← Chapters

အခန်း ၁၂၃၃

Vol. 83 Ch. 1233

အခန်း ၁၂၃၃

Vol. 83 Ch. 1233

အခန်း ( ၁၂၃၃ ) လင်ယွမ်၏ စိတ်အခြေအနေ။

ထိုသို့သောအခြေအနေမျိုးတွင်၊ အင်မော်တယ်ခုံရုံးမှ အဓိကမျိုးရိုးကိုးခု၏ ပါရမီရှင်များက အာရုံစူးစိုက်မှု၏ ဗဟိုချက်ဖြစ်မည်မှာ သေချာသည်။

အင်မော်တယ်ခုံရုံးမှ မျိုးရိုးကြီးကိုးခု၏ လက်ရှိ ဆက်ခံသူဖြစ်စေ၊ အိပ်စက်နေခြင်းမှ နိုးထလာသူများဖြစ်စေ... ၎င်းတို့က အင်အားစုအားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပေသည်။

ဤနေရာတွင် အထင်ရှားဆုံးက...

သဘာဝအတိုင်း လင်ယွမ်နှင့် တိဟောက်ထျန်း ဖြစ်သည်။

၎င်းတို့အနက် တစ်ဦးမှာ ရှေးခေတ်အင်မော်တယ်ခုရုံး၏ ဧကရာဇ်ငယ်ဖြစ်ပြီး နောက်တစ်ဦးကတော့ ခေတ်ပြိုင်ဧကရာဇ်ငယ်ပင်။ သူတို့နှစ်ဦးစလုံးက နောက်လိုက်နောက်ပါ နေရာများစွာ ရှိသည်။

ယခင်က လင်ယွမ်နှင့် တန်းတူရှိခဲ့သော ကူတိကျစ်ကမူ ယခုအခါတွင် သူ၏ဂုဏ်သတင်းကို ဆုံးရှုံးခဲ့ရပြီး နာမည်ကျဆင်းသွားခဲ့ပြီ။

သို့သော်လည်း မည်သူမျှ မထင်မှတ်ထားသောအရာမှာ ထိုသို့သောအခြေအနေများအောက်တွင် လင်ယွမ်က လာရောက်လည်ပတ်သူတိုင်းကို တွေ့ဆုံရန် အလွန်ပျင်းရိနေခြင်း ဖြစ်သည်။

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီး၊ ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ နန်းတော်တွင်...

လင်ယွမ်က နှင်းဖြူဝတ်ရုံရှည်ကို ၀တ်ဆင်ထားပြီး ရပ်နေသည်။ ဤအခိုက်တွင် သူက တစ်စုံတစ်ယောက်နှင့် ငြင်းခုန်နေပုံရ၏။

ယင်ဟော်နတ်ဆိုးကြယ် ပေါ်လာပြီးကတည်းက လင်ယွမ်သည် အင်မော်တယ်အကယ်ဒမီမှ ထွက်ခွာခဲ့ကာ ဝါဟွမ်အင်မော်တယ်မျိုးရိုးတွင် ပြန်နေခဲ့သည်။

"အဘွားလန်၊ ကျွန်မက အပြင်ထွက်ခွင့်တောင် မရှိဘူးလား"

ဤအခိုက်တွင် လင်ယွမ်၏ လေသံက အပြင်လောကတွင် ရှိသကဲ့သို့ အေးစက်ကာ လွှမ်းမိုးမှုမျိုး မရှိတော့ပေ။

အကြောင်းမူ၊ သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသူက ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်း ဘိုးဘွားတစ်ဦးဖြစ်သည့်အပြင် သူမကို ငယ်စဉ်ကပင် ပြုစုစောင့်ရှောက်ခဲ့သော အဘွားလန် ဖြစ်နေသောကြောင့်ပင်။

အဘွားလန်၏ ဆံပင်များက ငွေရောင်ဖြစ်ပြီး သူမ၏မျက်နှာကလည်း လူငယ်လေးတစ်ယောက်ပမာ တင်းရင်း ချောမွေ့နေဆဲ ဖြစ်သည်။

သူမက လင်ယွမ်ကိုကြည့်ကာ တစ်ချက်ပြုံးလိုက်လေသည်။

"ယွမ်အာ၊ မင်း ဘာတွေတွေးနေတယ်ဆိုတာ ငါမသိဘူးများ ထင်နေတာလား။ ကျွင်းရှောင်ယောက်ဆီကို သွားလည်ချင်တယ်လို့တော့ မပြောနဲ့"

"မဟုတ်ပါဘူး၊ ကျွန်မက လေ့ကျင့်နေတာ အရမ်းကြာပြီဆိုတော့ အပြင်ထွက်ပြီး အပန်းဖြေချင်လို့"

လင်ယွမ်က အနည်းငယ် တုံ့ဆိုင်းသွားသည်။

အပြင်လူများအတွက် သူသည် အင်မော်တယ်ခုံရုံး၏ မြင့်မားပြီး အေးစက်သော ခေတ်ပြိုင်ဧကရာဇ်ငယ် ဖြစ်သည်။

သို့သော်၊ ငယ်စဉ်ကတည်းက သင်ကြားပေးခဲ့သည့် အဘွားလန်၏ရှေ့မှာတော့ သာမန်မိန်းကလေးတစ်ယောက်ကဲ့သို့ပင်။

"ဟင်းဟင်း၊ ယွမ်အာ... မင်းက အရင်ကအတိုင်း မလိမ်တတ်သေးဘူး"

အဘွားလန်က ခေါင်းခါယမ်းကာ ‌ဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ခပ်ခွာခွာနေလိုက်တာက ပိုကောင်းပါတယ်။ နောက်ဆုံးမှာတော့၊ မင်းက ငါ့အင်မော်တယ်ခုံရုံးရဲ့ ခေတ်ပြိုင်ဧကရာဇ်ငယ်ပဲ"

လင်ယွမ်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှ မပြောတော့ပေ။

အမှန်အတိုင်းဆိုရလျှင်၊ ကျွင်းရှောင်ယောက်ကို သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ဧကရာဇ်တစ်ပိုင်းသုံးပါးက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဆိုသော သတင်းကြားရပြီးနောက်...

သူမ၏ နှလုံးသားမှာ ခဏတာ ရပ်တန့်သွားပုံရသည်။

ကျွင်းရှောင်ယောက်က လွတ်မြောက်သွားကြောင်း သိလိုက်ရသောအခါမှ သက်ပြင်းချမိလေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သူ၏ တာအိုအခြေခံ ပျက်စီးသွား၍ အမှိုက်ဖြစ်လုနီး ဖြစ်ခဲ့သည်ဟု ကြားခဲ့ရသည်။

၎င်းက အချိန်တိုအတွင်း ပြန်ကောင်းလာရန်ပင် မဖြစ်နိုင်ဘဲ ကျွင်းမိသားစုတွင် တဖြည်းဖြည်းချင်း ပြန်လည်ကုသနိုင်ခဲ့သည်။

ထိုသတင်းကိုကြားတော့ လင်ယွမ်၏ နှလုံးသားမှာ နားမလည်နိုင်သော စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားခဲ့ရသည်။

လင်ယွမ်လည်း သဘာဝအတိုင်း စိုးရိမ်ပူပန်စွာဖြင့် သွားတွေ့လိုခဲ့ပေသည်။

"မင်းကို ကျွင်းမိသားစုက ကောင်လေးက ဘယ်လိုဆေးတွေ ကျွေးထားသလဲဆိုတာ ငါ တကယ် စဉ်းစားမရဘူး။ မင်းက အင်မော်တယ်ခုံရုံးရဲ့ ခေတ်ပြိုင်ဧကရာဇ်ငယ်ပဲလေ"

အဘွားလန်က သူ့လက်တစ်ဖက်ကို နဖူး‌ပေါ်တင်ကာ သက်ပြင်းချလိုက်သည်။

လင်ယွမ်က တိတ်ဆိတ်နေခဲ့လေသည်။

အစပိုင်းတွင် သူက ကျွင်းရှောင်ယောက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဆန့်ကျင်ခြင်းဧကရာဇ် ခုနစ်ပါးထဲမှ တစ်ပါးပင် ဖြစ်ခဲ့သည်။ သူက ကျွင်းရှောင်ယောက်ကို မည်သို့ဖြုတ်ချရမလဲဆိုတာ အမြဲတွေးနေခဲ့ပေသည်။

သို့သော်လည်း ဟေးယွမ်ချောက်မှ ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်းတွင် ကျွင်းရှောင်ယောက်နှင့် ချစ်မိသွားခဲ့ပုံရသည်။

ထိုအချိန်မှစ၍ အရာအားလုံး ပြောင်းလဲလာခဲ့ပေသည်။

ကျွင်းရှောင်ယောက်က သူမ၏ ပေါင်ရင်းပိုင်း၌ အမှတ်အသားတစ်ခု ချန်ခဲ့သည်။

ရှန်းရွှီကမ္ဘာတွင်လည်း သူနှင့် ကျွင်းရှောင်ယောက်က ချစ်ခြင်းမေတ္တာ အငွေ့အသက်များထဲသို့ ကျရောက်ခဲ့၏။

ကျွင်းရှောင်ယောက်၏ ရှေ့တွင် သူမ၏ အဝတ်အစားများကို ချွတ်မိခဲ့လေသည်။

ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သူမ၏ အဝတ်အစားမဲ့ခန္ဓာကို ယောက်ျားတစ်ယောက်၏ အကြည့်ခံရခြင်း ဖြစ်သည်။

ထို့နောက်မှာတော့ နတ်သမီးယွမ်က သူ့ကိုယ်သူစတေးပြီး သူမ၏ဝိညာဉ်နှင့် ပေါင်းစပ်ခဲ့သည်။ ယင်းကလည်း သူမ၏ အသိစိတ်အပေါ်မှာ သက်ရောက်မှုရှိခဲ့ပေသည်။

နောက်ပိုင်းတွင် လင်းယွမ်သည် သူ့ကိုယ်သူ အကြောင်းပြချက်ရှာပေးခဲ့သည်။

နတ်သမီးယွမ်၏ ဝိညာဉ်က သူမနှင့် ပေါင်းစပ်ထားသောကြောင့် ကျွင်းရှောင်ယောက်အပေါ်တွင် အထူးခံစားချက်တစ်မျိုး ရှိလာခဲ့ခြင်းပင်။

သို့သော်လည်း ယခုတော့ လင်ယွမ်ကိုယ်တိုင်ပင် ဤအကြောင်းပြချက်သည် ရယ်စရာကောင်းသည်ဟု ခံစားလိုက်မိသည်။

နတ်သမီးယွမ်က သူ့အပေါ်တွင် အမှန်တကယ် သြဇာလွှမ်းမိုးမှုရှိနိုင်သော်လည်း သူမကို ချက်ချင်း စိတ်ပြောင်းစေရန် လုံးဝ မဖြစ်နိုင်ပေ။

အချိန်အတော်ကြာ အပြန်အလှန် ဆက်ဆံပြီးနောက်တွင် လင်ယွမ်ကိုယ်တိုင်ပင် မသိလိုက်ဘဲ လဲကျခဲ့ရသည်။

ဒါက သူ မမျှော်လင့်ထားသော အရာတစ်ခုပင် ဖြစ်ပေမည်။

အဘွားလန်ကတော့ လင်ယွမ်၏ အတွေးများကို သဘာဝအတိုင်း မသိပါ။ သူမက ‌ဆက်ပြောလိုက်သည်။

"ဒီတစ်ခေါက် မေ့ပျောက်ခြင်းတိုင်းပြည်ဟာ အင်မတန် အရေးကြီးပြီး ငါတို့ အင်မော်တယ်ခုံရုံးရဲ့ အနာဂတ်ဖွဲ့စည်းပုံကိုတောင် သက်ရောက်မှုရှိစေလိမ့်မယ်"

ထိုစကားကိုကြားမှ လင်ယွမ်က သတိဝင်လာကာ အဘွားလန်ကို ကြည့်လိုက်သည်။

အဘွားလန်က ဆက်ပြောသည်။

"တကယ်တော့ အစပိုင်းမှာ ငါတို့ ဝါဟွမ်အင်မော်တယ်ခုံရုံးက ဖူရှီအင်မော်တယ်မျိုးရိုးနဲ့ ပူးပေါင်းပြီး အချုပ်အခြာအာဏာကို ပူးပေါင်းရယူဖို့ပဲ"

"အဲဒါကြောင့်ပဲ မင်းကို ကူတိကျစ်နဲ့ လက်ထပ်စေချင်ခဲ့တယ်"

"ဒါပေမဲ့ နောက်ပိုင်းမှာ မအောင်မြင်ခဲ့တဲ့အပြင် အခုဆိုရင် တိဟောက်ထျန်းတောင်မှ ပေါ်လာခဲ့ပြီ"

"သူ့ရဲ့ရည်မှန်းချက်ကို အင်မော်တယ်ခုံရုံး တစ်ခုလုံးက သိကြတယ်။ သူက ဒီရွှေရောင်ခေတ်မှာ အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်ဖြစ်ချင်တာ"

"ပြီးတော့ ဒီရာထူးဟာ မူလက မင်းရဲ့ပိုင်ဆိုင်မှုပဲ ယွမ်အာ"

"ဒါကြောင့် ငါတို့ ဝါဟွမ်အင်မော်တယ်မျိုးရိုးကလည်း ပစ်မှတ်ကို ပြောင်းလဲရတော့မယ်"

"မေ့ပျောက်ခြင်းတိုင်းပြည်က ငါတို့အတွက် တစ်ခုတည်းသောအခွင့်အရေးပဲ"

အဘွားလန်၏ စကားကိုကြားတော့ လင်ယွမ် စိတ်ရှုပ်ထွေးသွားသည်။

"အဘွားလန်၊ မေ့ပျောက်ခြင်းတိုင်းပြည်မှာ ရှေးခေတ် အင်မော်တယ်ခုံရုံးရဲ့ အပျက်အယွင်းတွေရှိပေမဲ့ အဲဒါက အင်မော်တယ်ခုံရုံးရဲ့ အနာဂတ်ဖွဲ့စည်းပုံကို ဆုံးဖြတ်နိုင်မှာမဟုတ်ဘူး မဟုတ်လား"

အဘွားလန်က လင်ယွမ်ကို ကြည့်ကာ ပြုံးလိုက်သည်။

သို့သော်လည်း ထိုအပြုံးက လင်ယွမ်အား ထူးဆန်းစွာ ခံစားစေခဲ့သည်။

"ယွမ်အာ၊ မင်းက ငါတို့ ဝါဟွမ်အင်မော်တယ်မျိုးရိုးရဲ့ မျှော်လင့်ချက်ဖြစ်တဲ့အပြင် အင်မော်တယ်မျိုးရိုး တစ်ခုလုံးက ပြုစုပျိုးထောင်ပေးထားတဲ့ တစ်ဦးတည်းသော ပါရမီရှင်ပါပဲ"

"မင်းမှာ ခန္ဓာနှစ်ခုတည်းနဲ့ ဝိညာဉ်နှစ်ခု ဖြစ်နေခြင်းရဲ့ မူလအစကို မတွေးကြည့်ခဲ့ဖူးဘူးလား"

"မေ့ပျောက်ခြင်းတိုင်းပြည်ကို သွားတဲ့အခါကျရင် အဖြေကို ရှာနိုင်လိမ့်မယ်"

အဘွားလန်၏ စကားက လင်ယွမ်ကို စိတ်လှုပ်ရှားသွားစေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုနှင့် ဝိညာဉ်နှစ်ခု ဖြစ်နေရခြင်းတွင် အခြားသော လျှို့ဝှက်ချက်များ ရှိနေသေးခြင်း ဖြစ်မည်လော။

လင်ယွမ်လည်း သူ၏ အိပ်ဆောင်သို့ ပြန်လာပြီးနောက် စိတ်ထဲမှ တွေးနေမိသည်။

အကြောင်းတစ်ခုခုကြောင့် သူက လက်ရာမြောက်သော ရုပ်သေးတစ်ရုပ်ပမာ ခံစားခဲ့ရ၏။

သူမ၏ နောက်ကွယ်တွင် သူ၏ ကံကြမ္မာကို ထိန်းချုပ်ထားသည့် မမြင်နိုင်သော လက်တစ်စုံ ရှိနေပုံရသည်။

သူက နတ်သမီးယွမ်၏ ကံကြမ္မာကို ထိန်းချုပ်ထားခဲ့သလိုပင်။

ထိုအကြောင်းကို ပိုတွေးလေလေ၊ လင်ယွမ် ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်သည်။

ထို့ပြင် ကျွင်းရှောင်ယောက်ကိုတွေ့ရန် ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးမှ မထွက်ခွာနိုင်တော့ပါ။

ဤအရာက သူမကို ပို၍ပင် မတည်မငြိမ် ဖြစ်စေသည်။

ထိုအချိန်တွင် လှပသော အစေခံ မိန်းမပျိုတစ်ဦး ရောက်လာပြီး သတင်းပို့သည်။

သူမက လင်ယွမ်၏ အစေခံ ရူယင်းပင်။

"အပြင်မှာ အရှင်မကို တွေ့ချင်နေတဲ့သူတစ်ယောက် ရောက်နေတယ်"

ထိုစကားကိုကြားတော့ လင်ယွမ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"မတွေ့ချင်ဘူး"

ဤအတောအတွင်း၌ သူ့ကို တွေ့ချင်သူများ ပို၍ များလာသည်။

ရှေးဟောင်းမိသားစုတစ်ခုမှ သခင်လေး၊ အင်မော်တယ်ဂိုဏ်း၏ နတ်သမီး၊ လျှို့ဝှက်မျိုးနွယ်စုမှ ဆင်းသက်လာသူ စသည်ဖြင့်...

၎င်းတို့အားလုံးက သူမနှင့်အတူ မေ့ပျောက်ခြင်းတိုင်းပြည်သို့ ဝင်ရောက်ခွင့်ရရှိရန် နေရာတစ်ခု ရှာလိုနေကြပေသည်။

လင်ယွမ်က အဘယ်ကြောင့် ဤမျှနာမည်ကြီးနေရသနည်း။ အကြောင်းပြချက်က ရိုးရှင်းသည်။

လင်ယွမ်တွင် အစွမ်းထက်သော နောက်လိုက်နောက်ပါများ ရှိနေသည့်အပြင်...

သူမက အင်မော်တယ်ခုံရုံး၏ ခေတ်ပြိုင်ဧကရာဇ်ငယ်လည်း ဖြစ်သည်။

သူမနှင့်အတူ ခရီးသွားနိုင်ပါက မိမိ၏ လုံခြုံရေးကို သံသယဖြစ်စရာမလိုပေ။

ထို့ပြင်၊ လင်ယွမ်က အင်မော်တယ်နယ်မြေကြီးတွင် ထင်ရှားကျော်ကြားသော မိန်းမလှလေးတစ်ဦးလည်း ဖြစ်သည်။

မိန်းမလှလေးတစ်ယောက်နှင့်အတူ မည်သူက ခရီးမသွားလိုဘဲ ရှိမည်နည်း။

ထို့ပြင် သူမက လှပသလောက် အရည်အချင်းရှိသူလည်း ဖြစ်သည်။

အခြေအနေကောင်းနိုင်ပါက များစွာ ကောင်းမွန်ပေလိမ့်မည်။

ထို့ထက် ပိုအရေးကြီးသည်မှာ ယခင်က လင်ယွမ်နှင့် ကျွင်းရှောင်ယောက်သည် ပုံမှန်မဟုတ်သော ဆက်ဆံရေးရှိသည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း...

ယခုအခါ ကျွင်းရှောင်ယောက်က ဒဏ်ရာအပြင်းအထန်ရပြီး ကျွင်းမိသားစုတွင် ကုသမှုခံယူနေသောကြောင့် သူမထံလာရောက်ရန် မဖြစ်နိုင်တော့ပေ။

သူလာလျှင်ပင်၊ အင်မော်တယ်ခုံရုံးက သူ့ကို မေ့ပျောက်ခြင်းတိုင်းပြည်သို့ ၀င်ခွင့်ပြုမည် မဟုတ်ပါ။

ထို့ကြောင့် လင်ယွမ်ကို ပိုးပန်းရန် အခွင့်ကောင်းတစ်ခုဖြစ်မည်မှာ သေချာသည်။

လှပသော ပန်းကလေးများတွင် ပိုင်ရှင်ရှိတတ်သော်လည်း...

ပေါက်ပြားကို ကောင်းစွာ ကိုင်ဆောင်ထားသရွေ့ တူးဖော်၍မရသော ပန်းပင်ဟူ၍ မရှိနိုင်ပေ။

ထို့ကြောင့် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာနှင့် အင်အားစုကြီးများမှ မျိုးရိုးမြင့်များက ပန်းတစ်ပွင့်၏ ရနံ့ကို ရရှိသွားသော ပျားကောင်များပမာ လင်ယွမ်ထံသို့ စုရုံးရောက်ရှိလာကြတော့သည်။

ဟုတ်သည်၊ လင်ယွမ်ကတော့ သူတို့ကို လက်ခံတွေ့ဆုံရန်ပင် စိတ်မဝင်စားဘဲ အားလုံးကို ငြင်းပယ်ခဲ့ပေသည်။

ကျွင်းရှောင်ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားပြီဟူသော သတင်းကို ကြားလိုက်ရကတည်းက သူမ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ဤအ‌ချိန်တွင် အခြားအမျိုးသားများကို မည်သို့ တွေ့ဆုံလိုစိတ် ရှိမည်နည်း။

"ဒါပေမဲ့..."

ရူယင်းက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။

"အရှင်မ၊ သူက ပြောလိုက်ပါသေးတယ်။ သူ့ကို မတွေ့ချင်ရင်လည်း ရပါတယ်၊ တကယ်လို့ နောင်တမရဘူးဆိုရင်တဲ့"

နောင်တလား...

လင်ယွမ်က ထိုစကားကိုကြားသောအခါ ဟားတိုက်ပြီး ရယ်မောလိုက်ချင်သည်။

ဤအတောအတွင်း၌ လူမျိုးစုံကို သူ တွေ့ဖူးပေသည်။

ယခင်က နန်းတော်တံခါးဝတွင် ခုနစ်ရက်ခုနစ်ညကြာ ဒူးထောက်နေခဲ့သော လူငယ်တစ်ဦးပင် ရှိခဲ့ဖူးသည်။

"လွှမ်းမိုးချုပ်ကိုင်သလို ဟန်ဆောင်မှုမျိုးနဲ့ ငါ့ရဲ့အာရုံကို စွဲဆောင်လိုရင် မိုက်မဲပြီး ရယ်စရာကောင်းလိမ့်မယ်"

လင်ယွမ်က အေးစက်စက် ပြုံးလိုက်သည်။ သို့သော်လည်း သူက ဖြည်းညှင်းစွာ ထရပ်လိုက်၏။

သို့ရာတွင်... သေချာတာတစ်ခုက သူမကို ဆွဲဆောင်နိုင်သောကြောင့်မဟုတ်သလို စူးစမ်းချင်စိတ်လည်း မရှိပါ။

သူက စိတ်ကောင်းမဝင်နေသောကြောင့် ဖွင့်ထုတ်ရန် သဲအိတ်တစ်လုံးကို လိုအပ်နေသည်။

ထိုလူက ယခုအချိန်တွင် ရောက်လာခြင်းမှာ လှံသွားကိုမှ တည့်တည့်တိုးမိခြင်းပင်။

All Chapters