← Chapters

အခန်း ၁၂၂၇

Vol. 82 Ch. 1227

အခန်း ၁၂၂၇

Vol. 82 Ch. 1227

အခန်း ( ၁၂၂၇ ) ရှန်းထျန်း၏ နောက်ခံ။

မူလက အကျော်အမော်များမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ရှန်းထျန်းက ဤသေမျိုးကမ္ဘာတွင် အမှန်တကယ် လျှို့ဝှက်ထား၏။

ယခု သတ်ဖြတ်ခြင်းအစီရင် အမှတ်အသားများ ပေါ်လာသောအခါမှ လူအတော်များများမှာ သတိပြုမိသွားသည်။

သေမျိုးကမ္ဘာတစ်ခုလုံးက အားကောင်းသော သတ်ဖြတ်ခြင်းအစီရင်တစ်ခုသာဖြစ်ကြောင်း တွေ့လိုက်ရ၏။

ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်။

ပထမနှင့် ဒုတိယ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်များက ပျောက်ကွယ်သွားသလို မမြင်ရတော့သလောက် ဖြသ်သည်။

ကျွင်းမိသားစုမှာပင် ပြီးပြည်စုံသော တတိယ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်သာ ရှိ၏။

ရှန်းထျန်းက ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို ပိုင်ဆိုင်ထားခြင်းမှာ ၎င်းတို့၏ အခြေခံက မည်မျှနက်နဲကြောင်း မြင်နိုင်သည်။

ထိပ်သီး အင်အားစုအများစုသည်ပင် ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်များကို ပိုင်ဆိုင်ထားခြင်းမရှိဟု ဆိုနိုင်ပေသည်။

ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်တွင် အခြား လုပ်ဆောင်ချက်တစ်ခုလည်း ရှိသည်။ ယင်းက ပုံရိပ်ယောင်အစီရင်၏ စွမ်းအားတချို့ကို ပိုင်ဆိုင်ထားခြင်းပင်။

ထို့ကြောင့်ပင် သေမျိုးကမ္ဘာအဖြစ် သူတို့ မြင်တွေ့ခဲ့ရခြင်း ဖြစ်ချေသည်။

ဤပုံရိပ်ယောင်အစီရင်က အလွန်လက်ရာမြောက်သောကြောင့် သာမန်ဧကရာဇ်တစ်ပိုင်းတောင်မှ ဂရုတစိုက်မလေ့လာဘဲ သဲလွန်စများကိုရှာဖွေရန် ခက်ခဲသည်။

သို့သော်၊ စတုတ္ထဘိုးဘေး ကျွင်းထိုက်ရန်ကတော့ တစ်ချက်ကြည့်ရုံဖြင့် သိခဲ့သည်။

ဟုတ်ပေသည်၊ သူမက ဤအခြေအနေကို မြင်တွေ့ခဲ့သည့် ကျွင်းမိသားစု၏ တစ်ဦးတည်းသောသူ မဟုတ်ပေ။

သူက ပထမဆုံး လှုပ်ရှားခဲ့ရုံသာ ဖြစ်သည်။

"‌ရှန်းထျန်းက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမှာ ပထမ ဖြစ်လာနိုင်တာ အံ့ဩစရာမရှိတော့ပါဘူး။ ဒီအခြေခံတစ်ခုတည်းက အခြား သတ်ဖြတ်ခြင်းနတ်ဘုရားနှစ်ပါးထက် အမှန်တကယ် သာလွန်တယ်"

သွေးမျှော်စင်တွင် ရှေးဟောင်း သတ်ဖြတ်ခြင်းအစီရင် မရှိပေ။

ယိုပြည်ထောင်မှာတော့ အဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင် ရှိသည်။

သို့သော်လည်း ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်များ၏ စွမ်းအားက အလွန်ကွာခြားသည်။

ယခုအချိန်တွင် သေမျိုးကမ္ဘာတစ်ခုလုံးက သတ်ဖြတ်ခြင်းအစီရင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း ကျွင်းမိသားစု၏ တပ်မဟာက လုံးဝ မကြောက်ကြပေ။

ဤဆဋ္ဌမရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို အားကိုးပြီး သူတို့ကို တားဆီးရန် ကြိုးစားခြင်းက အနည်းငယ် ရယ်ရွှင်ဖွယ်ကောင်းမည်။

"သတ်"

ကျွင်းမိသားစု၏ အဋ္ဌမမြောက် ဘိုးဘေး ကျွင်းထျန်းမင်က အမိန့်ပေးလိုက်သည်။

စစ်သင်္ဘောနှစ်ဆယ်မှ အစီရင်များကလည်း စူးရှတောက်‌ပသော အလင်းရောင်များဖြင့် လင်းလက်လာ၏။

ကျင့်ကြံသူများစွာ၏ စွမ်းအားက ပေါင်းစည်း၍ ဖျက်ဆီးခြင်း အမြောက်များအဖြစ် ပြောင်းလဲကာ ရှန်းထျန်း၏ ဌာနချုပ်ကို အဆက်မပြတ် ပစ်ခတ်လိုက်တော့သည်။

"ဝုန်း... ဝုန်း... ဝုန်း"

သေမျိုးကမ္ဘာတစ်ခုလုံးက ပေါက်ကွဲတော့မည်ကဲ့သို့ တုန်ခါ ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။

"သတ်"

ထိုစဉ်၊ ရှန်းထျန်း၏ဘက်ခြမ်းမှ ပုံရိပ်များ ပေါ်လာကြသည်။

ဧကရာဇ်တစ်ပိုင်း အရှိန်အဝါများဖြင့် လူရိပ်ငါးခု ပေါ်လာကြ၏။

သူတိုက ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို ထိန်းချုပ်ပြီး ကျွင်းမိသားစု၏ တပ်မဟာများကို ရင်ဆိုင်လိုက်တော့သည်။

ရှန်းထျန်း၏ လူသတ်သမားများကလည်း ကျွင်းမိသားစု၏ တပ်များကို တိုက်ခိုက်လိုက်ကြသည်။

တိုက်ပွဲက အလွန်ပြင်းထန်ခဲ့သည်။

ကျွင်းမိသားစု၏ တပ်များက ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။

ရှန်းထျန်းက ဆဋ္ဌမရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်နှင့် ဧကရာဇ်တစ်ပိုင်း အကျော်အမော်ငါးဦးကို အားကိုးကာ ခုခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ပိုင်းခြားသိမြင်တတ်သည့် မျက်လုံးရှိသူတိုင်း ဤအရာသည် ချောက်ပိတ်မိနေသော သားရဲတစ်ကောင်၏ ရုန်းကန်မှုမျှသာဖြစ်ကြောင်း မြင်နိုင်သည်။

"ဧကရာဇ်လက်နက်တွေကို ထုတ်ယူလိုက်ကြ"

ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးက ဟိန်းဟောက်လိုက်သည်။

အားကောင်းသော အရှိန်အဝါများဖြင့် လက်နက်သုံးခု ပေါ်လာကြ၏။ ၎င်းက ဧကရာဇ်အဆင့် လက်နက်သုံးခုပင်။

လုပ်ကြံသတ်ဖြတ်သူများ၏ တိုင်းပြည်အနေဖြင့် ရှန်းထျန်းသည် အကျိုးအမြတ်များစွာကို ပိုင်ဆိုင်ထားပေရာ ဧကရာဇ်လက်နက်များစွာ ရှိနေခြင်းမှာ သဘာဝပင်ဖြစ်သည်။

သို့သော်...

ကျွင်းမိသားစုနှင့် နှိုင်းယှဉ်ပါက သူတောင်းစားနှင့် ရှင်ဘုရင်ကဲ့သို့ ကွာခြားလွန်းလှသည်။

ကျွင်းမိသားစုဘက်တွင်လည်း ဧကရာဇ်အရှိန်အဝါများ ပေါ်လာကြသည်။

ကောင်းကင်ဧကရာဇ်၏ကြေးမုံ၊ မြေဧကရာဇ်၏ကျမ်း၊ လူဧကရာဇ်၏ကလောင်။

ဧကရာဇ်လက်နက်သုံးခုကို ထုတ်ယူလိုက်ကြသည်။

ကျွင်းမိသားစုသည်လည်း ဧကရာဇ်လက်နက်များကို ထုတ်လိုက်ကြလေသည်။

နောက်ဆုံး အင်မော်တယ်စစ်ပွဲတွင်၊ ကျွင်းမိသားစုက အဓိက အင်အားစုခုနစ်ခုကို တိုက်ခိုက်ခဲ့ပြီး ဧကရာဇ်လက်နက်များစွာကို စုဆောင်းနိုင်ခဲ့သည်။

ထိုအချိန်တွင်၊ ရှန်းထျန်းရှိ ကျင့်ကြံသူများ၏ မျက်လုံးများတွင် စိုးရိမ်မှုတို့ ပေါ်လာခဲ့ကြသည်။

ဒါကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်ရမှာလဲ။

သို့သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ငါးဦး၏ မျက်လုံးများက အေးစက်နေခဲ့သည်။

ရှန်းထျန်းက ပျက်စီးသွားလျှင်ပင် ကျွင်းမိသားစုလည်း သက်သာခွင့်ပြုမည် မဟုတ်ပေ။

"ရှန်းထျန်းက ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်တစ်ခုတည်းကို အားကိုးနေမယ်ဆိုရင် လုံးဝ မပျက်စီးသွားခင် အချိန်တစ်ခုပဲလိုလိမ့်မယ်"

"ဒါပေမဲ့ ရှန်းထျန်းမှာ မရွှေ့ရသေးတဲ့ အကွက်ကြီးကြီး ရှိနေသေးတယ်ဆိုတာကို မမေ့နဲ့ဦးလေ"

အခြား အင်အားစုကြီးများမှ ထိပ်သီး အကျော်အမော်များက မြင့်မားသော ကြယ်ကောင်းကင်တွင်ရပ်နေသော ပုံရိပ်ကို ကြည့်လိုက်ကြသည်။ သူ့ထံမှ ဧကရာဇ်အရှိန်အဝါများ ဖြာထွက်နေပြီး နဂါးကြီးကိုးကောင်ကလည်း လှည့်ပတ်နေ၏။

တတိယဘိုးဘေး ကျွင်းထိုက်ဟွမ်က နက်ရှိုင်းသော ရှေးဟောင်း ရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်သော မျက်လုံးများဖြင့် အောက်ဘက်မှ တိုက်ပွဲကို ကြည့်နေသည်။

ကျွင်းမိသားစု၏ တတိယဘိုးဘေးအနေဖြင့် ကြီးမားသော စစ်ပွဲများကို သူ ‌မြင်ဖူး၏။

၎င်းတို့နှင့် နှိုင်းယှဉ်ပါက လက်ရှိ အင်မော်တယ်စစ်ပွဲသည် သာမန်ထက်မပိုပေ။

သို့သော်၊ ထိုက်ဟွမ်းဧကရာဇ်က အချိန်မဆွဲလိုတော့ပါ။

သူက လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ နိယာမစွမ်းအားများက စုစည်းပြီး ကောင်းကင်ကြီး တုန်ခါလာ၏။

ထို့နောက် ဆဋ္ဌမ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

နိယာမလက်ဝါးကြီးက ကောင်းကင် ပြိုကျသကဲ့သို့ သေမျိုးကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ဤလက်ဝါးတစ်ဖက်က အရာအားလုံးကို အမှုန့်ချေပစ်နိုင်သကဲ့သို့ပင်။

ဒါက ဧကရာဇ်ကြီးတစ်ပါး၏ စွမ်းအား ဖြစ်သည်။

"ဘုရားရေ၊ ဒါက ကမ္ဘာကြီးရဲ့ ပျက်စီးခြင်းလား။ လက်ဝါးလက်တစ်ဖက်တည်းနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးတာပဲ"

အရပ်ရပ်မှ အာရုံစိုက်နေသော အင်အားစုများက အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။

ထို့ပြင်၊ ဤသည်က သာမန်လက်ဝါးမျှသာဖြစ်ပြီး အထူးနည်းလမ်းတို့ကို မသုံးထားပါ။

ရှန်းထျန်း၏ဘက်ခြမ်းတွင် ဧကရာဇ်တစ်ပိုင်းငါးဦး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

သူတို့က တစ်ယောက်ကို တစ်ယောက် ပြတ်သားသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

"စကြစို့"

ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးက ပြောလိုက်သည်။

"ဝုန်း"

ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ အဆုံးမဲ့ ရွှေရောင်အလင်းများက ရှန်းထျန်းဘက်မှ ထွက်ပေါ်လာ၏။

ထို့နောက်မှာတော့ ရွှေရောင်အလင်းများ ဖြာထွက်နေသော ပုံရိပ်တစ်ခု ပေါ်လာတော့သည်။

ပို၍ အံ့ဩစရာကောင်းသည်မှာ သူ့နောက်ကျောတွင် နိယာမအတောင်ပံ ဆယ့်နှစ်ခု ရှိနေခြင်း ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ လူများစွာတို့ အံ့ဩသွားကြသည်။

အားလုံးသိကြသည့်အတိုင်း ရှန်းထျန်းမှ လုပ်ကြံသတ်ဖြတ်သူများ၏ အင်အားကို အတောင်ပံများဖြင့် ခွဲခြားနိုင်သည်။

အတောင်ကိုးတောင်ရှိသော ကောင်းကင်တမန်က တန်ခိုးကြီးသော ဧကရာဇ်တစ်ပိုင်း ဖြစ်ချေသည်။

သို့ဖြစ်ပေရာ၊ အတောင်ဆယ့်နှစ်တောင်ရှိသော ကောင်းကင်တမန်က ဧကရာဇ်အဆင့် တည်ရှိမှုဖြစ်သည်မှာ သေချာသည်။

ယခုအချိန်တွင် အတောင်တစ်ဆယ့်နှစ်ခုရှိသော ကောင်းကင်တမန်က အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူ့နောက်မှ နိယာမအတောင်ပံဆယ့်နှစ်ခုက ‌လှုပ်ရှားနေပြီး ဧကရာဇ်အရှိန်အဝါများလည်း ထွက်ပေါ်နေ၏။

သူမက မျက်နှာဖုံးတစ်ခု ဝတ်ထားပြီး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

သူမက အလင်းလှံတစ်ချောင်းကို ကိုင်ဆောင်ကာ ထိုက်ဟွမ်းဧကရာဇ်၏ လက်ဝါးကြီးကို ရင်ဆိုင်လိုက်တော့သည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲမှု လှိုင်းလုံးကြီးများ ဖြာထွက်လာခဲ့သည်။

ထိုစဉ်မှာပင် သူမ၏နောက်ကွယ်မှာ အလွန်ကြောက်စရာကောင်းသော တိုက်ခိုက်ရေးအစီရင်တစ်ခု ပေါ်လာသည်။ ထို့နောက် အတောင်ပံများနှင့် နတ်သမီးပုံရိပ်များ ပေါ်လာကြတော့သည်။

"ဒါက ရှန်းထျန်းရဲ့ ဝှက်ဖဲလား"

"ကြောက်စရာကောင်းလွန်းတယ်၊ သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးရဲ့ ခေါင်းဆောင်ဖြစ်ထိုက်ပါပေတယ်"

"မဟုတ်သေးဘူး၊ အတောင်ဆယ့်‌နှစ်ခုရှိတဲ့ ကောင်းကင်တမန်က ပုံမှန်မဟုတ်သလို ဘာဖြစ်လို့ ခံစားနေရတာလဲ"

ထိပ်သီး အကျော်အမော်တချို့က တစ်စုံတစ်ခုကို သတိပြုမိကာ မျက်မှောင်ကြုတ်သွားကြသည်။

"အဲဒီအတောင်ဆယ့်နှစ်ခုရှိတဲ့ ကောင်းကင်တမန်က သက်ရှိလူသားမှ မဟုတ်ဘဲ၊ အဲဒါက ရုပ်သေးပဲ"

တစ်ယောက်က တအံ့တဩ ပြောလိုက်၏။

လူတိုင်း တုန်လှုပ်သွားကြသည်။

မည်သူမျှ မမျှော်လင့်ခဲ့ပေ။

အတောင်တစ်ဆယ့်နှစ်တောင်ရှိသော နတ်သမီးက ရုပ်သေးရုပ်တစ်ခု ဖြစ်နေသည်။

ဧကရာဇ်တစ်ပါး၏ စွမ်းအားမျိုးဖြင့် ရုပ်သေးရုပ်။

ဤသည်မှာ အလွန်ရှားပါးသည်။ ဧကရာဇ်လက်နက်ထက်ပင် ပို၍ ရှားသေးသည်။

"အတောင်ဆယ့်နှစ်တောင်ရှိတဲ့ နတ်သမီးတင်မကဘူး... သူ့နောက်မှာလည်း ရုပ်သေးရုပ်တစ်သောင်း ရှိသေးတယ်"

လူတစ်ယောက်က ထောက်ပြလိုက်၏။

ထိုအချိန်တွင် အင်အားစုအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ရှန်းထျန်း၏ အင်အားက လူများစွာကို တုန်လှုပ်စေသည်။

ရှန်းထျန်းက ရှည်လျားပြီး ရှေးကျသော သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတာ အံ့သြစရာတော့ မဟုတ်တော့ပေ။

ထိုသို့သော အခြေခံအုတ်မြစ်ဖြင့် မည်သည့် အင်မော်တယ်အင်အားစုက ဖျက်ဆီးနိုင်မည်နည်း။

ရှန်းထျန်း၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးက အေးစက်စက်ဖြင့် ပြုံးလိုက်သည်။

"ဒါက ငါ့ရှန်းထျန်းရဲ့ ဧကရာဇ်အဆင့် နတ်သမီး သူတော်စင် ရုပ်သေးနဲ့ ကောင်းကင်တမန် တစ်သောင်း တိုက်ပွဲအစီရင်ပဲ"

"ငါ့ကျွင်းမိသားစုကို ဖျက်ဆီးချင်ရင် ကျွင်းမိသားစုတောင်မှ ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားရမယ်လို့ ပြောပြီးသား"

ရှန်းထျန်း၏ ဧကရာဇ်ငါးပါးစလုံး အနည်းငယ် စိတ်အေးသွားသလို ခံစားလိုက်ရသည်။

ဤကဲ့သို့သော နောက်ခံမျိုးက အင်မော်တယ်အင်အားစုများစွာကို ကြောက်ရွံ့စေရန် လုံလောက်ပေသည်။

သို့သော် ကံမကောင်းစွာဖြင့်၊ ကျွင်းမိသားစုက ဤအထဲတွင် မပါဝင်ပေ။

မြင့်မားသော ကြယ်ကောင်းကင်၏ နက်နဲရာအရပ်တွင် ထိုက်ဟွမ်းဧကရာဇ်က တည်ငြိမ်သော အမူအရာဖြင့် နတ်သမီး သူတော်စင်ရုပ်သေးကို ကြည့်လိုက်သည်။

"အခြားသူတွေလည်း ရှိသေးတယ် မဟုတ်လား။ ထွက်ခဲ့"

ထိုက်ဟွမ်းဧကရာဇ်၏ လေသံက မပြောင်းလဲပေ။

သူ့စကားက လူတိုင်းကို တုန်လှုပ်စေသည်။

ရှန်းထျန်းမှာ လျှို့ဝှက်ချက်တွေ ရှိနေ‌သေးတာလား။

အားလုံးက အံ့ဩသွားချိန်တွင်...

ရယ်မောသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟားဟားဟား၊ ကျွင်းမိသားစုရဲ့ တတိယမြောက်ဘိုးဘေးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒီတစ်ခါတော့ ငါတို့ ဆုံးဖြတ်ချက်မှားခဲ့တယ်"

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက တိတ်တဆိတ် ပေါ်လာခဲ့သည်။

သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက လူတိုင်းကို တုန်လှုပ်စေခဲ့၏။

နောက်ထပ်ဧကရာဇ်တစ်ပါး ပေါ်လာပြီ။

All Chapters