အခန်း ၁၂၃၆
Vol. 83 Ch. 1236
အခန်း ( ၁၂၃၆ ) ငါ မင်းကိုပဲ ယုံတယ်။
လင်ယွမ်၏ စိတ်ထဲတွင် မူးဝေသလို ခံစားနေရသည်။ သူမ၏ မျက်လုံးလေးများမှာလည်း တုန်ရီနေ၏။
မြင့်မြတ်ခန္ဓာတာအိုသန္ဓေကား အစွမ်းထက်ဆုံး တာအိုခန္ဓာများအနက် တစ်ခု ဖြစ်သည်။
ရှေးခေတ်ကတည်းက ဤတာအိုခန္ဓာရှိသူများသည် ကမ္ဘာလောက၏ အထွတ်အထိပ်သို့ရောက်ရှိပြီး ကောင်းကင်ကို ဆန့်ကျင်နိုင်သော တည်ရှိမှုများ ဖြစ်ခဲ့ကြသည်။
အဝေးကြီးမို့ မယုံလျှင်ပင် အနီးဆုံးအနေဖြင့် အဆုံးမဲ့ဧကရာဇ် ရှိ၏။
သူ့ကိုယ်ပိုင်ခွန်အားဖြင့်၊ ကောင်းကင်ကိုးခုအထက်ကို တက်လှမ်းကာ ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေကို ကြောက်ရွံ့စေခဲ့ပေသည်။
တားမြစ်နယ်မြေကို ပိတ်ဆို့ပြီး အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်ကိုလည်း တည်ဆောက်ပေးခဲ့သည်။
ထိုသူရဲကောင်း၏ နာမည်က အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးတွင် ကျော်ကြားခဲ့ပေသည်။
ထို့ပြင် ယခုကဲ့သို့ ရွှေရောင်ခေတ်တွင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ခု မပေါ်လာသည့်အတွက် လူတချို့က အံ့ဩနေခဲ့ကြသည်။
ပုံမှန်အားဖြင့် ဤရွှေခေတ်တွင် အမျိုးမျိုးသော အစွမ်းထက် တာအိုခန္ဓာများပေါ်လာပြီး ထိပ်ဆုံးကို ရောက်ရှိရန်အတွက် ယှဉ်ပြိုင်ကြသင့်သည်။
ကစဉ့်ကလျားခန္ဓာအကြောင်းကိုပင် သတင်းရရှိခဲ့သော်လည်း မြင့်မြတ်ခန္ဓာအိုသန္ဓေကတော့ လုံးဝ လှုပ်ရှားမှုမရှိပေ။
ယခုတော့ လင်ယွမ် နားလည်သွားပြီ ဖြစ်သည်။
ဤရွှေခေတ်တွင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေက မရှိခဲ့တာ မဟုတ်ပေ။
၎င်းက ကောင်းစွာ ဖုံးကွယ်ထားသောကြောင့် မည်သူမျှ မခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဂရုတစိုက်ကြည့်ပြီးနောက် လင်ယွမ်၏ မျက်လုံးများက သံသယ အရိပ်အယောင်တို့ ပေါ်လာသည်။
"မဟုတ်သေးပါဘူး၊ ဒါက မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြစ်ပေမဲ့ တစ်ခုခု ပျောက်ဆုံးနေသလို ခံစားရတယ်"
ကျွင်းရှောင်ယောက်သည် လင်ယွမ်က သတိပြုမိသွားသော်လည်း စိတ်ထဲမထားပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"မှန်ပါတယ်၊ ငါ့ကို စစ်မှန်တဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေလို့ ခေါ်လို့မရဘူး"
"အတိအကျပြောရရင် ဒါက မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ဖြစ်သင့်တယ်"
"ဒါမှမဟုတ် ပြန်ပြီးရယူထားတဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေပေါ့"
ကျွင်းရှောင်ယောက်၏ စကားကြောင့် လင်ယွမ် အံ့သြသွားပြန်သည်။
သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
"နင့်မှာ အရင်က ရှေးဟောင်းမြင့်မြတ်ခန္ဓာပဲရှိတယ် မဟုတ်လား။ ဒါပေမဲ့ နတ်ဘုရားရဲ့ မိစ္ဆာအတွေးကြောင့် ရှန်းရွှီကမ္ဘာမှာ ပြိုကျသွားတယ် မဟုတ်ဘူးလား"
"ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ကို နောက်ပိုင်းမှာ ပြန်ကောင်းလာတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး"
လင်ယွမ် ဘာပြောရမည်မှန်း မသိတော့ပေ။
ကျွင်းရှောင်ယောက်က အလွန်ကို နက်နက်နဲနဲ ဖုံးကွယ်ထားခဲ့သည်။
သူပြန်လာသောအခါတွင် ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာကိုသာ ထုတ်ဖော်ခဲ့သည်။
ထို့ကြောင့်ပင် လူတိုင်းက ချင်ဧကရာဇ်(အဇူရာဧကရာဇ်)၏ အမွေဆက်ခံပြီးနောက် ရရှိလာသော ကစ်ကလျားခန္ဓာသာ ကျန်ရှိတော့သည်ဟု လူတိုင်းက ထင်ခဲ့ကြပေသည်။
"ဒါဆိုရင်လည်း နင်က ရှေးဟောင်းမြင့်မြတ်ခန္ဓာပဲ ဖြစ်သင့်တယ်။ ဒါပေမဲ့ အခုက..."
"အထူးအခွင့်အရေးအချို့ကြောင့် တာအိုရဲ့မူလကို ရရှိပြီး ငါ့ရဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လက်မှတ်ထိုးဝင်ခြင်းမှ တာအို၏မူလကို ရရှိသည်ဟုပြောရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။
"ဒါဆိုရင် သတ်ဖြတ်ခြင်း နတ်ဘုရားသုံးပါးရဲ့ ဝိုင်းဝန်းသတ်ဖြတ်မှုကို နင်က မျှော်လင့်ထားပြီးသားလား"
လင်ယွမ်က မေးလိုက်သည်။
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"တကယ်တော့၊ ငါက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကို ပြန်သွားတဲ့အခါ ကစဉ့်ကလျားခန္ဓာကိုပဲ သွားစေခဲ့တာပါ"
"မြင့်မြတ်ခန္ဓာတာအိုသန္ဓေကတော့ အင်မော်တယ်အကယ်ဒမီမှာပဲ လျှို့ဝှက်နေခဲ့တယ်။ ပြီးတော့ ဒီအကြောင်းကို ဘယ်သူမှ မသိကြဘူး"
"ဒါတွေအားလုံးက တကယ်တမ်း ငါ့ရဲ့ အစီအစဉ်တွေပါပဲ။ ကောင်းကင်ကိုးခု တားမြစ်မိသားစုက လူတွေကို ကိုင်တွယ်ပြီးနောက် ငါ့ရဲ့အင်အားက ရန်သူတွေကို ကြောက်ရွံ့စေခဲ့လိမ့်မယ်"
"သူတို့က ငါ့ရဲ့ ကြီးထွားမှုကို တိတ်တဆိတ် တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ရိုးရိုးသားသားပြောရရင် အဲဒါက ငါလိုချင်တဲ့အရာပဲ"
"သူတို့က မလှုပ်ရှားဘူးဆိုရင်တောင် တစ်စုံတစ်ယောက်က လှုပ်ရှားနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးဦးမှာပဲလေ"
"ဒါကြောင့် သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးရဲ့ ဝန်းရံမှုက ငါ့အတွက်တော့ အကြိုက်ဖြစ်သွားတာပေါ့"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
သို့သော်လည်း လင်ယွမ်ကတော့ သူမ၏တစ်ကိုယ်လုံး အနည်းငယ်အေးစက်သွားသလို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်က ကြောက်စရာကောင်းလွန်း၏။
သူသည် သူ့ရည်မှန်းချက် ပြည့်ဝစေရန် မိမိကိုယ်ကိုပင် လုပ်ကြံသတ်ဖြတ်မှုသို့ ကျရောက်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်၏ ပစ်မှတ်ကို ယောင်ဝါးဝါး ခန့်မှန်းလိုက်မိသည်။
"နင်က ဒီရည်ရွယ်ချက်အတွက် ကစဉ့်ကလျားခန္ဓာကိုတောင် စွန့်လွှတ်ဖို့ ဆန္ဒရှိတာလား"
လင်ယွမ် အံ့ဩသွားသည်။
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာက ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး တာအိုအခြေခံလည်း ပျက်စီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည် မဟုတ်လော။
ထိုဒဏ်ရာများက ဆယ်စုနှစ်များစွာ ကုသလျှင်ပင် အလျှင်းပျောက်ကင်းမည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းမှ ခန္ဓာက စစ်မှန်သော ကစဉ့်ကလျားခန္ဓာနှင့် များစွာ ကွာခြားမှုမရှိပေါ။
ကျွင်းရှောင်ယောက်က ဤမျှရှားပါးပြီး အစွမ်းထက်သော တာအိုခန္ဓာဖြင့် အလောင်းအစားပြုဝံ့သည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းကိုခါပြီး ရယ်မောလိုက်လေသည်။
"ငါ ဒဏ်ရာရရှိသွားတာက အမှန်ပါပဲ၊ ရှန်းထျန်းရဲ့ ဧကရာဇ်တစ်ပိုင်းက ဒီလောက်ပြတ်သားပြီး ဧကရာဇ်တစ်ပိုင်းလက်နက်နဲ့အတူ သူ့ကိုယ်သူ ဖောက်ခွဲသွားမယ်လို့ ငါလည်း မမျှော်လင့်ခဲ့ဘူးလေ"
"ဒါပေမဲ့ တာအိုအခြေခံ ပျက်စီးသွားပြီလို့ ပြောဖို့ကတော့ အရမ်းများလွန်းပါတယ်။ လအနည်းငယ်ကြာရင် ပြန်သက်သာလာပြီး ပုံမှန်ပြန်ဖြစ်သင့်တယ်"
"နောက်ပြီးတော့ ငါ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ သတင်းပျံ့နေမှပဲ ငါ့ရဲ့ခြိမ်းခြောက်မှု လျော့ကျသွားတယ်လို့ တခြားသူတွေက ထင်ကြလိမ့်မယ်"
ကျွင်းရှောင်ယောက်၏ စကားကြောင့် လင်ယွမ် ဘာပြောရမည်မှန်းမသိတော့ပေ။
သူက အဘက်ဘက်တွင် ပြည့်စုံစွာ ပြင်ဆင်ထားခဲ့သည်။
သူ၏ အကြံအစည်များသည် အလွန် နက်နဲ၏။
သူက ကောင်းကင်ကို အနိုင်ယူနိုင်ခဲ့သည်မှာ အံ့ဩစရာမရှိပေ။
"ဒါဆို နင့်ရဲ့ ရည်ရွယ်ချက်က..."
လင်ယွမ်က တုံ့ဆိုင်းသွားသည်။
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေသည်။
"မင်းက ဉာဏ်ကောင်းပါတယ်။ မင်းပို ငါ လာတွေ့မှတော့ အဲဒါကို တွေးမိသင့်တယ်"
"နင်က မေ့ပျောက်ခြင်းတိုင်းပြည်ကို ဝင်ရောက်ချင်လို့လား"
လင်ယွမ် သက်ပြင်းချလိုက်သည်။
"မှန်ပါတယ်၊ ဒါကြောင့် ငါ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကျွင်းမိသားစုမှာ ပြန်လည်ကုသနေတယ်လို့ ကမ္ဘာကြီးကထင်မြင်လာအောင် တမင် ဖန်တီးခဲ့တာ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ဒါဆိုရင် နင် ဒီကိုရောက်လာတာက ငါ နင့်ကို ကူညီမယ်ထင်လို့လား"
လင်ယွမ်က အနည်းငယ် လက်သီးဆုပ်လိုက်သည်။
"မှန်တယ်"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။
မေ့ပျောက်ခြင်းမြေသို့ သူ သွားရမည်။
အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့သော သဲလွန်စအတွက်ဖြစ်စေ... မေ့ပျောက်ခြင်းမြေတွင် လက်မှတ်ထိုးဝင်ရန်ဖြစ်စေ...
ထိုနေရာကို သူ သွားရမည် ဖြစ်သည်။
သို့ရာတွင် အင်မော်တယ်ခုံရုံးက လက်ဝါးကြီးအုပ်ထားသောကြောင့် သူ ဝင်ရောက်လိုပါက လင်ယွမ်ဆီကိုသာ လာရမည်။
"ငါက နင့်ကိုကူညီမယ်လို့ ဘာဖြစ်လို့ ထင်နေရတာလဲ။ ကျွင်းမိသားစုနဲ့ အင်မော်တယ်ခုံရုံးက သင့်မြတ်ကြတာမဟုတ်ဘူး"
"အခု နင်ဒီမှာပေါ်လာတယ်လို့ ငါ သတင်းပို့လိုက်ရင် နင့်ရဲ့ အရင် အစီအစဉ်အားလုံး အချည်းနှီးဖြစ်သွားရမှာ မဟုတ်လား"
လင်ယွမ်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ပုံမှန်အားဖြင့် တည်ကြည်စွာ နေတတ်သော်လည်း ပြုံးလိုက်လျှင် အလွန်လှပေသည်။
နွေဦးလေညင်းကဲ့သို့ လူတို့ကို နှစ်သိမ့်မှုခံစားချက်မျိုး ပေးစွမ်းသည်။
"မင်းပြောတာမှန်ပါတယ်။ မင်းသာ ငါ့ရဲ့အထောက်အထားကို အခုဖော်ထုတ်လိုက်ရင် ငါ့ရဲ့ အရင်အစီအစဥ်တွေအားလုံးက အဓိပ္ပါယ်မရှိတော့ဘူး"
"ဒါပေမဲ့..."
ကျွင်းရှောင်ယောက်က ရှေ့ကို ခြေတစ်လှမ်းတိုးကာ လင်ယွမ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
လင်ယွမ်၏ မျက်နှာလေးက ချက်ချင်း နီရဲလာ၏။
ဤနေရာတွင် အခြားသူတစ်ဦးဖြစ်ပါက ချက်ချင်း ရိုက်ခံရလိမ့်မည်။
"အင်မော်တယ်ခုံရုံး တစ်ခုလုံးမှာ မင်းကိုပဲ ငါယုံတယ်"
စကားတစ်ခွန်းဖြင့် လင်ယွမ်၏ အကာအကွယ်ကို လုံးလုံးလျားလျား ချိုးဖျက်ပစ်လိုက်သည်။
လင်ယွမ်၏ မျက်လုံးလေးများက တုန်ယင်သွားသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ရှေ့ကိုတိုးကာ ကျွင်းရှောင်ယောက်ကို ပွေ့ဖက်လိုက်တော့သည်။
ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ပြန်ဖက်ထားလိုက်သည်။
လင်ယွမ်က ကျွင်းရှောင်ယောက်ကို ပွေ့ဖက်ထားရင်းမှ ခပ်တိုးတိုး ပြောလိုက်လေသည်။
"နင် ငါ့ကို အသုံးချနေတာ ငါသိပါတယ်"
ကျွင်းရှောင်ယောက်က နှုတ်ဆိတ်နေသည်။
"ဒါကြောင့် ငါ နင့်ကို အရမ်းမုန်းပြီး နင့်မျက်နှာကို ရိုက်သင့်တယ်"
"ငါလင်ယွမ်ရဲ့ လူက ငါ့ကိုပဲ ချစ်သင့်ပေမဲ့ နင့်ရဲ့ ရိုးသားမှုက ငါအတွက် မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က နှုတ်ဆိတ်နေဆဲပင်။ ဤအချိန်မျိုးတွင် နှုတ်ဆိတ်နေရန်မှတပါး ပြောစရာမရှိခဲ့ပါ။
"ဒါပေမဲ့ ငါမုန်းလို့မရဘူး"
"အရင်က ဒါကို နတ်သမီးယွမ်ရဲ့ စိတ်ဆန္ဒကြောင့်ဖြစ်တယ်လို့ ငါ ထင်ခဲ့မိတယ်"
"ဒါပေမဲ့... နင် ဒဏ်ရာအပြင်းအထန်ရသွားတဲ့သတင်းကို ကြားရတဲ့အခါမှာ ငါ့ရဲ့ နှလုံးသားက စိုးရိမ်ပူပန်ပြီး မသက်မသာ ဖြစ်ခဲ့ရတယ်"
"ဖြစ်ကောင်းဖြစ်နိုင်တာကတော့ နင်က ငါ့ရဲ့ ကံကြမ္မာကို ဆုပ်ကိုင်ခဲ့သူပဲ"