အခန်း ၁၂၃၀
Vol. 82 Ch. 1230
အခန်း ( ၁၂၃၀ ) နောက်ကွယ်မှ ကြိုးကိုင်သူများကို သတ်ခြင်း။
အင်မော်တယ်နယ်မြေကြီးကို ဖြတ်ကျော်ခဲ့သော အင်မော်တယ်စစ်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ကျွင်းမိသားစုကို ဤမျှ ပြတ်ပြတ်သားသား ပြုမူလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
နောက်ဆုံးတွင်၊ ကျွင်းမိသားစုက အန္တိမကပ်ဘေးကြီး၏ ကျိန်စာတိုက်ခြင်းကို ခံခဲ့ရသည်။
ကျွင်းမိသားစုက အခြားသူများကို ခြိမ်းခြောက်ရန်မဆိုထားဘိ၊ ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်တော့ဘူးဆိုသော ကောလဟာလများပင် ရှိသေးသည်။
ယခုမူ၊ ဤအင်မော်တယ်စစ်ပွဲက ရယ်စရာကောင်းသော ကောလဟာလများကို ဖယ်ရှားပစ်ခဲ့သည်။
ကျွင်းမိသားစုက လုံးဝ အားနည်းသွားခြင်း မရှိပေ။
ဤတစ်ကြိမ်တွင်၊ ကျွင်းမိသားစုက ကျွင်းရှောင်ယောက်အတွက် လက်စားချေနိုင်ခဲ့သည့်အပြင်...
ကျွင်းမိသားစု၏ ရဲစွမ်းသတ္တိနှင့် ခွန်အားကို ပြသနိုင်ခဲ့သည်။
ကျိန်စာကြောင့် ကျွင်းမိသားစုကို အနိုင်ကျင့်နိုင်သည်ဟု သင်ထင်ပါက၊ ၎င်းသည် အလွန်မိုက်မဲသော အကြံအစည် ဖြစ်လိမ့်မည်။
ဤအင်မော်တယ်စစ်ပွဲတွင် ကျွင်းမိသားစု၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ပို၍ ခိုင်မာလာခဲ့သည်။
အခြားတစ်ဖက်တွင်...
ထျန်းအဘိုးအို၏ စကားများက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
သို့သော်လည်း မည်သူမျှ ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲကြပေ။
နောက်ဆုံးတွင် အင်မော်တယ်ခုံရုံးက မည်သူမျှ အလွယ်တကူ မထိပါးနိုင်အောင် အားကောင်းသော တည်ရှိမှုတစ်ခုဖြစ်နေဆဲ ဖြစ်သည်။
သို့သော်...
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ အင်မော်တယ်ခုံရုံး၏ ဂုဏ်သိက္ခာက အတိုင်းအတာတစ်ခုအထိ ထိခိုက်ခဲ့သည်။
အင်မော်တယ်ခုံရုံးကို ပေါ်ပေါ်တင်တင် မထီမဲ့မြင်ပြုကြမည် မဟုတ်သော်လည်း...
အနည်းဆုံးတော့ တခြားအင်အားစုများ၏အမြင်မှာ အင်မော်တယ်ခုံရုံးက ယခင်ကကဲ့သို့ အရှိန်အဝါမကြီးတော့ပေ။
အင်မော်တယ်စစ်ပွဲပြီးနောက်...
တပ်မဟာကြီးသုံးခုက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း များစွာသော အင်အားစုများ၏ အာရုံစိုက်မှုက မရပ်တန့်သေးပါ။
အကြောင်းပြချက်က ရိုးရှင်းသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး ပျက်စီးသွားသော်လည်း...
ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားခဲ့သူများမှာ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးမျှသာ မဟုတ်ကြောင်း သိထားကြရမည် ဖြစ်သည်။
၎င်းတို့ကို အခြားသူများက ငှားယမ်းခဲ့ခြင်းပင်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ကို အဓိက ပစ်မှတ်ထားခဲ့သူများက အပြစ်ပေးခံရခြင်း မရှိသေးပါ။
ဟုတ်သည်၊ လူတိုင်းက သိ၏။
ကျွင်းမိသားစုက နောက်ကွယ်မှ ကြိုးကိုင်သူကို သိရှိနေမှန်း သူတို့ ရိပ်စားမိကြသည်။
သို့ရာတွင်၊ ကျွင်းမိသားစုက ဆက်မလိုက်ခဲ့ပေ။
အကြောင်းပြချက်က ရိုးရှင်းသည်။
ယခုအချိန်တွင် ကျွင်းမိသားစုအတွက် အလုံးစုံစစ်ပွဲစတင်ရန် မသင့်တော်သေးပေ။
ဒါက အင်မော်တယ်ခုံရုံးနှင့် ဆင်တူသည်။
လူတိုင်းက မုန်တိုင်းကြီးတစ်ခု ကျရောက်လာတော့မည်ဟု ကြိုတင်သတိပေးချက်တစ်ခုကို ခံစားနေကြရ၏။
ဤမတိုင်ခင်မှာ အလွန်အကျွံ လှုပ်ရှားခြင်းက ကောင်းသောအရာမဟုတ်ပေ။
ထို့ပြင် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ပျက်စီးခြင်းက လုံလောက်သည်။
အနည်းဆုံးတော့ အနာဂတ်တွင်၊ ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားရန် အခြားသူများ၏ လက်ကိုင်တုတ်အဖြစ် မည်သူမျှ နေဝံ့တော့မည် မဟုတ်ပေ။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက သူတို့ကို အသက်နှင့်ရင်း၍ ဥပမာပြပေးသွားခဲ့ပြီ ဖြစ်သည်။
လှိုင်းများက ပြီးသွားပြီဟု အားလုံးက ထင်နေကြချိန်တွင်...
အံ့ဩစရာကောင်းသော အရာတစ်ခုက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးရှိ လူအများ၏ အာရုံကို တစ်ဖန် ဆွဲဆောင်သွားခဲ့သည်။
အကန့်အသတ်မဲ့ပင်လယ်၏ ဆည်ကမ္ဘာနှင့် နီးစပ်သူများက ပထမဆုံး မြင်တွေ့ခဲ့ကြခြင်း ဖြစ်သည်။
ဓားအလင်းတစ်ခုက လမ်းတစ်လျှောက်မှ ကြယ်အားလုံးကို ဖျက်ဆီးပြီး ပျံသန်းလာနေသည်။
ထိုဓားအလင်း၏ အလယ်၌ ဓားတစ်ချောင်း ရှိသည်။
ယင်းက အဆုံးမဲ့ အင်မော်တယ်အလင်းများ ဝန်းရံထားသော ဓားတစ်ချောင်း ဖြစ်၏။
ထိုဓားအလင်းကို မည်သည့်အရာမျှ မတားဆီးနိုင်ပေ။
ဧကရာဇ်တစ်ပိုင်း အကျော်အမော်များပင်လျှင် ထိုဓားအလင်းကို တားဆီးဝံ့ပါက ဦးခေါင်းနှင့်ခန္ဓာ အိုးစားကွဲသွားမည် ဖြစ်သည်။
"အဲဒါက... အင်မော်တယ်သတ်ဓားပဲ"
အကျော်အမော်တချို့က မနေနိုင်ဘဲ အော်ပြောလိုက်ကြသည်။
အစွမ်းထက်ဆုံး အင်မော်တယ်လက်နက်ဖြစ်သည့် အင်မော်တယ်သတ်ဓားမှလွဲ၍ အခြားမည်သည့်လက်နက်တွင် ထိုစွမ်းအားရှိနိုင်သနည်း။
ဓားတစ်ချောင်းတည်းက မုန်တိုင်းတစ်ခုကို လှုံ့ဆော်ပေးနိုင်သည်။
"ဒါက တကယ်ကို အင်မော်တယ်သတ်ဓားပဲ၊ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် ပြန်ကြွလာတာ ဖြစ်နိုင်မလား"
ဤအင်မော်တယ်သတ်ဓားကို မြင်လိုက်သည်နှင့် တပြိုင်နက်၊ လူတိုင်းက အဖြူရောင်ဝတ်စုံဖြင့် ကြီးကျယ်ခမ်းနားသောရုပ်သွင်ကို တွေးလိုက်မိကြသည်။
ကမ္ဘာနှစ်ခုကြားမှ စစ်ပွဲအပြီးတွင် ကျွင်းရှောင်ယောက် ပြန်လာသော်လည်း အင်မော်တယ်သတ်ဓားကို ယူဆောင်လာခြင်းမရှိပေ။
အင်မော်တယ်သတ်ဓားက ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်၏လက်တွင် ရှိနေသည်မှာ ထင်ရှားသည်။
ယခုမူကား၊ အင်မော်တယ်သတ်ဓား ပေါ်လာပြီ။ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်က ပြန်လာပြီး သူ၏ အမွေဆက်ခံသူ သားတော်အတွက် လက်စားချေတော့မည်လော။
သို့သော်... လူတိုင်းကို စိတ်ရှုပ်ထွေးစေခဲ့သောအရာမှာ...
ကျွင်းဝူဟွေ့၏ အရိပ်အယောင်ကို မတွေ့ရပေ။
စကြဝဠာကြီးကို တုန်လှုပ်သွားစေနိုင်အောင် စွမ်းအားကြီးမားသော အင်မော်တယ်သတ်ဓားတစ်လက်သာ ရှိသည်။
"ဒါက ဘာသဘောလဲ"
လူတော်တော်များများက စိတ်ရှုပ်ထွေးသွားကြသည်။ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်က မပေါ်လာဘဲ ဓားတစ်လက်ကိုသာ မြင်တွေ့ရ၏။ ယင်းက မည်သို့သောအဓိပ္ပာယ် ဖြစ်သနည်း။
အင်မော်တယ်နယ်မြေကြီး၏ တစ်နေရာရှိ ကမ္ဘာငယ်လေးတွင်...
လူတစ်စု ရှိနေကြသည်။
၎င်းတို့က တားမြစ်မိသားစုသုံးခု၏ လူများပင်။
"ဒီအစီအစဉ်က ကျရှုံးခဲ့တာပဲ။ ဂုဏ်သတင်းကြီးတဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားသုံပါးက လုံးဝ အသုံးမဝင်ဘူး"
ကျိမိသားစုမှ ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အကျော်အမော်က အေးစက်စက် ပြောလိုက်သည်။
ကျိတောက်ရီ၊ ကျိရင်ရင်နှင့် ၎င်းတို့၏ ကျိမိသားစုမှ အခြားသူများက ကျွင်းရှောင်ယောက်၏လက်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကျရောက်ခဲ့ပေသည်။
"ဒါပေမဲ့ ဧကရာဇ်တစ်ပိုင်းသုံးပါးတောင်မှ ကျွင်းရှောင်ယောက်ကို မဖျက်ဆီးနိုင်ဘူးလို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"
ယုမိသားစုမှ အကျော်အမော်တစ်ဦးက ပြောလိုက်သည်။
"အခုတော့ အခြေအနေက မကောင်းတော့ဘူး။ ကျွင်းမိသားစုက ဒေါသထွက်သွားပြီး သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ဖျက်ဆီးပစ်လိုက်ပြီ။ ငါတို့တွေ ကောင်းကင်ကိုးပါးအထက်ကို အရင်ပြန်ပြီး ခဏရှောင်နေလိုက်ရအောင်"
ကျင်းမိသားစု၏ အကျော်အမော်က စိုးရိမ်ပူပန်မှု အရိပ်အယောင်တို့ဖြင့် ပြောလေသည်။
အကြောင်းတစ်ခုခုကြောင့် သူ့စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။
ယုမိသားစုမှ အကျော်အမော်က ထိုစကားကိုကြားသောအခါ နှုတ်ခမ်းတွန့်ရုံပြုံးပြီး ခေါင်းယမ်းလိုက်သည်။
"စိုးရိမ်စရာမရှိပါဘူး။ ကျွင်းသားစုက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကိုပဲ ဆက်တိုက် ဖျက်ဆီးပစ်ခဲ့တယ်။ ဒါက သူဟာ ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေကို မနှိုးဆော်ဝံ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါတို့က ဘာကြောင့် ဖုံးကွယ်နေရမှာလဲ"
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးက နောက်ကွယ်မှ စေခိုင်းသူကို ထုတ်ဖော်တာ၊ မထုတ်ဖော်တာကို ဘေးဖယ်ထား... ထုတ်ဖော်ခဲ့လျှင်ပင် ကျွင်းမိသားစုက သူတို့ကို ထိဝံ့မှာလား။
သူတို့ကို ထိပါးခြင်းက ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေကို ထိပါးခြင်း ဖြစ်သည်။
ဒါကိုမြင်တော့ တခြား အကျော်အမော်နှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။
ဒါက အမှန်ပင်။
ကျွင်းမိသားစုက တကယ် ဆန္ဒရှိလျှင် ရှေးယခင်ကတည်းက လှုပ်ရှားခဲ့လိမ့်မည်။ သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ဖျက်ဆီးရုံမျှဖြင့် ရပ်တန့်နေမည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ကမ္ဘာငယ်လေးက ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါကာ ထက်ခြမ်းကွဲသွားသည်။
"ဘယ်သူလဲ"
တားမြစ်မိသားစုသုံးစုရှိ လူတိုင်း အံ့ဩသွားကြသည်။
ထိုစဉ်မှာပင် သန်းနှင့်ချီသော လူသတ်ဓားအလင်းများ ဖြာထွက်လာ၏။
တောက်ပသော ဓားအလင်းကြောင့် သူတို့အားလုံး မျက်လုံးမှိတ်လိုက်မိကြသည်။
ထို့နောက်မှာတော့ ဘာမှ မခံစားရတော့ပေ။
တားမြစ်မိသားစုသုံးစုမှ လူများက ချက်ချင်းပင် ပြာဖြစ်သွားကြသည်။
ကမ္ဘာငယ်လေးကလည်း ထက်ခြမ်းကွဲနေ၏။
အင်မော်တယ်အလင်းများ ဖြာထွက်နေသော ဓားတစ်လက်သာ လေထဲတွင် ဆိုင်းငံ့ထားခဲ့လေသည်။
ဓားက ခေတ္တရပ်နေပြီးမှ ထွက်ခွာသွားခဲ့သည်။
အခြား နေရာတစ်ခုမှာလည်း လူတစ်စု ရှိနေလေသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မိုးပြာရောင်အလင်းများ ဝေဝါးဝါး ထွက်ပေါ်နေ၏။
၎င်းက စန်းမျိုးနွယ်မှ ကျိုးထျန်းတာအိုသားတော်၏ အစေခံများပင်။
"ဒီတစ်ကြိမ်မှာ မအောင်မြင်ခဲ့ပေမဲ့ ကိစ္စမရှိပါဘူး။ ကျွင်းရှောင်ယောက်က အချိန်တိုအတွင်းမှာ မလှုပ်ရှားနိုင်တော့ဘူး"
"ဟုတ်တယ်၊ ကျိုးထျန်းတာအိုသားတော်ကလည်း ကျွင်းရှောင်ယောက်ကို လုံးဝ ဂရုမစိုက်ဘူးလေ။ သူက နတ်ဘုရားရဲ့ မျက်နှာသာပေးခံရတဲ့သူပဲ။ သူက ဒီကမ္ဘာကြီးကို လွှမ်းမိုးဖို့ ရည်မှန်းထားတယ်"
စန်းမျိုးနွယ်မှ လူအားလုံးက ပေါ့ပေါ့ပါးပါး ပြုံးရယ်ကာ စန်းမျိုးနွယ်သို့ ပြန်သွားရန် ပြင်ဆင်နေခဲ့ကြသည်။
ထိုအချိန်တွင် တောက်ပသော ဓားအလင်းတန်းတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။ မိုင်ပေါင်းရာချီကို ဖြတ်သန်းကာ ဟင်းလင်းပြင်ကို ထိုးခွဲသွား၏။
စန်းမျိုးနွယ်၏ လူများမှာ ဓားအလင်းအောက်တွင် တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။
မကြာလိုက်ပါ။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေတစ်လျှောက်တွင် ထိတ်လန့်ဖွယ် သတင်းတစ်ခုက ပျံ့နှံ့သွားသည်။
ကျိမိသားစု၊ ယုမိသားစုနှင့် ကျင်းမိသားစု... အင်မော်တယ်နယ်မြေကြီးရှိ တားမြစ်မိသားစုသုံးစုစလုံး သုတ်သင်ခံခဲ့ရ၏။
ထို့ပြင်၊ လျှို့ဝှက်ဆန်းကြယ်သော စန်းမျိုးနွယ်မှ လူတစ်စုလည်း သတ်ဖြတ်ခံခဲ့ရသေးသည်။
လူတိုင်းက အကန့်အသတ်မဲ့ပင်လယ်မှ ကောင်းကင်ကို ဖြတ်သန်းသွားသော အင်မော်တယ်သတ်ဓားကို တွေးမိကြသောအခါ...
လူတိုင်း ရုတ်တရက် နားလည်သွားကြသည်။
ကျွင်းဝူဟွေ့က မပေါ်လာပေ။
သို့ရာတွင်... သူ့အတွက် လက်စားချေပြီး နောက်ကွယ်မှ ကြိုးကိုင်သူများကိုသတ်ရန် အင်မော်တယ်သတ်ဓားကို စေလွှတ်ခဲ့သည်။