်းငယ် အံ့ဩသွားကြသည်။

ကောင်းကင်နှင့်မြေပြင်၏ လျှို့ဝှက်ကျမ်းကို နားလည်သော ကျန်းဟန်၏ တွက်ချက်မှုကြောင့်သာမဟုတ်လျှင်...

သူတို့ အမှားလုပ်မိပြီဟုပင် ထင်နိုင်သည်။

"‌ဖေဖေ... ဖေဖေ ကြည့်ပါဦး၊ ကောင်းကင်မှာ ပျံသန်းနေတဲ့သူတွေ အများကြီးပဲ"

ကလေးတစ်ယောက်က လူလတ်ပိုင်းအမျိုးသား၏ အဝတ်အစားထောင့်ကိုဆွဲကာ ကောင်းကင်ယံမှ ကျွင်းမိသားစု၏ တပ်မဟာကို လက်ညှိုးထွန်းပြလိုက်သည်။

"ဟင်၊ အဲဒါက နတ်ဘုရားတွေပဲ"

ရွာသားတစ်စုက ဒါကိုမြင်တော့ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြလေသည်။

ဒါက ကျွင်းမိသားစု၏ တပ်တစ်ခုလုံးကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။

ဒါက သူတို့ရဲ့ ပစ်မှတ်လား။

သို့ရာတွင်၊ သူတို့က သေမျိုးများသာဖြစ်၍ ၎င်းတို့ကို သတ်ဖြတ်လျှင်ပင် အသုံးမဝင်ပါ။

သို့သော်လည်း ကြယ်ကောင်းကင်တွင်၊ ကျွင်းမိသားစု၏ စတုတ္ထဘိုးဘေး ကျွင်းထိုက်ရန်၏ နှုတ်ခမ်းများက လှောင်ပြောင်သရော်ဟန်ဖြင့် တွန့်ကွေးသွားသည်။

သူမက လက်ဝါးတစ်ဖက်ဖြင့် ဖိချလိုက်သောအခါ အဆုံးမဲ့ ကြယ်များ၏ အလင်းများ စုစည်းလာ၏။

မရေမတွက်နိုင်သော ကြယ်များက ကောင်းကင်မှ ကြွေကျလာကာ ဥက္ကာခဲမိုးရွာသကဲ့သို့ သေမျိုးကမ္ဘာကို ကျဆင်းသွားတော့သည်။

"ဘိုးဘေးထိုက်ရန်၊ ဒါက..."

ကျွင်းမိသားစု၏ ဘိုးဘေးတစ်ဦးက တစ်ခုခုပြောလိုသော်လည်း တိတ်ဆိတ်သွားသည်။

တကယ်တော့ ကျင့်ကြံမှုလောကတွင် မပြဋ္ဌာန်းထားသော စည်းမျဉ်းတစ်ခု ရှိသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် အကြောင်းပြချက်မရှိဘဲ သေမျိုးကို သတ်ဖြတ်ခြင်း မပြုနိုင်ပေ။

အကြောင်းမှာ ကျင့်ကြံသူတိုင်းက သေမျိုးများမှ ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်သည်။

သူတို့သည် အခြေခံ ဖြစ်၏။

သေမျိုးများအားလုံး မရှိတော့ပါက ကမ္ဘာကြီး ပြောင်းလဲသွားလိမ့်မည်။

အနိမ့်ဆုံး ကျင့်ကြံမှုရှိသော လူများက သေမျိုးများနေရာတွင် အစားထိုးကာ အောက်ခြေလူတန်းစားတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူအရေအတွက်ကလည်း ပို၍ နည်းပါးလာလိမ့်မည်။

သို့သော်... ကျွင်းထိုက်ရန်ကတော့ ဂရုမစိုက်ပေ။

"ငါတို့ ကျွင်းမိသားစုက ချီလင်သားတော်အတွက် လက်စားချေတာက လူတစ်စုရဲ့ ဘဝထက် အဆတစ်သောင်း ပိုအရေးကြီးတာ မဟုတ်ဘူးလား"

"နောက်ပြီးတော့ မင်း သေချာကြည့်ထားပါ"

ကျွင်းထိုက်ရန်က လှောင်ပြောင်လိုက်သည်။

"ဝုန်း"

ပျက်စီးခြင်း ဥက္ကာခဲများ ကျဆင်းလာသောအခါ သေမျိုးအားလုံး တစ်ဦးမှ မလွတ်မြောက်နိုင်ခဲ့ပေ။

တိုက်ပွဲကို စောင့်ကြည့်နေသူများလည်း အနည်းငယ် တရားလွန်သွားသလို ခံစားလိုက်ကြရသည်။

သို့သော်...

ရုတ်တရက် သေမျိုးကမ္ဘာတစ်ခုလုံးက ကြီးမားသော အစီရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

"ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ရဲ့ ပြီးပြည့်စုံတဲ့ပုံစံ... ရှန်းထျန်းက နောက်ခံတချို့ရှိပုံရတယ်"

ကျွင်းထိုက်ရန်က သူ့လက်ကိုပြန်ရုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

အားလုံးက ခဏတာ တုန်လှုပ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွား၏။

သေမျိုးကမ္ဘာတစ်ခုလုံးက အမှန်တကယ်ပင် ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့်ပင် ရှန်းထျန်းကို မည်သူမျှ ရှာမတွေ့ခဲ့ခြင်း ဖြစ်လိမ့်မည်။

ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွင်းမိသားစုရဲ့ စတုတ္ထဘိုးဘေးက မျှော်မှန်းထားတဲ့အတိုင်းပါပဲ။ ဒါပေမဲ့ ဒီနေ့ ငါ့ရဲ့ ရှန်းထျန်းကို ဖျက်ဆီးချင်ရင် မင်းရဲ့ ကျွင်းမိသားစုလည်း ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရလိမ့်မယ်"

All Chapters