အခန်း ၁၂၂၉
Vol. 82 Ch. 1229
အခန်း ( ၁၂၂၉ ) ရှန်းထျန်းအကြောင်း အမှန်တရား။
ထျန်းအဘိုးအို၏ စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဤအခိုက်တွင် ထျန်းအဘိုးအိုက ဤစကားမျိုး ပြောလာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
ရှန်းထျန်းက အင်မော်တယ်ခုံရုံးအတွက် တစ်ခုခု လုပ်ပေးခဲ့ဖူးတာလား။
သို့တည်းမဟုတ်... ရှန်းထျန်းသည် တစ်ချိန်က အင်မောိတယ်ခုံရုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာလား။
"ခင်ဗျား ဘယ်အကြောင်းကို ပြောနေတာလဲ"
အဝေးမှ ကြယ်ကောင်းကင်တွင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။
၎င်းက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်ပင်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
၎င်းတို့နှင့် ပေါင်းသင်းခြင်းက သင့်ဂုဏ်သိက္ခာကို ထိခိုက်စေမည်မှာ သေချာပေသည်။
"ကောင်လေး၊ ဖုန်တက်နေတဲ့ အတိတ်သမိုင်းကိုသိဖို့ မင်းက ငယ်လွန်းပါသေးတယ်"
ထျန်းအဘိုးအိုက ပြုံးပြီး ပြောလိုက်သည်။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမျှမပြောတော့ပေ။
အသက်အရွယ်နှင့် ဝါစဉ်အရ ထျန်းအဘိုးအို၏ ရှေ့မှောက်တွင် သူက အမှန်တကယ်ပင် ကလေးတစ်ဦးထက် မပိုပေ။
ပတ်၀န်းကျင်မှ အင်အားစုကြီးများ၏ အကျော်အမော်များကလည်း တွေးတောမှု အရိပ်အယောင်များ ပေါ်လာခဲ့ကြသည်။
ယခုအချိန်တွင် သူတို့က အနည်းငယ် သဘောပေါက်စပြုလာသည်။
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် ရှန်းထျန်းက အဘယ်ကြောင့် ခြေကုပ်ယူထားနိုင်သနည်း။
ဒါက တကယ်ကို အမှန်တရားလား။
သို့ရာတွင် ရှန်းထျန်းက အင်မော်တယ်ခုံရုံးနှင့် မည်သို့မျှသက်ဆိုင်သနည်း။
တစ်ခုမှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးရှင်ဟောင်း ဖြစ်သည်။
ကျန်တစ်ခုကတော့ အမှောင်ရိပ်ထဲမှ လူသတ်သမားများ၏ တိုင်းပြည်ပင်။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်းက ဒါကိုမြင်သောအခါ အနည်းငယ် စိတ်မချမ်းသာဟန်ဖြင့် အေးစက်စက် ပြောလိုက်သည်။
"ကျွင်းမိသားစုရဲ့ တတိယဘိုးဘေး၊ ခင်ဗျားက ရှန်းထျန်းကို ဖျက်ဆီးချင်တာ မဟုတ်ဘူးလား။ သူ့ကို သတ်လိုက်တော့"
ထျန်းအဘိုးအိုကို ထပ်မံပြောခွင့် မပြုနိုင်တော့ပေ။
"ဒီဧကရာဇ်က ဘယ်လိုလုပ်ရမယ်ဆိုတာကို မင်းလို အငယ်လေးတစ်ယောက်က ပြောစရာလား"
ထိုက်ဟွမ်းဧကရာဇ်က အေးစက်စက်ဖြင့် ငေါက်လိုက်၏။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်းက ဒယီးဒယိုင်ဖြင့် နောက်သို့ဆုတ်သွားရသည်။ သူ၏ သွေးများက ဆူပွက်ကာ သွေးတစ်ပွက်ပင် အန်ထွက်လုနီး ဖြစ်သွားတော့သည်။
သူက ထိုက်ဟွမ်းဧကရာဇ်ကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဒီလူကို လုံးဝ မနှောက်ယှက်နိုင်ဘူး။
ထျန်းအဘိုးအိုက ဒါကိုမြင်တော့ ပြုံးလိုက်သည်။
အနည်းဆုံးတော့ သူ့စကားကိုဆုံးအောင် ဆက်ပြောလိုသေးသည်။
"စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုမှာ သန်းနဲ့ချီတဲ့ အသက်တွေကို နင်းတက်သွားရတယ်။ အင်အားစုကြီးတစ်ခု တိုးတက်ဖို့ဆိုရင် အသက်တွေ ဘယ်လောက်တောင် ပျက်စီးရမလဲ"
"အင်မော်တယ်ခုံရုံးက အစွမ်းထက်ပေမဲ့ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ဖိနှိပ်ဖို့ မလွယ်နေဘူး"
"အဲဒီတုန်းက အင်မော်တယ်ခုံရုံးကို တည်ထောင်ရတာ ကောင်းကင်ဧကရာဇ်ရဲ့ပလ္လင်တော်ကြောင့်ပဲ"
"ရှေးခေတ်က တန်ခိုးအကြီးဆုံးလူအချို့ဟာ ကောင်းကင်ဧကရာဇ်ရဲ့ပလ္လင် ပေါ်ထွန်းလာခြင်းက အနာဂတ်မှာ အင်မော်တယ်နယ်မြေကြီးမှာ အားကောင်းတဲ့ အင်အားစုတစ်ခု ပေါ်လာဖို့ ရည်မှန်းထားခြင်းဖြစ်တယ်လို့ ယုံကြည်ကြတယ်"
"ကောင်းကင်ဧကရာဇ်ရဲ့ပလ္လင်က အုပ်စိုးရှင်ရဲ့ သင်္ကေတတဲ့"
"ဒီလိုနဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ပလ္လင်တစ်ဝိုက်မှာ ကြောက်စရာကောင်းတဲ့ အင်အားတစ်ခု ပေါ်လာတယ်"
"ဒါပေမဲ့ ကောင်းကင်ကိုးခု အင်မော်တယ် နယ်မြေကြီး တစ်ခုလုံးကို သိမ်းပိုက်ဖို့ဆိုရင် ဖိနှိပ်ရမဲ့ အင်အားစုတွေက အရမ်းများတယ်။ အားလုံးကို သတ်ရမယ်ဆိုရင်တောင် ချဲ့ကားပြောရာမကျဘူး"
"ဒါကြောင့် အင်မော်တယ်ခုံရုံးက အင်မော်တယ်ခုံရုံးကိုဆန့်ကျင်တဲ့ အင်အားစုတွေရဲ့ အကြီးအကဲတွေကို လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရာမှာ အထူးပြုတဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့တယ်"
ထိုအချိန်တွင် အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်း အများအပြား ပေါ်လာကြသည်။
တစ်ယောက်က အေးစက်စက် ပြောလိုက်၏။
"တော်လောက်ပြီ ထျန်းအဘိုးကြီး၊ မဟုတ်ကဟုတ်က စကားတွေကို ရပ်လိုက်တော့"
"ဟုတ်တယ်၊ ငါ့အင်မော်တယ်ခုံရုံးက အင်မော်တယ်နယ်မြေကြီးကို ကောင်းစွာ အုပ်ချုပ်ခဲ့ပြီး ကြီးကျယ်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တာ... မင်းတို့ကို ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခိုင်းနေရမှာလဲ"
"ပါးစပ်ပိတ်ထားစမ်း"
ထျန်းအဘိုးအိုက ဘာမျှမပြောခင်မှာ ထိုက်ဟွမ်းဧကရာဇ်က အေးစက်စက်ဖြင့် အော်ငေါက်လိုက်သည်။
ထျန်းအဘိုးအိုက ပြုံးလိုက်လေသည်။
သေခြင်းရှင်ခြင်းကို ပိုင်းခြားရမည့် သူတို့နှစ်ယောက်က ယခုအချိန်တွင် လိုက်လျောညီထွေ ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။
"ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ခုံရုံးကို တည်ထောင်ခြင်းရဲ့ မူလရည်ရွယ်ချက်က အင်မော်တယ်နယ်မြေကြီးကို ပေါင်းစည်းပြီး အုပ်စိုးသူဖြစ်ဖို့နဲ့ အာဏာရှင်ဖြစ်ဖို့ပဲ"
"ဒါပေမဲ့ ဒီလိုဖြစ်ဖို့ နာမည်ပျက်နေလို့မရဘူး"
"သမိုင်းကို အောင်နိုင်သူတွေကရေးကြတယ်တဲ့"
"တကယ်တော့ အဲဒီအချိန်က ကျွင်းမိသားစုဟာ အင်မော်တယ်ခုံရုံးနဲ့ ယှဉ်နိုင်ခဲ့တယ်"
"ဒါပေမဲ့ နောက်ပိုင်းမှာတော့ အယူအဆ မတူညီမှုကြောင့် ပင်မသွေးကြောနဲ့ လျှို့ဝှက်သွေးကြောဆိုပြီး ကွဲထွက်သွားခဲ့တာ"
"နောက်ဆုံးမှာတော့ အင်မော်တယ်ခုံရုံးက အောင်နိုင်ခဲ့ပြီး အင်မော်တယ်နယ်မြေကြီးရဲ့ မြင့်မားတဲ့အဆင့်မှာ ရပ်တည်လာနိုင်ခဲ့ကြတယ်"
"ရှန်းထျန်းကတော့ အင်မော်တယ်ခုံရုံးရဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းဖြစ်ပေမဲ့ လက်သွေးစွန်းတဲ့ အရာများစွာကို ပြုလုပ်ခဲ့ရတာကြောင့် လူရှေ့ကို မထွက်နိုင်တဲ့အပြင် အင်မော်တယ်ခုံရုံးရဲ့ အသိအမှတ်ပြုမှုကိုတောင် မခံခဲ့ရဘူး"
"အင်မော်တယ်ခုံရုံးက အောင်မြင်သွားပြီဖို့ လုပ်ကြံသတ်ဖြတ်တဲ့အဖွဲ့အစည်းဆိုတာ သဘာဝအတိုင်း ရှိမှာမဟုတ်ဘူးလေ"
"လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို ဖယ်ထုတ်ထားပြီး အင်မော်တယ်ခုံရုံးအကြောင်းကို ဘာမှ မဖော်ထုတ်မိဖို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်"
“နောက်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တော်တော်များများဟာ ထူးထူးဆန်းဆန်း သေဆုံးခဲ့ကြတယ်"
"ရှန်းထျန်းကလည်း တဖြည်းဖြည်းနဲ့ ကျဆုံးခဲ့ရပါတယ်။ ငါတို့လည်း လက်ကျန်အရင်းအမြစ်တွေနဲ့ ရှင်သန်နိုင်ဖို့ မနည်း ကြိုးစားခဲ့ရတယ်"
"ဒါပေမဲ့လည်း အင်မော်တယ်ခုံရုံးက နည်းနည်း ကြင်နာမှုပြခဲ့ပါတယ်။ ရှန်းထျန်းကို သီးခြားနေထိုင်ခွင့်ပြုပြီး လုံးဝ မဖျက်ဆီးခဲ့ကြဘူး"
"ဒါပေမဲ့... ငါ မုန်းတယ်"
အမုန်းစကားတစ်ခွန်းက ထျန်းအဘိုးအို၏ စိတ်ဆန္ဒကို ဖော်ပြခဲ့သည်။
"ရှန်းထျန်းရဲ့ ဘိုးဘေးတွေက အင်မော်တယ်ခုံရုံးအတွက် လက်သွေးစွန်းခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ ဘာကြောင့် ဒီလိုဖြစ်လာခဲ့ရတာလဲ"
"ရှန်းထျန်းက အင်မော်တယ်ခုံရုံးရဲ့ ဘုန်းသရေကို ဘာကြောင့် မခံစားရတာလဲ"
"အခု ရှန်းထျန်းက အန္တရာယ်ကျရောက်နေပြီ။ ဒါပေမဲ့ အင်မော်တယ်ခုံရုံးက လုံးဝ ဂရုမစိုက်ခဲ့ဘူး"
ထျန်းအဘိုးအိုက အော်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထား"
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်းများက မျက်နှာကြီးများ မည်းမှောင်သွားကြသည်။
သူတို့ပတ်ဝန်းကျင်မှ အင်အားစုများ၏ အကျော်အမော်များကတော့ ဘာမျှမပြောပေ။ သို့ရာတွင် တိတ်တဆိတ် ဆက်သွယ်နေခဲ့ကြသည်။
ဒါက တကယ်ကို သတင်းကြီးတစ်ခုပင်။
ကျွင်းမိသားစုက ကျူးကျော်မှုမပြုလုပ်ခဲ့ဘူးဆိုလျှင်...
ဒါက ထာဝရ လျှို့ဝှက်ချက်တစ်ခုသာ ဖြစ်နိုင်သည်။
ထျန်းအဘိုးအိုက ပြောလိုသည်များကို ပြောလိုက်ရသောကြောင့် ကျေနပ်သွားဟန်ဖြင့် ပြုံးပြီး ထိုက်ဟွမ်းဧကရာဇ်ကို တစ်ဖန်ကြည့်လိုက်သည်။
"အခုလိုပြောခွင့်ရလို့ ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာမလိုပါဘူး၊ ရှန်းထျန်းက ဒီနေ့ သေချာပေါက် ပျက်စီးရမယ်"
ထိုက်ဟွမ်းဧကရာဇ်၏ အမူအရာက မပြောင်းလဲပေ။
ဤအသေးအမွှားကိစ္စကြောင့် ရှန်းထျန်းကို သက်ညှာပေးမည် မဟုတ်ပါ။
နောက်ဆုံးတွင်၊ ရှန်းထျန်းက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ဤတစ်ခုတည်းက ရှန်းထျန်းကို သေဒဏ်ပေးရန် လုံလောက်ပေသည်။
"ဟားဟားဟား... ငါ့ရှန်းထျန်းက လူပေါင်းများစွာကို သတ်ခဲ့တယ်၊ အဆုံးမှာတော့ ဇာတ်သိမ်းမလှခဲ့ဘူး။ ဒါက ဝဋ်လည်တာပဲ"
"ဒီလို ဝဋ်လည်မယ်ဆိုရင် အင်မော်တယ်ခုံရုံးလည်း..."
ထျန်းအဘိုးအိုက ပြောလိုက်သော်လည်း သူ့စကားမဆုံးလိုက်ပါ...
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီး၏ တစ်နေရာမှ စကြာဝဠာကြီးကို တုန်ခါစေသော အလင်းရောင်တစ်ခု ဖြာထွက်လာသည်။
"ငါ့အင်မော်တယ်ခုံရုံးကို ကျိန်ဆဲတဲ့အတွက် အပြစ်ပေးသင့်တယ်"
ထိုအသံက တရားသူကြီး၏ အပြစ်ဒဏ်ချမှတ်လိုက်သော အသံကဲ့သို့ပင်။
ကျယ်ပြောလှသော နတ်အလင်းရောင်က ရှန်းထျန်း၏ ထျန်းအဘိုးအိုကို တိုက်ရိုက် ပစ်ခတ်လိုက်သည်။
"ရွှမ်း..."
ဧကရာဇ်ကြီး၏ သွေးများ ဖြာထွက်သွားလေသည်။
ကောင်းကင်နှင့်မြေပြင်ကြားတွင် နိယာမများ ပျံ့လွင့်နေပြီး ဝမ်းနည်းမှု သံစဉ်များလည်း ထွက်ပေါ်လာခဲ့သည်။
စွမ်းအင်များက မိုးနှင့်မြေကြားတွင် ပြန့်ကျဲသွား၏။
ဤသည်မှာ ဧကရာဇ်ကြီးတစ်ပါး သေခြင်းခြင်း၏ နိမိတ်ပုံရိပ်ပင်။
"ခေါင်းဆောင်ကြီး"
ဤမြင်ကွင်းကိုမြင်လိုက်ရတော့ ဧကရာဇ်တစ်ပိုင်းငါးပါးအပါအဝင် ရှန်းထျန်း၏ လူအားလုံး တုန်လှုပ်သွားကြသည်။
"ဟား...ဟားဟားဟား...ဟား"
ထျန်းအဘိုးအိုက သွေးအန်နေရင်းမှ ဝမ်းနည်းစွာ ရယ်မောလိုက်သည်။
သူ့ခန္ဓာကိုယ်က ကွဲအက်သွားသော ကြွေအိုးတစ်လုံးကဲ့သို့ တဖြည်းဖြည်း ကြွေကျသွား၏။
"ငါ ထျန်းအဘိုးအိုဟာ အင်မော်တယ်ခုံရုံးရဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းက လူတစ်ဦးဖြစ်ပေမဲ့ ရန်သူလက်ထဲမှာ မသေရဘဲ အင်မော်တယ်ခုံရုံးရဲ့ လက်ထဲမှာပဲ သေဆုံးသွားခဲ့တယ်"
"ဘယ်လိုတောင် ကမောက်ကမဖြစ်လိုက်လဲ"
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဧကရာဇ်ကြီး ထျန်းအဘိုးအိုအလောင်းက ပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းက လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။
ထိုအချိန်တွင် အသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
"ရှန်းထျန်းရဲ့လက်မှာ မရေမတွက်နိုင်တဲ့ သွေးတွေစွန်းထင်းနေပြီ၊ ဒါ့အပြင် ငါ့အင်မော်တယ်ခုံရုံးကိုလည်း ကျိန်ဆဲခဲ့သေးတယ်။ ဒီလိုဆိုမှတော့ ငါ့ အင်မော်တယ်ခုံရုံးက ကျွင်းမိသားစုနဲ့အတူ ရှန်းထျန်းကို ဖျက်ဆီးပစ်မယ်"
အင်မော်တယ်ခုံရုံးက တပ်များကို စေလွှတ်ခဲ့ပေသည်။
ဧကရာဇ်တစ်ပိုင်း အများအပြား ဦးဆောင်သော ကောင်းကင်စစ်သည်များနှင့် စစ်သူကြီး သန်းပေါင်းများစွာတို့သည် ရှန်းထျန်းကို တိုက်ခိုက်ခဲ့ကြသည်။
ကျွင်းမိသားစု၏ တိုက်ခိုက်မှုကြောင့် ပြိုလဲလုနီးဖြစ်နေပြီဖြစ်သော ရှန်းထျန်းမှာ အင်မော်တယ်ခုံရုံး၏ တပ်များကို သဘာဝအတိုင်း မတားဆီးနိုင်တော့ပေ။
ဤသည်မှာ အင်မော်တယ်စစ်ပွဲ မဟုတ်တော့ဘဲ ရက်စက်ကြမ်းကြုတ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်သည်။
နောက်ဆုံးရလဒ်ကတော့ သံသယဖြစ်စရာ မရှိပါ။
ရှန်းထျန်း ပျက်စီးသွားပြီး မည်သူမျှ အသက်မရှင်နိုင်ခဲ့ကြပေ။
အထူးသဖြင့်၊ အင်မော်တယ်ခုံရုံးက ပေါင်းပင်များကို အမြစ်မှနှုတ်ရန် တစ်ယောက်မကျန် သုတ်သင်ပစ်ခဲ့သည်။
ယခုအချိန်မှာတော့ အင်မော်တယ်စစ်ပွဲက ပြီးသွားပြီ။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးစလုံး ဖျက်ဆီးခံခဲ့ရသည်။
ဤနောက်ဆုံး အင်မော်တယ်စစ်ပွဲဆိုလျှင် မထင်မှတ်ထားသော အရာများပင် ဖြစ်ခဲ့သေးသည်။
မူလက သဘောထားကွဲလွဲခဲ့သော ကျွင်းမိသားစုနှင့် အင်မော်တယ်ခုံရုံးက ရှန်းထျန်းကို ဖျက်ဆီးရန် ပူးပေါင်းခဲ့ကြသည်။
သို့သော်... အသိအမြင်ရှိသူတိုင်းက အင်မော်တယ်ခုံရုံး၏ အဓိပ္ပာယ်ကို သိနိုင်သည်။
သို့သော်၊ မည်သူမျှ ပွင့်ပွင့်လင်းလင်း မပြောဝံ့ကြပေ။
ပါးစပ်တစ်ပေါက်က ကောင်းခြင်း ဆိုးခြင်းတို့ကို ဖြစ်စေနိုင်သည်။ အပြောမတတ်ပါက ရှန်းထျန်း၏နောက်ကို လိုက်သွားရလိမ့်မည်။